← Chapters

ငါ့တပည့်လုပ်ပါလား

Vol. 3 Ch. 32

ငါ့တပည့်လုပ်ပါလား

Vol. 3 Ch. 32

ကျန်းယီမင်သည် ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး ထိုလူငယ်ကို စစ်ဆေးကြည့်ကာ အနက်ရောင်ဝတ်စုံဝတ်ထားသည့် ယောက်ျားများရဲ့ ခေါင်းဆောင်ကို ကြည့်လိုက်သည်။ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ ထိုယောက်ျားသည် ချက်ချင်း အံ့အားသင့်သွားခဲ့သည်။ ကျန်းယီမင်က သူ့ကိုစိုက်ကြည့်နေတာကို ခံစားမိသောအခါ သူတုန်လှုပ်သွားခဲ့သည်။

သူက မျက်ခုံးများကြုတ်ကာ မျက်နှာအမူအရာလည်း ရုတ်တရက် မည်းမှောင်သွားပြီး ကျန်းယီမင်အား "ဘာကိစ္စနဲ့ ငါ့လာစိုက်ကြည့်နေတာလဲ" ဟု အေးစက်စွာ ပြောခဲ့သည်။

"မင်းက ငါ့ရဲ့ သေရည်သောက်ချင်တဲ့စိတ်ကို ဖျက်ဆီးလိုက်တယ်၊ ငါ့ကိုလည်း သတ်မလိုပါ ဖြစ်သွားသေးတယ်။ ဘယ်သူကများ မကြောက်မရွံ့များ ဖြစ်နေတာလဲ သိချင်လို့လေ" ဟု ကျန်းယီမင်သည် သူ့လက်ထဲရှိ သေရည်ခွက်ကို ဖြည်းဖြည်းချင်း လှုပ်ရမ်းကာ အေးဆေးပြောလိုက်သည်။

ထိုစကားကို ကြားရသောအခါ ခေါင်းဆောင်ရဲ့မျက်နှာသည် ချက်ချင်း မှောင်မည်းသွားခဲ့သည်။ "မင်းက ငါတို့ရဲ့ကိစ္စကို ဝင်ရောက်စွက်ဖက်ချင် နေတာလား"

"ငါပြောပြီးပြီ၊ မင်းငါ့ကို သတ်တော့မလို ဖြစ်သွားတယ်လို့"

"အဲ့တာဆိုလည်း ဘာဖြစ်လဲ? မင်းမရှောင်နိုင်ရင် သေသင့်တာပဲ။ နောက်ဆုံးမှာ မင်းရှောင်နိုင်သွားလို့ မသေးဘူးလေ၊ မင်းနဲ့ငါကြားမှာ ဘာအငြိုးအတေးမှမရှိဘူး" ဟု ခေါင်းဆောင်က ခဏရပ်နားပြီးနောက် "မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်၊ အခုပဲ ထွက်သွားလိုက်စမ်း။ မဟုတ်ရင် နောက်တစ်ကြိမ်မှာ ငါ့တိုက်ခိုက်မှုကို ရှောင်နိုင်ဖို့ ကံမကောင်းတော့မှာ မဟုတ်ဘူး" ဟု ခြိမ်းခြောက်သောသံဖြင့် ပြောလိုက်သည်။

ခေါင်းဆောင်သည် ကျန်းယီမင်၏ ကျင့်ကြံဆင့်ကို မြင်နိုင်ခြင်းမရှိဘဲ သူသည် သာမန်လူတစ်ဦးသာဖြစ်သည်ဟု မှန်းလိုက်ခဲ့သည်။ ကျန်းယီမင် အခု တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့သည်မှာ သူသည် ကျန်းယီမင် ကံကောင်းနေနာဟု ထင်လိုက်သည်။

ကျန်းယီမင်သည် ပြုံးလိုက်ကာ "ဒါဆိုရင် မင်းရဲ့ အဆိုအရ၊ တကယ်လို့ မင်းရဲ့ ကျင့်ကြံရေးက မကောင်းဘူးဆိုရင် မင်းသေသင့်တယ်ပေါ့? မင်းကကော ငါ့ရဲ့တိုက်ခိုက်မှုကို ရှောင်နိုင်မလားလို့ ငါသိချင်မိတယ်" ဟု ပြောလိုက်သည်။

