← Chapters

အရှိန်ဟုန်နဲ့ နီးကပ်လာတဲ့ မုန်တိုင်းကြီး

Vol. 3 Ch. 38

အရှိန်ဟုန်နဲ့ နီးကပ်လာတဲ့ မုန်တိုင်းကြီး

Vol. 3 Ch. 38

လင်းယွင်ဂိုဏ်း လေ့ကျင့်ရေးကွင်းပြင်တွင် ဂူလင်းဖေးသည် ယဲ့ယွမ်ဖန်နှင့် ရှန့်ကွမ်းချင်ယန်တို့အား ကျင့်စဥ်ဆိုင်ရာ လမ်းညွှန်မှုများ ပေးနေသည်။ ကျန်းယီမင် ရက်အနည်းငယ်က တံခါးပိတ်နေခဲ့သည့်နေ့မှစ၍ သူတို့သည် တောင်ပေါ်မှ မထွက်ခွာဖြစ်ခဲ့ကြပေ။ ဟွမ်းချောင်ယုတစ်ဦးတည်းသာ ပစ္စည်းအချို့ဝယ်ရန် လိုအပ်သည့်အတွက် မွန်းလွဲပိုင်းတွင် အပြင်ထွက်ခဲ့သည်။

" အကိုကြီး၊ ပြသနာတက်ပြီ!"

ဂူလင်းဖေးသည် ရှန့်ကွမ်းချင်ယန်အား အသက်ရှုလေ့ကျင့်ခန်းကျင့်စဥ်ကို လမ်းညွှန်နေစဉ် ဟွမ်းချောင်ယု၏ ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။ သိပ်မကြာခင် ဟွမ်းချောင်ယုပုံရိပ်သည် ထွက်ပေါ်လာသည်။သူမမျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အသက်ရှူမဝဖြစ်ကာ အလွန်စိုးရိမ်ပူပန်နေပုံရသည်။ သုံးဦးလုံးသည် ချက်ချင်းပင် သူမကိုဝိုင်းရံကာ စိုးရိမ်စွာကြည့်နေကြသည်။

ဂူလင်းဖေးက အလျင်အမြန်မေးလိုက်သည်၊ "ရှောင်ယု၊ အရင် အနားယူလိုက်ဦး။ တစ်ခုခုဖြစ်ခဲ့တာလား"

"အကိုကြီး၊ ပြသနာတော့ အကြီးအကျယ်တက်ပြီ!" ဟွမ်းချောင်ယုက သူမအသက်ရှုတာ အနည်းငယ်တည်ငြိမ်သွားပြီးနောက် စိုးရိမ်စွာပြောလိုက်သည်၊ "ကျွန်မ တောင်ပေါ်က ဆင်းပြီးနောက် သတင်းတချို့ကိုကြားခဲ့ရတယ်။ ဟောက်ယွင်ဂိုဏ်းက လင်းယွင်ဂိုဏ်းကို ဂိုဏ်းစစ်ပွဲ ကြေညာထားတယ်တဲ့။ သူတို့ရဲ့ မဟာအကြီးအကဲက မွေးဖွားခြင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်သွားပြီး လင်းယွင်ဂိုဏ်းကို ဖျက်သိမ်းဖို့ ကိုယ်တိုင်ချီတက်ဦးဆောင်မယ်လ်ု့လည်း ကြားခဲ့ရတယ်!"

"ဘာကို?!"

ထိုစကားကိုကြားရသောအခါ တခြားတပည့်သုံးဦးသည် ချက်ချင်းပင် ထိတ်လန့်သွားကြသည်။

ဘေးနားရှိ ရှန့်ကွမ်းချင်ယန်က "အကို၊ ဟောက်ယွင်ဂိုဏ်းက ဘာလို့ ကျွန်တော်တို့ကို ဂိုဏ်းခွဲပွဲ ကြေညာရတာလဲ" ဟု အလျင်အမြန်မေးလိုက်သည်။

ဂူလင်းဖေးက စိတ်ငြိမ်သွားအောင်လုပ်ပြီး ရှင်းပြလိုက်သည်။

"ဇာတ်လမ်းကတော့ရှည်တယ်၊ ဒါပေမယ့် အဓိကအကြောင်းရင်းကတော့ ဆရာက ဟောက်ယွင်ဂိုဏ်းရဲ့ အခြေတည်စိတ်ဝိညာဥ်အဆင့် အကြီးအကဲတစ်ယောက်ကို သတ်ခဲ့လို့ပဲ။ တကယ်တော့ ဟောက်ယွင်ဂိုဏ်းက ကျန်တဲ့ဂိုဏ်းတွေကို သတိပေးတဲ့အနေနဲ့ ငါတို့ကို နမူနာပြဖို့ စီစဉ်နေတာဖြစ်နိုင်တယ်"

