← Chapters

ပြန်ရောက်လာတဲ့ တပည့်ကြီး

Vol. 2 Ch. 24

ပြန်ရောက်လာတဲ့ တပည့်ကြီး

Vol. 2 Ch. 24

ရက်အတန်ကြာပြီးနောက် လင်းယွင်ဂိုဏ်း လေ့ကျင့်ရေးကွင်းပြင်တွင် ယဲ့ယွမ်ဖန်နှင့် ဟွမ်းချောင်ယုတို့သည် အစမ်းတိုက်ခိုက်ရင်း လေ့ကျင့်နေကြသည်။ယဲ့ယွမ်ဖန်လက်တွင် ဓားတစ်လက်ကိုင်ဆောင်ထားပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်မှာ သူွကို နတ်ဘုရားတစ်ပါးနှင့် တူစေသည်။ သူသည် လွှင့်မျောတိမ်တိုက် ကျိုးပဲ့လကျင့်စဉ်ကို အသုံးပြုနေခြင်း ဖြစ်သည်။ ရက်အနည်းငယ်က ကျန်းယီမင်သည် ဤဓားကျင့်စဉ်ကို သူ့ထံသို့ လွှဲပြောင်းပေးခဲ့သည်။ သူ၏ ကြိုးကြိုးပမ်းပမ်း အားထုတ်မှုကြောင့် ကျင့်စဉ်၏ အနှစ်သာရကို သဘောမပေါက်သေးသော်လည်း သူ့လှုပ်ရှားမှုတိုင်းသည် နူးညံ့သိမ်မွေ့နေပြီး ရုပ်လုံးကြွယ်နေသည်။

ဟွမ်းချောင်ယုကမူ လက်ဗလာဖြင့် ရှိနေသည်။ သူမသည် မီးလျှံကဲ့သို့ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမခြေလှမ်းတိုင်းနှင့် လက်ဝါးကြားတိုင်းတွင် ဖီးနစ်ငှက်ပုံရိပ်များ ပေါ်လာတတ်သည်။အကယ်၍ ဂရုတစိုက် နားထောင်မည်ဆိုပါက ကောင်းကင်ဘုံကိုးလွှာကို ပျံတက်နေသော ဖီးနစ်ငှက်အသံကို ကြားနိုင်မည်ဖြစ်သည်။

သူတို့နှစ်ဦးသည် အကြိမ်တစ်ရာကျော် လေ့ကျင့်ဖြစ်ကာ သူတို့ရဲ့စိတ်စွမ်းအင်သည် အနည်းငယ် လျော့နည်းလာခဲ့သည်။

"ညီမလေး၊ နောက်ဆုံးတိုက်ကွက်တစ်ခုနဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ကြရအောင်"

"ညီမစိတ်ထဲမှာလည်း အဲ့လိုတွေးနေတာ"

ထိုသို့ပြောဆိုကာ နှစ်ဦးရဲ့ စိတ်စွမ်းအင်အဆင့်သည် မြင့်တက်လာခဲ့သည်။ ပြင်းထန်သော စိတ်စွမ်းအင်သည် ခဏအတွင်း တိမ်တိုက်ဖြူများနှင့် ဖီးနစ်ငှက်အဖြစ်သို့ ပြောင်းလဲသွားသည်ဟု ထင်ရသည်။ တိမ်တိုက်ဖြူများက ဝန်းရံလျက် ဖီးနစ်ငှက်က ဖြတ်သန်းနေသည်။

နှစ်ဦး တိုက်ခိုက်သောအခါ လေပြင်းများက ချက်ချင်းဆိုသလို နိုးထလာခဲ့သည်။ ဖုန်မှုန့်များ လေထဲသို့ လွင့်မျှောကာ သဲနှင့်ကျောက်တုံးများပင် လွှင့်စင်လာကြသည်။

ဘုန်း.......