"မင်းသေချင်နေတာပဲ" ဟု ခေါင်းဆောင်က ထိုစကားကို ကြားရသောအခါ သူ့မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားကာ "ကြည့်ရတာတော့ မင်းတကယ်ပဲ ငါတို့နဲ့ ရန်သူဖြသ်ချင်နေတာထင်တယ်။ မင်းမှာ အဲ့လိုလုပ်ဖို့ အစွမ်းကောရှိရဲ့လား ငါလည်းသိချက်မိတယ်" ဟု ပြောလိုက်သည်။

"အို....၊ ငါ့ကို ပြစေချင်တာလား"

"ငါမြင်ရတယ့် တစ်ခုတည်းသောအရာက မင်းအလောင်းပဲ" ဟု သူစကားမပြီးမီ ခေါင်းဆောင်သည် ချက်ချင်းဆိုသလို အရှိန်ဖြင့် ကျန်းယီမင်ဆီသို့ ပြေးတက်သွားလိုက်သည်။

ပြင်းထန်သော စိတ်ဝိညာဥ်စွမ်းအင်များသည် ချက်ချင်းဆိုသလို ပေါက်ထွက်လာပြီး ကျန်းယီမင်ကို လုံးဝမျိုချတော့မယ့်ပုံနဲ့ ချီတက်လာခဲ့သည်။သို့သော် ကျန်းယီမင်သည် ထိုတိုက်ခိုက်မှုကို လုံးဝအရေးမစိုက်ခဲ့ပေ။

သူ့အတွက်တော့ ဒီခေါင်းဆောင်သည် ပြောစရာတစ်ခုလိုပင် မထိုက်တန်ပေ။ ခေါင်းဆောင်သည် အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်တွင် ရှိနေပြီး သူ့ကို လက်ချောင်းတစ်ချောင်းဖြင့် အလွယ်လေးသတ်နိုင်သည်။ ကျန်တဲ့လူများက ပိုပြီးအဖက်လုပ် ပြောစရာပင်မလိုပေ။ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်အုပ်စုတစ်စုသည် သူ့အား တကူးတကတိုက်နေရန် မထိုက်တန်တော့ပေ။

"သတိထား" ဟု ခေါင်းဆောင် ရုတ်တရက် တိုက်ခိုက်လာသည်ကို မြင်ရသောအခါ လူငယ်သည် စိုးရိမ်ပူပန်သော မျက်နှာအမူအရာဖြင့် အော်ပြောလိုက်သည်။

ရှိနေတဲ့သူများလည်း တုန်လှုပ်သွားခဲ့ကြသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ ခေါင်းဆောင်၏ အစွမ်းသည် သူတို့ကို ချက်ချင်း အံ့အားသင့်စေခဲ့သည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိသူသည် ဒေသငယ်တစ်ခုယဲ့ အရှင်သခင်ဖြစ်ရန် လုံလောက်သော ဖြစ်တည်မှုတစ်ခုဖြစ်သည်။ သို့သော် ကျန်းယီမင်သည် ဂရုမစိုက်ဟန်ရှိပြီး လှမ်းသတိပေးလိုက်သော လူငယ်ကို ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ကြည့်လိုက်သည်။

သူ့လုပ်ရပ်များသည် ထိုလူငယ်ကို ရုတ်တရက် စိတ်ရှုပ်ထွေးသွားစေခဲ့သည်။ ရန်သူ ချဉ်းကပ်လာနေချိန်တွင် ဘယ်လိုလူကများ ဆက်ပြုံးပြီး ရပ်နေနိုင်ရသလဲ။ လူငယ်သည် ကျန်းယီမင်သည် အားကောင်တာလား ဒါမဟုတ် မကြောက်ရွံ့တာလားဟု စိတ်ထဲမေးနေခဲ့မိသည်။

