အခြေတည်စိတ်ဝိညာဥ်အဆင့်သို့ ချိုးဖျက်ခြင်း
Vol. 3 Ch. 39
လင်းယွင်ဂိုဏ်း တောင်တံခါးပေါက်အပြင်ဘက်တွင် ထောင်သောင်းချီသော လူအုပ်ကြီးသည် စုဝေးနေခဲ့သည်။ ဟောက်ယွင်ဂိုဏ်းသည် ဂိုဏ်းစစ်ပွဲကိစ္စကို ကန်းလန်နယ်မြေရှိ လူတိုင်းသိအောင် ပြုလုပ်ခဲ့ခြင်းမှာ အခုလိုလူစိတ်ဝင်စားမှုများအောင် ဖြစ်သည်။ယခုအခါ၊ ကန်းလန်နယ်မြေရှိ ဂိုဏ်းအသီးသီးမ ကျင့်ကြံသူများသည် ဒီနေရာတွင် စုဝေးနေကြသည်။ယနေ့ ဘယ်လိုလိုကိစ္စမျိုးသာ ဖြစ်လာပါစေ၊ အမြန်ဆုံးအရှိန်ဖြင့် ကန်းလန်နယ်မြေတစ်ခုလုံးသို့ သတင်းများ ပျံ့နှံ့သွားမည်ဖြစ်သည်။ ဟောက်ယွင်ဂိုဏ်း အဖွဲ့ရှေ့တွင် ရပ်နေသော ယွမ်ဟုန်ခုန်သည် သူ့အောက်ရှိ လူအုပ်ကြီးကို ကြည့်ရင်း တိတ်တဆိတ် ကျေနပ်နေမိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဒီနေရာတွင် လူများလေလေ၊ ဟောက်ယွင်ဂိုဏ်းရဲ့ ဂုဏ်သတင်းမှာ ပိုမိုမြင့်မားလေလေ ဖြစ်သည်။ ဒီလူများက သူတို့ တစ်ဖက်ရန်သူကိုသတ်ဖြတ်သည့် မြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ပါက၊ ဟောက်ယွင်ဂိုဏ်း၏ ကျော်ကြားမှုသည်လည်း မိုးထိတိုင် မြင့်တက်သွားမည်ဖြစ်သည်။ ထို့ကြောင့်၊ သူသည် လှုပ်ရှားရန် အလျင်စလိုမဖြစ်ခဲ့ပေ။ ယွမ်ဟုန်ခုန်သည် လူတွေပိုရောက်လာရန် စောင့်ဆိုင်းလိုခဲ့သည်။
သို့သော်၊ အောက်ကနေ လာစောင့်နေတဲ့ လူများသည် စိတ်မရှည်တော့ဘဲ အချင်းချင်းဆွေးနွေး နေကြသည်။
“ဟောက်ယွင်ဂိုဏ်းက အခုလို အကြီးကြီးလုပ်လိုက်တာ လင်းယွင်ဂိုဏ်းကတော့ နားကားပြီပဲ”
“ဟုတ်တယ်၊ အထူးသဖြင့် ဟောက်ယွင်ဂိုဏ်းက မဟာအကြီးအကဲ ကိုယ်တိုင်ရောက်ချလာတာပဲကွ၊ ဒါပေမယ့် သူတို့တွေဘာလို့အခုထိ မစကြသေးတာလဲ”
“ဟွန့်...၊ သူတို့တွေ လူတွေထပ်ရောက်လာဖို့ စောင့်နေကြတာလေ”
“လူစောင့်နေတာလား? ဘယ်သူတွေကိုလဲ”
“အခုကိစ္စကြီးကို လူတွေပိုသိပြီး နာမည်ကြီးလာအောင် စောင့်နေတာပေါ့ကွ၊ မင်းကလည်း...”
