အငြင်းခံရလေ ပိုစိတ်ဝင်စားလာလေ
Vol. 3 Ch. 33
ရှန့်ကွမ်းချင်ယန်သည် ဤစကားကို ကြားရသောအခါ အံ့အားသင့်သွားခဲ့သည်။ ကျန်းယီမင်က ဘာလို့ ဒီကဲ့သို့စကားမျိုးကို ရုတ်တရက် ပြောရသည်ကို သူနားမလည်နိုင်ခဲ့ပေ။ ဤသည်မှာသူတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး အချင်းချင်းလည်း မရင်းနှီးကြတဲ့အပြင်၊ သူသည် လိုက်လံဖမ်းဆီးခံနေရပြီး မတော်တဆဒီနေရာသို့ ထွက်ပြေးလာရခြင်းပင်ဖြစ်သည်၊ သာမန်ဦးနှောက်ရှိတဲ့သူ ဘယ်သူမဆို အခုကဲ့သို့သော ကိစ္စရပ်များတွင် ပါဝင်လိုမည် မဟုတ်ပေ။ အဆုံးစွန်ဆိုရလျှင် အမြုတေဖွဲ့စည်းခြင်းအဆင့်တစ်ဦးက အခုပင်သူ့ကို လိုက်လံဖမ်းနေပါက ဒုတိယ သို့မဟုတ် တတိယမြောက် လာရောက်မဖမ်းမယ့်သူ မရှိနိုင်ဘူးကို မည်သူသိမည်နည်း။
အကြောင်းပြချက်မရှိဘဲ သူကဲ့သို့သော အခြေအမြစ်မရှိသူတစ်ဦးနှင့် ပတ်သက်ခြင်းသည် ဒုက္ခရှာခြင်းပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျန်းယီမင်သည် သူ့အသက်ကို ကယ်တင်သူဖြစ်သောကြောင့် ကျန်းယီမင်ကို ဒုက္ခရောက်စေမယ့် ကိစ္စရပ်များတွင် ပါဝင်စေလိုခြင်းမရှိပေ။
ထို့ကြောင့် ရှန်ွကွမ်းချင်ယန်သည် ခေါင်းခါကာ " အကြီးအကဲရဲ့ ကျေးဇူးကို ကျွန်တော် အသိအမှတ်ပြုပါတယ်၊ ဒါပေမယ့် ကျွန်တော် အကြီးအကဲရဲ့တပည့်ဖြစ်ဖို့ ကံမပါလာတဲ့အတွက် ခွင့်လွှတ်ပါ" ဟု အားနာပြုံးပြုံးကာ ပြောခဲ့သည်။
"အိုး? သခင်လေးရှန့်ကွမ်၊ မင်းက ငါ့ကိုအထင်သေးနေတာများလား" ဟု ကျန်းယီမင်က မျက်ခုံးကြုတ်ကာ မကျေမနပ်ဖြစ်တဲ့လေသံဖြင့် ပြောလိုက်သည်။
ရှန့်ကွမ်ချင်းယန်သည် မြန်မြန်ဆန်ဆန် ရှင်းပြရန် ကြိုးစားလိုက်သည်။
"အကြီးအကဲ ကျွန်တော့်ကို နားလည်မှု လွဲသွားပါတယ်။ ကျွန်တော့်မှာ နောက်ထပ်ရွေးချယ်စရာမရှိတော့ပါဘူး။ အကြီးအကဲရဲ့ ကျင့်ကြံရေးအဆင့်က သာလွန်ကောင်းမွန်ပြီး ကျွန်တော်ကတော့ အားနည်းသူတစ်ယောက်ပါ။ အကြီးအကဲလိုမျိုး စွမ်းအားကြီးမားတဲ့သူနဲ့ ဆက်ဆံရတာကိုတောင်မှ ကျွန်တော် အားနာရတယ်။ အကြီးအကဲကို ဘယ်လိုလုပ် အထင်သေးရဲရမှာလဲ"
ကျန်းယီမင်သည် သူ့မျက်နှာအမူအရာကို ကြည့်ပြီး ရှန့်ကွမ်ချင်းယန် မဟုတ်မမှန်ပြောနေတဲ့ အရိပ်အယောင်မရှိတာကို ခံစားရသဖြင့် ခေါင်းညိတ်ကာ "မင်းရဲ့ အခက်အခဲတွေက ဘာတွေလဲ ငါမသိဘူး။ မင်းငါ့ကို ပြောပြပါလား? ဒီကိစ္စကို ငါဖြေရှင်းပေးနိုင်လိမ့်မယ်" ဟု ထပ်မံမေးမြန်းခဲ့သည်။
