← Chapters

အခန်း (၃၇)

Vol. 3 Ch. 37

အခန်း (၃၇)

Vol. 3 Ch. 37

ဟောက်ယွင်ဂိုဏ်းအတွင်းတွင်၊ တပည့်များစွာသည် လေ့ကျင့်ရေးကွင်းပြင်တွင် လေ့ကျင့်နေကြသည်။ရုတ်တရက် မိုးကောင်းကင်တစ်ခုလုံးသည် ထူးထူးဆန်းဆန်း ပြောင်းလဲသွားသည်။ တောင်အနောက်ဘက်တွင် မီးခိုးလိုတိမ်များထူထပ်လာသည်။

"ဘာတွေဖြစ်နေတာလဲ?"

"ငါတို့ ဂိုဏ်းဆီကို သားရဲတစ်ကောင်ကောင်များ ရောက်လာတာလား?"

"မြန်မြန်ပြေးကြရအောင်၊ ဘာလို့ဒီမှာ ရပ်ပြီး သေမှာကို ထိုင်စောင့်နေကြတာလဲ?"

တပည့်များက ရုတ်တရက် ထိုဖြစ်ပျက်ဆန်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။

သူတို့ရဲ့ လေ့ကျင့်ကွင်းက ကြီးကြပ်သူက " ဘာတွေ သတ္တိကြောင်နေကြတာလဲ။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ ဂိုဏ်းမှာရှိနေတာကို၊ မင်းကောင်က ဂိုဏ်းထဲလာပြီး လာစော်ကားရဲမှာလဲ၊ သရဲဘောကြောင်တွေ၊ ပြန်လေ့ကျင့်နေကြစမ်း" ဟု အလျင်အမြန် အော်ဟစ်လိုက်သည်။

အပြစ်တင် ပြောဆိုခံရပြီးနောက် တပည့်များသည် ပြန်ပြောဝံ့ခြင်းမရှိဘဲ လည်ပင်းများကို ကျုံ့ကာ သူတို့၏ လေ့ကျင့်ကွကွးဆီသို့ ပြန်သွားလိုက်ကြသည်။ထိုအချိန်တွင်၊ တောင်အနောက်ဘက်တွင်၊ ပြင်းထန်သော စ်တ်ဝိညာဥ်စွမ်းအင်လှိုင်းများ ထုတ်လွှင့်နေသည့် လူအုပ်စုတစ်စုသည် လေထဲတွင် ရပ်နေကြသည်။သူတို့ထဲတွင်၊ ခေါင်းဆောင်သည် ဟောက်ယွင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဝူပိုရှန်ဖြစ်သည်။ ထိုအုပ်စုသည် ထူးထူးဆန်းဆန်း ဖြစ်ရပ်များ ထွက်လာတာနဲ့ တပြိုင်နက် သတိပြုမိပြီး အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။

လူတိုင်းရဲ့ မျက်နှာများသည် အံ့အားသင့်မှုနှင့် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ထူးခြားတဲ့ ဖြစ်စဥ်မှုများ စုဝေးနေသော တောင်ထွတ်ကို မျှော်လင့်ချက်များဖြင့် ကြည့်ရှုနေကြသည်။

ဝူပိုရှန်နောက်ကွယ်ရှိ အကြီးအကဲတစ်ဦးက "ဂိုဏ်းချုပ်၊ ဒီဖြစ်ရပ်ကို ကြည့်ရရင် မဟာအကြီးအကဲက မွေးဖွားခြင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်သွားပြီလို့ ထင်ရပါတယ်" ဟု ပြုံးရင်းပြောလိုက်သည်။

ဝူပိုရှန်က ခေါင်းငြိမ့်ကာ " မဟာမကြီးအကဲက အစထဲက ကျင့်ကြံဆင့်မြင့်ပြီးသား၊ အဆင့်တက်ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုခဲ့တာ" ဟု အေးဆေးတည်ငြိမ်စွာ ပြုံးရင်းပြောလိုက်သည်။

"ဂိုဏ်းချုပ်ကို ဂုဏ်ပြုပါတယ်။ အခုတော့ ဟောက်ယွင်ဂိုဏ်းမှာ မွေးဖွားခြင်းအဆင့် အကြီးအကဲကို ထပ်ရလိုက်ပြီ၊ ကျွန်တော်တို့ဂိုဏ်းခွန်အားကတော့ ပြောမရအောင် တက်လာတော့မယ်"

