စတုတ္ထမြောက်တပည့်
Vol. 3 Ch. 35
များပြားလှတဲ့ စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများသည် ကျန်းယီမင်ဆီသို့ တရစပ် ဝင်ရောက်လာခဲ့သည်။ အမြုတွေဖွဲ့စည်းခြင်းအဆင့် ကျော်ဖြတ်ထားသော ကျင့်ကြံသူ ငါးဦး ခြောက်ဦးသည် တစ်ပြိုင်နက် စီးနင်းတိုက်ခိုက်လာကြသည်။
"ထွက်ပြေးတော့!" မြေပြင်ပေါ် လဲကျနေသော ရှန့်ကွမ်းချင်ယန်သည် နာကျင်မှုကို အံတုရင်း အလျင်အမြန် အော်ဟစ်လိုက်သည်။
သူသည် ကျန်းယီမင်ရဲ့ အမှန်တကယ် ကျင့်ကြံဆင့်ကို မသိသော်လည်း၊ အမြုတွေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင့်ကြံသူ ဒီလောက်များစွာက တစ်ပြိုင်နက် တိုက်ခိုက်လာပါက၊ အခြေတည်စိတ်ဝိညာဥ်အဆင့်ပင် ဖြစ်စေကာမူ ထွက်ပြေးရလိမ့်မည်ဖြစ်သည်။ ထိုအမြုတွေဖွဲ့စည်းခြင်းအဆင့်များကလည်း အလားတူ အတွေးပင်ရှိကြသဖြင့်၊ သူတို့၏ အားအကောင်းဆုံး၊ အရက်စက်ဆုံး နည်းလမ်းများကို အသုံးပြုတိုက်ခိုက်ကြသည်။ ကျန်းယီမင်သည် သူတို့ကို မသိရှိစေပဲ ဘေးတစ်ဖက်တစ်ရပ်တွင် ပုန်းကွယ်နိုင်ခဲ့သည်မှာ အနည်းဆုံး အမြုတွေဖွဲ့စည်းခြင်းအဆင့် သို့မဟုတ် အဲ့ထက်သာလွန်သူဖြစ်ရမည်။ သူတို့သည် မိုက်မဲသော မာန်မာနထောင်လွှားသူများ မဟုတ်ကြဘဲ၊ သတိထားရမည့်အချိန်တွင် သတိထားတတ်ကြသူများပင်ဖြစ်သည်။
စွမ်းအားကြီးမားသော တိုက်ခိုက်မှုများစွာကို ရင်ဆိုင်ရသည့်အခါ ကျန်းယီမင်မှာ ပြုံးရင်းပြောလိုက်သည်မှာ "လူအရေအတွက်နှင့် ငါ့ကိုဖိအား ပေးချင်တာလား? မင်းတို့မှာ အဲဒီလိုလုပ်နိုင်တဲ့ အရည်အချင်းရှိရဲ့လား ကြည့်ရအောင်" ဟူ၍ပင်ဖြစ်သည်။
"အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရတာတောင် အခုထိ ခေါင်းမာနေသေးတယ်၊ မင်းကများ..." ထိုသူများထဲမှ တစ်ဦးက စကားပြောနေစဉ် ပြောနေတာကို ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
သူတို့မျက်လုံး တစ်ဖျက်ထဲတွင် စူးရှတဲ့ ကြီးမားသော မီးခိုးရောင်လက်ချောင်းတစ်ချောင်းသည် ဖြေးညှင်းစွာ သူတို့ရှေ့သို့ တထစ်ချ စုစည်းလိုက်သည်ကို မြင်တွေ့ခဲ့ရသည်။
ခဏတဖြုတ် သူတို့အားလုံးသည် သက်ရှိအားလုံး ချုပ်ငြိမ်းသွားသလို ကြောက်မက်ဖွယ် စိတ်ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။ ထိုစိတ်ခံစားချက်သည် သူတို့အား ချက်ချင်းဆိုသလို ရေခဲတုံးတစ်ခုလို အေးစက်ကာ မတုန်မလှုပ် ရပ်တန့်သွားစေခဲ့သည်။ ထို့နောက် သူတို့ ဘယ်လိုမှ တုံ့ပြန်နိုင်ခြင်း မပြုမီ၊ ကြီးမားသော လက်ချောင်းသည် သူတို့ကိုယ်ခန္ဓာပေါ်သို့ ကျရောက်လိုက်ပြီဖြစ်သည်။ ခဏတွင်းပင် ကုန်ခမ်းခြင်းမရှိသော မုန်တိုင်းကြီးသည် ဒီရေလှိုင်းကြီးသဖွယ် ဝင်ရောက်လာခဲ့သည်။ မီတာရာချီသော ဧရိယာအတွင်းရှိ သစ်ပင်များအားလုံး ထက်ပိုင်းခြမ်းသွားခဲ့ရသည်။
လဆန်းကာလ အလင်းရောင်အောက်တွင် ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားစေသည့် မီးခိုးမှုန်များသည် သစ်တောကြီးကို ကြမ်းတမ်းသော သဲကန္တာရတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
ပေါက်! ပေါက်! ပေါက်!
