ကောင်းကင်ဖျက်စီးကျင့်စဥ်၊ မခံနိုင်တော့တဲ့ သစ်သားအိမ်လေး
Vol. 2 Ch. 16
ကောင်းကင်ပျက်စီးကျင့်စဥ်၏ မိတ်ဆက်ချက်သည် သူ့စိတ်ထဲတွင် ပေါ်လာသောအခါ ကျန်းယီမင်မျက်နှာသည် အံ့အားသင့်မှုဖြင့် ပြည့်နှက်သွားခဲ့သည်။
[ကောင်းကင်ဖျက်စီးကျင့်စဥ် - ကောင်းကင်ပျက်စီးအရှင်၏ အမွေဆက်ခံကျင့်စဥ်ဖြစ်သည်။ ဤကျင့်စဥ်သည် ဒီကမ္ဘာပေါ်ရှိ အစွမ်းထက်ဆုံးကျင့်စဥ်များထဲမှ တစ်ခုဖြစ်သည်။ ဒီကျင့်စဥ်ကို ကျင့်ကြံခြင်းဖြင့် နှိုင်းယှဉ်၍မရသော နက်နဲရှုပ်ထွေးသည့် ကောင်းကင်ဖျက်စီးချီကို စုစည်းနိုင်မည်ဖြစ်သည်။ ကျင့်ကြံမှုတိုးတက်လာသည်နှင့်အမျှ အသန်မာဆုံးနှင့် အစွမ်းထက်ဆုံးဖြစ်သော ကောင်းကင်ဖျက်စီးပုံစံကိုးမျိုးကို နားလည်သဘောပေါက်နိုင်မည်ဖြစ်သည်။]
ကျန်းယီမင် ကျင့်စဥ်မိတ်ဆက်ဖတ်ပြီးနောက် သူ့မေးကို ပွတ်သပ်ကာ စဉ်းစားနေခဲ့သည်။ သူသည် လက်ရှိအချိန်တွင် စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဉ်ကို ကျင့်ကြံနေသည်။ ဤကျင့်ကြံမှုကျင့်စဥ်သည် အလွန်နတ်နဲ ဆန်းကြယ်သော်လည်း အဆုံးတွင် အထောက်အကူပြုကျင့်ကြံမှုနည်းလမ်းတစ်ခုသာဖြစ်သည်။ စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဉ်ဖြင့် ကျန်းယီမင်၏စွမ်းအားသည် တူညီသောအဆင့်ရှိသူများထက် များစွာ သာလွန်နိုင်သည်။ သို့သော် သူမှာ သင့်တော်သော တိုက်ခိုက်ရေးကျင့်စဥ်မရှိခြင်းကို အမြဲစိုးရိမ်နေခဲ့သည်။
လက်ရှိအချိန်တွင် ကောင်းကင်ဖျက်စီးကျင့်စဥ်သည် စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဉ်နဲ့ တွဲဖက်ကျင့်ကြံဖို့အတွက် အလွန်အဆင်ပြေလှသည်။ တစ်ခုသည် ခုခံကာကွယ်ရေးဖြစ်ပြီး အခြားတစ်ခုသည် တိုက်ခိုက်ရေးဖြစ်သည်။ တစ်ခုသည် အတွင်းပိုင်းဖြစ်ပြီး အခြားတစ်ခုသည် အပြင်ပိုင်းဖြစ်သည်။ တစ်ခုသည် မိမိကျင့်ကြံမှုနှင့် စိတ်ဝိညာဉ်စွမ်းအင်စင်ကြယ်မှုကို တိုးမြှင့်နိုင်ပြီး အခြားတစ်ခုသည် တိုက်ခိုက်ရန်နည်းလမ်းအဖြစ် အသုံးပြုနိုင်ကာ ပြိုင်ဘက်ကို ခုခံ၍မရနိုင်စေရန် ပြုလုပ်နိုင်သည်။ ကျန်းယီမင် မည်သို့ မဝမ်းသာနိုင်မည်နည်း။
"စနစ်၊ငါ ကောင်းကင်ဖျက်စီးကျင့်စဥ်ကို သင်ချင်တယ်" ဟု သူသည် စိတ်ထဲတွင် အမြန်ပြောလိုက်သည်။ ခနအတွင်းတွင် သူ့စိတ်ထဲတွင် မိုးခြိမ်းသလို အသံများ မြည်ဟီးလာခဲ့သည်။ ထိုအခိုက်တွင် သူ့စိန်တစ်ခုလုံးသည် ကောင်းကင်နှင့်ကမ္ဘာမြေ မခွဲခြားမီ ကမ္ဘာမွေးဖွားကဲ့သို့ ဗလာဖြစ်သွားခဲ့သည်။
