← Chapters

မင်းက ကျန်းယီမင်လား

Vol. 2 Ch. 26

မင်းက ကျန်းယီမင်လား

Vol. 2 Ch. 26

ကောင်းကင်ယံမှ မိုးကြိုးသံကဲ့သို့သော အသံတစ်ခု ကြားလိုက်ရသည်။ ချက်ချင်းဆိုသလို လူတိုင်းသည် ကောင်းကင်ကို ကြည့်ရန် ခေါင်းမော့လိုက်ကြသည်။ အဝေးမှ မည်းနက်နေသော တိမ်တိုက်များ စုဝေးလာသည်ကိုသာ မြင်တွေ့လိုက်ရသည်။ ခဏအတွင်း ကောင်းကင်သည် မှောင်မည်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်မျာ္သည် ကောင်းကင်မှ ဖိနှိပ်ကာ ကျဆင်းခဲ့သည်။ လူတိုင်း အံ့အားသင့်သွားပြီး သူတို့စိတ်ထဲတွင် မသက်မသာ ခံစားမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။

“ဆရာ၊ ဒီလူက ဘယ်သူလဲ? လင်းယွင်ဂိုဏ်းကို ဘယ်လိုလုပ် ကျူးကျော်ရဲတာလဲ” ဟု ဂူလင်းဖေးက မျက်ခုံးကြုတ်ကာ သူ့မျက်နှာအမူအရာက အနည်းငယ် ဒေါသထွက်နေသည်ကို ပြသနေသည်။

ကောင်းကင်ရှိ စွမ်းအင်ကို ခံစားလိုက်ရသောအခါ ကျန်းယီမင်မျက်နှာအမူအရာသည် အေးဆေးတည်ငြိမ်စွာဖြင့် “သူက ဟောက်ယွင်ဂိုဏ်းကပဲ ဖြစ်မယ်။ ကောင်းပြီ၊ ဒါဆိုရင် ငါ သူနဲ့သွားတွေ့လိုက်ပါဦးမယ်” ဟု ပြောခဲ့သည်။

စကားပြောပြီးသည်နှင့် ကျန်းယီမင်သည် ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်သွားပြီး သူ့ပုံရိပ်လည်း ချက်ချင်းဆိုသလို သူ့နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

“ဆရာ” ယဲ့ယွမ်ဖန်နှင့် ဟွမ်းချောင်ယုတို့သည် သူတို့ဆရာရဲ့ ကျောပြင်ကို ကြည့်ကာ အတူတူ အော်ခေါ်လိုက်ကြသည်။

“အကိုကြီး၊ ညီမတို့လည်း သွားကြည့်ကြရအောင်” ဟု ဟွမ်းချောင်ယုက ဂူလင်းဖေးအား “ဟောက်ယွင်ဂိုဏ်းက လူတွေကျိန်းသေပေါက် ဒုက္ခပေးဖို့ လာကြတာပဲနေမယ်။ ညီမတို့ ဆရာ့ကို သွားကူရမယ်” ဟု မြန်မြန်ဆန်ဆန် ပြောလိုက်သည်။

“ဟုတ်တယ် ညီမလေး၊ မင်းပြောတာ မှန်တယ်။ အကိုလည်း အဲ့လိုတွေးနေတာ သွားကြမယ်” ဟု ဂူလင်းဖေးက ခေါင်းညိတ်ကာ သဘောတူညီလိုက်သည်။

သုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စကားမပြောဘဲ ကျန်းယီမင် ဦးတည်ရာဘက်သို့ အမြန်ထွက်လာကြသည်။

ခဏအတွင်း ယွီရှန်ပိုင်တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။ ယွီရှန်ပိုင်က သူတို့ထွက်သွားတာကို ကြည့်ရင်းနဲ့ သူမအကြည့်သည်လည်း အတွေးများနဲ့ ပြည့်နှက်နေသကဲ့သို့ ဖြစ်နေသည်။ လေထဲရှိ ထိုလူသည် အခြေတည်စိတ်ဝိညာဉ်အဆင့်တွင် ရှိနေသည်ကို သူမ ခံစားမိသည်။ ကျန်းယီမင်ရဲ့ ကျင့်ကြံရေးအဆင့်ကို သူမ မြင်နိုင်ခြင်းမရှိသော်လည်း သူသည် ပဉ္စမအဆင့် ဂိုဏ်းချုပ်တစ်ဦးသာ ဖြစ်သည်။ သူသည် မည်မျှပင် အားကောင်းနေပါစေ အခြေတည်စိတ်ဝိညာဉ်အဆင့်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

