မင်းတို့တွေလား ငါ့တပည့်ကို အနိုင်ကျင့်နေတာ
Vol. 3 Ch. 34
ရှေးဟောင်းလမြို့ ဆင်ခြေဖုံးတစ်ခုတွင် လရောင်သည် ရေစီးကြောင်းလေးလို ဖြာကျနေသည်။ ထူထပ်သော တောအုပ်ကြီးထဲတွင် အမှောင်ပုံရိပ်တစ်ခုသည် အပင်များကြားမှ တစ်ဟုန်ထိုး ဖြတ်သန်းသွားနေသည်။ ထိုသူသည် ရှန့်ကွမ်းချင်ယန် ဖြစ်သည်။ လရောင်သည် သူ့မျက်နှာပေါ်သို့ ကျရောက်လာကာ သူ့ရဲ့ သွေးရောင်ဖြူဖျော့နေတဲ့ မျက်နှာနှင့် သူ့မျက်လုံးထဲရှိ ထိတ်လန့်မှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ရှန့်ကွမ်းချင်ယန်သည် တောအုပ်ကြီးထဲမှ တစ်ဟုန်ထိုး ဖြတ်သန်းသွားဘာနေသည်။
ရုတ်တရက် သူ့ရှေ့ရှိ သစ်ပင်ကြီးတစ်ပင်က လဲကျသွားကာ သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ သူ့ပုံသဏ္ဍာန်သည် ရုတ်တရက် ရပ်တန့်သွားပြီး သူ့မျက်နှာအမူအရာသည် ချက်ချင်း ခက်ထန်သွားခဲ့သည်။
"ရှန့်ကွမ်းချင်ယန်၊ မင်းဘာလို့ ဒီလောက်တောင် ကြိုးကြိုးပမ်းပမ်းနဲ့ ထွက်ပြေးနေရတာလဲ? မင်းငါတို့ဆီကနေ မထွက်ပြေးနိုင်ဘူးဆိုတာ ကံကြမ္မာက ဆုံးဖြတ်ထားပြီးသားပဲ"
အေးစက်သော လှောင်ပြောင်သံနှင့်အတူ ပုံရိပ်အနည်းငယ်သည် သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ အသက် ၃၀ နှင့် ၄၀ အကြားရှိ ယောက်ျားများသည် နှုတ်ခမ်းထောင့်တွင် ပြုံးရိပ်ငန်းကာ ရှန့်ကွမ်းချင်ယန်ကို ဂရုမစိုက်သလို ကြည့်နေကြသည်။ ထိုလူများကို မြင်ရသောအခါ ရှန်ဂွမ်ကျင်းယွန်းရဲ့ သွေးရောင်ဖျော့နေသော မျက်နှာသည် ချက်ချင်း ပိုဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူ့မျက်လုံးများသည် မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့် ပြည့်လျှမ်းသွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူ့ရှေ့ရှိ လူများနှင့် ပတ်သက်ပြီး သူက တစ်ချို့အရာကိုရိပ်မိလိုက်သည်။ သူတို့အားလုံးသည် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေကြသည်။ ထို့အပြင် သူတို့ထဲတွင် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ကြာမြင့်စွာရှိနေပြီး အမြုတေဖွဲ့စည်းခြင်းပြီးပြည့်စုံအဆင့်သို့ ရောက်ရှိသူတစ်ဦးပင် ရှိနေသည်။