ထိုစကားကိုကြားရသောအခါ လူတိုင်း ရုတ်တရက် နားလည်သွားကြသည်။
“ဟောက်ယွင်ဂိုဏ်းက အနိုင်ပိုင်းဖို့ လုံးဝဆုံးဖြတ်ထားတာပဲ”
ထိုအချိန်တွင်၊ တခြားတစ်ယောက်က ရုတ်တရက် “လင်းယွင်ဂိုဏ်းက အစတုန်းက ဟောက်ယွင်ဂိုဏ်းရဲ့ ကာကွယ်မှုအောက်က အင်အားစုလေးတစ်ခုပဲ။ သူတို့တွေက ပြင်ပအင်အားစုတစ်ခုနှင့် ပေါင်းပြီး ဟောက်ယွင်ဂိုဏ်းက အကြီးအကဲတစ်ယောက်ကို သတ်လိုက်တာ။ အခုလို သစ္စာဖောက်တွေ သုတ်သင်ခံရထိုက်တယ်။ ဒီနေ့ သူတို့တွေ အကုန်သေဖို့ ထိုက်တန်တယ်!” ဟု အော်ဟစ်လိုက်သည်။
ထ်ုပုဂ္ဂိုလ်ရဲ့အသံသည် အလွန်ကျယ်လောင်ပြီး၊ ခဏတာမျှအတွင်း လူများစွာက လှည့်ကြည့်လိုက်ကြသည်။လင်းယွင်ဂိုဏ်းအတွင်းရှိ ဂူလင်းဖေးနှင့် အခြားသူများပင် သူ့စကားများကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။
ဟွမ်းချောင်ယုသည် “ အရှက်မရှိတဲ့ကောင်၊ ဘယ်တုန်းက လင်းယွင်ဂိုဏ်းက အပြင်လူနဲ့ ပူးပေါင်းဖူးလို့လဲ။” ဟု မထိန်းနိုင်ပဲ ကျိန်ဆဲလိုက်သည်။
ရှန့်ကွမ်းချင်ယန်က “ အမ၊ အခုချိန်မှာ စိတ်လျော့ထားလိုက်ပါ။ သူ့စကားက ကျွန်တော်တို့ကို ပြောနေတာမဟုတ်ဘူး၊ လာကြည့်တဲ့သူကို ပြောနေတာ။ ကြည့်ရတာ ဟောက်ယွင်ဂိုဏ်းကပဲ ဒီလိုအော်ပြောဖို့ လုပ်ထားတာပဲနေမှာ။ အပြင်လူတွေကို သူတို့က အမှန်တရားဖက်တော်သားတွေလို ပုံဖမ်းချင်လို့ပဲ။ တကယ်လို့ ဒီနေ့လင်းယွင်ဂိုဏ်းကို သူတို့ဖျက်စီးရင်တောင် ကျွန်တော်တို့ကိုဘယ်သူမှမသမားအောင်ပဲ။ သူတို့လည်းနာမည်ဆိုးမထွက်အောင် ကြံနေကြတာ” ဟု ချက်ချင်း နှစ်သိမ့်ပေးလိုက်သည်။
သူ့စကားလုံးများကို ကြားပြီးနောက်၊ တပည့်သုံးဦးသည် သူ့စကားများက သင့်တော်သည်ဟု ခံစားလိုက်ရသည်။ ထိုအချက်ကြောင့် သူတို့က ဟောက်ယွင်ဂိုဏ်းကို အရိုးထဲထိ မုန်းတီးသွားသည်။
…
အချိန်အနည်းငယ်ကြာပြီးနောက်၊ ယွမ်ဟုန်ခုန်သည် သူတို့စလှုပ်ရှားရန် အချိန်ကျပြီဟု ခံစားလိုက်ရပြီး အသာလေး ချောင်းဆိုးပြလိုက်သည်။
ဝူပိုရှန်သည် ချက်ချင်းနားလည်သွားပြီး ရှေ့သို့တစ်လှမ်းတိုးကာ “တပည့်အားလုံး နားထောင်ကြ။ လင်းယွင်ဂိုဏ်းက ငါတို့ဂိုဏ်းကတပည့်တွေနဲ့ အကြီးအကဲကို မတရားသတ်ဖြတ်ခြင်းဖြင့် ခွင့်လွှတ်လို့ မရတဲ့ ပြစ်မှုကျူးလွန်ခဲ့တယ်။ ဟောက်ယွင်ဂိုဏ်း ဂိုဏ်းချုပ်အနေနဲ့၊ မင်းတို့အားလုံးကို လင်းယွင်ဂိုဏ်းကို သုတ်သင်ရန် အမိန့်ပေးတယ်။ လူတစ်ယောက်မှအသက်ရှင်မကျန်စေနဲ့” ဟု ရှင်းရှင်းလင်းလင်း အားလုံးကြားအောင် အော်ပြောလိုက်သည်။
“အမိန့်နာခံပါတယ်!”