“ဒါကလည်း အခွင့်ကောင်းတစ်ခုပဲ” ဟု ယွီရှန်ပိုင်ရဲ့ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့သည်။ “ဒီလိုဆိုရင် ကျန်းယီမင်ရဲ့ တကယ့်အဆင့်က ဘယ်လောက်ဆိုတာ ငါသိလာနိုင်မယ်။ သူက သူ့ပြိုင်ဘက်နဲ့ မယှဉ်နိုင်တဲ့အခါကျရင်လည်း ငါက ရှေ့တက်ပြီး ဒီဂိုဏ်းကို ကာကွယ်ပေးလိုက်မယ်။ အဲ့အချိန်ကျရင် ဂူလင်းဖေးက ငါ့ကို ကျေးဇူးကျွေးတင်သွားမယ်”

ယွီရှန်ပိုင်သည် သူမစိတ်ကို ဆုံးဖြတ်လိုက်ပြီး သူမတွေးများနဲ့ စိတ်ခံစားချက်် ကောင်းနေခဲ့သည်။ အချိန်မဖြုန်းဘဲ သူမသည်လည်း လူအုပ်ဆီသို့ မြန်မြန်ဆန်ဆန် သွားခဲ့လိုက်သည်။

…

လင်းယွင်ဂိုဏ်း တောင်ဂိတ်တံခါးရှေ့ရှိ ကွင်းပြင်တွင် ကျန်းယီမင်သည် ရန်ရူထျန်းကို အေးစက်စွာ ကြည့်နေသည်။ ရန်ရူထျန်းသည်လည်း အရှုံးမပေးဘဲ ကျန်းယီမင်ကို မထီမဲ့မြင်ပြုကာ ဆန်းစစ်ကြည့်နေသည်။ သူ့အား ထူးထူးဆန်းဆန်း ခံစားစေသည်မှာ ကျန်းယီမင်အဆင့်ကို သူမြင်နိုင်ခြင်းမရှိခြင်းပင်ဖြစ်သည်။ ခဏတစ်ဖြုတ် သူသည် မသက်မသာ ဖြစ်သလို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုခံစားမချကိကို ဖိနှိပ်ရန် သူ့ဦးနှောက်သည် အရူးအမူးအလုပ်လုပ်ကာ ဘာကြောင့်လဲ တွေးနေသည်။

သူက သူ့စိတ်ထဲမှ တွေးလိုက်သည်- မင်ဟွေက ဒီလူနှင့် တိုက်ခိုက်ပြီး လက်ရည်စမ်းပြီးဖြစ်သည့်အတွက် သူ့အဆင့်သည် အများဆုံးအားဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင်သာ ရှိသည်။ ငါ သူ့ကျင့်ကြံဆင့်ကို မမြင်ရတဲ့ အကြောင်းရင်းကတော့ သူ့မှာ သူ့ကျင့်ကြံဆင့်ကို ကွယ်ဝှက်နိုင်သည့် မှော်ရတနာတစ်ခုခု ရှိနေသောကြောင့် ဖြစ်နိုင်သည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်ရှိ ငါ့ရဲ့ ကျင့်ကြံရေးနှင့်ဆိုလျှင် ဒီလူကို ဖျက်ဆီးရန် လက်ဝါးလှန်သကဲ့သို့ လွယ်ကူမည်ဖြစ်သည်။ ထိုအချက်ကို တွေးမိသောအခါ ရန်ရူထျန်းက သူ့ယုံကြည်မှုသည် အတော်အတန် တိုးတက်လာသည်ဟု ခံစားခဲ့ရသည်။