ကျန်းယီမင် အံ့အားသင့်နေစဉ် မျှော်လင့်မထားသောအရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။ မျက်စိစူးစေလောက်သောအလင်းတစ်ခုသည် သူ့စိတ်ထဲတွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ မဆုံးနိုင်သော ကမ္ဘာမွေးဖွားမှု ဖြစ်စဥ်သည် ခဏအတွင်း နှစ်ပိုင်းကွဲထွက်သွားသလို ခံစားလိုက်ရသည်။
ကြီးမားပြီး နှိုင်းယှဥ်ဖော်ပြ၍မရသော လက်ချောင်းတစ်ချောင်းသည် ကမ္ဘာမွေးဖွားခြင်းမှ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။
"ဖျက်စီးခြင်းလက်ချောင်း"
အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် ထိုအမည်သည် ကျန်းယီမင်စိတ်ထဲတွင် ရုတ်တရက်ဆိုသလို ဖြတ်သန်းသွားခဲ့သည်။ ကြီးမားသောလက်ချောင်းသည် ကောင်းကင်နှင့်ကမ္ဘာမြေ၏စွမ်းအားဖြင့် ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။ မည်သည့်အရာကမျှ ထိုလက်ချောင်းကိုရပ်တန့်လို့ မရနိုင်သလို ထွက်ပေါ်လာသည်။ ထိုကြီးမားသောလက်ချောင်း ဆင်းသက်သောအချိန်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကို ဖျက်ဆီးမည့်ပုံစံရှိသော မုန်တိုင်းတစ်ခုသည် ကျန်းယီမင်စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။
မဆုံးနိုင်သော ကမ္ဘာမွေးဖွားခြင်း ဖြစ်စဥ်သည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ ကမ္ဘာကြီးသည် ရှင်းလင်းသွားသည်ဟု ထင်ရသည်။ ကျန်းယီမင်သည် ထိုအခိုက်တွင် ဉာဏ်အလင်းရသွားသည်ဟု ခံစားလိုက်ရသည်။ ရှေးကျပြီး အရာအားလုံးကိုပင် ဖျက်စီးနိုင်တဲ့စွမ်းအားသည် သူ့ခန္ဓာကိုယ်မှ ဖြည်းဖြည်းချင်း စီးထွက်လာခဲ့သည်။ သူခန္ဓာကိုယ်သည် ထိုကြောက်မက်ဖွယ်စွမ်းအားဖြင့် ဝန်းရံနေသည်။
"စနစ်၊ ဖျက်စီးခြင်းလက်ချောင်းရဲ့ အရည်အသွေးကို တိုးမြှင့်လိုက်ပါ"
ဒီမျှော်လင့်မထားသော ပြောင်းလဲမှုသည် ကျန်းယီမင်အား ဝမ်းမြောက်စေခဲ့သည်။ ဖျက်စီးခြင်းလက်ချောင်းသည် သေချာပေါက် အလွန်စွမ်းအားကြီးမားသော တိုက်ခိုက်မှု တစ်ခုဖြစ်သည်။ သူသည် ထိုလက်ေချာင်းရဲ့ ကျွမ်းကျင်မှု အရည်အသွေးကို တိုးမြှင့်ရန် မစောင့်မဆိုင်းနိုင်တော့ပေ။
[အသိပေးချက်- ကောင်းကင်ဖျက်စီးရေး ကျင့်စဥ်သည် ထိပ်တန်းအဆင့် ကျင့်ကြံမှုနည်းလမ်းဖြစ်သည်။ စနစ်သည် ကစားသမား၏ ထိုကျင့်စဥ်မှ ရရှိသော တိုက်ခိုက်ေရး ကျွမ်းကျင်မှုအရည်အသွေးကို တိုးမြှင့်၍မရနိုင်ပါ]