ခိုစကားကို ကြားရသောအခါ ရှန့်ကွမ်ချင်းယန်သည် ချက်ချင်း အံ့အားသင့်သွားခဲ့သော်လည်း တော်ကြာနေတော့ သူ့မျက်နှာအမူအရာသည် ခါးသက်သက်ဖြစ်သွားခဲ့သည်။ ဒီကိစ္စသည် အခုလိုရိုးရှင်းမလွယ်ကူနိုင်ပေ။ အမြုတေဖွဲ့စည်းခြင်းအဆင့်သည် သူ့အသက်ကိုရှာရန် သူ့မိသားစုမှ စေလွှတ်လိုက်သူဖြစ်သည်။ ကျန်းယီမင်သည် အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးကို လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း ရှန့်ကွမ်ချင်းယန်သည် ယီမင်က သူ့နောက်ကွယ်ရှိ ဒုက္ခများကို ဖြေရှင်းနိုင်သည့် စွမ်းရည်ရှိတယ်လို့ မထင်ခဲ့ပေ။
အမြုတေဖွဲ့စည်းခြင်းအဆင့်တစ်ဦး၏ ကျင့်ကြံမှုသည် သူ့မိသားစုတွင် အလယ်အလတ်အတန်းအစားတွင်သာ ရှိသည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်သည်ပင် သူ့မိသားစုတွင် အကြီးအကဲတစ်ဦးအဖြစ် မသတ်မှတ်နိုင်ပေ။ မည်သည့် အခြေတည်စိတ်ဝိညာဉ်အဆင့်မဆို အမြုတေဖွဲ့စည်းခြင်းအဆင့်တစ်ဦးကို လွယ်ကူစွာ အနိုင်ရနိုင်သည်။
ထို့ကြောင့် ရှန့်ကွမ်ချင်းယန်သည် ကျန်းယီမင်က အခြေတည်စိတ်ဝိညာဉ်အဆင့်တွင် ရှိနေနိုင်သည်ဟု မှန်းဆခဲ့သည်။ ထိုသို့သော စွမ်းအားသည် သူ့မိသားစုအား ခြိမ်းခေါက်ရန် မလုံလောက်ပေ။ အကယ်၍သာ သူသည် ကျန်းယီမင်ဂိုဏ်းထဲသို့ အမှန်တကယ် ဝင်ရောက်ပါက ထိုအရာသည် သူက ဂိုဏ်းတစ်ခုလုံး သုတ်သင်ခံရမည့် ဘေးအန္တရာယ်ကို ယူဆောင်လာခြင်းပင်ဖြစ်သည်။
ထိုအချက်ကို တွေးမိသောအခါ ရှန့်ကွမ်ချင်းယန်ရဲ့ မျက်နှာအမူအရာသည် ခိုင်မာလာခဲ့သည်။
ထို့နောက် သူက " အကြီးအကဲ၊ ကျေးဇူးပြု၍ တပည့်လက်ခံမယ့် ကိစ္စကိုမပြောပါနဲ့တော့။ အခုကျွန်တော့ကိစ္စက လူအများကြီးရယ် တခြားအကြောင်းများစွာလည်း ပတ်သက်နေတယ်။ အကြီးအကဲကို ဒီရှုပ်ထွေးမှုထဲ ဝင်ရောက်ဆွဲမခေါ်ချင်ပါဘူး ေ။ ဒါ့အပြင် ကျွန်တော့်ရဲ့ သွေးကြောတွေက ဟိုးအရင်ထဲက ပြတ်တောက်သွားပြီးဖြစ်တယ်။ လက်ရှိ ကျွန်တော့်ရဲ့ ကျင့်ကြံအဆင့်ကို ရောက်နေတာကလည်း ကောင်းကင်ဘုံက ကောင်းချီးမင်္ဂလာတစ်ခုလို့ပဲ ဆိုရမှာ။ ကျွန်တော်သည် ဆက်လက် ကျင့်ကြံနိုင်မယ်လို့ မမျှော်လင့်ထားပါဘူး။ ကျွန်တော့်အတွက်လုံလောက်နေပါပြီ" ဟု ပြောလိုက်သည်။