ထိုသို့သော အခြေအနေမျိုးတွင် သွေးကြောများလုံးဝပြတ်တောက်သွားပြီဖြစ်သော ချီစုဆောင်းအဆင့်တစ်ဦးသာဖြစ်သည့် သူကိုယ်တိုင် မပြောနဲ့၊ အမြုတေဖွဲ့စည်းခြင်းပြီးပြည့်စုံအဆင့် ရောက်နေတဲ့သူက တခြားအမြုတေဖွဲ့စည်းခြင်းအဆင့်တစ်ဦး ရောက်လာသည့်တိုင် ထွက်ပြေးနိုင်မည် မဟုတ်ပေ။
အခုအခြေအနေသည် ပင့်ကူလှောင်အိမ်ထဲ ရောက်နေသလိုပင်။ ထွက်ပြေးရမှာလား။ ထိုအရာသည် အသုံမဝင်တဲ့ ဆုတောင်းတစ်ခုသာ ဖြစ်နိုင်သည်။
သို့သော် သိပ်မကြာခင် သူသည် အေးဆေးတည်ငြိမ်သော မျက်နှာအမူအရာဖြင့် ရပ်နေလိုက်သည်။ သူသေချင် သေသွားပါစေ။ ဒီလိုလူများရှေ့တွင် သူသည် သူ့ဂုဏ်သိက္ခာကို မဆုံးရှုံးစေလိုပေ။
ရှန့်ကွမ်းချင်ယန်သည် ပြုံးလိုကွကာ "မင်းတို့ဖြစ်မယ်လို့ ငါမထင်ထားဘူး။ မင်းတို့က ငါ့ကိုတော်တော်လေး အထင်ကြီးနေကြပါလား။ ငါလိုချီစုဆောင်းအဆင့်ကို ကိုင်တွယ်ဖို့ ဒီလိုအင်အားမျိုးကို လွှတ်မယ်လို့ ငါမထင်ထားဘူး။ ဒါက ငါကပဲ မင်းတို့ကို ခေါင်းကိုက်စေလွန်းလို့များလား? ဒါမှမဟုတ် မင်းတို့ရဲ့ ပါရမီရှင်တပည့်တွေက အမှိုက်တွေများလား" ဟု ပြက်ရယ်ပြုကာ ပြောလိုက်သည်။
"ရဲတင်းလှချေလား"
သူ့သရော်စကားများကို ကြားရသောအခါ လိုက်လံဖမ်းနေတဲ့သူများသည် ချက်ချင်း အလွန်အမင်း ဒေါသထွက်သွားခဲ့ကြသည်။ အမှန်တကယ်ပင် ရှန့်ကွမ်းချင်ယန်သည် သူတို့ကို အတော်လေး ခေါင်းကိုက်စေခဲ့သည်။ သူ့ကို ဖမ်းစီးသတ်ဖြတ်ရန်ပင် သူတို့သည် အားထုတ်မှုများစွာ လုပ်ဆောင်ခဲ့ရသည်။
သူတို့အားလုံးသည် အရှက်ရကာ အလွန်အမင်း ဒေါသထွက်သွားခဲ့ကြသည်။
"ရှန့်ကွမ်းချင်ယန်၊ မင်းအခုတော့ အာချောင်ယုံအပြင် ဘာတတ်နိုင်သေးလဲ။ မင်းဒီနေ့ ငါတို့လက်ထဲ ရောက်လာပြီဆိုမှတော့ သေခြင်းတရားက မင်းအတွက် မလွဲမသွေပဲ။ မင်းဘယ်လောက်ပဲ အာချောင်ချောင်၊ မင်းဘယ်တော့မှ ထပ်မထွက်ပြေးနိုင်တော့ဘူး"
"မင်းတို့တွေ အရမ်းစကားများလွန်းတယ်။ မင်းတို့ လျှာစောင်းထက်လွန်းလို့ လျှာပါထွက်ကြလာဦးမယ်" ဟု ရှန်ဂွမ်ကျင်းယွန်းက ပြန်ပြောလိုက်သည်။
"မင်း" ဟု ထိုစကားနှင့်အတူ အမြုတေဖွဲ့စည်းခြင်း အလယ်အဆင့် ကျင့်ကြံသူတစ်ဦးသည် သူ့ဒေါသကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းမရှိခဲ့ပေ။