ဒါဇင်ပေါင်းများစွာသော တပည့်များသည် ချက်ချင်းအမိန့်ကိုလက်ခံပြီး လင်းယွင်ဂိုဏ်းဆီသို့ ချီတက်လိုက်ကြသည်။ ချီတက်လာတဲ့အုပ်စုရဲ့ ခေါင်းဆောင်သည် ရန်မင်ဟွေပင်ဖြစ်သည်။ သို့သော်၊ အခုချိန်တွင် သူ့မျက်နှာအမူအရာသည် သူတို့ပထမဆုံးတွေ့ဆုံစဉ်ကကဲ့သို့ အေးဆေးတည်ငြိမ်မနေဘဲ၊ ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။ကျိုင်းကောင်များကဲ့သို့ သူတို့ထံသို့ ခုန်ပေါက်ပြီး ပြေးလာသော လူအုပ်စုကို မြင်ရသောအခါ၊ ဂူလင်းဖေးနှင့် တခြားသူများသည် ချက်ချင်းပင် သူတို့နှလုံးသားများ တင်းကျပ်သွားသည်။
သူတို့သည် အစီအရင်စွမ်းအားကို မျက်ဝါးထင်ထင်မမြင်ဖူးသေးသဖြင့်၊ စိုးရိမ်နေဆဲဖြစ်သည်။ ဝူပိုရှန်သည် ထိုမြင်ကွင်းကို မာန်မာနထောင်လွှားစွာ ကြည့်နေစဉ်၊ မျှော်လင့်မထားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ သူ့တပည့်အုပ်စုတစ်စုသည် လင်းယွင်ဂိုဏ်းအစွန်းဆီသို့ ရောက်သွားသည်နဲ့ တစ်ပြိုက်နက်၊ သူတို့က ရုတ်တရက် တစ်ပြိုင်နက်တည်း လွှင့်စင်သွားကြသည်။ အကုန်လုံး ထိခိုက်ဒဏ်ရာတွေ ရကုန်ကြပြီး လင်းယွင်ဂိုဏ်းမှလည်း ကြောက်မက်ဖွယ်ရာ အရှိန်အဝါများလည်း ထွက်ပေါ်လာခဲ့သည်။
“ဂိုဏ်းကာကွယ်ရေး အစီအရင်လား” ဟု လာကြည့်တဲ့သူများက ထိုအရာကိုမြင်ပြီး တထိတ်တလန့်ဖြစ်သွားကြသည်။ ပဉ္စမအဆင့် အင်အားစုတစ်ခုတွင် ဂိုဏ်းကာကွယ်ရေး အစီအရင်ရှိမယ်လို့ ဘယ်သူမှ မျှော်လင့်မထားခဲ့ပေ။ ဤအရာကြောင့် ဝူပိုရှန်သည် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာသည် လင်းယွင်ဂိုဏ်းနောက်ကွယ်ရှိ အဖွဲ့အစည်းဖြစ်သည်ဟု ပိုမိုယုံကြည်လာခဲ့သည်။
သူသည် အနည်းငယ် နှာခေါင်းရှုံ့ကာ အမိန့်သစ်တစ်ခုကို ထုတ်ပြန်လိုက်သည်။ “အခြေတည်စိတ်ဝိညာဥ်အဆင့်က အကြီးအကဲတွေ နားထောင်ကြ။ မင်းတို့အားလုံးကို ဒီအစီအရင်ကို ဖျက်ဆီးဖို့ အမိန့်ပေးတယ်”
“နာခံပါတယ်!” အခြေတည်စိတ်ဝိညာဥ်အဆင့်မှ ငါးယောက်သည် ချက်ချင်းအမိန့်ကိုလက်ခံသည်။
နခြားဘာမှမပြောဘဲ၊ သူတို့သည် ချက်ချင်းပင် သူတို့ရဲ့ စိတ်ဝိညာဥ်စွမ်းအင်များကို ထုတ်လိုက်ပြီး အစီအရင်ကို ရုတ်တရက် တရစပ်တိုက်ခိုက်လိုက်သည်။ထိုပေါက်ကွဲထွက်လာတဲ့ စွမ်းအားသည် ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ဖိနှိပ်လိုက်ပြီး၊ ဂူလင်းဖေးနှင့် တခြားသူများသည် သူတို့လည်ချောင်းထဲမှာ တစ်ခုခုလာပိတ်နေသလို လန့်နေကြသည်။အခြေတည်စိတ်ဝိညာဥ်အဆင့်ငါးဦး တစ်ပြိုင်နက်တည်း တိုက်ခိုက်သောအခါ၊ သူတို့စွမ်းအားသည် ကမ္ဘာကြီးကို ဖျက်ဆီးတော့မည့်အလား ပြင်းထန်လွန်းနေသည်။
ဘုံး....!