ကျင့်ကြံသူအားလုံးသိကြသည်မှာ အကယ်၍ သူတို့၏ သွေးကြောများ ပြတ်တောက်သွားပါက သူတို့သည် မသန်စွမ်းများနှင့် ဘယ်လိုမှ ကွာခြားမည်မဟုတ်ပေ။ ရှန့်ကွမ်းချင်ယန်က သူသည် ဤကဲ့သို့သော လျှို့ဝှက်ချက်ကို ပြောပြပြီးသည့်နောက် ကျန်းယီမင်သည် ဘယ်လိုနေနေ သူ့အတွေးကို စွန့်လွှတ်သွားမယ်ဟု ထင်ခဲ့သည်။ သူမျှော်လင့်ထားသည့် ကျန်းယီမင်ရဲ့ နောင်တရသည့် မျက်နှာအမူအရာ လုံးဝမပေါ်လာသည်ကို ဘယ်သူက ထင်မိမည်နည်း။
ဆန့်ကျင်ဘက်အားဖြင့် ကျန်းယီမင်မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတစ်ခု ရှိနေသလိုပင် ပေါ်လာခဲ့သည်။ ရှန့်ကွမ်းချင်ယန်သည် ချက်ချင်း ရှုပ်ထွေးသွားခဲ့သည်။ အမှန်စင်စစ် ကျန်းယီမင်သည် သူ့စကားကို ကြားရပြီးနောက် ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။ သွေးကြောများ လုံးဝပြတ်တောက်သွားသူများသည် သာမန်လူများထက်ပင် နိမ့်ကျသွားလိမ့်မည်။ ထိုသို့သော အခြေအနေမျိုးတွင် ရှန့်ကွမ်းချင်ယန်သည် ကြိုးကြိုးပမ်းပမ်း ကျင့်ကြံမှုဖြင့် ချီစုဆောင်းခြင်းအလယ်အဆင့်သို့ ရောက်ရှိနေသေးသည်။
ကျန်းယီမင်သည် သူ့ပါရမီသည် ဘယ်လိုတောင် ကြီးမားသည်ကို စိတ်ကူးယဉ်လိုက်သည်။ ချက်ချင်းဆိုသလို ရှန့်ကွမ်းချင်ယန်အား တပည့်အဖြစ် လက်ခံရန် သူ့ဆုံးဖြတ်ချက်သည် ပို၍ပင် ခိုင်မာလာခဲ့သည်။ သူ့သွေးကြောများ လုံးဝပြတ်တောက်သွားတဲ့ ကိစ္စနှင့် ပတ်သက်၍မူ တခြားသူများတွင် ကုသဖို့ နည်းလမ်းမရှိနိုင်သော်လည်း သူ့တွင်ရှိသည်။ အားသာချက်အနေဖြင့် သူသည် စနစ်ရှိသူတစ်ဦးဖြစ်သည်။
ကျန်းယီမင်သည် ခေါင်းခါကာ "မင်းစိုးရိမ်စရာမလိုဘူး။ ငါက မင်းရဲ့သွေးကြောတွေကို ပြန်ပြင်ပေးနိုင်လိမ့်မယ်။ ဒါကြောင့် မင်းမပြင်နိုင်ခဲ့ဘူးဆိုရင်လည်း ပြဿနာမရှိဘူး။ ငါ့ဂိုဏ်းက မင်းကို တစ်သက်လုံး ထောက်ပံ့ပေးနိုင်တယ်" ဟု ဂရုမစိုက်ဘဲ ပြောဆိုခဲ့သည်။
ရှန့်ကွမ်ချင်ယန်သည် ကျန်းယီမင်က ဒီစကားများကို ပြောလာမယ်ဟု သူတကယ်စင်စစ် မျှော်လင့်မထားခဲ့ပေ။ ခဏတစ်ဖြုတ် သူသည် အတော်လေး စိတ်လှုပ်ရှားသွားခဲ့သည်။ သို့သော် ကျန်းယီမင်သည် သူ့ကို နှစ်သိမ့်ပေးနေတယ်ဟုသာ သူထင်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ဦးသာ နတ်ဘုရားမဟုတ်ပါက သွေးကြောများကို ပြန်ကောင်းလာအောင် ပြုပြင်ရန် မဖြစ်နိုင်သောကြောင့်ဖြစ်သည်။
ကျန်းယီမင်သည် သူ့အတွက် ပိုပြောဂရုစိုက်သည်နှင့်အမျှ ရှန့်ကွမ်ချင်းယန်သည် သူ့အတွက် ပိုလို့ပင် ဝန်ထုတ်ဝန်ပိုးမဖြစ်လိုပေ။