ရုတ်တရက် သူသည် ရှန့်ကွမ်းချင်ယန်ဆီသို့ ဦးတည်ပြေးသွားခဲ့သည်။ တစ်ချိန်တည်းတွင် "ရှန့်ကွမ်းချင်းယန်၊ ငရဲသာ ဒိုးလိုက်တော့" ဟု အော်ပြောလိုက်သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ စိတ်ဝိညာဥ်စွမ်းအင််များသည် ဧရိယာကြီးတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။ ရှန့်ကွမ်းချင်ယန်သည် သူ့ခြေထောက်များ ပျော့ခွေသွားပြီး ဒူးမထောက်ကျသွားရန် ရပ်နေဖို့ ခက်ခဲနေတာကို ခံစားနေရသည်။ ကံမကောင်းစွာပဲ ရောက်လာတဲ့တိုက်ခိုက်မှုကို သူရှောင်ရှားနိုင်ခြင်းမရှိခဲ့ပေ။ သူက ထိုတိုက်ခိုက်မှုရောက်လာတဲ့အခါ ကာကွယ်ရန် သူ့စိတ်ဝိညာဥ်စွမ်းအင်ကို လှည့်ပတ်လိုက်သည်။
ရှန့်ကွမ်းချင်ယန်တွင် ခုခံနိုင်သည့် စွမ်းအားမရှိခဲ့ပေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းဆိုသလို လွှင့်ထွက်သွားပြီး သူ့ပါးစပ်မှ သွေးများ စီးဆင်းလာခဲ့သည်။ သို့သော် ထိုလူသည် မရပ်တန့်ခဲ့ပေ။ ပျံသန်းလာကာ ရှန့်ကွမ်းချင်ယန်ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ထိုသူသည် ချင်ယန်အား နင်းချလိုက်သည်။
ထိုလူကြီးသည် ချက်ချင်း ဟန်ဆောင်ပြုံးကာ "ယိုးယိုး၊ ဒါက အရင်က သိပ်ပိုထူးချွန်တဲ့ ပါရမီရှင်မဟုတ်ဘူးလား? ဘာလို့ အခုဒီမှာ အနင်းခံနေရတာလဲ? တစ်ယောက်ယောက်ရဲ့အနင်းကို ခံရတဲ့အခါ ဘယ်လိုခံစားရလဲ ငါသိချင်တယ်။ မင်းနဲ့ သိပ်ကိုက်ညီမနေဘူးမလား" ဟု ပြက်ရယ်ပြုကာ ပြောဆိုခဲ့သည်။
ထိုစကားကို ကြားရသောအခါ ရှန့်ကွမ်းချင်ယန်သည် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။ထို့ကြောင့် သူ့အသက်ရှူတာလည်း စနစ်မကျဖြစ်သွားပြီး သွေးတစ်လုပ် ထပ်မံအန်ထုတ်လိုက်သည်။
"ဟားဟား" ဟု ထိုလူသည် အလွန်ပျော်ရွှင်သွားကာ ဆက်လက်ပြက်ရယ်ပြုလိုခဲ့သည်။ သို့သော် အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံအဆင့်က " တော်ပြီ၊ သူ့ကို မြန်မြန်ဆန်ဆန်သာ သတ်လိုက်။ နောက်ထပ် အချိန်ဆွဲမနေနဲ့တော့။ တကယ်လို့ မျှော်လင့်မထားတဲ့ တစ်ခုခုဖြစ်ရင် ငါတို့နှစ်ယောက်စလုံး အပြစ်ခံရမယ့် အကျိုးဆက်ကို မခံနိုင်ဘူး" ဟု ရုတ်တရက် ပြောလိုက်သည်။
ထိုလူသည် ဤစကားကို ကြားရသောအခါ အတော်လေး မကျေမနပ်ဖြစ်နေသေးသော်လည်း ငြင်းဆန်နိုင်ခြင်းမရှိဘဲ ခေါင်းညိတ်ခဲ့ရသည်။