ပတ်ဝန်းကျင်ရှိ အကြီးအကဲများသည်လည်း ဝူပိုရှန်အား ချက်ချင်း ဂုဏ်ပြုစကားပြောလိုက်ကြသည်။

ဝူပိုရှန်သည် ထိုအချိန်တွင် အလွန်စိတ်လှုပ်ရှားနေသော်လည်း၊ သူ့ကိုယ်သူ ထိန်းချုပ်ကာ ခံစားချက်များ မထွက်လာရန် ဟန်ဆောင်နေရသည်။

" မင်းတို့တစ်ယောက်စီတိုင်းက ဟောက်ယွင်ဂိုဏ်း..."

ဘုံး....

ဝူပိုရှန် စကားမပြီးဆုံးမီ၊ ကြီးမားသော တောင်ကြီးသည် ရုတ်တရက် နှစ်ပိုင်းကွဲထွက်သွားသည်။အလွန်တရာ ကြမ်းကြုတ်သော စ်တ်ဝိညာဥ်စွမ်းအင်မိားသည် အနားရှိသူအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ စိတ်ဝိညာဥ်စွမ်းအားများသည် ရွှေရောင်အလင်းတန်းကြီးတစ်ခုကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို ချက်ချင်းဖြတ်သန်းသွားကာ မိုင်တစ်ရာအကွာမှပင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ဟောက်ယွင်ဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းထားသော တိမ်တိုက်များသည် ထိုအလင်းတန်းနှင့် တွေ့သောအခါ ထိတ်လန့်သွားသော ငှက်များကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ခဏအတွင်းမှာပင် ကြည်လင်သော မိုးကောင်းကင်ကြီး ပြန်ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းသည် ဝူပိုရှန်နှင့် အကြီးအကဲများ၏ နှလုံးသားထဲတွင် လှိုင်းလုံးကြီးများသဖွယ် ရိုက်ခတ်သွားစေခဲ့သည်။

ရုတ်တရက်၊ အဖြူရောင်ဆံပင်နှင့် အဖြူရောင်မုတ်ဆိတ်ရှိသော ပုံရိပ်တစ်ခုသည် သူတို့ရှေ့တွင် ပေါ်လာသည်။ မည်သူမည်ဝါဖြစ်ကြောင်းကို မြင်ရသောအခါ လူတိုင်းမျက်နှာသည် လေးစားသည့် ပုံရိပ်များဖြင့် ပြည့်နှက်သွားသည်။

ဝူပိုရှန်သည် ချက်ချင်းပင် ဦးဆောင်လိုက်ပြီး ထိုသူထံ ဦးညွှတ်ကာ " မဟာအကြီးအကဲကို နှုတ်ခွန်းဆက်သပါတယ်။ ကျင့်ကြံရေးတိုးတက်လာပြီး မွေးဖွားခြင်းအဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်" ဟု ပြောလိုက်သည်။

"ကျင့်ကြံရေးတိုးတက်လာပြီး မွေးဖွားခြင်းအဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်!" ဝူပိုရှန်နောက်ရှိ လူများသည်လည်း တပြိုင်နက်တည်း ပြောဆိုလိုက်ကြသည်။

အဘိုးအိုက အနည်းငယ်ခေါင်းညိတ်ကာ သူ့မုတ်ဆိတ်ကို ပွတ်သပ်လိုက်ပြီး "ကောင်းပြီ၊ အဲ့လို ရေးကြီးခွင်ကျယ်တွေ လုပ်နေစရာမလိုပါဘူး" ဟု ဖြေးညှင်းစွာ ပြောလိုက်သည်။

ထိုအချိန်မှသာ ဝူပိုရှန်သည် မဟာအကြီးအကဲ ယွမ်ဟုန်ခုန်ကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ သူ့နှလုံးသား ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားသည်။ယွမ်ဟုန်ခုန်ရဲ့ စိတ်ဝိညာဥ်စွမ်းအားလှိုင်းသည် ကောင်းကင်နှင့် မြေကြီးကို ပေါင်းစပ်ထားသလ်ု ဖြစ်နေတာကို သူမြင်လိုက်ရသည်။ ယွမ်ဟုန်ခုန်ရဲ့ လှုပ်ရှားမှုတိုင်းသည် ကောင်းကင်နှင့် မြေကြီးမှ သိတ်ဝိညာဥ်စွမ်းအားကို လှုံ့ဆော်နေသလို ဖြစ်နေသည်။ ကြောက်စရာကောင်းလှသည်။ မွေးဖွားခြင်းအဆင့်ဟု သူမျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ ထိုအဆင့်သည် သူကြိုးစားအားထုတ်နေသော အဆင့်ပင်ဖြစ်သည်။