သူက အနည်းငယ် သက်ပြင်းချကာ သူဒီမှာအချိန်ကုန်သွားသလို ခံစားလိုက်ရသည်၊ သူ့ကို လိုက်ဖမ်းနေတဲ့သူများ သိပ်မကြာမီ ပြန်ရောက်လာပြီး သူကိုလာရှာမှာကို သူသိနေသည်။
သူသည် နောက်ထပ်မတွန့်ဆုတ်တော့ဘဲ အလေးပြုကာ " အကြီးအကဲ၊ ကျွန်တော် တကယ်ပဲ ဒီကိစ္စကို သဘောတူလို့ အဆင်မပြေလို့ပါ။ ကျွန်တော့်မှာ လုပ်စရာတွေရှိနေသေးလို့ အရင်ခွင့်ပြုပါဦး။ နောက်မှတွေ့ကြတာပေါ့" ဟု ပြောလိုက်သည်။
ထိုစကားများကို ပြောပြီးနောက် သူသည် ကျန်းယီမင်အဖြေကို မစောင့်ဆိုင်းတော့ဘဲ တိုက်ရိုက် သူ့နေရာတွင် ထွက်သွားခဲ့သည်။ ကျန်းယီမင်သည် သူ့ကို မတားဆီးခဲ့ပေ။ သူသည် ရှန့်ကွမ်းချင်ယန်ကျောပြင်ကို ကြည့်ကာ စဥ်းစားခန်းဖွင့်နေလိုက်သည်။
ရှန့်ကွမ်ချင်းယန်ရဲ့ နောက်ခံက အလွန်ရှုပ်ထွေးတာ သူ့အတွက် အလွန်ထင်ရှားနေသည်။ သူ့ကို လိုက်လံဖမ်းရန်ပင် အမြုတေဖွဲ့စည်းခြင်းအဆင့်တစ်ဦးကို စေလွှတ်သည့် အင်အားစုအတွက် ဖြစ်နိုင်ချေနှစ်ခုသာရှိသည်။
ရှန့်ကွမ်းချင်ယန်တွင် သူတို့ ရယူရန် စိတ်အားထက်သန်သော လျှို့ဝှက်ချက်တစ်ခုခု ရှိနေခြင်း သို့မဟုတ် ထိုအင်အားစုတွင် ကျွမ်းကျင်သူများစွာရှိပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်တစ်ဦးသည် သူတို့အတွက် အလုပ်လုပ်ပေးရတဲ့အထိ အရေးမပါခြင်း တို့ဖြစ်သည်။ မည်သည့်ဖြစ်နိုင်ချေဖြစ်ဖြစ် ရှန့်ကွမ်းချင်ယန်သည် ရိုးရိုးလူငယ်တစ်ဦး မဟုတ်တာ သေချာသည်။
သို့မဟုတ် သူ့တွင် ပြဿနာကြီးတစ်ခု ရှိနေနိုင်သည်။ ရှန့်ကွမ်းချင်ယန်သည် သူ့အား ဒုက္ခမရောက်စေရန် လိုလားသောကြောင့် သူ့တပည့်ဖြစ်ရန် ငြင်းဆန်ခဲ့ခြင်းဖြစ်နိုင်သည်။ အနည်းဆုံး သူ့သွေးကြောအားလုံး ပြတ်တောက်သွားခြင်းက တပည့်ဖြစ်လာရန် ငြင်းဆန်နေရခြင်းရဲ့ အဓိကအကြောင်းရင်းမဟုတ်တာကို သူခံစားနေမိသည်။ အဘယ့်ကြောင့်ဆိုသော် သူ့မျက်နှာအမူအရာ ပြောင်းလဲမှုများမှ ရှန့်ကွမ်းချင်ယန်သည် အနည်းငယ် ဆွဲဆောင်ခံရသည်ကို ကျန်းယီမင်သိရှိခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူသည် တစ်စုံတစ်ရာကို တွေးမိပြီး ရုတ်တရက် ခိုင်မာသောမျက်နှာအမူအရာဖြင့် ငြင်းဆန်ခဲ့သည်။ ကျန်းယီမင်သိရှိသည်မှာ ထိုအရာက တခြားလူတွေကိုပါ ဒုက္ခမရောက်စေချင်သောကြောင့် ဖြစ်သည်။