ရန်မင်ဟွေသည် ကျန်းယီမင်ရဲ့ လက်ချောင်းတစ်ချောင်းတည်းကိုပင် မခုခံနိုင်ခဲ့ကြောင်း သူဘယ်လိုသိနိုင်ပါ့မလဲ။ လက်ရည်ဖလှယ်ခြင်းနှင့် တူညီသောအဆင့်တွင် ရှိခြင်းအားလုံးသည် ရန်မင်ဟွေရဲ့ အလိမ်အညာ စကားများသာဖြစ်သည်။

“မင်းက လင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား” ဟု ရန်ရူထျန်းက အေးစက်စွာ ပြောလိုက်သည်။

ရန်ရူထျန်းရဲ့ အေးစက်နေတဲ့ မျက်နှာအမူအရာကို မမြင်သကဲ့သို့ ကျန်းယီမင်က “ဟုတ်တယ်၊ ငါက လင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျန်းယီမင်ပဲ။ မင်းက ဘယ်သူလဲ? ဘာလို့ လင်းယွင်ဂိုဏ်းထဲကို ခွင့်ပြုချက်မရှိဘဲ ရောက်လာတာလဲ” ဟု အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ဟားဟား၊ ငါက ဟောက်ယွင်ဂိုဏ်းက အကြီးအကဲ ရန်ရူထျန်းပဲ” ဟု ရန်ရူထျန်းက အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ခဏနားပြီးနောက် “ရန်မင်ဟွေက ငါ့သား။ ငါ လင်းယွင်ဂိုဏ်းကို ဘာလို့ ရောက်လာတယ်လို့ မင်းထင်လဲ” ဟု ဆက်လက်ပြောခဲ့သည်။

“ဒါဆို မင်း သားက ရှုံးပြီး ခွေးပြေးဝက်ပြေး ပြေးလိုက်ရလို့ လက်စားလာချေတာလား” ဟု ကျန်းယီမင်ရဲ့ နှုတ်ခမ်းထက်တွင် အေးစက်နေတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ထိုအခိုက်တွင် ဂူလင်းဖေးနှင့် တခြားသူများက အပြေးတကော ရောက်လာခဲ့ကြသည်။ နှစ်ဦးကြားက စကားသည် လူတိုင်းရဲ့ နားထဲသို့ ရောက်သွားခဲ့သည်။

“ရန်မင်ဟွေ?... ဘယ်သူလဲ၊ ဘာဖြစ်နေကြတာလဲ “ ဟု ဂူလင်းဖေးသည် စိတ်ရှုပ်တဲ့ အမူအရာများ ဖြစ်နေသည်။

လတ်တလောတွင် ဟွမ်းချောင်ယုနှင့် ယဲ့ယွမ်ဖန်တို့က သူမရှိစဉ်က ဂိုဏ်းအတွင်း ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ်ပြောပြခဲ့ပြီးဖြစ်သည်။ သို့သော် ရက်အနည်းငယ်က ရန်မင်ဟွေနှင့် အခြားသူများ ဒုက္ခပေးရန် ရောက်လာခဲ့သည့် အကြောင်းကို သူတို့က နည်းနည်းလေးသာ ပြောပြခဲ့ကြသည်။ ထို့ကြောင့် ဂူလင်းဖေးသည် ဘာတွေဖြစ်နေလဲဆိုတာ အတိအကျမသိဘဲ ဖြစ်နေသည်။ သူ့ဘေးတွင် ရပ်နေသော ယဲ့ယွမ်ဖန် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှအားလုံးကို သူ့အား မြန်မြန်ဆန်ဆန် ရှင်းပြလိုက်သည်။

“ငါ နားလည်ပြီ” ဖြစ်ရပ်အကြောင်းရင်းနှင့် အခြေအနေကို နားလည်ပြီးနောက် ဂူလင်းဖေးရဲ့ မျက်နှာအမူအရာလည်း အေးစက်သွားခဲ့သည်။