ယွမ်ဟုန်ခုန်ရဲ့ အကြည့်သည် လူတိုင်းကို ဖြတ်သန်းသွားပြီးနောက် ဂရုမစိုက်ဟန်ဖြင့် စကားပြောလိုက်သည်။

"ပိုရှန်၊ အခုတလော ဂိုဏ်းအခြေအနေက ဘယ်လိုရှိသလဲ"

ဝူပိုရှန်သည် ခဏရပ်နားပြီးနောက် "အခြေအနေက သိပ်မကောင်းပါဘူး။ မကြာသေးခင်က ဟောက်ယွင်ဂိုဏ်း အာဏာပိုင်နက်အတွင်း စတုတ္ထအဆင့် အင်အားစုတွေ အများကြီး ပေါ်ထွက်လာနေပါတယ်။ သူတို့က အပြန်အလှန် ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်နေကြတယ်။ ဟောက်ယွင်ဂိုဏ်းအာဏာကို စိန်ခေါ်ဖို့လုပ်နေတဲ့ သူတို့ရည်ရွယ်ချက်က နေ့လယ်ခင်းရောက်နေသလို ရှင်းနေတယ်!" ဟု အလျင်အမြန်ပြောလိုက်သည်။

ထိုစကားများကို ကြားရသောအခါ ယွမ်ဟုန်ခုန် မျက်နှာအမူအရာ လုံးဝမပြောင်းလဲခဲ့ပေ။

ဝူပိုရှန်သည် ခဏတာ မဝံ့မရဲဖြစ်နေပြီးနောက် ဆက်ပြောလိုက်သည်၊ "အဲ့တာက အတွင်းပြဿနာပဲ ရှိပါသေးတယ်။ လောလောဆယ် ဟောက်ယွင်ဂိုဏ်းမှာ ပြင်ပရန်သူများလည်း ရှိနေပါတယ်။ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာက ဟောက်ယွင်ဂိုဏ်းကို စတင်တိုက်ခိုက်နေပါပြီ။ သူတို့က လင်းယွင်ဂိုဏ်ူလို့ခေါ်တဲ့ ပဉ္စမအဆင့် ဂိုဏ်းခွဲတစ်ခုကို တိတ်တဆိတ် ထောက်ခံအားပေးထားပြီး ကျွန်တော်တို့ရဲ့ အခြေတည်စိတ်ဝိညာဥ်အဆင့် အကြီးအကဲကို သတ်ဖြတ်ခဲ့ပါတယ်!"

ထိုအရာကို ကြားရသောအခါ ယွမ်ဟုန်ခုန်သည် မျက်ခုံးများကျုံ့လာသည်။ ထို့နောက် သူသည် ဂရုမစိုက်တဲ့ အသံဖြင့်၊ "ငါ ခနလောက် တံခါးပိတ်ကျင့်လိုက်တာ တော်တော်ပြသနာတွေ တက်လာတယ်။ ငါတို့ကိုတောင် လာစိန်ခေါ်ရဲတဲ့ကောင်တွေ ထွက်လာတာပဲ"ဟု ပြောလိုက်သည်။

သူသည် အနည်းငယ် နှာခေါင်းချုံ့လိုက်ကာ သူ့အသံသည်လည်း ရေခဲကဲ့သို့ အေးစက်နေသည်၊ "ကောင်းပြီ၊ အခုငါ မွေးဖွားခြင်းအဆင့်ကို ရောက်ပြီဆိုမှတော့ နည်းနည်းပါးပါး လေ့ကျင့်ခန်းလုပ် ကြွက်သားတွေ ဖြေလျော့ရမှာပေါ့။ လင်းယွင်ဂိုဏ်းဆ်ုတာလည်း တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရဲ့ အကြံပဲနေမှာ။ ပိုရှန်၊ ငါ့အမိန့် ထုတ်ပြန်လိုက်၊ ငါတို့ကို ပုန်ကုန်တဲ့ကောင်တွေ မှန်သမျှ အကုန်လိုက်စာရင်းရှင်းမယ်၊ လင်းယွင်ဂိုဏ်းကိုလည်း ဂိုဏ်းစစ်ပွဲကြေညာပြီး ချေမှုန်းပစ်မယ်။ ဒီကိစ္စတွေကို ငါကိုယ်တိုင်ဦးဆောင်မယ်လို့ "