အကြီးအကဲငါးယောက်မှ ပေါင်းလိုက်တဲ့ စိတ်ဝိညာဥ်စွမ်းအားများက သက်တံ့ကြီးတစ်ခုကဲ့သို့ အစီအရင်ပေါ်သို့ ကျရောက်လာသည်။ မြေကြီးပင်တုန်လှုပ်သွားပြီး လူတွေပါ ချော်လဲသွားခဲ့သည်။ ဖုန်မှုန့်များသည် လေထဲတွင် လွှင့်မျောနေပြီး လင်းယွင်ဂိုဏ်းတစ်ခုလုံးကို နှစ်မြုပ်သွားမည့်အလားရှိနေသည်။ ခဏအကြာ၊ ဖုန်မှုန့်များ အနည်ထိုင်သွားသောအခါ၊ လူတိုင်းကို ပိုမိုအံ့အားသင့်သွားစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လင်းယွင်ဂိုဏ်းမှ ဂိုဏ်းကာကွယ်ရေး အစီအရင်သည် စက္ကန့်ပိုင်းသာ တုန်ခါသွားပြီး တောင်ကြီးတစ်တောက်လို ဆက်လက်တည်ငြိမ်နေသည်ကို သူတို့မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ ဂူလင်းဖေးနှင့် တခြားသူများ ပျော်ရွှင်စွာ အံ့အားသင့်ပြီး စိတ်သက်သာရာရသွားခဲ့ကြသည်။ တိုက်ခိုက်လိုက်တဲ့ အခြေတည်စိတ်ဝိညာဥ်အဆင့်များသည် ချက်ချင်းပင် အမျက်ထွက်သွားကြသည်။ ငါးဦးစလုံးရဲ့ ပေါင်းစပ်အင်အားဖြင့်ပင် အစီအရင်တစ်ခုကိုတောင် မချိုးဖျက်နိုင်ပါက၊ သူတို့ဂုဏ်သိက္ခာ အားလုံးဆုံးရှုံးသွားမည်ဖြစ်သည်။
ငါးယောက်လုံးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဘာမှမထိန်ချန်ထားပဲ ထပ်ပြီးအားကုန်တိုက်ရမ် ပြင်လိုက်ကြသည်။ သူတို့ရဲ့ မကုန်ခမ်းနိုင်သော စိတ်ဝိညာဥ်စွမ်းအင်သည် ဒီရေလှိုင်းကြီးသဖွယ် အဆုံးမရှိသလို အစီအရင်ပေါ်သို့ တိုက်ရိုက်တိုက်ခိုက်နေသည်။ သို့သော််၊ သူတို့မျက်နှာများ နီမြန်းလာပြီး သူတို့ရဲ့စိတ်ဝိညာဥ်စွမ်းအင်သည် အနည်းငယ်ကုန်ခမ်းသွားတယ်လို့ ခံစားလိုက်ရသော်လည်း၊ အစီအရင်သည် အနည်းငယ်သာတုန်ခါသွားပြီး နည်းနည်းလေးတောင် ပျက်စီးသွားခြင်းမရှိပေ။
ဝူပိုရှန်ရဲ့ မျက်နှာအမူအရာ ချက်ချင်းမှောင်မည်းသွားသည်။ ဒီအကြီးအကဲငါးယောက်ရဲ့ ခွန်အားသည် ဟောက်ယွင်ဂိုဏ်းတွင် အထွတ်အထိပ်ဖြစ်သည်။ သို့သော်် ငါးယောက်စလုံး ပူးပေါင်းဆောင်ရွက်နေသည့်တိုင် အစီအရင်ကို မချိုးဖျက်နိုင်ဘူးဆိုရင်၊ ဒီအစီအရင်သည် ဟောက်ယွင်ဂိုဏ်းက ဂိုဏ်းကာကွယ်ရေး အစီအရင်နှင့် နှိုင်းယှဉ်လို့တောင် ရနေသည်။ ထိုအတွေးကို တွေးမိသောအခါ၊ ဝူပိုရှန်သည် ယွမ်ဟုန်ခုန်ဆီသို့ မျက်လှည့်ကြည့်လိုက်သည်။ မဟာအကြီးအကဲသာလျှင် ဒီအစီအရင်ကို ချိုးဖျက်နိုင်မယ်လို့ သူထင်လိုက်သည်။
ယွမ်ဟုန်ခုန်က အထင်သေးသလို နှာခေါင်းရှုံ့လိုက်ကာ “မင်းတို့ကောင်တွေ နောက်ဆုတ်ကြစမ်း” ဟု ပြောလိုက်သည်။