ယဲ့ယွမ်ဖန်က အပြစ်ရှိသလို ခံစားနေရသည်ကို မြင်ရသောအခါ သူက မြန်မြန်ဆန်ဆန် သူ့ညီငယ်ပခုံးကို ပုတ်ကာ “ညီလေး၊ မင်းကိုယ်မင်း ဘာမှအပြစ်တင်နေစရာမလိုဘူး။ ဒါက မင်းရခဲ့တဲ့ အခွင့်အရေးတစ်ခုပဲ။ သူများတွေကို အလကားပေးလိုက်ဖို့ ဘာအကြောင်းမှ မရှိဘူး။ ရန်မင်ဟွေ အဲ့ကောင်က အလကား လာလိုချင်နေတာပဲ။ စိတ်ချပါ။ အခုငါ ဆရာ့ကို ကူညီလိုက်မယ်” ဟု နှစ်သိမ့်ပေးလိုက်သည်။

ထိုစကားကို ပြောပြီးနောက် ဂူလင်းဖေးသည် ရှေ့သို့တက်ပြီး ကူညီပေးရန် လုပ်လိုက်သည်။ ထိုအရာကို မြင်သောအခါ သူ့နောက်တွင် ရှိသော ယွီရှန်ပိုင်က မြန်မြန်ပဲ သူ့ရှေ့ကိုရောက်လာကာ သူ့ကို တားဆီးလိုက်သည်။

ဂူလင်းဖေးသည် အံ့အားသင့်သွားပြီး “မိန်းကလေးယွီ၊ မင်း ဘာလုပ်နေတာလဲ” ဟု မျက်ခုံးကြုတ်ကာ မေးလိုက်သည်။

“ထွေးထွေးထူးထူး မဟုတ်ပါဘူး။ မင်းအသက် ပျောက်သွားမှာကို တားနေတာ” ဟု ယွီရှန်ပိုင်က သူ့ကို အေးအေးစက်စက် ကြည့်ရင်း ပြောလိုက်သည်။

“တစ်ဖက်လူက အခြေတည်စိတ်ဝိညာဉ်အဆင့်တစ်ဦးပဲ။ မင်းက ရှေ့ကိုတက်သွားရင်တောင် ဘာလုပ်နိုင်မှာလဲ? မင်းရဲ့အသက်ကို အလကား အသေခံလိုက်တာနဲ့ အတူတူပဲ”

ထိုစကားကို ကြားရသောအခါ ဂူလင်းဖေးနှင့် တခြားတပည့်နှစ်ဦးသည် ချက်ချင်း အံ့အားသင့်သွားခဲ့ကြသည်။ ရောက်လာတဲ့သူက အခြေတည်စိတ်ဝိညာဉ်အဆင့်တစ်ဦးဖြစ်နိုင်တယ်လို့ သူတို့ မှန်းဆထားခဲ့ကြသည်။ သို့သော် သူတို့ မှန်းဆချက်များကို အတည်ပြုပြီးသည်နှင့် သူတို့က ပို၍ပင် စိုးရိမ်သွားခဲ့ရသည်။ အခြားတစ်ဖက်တွင် ကျန်းယီမင်သည်လည်း ရန်ရူထျန်းသည် အခြေတည်စိတ်ဝိညာဉ်အဆင့်တွင် ရှိနေတာကို သိသွားခဲ့သည်။ ရန်မင်ဟွေအဖြစ်အပျက်နောက်ပိုင်း ဟောက်ယွင်ဂိုဏ်းသည် တစ်ယောက်ယောက်ကို သူတို့တံခါးထံသို့ စေလွှတ်ပြီး လာပြသနာရှာတော့မှာကို သူခန့်မှန်းထားပြီး ဖြစ်သည်။

သို့သော် ရန်မင်ဟွေရဲ့ အဖေကိုယ်တိုင် ရောက်လာမည်ဟု သူလုံးဝမျှော်လင့်ထားခဲ့ပေ။ ရန်ရူထျန်းရဲ့ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံဆင့်ဖြင့် သူသည် ဟောက်ယွင်ဂိုဏ်းတွင် မြင့်မားတဲ့ အာဏာရှိသူတစ်ဦး ဖြစ်နိုင်သည်။ ရန်မင်ဟွေသည် ဒီလိုငယ်ငယ်ရွှယ်ရွှယ်မှာပဲ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ သူ့အဖေကြီးကြပ်မှုမရှိဘဲ မရောက်လာနိုင်ပေ။