သူ့စိတ်ထဲရှိ အေးစက်သောအသိပေးချက်သံကို ကြားလျှင် ကျန်းယီမင်စိတ်လှုပ်ရှားသော စိတ်ဓာတ်သည် ချက်ချင်းပင် ကျသွားခဲ့သည်။ ထိုအချိန်မှသာ ဂိမ်းထဲတွင် ထိပ်တန်းအဆင့် ကျင့်ကြံမှုနည်းလမ်းအချို့၏ အရည်အသွေးကို တိုးမြှင့်လိုပါက ထိုကျင့်ကြံကျင့်စဥ်ကို တောက်လျှောက် တိုက်ပွဲများတွင် အသုံးပြုခြင်းဖြင့်သာ တိုးတက်စေနိုင်ကြောင်း သူသတိရလာခဲ့သည်။ ကောင်းကင်ဖျက်စီးရေးကျင့်စဥ်သည် ထိုကဲ့သို့သောအဆင့်များရဲ့ ကျင့်ကြံမှုနည်းလမ်းတစ်ခုဖြစ်သည်မှာ ထင်ရှားသည်။ သူသည် အနည်းငယ်နောင်တရသွာ္သော်လည်း ကျန်းယီမင်က ထပ်ပြီး ထိုင်စိတ်ပျက် မငြီးနေဖို့ ဆုံးဖြတ်လိုက်သည်။
စနစ်မှတစ်ဆင့် ကျွမ်းကျင်မှုအရည်အသွေးကို တိုက်ရိုက်တိုးမြှင့်၍မရခြင်းသည် စိတ်ဓါတ်ကျစရာတစ်ခုဖြစ်သော်လည်း ကောင်းကင်ဖျက်စီးကျင့်စဥ်သည် အမှန်တကယ်ပင် အလွန်စွမ်းအားကြီးမားသော ကျင့်ကြံမှုနည်းလမ်းတစ်ခုဖြစ်ကြောင်း ထိုအချက်ကပြသသည်။
"ကောင်းပြီလေ၊ ဖျက်စီးခြင်းလက်ချောင်းရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ကြည့်တာပေါ့"
ကျန်းယီမင်မျက်လုံးများသည် စိတ်လှုပ်ရှားနေပြီး မျှော်လင့်ချက်ရှိသော အမူအရာကို ပြသလိုက်သည်။ ခဏအကြာက သူ့စိတ်ထဲတွင် ဖျက်စီးခြင်းလက်ချောင်းကြောင့် ဖြစ်ပေါ်လာသော ကနဦး အဖျက်စွမ်းအားများက သူ့အား ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။ ထိုညှို့ငင်နိုင်ပြီး ကြမ်းတမ်းတဲ့ ကြောက်မက်ဖွယ်သော စွမ်းအားသည် ရှေးဟောင်းခေတ် အနန္တစွမ်းအားရှင်တစ်ပါး ကောင်းကင်မှ ဆင်းသက်လာသကဲ့သို့ ဖြစ်နေသည်။ ထိုအရာက ကောင်းကင်နှင့်ကမ္ဘာမြေကို ခဏအတွင်း အပျက်အစီးနယ်မြေဲ့သို့ ပြောင်းလဲပစ်နိုင်သည်ဟု ခံစားနေရသည်။ ကျန်းယီမင်သည် သူ့စိတ်ဝိညာဉ်စွမ်းအားကို အမြန်လှည့်ပတ်စေခဲ့သည်။
ထူထပ်သော စိတ်ဝိညာဉ်စွမ်းအင်စီးကြောင်းတစ်ခုသည် သူ့စိတ်ဝိညာဉ် အမြုတေမှ ပေါ်ထွက်လာခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအင်သည် သူ့လက်မောင်းရှိ သွေးကြောများအတိုင်း ဖြည်းဖြည်းချင်း စီးဆင်းပြီး နောက်ဆုံးတွင် ကျန်းယီမင်၏ ညာဘက်လက်ချောင်း၏ လက်ညှိုးထိပ်တွင် စုဝေးလာခဲ့သည်။ ကျန်းယီမင်သည် နောက်ထပ် တုန်လှုပ်မနေတော့ဘဲ သူ့လက်ညှိုးထိပ်ကို တို့ထိကြည့်လိုက်သည်။
