နာမည်ကြီးလာတဲ့ လင်းယွင်
Vol. 3 Ch. 29
ကျန်းယီမင်သည် တိုင်းပြည်အကြံပေးကို စစ်ဆေးလေ့လာကြည့်နေသည်။ ဒီတိုင်းပြည်အကြံပေးသည် အတော်လေး ခွန်အားသန်မာသည်။ သူက အခြေတည်စိတ်ဝိညာဉ် အလယ်အဆင့်တွင် ရှိနေသည်။ ကျန်းယီမင်သည် ချက်ချင်းပင် ခေါင်းကိုက်သွားသလို ခံစားလိုက်ရသည်။ ဒီနေ့က ဘာဖြစ်နေတာလဲ ပြသဒါးနေ့များလားဟု သူမေးနေခဲ့သည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်တစ်ဦးကို အလုလေးတင် ဖြေရှင်းယုံရှိသေး တခြားတစ်ဦး ရောက်ရှိလာခဲ့သည်။ ထိုအကြီးအကဲသည် ဒီနေရာကို ဘာလို့ရောက်လာလဲ သူလည်းမသေချာဖြစ်နေသည်။
သူက တိုင်းပြည်အကြံပေးအား မျက်နှာသေဖြင့် "အကြီးအကဲ၊ မင်းက ဘယ်သူများလဲ? ဘာလို့ လင်းယွင်ဂိုဏ်းကို လာရတာလဲ" ဟု မေးလိုက်သည်။
ထိုအချိန်တွင် ဟွမ်းချောင်ယုနှင့် တခြားသူများက သတိဝင်လာကြပြီး သူတို့ရဲ့ အာရုံစိုက်မှုသည်လည်း ထိုအဘိုးကြီးပေါ်သို့ ကျရောက်သွားခဲ့သည်။ အခုလေးတင်တော့ အရေးကြီး အန္တာရယ်များတဲ့ အအချိန်တွင် ဒီအဘိုးအိုသည် သူတို့ကို ကယ်တင်ခဲ့သည်။သူတို့က ဘာကြောင့်ဝင်ကယ်မှန်း သူတို့လည်း မသိပေ။ ဟွမ်းချောင်ယုနှင့် တခြားသူများသည် သူ့ထံမှ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားတာကို တွေ့ရသောအခါ တိုင်းပြည်အကြံပေးသည် မျက်နှာအမူအရာ ဝမ်းနည်းသွားခဲ့ရသည်။
ထို့နောက် သူက ကျန်းယီမင်ဆီသို့ နှုတ်ဆက်ကာ "ကျွန်တော်က တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာက တိုင်းပြည်အကြံပေး ဟွမ်းထျန်းချီပါ" ဟု ဖြည်းဖြည်းချင်း ပြောခဲ့သည်။
ထိုစကားကို ကြားရသောအခါ ဂူလင်းဖေးနှင့် တခြားသူများက မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့သော်လည်း ကျန်းယီမင်နှင့် ဟွမ်းချောင်ယုတို့မှာမူ အေးဆေးတည်ငြိမ်စွာ မနေနိုင်ခဲ့ကြပေ။ ဟွမ်းထျန်းချီသည် ခဏရပ်နားပြီးနောက် "ကျွန်တော်က မင်းသမီးကို ပြန်လည်ခေါ်ဆောင်ဖို့ ရောက်လာတပါ" ဟု အပြုံးဖြင့် ပြောလိုက်သည်။
"မင်းသမီး? မင်းသမီးက ဘယ်သူလဲ"
ဂူလင်းဖေးနှင့် ယဲ့ယွမ်ဖန်တို့သည် ထိုအဘိုးအိုရဲ့ စကားများကြောင့် စိတ်ရှုပ်သွားခဲ့ကြသည်။ သို့သော် ကျန်းယီမင်က သူတို့အား ရှင်းပြရန် အချိန်မရှိခဲ့ပေ။