ထို့နောက် တိုက်ခတ်မှုအကြိမ်ကြိမ်ထံမှ အသံများ ထွက်လာတာကို ကြားလိုက်ရသည်။ မီးခိုးမှုန်များ အနည်ထိုင်သွားသောအခါ ရှန့်ကွမ်းချင်ယန်သည် မယုံနိုင်လောက်အောင် အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရသည်။
အမြုတွေဖွဲ့စည်းခြင်းအဆင့်ရှိသူများ၏ ကိုယ်ခန္ဓာများသည် ကျိုးပဲ့နေသော သစ်ကိုင်းများကဲ့သို့ နေရာအနှံ့ မြေပြင်ပေါ်တွင် ပုံကျနေသည်ကို သူမြင်တွေ့ခဲ့ရသည်။ သူတို့ထဲမှ တစ်ဦးမှ လှုပ်ရှားမနေသကဲ့သို့၊ မည်သူတစ်ဦးတစ်ယောက်ကမျှ စ်တ်ဝိညာဥ်စွမ်းအင်လှိုင်း တစ်စုံတစ်ရာ မထုတ်လွှတ်တော့ပေ။ ရှန့်ကွမ်းချင်ယန် သိရှိလိုက်ရတာကတော့ သူတို့အားလုံး အသက်ဆုံးရှုံးသွားပြီဖြစ်ကြောင်းပင်ဖြစ်သည်။ ခုနကလို လေပြင်းတိုက်စဉ်က သူကိုယ်တိုင်ပင် သေခြင်းရဲ့ အငွေ့အသက်ကို ခံစားခဲ့ရသည်။ ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသူများ ခံစားခဲ့ရမည့် စိတ်ပျက်ဖွယ်အခြေအနေကို မှန်းဆကြည့်၍ပင် ရနေသည်။
"ဘယ်လိုလဲ။ မင်းအခုထိတော့ မသေသေးဘူးမလား" ကျန်းယီမင်၏ ရယ်နေသော အသံသည် သူ့နားထဲတွင် ကျယ်လောင်စွာ ရောက်လာသည်သဖြင့် ရှန့်ကွမ်းချင်ယန်သည် အသိဝင်လာခဲ့သည်။
သူသည် ကျန်းယီမင်ကို အံ့အားသင့်မှုနှင့် စူးစမ်းလိုစိတ်တို့ဖြင့် ရောထွေးနေသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။
ထို့နောက် သူ့စိတ်ခံစားချက်များကို ချုပ်တည်းကာ " အကြီးအကဲရဲ့ ခွန်အားကသိပ်ကို သန်မာတယ်။ အကြီးအကဲလိုလူမျိုးက ရှေးဟောင်းလမြို့ကလူမဟုတ်ဘူးလို့ ယုံကြည်တယ်" ဟု ပြောလိုက်သည်။
"ငါက ရှေးဟောင်းလမြို့တော်ကမဟုတ်တာ မှန်ပါတယ်။ ငါက ဒီတိုင်း ဖြတ်သန်းသွားလာသူတစ်ဦးသာသာပါပဲ။ တောင်ပေါ်မှဆင်းလာရတာက တပည့်ကောင်းတစ်ယောက်ကို တွေ့လိုတွေ့ငြားပေါ့" ဟု ကျန်းယီမင်က ပြုံးရင်းပြောလိုက်သည်။
ရှန့်ကွမ်းချင်ယန်ရဲ့ မျက်လုံးထဲက အံ့အားသင့်မှုသည် မပျောက်ကွယ်သွားပဲ ပိုတိုးလာကာ ယီမင်ကဆက်ပြီး "ဒီနေ့ စားသောက်ဆိုင်ထဲမှာ ငါ့ခွန်အားကို မင်းတွေ့ခဲ့တာပဲလေ? ဘာလို့များ အခုထိ အဲသလို အံ့အားသင့်နေရတာလဲ" ဟု မေးလိုက်သည်။
"ဒါက အဲ့တုန်းကနဲ့ မတူဘူး။ သူတို့အားလုံးကို လက်တစ်ချက်လေးလှုပ်ယုံနဲ့ သတ်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်မိခဲ့ဘူး"