တခဏအတွင်းတွင် ကမ္ဘာ့စိတ်ဝိညာဉ်စွမ်းအင်များသည် တစ်စုံတစ်ရာကြောင့် ဆွဲငင်ခံရသကဲ့ သိပ်သည်းလာခဲ့သည်။ မဆုံးနိုင်သော စိတ်ဝိညာဉ်စွမ်းအင်သည် သူ့လက်ချောင်းထိပ်တွင် စုဝေးလာပြီး ထိုထိတို့မှုတစ်ခုဖြင့် "အုံး...." ဟူသောအသံဖြင့် ပေါက်ကွဲသွားခဲ့သည်။ ထိုအခိုက်တွင် မျက်စိစူးပြီး တောက်ပလင်းထိန်နေသော အလင်းတစ်ခု ထွန်းလင်းလာခဲ့သည်။ တစ်နေရာတည်းသို့ ဖိသိပ်ထားသော စိတ်ဝိညာဉ်စွမ်းအင်သည် ချက်ချင်းပေါက်ကွဲထွက်သွားခဲ့သည်။
အပူလှိုင်းတစ်ခုသည် အိမ်တစ်ခုလုံးကို ဖြတ်သန်းသွားခဲ့သည်။ အပူလှိုင်းသည် ဒီရေလှိုင်းကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် သစ်သားအိမ်ကို ပြိုလဲနိုင်သည်အထိ တုန်ခါသွားစေခဲ့သည်။ ခနအကြာ တုန်ခါမှုကြောင့် ဖြစ်လာတဲ့ ဖုန်မှုန့်များက တစ်အိမ်လုံး ပျံလာခဲ့သည်။
"အဟွတ်၊ အဟွတ်"
ထို့နောက်သူ့အိမ်လေးက ပြိုကျလာခဲ့သည်။ ကျန်းယီမင်သည် ပြိုလဲသွားသော အိမ်ကိုမြင်ပြီး အံ့အားသင့်သွားခဲ့ရသည်။
"ငါနည်းနည်း အလျင်စလို ဖြစ်သွားတယ်၊ အရင်ဆုံး မြေကွက်လပ်တစ်ခုကို အရင်ရှာပြီးမှ စမ်းသင့်တာ၊ ဒီလိုအသာလေး လွှတ်လိုက်တဲ့ လက်ချောင်းကတောင် ဒီလိုစွမ်းအားကြီးမားမယ်လို့ ငါမထင်မိခဲ့ဘူး" ဟု သူသည် မတတ်မသာဖြစ်ပြီး ခေါင်းခါကာ ပြောလိုက်သည်။
ကျန်းယီမင် အမှန်တကယ် အံ့အားသင့်သွားခဲ့ရသည်။ သူသည် လက်ချောင်းထိပ်တွင် သူ့စွမ်းအားအားလုံးကို ထုတ်လွှတ်ပါက တောင်တစ်ဝက်ပင် ပြိုလဲနိုင်သည်ကို မြင်ယောင်ကြည့်နိုင်သည်။ ကျန်းယီမင်သည် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။သူ့သစ်သားအိမ်သည် အလွန်ခမ်းနားခြင်းမရှိ သက်တောင့်သက်သာမရှိသော်လည်း ခိုလှုံရာနေရာတစ်ခုဖြစ်သည်။ ယခုအခါ သူ့တွင် ဒီသေးငယ်သော အိမ်တစ်လုံးပင် မရှိတော့ပေ။ ကျန်းယီမင်သည် အနည်းငယ် မတတ်သာခံစားရသည်။
"မဟုတ်သေးပါဘူး၊ ဂိုဏ်းနေအိမ်တွေကို အမြန်ဆုံးဆောက်ရမယ်။ မဟုတ်ရင် ငါ့မှာ နေစရာနေရာတောင် မရှိတော့ဘူး" ဟု ကျန်းယီမင်က သက်ပြင်းချကာ စနစ်ကိုဖွင့်လိုက်သည်။
[အသိပေးချက်- ကျေးဇူးပြု၍ နေအိမ်များကို အမြန်ဆုံးတည်ဆောက်ပြီး အဓိကတာဝန်ကို ပြီးမြောက်ပါ]
[အသိပေးချက်- ရရှိနိုင်သော နေအိမ်သုံးမျိုးရှိသည်]
[ရွေးချယ်မှုတစ်- အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်များသုံးစွဲကာ ကျင့်ကြံရေးနေအိမ်ရှစ်လုံး တည်ဆောက်ပါ]