“အကြီးအကဲရန်၊ ဟောက်ယွင်ဂိုဏ်းဟာ အတော်လေးကို သန်မာလှပါလား” ဟု ကျန်းယီမင်က အေးစက်စွာ နှာခေါင်းသံရှုန့်ကာ “လင်းယွင်ဂိုဏ်းက ပဉ္စမအဆင့် ဂိုဏ်းလေးတစ်ခုပဲကို၊ အခြေတည်စိတ်ဝိညာဉ်အဆင့်တစ်ဦးကို လက်စားချေဖို့ လွှတ်လိုက်တယ်ပေါ့? ငါတို့လင်းယွင်ဂိုဏ်းကို တော်တော်လေး အထင်ကြီးလို့များလား၊ ဒါမှမဟုတ် ဟောက်ယွင်ဂိုဏ်းက တခြားအင်အားစုတွေကို သတိပေးဖို့ နမူနာပြဖို့ ကြိုးစားနေတာလား”

“မင်းက မကောင်းတဲ့နည်းလမ်းတွေနဲ့ ငါ့သားကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်၊ ငါမင်းကို ဘယ်လိုလုပ်ခွင့်လွှတ်နိုင်မှာလဲ” ဟု ရန်ရူထျန်းမျက်လုံးများက ခပ်မှေးမှေး ကျဉ်းသွားကာ ရန်ရှာလို့တဲ့ အကြည့်များက သူ့မျက်လုံးထဲတွင် လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့သည်။

“လင်းယွင်ဂိုဏ်းက ပဉ္စမအဆင့် ဂိုဏ်းတစ်ခုပဲဖြစ်တယ်ဆိုတာ သိနေရင် မင်းရဲ့လုပ်ရပ်တွေက ပိုပြီး သတိထားသင့်တယ်။ ဟောက်ယွင်ဂိုဏ်းတပည့်တွေကိုတောင် သတ်ပြီး ငါ့သားကို ဒီလိုဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ ငါ ရန်ရူထျန်းက မင်းကို မသတ်နိုင်ခြင်း မကျေနပ်ဘူးကွ”

သူ့စကားကို ကြားရသောအခါ ကျန်းယီမင်က အေးစက်နေတဲ့ အသံဖြင့် ရယ်မောလိုက်သည်။ “မကောင်းတဲ့ အကြံအစဥ်တွေလား? မင်းက ကောင်းကောင်းကြီး မင်းရဲ့ ချစ်စရာသားတော်မောင်ရဲ့ လှည့်ကွက်ထဲ ရောက်နေပြီထင်တယ်။ ငါက သူ့ကို အနိုင်ပိုင်းဖို့ လက်ချောင်းတစ်ချောင်းထဲပဲ သုံးခဲ့တာ။ ဒီလိုမကောင်းတဲ့ အကြံအစည် နည်းလမ်းဆိုတဲ့ စကားက ဘယ်ကနေ ပေါ်လာတာလဲ”

“အဓိပ္ပါယ်မရှိတာတွေ။ ငါ့သားက ဟောက်ယွင်ဂိုဏ်းရဲ့ ပါရမီရှင်သုံးယောက်ထဲက တစ်ယောက်ပဲ။ သူ့ကို မင်းလိုလူက ဒီလိုလွယ်လွယ်ကူကူနဲ့ အနိုင်ရဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ မင်းက ဒီလိုစကားမျိုးနဲ့ ငါ့သားကို စွပ်စွဲနေမှတော့ ငါ့ကိုမကြောက်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ” ဟု ရန်ရူထျန်းက ချက်ချင်း ဒေါသထွက်သွားခဲ့သည်။

ထိုသို့ပြောကာ သူ့ပုံရိပ်သည် လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး သူ့နေရာမှလည်း ပျောက်ကွယ်သွားခဲ့သည်။ အလင်းတန်းတစ်ခုကဲ့သို့ သူသည် ကျန်းယီမင်ဆီသို့ ဦးတည်ပြေးသွားခဲ့သည်။

All Chapters