"ကောင်းပြီ၊ မင်းသာ ဆန္ဒရှိရင် ငါ့လိုပဲ ခွန်အားရှိလာနိုင်တယ်"
"ကျွန်တော်ကို အကြီးအကဲက တပည့်ခံဖို့ ဆန္ဒရှိသေးရင်ပေါ့"
ကျန်းယီမင်သည် ပြုံးလိုက်သော်လည်း ဘာမျှမပြောတော့ပေ။
ရှန့်ကွမ်းချင်ယန်သည် သူ့ကိုယ်သူ ကဲ့ရဲ့သကဲ့သို့ ရယ်မောလိုက်ပြီး ဖြေးညှင်းစွာ ပြောလိုက်သည် "ကျွန်တော် အရင်တုန်းကတော့ ကန်းလန်နယ်မြေက ဒုတိယအဆင့် ဂုဏ်သတင်းကြီးမားတဲ့ အင်အားစုတစ်ခုရဲ့ တရားဝင်သားတစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အကွက်ချပြီး လုပ်ကြံခံလိူက်ရတယ်၊ ကျွန်တော့်ရဲ့ ချီလမ်းကြောင်း(အရင်က မဒျီယန်လို့ ပြန်ခဲ့တာပါ)တွေ ဖျက်စီးခံလိုက်ရတယ်။ ကျန်တော့်ဘဝတစ်ခုလုံး ကျင့်ကြံတာကို ဆက်မလုပ်နိုင်တော့ဘူး။ သန်မာတာကို အဓိကထားတဲ့ ကျင့်ကြံရေးမိသားစုတစ်ခုမှာ မကျင့်ကြံနိုင်တော့တာက ကြောက်စရာကောင်းလှတဲ့ အဖြစ်ဆိုးတစ်ခုပဲ။ အဲ့တာကြောင့် ကျွန်တော့်ကို ကျွန်တော့်မိသားစုကတောင် ညှာတာခြင်းမရှိဘဲ စွန့်ပစ်ခံလိုက်ရတယ်။ မိသားစုကို သစ္စာဖောက်တယ်ဆိုပြီး စွပ်စွဲချက်ကိုပါ စွပ်စွဲခံလိုက်ရသေးတယ်"
သူသည် ခါးသက်သော အပြုံးတစ်ချက်ဖြင့် လေတစ်ချက်မှုတ်ထုတ်လိုက်ပြီး ကျန်းယီမင်ကို ကြည့်ကာ "အခုတော့ အကြီးအကဲကိုယ်တိုင် မြင်တွေ့ခဲ့ရပြီ။ သူတို့က ကျွန်တော့်ကို အလွှတ်ပေးကြမှာမဟုတ်ဘူး။ ကျွန်တော်နဲ့ အနီးကလူတွေလည်း လွှတ်ပေးမှာမဟုတ်ဘူး။ သူတို့မှာ အားကောင်းတဲ့ နောက်ခံ၊ အားကောင်းတဲ့ စွမ်းရည်နဲ့ ဘယ်သူ့မဆို သတ်ရဲတဲ့ သတ္တိကလည်း ရှိသေးတယ်။ သူတို့ကို ဒေါသထွက် အောင်လုပ်တာက ကိုယ့်အသက်ကိုယ်ပြန်ရှာတာပဲ။ အဲ့လိုဆိုရင်ကော အကြီးအကဲက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံဖို့ ဆန္ဒရှိသေးလား" ဟု မေးလိုက်သည်။
"ဘာလို့ လက်မခံနိုင်ရဲရမှာလဲ" ကျန်းယီမင်က တိုက်ရိုက်မဖြေဘဲ ပြန်လည်မေးခွန်းထုတ်လိုက်သည်။
ရှန့်ကွမ်းချင်ယန်သည် ခဏတာ တုန်လှုပ်သွားပြီး မြန်မြန်ဆန်ဆန် "ဒါပေမယ့် ကျွန်တော့်ရဲ့ ချီလမ်းကြောင်းတွေ အားလုံးပျက်စီးသွားပြီ၊ ကျင့်ကြံရေးလည်း ဆက်မလုပ်နိုင်တော့ဘူး" ဟု ပြောလိုက်သည်။
"ငါအရင်က ပြောခဲ့ဖူးတယ်မလား၊ ငါမင်းကို ကုသနိုင်လိမ့်မယ်။ မကုသနိုင်ခဲ့ရင်တောင်၊ ငါဒါကို ဂရုမစိုက်ဘူး"