"ဟုတ်ကဲ့" ဝူပိုရှန်မျက်နှာသည် ပျော်ရွှင်မှုများဖြင့် တောက်ပလာသည်။

တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာသည် ဒီကိစ္စများတွင် နောက်ကွယ်မှ ဝင်ရောက်စွက်ဖက်မည်ကို သူစိုးရိမ်နေခဲ့သော်လည်း၊ ယခုအခါ မဟာအကြီးအကဲသည် မွေးဖွားခြင်းအဆင့်သို့ ရောက်ပြီဖြစ်သည့်အတွက်၊ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာက ရန်ရှာချင်သည့်တိုင် နှစ်ခါပြန်စဉ်းစားရမည်ဖြစ်သည်။ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာကသာ ဝင်ရောက်စွက်ဖက်ခြင်းမရှိပါက၊ မိုးကြိုးပစ်သည့်အရှိန်ဖြင့် အခုလို ပေါ်ထွက်လာတဲ့ အင်အားစုငယ်များကို သုတ်သင်နိုင်မည်ဟု သူယုံကြည်သည်။

...

နှစ်ရက်အကြာတွင်၊ ဟောက်ယွင်ဂိုဏ်ူ မဟာအကြီးအကဲ မွေးဖွားခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားသည့် သတင်းသည် ကန်းလန်နယ်မြေတစ်ဝက်ခန့်သို့ ပျံ့နှံ့သွားခဲ့သည်။ သို့သော် ထိုသတင်းက သူတို့ကို တုန်လှုပ်စေသော တစ်ခုတည်းသော သတင်းမဟုတ်ပေ။ နောက်ဆက်တွဲသတင်းကို လူတိုင်းက ပိုမိုထိတ်လန့် စေသည်။ ဟောက်ယွင်ဂိုဏ်းသည် သူတို့အာဏာပိုင်နက်အောက်ရှိ ပဉ္စမအဆင့် အင်အားစုတစ်ခုကို ဂိုဏ်းစစ်ပွဲ ဆင်နွှဲမည်ဖြစ်သည်။ ထိုစစ်ပွဲ ချီတက်မှုကို မွေးဖွားခြင်းအဆင့်ရှိ မဟာအကြီးအကဲက ဦးဆောင်မည်ဖြစ်သည်။

ထိုသတင်းကို ကြားရသောအခါ၊ ဟောက်ယွင်ဂိုဏ်းအာဏာပိုင်အောက်ရှိ အင်အားစုအများစုသည် အသည်းအထန် စိုးရိမ်နေကြသည်။ ဟောက်ယွင်ဂိုဏ်း ဆုံးဖြတ်ချက်သည် လင်းယွင်ဂိုဏ်းကို ပစ်မှတ်ထားရုံသာမကကြောင်း သူတို့သိသည်။ သူတို့ထဲက တစ်ချို့ဂိုဏ်းတွေကို သင်ခန်းစာပေးရန် လင်းယွင်ဂိုဏ်းကို နမူနာတစ်ခုအဖြစ် ပြုလုပ်လိမ့်မည်ဖြစ်သည်။ သူတို့က အစက ဟောက်ယွင်ဂိုဏ်းကို အတူတူပူးပေါင်းပြီး ဆန့်ကျင်ရန် စီစဉ်ထားသော်လည်း၊ ယခုအခါ ဟောက်ယွင်ဂိုဏ်းတွင် မွေးဖွားခြင်းအဆင့် ပေါ်ထွက်လာသည့်အတွက်၊ သူတို့အစီအစဉ်များသည် ဘယ်လိုမှ အောင်မြင်လိမ့်မည်မဟုတ်ပေ။

