← Chapters

မဟုတ်သေးပါဘူးဆရာ၊ လွှဲနေပြီ မဟုတ်ဘူးလား

Vol. 2 Ch. 18

မဟုတ်သေးပါဘူးဆရာ၊ လွှဲနေပြီ မဟုတ်ဘူးလား

Vol. 2 Ch. 18

လွန်ခဲ့တဲ့ တစ်နာရီ လင်းယွင်ဂိုဏ်း တောင်ဂိတ်ဝင်ပေါက်အပြင်ဘက်တွင်။

လင်းယွင်ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် တောင်တက်လမ်းပေါ်တွင် ခက်ခက်ခဲခဲ လမ်းလျှောက်နေသည်။ ထိုလူငယ်၏ ဆံပင်များသည် ရှုပ်ပွနေပြီး အဝတ်အစားများမှာလည်း စုတ်ပြဲနေကာ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများ ပြည့်နှက်နေသည်။ သို့သော် သူ၏ဖြောင့်တန်းသော မျက်ခုံးများနဲ့ မျက်လုံးထဲတွင် သူ့ရဲ့စိတ်ဓါတ်ပြင်းထန်မှုကို မြင်တွေ့နိုင်သည်။ သူ့အသွင်အပြင်မှာဖြောင့်မတ်ပြီး တည်ကြည်နေသည်။ တစ်ချက်ကြည့်ရုံဖြင့် သူသည် လူငယ်ပါရမီရှင်တစ်ဦးဖြစ်သည်ဟု ခန့်မှန်းနိုင်သည်။

ထိုသူသည် ကျန်းယီမင်၏ ဒုတိယမြောက်တပည့် ယဲ့ယွမ်ဖန် ဖြစ်သည်။

"ငါ နောက်ဆုံးတော့ လင်းယွင်ဂိုဏ်းကို ပြန်ရောက်ပြီ" ဟု ယဲ့ယွမ်ဖန်က ရင်းနှီးသော တောင်တက်လမ်းကို ကြည့်ကာ ကိုယ့်ကိုယ်ကို ပြောနေမိသည်။

ဒဏ်ရာအားလုံးဖြင့် ခရီးလမ်းတစ်လျှောက် ဒုက္ခရောက်နေသော်လည်း လမ်းခရီးတွင် မနှောင်းနှေးရဲခဲ့ပေ။ လင်းယွင်ဂိုဏ်းကိုသာ အမြန်ဆုံးပြန်ရောက်ဖို့သာ သူမျှော်လင့်ခဲ့သည်။ ယခုအခါ ဂိုဏ်းသည် သူ့မျက်လုံးရှေ့တွင်ရှိပြီး ယဲ့ယွမ်ဖန် စိတ်သက်သာရာရသွားခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အားလုံး ကုန်ခမ်းသွားသလို ရုတ်တရက်ခံစားလိုက်ရသည်။

"ငါ သည်းခံရမယ်၊ ရောက်ဖို့ နည်းနည်းပဲ လိုတော့တာ" ဟု ယဲ့ယွမ်ဖန်က သူ့ကိုယ်သူ ပြောသော စကားလုံးတိုင်းမှာ သူအလွန်ပင်ပန်းနေတယ်တဲ့ အရိပ်ယောင်များ ပါဝင်နေသည်။ သူသည် ကြမ်းတမ်းသော တောင်တက်လမ်းပေါ်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။ လင်းယွင်ဂိုဏ်း တောင်ဂိတ်ဝင်ပေါက်မှ အတန်ငယ်သာ ဝေးတော့သည်။ အခက်အခဲများ အံ့တုကာ တောင်ဂိတ်ဝင်ပေါက်သို့ ရောက်သောအခါ ခါးသက်သော အပြုံးတစ်ခုကို အတင်းပြုံးလိုက်သည်။ သို့သော် ခေါင်းမော့ကြည့်လိုက်သောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပင် ခဲသွားခဲ့သည်။