"ဆရာက အခြေတည်စိတ်ဝိညာဥ်အဆင့် အကြီးအကဲတစ်ယောက်ကို သတ်ခဲ့တယ်လို့ အကိုပြောခိင်တာလား" ဟု ရှန့်ကွမ်းချင်ယန်က ပိုမိုအံ့အားသင့်သွားသည်။

သူကြီးပြင်းလာတဲ့ နေရာအရ၊ သူသည် အခြေတည်စိတ်ဝိညာဥ်အဆင့်များစွာကို မြင်ဖူးခဲ့သည်။ ထို့ကြောင့် အခြေတည်စိတ်ဝိညာဥ်အဆင့်၏ ကြောက်မက်ဖွယ်ရာခွန်အားကို နားလည်ထားသည်။အခြေတည်စိတ်ဝိညာဥ်အဆင့်ဆိုသည်မှာ နာမည်အတိုင်းပင်၊ ထိုအဆင့်သို့ရောက်ရှိပါက အခြေတည်စိတ်ဝိညာဥ်ကို သိပ်သည်းစုစည်းနိုင်သည်။အခြေတည်စိတ်ဝိညာဥ် မပျက်စီးသရွေ့ သေဆုံးမည်မဟုတ်ပေ။ ပုံမှန်အခြေအနေများတွင်၊ အခြေတည်စိတ်ဝိညာဥ်အဆင့်တစ်ဦးက အကျပ်အတည်းကို ရင်ဆိုင်ရန် ဖိအားပေးခံရပါက၊ မိမိကိုယ်ကို ပေါက်ခွဲပစ်ရန် ရွေးချယ်လေ့ရှိသည်။

ဤသို့ပြုလုပ်ခြင်းသည် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာကို ဖျက်ဆီးနိုင်သော်လည်း၊ သူတို့ရဲ့ အခြေတည်စိတ်ဝိညာဥ်ကို ထိန်းသိမ်းထားနိုင်ပြီး မိမိကိုယ်ကို ပေါက်ခွဲမှုမှ ကြီးမားသော သက်ရောက်မှုတစ်ခုအနေဖြင့် အပြင်းထန်ဆုံးသော ပေါက်ကွဲမှုတစ်ခုကို ထုတ်လွှတ်နိုက်ကြသည်။ တူညီသောနယ်ပယ်ရှိ ကျင့်ကြံသူများပင် ဖြစ်စေကာမူ၊ အကယ်၍ ထ်ုတိုက်ခိုက်မှုကို ရင်ဆိုင်ရပါက၊ သေဆုံးခြင်းမရှိလျှင်ပင်၊ အပြင်းအထန် ဒဏ်ရာရနိုင်သည်။

အခြေတည်စိတ်ဝိညာဥ်အဆင့်ထက် လုံးဝသာလွန်နေခြင်း သို့မဟုတ် တစ်ဖက် ရန်သူအပေါ် ခွင့်လွှတ်၍မရသော အမုန်းတရားရှိခြင်းသာ မရှိပါက၊ ဘယ်သူကမျှ အခြေတည်စိတ်ဝိညာဥ်အဆင့်ကို အဆိုးဆုံးအခြေအနေထိ တွန်းမပို့နိုင်ကြပေ။အခြေတည်စိတ်ဝိညာဥ်အဆင့်ကို သတ်ဖြတ်ရန်မဆိုထားနှင့်၊ အခြေတည်စိတ်ဝိညာဥ်အဆင့်မှ မိမိကိုယ်ကို ပေါက်ခွဲမှုမှ ဒဏ်ရာဒဏ်ချက်မရှိ လွတ်မြောက်နိုင်ခဲ့သည့်တိုင်၊ ပြိုင်ဘက်ရဲ့ အခြေတည်စိတ်ဝိညာဥ်ကို ဖျက်ဆီးပစ်ဖို့ဆိုတာ လွယ်ကူသော အရာတစ်ခုမဟုတ်ပေ။ ထိုအတွေးဖြင့် ရှန့်ကွမ်းချင်ယန်သည် ကျန်းယီမင်ခွန်အားအပေါ် နားလည်မှုသည် အသစ်တဖန် ပြန်ပြီးတွက်ချက်နေရသည်။ သို့သော်် လက်တွေ့တွင် အရေးအကြီးဆုံးမှာ ဟောက်ယွင်ဂိုဏ်းမှ တိုက်ခိုက်မှုကို မည်သို့ကာကွယ်ရမည်ကို စဉ်းစားရန်ဖြစ်သည်။