ထို့နောက် သူသည် ရှန့်ကွမ်းချင်ယန်အား " စောက်ကလေး၊ အားလုံးပြီးသွားပြီ။ မင်းကိုသတ်ဖို့က တစ်စက္ကန့်ပဲကြာတယ်" ဟု အေးစက်စွာ ပြောလိုက်သည်။
ထိုသို့ပြောကာ သူသည် သူ့ခါးတွင် ချည်နှောင်ထားသော ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။ ဓားရဲ့ တောက်ပသောအလင်းများက လရောင်အောက်တွင် အလွန်အေးစက်နေသည်။ ရှန့်ကွမ်းချင်ယန်သည် မသိစိတ်မှတဆင့် မျက်စိမှိတ်လိုက်မ်သည်။
အခုတော့ အားလုံးပြီးဆုံးသွားပြီ။ နောက်ဘဝမှာတော့ သာမန်လူတစ်ဦးအဖြစ် ငြိမ်းချမ်းစွာနေထိုင်နိုင်မယ်လို့သာ မျှော်လင့်မိတယ် ဟု ရှန့်ကွမ်းချင်ယန်သည် စိတ်ထဲ ခါးသက်သက်ခံစားမိရင်း တွေးလိုက်မိသည်။
ထိုအရေးကြီးသောအချိန်တွင် အသံတစ်ခုသည် ညရဲ့တိတ်ဆိတ်မှုကို ချိုးဖောက်လိုက်သည်။
"မင်းငါ့တပည့်ကို တိုက်ခိုက်တဲ့အခါ ငါ့ကိုမေးဖူးသလား"
"ဘယ်သူလဲ" ဟု ထိုယောက်ျားသည် ဓားကို လေထဲတွင်ချက်ချင်းရပ်တန့်ကာ အသံထွက်ရာဘက်သို့ မြန်မြန်ကြည့်ကာ အော်ဟစ်လိုက်သည်။ လိုက်ဖမ်းသူများသည် သတိထားမိပြီး ဂရုတစိုက်ပတ်ပတ်လည်ကို စစ်ကြည့်ခဲ့ကြသည်။
မျှော်လင့်ချက်ကင်းမဲ့နေပြီဖြစ်သော ရှန့်ကွမ်းချင်ယန်သည် မယုံကြည်နိုင်လောက်အောင် ရုတ်တရက် သူ့မျက်လုံးများကို ပြူးကျယ်ပြီး ဖွင့်လိုက်သည်။ထို့နောက် ကျန်းယီမင်၏ ပုံရိပ်သည် အမှောင်ထုထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
ကျန်းယီမင်ရဲ့ ကျင့်ကြံဆင့်ကို ဘယ်သူမှ မြင်နိုင်ခြင်းမရှိဘဲ သူသည် အမှောင်ထဲတွင် ပုန်းအောင်းနေသည်ကိုပင် သူတို့မသိခဲ့သောကြောင့် လူတိုင်းသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။ သူတို့သည် အချင်းချင်းရဲ့ မျက်လုံးထဲတွင် အံ့အားသင့်မှုများကို မြင်တွေ့ခဲ့ရသည်။ ခဏတစ်ဖြုတ် သူတို့စိတ်ထဲတွင် အံ့အားသင့်မှု၊ ဒေါသနှင့် ကြောက်ရွံ့မှုတို့ ရောထွေးနေခဲ့သည်။
"မင်းဘယ်သူလဲ" ဟု အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံအဆင့်ကလူသည် ခပ်မြန်မြန် သူ့စိတ်ကို ထိန်းချုပ်ကာ မေးမြန်းခဲ့သည်။
ကျန်းယီမင်သည် "မင်းက ငါဘယ်သူလဲဆိုတာကို မဂရုစိုက်စရာမလိုပါဘူး၊ ဒါပေမယ့် ငါဒီမှာရှိနေသမျှကာလပတ်လုံး မင်းတို့တွေ ငါ့တပည့်ကို လုံးဝထိခိုက်ခွင့်မရှိဘူး" ဟု ပြောလိုက်သည်။