တတိယအဆင့် အင်အားစုများစွာသည်လည်း ထိုသတင်းကို ကြားရသောအခါ တုန်လှုပ်သွားကြသည်။ ယခင်က ဟောက်ယွင်ဂိုဏ်းခွန်အားသည် ကန်းလန်နယ်မြေရှိ တတိယအဆင့် အင်အားစုများထဲတွင် ပျမ်းမျှအထက်မျှသာရှိသည်။ သို့သော် ယခုအခါ သူတို့ဂိုဏ်းတွင် မွေးဖွားခြင်းအဆင့်တစ်ဦး ပေါ်ထွက်လာသည့်အတွက်၊ သူတို့ခွန်အားသည်လည်း ကြီးမားစွာ တိုးပွားလာသည်။ ဟောက်ယွင်ဂိုဏ်းသည် ယခင်ကလို ပိုမိုရိုးရှင်းမှုမရှိတော့ပေ။ဟောက်ယွင်ဂိုဏ်းသည် ဒုတိယအဆင့် အင်အားစုအဖြစ်သို့ တိုးတက်ရန် စီစဉ်နေသည်ဟု သတင်းများပင် ထွက်လာသည်။ ဟောက်ယွင်ဂိုဏ်းနယ်မြေနှင့် ဆက်စပ်နေသော ဂိုဏ်းခွဲအားလုံးသည် သတိပေးခံထားရသည်။

ကန်းလန်နယ်မြေရှိ ရှန့်ကွမ်းမိသားစုသည် မိသားစုဆန်ဆန် အင်အားစုတစ်ခုဖြစ်သော်လည်း၊ သူတို့ခန်းမသည် ကြီးကျယ်ခမ်းနားပြီး တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာထက်ပင် သာလွန်သည်။အစည်းအဝေးခန်းမတွင်၊ ရှန့်ကွမ်းမိသားစု ခေါင်းဆောင်သည်လည်း သတင်းကို ကြားသိခဲ့သည်။

သူသည် အံ့အားသင့်သည့် အမူအရာမပေါ်ဘဲ၊ အထင်သေးသော အပြုံးတစ်ခုသာ ပြုံးလိုက်သည်။

"ဒုတိယနှင့် တတိယအဆင့် အင်အားစုများကြားက ကွာဟချက်သည် မွေးဖွားခြင်းအဆင့်တစ်ယောက်ထဲနဲ့ ပြည့်လာမှာမဟုတ်ဘူး။ ဟောက်ယွင်ဂိုဏ်းက ဒုတိယအဆင့် အင်အားစုဖြသ်လာအောင် နယ်ချဲ့နေတယ်လို့ မင်းတို့ကို ဘယ်သူပြောလဲ။ ယုတ်တိမရှိတဲ့ ကောလဟာလတွေ"

ထို့သို့ ကဲ့ရဲ့ရှုတ်ချတဲ့ စကားများကို ပြောပြီးနောက်၊ သူ့မျက်နှာအမူအရာ ပြန်လည်တည်ကြည်လာကာ " မင်းတို့က အခုထိ အဲ့သစ္စာဖောက်ကောင်ကို ရှာမတွေ့နိုင်ကြသေးဘူးလား" ဟု ကဲ့ရဲ့တဲ့ လေးသံဖြင့် ပြောလိုက်သည်။

အစည်းအဝေးခန်းမအတွင်း ဒူးထောက်နေသော လူများသည် ချက်ချင်း တုန်လှုပ်သွားသည်။ သူတို့သည် အမှန်တော့ ထွက်ပြေးသွားတဲ့ အမှတ်အသားအချို့ကို တွေ့ခဲ့ရပြီး၊ လမ်းကြောင်းတစ်လျှောက်တွင်လည်း အမြုတွေဖွဲ့စည်းခြင်းအဆင့်အလောင်းများကိုလည်း တွေ့ခဲ့ရသည်။

သို့သော် မိသားစုခေါင်းဆောင်ထံ ထိုသတင်းကို ပြောပြပါက၊ သူတို့ စိုးရိမ်သည်မှာ...

........

ထိုအချိန်၊ လင်းယွင်ဂိုဏ်းအတွင်း၊ ကျန်းယီမင်သည် ရက်အနည်းငယ်က တံခါးပိတ်ကိင့်နေတဲ့အတွက်၊ ကန်းလန်နယ်မြေတွင် အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေသော သတင်းကို မကြားရသေးပေ။

All Chapters