နောက်တစ်စက္ကန့်ခနအတွင်းတွင် ကျန်းယီမင်သည် သူ့အား အဖြေပေးခဲ့သည်။ ခေါင်းဆောင်၏ အရှိန်နဲ့ပေါ်ထွက်လာတဲ့ လက်သီးသည် ကျန်းယီမင်ခန္ဓာကိုယ်ပေါ်သို့ ကျရောက်မည့်အချိန်တွင် ကျန်းယီမင်သည် သူ့ဆီသို့ လာနေသော ထိုလက်သီးကို ရိုးရိုးလေးပင် လက်ချောင်းနဲ့ ညွန်လိုက်သည်။ ခဏအတွင်း ဆိုင်ထဲမှာ လေပြင်းများ တိုက်ခတ်လာခဲ့သည်။ ကြီးမားပြီး ဖိအားများနဲ့ စိတ်စွမ်းအင်တစ်ခုသည် လေထဲတွင် ချက်ချင်း ပဲ့တင်ထပ်လာခဲ့သည်။စားသောက်ဆိုင်ရှိ စားပွဲနှင့်ခုံများသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

သေရည်အိုးများထားသော သေရည်စင်ပေါ်ရှိ သေရည်အိုးများသည် ရုတ်တရက် တစ်ခုခုက တိုက်ခိုက်တာ ခံရလိုက်သလို ချက်ချင်း အားလုံး ကြေမွသွားခဲ့ကြသည်။ ခဏအတွင်း သေရည်များ စင်ထွက်လာပြီး အရည်များက မြေကြီးပေါ်သို့ စီးဆင်းသွားခဲ့သည်။ လူတိုင်းက သူတို့မျက်လုံးများနှင့် ပါးစပ်များ ပြုးထွက်လုနီးပါး အံ့အားသင့်သွားခဲ့ကြသည်။

"ဘမ်း......"

ခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်သည် နောက်ကိုလွှင့်စင်သွားပြီး စားပွဲတစ်လုံးနဲ့ တိုက်မိကာ စားပွဲက ကျိုးပျက်သွားခဲ့သည်။ သူက သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

"ခေါင်းဆောင်"

သူ့လက်အောက်ငယ်သားများသည် အံ့အားသင့်သွားကာ သူ့ကို မတ်တတ်ရပ်ရန် မြန်မြန်ဆန်ဆန် ရှေ့သို့ပြေးလာကာ ကူညီလိုက်ကြသည်။

စိုးရိမ်သောမျက်နှာအမူအရာဖြင့် သူ့လက်အောက်ငယ်သားများက "ခေါင်းဆောင်၊ အဆင်ပြေလား" ဟု မေးမြန်းလိုက်ကြသည်။

ခေါင်းဆောင်၏ မျက်နှာသည် ရေနွေးပူလောင်သွားသကဲ့သို့ နီရဲနေသည်။ သူသည် ကျန်းယီမင်ကို စိုက်ကြည့်ကာ စကားပြောရန် ပါးစပ်ဖွင့်လိုက်သော်လည်း သွေးတစ်လုပ်သာ အန်ထုတ်လိုက်ရပြီး ဘာမှမပြောနိုင်ခဲ့ပေ။

ဤသို့ဖြင့် သူ့လက်အောက်ငယ်သားများသည် ပို၍ပင် အံ့အားသင့်သွားခဲ့ကြသည်။ သူတို့သည် လူငယ်ကို ကြည့်လိုက် ကျန်းယီမင်ကို ကြည့်လိုက် ဖြစ်နေကြသည်။ သူတို့က သွားများကို အံကြိတ်ခဲ့ကြပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ ဘာမှမပြောဘဲ သူတို့ခေါင်းဆောင်ကို ဆွဲခေါ်ကာ ထွက်ခွာသွားခဲ့ကြသည်။

သူတို့သည် နောက်ထပ်မနေရဲကြတော့ပေ။ အကယ်၍ ကျန်းယီမင်က သူတို့ကိုပါ တိုက်ခိုက်ချင်တယ်ဆိုရင်ကော။ အမြုတေဖွဲ့စည်းခြင်းအဆင့်တစ်ဦးကိုပင် လက်ချောင်းတစ်ချောင်းဖြင့် လွှင့်စင်စေခဲ့သည်။ တကယ်လို့ သူတို့သည်သာ ခေါင်းဆောင်နေရာတွင် ရှိနေခဲ့ပါက သူတို့သည် သေဆုံးသွားခဲ့မည်ဖြစ်သည်။

ကျန်းယီမင်သည် သူတို့ကို မတားဆီးခဲ့ပေ။ သူ့ကို တိုက်ခိုက်သူမှာ ခေါင်းဆောင်ဖြစ်သည်။ ကျန်ရှိနေသော အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်များကို သူဂရုမစိုက်ပေ။

...