သူက ဟွမ်းထျန်းချီကို မျက်နှာသေနဲ့ ကြည့်ကာ "မင်းက ရှောင်ယုကို ပြန်ခေါ်သွားချင်တာဆိုရင်တော့ သူမသဘောတူသလားဆိုတာ မေးရမယ်" ဟု ပြောလိုက်သည်။
သူပြောပြီးသွားတာနဲ့ ဟွမ်းချောင်ယုသည် အတင်း ခေါင်းခါကာ "တိုင်းပြည်အကြံပေးဟွမ်း၊ ကျွန်မ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာကို မပြန်တော့ပါဘူး။ ကျေးဇူးပြု၍ ပြန်သွားလိုက်ပါ" ဟု ပြောလိုက်သည်။
ဟွမ်းထျနိးချီသည် တစ်စုံတစ်ရာကို ဆက်ပြောလိုသော်လည်း ကျန်းယီမင်သည် သူ့အား အခွင့်အရေးပေးမည် မဟုတ်ပေ။
သူက မြန်မြန်ဆန်ဆန် လက်ဖြင့်တားကာ "တွေ့တယ်မလား၊ ရှောင်ယုဘာပြောလိုက်တယ်ဆိုတာ ကြားလိုက်ရပြီမလား။ ကျေးဇူးပြု၍ ထွက်ခွာသွားပါ။ တကယ်လို့ ရှောင်ယုကသာ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာကို ပြန်ချင်တယ်ဆိုရင် သူမကို လုံခြုံစွာပြန်ရောက်အောင် ကျွန်တော်သေသေချာချာ လိုက်ပို့မယ်။ အခုတော့ သူမ မပြန်ချင်ဘူးဆိုမှတော့ မင်းတို့ထဲက ဘယ်သူကမှ သူမကို အတင်းဆွဲခေါ်ခွင့် မပြုနိုင်ဘူး" ဟု ပြောလိုက်သည်။
ကျန်းယီမင်သည် ထိုစကားများကို အလွန်အေးဆေးတည်ငြိမ်စွာဖြင့် ပြောဆိုခဲ့သော်လည်း သူ့စကားများတွင် အမိန့်ပေးကာ မေးခွန်းပြန်မထုတ်ခိုင်းတဲ့ အရိပ်အယောင်များပါနေသည်။ ဟွမ်းထျန်းချီသည် ကျန်းယီမင် လတ်တလောတိုက်ပွဲကြောင့် တုန်လှုပ်နေမိသည်။ ခဏတစ်ဖြုတ် သူက ပြန်မေးခွန်းထုတ်ရန် မဝံ့မရဲဖြစ်ခဲ့သည်။
ခဏအကြာတွင် သူက သက်ပြင်းရှည်ကြီး ချလိုက်ပြီး " အဲ့တာဆိုလည်း ဂိုဏ်းချုပ်ကျန်းကို မင်းသမီးကြောင့် ဒုက္ခပေးရဦးမယ်။ ကျွန်တော် အခုတော့ မင်းသမီးကို ဂိုဏ်းမှာပဲ ထားပြီး ပြန်လိုက်ပါဦးမယ်" ဟု မတတ်သာတဲ့လေသံဖြင့် ပြောခဲ့သည်။
ဟွမ်းထျန်းချီသည် ဟွမ်းချောင်ယုကို နောက်တစ်ကြိမ် ကြည့်ကာ တခြားဘာမျှမပြောတော့ဘဲ လှည့်ထွက်သွားခဲ့သည်။ သူထွက်ခွာသွားသည်ကို မြင်ရသောအခါ ဟွမ်းချောင်ယုသည်လည်း ချက်ချင်း စိတ်သက်သာရာရသွားခဲ့သည်။
တပည့်သုံးဦးက စိတ်ပူကာ ကျန်းယီမင်ကို ချက်ချင်း ဝိုင်းရံလာကြပြီး သူအဆင်ပြေမပြေကို ဂရုတစိုက် သေချာစစ်ဆေးနေကြသည်။
...