လင်းယွင်ဂိုဏ်းအတွင်း နှိုင်းယှဉ်၍ မရနိုင်အောင်ပင် ခမ်းနားသည့်ခန်းမတစ်ခုရှိသည်ကို သူမြင်တွေ့လိုက်ရသည်။ ဝေးကွာသော်လည်း ယဲ့ယွမ်ဖန်သည် ရှင်းရှင်းလင်းလင်း မြင်နိုင်ဆဲဖြစ်သည်။ ခန်းမသည် ထွင်းထုထားသော ရုပ်ထုများ၊ ပန်းချီများ ရေးဆွဲထားသည့် တိုင်လုံးများက အပေါ်သို့ ထိုးတက်ကာ တိမ်တိုက်များအတွင်းသို့ ထိုးဖောက်နေသကဲ့သို့ ဖြစ်နေသည်။ ခပ်ယောင်ယောင် ကောင်းကင်စွမ်းအားများသည် ခန်းမကို ဝန်းရံနေပြီး တာအိုစွမ်းအားများပင် လှည့်ပတ်နေသလို ခံစားလိုက်ရည်။

ကောင်းကင်ရှိ နန်းတော်တစ်ခုသည် တိမ်တိုက်နှင့်မြူမှုန်များအတွင်း ပေါ်ထွက်လာသကဲ့သို့ ဖြစ်နေသည်။ အလင်းများ တောက်ပနေပြီး နှိုင်းယှဉ်၍မရသော ဆန်းကြယ်မှုတစ်ခုရှိသည်ဟု ထင်ရသည်။ ခန်းမကို အဝေးမှ လှမ်းကြည့်ရုံဖြင့် သူ့ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်သည် ပိုသိပ်သည်းလာသလို ခံစားခဲ့ရသည်။ ယဲ့ယွမ်ဖန်သည် ဒီလိုဆန်းပြားတဲ့ မြင်ကွင်းကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"ဒါက လင်းယွင်ဂိုဏ်းလား။ ငါ့မျက်လုံးတွေကများ ငါ့ကို လှည့်စားနေတာလား" ဟု ယဲ့ယွမ်ဖန်က သူ့မျက်လုံးများကို အပြင်းအထန်ပွတ်လိုက်သည်။ သို့သော် သူထပ်မံမျက်လုံးဖွင့်သောအခါ ခမ်းနားသော ခန်းမကြီးသည် ဆက်လက်ရှိနေဆဲဖြစ်သည်။

သူသည် လုံးဝအံ့အားသင့်သွားခဲ့သည်။ သူ့အသံသည် အံ့အားသင့်မှုများနှင့် သံသယများဖြင့် ပြည့်နှက်ကာ "ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါကငါများ စိတ်ကူးယဥ်ပြီး မြင်နေတာလား။ လင်းယွင်ဂိုဏ်းက အရင်ထဲက ပျက်စီးနေပြီလေ။ ဘယ်လိုလုပ် ဒီလိုအဆောက်အအုံမျိုး ရှိလာနိုင်မှာလဲ။ ပထမအဆင့် အင်အားစုတွေတောင် ဒီလိုခန်းမမျိုးကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး" ဟု အော်ဟစ်လိုက်မိသည်။

မြင်ကွင်းသည် အလွန်အံ့အားသင့်ဖွယ်ရာဖြစ်သည်။ လင်းယွင်ဂိုဏ်းမှ ရက်အနည်းငယ်သာ ခွဲခွာခဲ့ပြီး ဒီလိုခန်းမကြီးတစ်ခု ရုတ်တရက် ဘယ်လိုပေါ်လာတာလဲကို တွေးမရနိုင်အောင်ဖြစ်နေသည်။ သို့သော် ပိုစဉ်းစားမိလေလေ၊ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်သည် ခပ်မြန်မြန်ဆန် ကုန်ခမ်းသွားလေဖြစ်နေသည်။ခဏအတွင်းတွင် ယဲ့ယွမ်ဖန်သည် သူ့မျက်လုံးများ မှောင်မည်းလာသည်ကို ရုတ်တရက်ခံစားရသည်။ သူ့ခြေထောက်များ ပျော့ခွေသွားပြီး လမ်းဘေးလေးမှာပဲ သတိလစ်သွားခဲ့သည်။

---

"ဒါက... ဘယ်နေရာလဲ"