ကျန်းယီမင်ရဲ့ ဘာမှဂရုမစိုက်သလို မျက်နှာအမူအရာကို ကြည့်ရင်း ရှန့်ကွမ်းချင်ယန်သည် လုံးဝနှုတ်ဆိတ်သွားခဲ့သည်။ ကျန်းယီမင်အတွက်ဆိုလျှင် သူသည် ဝန်ထုပ်ဝန်ပိုး၊ ကံဆိုးသူတစ်ဦးသာဖြစ်သောကြောင့် ကျန်းယီမင် အဘယ်ကြောင့် အခုလိုခေါင်းမာစွာဖြင့် သူ့ကို တပည့်ခံရန် လိုလားနေရသည်ကို သူမသိခဲ့ပေ။ ဒုတိယအဆင့် အင်အားစုတစ်ခုကို သူ့အတွက်ကြောင့် ဘယ်သူမှ အရူးမဟုတ်သရွေ့ စော်ကားဖို့မကြိုးစားရဲကြပေ။ သို့သော် ကျန်းယီမင်သည် အရူးတစ်ဦးနှင့် မတူပေ။ သို့သော်် သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ သူသည် သေချင်သော်လည်း အသက်သေလိုက်လို့မရသေသးပေ။။
အဘယ်ကြောင့်ဆိုသော် မိသားစုထဲတွင် သူ့ညီမတစ်ယောက် ရှိနေသေးသည်။ သူသေသွားပါက ထိုလူများသည် သူ့ညီမကို အသက်ရန်ရှာရန် ကြံစည်မည်မှာ သေချာသည်။ သူ့ညီမကို ကယ်တင်လိုပါက၊ နောက်ခံအားကောင်းသူတစ်ဦးကို ရှာဖွေပြီး ပိုမိုသန်မာလာရမည်။ ကျန်းယီမင် အခုလို အေးဆေးတည်ငြိမ်နေနိုင်သည်မှာ၊ သူ့နောက်ကွယ်ရှိ အင်အားစုသည် ဒုတိယအဆင့် အင်အားစုတစ်ခုနှင့် မနိမ့်ကျနိုင်ဟု ယုံကြည်ရသည်။
ထိုအတွေးကို တွေးမိသောအခါ ရှန့်ကွမ်းချင်ယန် စိတ်ထဲတွင် ရုတ်တရက် လင်းလက်သွားခဲ့သည်။ သူသည် မြေပေါ်တွင် မတ်တတ်ရပ်လျှက် လေးစားစွာ ကျန်းယီမင်ထံသို့ အလေးပြုကာ "ဆရာ၊ ကျေးဇူးပြု၍ ကျွန်တော်ရဲ့ အရိုသေပြုတာကို လက်ခံပါ" ဟု ပြောလိုက်သည်။
ရှန့်ကွမ်းချင်ယန် နောက်ဆုံးတွင် သူ့ကို ဆရာအဖြစ် အသိအမှတ်ပြုလိုက်သည်ကို ကျန်းယီမင် မြင်တွေ့ရသောအခါ ဝမ်းမြောက်ဝမ်းသာဖြစ်ကာ သူ့ကို ပြုံးရင်းပြောလိုက်သည် "ကောင်းပြီ။ ဒီနေ့ကစ မင်းက ငါ့တပည့်ပဲ။မင်းမှာ ဂိုဏ်းတူအကိုကြီး၂ယောက်နှင့် အမတစ်ဦးရှိတယ်။ ငါဂိုဏ်းကို ပြန်ရောက်တဲ့အခါ မိတ်ဆက်ပေးမယ်"။
ရှန့်ကွမ်းချင်ယန်သည် ခေါင်းညိတ်ကာ အခြားဘာမျှ မပြောတော့ပေ။ ထိုအချိန်တွင် စနစ်၏ အသိပေးချက်သည် ကျန်းယီမင် စိတ်ထဲတွင် မြည်လာခဲ့သည်။
[ဒင်း]
[အသိပေးချက် - "တပည့်သစ်တစ်ဦး စုဆောင်းရန်" အဓိကတာဝန်ပြီးမြောက်သည်။]
[အသိပေးချက် - တာဝန်ဆုလက်ဆောင်အဖြစ် ကောင်းကင်ဖလှယ်ကျင့်စဥ် ကို သင့်သိုလှောင်အိတ်ထဲသို့ ထည့်သွင်းပေးထားပါသည်၊ လက်ခံရရှိကြောင်း စစ်ဆေးကြည့်ရှုပါရန်။]
[အသိပေးချက် - ကောင်းကင်ဘုရင်အဆင့် အထူးအခွင့်ထူးကြောင့်၊ ကောင်းကင်ဖလှယ်ကျင့်စဥ်ကို ကောင်းကင်ရွှယ်တင်ဖလှယ်ကျင့်စဥ်အဖြစ် အဆင့်မြှင့်တင်ပေးလိုက်ပါသည်။]