[ရွေးချယ်မှုနှစ်- အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်များသုံးစွဲကာ ကျင့်ကြံရေးနေအိမ် နှစ်ဆယ့်လေးလုံး တည်ဆောက်ပါ]
[ရွေးချယ်မှုသုံး- ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်များသုံးစွဲကာ ကျင့်ကြံရေးနေအိမ် သုံးဆယ့်ခြောက်လုံး တည်ဆောက်ပါ]
ကျန်းယီမင်သည် သူ့စိတ်ထဲတွင် ပေါ်လာသော ရွေးချယ်မှုများကို ကြည့်ကာ ခေါင်းအနည်းငယ်ညိတ်လိုက်မိသည်။ ရွေးချယ်မှုသုံးခုလုံးသည် စိတ်ဝိညာဉ်ကျောက်တုံးများကို သုံးစွဲရပေမယ့် သူ့သိုလှောင်အိတ်ထဲတွင် စိတ်ဝိညာဥ်ကျောက်တုံးများက တောင်လိုပုံပြီးရှိနေသေးသည်။
သူရွေးချယ်ရန် စဥ်းစားနေစဥ် သူ့နောက်မှ တစ်စုံတစ်ဦး ခေါ်သံကို ကြားလိုက်ရသည်။
"ဆရာ"
ကျန်းယီမင် ခေါင်းကြည့်စရာပင်မလို မည်သူဖြစ်သည်ကို သိရှိပြီးဖြစ်သည်။ ခနလေးတွင် ဟွမ်းချောင်ယုသည် သူ့ဘေးသို့ ရောက်ရှိလာခဲ့သည်။
"ဆရာ၊ ဘာဖြစ်နေတာလဲ" ဟု သူမအသံသည် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။ "ခနက တစ်ခုခုဖြစ်သွားသလို အသံကျယ်ကြီးထွက်လာတယ်၊ သူများတွေ ဂိုဏ်းကို လာတိုက်ကျတာလား"
"ဒီကလေး၊ ဘာလို့ ဒီမဟုတ်တာတွေကို လျှောက်တွေးနေတာလဲ" ဟု ကျန်းယီမင်က ခေါင်းခါပြီး မေးလိုက်သည်။
"ဒါဆို ဘာဖြစ်သွားတာလဲ ဆရာ၊ ဆရာရဲ့အိမ်တောင် ပျက်စီးခဲ့တယ်" ဟု ဟွမ်းချောင်ယုက မြေပြင်ပေါ်ရှိ အရှုပ်ပုံကို ကြည့်ကာ သူမ့မျက်မှောင်များ ကျုံ့သွားပြီး "ဆရာ၊ တပည့်ကို ဘာမှမဖုံးကွယ် နေပါနဲ့" ဟု ပြောဆိုလိုက်သည်။
"ငါ မင်းကို ဘာတွေ ဖုံးကွယ်ခဲ့ဖူးလို့လဲ" ဟု ကျန်းယီမင်က သူမနဖူးကို လက်ဖြင့် တောက်ကာ "ဘာမှမဖြစ်ဘူး။ ငါထပ်ပြီးမတော်တဆ အဆင့်ချိုးဖြတ်သွားလို့ ဖြစ်သွားတာ" ဟု ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး..." ဟု ဟွမ်းချောင်ယုက မယုံကြည်နိုင်ဖွယ် ဆက်ပြောပြီးနောက် နောက်ဆုံးတွင် သတိဝင်ကာ ကျန်းယီမင်ကို အံ့အားသင့်စွာကြည့်ပြီး "ဘာကြီးရယ် ဆရာ၊ ဆရာ အဆင့်ချိုးဖြတ်သွားတာ၊ ဆရာက အခု အမြုတေဖွဲ့စည်းခြင်းအဆင့်မှာလား" ဟု မေးလိုက်သည်။
ကျန်းယီမင်က အေးဆေးတည်ငြိမ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဆန့်ကျင်ဘက်အားဖြင့် အတည်ပြု ဖြေကြားချက်ရရှိသော ဟွမ်းချောင်ယုသည် စိတ်လှုပ်ရှားမှုနှင့် အံ့အားသင့်မှုကြောင့် ခုန်ပေါက်သွားမတတ် အထိတ်တလန့်ဖြစ်သွားသည်။