အနက်ရောင်ဝတ်စုံဝတ်ထားသော ယောက်ျားများ ထွက်ခွာသွားပြီးနောက် စားသောက်ဆိုင်သည် တိတ်ဆိတ်နေဆဲဖြစ်သည်။ ကျိုးပဲ့သွားသော အိုးများမှ သေရည်များ ဖြည်းဖြည်းချင်း စီးကျနေတဲ့အသံကိုသာ ကြားနိုင်သည်။

ကျန်းယီမင်ရဲ့ အခုလေးတင် တိုက်ခိုက်မှုသည် လူအုပ်ကို အလွန်အမင်း အံ့အားသင့်စေခဲ့သည်မှာ မလွဲမသွေဖြစ်သည်။ ထိုအခိုက်တွင် သူတို့သည် သေခြင်းတရားကို ကြိုဆိုနေသလိုပင် သူတို့ခံစားမိခဲ့ကြသည်။ သူတို့ထဲမှ အများစုသည် ချီစုဆောင်းခြင်း သို့မဟုတ် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြသည်။ ဤစားသောက်ဆိုင်တွင် အခုလိုအစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ရှိနေမယ်ဟု မည်သူက ထင်မိမည်နည်း။

လူငယ်ပင် ခဏတစ်ဖြုတ် အံ့အားသင့်သွားခဲ့သည်။ သူသည် ကျန်းယီမင်ကို ကြည့်ကာ သူ့မျက်နှာအမူအရာက အမျိုးမျိုး ပြောင်းလဲနေသည်။

ခဏအကြာတွင် သူသည် ရှေ့သို့လျှောက်လာကာ အရိုသေပြုပြီး " အကြီးအကဲ၊ သင့်ရဲ့ ကျင့်ကြံရေးက တကယ်ကို လေးစားစရာပဲ။ ကျွန်တော် သင့်ကို လေးစားမိပါတယ်။ ကျွန်တော်က ရှန့်ကွမ်ချင်းယန်ပါ။ အကြီးအကဲ အသက်ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု ရိုသေစွာ ပြောလိုက်သည်။

"ဘာမှမဟုတ်တာလေးပါ။ ငါ့နာမည်က ကျန်းယီမင်ပါ။ ခနက အဲ့ဒီခေါင်းဆောင်က ငါ့ကို တိုက်ခိုက်လာလို့သာ ငါတုံ့ပြန်လိုက်တာ။ အဲ့တာက မျက်လုံးတစ်လုံးဆို တစ်လုံးဆိုတဲ့ ဆိုရိုးအတိုင်းပါပဲ။ အသက်ကယ်တယ်လို့ မဆိုနိုင်ပါဘူး" ဟု ကျန်းယီမင်က ဂရုမစိုက်သလို လက်ကလေးယမ်းကာ ပြောလိုက်သည်။

ရှန့်ကွမ်ချင်းယန်ရဲ့ မျက်နှာသည် ရုတ်တရက် လေးနက်လာကာ "မဟုတ်ရပါဘူး။ အကြီးအကဲရဲ့ တိုက်ခိုက်မှုက ဘာအကြောင်းရင်းကြောင့်ပဲဖြစ်ဖြစ် ရလဒ်ကတော့ အတူတူပါပဲ၊ အကြီးအကဲက ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တာပါ။ နောင်တစ်ချိန် အခွင့်အရေးရရင် ကျွန်တော် အကြီးအကဲကို ကျေးဇူးဆပ်မှာပါ" ဟု သေသေချာချာ ပြောခဲ့သည်။