ယဲ့ယွမ်ဖန်သည် သူရဲ့ လေးလံနေတဲ့ မျက်ခွံများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ပထမဆုံးမြင်လိုက်ရသောအရာမှာ တစ်ခါမှမမြင်ဖူးတဲ့ မျက်နှာကျက်ဖြစ်သည်။ သူ့မှတ်ဉာဏ်ထဲတွင် သူက တောင်တက်လမ်းဘေးတွင် သတိလစ်နေရမည်ဖြစ်သည်။ သို့သော် သူ့နောက်ကျောမှ နူးညံ့မှုသည် သူသည် အိပ်ရာပေါ်တွင်လဲနေကြောင်း သိသွားစေသည်။

"ဒုတိယအကို၊ နိုးလာပြီလား" ဟု ဟွမ်းချောင်ယုရဲ့ ဝမ်းမြောက်ဝမ်းသာအသံသည် သူ့နားထဲတွင် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူမ၏ချစ်စရာကောင်းသော ဖြူစင်သည့် မျက်နှာငယ်လေးသည် သူ့မျက်လုံးထဲတွင် ထပ်ပေါ်လာခဲ့သည်။

"ဂျုနီယာညီမလေး"

ဒီရင်းနှီးသော မျက်နှာကို မြင်မြင်ချင်း ယဲ့ယွမ်ဖန် ဝမ်းမြောက်သွားခဲ့သည်။ ဟွမ်းချောင်ယုသည် သူရဲ့ဖြူဖတ်ဖြူရော်မျက်နှာကို ကြည့်ကာ "ဒုတိယအကို၊ ဘာဖြစ်သွားသေးလဲ၊ နေရတာ သက်သာသွားပြီလား။ အကို့ကြည့်ရတာ ဒဏ်ရာအကြီးကြီး ရထားသလိုပဲ" ဟု အမြန်မေးလိုက်သည်။

"ငါ ဘာမှမဖြစ်ပါဘူး၊ ငါ ဒီတိုင်း အိပ်မက်မက်နေတာပါ။ အိပ်မက်က ဒီလောက်ထင်ရှားပြီး တကယ်အစစ်လို ဖြစ်နေမယ်လို့ မထင်ထားဘူး" ဟု ယဲ့ယွမ်ဖန်က သက်ပြင်းချလိုက်သည်။

"ဒုတိယအကို၊ ဘာတွေပြောနေတာလဲ။ ဘာအိပ်မက်မက်ခဲ့တာလဲ"

ဟွမ်းချောင်ယုသည် နောက်ဆုံးတွင် သူမ ဒုတိယအကိုက အခုထိသူအိပ်မက်မက်နေသည်ဟု ထင်နေကြောင်း နားလည်သွားခဲ့သည်။

သူမသည် မထိန်းနိုင်တော့ဘဲ ရယ်လိုက်မိသည်။ "ဒုတိယအကို၊ အိပ်မက်မက်နေတာမဟုတ်ပါဘူး။ အကို ခုနက သတိလစ်သွားခဲ့တာပါ၊ ဒါပေမယ့် ယခုနိုးနေပါပြီ"

"အဲ့တာက တကယ်ပဲ အိပ်မက်မဟုတ်ဘူးလား။ ဒါပေမယ့်..."

ယဲ့ယွမ်ဖန်သည် သံသယဖြစ်နေဆဲဖြစ်သည်။ ထို့နောက် ကျန်းယီမင် ဝင်လာသည်ကို မြင်လိုက်ရသည်။

"ဆရာ! ဆရာ တကယ်ကြီး မတ်တပ်ရပ်နေပြီ၊ ငါတကယ်ပဲ အိပ်မက်မက်နေတာထင်တယ်၊ ဆရာက ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေရနေတာ၊ အနည်းဆုံး တစ်လကြာတာတောင် သက်သာနိုက်မှာ မဟုတ်ဘူး၊ ငါ တကယ်ပဲ ဆရာ့ကို အရမ်းသတိရ စိတ်စွဲပြီး ဆရာပြန်သက်သာလာတာကို အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်" ဟု ယဲ့ယွမ်ဖန်က ပြောဆိုပြီး သူ့မျက်လုံးများ နီရဲလာခဲ့သည်။သူ့တပည့်လုပ်ရပ်များကို မြင်မြင်ခြင်း ကျန်းယီမင် မတတ်နိုင်ဘဲ ခေါင်းခါလိုက်ရသည်။

ထို့နောက် သူသည် သူ့လက်ချောင်းကိုဆန့်ကာ ယဲ့ယွမ်ဖန်၏ခေါင်းကို ခေါက်ပစ်လိုက်သည်။

"အား....."