ရှန့်ကွမ်းချင်ယန်သည် ခဏတာစဉ်းစားပြီးနောက် " အကိုကြီး၊ ဆရာဘယ်တော့ ထွက်လာမလဲဆိုတာ သိလား" ဟု မေးလိုက်သည်။

"ဆရာ တံခါးပိတ်တဲ့ အချိန်က သေသေချာချာ သတ်မှတ်ထားတာမရှိဘူး။ ဆရာကိုယ်တိုင်တောင် အတိအကျမပြောနိုင်ဘူး၊ မင်းနဲ့ငါဆိုတာတော့ ပြောမနေနဲ့တော့" ဟု ဂူလင်းဖေးက ခေါင်းခါကာ ပြောလိုက်သည်။

ရှန့်ကွမ်းချင်ယန်က ဟွမ်းချောင်ယုကို ဆက်မေးသည်၊ " အမ၊ ဟောက်ယွင်ဂိုဏ်းက လူတွေ ဘယ်တော့လာမလဲဆိုတာ ကြားမိသေးလား"

ဟွမ်းချောင်ယုက အလျင်အမြန်ပြန်ဖြေသည်၊ "သူတို့တွေ ငါ့တို့ဆီကို ထွက်လာတာ ကြာပြီတဲ့။ ခန့်မှန်းချက်အရ ဒီနေ့ရောက်လိမ့်မယ်လို့ ထင်တယ်"

ထိုစကားလုံးများသည် စိတ်ထဲ၌ လေးလံနေသူများအား နောက်ထပ် လေးလံသော ကျောက်ခဲကြီးပေးလိုက်သည်။

ရှန့်ကွမ်းချင်ယန်က "အဲဒီလိုဆိုကတော့ ဒီနေ့ကျရင် ကျွန်တော်တို့တော့ ကံပြီထင်ပါတယ်။ ကျွန်တော်တို့ လေးယောက်ထဲမှာ အကိုကြီးက အမြုတွေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်၊ အမက မနေ့ကမှ အုတ်မြစ်အခြေတည်ထောင်ခြင်းနောက်ဆုံးအဆင့်ကို ရောက်ခဲ့တယ်၊ ဒုတိယအကိုက အုတ်မြစ်အခြေတည်ထောင်ခြင်း အလယ်အလတ်အဆင့်။ ကျွန်တော်ကတော့ ချီစုဆောင်းခြင်းအလယ်အလတ်အဆင့်ပဲရှိပြီး ချီလမ်းကြောင်းအားလုံးကလည်း ပျက်စီးနေတယ်။ ကျွန်တော်တို့ လေးယောက်တည်းနဲ့ဆိုရင် မွေးဖွားခြင်းအဆင့်ကို ခုခံဖို့ကတော့ ပြောမနဲ့နေတော့၊ ဟောက်ယွင်ဂိုဏ်းက အခြေတည်စိတ်ဝိညာဥ်အဆင့်ကိုပဲ စေလွှတ်ခဲ့ရင်တောင် ကျွန်တော်တို့အားလုံးကို သတ်ဖြတ်ဖို့က လုံလောက်တယ်" ဟု ခါးသက်စွာပြုံးရင်းပြောလိုက်သည်။

ထိုစကားလုံးများကို ပြောလိုက်သည်နှင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။ သူတို့သည် မဝန်ခံချင်သော်လည်း၊ ရှန့်ကွမ်းချင်ယန် ပြောတာ မှန်ကန်နေသည်ကို သူတို့သိသည်။

"မဟုတ်ဘူး၊ ငါတို့မှာ အခွင့်အရေးရှိသေးတယ်!" ဂူလင်းဖေးသည် ရုတ်တရက် တစ်ခုခုကို သတိရပြီး ကျယ်လောင်စွာပြောလိုက်သည်။

ဟွမ်းချောင်ယုနှင့် အခြားသူများသည် သူ့ကို မသေမချာတဲ့ အကြည့်များနဲ့ ကြည့်နေကြသည်။

"အရင်တုန်းက ဆရာ ငါတို့ကို ပြောခဲ့တဲ့စကားကို မင်းတို့မေ့သွားကြပြီလား"

ထိုစကားကိုကြားရသောအခါ ယဲ့ယွမ်ဖန်နှင့် ဟွမ်းချောင်ယုတို့လည်း ဘာကိုပြောချင်မှန်း သဘောပေါက်သွားကြသည်။

သူတို့က " အကိုကြီးဆိုလိုတာက ပုံစံတစ်ထောင်ပြောင်းလဲခြင်းအစီအရင် ကိုလား? !" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။

"မှန်တယ်၊ အဲ့အစီအရင်ပဲ!"