ကျန်းယီမင်သည် ခေါင်းညိတ်ကာ ထိုအကြောင်းအရာကို နောက်ထပ် ပြောမနေတော့ပေ။သို့သော် ဤလူငယ်ရဲ့ လုပ်ရပ်များကြောင့် သူသည် ဒီလူငယ်ကို အတော်အတန် နှစ်သက်သွားခဲ့သည်။ သူသည် ကျေးဇူးရှိသူကို ကျေးဇူးတင်တတ်ပြီး သေမှာကိုလည်း မကြောက်ရွံ့ပေ။

အကြည့်တစ်ချက်ဖြင့် ကျန်းယီမင်သည် ဒီလူငယ်၏ ကျင့်ကြံမှုသည် ချီစုဆောင်းခြင်းအလယ်အဆင့်တွင် ရှိနေတာကို သိလိုက်သည်။ ဒီလူငယ်သည် ယွမ်ဖန်နှင့် ချောင်ယုတို့နှင့် အသက်ကွာဟန် မပေါ်ပေ။ သူသာကူညီပြီး လေ့ကျင့်ပေးလိုက်ပါက သူတို့အားလုံး အခုအချိန်တွင် တူညီသော ကျင့်ကြံအဆင့်တွင် ရှိနေနိုင်သည်။ ထို့ကြောင့် ဤလူငယ်ကို ပြုစုပျိုးထောင်ထိုက်သော ပါရမီရှင်တစ်ဦးဟု ဆိုနိုင်သည်။ ကျန်းယီမင်သည် ခေါင်းညိတ်လိုက်ကာ၊ သူ့စိတ်ထဲတွင် စိတ်ကူးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

သူသည် အသာတကြည်ပြုံးကာ "သခင်လေးရှန့်ကွမ်၊ မင်း ဂိုဏ်းတစ်ခုခုမှာ ဝင်ပြီးပြီလား" ဟု မေးလိုက်သည်။

ရှန့်ကွမ်ချင်းယန်သည် ကျန်းယီမင်က ရုတ်တရက် ဒီလိုမေးခွန်းကို မေးလာမည်ဟု မျှော်လင့်မထားခဲ့ဘဲ ခဏတစ်ဖြုတ် အံ့အားသင့်သွားခဲ့သည်။

ထို့နောက် သူ့စိတ်ထဲ ရှုပ်သွားပေမယ့် ခေါင်းခါကာ "မဝင်ရသေးပါဘူး။ ကျေးဇူးပြုပြီး ဘာကြောင့် ဒီမေးခွန်းမေးတာလဲလို့ ကျွန်တော်သိနိုင်မလား" ဟု မေးလိုက်သည်။

"ဒါဆိုရင် မင်း ဆရာတစ်ယောက်ယောက်ဆီမှာ ကျင့်စဥ်တွေကော သင်ဖူးလား" ဟု ကျန်းယီမင်က သူ့မေးခွန်းကို မဖြေဘဲ ဆက်လက်မေးမြန်းလိုက်သည်။

ရှန်ဂွမ်ကျင်းယွန်းသည် စိတ်ရှုပ်ထွေးနေသော်လည်း သူသည် ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့သည်။ "မသင်ဖူးပါဘူး၊ တစ်ခါမှ ကျင့်စဥ်တွေကို မသင်ဖူးပါဘူး။ ကျွန်တော့်ရဲ့ ကျင့်ကြံရေးအာလုံးကို ကျွန်တော်ကိုယ်တိုင် ကြိုးကြိုးပမ်းပမ်း ကျင့်ခဲ့တာပါ"

ထိုအဖြေကို ကြားရသောအခါ ကျန်းယီမင်သည် ကျေနပ်သော အပြုံးဖြင့် ပြုံးလိုက်သည်။

သူ့နှုတ်ခမ်းထောင့်များ မြှင့်တက်လာပြီး ရှန့်ကွမ်ချင်းယန်ကို ကြည့်ကာ "ငါ့ကို မင်းရဲ့ဆရာအဖြစ် အသိမှတ်ပြုရင်ကော ဘယ်လိုလဲ" ဟု မေးလိုက်သည်။

All Chapters