ဖုန်မှုန့်များ လုံးဝကင်းစင်သွားသောအခါ အဖြူရောင်ပုံရိပ်တစ်ခုက နောက်ကိုဆုတ်သွားတာကို မြင်လိုက်သည်။ လေ့ကျင့်ရေးကွင်းပြင်ရဲ့ အလယ်ဗဟိုတွင် အနီရောင်ပုံရိပ်တစ်ခု ငြိမ်သက်စွာ ရပ်တည်နေသည်။ ယဲ့ယွမ်ဖန်သည် မြေကြီးထဲသို့ ဓားနဲ့ထိုးစိုက်ကာ အတော်အတန် အဝေးကို ဆုတ်ခွာပြီးနောက် ခန္ဓာကိုယ်ကို တည်ငြိမ်သွားအောင် ထိန်းနိုင်ခဲ့သည်။

သူက ဟွမ်းချောင်ယုကို ကြည့်ရန် ခေါင်းမော့လိုက်ပြီး "ညီမလေးရဲ့ စွမ်းအားက ငါ့ထက်ကို လုံးဝသာလွန်သွားပြီပဲ။ ငါအုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ရဲ့ အစောပိုင်းဆင့်ကို ရောက်သွားတာတောင် ညီမလေးနဲ့ ယှဉ်ဖို့ မဖြစ်နိုင်သေးဘူးဆိုတာ မထင်ထားမိဘူး" ဟု ဆိုရင်း ပြုံးပြလိုက်သည်။

စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဉ်ကို ကျင့်ပြီးနောက် ယဲ့ယွမ်ဖန်ရဲ့ တိုးတက်မှုသည် လျင်မြန်လာခဲ့သည်။ သူသည် မနေ့ကပဲ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ ယနေ့တွင် သူသည် စိတ်လှုပ်ရှားစွာဖြင့် ဟွမ်းချောင်ယုအား စိန်ခေါ်မှုပြုလုပ်ခဲ့သော်လည်း ရလဒ်သည် သူမျှော်လင့်ထားသည့်အတိုင်း မဖြစ်လာခဲ့တာကို သူမြင်လိုက်ရသည်။

ဟွမ်းချောင်ယုသည် ပြုံးရိပ်ဖြင့် "အကိုကလည်း၊ ကျေးဇူးပြုပြီး အဲ့လိုမပြောပါနဲ့။ ညီမက အကို့ထက် ရက်အနည်းငယ် စောပြီး အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကို ရောက်နေလို့သာ ကံကောင်းသွားတာပါ။ မဟုတ်ရင် ဘယ်သူအနိုင်ရမယ် ဘယ်သူအရှုံးပေးရမယ်ဆိုတာကို မသိနိုင်ပါဘူး" ဟု သူ့အား ချက်ချင်း နှစ်သိမ့်ပေးခဲ့သည်။

ယဲ့ယွမ်ဖန်သည် ခေါင်းခါကာ ထိုအကြောင်းအရာကို ဆက်မပြောဘဲ "ညီမလေး၊ အကိုတို့ အစမ်းလေ့ကျင့်နေတုန်း မင်းရဲ့ ကျင့်ကြံဆင့်က သိပ်ပြီး မတည်ငြိမ်နေသလိုခံစားရတယ်။ နောက်ထပ် အဆင့်တက်ဖို့ ရှိနေတာလား" ဟု ဆက်ပြောခဲ့သည်။

"ဟုတ်တယ်။ ညီမ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် အလယ်အလတ်ဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး" ဟု ဟွမ်းချောင်ယုက ခေါင်းညိတ်ကာ အတည်ပြုပြောလိုက်သည်။

ယဲ့ယွမ်ဖန်သည် သူ့ညီမလေးရဲ့ တိုးတက်မှုအတွက် စိတ်ထဲမှ ဝမ်းသာနေပြီး "ညီမလေးကို ဂုဏ်ပြုပါတယ်။ ညီမလေးရဲ့ ပါရမီကတော့ တကယ်ကောင်းတာပဲ။ ဆရာသာသိရင် သိပ်ပြီးပျော်ရွှင်သွားမှာ" ဟု ပြောလိုက်သည်။