ရက်အနည်းငယ်အကြာ လင်းယွင်ဂိုဏ်းသည် ဂိုဏ်းအားလုံးနှင့် လေလွင့်ကျင့်ကြံသူများကြားတွင် နာမည်ကြီးနေခဲ့သည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်တစ်ဦးကို လုံးဝအနှိုင်ပိုင်းကာ ပြန်လမ်းမရှိအောင် သတ်လိုက်သည်က သူတို့အတွက် လင်းယွင်ဂိုဏ်းသည် ဖြတ်မမြင်နိုင်ပြီး အန္တာရယ်များတဲ့ ဂိုဏ်းတစ်ခုဖြစ်လာသည်။ စပ်စုလိုတဲ့ လူများစွာက လင်းယွင်ဂိုဏ်းသို့ ကိုယ်တိုင်သွားရောက်လည်ပတ်ခဲ့ကြသည်။ အခုလေးတင် ကျန်းယီမင်က လာရောက်စပ်စုနေတဲ့အုပ်စုတစ်စုကို နှင်လွှတ်လိုက်ရသည်။
"ဆရာ၊ လင်းယွင်ဂိုဏ်းက အခုတော့ နာမည်တအားကြီးနေပြီလို့ ပြောလို့ရပြီ" ဟု ဟွမ်းချောင်ယုက ပြုံးကာ ပြောခဲ့သည်။
သို့သော် ကျန်းယီမင်က ခေါင်းခါကာ "နာမည်လေး နည်းနည်းလေး သတင်းထွက်ရုံပါပဲ။ အခုထိ လင်းယွင်ဂိုဏ်းကို တကယ်ဝင်ချင်တဲ့သူ တစ်ယောက်မှကို မရှိသေးဘူး။ သူတို့တွေက အခုလောလောဆယ်တော့ မသိရင် လာမိတ်ဖွဲ့သလိုနဲ့ နောက်ကျ ဂိုဏ်းက အန္တာရယ်ကျရင် သူတို့ကထိပ်ဆုံးကနေ ငါတို့ကို လာဖျက်စီးမယ့် ကောင်တွေကြီးပဲ" ဟု သက်ပြင်းချကာ ပြောခဲ့သည်။
ဘေးတွင် ရှိသော ဂူလင်းဖေးက နားလည်ကာ ခေါင်းညိတ်ခဲ့သည်။ သူသည် ကြာမြင့်စွာ ခရီးထွက်ခဲ့သည်ဖြစ်ရာ ထိုကျင့်ကြံသူများ၏ စိတ်နေသဘောသဘာဝကို အနည်းငယ် နားလည်ခဲ့သည်။
"ဆရာပြောတာ မှန်တယ်။ ဒါတွေက အပေါ်ယံတွေကြီးပဲ။ လေတိုက်ရာ လိုက်ယိမ်းကြမယ့် သူတွေကြီးပဲ။ အရေးအကြီးဆုံးကတော့ ငါတို့တွေ အားကောင်းနေဖို့ပဲ"
"ဟုတ်တယ်၊ လင်းဖေးပြောတာ မှန်တယ်" ဟု ကျန်းယီမင်က ချီးကျူးပြီးနောက် "အိုး ဟုတ်သား၊ လင်းဖေး၊ မိန်းကလေးယွီက ဘယ်မှာလဲ" ဟု မေးမြန်းခဲ့သည်။
"ကျွန်တော် သူမကို တောင်ကနေ ပြန်ခိုင်းလိုက်ပြီ" ဟု ကျန်းယီမင်သည် ခဏတစ်ဖြုတ် အံ့အားသင့်သွားပြီးနောက် "လင်းဖေး၊ ဟောက်ယွင်ဂိုဏ်းက လူတွေ ငါတို့ကို လက်စားချေဖို့ ရောက်လာတဲ့အခါ သူမဒုက္ခရောက်မှာကို မင်းစိုးရိမ်နေတာလား" ဟု မေးလိုက်သည်။
"ဟုတ်ပါတယ် ဆရာ၊ ဟောက်ယွင်ဂိုဏ်း..." ဟု ဂူလင်းဖေးက တိုက်ရိုက်ဝန်ခံခဲ့သော်လည်း ဆက်ပြောရန် တုံဆိုင်းသွားခဲ့သည်။ သို့သော် ဟွမ်းချောင်ယုနှင့် တခြားသူများက သူဘာကိုဆိုလိုတယ်ဆိုတာကို သိသွားခဲ့ကြသည်။
ကျန်းယီမင်က တစ်ဖက်ရန်သူမှ အခြေတည်စိတ်ဝိညာဉ်အဆင့် အကြီးအကဲကို သတ်လိုက်ပြီဖြစ်သည်။ ဟောက်ယွင်ဂိုဏ်းက ပျားအုံကနေ ပျားများကဲ့သို့ အချိန်မရွေး ရောက်လာမယ်ဆိုတာမှာ သေချာသလောက်ရှိနေသည်။ ကျန်းယီမင်သည် သူ့တပည့်များ ခေါင်းငုံ့နေသည်ကို မြင်ရသောအခါ မထိန်းနိုင်ဘဲ ရယ်ချလိုက်သည်။။