"သူက မင်းရဲ့တပည့်လား"
လူတိုင်းသည် မယုံကြည်နိုင်ဟန် ဖြစ်နေသည်။
ထိုအချိန်တွင်မှ ရှန့်ကွမ်းချင်ယန်သည် သတိဝင်လာကာ "ကျွန်တော်က အကြီးအကဲရဲ့တပည့်မဟုတ်ပါဘူး၊ အကြီးအကဲနဲ့ကျွန်တော့်ကြားမှာ ဘာဆက်စပ်မှုမှမရှိပါဘူး။ ကျွန်တော့်ကိစ္စထဲ မဝင်ပါနဲ့။ ဒီအရာတွေက အကြီးအကဲဖြေရှင်းနိုင်တာမဟုတ်ပါဘူး" ဟု ကျန်းယီမင်အား မြန်မြန်ဆန်ဆန် ပြောလိုက်သည်။
ကျန်းယီမင်သည် သူ့အဓိပ္ပာယ်ကို သိသော်လည်း အေးဆေးတည်ငြိမ်စွာဖြင့် ခေါင်းခါကာ "ငါ့တပည့် အနိုင်ကျင့်ခံရတယ်၊ ဆရာတစ်ယောက်အနေနဲ့ ငါမကူဘူးဆိုရင် လူတွေက ငါ့ကို ရယ်စရာတစ်ခုအဖြစ် သတ်မှတ်ကြလိမ့်မယ်" ဟု ပြုံးကာ ပြောခဲ့သည်။
"ဘာလို့ အကြီးအကဲက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံဖို့ တိုက်တွန်းနေရတာများလဲ" ဟု ရှန့်ကွမ်းချင်ယန်သည် တကယ်စိုးရိမ်နေပြီး သူ့စကားသည်လည်း မြန်ဆန်နေသည်။ " ကျွန်တော့်မှာ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ရှိနေတယ်! တကယ်လို့ ကျွန်တော်သာ အကြီးအကဲရဲ့တပည့်ဖြစ်သွားရင် အကြီးအကဲနောင်တရမှာကြောက်မိတယ်"
ကျန်းယီမင်သည် နောက်ဆုံးတွင် ရှန့်ကွမ်းချင်ယန်ရဲ့ စိတ်ထဲကစကားကို နှိုက်ထုတ်နိုင်ခဲ့သည်။ သူသည် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ သူ့တပည့်ကို နှစ်သိမ့်ပေးလိုခဲ့သည်။ သူတို့စကားကို နားထောင်ပြီးနောက် လိုက်ဖမ်းသူများသည် နှစ်ဦးကြားတွင် ဆက်စပ်မှုတစ်စုံတစ်ရာရှိတာကို နားလည်သွားခဲ့ကြသည်။
ရှန့်ကွမ်းချင်ယန်သည် ဒီလူကို ကာကွယ်နေပြီး ဒီလူသည်လည်း ရှန့်ကွမ်းချင်ယန်ကို တန်ဖိုးထားနေတာကို သူတို့မြင်နေရသည်။
(TN _ ဇာတ်ကားရိုက်နေကြတဲ့ ဆရာတပည့်တွေ)
နှစ်ဦးကြား ဘယ်လို ဆက်ဆံရေးရှိသည်ကို သူတို့ သေချာမသိရှိကြသော်လည် သူတို့ကြားထဲတွင် ဆက်စပ်မှုတစ်စုံတစ်ရာရှိရမည်ဖြစ်သည်။
ထို့ကြောင့် အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံအဆင့်ရှသည် "မင်းကသူ့ကို မင်းရဲ့တပည့်လို့ပြောတဲ့အတွက် မင်းတို့နှစ်ယောက် အတူတူသေရမယ်" ဟု ရုတ်တရက် ပြောလိုက်သည်။
သူစကားပြောပြီးသည်နှင့် သူ့ဘေးရှိ လူအနည်းငယ်သည် ရုတ်တရက် တိုက်ခိုက်ခဲ့ကြသည်။