"ဟုတ်တယ်။ ဒါပေမယ့် ဆရာက သူ့ခြံဝန်းကနေ မထွက်လာတာ ရက်အတော်ကြာနေပြီ။ ညီမ သိချင်တာက..." ဟွမ်းချောင်ယု စကားပြောနေစဉ် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ယဲ့ယွမ်ဖန်က သူမရဲ့ ထိုထူးဆန်းသော အဖြစ်ကို အံ့သြသွားစဥ် ခေါင်းလှည့်ကြည့်လိုက်သောအခါ သူလည်း ချက်ချင်း အံ့အားသင့်သွားခဲ့ရသည်။

သူတို့နှစ်ယောက်က အံ့သားသင့်နေတုန်းပဲ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုသည် လေ့ကျင့်ရေးကွင်းပြင်ပေါ်တွင် ပေါ်လာခဲ့သည်။

...

ကျန်းယီမင်က သူ့ခြံဝန်းတွင် တရားထိုင်ကာ ကျင့်ကြံနေသည်။ သူ့ပတ်ဝန်းကျင်တွင် များသွာသော စိတ်ဝိညာဉ်စွမ်းအင်များ ရှိနေသည်။ သူ့မျက်နှာက နီရဲနေပြီး ခန္ဓာကိုယ်မှလည်း ခပ်မှိန်မှိန် အလင်းတန်းများ ထွက်ပေါ်နေသည်။

"ဟူး" ကျန်းယီမင်သည် ရှည်လျားသော လေတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

သူ့မျက်လုံးများ ဖွင့်လိုက်ပြီး သူ့အကြည့်များက ကြယ်များဖြင့် ပြည့်နေသကဲ့သို့ တောက်ပနေသည်။

"စနစ်" ကျန်းယီမင်သည် သူ့စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။

[ဒင်း]

[ဂိုဏ်းအဆင့် - ပဉ္စမအဆင့် အင်အားစု]

[ဂိုဏ်းခေါင်းဆောင် - ကျန်းယီမင်]

[အဆင့် - အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံခြင်းဆင့်]

[ကျင့်စဥ်များ - စိမ်းမြကြာပန်း ဖန်တီးခြင်းကျင့်စဉ်၊ ကောင်းကင်ဖျက်စီးခြင်း ကျင့်စဥ်]

[ခန္ဓာကိုယ် - မြင့်မြတ်ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာ (အစောပိုင်းအဆင့်)]

[အထူးအခွင့်အရေး - ကောင်းကင်ဘုရင် အထူးအခွင့်အရေး]

ကျန်းယီမင် အကြည့်သည် အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံခြင်းဆင့်သို့ ရောက်သွကြောင်း ပြထားသော "ကျင့်ကြံရေးအဆင့်" ပေါ်သို့ ရောက်သွားခဲ့သည်။

"နောက်ဆုံးတော့ အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံခြင်းဆင့်ကို ရောက်သွားပြီ။ အခုငါ့ရဲ့ စွမ်းအားနဲ့ဆိုရင် အခြေတည်စိတ်ဝိညာဉ်အဆင့်ရှိသူတွေတောင် ငါ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် ငါအခြေတည်စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်ချင်ရင် ငါစနစ်ကိုပဲ အားကိုးနေလို့မရဘူး။ အခွင့်အရေးကောင်းတစ်ခုကို စောင့်ဆိုင်းနေရမယ်" ဟု ကျန်းယီမင်သည် သူ့မေးစေ့ကို ပွတ်ကာ ရေရွတ်နေမိသည်။

အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားကြောင်း အတည်ပြုပြီးနောက် သူ့စိတ်သည် ပိုမိုသက်သာသွားခဲ့သည်။ ဟောက်ယွင်ဂိုဏ်းသည် သူတို့ကို ပြသနာရှာရန် စေလွှတ်မည်မှာ သေချာသလောက်ရှိသော်လည်း ဒဏ္ဍာရီလာ မွေးဖွားခြင်းအဆင့်က သူတွေ ကိုယ်တိုင်မလာပါက ကျန်းယီမင်သည် လက်ရှိစွမ်းရည်ဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်သည်။

"ငါ ကျင့်ကြံနေတုန်း ရှောင်ယုနဲ့ ယွမ်ဖန်တို့လည်း သေသေချာချာ ကျင့်ကြံနေကြရဲ့လား မသိဘူး" ဟု တွေးမိသောအခါ ကျန်းယီမင်သည် သူတို့ရဲ့ စနစ် မျက်နှာပြင်များကို ဖွင့်လှစ်လိုက်သည်။

[အမည် - ယဲ့ယွမ်ဖန်]

[အဆင့်အတန်း - လင်းယွင်ဂိုဏ်း၏ ဒုတိယတပည့်]

[အဆင့် - အုတ်မြစ်အခြေတည်ထောင်ခြင်း အစောပိုင်းအဆင့်]

[ကျင့်စဥ်များ - စိမ်းမြကြာပန်း ဖန်တီးခြင်းကျင့်စဉ်၊ လွှင့်မျောတိမ်တိုက် ကျိုးပဲ့လဓားကျင့်စဉ်]

[ခန္ဓာကိုယ် - မနိုးထသေး]

ထိုအချက်ကို မြင်ရသောအခါ ကျန်းယီမင်သည် ခေါင်းညိတ်လိုက်သည်။ သူ့ဒုတိယတပည့်ရဲ့ တိုးတက်မှုသည် အတော်လေး ချောမွေ့နေကာ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်။

[အမည် - ဟွမ်းချောင်ယု]

[အဆင့်အတန်း - လင်းယွင်ဂိုဏ်း၏ တတိယတပည့်]

[အဆင့် - အုတ်မြစ်အခြေတည်ထောင်ခြင်း အစောပိုင်းအဆင့် (ချိုးဖောက်ဝင်ရောက်ရန် ရှိနေ)]

[ကျင့်စဥ်များ - စိမ်းမြကြာပန်း ဖန်တီးခြင်းကျင့်စဉ်၊ ဘုံကိုးလွှာမြင့်မြတ် ဖီးနစ်ကျင့်စဉ်]

[ခန္ဓာကိုယ် - ငရဲမီးတောက်လောက်ဖီးနစ် ခန္ဓာကိုယ်]

ဟွမ်းချောင်ယုသည် နောက်ထပ်အဆင့် ချိုးဖောက်ဝင်ရောက်ရန် ရှိနေသည်။

"မဆိုးဘူး။ ရှောင်ယုရဲ့ အားထုတ်မှုအရှိန်ကလည်း ဒီလောက်မြန်ဆန်မယ်လို့ မထင်မထားမိဘူး။ ပြီးတော့ နောက်ထပ်အဆင့်လည်း ချိုးဖောက်ဝင်ရောက်တော့မယ်"

တပည့်နှစ်ဦးစလုံး တိုးတက်လာသည်ကို မြင်ရသောအခါ ကျန်းယီမင်သည် သူ့စိတ်ထဲမှ ကျေနပ်ကာ ရယ်မောလိုက်သည်။