ယဲ့ယွမ်ဖန်သည် သူ့ခေါင်းပေါ်ရှိ နာကျင်မှုကို ခံစားရပြီး ရုတ်တရက် သတိဝင်လာခဲ့သည်။

"ဆရာ၊ ဆရာ တကယ်ပြန် သက်သာသွားပြီလား၊ ကျွန်တော် အိပ်မက်မက်နေတာ မဟုတ်ဘူးပေါ့"

"အဓိပ္ပါယ်မရှိတာတွေ၊ ဒါအိမ်မက်မက်နေတာမဟုတ်ဘူး၊ အိမ်မက်ဆိုရင် ဘယ်လိုလုပ် အသားနာမလဲ"

ကျန်းယီမင်က မျက်စောင်းထိုးကာ ပြောလိုက်သည်။ သူ့ဆရာရဲ့ အဖြေကြားပြီးနောက် ယဲ့ယွမ်ဖန်သည် ထိတ်လန့်သွားကာ အိပ်ရာမှထပြီး ကျန်းယီမင်ကို ဦးညွှတ်ရင်လုပ်လိုက်သည်။ သို့သော် သူထိုင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအနည်းငယ်သည် ချက်ချင်းပြန်နာလာခဲ့သည်။

"အ......" ပြင်းထန်သော နာကျင်မှုကြောင့် ယဲ့ယွမ်ဖန်က အသက်ပြင်းပြင်းရှုလိုက်ရသည်။

"ဟုတ်ပါပြီ၊ အခုတော့ ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်တာတွေ အသာထားလိုက်၊ အိပ်ယာမှာပဲ အသာလှဲနေပါ" ဟု ကျန်းယီမင်က ပြောလိုက်သည်။

ဟွမ်းချောင်ယုသည် ယဲ့ယွမ်ဖန်အား လှဲရန် အမြန်ကူညီပေးခဲ့သည်။ ယဲ့ယွမ်ဖန်သည် ခါးသက်တဲ့ အပြုံးတစ်ခုဖြင့် ရယ်မောလိုက်ခဲ့သည်။

ကျန်းယီမင်သည် ယွမ်ဖန်ထပ်မံလှဲပြီးနောက် "မင်းရဲ့ဒဏ်ရာတွေ ဘယ်လို ဖြစ်တာလဲ" ဟု မေးလိုက်သည်။

ယဲ့ယွမ်ဖန်သည် ဘာမှ မဖုံးကွယ်ဘဲ ရှင်းပြခဲ့သည်။ "ဆရာ၊ တပည့် တောင်းပန်ပါတယ်၊ ကျွန်တော် အသုံးမကျခဲ့ပါဘူး၊ ကျွန်တော် ဆရာ့ကို စိတ်ပျက်စေခဲ့မိပါတယ်။ ကျွန်တော် တောင်ခြေမှာ ဆေးရှာနေတုန်း မတော်တဆ လိုဏ်ဂူတစ်ခုထဲမှာ အပျက်အစီးတွေ တွေ့ခဲ့တယ်။ ကျွန်တော် သေချာစစ်ကြည့်လိုက်တော့ အဲဒါက အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက် ချန်ထားခဲ့တာကို တွေ့လိုက်ရတယ်။ ကျွန်တော် အခွင့်အရေးရှာဖို့အတွက် ဂူထဲဝင်မလို့ ရည်ရွယ်ခဲ့တယ်၊ ဒါပေမယ့် မကောင်းတဲ့သူတချို့ရဲ့ ပစ်မှတ်ထားခံရမယ်လို့ မထင်ထားလိုက်မိဘူး။ ကျွန်တော် အသုံးမကျခဲ့ဘူး။ ကျွန်တော့်ကို အဲ့လူတွေ လိုက်သတ်ကြလို့ ဒီလိုအခြေအနေမှာ အဆုံးသတ်သွားခဲ့တာပါ"