သုံးဦးစလုံးသည် တစ်ဦးကိုတစ်ဦး ကြည့်လ်ုက်ကြပြီး သူတို့မျက်လုံးများသည်လည်း တောက်ပလျက်ရှိသည်။ သူတို့သုံးယောက် ရုတ်တရက် "တက်ကြွလာပုံ" သည် ရှန့်ကွမ်းချင်ယန်ကို စိတ်ရှုပ်ထွေးသွားစေသည်။

သူက " အကိုတို့ ဘာတွေပြောနေကြတာလဲ? ပုံစံတစ်ထောင်ပြောင်းလဲခြင်းအစီအရင်ဆိုတာ ဘာလဲ" ဟု အလျင်အမြန် မေးလိုက်သည်။

"အခု မင်းကို ရှင်းပြနေဖို့ အချိန်မရှိတော့ဘူး။ အစီအရင်ကို စတင်အသက်သွင်းဖို့ လုပ်တာ အကောင်းဆုံးပဲ" ဟု ဂူလင်းဖေးက ပြောပြီး ဂိုဏ်းခန်းမဆီသို့ ပြေးသွားလိုက်သည်။

ဟွမ်းချောင်ယုနှင့် တခြားနှစ်ဦးသည် အလျင်အမြန် နောက်ကနေ ပြေးလိုက်သွားသည်။

...

လေးဦးယောက်လုံးသည် ခန်းမရဲ့ခေါင်မိုးပေါ်တွင် ရပ်နေကြသည်။ ဂူလင်းဖေးသည် သူ့အိတ်ကပ်ထဲသို့ နှိုက်လိုက်ကာ အလံတစ်ခုနှင့် အစီအရင်တုံးတစ်ခုကို ထုတ်ယူလိုက်သည်။

"ညီလေးနဲ့ ညီမလေးတို့၊ အစီအရင်ဖွင့်ဖို့ ကူညီပေးကြဦး!"

ဟွမ်းချောင်ယုနှင့် ယဲ့ယွမ်ဖန်တို့က အလျင်အမြန် ခေါင်းညိတ်လ်ုက်ကြသည်။ တစ်ခနအတွင်း ဂူလင်းဖေးလက်ထဲရှိ အစီအရင်ကျောက်တုံးသည် ရုတ်တရက် လေထဲသို့ ပျံတက်သွားသည်။ ဟွမ်းချောင်ယုနှင့် ယဲ့ယွမ်ဖန်တို့သည် ချက်ချင်းပင် သူတို့စိတ်ဝိညာဥ်စွမ်းအင်များကို လှည့်ပတ်စေပြီး ဂူလင်းဖေး ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းကာ စီးဆင်းစေလိုက်သည်။ ဂူလင်းဖေးသည် အလံကိုကိုင်ပြီး ထူးဆန်းသော အမူအရာ နည်းလမ်းများဖြင့် လှုပ်ရှားလိုက်သည်။

ချက်ချင်းပင်၊ စိတ်ဝိညာဥ်အလင်းတန်းတစ်ခုသည် အလံမှ ရုတ်တရက်ထွက်ပေါ်လာပြီး အစီအရင်ထဲသို့ စီးဝင်သွားသည်။ ထိုအရာသည် အစီအရင်ထံသို့ နေလုံးကြီးကဲ့သို့ တောက်ပသော အလင်းတန်းနစ်ခုကို ထုတ်လွှတ်လိုက်သည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် ထူးထူးဆန်းဆန်း ပုံစိပ်များ ရုတ်တရက်ပေါ်ပေါက်လာသည်။ မကုန်ခန်းနိုင်သော စိတ်ဝိညာဥ်စွမ်းအင်များသည် စုဝေးလာပြီးနောက် ရုတ်တရက် ပြန့်ကျဲသွားသည်။ နောက်ဆုံးတွင်၊ ခွက်တစ်ခုပုံစံသို့ ပြောင်းလဲသွားကာ လင်းယွင်ဂိုဏ်းတစ်ခုလုံးကို ကာကွယ်ထားလိုက်သည်။ မြေကြီးတစ်ခုလုံး တုန်လှုပ်နေပြီး တောင်များနှင့် မြစ်များရဲ့ လှုပ်ရှားမှုများသည် ခဏအတွင်းမှာပင် ပြောင်းလဲသွားသည်။