"အခု သူတို့ရဲ့ စွမ်းရည် တိုးတက်လာတာက တကယ့်ကို သတင်းကောင်းပဲ။ ဒါပေမယ့် ကျင့်ကြံရေးတိုးတက်မှုတစ်ခုတည်းနဲ့တော့ မလုံလောက်သေးဘူး။ လင်းယွင်ဂိုဏ်းကို အားကောင်းစေဖို့က ဂိုဏ်းမှာ ဆေးလုံး ဖော်စပ်တာတွေ၊ လက်နက်ထုဆစ်တာတွေ၊ ကျင့်ကြံရေးကျင့်စဥ်တွေနဲ့ လျှို့ဝှက်ဂိုဏ်းကျင့်စဥ်တွေကလည်း မဖြစ်မနေ လိုသေးတယ်။ ကံဆိုးတာက အဲ့တာတွေအားလုံး စနစ်ကနေရနိုင်ပေမယ့် ငါ့ကျင့်ကြံရေး မြှင့်လာမှ ထုတ်ယူလို့ရနိုင်တာပဲ"

ပြည့်စုံကာ သန်မာသော ဂိုဏ်းတစ်ခုတွင် အလွန်တင်းကြပ်သော အမွေဆက်ခံမှုစနစ် ရှိလိမ့်မည်။ဥပမာအားဖြင့် ကျင့်ကြံရေးကျင့်စဥ်များ၊ လျှို့ဝှက်ကျမ်းများ၊ ဆေးလုံးဖော်စပ်နည်းများ၊ လက်နက်များ၊ မှော်အစွမ်းထက် ရတနာများနှင့် အဲ့လိုရတနာတွေက အမွေဆက်ခံရမည့် အရာများထဲမှ ဖြစ်သည်။ ကံမကောင်းစွာပဲ၊ ကျဆင်းလာတဲ့လင်းယွင်ဂိုဏ်းသည် လက်တွေ့အားဖြင့် ဘာမျှမရှိ ဖြစ်နေသည်။ မူလက ရှိခဲ့သော အရာများသည်ပင် ပျောက်ကွယ်သွားခဲ့သည်။ ကျန်းယီမင်သည် ဤအတွေးများအားလုံးကို မတွေးဘဲ စိတ်မပူမနေနိုင်ဖြသ်ခဲ့ရသည်။

"ထားလိုက်တော့ အဲ့တာတွေကို နောက်မှစဥ်းစားပြီး သေချာစီစဥ်ရမှာပဲ။ အခုလောလောဆယ်တော့ ငါ့ကိုယ်ကို ကြွက်သားနဲ့ အရိုးသန်မာလာဖို့ အရင်လေ့ကျင့်ကြတာပေါ့"

ထိုသို့ပြောကာ သူသည် သူ့ခြံဝန်းမှ ထွက်လာခဲ့သည်။ တံခါးသို့ ရောက်ရှိသည်နှင့် သူ့တပည့်နှစ်ဦးရဲ့ အသံများကို ကြားလိုက်ရသည်။ ယဲ့ယွမ်ဖန်နှင့် ဟွမ်းချောင်ယုတို့သည် သူ့ခြံဝန်း နေအိမ်ကို စောင့်နေခဲ့ကြပြီး ကျန်းယီမင်က ခြံဝန်းတံခါးများ ဖွင့်လိုက်သောအခါ နှစ်ဦးသည် ချက်ချင်း ပြေးလာခဲ့ကြသည်။

"ဆရာ၊ နောက်ဆုံးတော့ ဆရာ တံခါးပိတ်ကျင့်တာကနေ ထွက်လာပြီ" ဟု နှစ်ဦးက တစ်ပြိုင်ထဲ ပြောလိုက်ကြသည်။ သူတို့က ကျန်းယီမင်ကို နှုတ်ဆက် အရိုသေပြုလိုက်ကြသည်။

"ဟုတ်ပါပြီ ငါရက်အနည်းငယ်လောက်ပဲ တံခါးပိတ်ကျင့်နေတာပါ။ မင်းတို့က ဘာတွေအဲ့လောက်တောင် စိတ်လှုပ်ရှားနေကြတာလဲ" ဟု ကျန်းယီမင်က ပြုံးရိပ်ဖြင့် ပြောကာ သူတို့အား မတ်တတ်ရပ်ရန် လက်ဖြင့် အချက်ပြလိုက်သည်။