"ဒီမကောင်းတဲ့ကောင်တွေ လွန်လွန်းသွားပြီ" ဟု ယဲ့ယွမ်ဖန်၏ဇာတ်လမ်းကိုကြားပြီး ဟွမ်းချောင်ယုက ချက်ချင်း ဒေါသထွက်သွားခဲ့သည်။

ကျန်းယီမင်ရဲ့ မျက်နှာလည်း မကောင်းခဲ့ပေ။ ယဲ့ယွမ်ဖန်သည် သူလိုက်လံသတ်ဖြတ်ခံရသည့်ကိစ္စကို စကားအနည်းငယ်သာပြောခဲ့သော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ ထိုအချိန်က အခြေအနေများက ပြောမရအောင် အလွန်အန္တရာယ်များနေသည်ကို ကျန်းယီမင်သိနေသည်။

အဘယ်ကြောင့်ဆိုသော် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူအချို့ပင် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူမှ ချန်ထားခဲ့သောအရာများကို တောင့်တကြပြီး ရယူဖို့ ကြိုးစားကြမည်ဖြစ်သည်။

ထိုအချိန်တွင် ယဲ့ယွမ်ဖန်ကတော့ သူပတ်ဝန်းကျင်က အပြောင်းအလဲများကို ပိုစိတ်ပူနေသည်။ သူသည် အခန်းကို လှည့်ကြည့်ပြီး သူ့မျက်လုံးများတွင် အံ့အားသင့်မှုဖြင့် ပြည့်နှက်နေသည်။

"ဆရာ၊ ကျွန်တော်တို့ အခုဘယ်ရောက်နေတာလဲ"

"ကျွန်တော်တို့ အခု လင်းယွင်ဂိုဏ်းမှာ မဟုတ်ဘူးလား။ ကျွန်တော်တို့ တခြားသွားစရာနေရာ ရှိနေတာလား" ဟု မေးလိုက်ရာ ဟွမ်းချောင်ယုက သူမဒုတိယအကိုရဲ့ အံ့အားသင့်နေတဲ့ အမူအရာကိုမြင်ပြီး ရယ်လိုက်မိသည်။

"ဒုတိယအကို၊ လင်းယွင်ဂိုဏ်းကို မေ့သွားစရာလား"

"လင်းယွင်ဂိုဏ်းကို ငါက ဘယ်လိုလုပ်မေ့မှာလဲ။ ဒါပေမယ့် ဒီအခန်းက ဒီလိုမျိုးကြီး တောက်ပြောင်နေတယ်၊ အဲ့တာကြီးက..." ဟု ယဲ့ယွမ်ဖန်က မယုံနိုင်သဖွယ် ပြောလိုက်သည်။

ဟွမ်းချောင်ယုသည် မထိန်းနိုင်တော့ဘဲ အကျယ်ကြီးရယ်ပစ်လိုက်သည်။

သူမဒုတိယအကိုရဲ့ အံ့အားသင့်နေတဲ့ အမူအရာသည် သူမအံ့အားသင့်မှုထက်ပင် ပိုပြီးချဲ့ကားလွန်းနေသည်။ အခုတော့ ဆရာက သူမကိုကမ္ဘာကြီးကို မမြင်ဖူးတဲ့ကောင်မလေးလို့ ခေါ်လို့မရတော့ပေ။

"ဒုတိယအကို၊ ဒါက တကယ်ပဲ လင်းယွင်ဂိုဏ်းပါ။ မယုံရင် ဆရာကို မေးကြည့်ပေါ့"

ယဲ့ယွမ်ဖန်သည် ခေါင်းလှည့်ကာ သူ့ဆရာကို ကြည့်လိုက်သည်။ သူ့အကြည့်အောက်တွင် ကျန်းယီမင်သည် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ထိုအခိုက်တွင် ယဲ့ယွမ်ဖန်ရဲ့ နှလုံးသားပင် တုန်လှုပ်သွားခဲ့သည်။ သူသည် အံ့အားသင့်သွားကာ စကားတောင် မပြောနိုင်ဖြစ်နေသည်။

All Chapters