အရှေ့ဘက်တွင် နဂါးကြီးတစ်ကောင်၊ အနောက်ဘက်တွင် အဖြူရောင်ကျား၊ တောင်ဘက်တွင် ဟင်္သာငှက်၊ မြောက်ဘက်တွင် လိပ်နက်တို့ ထွက်ပေါ်လာသည်။ ထိုသတ္တဝါလေးမျိုးသည် အပြန်အလှန်ချိတ်ဆက်ထားပြီး၊ တစ်ခုစီတွင် သူတို့တာဝန်များရှိနေသည်။

ထိုကဲ့သို့ အံ့သြဖွယ် မြင်ကွင်းကို ကြည့်ရင်း၊ ဗဟုသုတကြွယ်ဝသည့် ရှန့်ကွမ်းချင်ယန်ပင် တုန်လှုပ်နေမိသည်။ အခုအစီအရင်သည် မည်သည့်အရာမျိုးဖြစ်သည်ကို သူမသိသော်လည်း၊ ထိုအစီအရင်အတွင်းရှိ စွမ်းအားကို သူခံစားမိသည်။ အနည်းဆုံး၊ ရှန့်ကွမ်းမိသားစုရဲ့ ကာကွယ်မှုအစီအရင်သည်ပင် ကောင်းကင်နှင့် မြေကြီး စ်တ်ဝိညာဥ်စွမ်းအားများကို ပြောင်းလဲကာ တစ်စုံတစ်ဦးက ထိန်းချုပ်နိုင်သော ဤကဲ့သို့သော အစီအရင်နှင့် မနှိုင်းယှဉ်နိုင်ပေ။ ခဏတာအတွင်း၊ ရှန့်ကွမ်းချင်ယန်သည် သူ့ 'ဗဟုသုတ' နှင့်ပတ်သက်၍ နည်းနည်းလွဲနေသလို ခံစားမိလိုက်သည်။

လင်းယွင်ဂိုဏ်းသည် ရှန့်ကွမ်းမိသားစုမှာပါပင် မရှိသောအရာတစ်ခုရှိပါက၊ ထို့နောက် ဘယ်သူက ပိုပြီးအားကောင်းသန်မာတဲ့ အဖွဲ့အစည်းမှန်းမသိဖြစ်နေသည်။ အစီအရင်ကို ဖွင့်ပြီးနောက်၊ ဂူလင်းဖေးနှင့် တခြားနှစ်ဦးသည် သက်ပြင်းချလိုက်သည်။သူတို့ဆရာသည် ဒီအစီအရင်က မွေးဖွားခြင်းအဆင့်တစ်ဦး၏ တိုက်ခိုက်မှုများကို အချိန်အတန်ကြာ ခုခံနိုင်ရန် လုံလောက်သည်ဟု ပြောခဲ့ဖူးသည်။

ယခုအခါ သူတို့လိုအပ်နေသည်မှာ အချိန်ဖြစ်သည်၊ သူတို့ဆရာ ထွက်လာရန် အချိန်သာဖြစ်သည်။ သို့သော်် သူတို့ အသက်တာ ပုံမှန်ပြန်မဖြစ်ခင်ပဲ၊ များစွာသော အလွန်သန်မာသည့် စ်တ်ဝိညာဥ်စွမ်းအင်လှိုင်းများသည် ကောင်းကင်စွန်းမှ ရုတ်တရက်ပေါ်ထွက်လာသည်။ ရုတ်တရက် စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများသည် ဂူလင်းဖေးနှင့် အခြားသူများအား ချက်ချင်းပင် ကြက်သိမ်းထစေပြီး သူတို့နှလုံးသားများကို တုန်လှုပ်သွားစေသည်။ ဟောက်ယွင်ဂိုဏ်းမှ လူအုပ်စုတစ်စုသည် ဓါးပျံများကိုစီးကာ ပျံသန်းလာသည်ကို သူတို့မြင်နေရသည်။

All Chapters