ကောင်းကင်ရွှယ်တင်ဖလှယ်ကျင့်စဥ် သည် ဆေးပညာရပ်တွင် အထူးချွန်ဆုံး လျှို့ဝှက်နည်းပညာတစ်ခုဖြစ်သည်။ ဒီကျင့်စဥ်သည် ချီစွမ်းအားကို အပ်ချောင်းများအဖြစ် အသုံးပြုနိုင်သည်။ ကိုယ်ခန္ဓာအတွင်းရှိ အဓိကအချက်များပေါ်တွင် အပ်ချောင်းများ ထိုးသွင်းသောအခါ၊ ထိုအပ်များသည် ချီလမ်းကြောင်းများကို ဖွင့်လှစ်ပေးပြီး ကိုယ်ခန္ဓာကို ပြန်လည်ပုံဖော်ပေးနိုင်သည်။ ဤနည်းပညာကို နောက်ဆုံးအဆင့် ပြီးပြည့်စုံအဆင့်ထိ လေ့ကျင့်ပြီးသွားပါက၊ ပျက်စီးသွားသော ချီလမ်းကြောင်းများကိုပင် ပြန်လည်ဆက်သွယ်ပေးနိုင်ပြီး သေဆုံးသူများကို ပြန်လည်ရှင်သန်စေနိုင်သော အံ့ဖွယ်အကျိုးသက်ရောက်မှုရှိသည်။ အသေးစိတ်အချက်အလက်များသည် ကျန်းယီမင်ရဲ့ စိတ်ထဲသို့ ဆက်လက်ဝင်ရောက်လာခဲ့ပြီး သူ့ကို တုန်လှုပ်စေခဲ့သည်။
ကောင်းကင်ရွှယ်တင်ဖလှယ်ကျင့်စဥ်သည် ရှန့်ကွမ်းချင်ယန်ကို ကုသရန်အတွက် အကောင်းဆုံးသင့်တော်နေသည်။ ဒီကျင့်စဥ်ကို ပြီးပြည့်စုံအဆင့်ထိ လေ့ကျင့်ရမည်ဖြစ်သော်လည်း၊ ထိုနေ့ရက်သည် ဝေးကွာလိမ့်မည် မဟုတ်ဟု သူယုံကြည်သည်။
'အချိန်တန်ရင်၊ အခုလို အံ့အားသင့်ဖွယ် လက်ဆောင်တစ်ခုကို ရလို့ကတော့ ရှန့်ကွမ်းချင်ယန်က သေချာစိတ်လှုပ်ရှားသွားလိမ့်မယ်" ကျန်းယီမင်သည် ရှန့်ကွမ်းချင်ယန်ကို ကြည့်ရင်း သူ့စိတ်ထဲ၌ တွေးကာရယ်မောလိုက်သည်။
[ဒင်း - တာဝန်အသစ်ထုတ်ပေးခြင်း]
[အမျိုးအစား - အဓိကတာဝန်]
[တာဝန်အမည် - အခြေတည်စိတ်ဝိညာဥ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ခြင်း]
[တာဝန်လိုအပ်ချက် - ဂိုဏ်းသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။ အခြေတည်စိတ်ဝိညာဥ်အဆင့်သို့ အမြန်ဆုံးချိုးဖျက်ဝင်ရောက်ပြီး ဆေးပညာရပ်ဆိုင်ရာ ဌာနတစ်ခုတည်ဆောက်ကာ ဂိုဏ်း၏ စွမ်းအားကို မြှင့်တင်ပေးပါရန်။ (တာဝန်ပြီးမြောက်မှု 0/2)]
[တာဝန်ဆုလက်ဆောင် - ကွေဟာဆေးကျင့်စဥ် (ဆေးလုံးထုတ်ဖော်ကျင့်စဥ်) , ဒူအဲ့ဆေးညွှန်း, ဟောက်ယွမ်ဆေးညွှန်း, ဟေးချီဆေးညွှန်း။]
ကျန်းယီမင် သည် အသစ်ထွက်ပေါ်လာသော တာဝန်အကြောင်းကို တွေးတောင်မတွေးရသေးစဥ် ၊ စနစ် အသိပေးချက်သည် နောက်ထပ် မြည်လာခဲ့သည်။
[ဒင်း - တာဝန်အသစ်ထုတ်ပေးခြင်း]
[အမျိုးအစား - အရံတာဝန်]