"မဆိုးဘူး၊ သူဟာ တကယ်ကောင်းတဲ့ မျိုးစေ့လေးပဲ။ သူ့ပါရမီလည်း ကောင်းတယ်၊ ဒါ့အပြင် သူ့ရဲ့ စိတ်ဓါတ်ကလည်း ရှားတယ်။ အခုငါကတော့ သူ့ကို ပိုပိုပြီး စိတ်ဝင်စားလာတယ်" ဟု ကျန်းယီမင်သည် သူ့ကိုယ်သူ ပြောပြောနေမိပြီး ရယ်မောကာ စားသောက်ဆိုင်မှ ထွက်ခွာသွားခဲ့သည်။
ရှန့်ကွမ်းချင်ယန်သည် တစ်စုံတစ်ရာကို တမင်တကာ ဝှက်ထားဟန်ဖြင့် လူအုပ်ထဲတွင် လိမ္မာပါးနပ်စွာ ပုန်းအောင်းနေနိုင်ခဲ့သည်။ ကျန်းယီမင်ရဲ့ သန်မာတဲ့ ဖြတ်မြင်နိုင်စွမ်းမရှိပါက သူသည် အောင်မြင်စွာ ထွက်ပြေးသွားနိုင်ခဲ့မည်ဖြစ်သည်။
သူ့ကျောပြင်ကို အဝေးကနေ ကြည့်ရင်း ကျန်းယီမင်သည် ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောခဲ့သည်။ အချိန်မဖြုန်းဘဲ သူသည် အသက်ရှူတာကို ကွယ်ဝှက်သည့် ကျင့်စဥ်ကို အသုံးပြုကာ ရှန့်ကွမ်းချင်ယန်ဆီကို တိတ်တိတ်လေး နောက်ယောင်ခံလိုက်လိုက်သည်။
အသက်ရှူတာကို ကွယ်ဝှက်သည့်ကျင့်စဥ်သည် သူ ရက်အနည်းငယ်က ရရှိခဲ့သော လျှို့ဝှက်ကျင့်စဥ်တစ်ခုဖြစ်သည်။ ထိုကျင့်စဥ်သည် သူ့စွမ်းအားကို ကွယ်ဝှက်နိုင်ပြီး အခြားသူများကို သူ့ကို အလွယ်တကူရှာဖွေတွေ့ရှိဖို့လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ကျန်းယီမင်သည် ရှန့်ကွမ်းချင်ယန်က သူ့ကို တခြားသူ နောက်ယောက်လိုက်နေသည်ကို ရှာဖွေတွေ့ရှိမှာကို စိုးရိမ်ရန် သူမလိုအပ်ပေ။
စားသောက်ဆိုင်ရှိ လူများသည် သူတို့နှစ်ဦး ထွက်ခွာသွားသည်ကို မြင်ရသောအခါ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ကြသည်။
"အို၊ ဘုရားသခင်၊ နောက်ဆုံးတော့ သူတို့ထွက်သွားကြပြီ"
"အမှန်ပဲ။ အဲ့လူမထွက်ခြင်း ငါ့အှာ အသက်တောင် ကျယ်ကျယ် မရှူရဲဘူး။ တကယ်ကို ကြောက်စရာကောင်းလွန်းလှတယ်"
"အဲ့လူက အခြေတည်စိတ်ဝိညာဉ်အဆင့်လို့ မင်းထင်လား"
"အဓိပ္ပါယ်မရှိတာ။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို လက်ချောင်းတစ်ချောင်းနဲ့ အနိုင်ပိုင်းလိုက်တာ အခြေတည်စိတ်ဝိညာဉ်အဆင့်မဟုတ်ပါရင် ဘယ်အဆင့်လို့ မင်းထင်နေတာလဲ"
" ဒါပေမယ့် အဲ့လိုပုဂ္ဂိုလ်တစ်ဦးက ရှေးဟောင်းလမြို့မှာ ဘာကြောင့် ထွက်ပေါ်လာရတာလဲ? တစ်ခုခု အရေးကြီးတာများ ဖြစ်တော့မှာလားကွ"
ခဏတစ်ဖြုတ် လူတိုင်းသည် မုန်တိုင်းကြီးတစ်ခု ကျရောက်တော့မည့်ပုံက သူတို့စိတ်ထဲတွင် ရုတ်တရက်ပေါ်လာကာ စိတ်ဓါတ်များ လေးလံသွားကြသည်။ ထို့နောက် သူတို့သည်လည်း စိုးရိမ်ပူပန်စွာဖြင့် စားသောက်ဆိုင်မှ ထွက်သွားခဲ့ကြသည်။