သူက " ဟုတ်ပါပြီ၊ မင်းတို့အားလုံးက ဘာကို စိုးရိမ်နေကြတာလဲ။ သူတို့ရဲ့ အခြေတည်စိတ်ဝိညာဉ်အဆင့်ကိုတောင် ငါသတ်နိုင်တယ်၊ သူတို့လောက်တော့ ငါမကြောက်ပါဘူးကွ။ စိတ်ချစမ်းပါ၊ ကောင်းကင်ပြိုကျတော့မယ်ဆိုရင်တောင် ငါထိန်းပေးထားမယ်" ဟု သူ့တပည့်တွေကို ဆူသလိုနဲ့ အားပေးလိုက်သည်။
" မဖြစ်နိုင်ဘူး ဆရာတစ်ယောက်ထဲ၊ ကျွန်တော် ဆရာနဲ့ အတူတူတိုက်ပေးသွားမယ်"
"ကျွန်တော်တို့လည်း ပါမယ်။ ကျွန်တော်တို့အားလုံး အတူတူ ရှိနေကြမယ်"
ကျန်းယီမင်စကားကို ကြားရသောအခါ ဟွမ်းချောင်ယုနှင့် တခြားသူများက ခေါင်းမော့ကာ ခိုင်မာမှုများ ရဲဝင့်မှုများအပြည့်နဲ့ သူတို့ဆရာကိုပြောလိုက်သည်။ကျန်းယီမင်သည် သူတို့စကားများကြောင့် စိတ်ထဲ ထိသွားကာ ကျေနပ်သွားမိလိုက်သည်။
---------
ထိုအချိန် ဟောက်ယွင်ဂိုဏ်းတွင် ဂိုဏ်းချုပ်သည် ခန်းမဆောင်ရှိ ပလ္လင်ပေါ်တွင် ထိုင်နေပြီး သူအကြည့်သည် ဓားသွားများကဲ့သို့ ခန်းမထဲရှိ လူများကို ဖြတ်သန်းသွားခဲ့သည်။
" အကြီးအကဲတွေ၊ ငါတို့တွေ ဘာလုပ်သင့်တယ်ဆိုတာ အကြံထုတ်ကြ။ တကယ်လို့သာ ငါတို့က ဒီကိစ္စကို သေသေချာချာ မကိုင်တွယ်လို့ကတော့ ဟောက်ယွင်ဂိုဏ်းက ပျက်စီးသွားလိမ့်မယ်"
ခန်းမဆောင်ရှိ လူများသည် ဒေါသထွက်နေကြပြီး ဂိုဏ်းချုပ်ကို ကြောက်ရွံ့နေကြသည်။ ဘယ်သူမျှ အသံမထွက်ဘဲ တုန်လှုပ်နေခဲ့ကြသည်။
"ဘာဖြစ်သွားကြတာလဲ? မင်းတို့အားလုံးက လအတွေ ဖြစ်သွားကြတာလား၊ ဟမ်" ဟု ဂိုဏ်းချုပ်အသံသည် ရုတ်တရက် အေးစက်သွားခဲ့သည်။
ချက်ချင်းဆိုသလို အကြီးအကဲတစ်ဦးက ရှေ့သို့တိုးလာကာ "ဂိုဏ်းချုပ်၊ ကျွန်တော့်အမြင်ကတော့ အခုပဲ ဂိုဏ်းစစ်ပွဲ ကြေညာပြီး လင်းယွင်ဂိုဏ်းကို မြေပြင်လှန်မပစ်ရတာလဲ" ဟု ပြောလိုကွသည်။
"မဖြစ်ဘူး" ဟု သူစကားပြောပြီးသည်နှင့် အခြားအကြီးအကဲတစ်ဦး ထွက်လာကာ "လင်းယွင်ဂိုဏ်းက အစက ဟောက်ယွင်ဂိုဏ်းရဲ့ လက်အောက်က ဂိုဏ်းအစုတ်လေးတစ်ခုပဲ။ ပြီးခဲ့တဲ့လဝက်က လင်းယွင်ဂိုဏ်းကို သွားခဲ့တဲ့တပည့်ကို ကျွန်တော်မေးပြီးပြီ။ အဲ့တုန်းက အဲ့ဒီဂိုဏ်းချုပ်က ကျွန်တော်တို့ တပည့်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်။ ဒါပေမယ့် အခု လင်းယွင်ဂိုဏ်းက အကြီးအကဲရန်ကို သတ်လိုက်တာက နောက်ကွယ်မှာ တစ်စုံတစ်ဦး ရှိနေမှာကို ကျွန်တော်ကြောက်ရွံ့မိပါတယ်" ဟု ပြောခဲ့သည်။