သို့သော် တပည့်နှစ်ဦးရဲ့ သူ့အတွက်စိုးရိမ်မှုသည် သူ့အား အလွန်ပျော်ရွှင်စေခဲ့သည်။

"ဆရာ၊ ကျွန်တော်တို့ စိတ်လှုပ်ရှားနေရတာက ဆရာတံခားပိတ်ကျင့်တာကနေ ပြန်ထွက်လာလို့ပါ" ဟု ယဲ့ယွမ်ဖန်က အပြုံးလေးနဲ့ ပြောလိုက်သည်။

သူဆက်မပြောမီမှာဘဲ ဟွမ်းချောင်ယုက သူ့ထက်အရင် ကျော်ကာ "တပည့်တို့ စိတ်လှုပ်ရှားနေရတာက ပထမစီနီယာ ပြန်ရောက်လာလို့ပါ" ဟု ပြောလိုက်သည်။

ထိုစကား ကြားရသောအခါ "ဘာ? လင်းဖေးပြန်ရောက်လာပြီလား" ဟု ကျန်းယီမင်လည်း အတော်လေး စိတ်လှုပ်ရှားသွားခဲ့သည်။

သူ့ပထမဆုံးတပည့် ဂူလင်းဖေးသည် ဒီအချိန်အထိတောင် တောင်အောက်ကို ခရီးထွက်နေခဲ့ပြီး အခုနောက်ဆုံးတော့ ပြန်ရောက်လာခဲ့သည်။ သူ စကားပြောပြီးသည်နှင့် မဝေးလှသော နေရာတစ်ခုမှ လှမ်းပြောသံတစ်ခု ကြားလိုက်ရသည်။

"ဆရာ၊ တပည့် လင်းဖေး ပြန်ရောက်လာပါပြီ"

ယဲ့ယွမ်ဖန်နှင့် ဟွမ်းချောင်ယုနှစ်ဦးစလုံး အပြုံးသန်းကာ ဘေးသို့ ရွေ့ပေးလိုက်ကြသည်။

ခဏအကြာတွင် သူရဲကောင်းဆန်ပြီး တည်ကြည်နေသော လူငယ်တစ်ဦးသည် ကျန်းယီမင် ရှေ့တွင် ပေါ်လာခဲ့သည်။

"ဆရာ" ဟု ပြောကာ ဂူလင်းဖေးသည် ကျန်းယီမင်အား ဒူးထောက်လိုက်သည်။ သူက ဟောက်ယွင်ဂိုဏ်းနှင့် ပတ်သက်သော ကိစ္စရပ်များကို သူ့ညီနှစ်နဲ့ အငယ်ဆုံးတို့ထံမှ ကြားသိခဲ့ရသည်။ ဂိုဏ်းသည် ထိုလို အရေးတကြီး အခြေအနေတွင် ရှိနေချိန်မှာ သူ့လို အကြီးဆုံးအကိုတစ်ယောက်အနေဖြင့် မရှိခဲ့သည်ကို သူမျှော်လင့်မထားခဲ့ပေ။ ထို့အပြင် သူသည်ဂိုဏ်းမှာ အတော်ကြာ မရှိခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။

တစ်ချိန်တည်းတွင် သူက လွမ်းဆွတ်ခြင်း၊ ရှက်ရွံခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် တခြားသော ခံစားချက်များသည် ရောထွေးနေခဲ့သည်။ ထို့ကြောင့် သူသည် တိုက်ရိုက် ဒူးထောက်ရန် လုပ်လိုက်သည်။ ခပ်မြန်မြန်ပဲ ကျန်းယီမင်သည် ဂူလင်းဖေးဒူးများ မြေကြီးနှင့် ထိမည့်အချိန်တွင် သူ့ကို ရပ်လိုက်စေသည်။

All Chapters