သူပြောပြီးသည်နှင့် လူတိုင်းအကြည့်သည် ချက်ချင်း သူ့ပေါ်သို့ ကျရောက်သွားခဲ့သည်။
အကြီးအကဲသည် ခဏရပ်နားပြီးနောက် "မကြာသေးခင်တုန်းက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာမှ လူတွေ ဟောက်ယွင်ဂိုဏ်း ထိန်းချုပ်နယ်မြေထဲကို ခနခန ဝင်လာနေကြတယ်။ ဒီကိစ္စက သူတို့နဲ့ မကင်းမှာကို ကျွန်တော်စိတ်ပူတယ်။ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရဲ့ ခွန်အားက ကျွန်တော်တို့ထက် မနိမ့်ကျဘူး။ တကယ်လို့သာ ဒီအချက်သာ မှန်နေရင် ကိစ္စက ထင်သလို မရိုးရှင်းဘူးလို့ ကျွန်တော်ထင်တယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။
ထိုစကားကို ကြားရသောအခါ လူတိုင်းသည် ရုတ်တရက် နားလည်သွားသည့် ပုံစံမျိုးဖြစ်သွားကြသည်။ ကျဆင်းနေသော ဂိုဏ်းတစ်ခုတွင် အခြေတည်စိတ်ဝိညာဉ်အဆင့်တစ်ဦးကို သတ်နိုင်သည့် စွမ်းအားရှိသည်ဟူသော မှန်းဆချက်ထက် ထိုအဆိုအကြံပြုချက်သည် ပိုပြီးလက်တွေ့ကျတာကို သူတို့သိလိုက်ကြသည်။ သို့သော် သူတို့ပြိုင်ဘက်သည် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာဖြစ်နိုင်သည်ကို တွေးမိသောအခါ လူတိုင်းသည် ချက်ချင်း အနည်းငယ် စိုးရိမ်သွားခဲ့ကြသည်။ လူတိုင်း ငြိမ်သက်သွားသည်ကို မြင်ရသောအခါ ပလ္လင်ပေါ်ရှိ ဂိုဏ်းချုပ်သည် သူတို့ဘာတွေ တွေးနေကြလဲဆိုတာကို ခန့်မှန်းမိသွားသည်။
ခဏတစ်ဖြုတ် ထိုင်စဥ်းစားပြီးနောက် သူက" ဒါဆိုရင်လည်း ငါတို့တွေ မဟာအကြီးအကဲ တံခါးပိတ်ကျင့်တာကနေ ထွက်လာတဲ့ အထိစောင့်လိုက်ကြတာပေါ့" ဟု ဖြည်းဖြည်းချင်း ပြောလိုက်သည်။
...
ထိုအခိုက်တွင် ကျန်းယီမင်သည်လည်း လင်းယွင်ဂိုဏ်းရဲ့ ခန်းမဆောင်တွင် ထိုင်နေခဲ့သည်။ သို့သော် သူ့ရှေ့တွင် ဘယ်သူမှ မရှိခဲ့ပေ။ သူ့တပည့်သုံးဦးစလုံး ကျင့်ကြံရန် ထွက်သွားခဲ့ကြသည်။ ဟောက်ယွင်ဂိုဏ်းက လက်စားချေရန် ရောက်လာသောအခါ သူတို့ဆရာကို ကူညီနိုင်ရန် သူတို့ရဲ့ ကျင့်ကြံဆင့်ကို အမြန်ဆုံး မြှင့်တင်ရန် လိုအပ်သည်။ ထိုအချိန် စနစ်ရဲ့ အေးစက်သော အသံသည် ကြားလိုက်ရသည်။
[ဒင်း]
[အသိပေးချက် - "အမည်ဂုဏ်သည် ကောင်းကင်မြေကြီးတစ်ခွင်" တာဝန်ကို ပြီးဆုံးခဲ့ပါသည်]
[အသိပေးချက် - ဆုလာဘ် လေးမျိုးသေင်္ကတအစီအရင်ကို လက်ခံလိုပါသလား။]
ကျန်းယီမင်က ချက်ချင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။