အခြေတည်စိတ်ဝိညာဥ်အဆင့် အကြီးအကဲများသည် ချက်ချင်းပင် နောက်ဆုတ်လိုက်ကြသည်။လူတိုင်းသ ဘောပေါက်လိုက်သည်မှာ ယွမ်ဟုန်ခုန်ကိုယ်တိုင် လုပ်ဆောင်တော့မည်ဖြစ်သည်။ မွေးဖွားခြင်းအဆင့်တစ်ဦးက ကိုယ်တိုင်လှုပ်ရှားမှာကို မြင်ရသောအခါ၊ လူတိုင်းမျက်လုံးများသည် စိုးရိမ်ပူပန်စွာဖြင့် ကြည့်နေကြသည်။
ဂူလင်းဖေးနှင့် တခြားသူများသည် အသက်ရှူရန်ကိုပင် မဝံ့မရဲဖြစ်နေကြသည်။ အခြေတည်စိတ်ဝိညာဥ်အဆင့်နှင့် မွေးဖွားခြင်းအဆင့်ကြားက ကွာဟချက်သည် ကောင်းကင်နှင့် မြေကြီးကြားက ကွာဟချက်လို ခြားနားလှသည်။ မွေးဖွားခြင်းအဆင့်တစ်ဦးကို ရပ်တန့်တားဆီးရန် သူတို့တွင် အနည်းငယ်လေးတောင် ယုံကြည်ချက်မရှိပေ။
ယွမ်ဟုန်ခုမ်သည် သူ့အသက်ရှူသံကို အာရုံစိုက်လိုက်ပြီး ရုတ်တရက် အစီအရင်ဆီကို လက်သီးဖြင့်ထိုးနှက်လိုက်သည်။ ထိုလက်သီးထိုးနှက်ချက်သည် စိတ်ဝိညာဥ်စွမ်းအင် မပါဝင်သကဲ့သို့ ရိုးရှင်းလှသည်။
ယွမ်ဟုန်ခုန်သာလျှင် တကယ်အမှန်ကို သိပေသည်။ဒီတစ်ချက်က သူ့အားအကုန်သုံးပြီး ထိုးချလိုက်တာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒီတစ်ချက်သည်မှာ သူမွေးဖွားခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်သောအခါ နားလည်သဘောပေါက်ခဲ့သော တိုက်ခိုက်ချက်ဖြသ်သည်။ ထိုတိုက်ခိုက်ချက်သည် သူ့စိတ်ဝိညာဥ်စွမ်းအင်ကို မလှုံ့ဆော်ခဲ့ပေ၊ သို့သော် ကောင်းကင်နှင့် မြေကြီးစွမ်းအားကို လှုံ့ဆော်ခဲ့သည်။ဒီတစ်ချက်သည် သာမန်ဖြစ်ပုံရသော်လည်း၊ သဘာဝမှ စိတ်ဝိညာဥ်စွမ်းအားများကို ပိုင်ဆိုင်ထားသည်။
ဘုံး...!
သူ့လက်သီးတိုက်ခိုက်တာ ကျရောက်သွားသောအခါ၊ အစီအရင်သည် ရုတ်တရက် တုန်ခါသွားသည်။ လူတိုင်း အံ့အားသင့်သွားခဲ့သည်။ ထိုအချိန်တွင်၊ လူများစွာက နားလည်သွားကြသည်။ ကျင့်ကြံမှုအဆင့်များကြားက ကွာဟချက်ကို လူအရေအတွက်နဲ့ ဖာထေးလို့မရပေ။ အခြေတည်စိတ်ဝိညာဥ်အဆင့်က ကျင့်ကြံသူငါးဦးက သူတို့စိတ်ဝိညာဥ်စွမ်းအင်များကို ကုန်ခမ်းသွားစေခဲ့သော်လည်း အစီအရင်ကို အနည်းငယ်လေးသာ တုန်ခါရုံလေးသာ ဖြစ်သွားစေခဲ့သည်။
အခြားတစ်ဖက်တွင်၊ မွေးဖွားခြင်းအဆင့်တစ်ယောက်က လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက်၊ အစီအရင်သည် ကျိုးပျက်သွားတော့မည့်အလားရှိနေသည်။
ဂူလင်းဖေးနှင့် တခြားသူများရဲ့ မျက်နှာများက ဥသုံကိုမှောင်မည်းသွားခဲ့သည်။ တကယ်လို့ အစီအရင် ချိုးဖျက်ခံရပါက၊ သူတို့သည် သတ်ဖြတ်ခံရဖို့ စောင့်ဆိုင်းနေရသော သိုးငယ်များဖြစ်သွားပြီး လွတ်မြောက်ရန် နည်းလမ်းမရှိတော့ပေ။ လူတိုင်းက သူတို့ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်နေကြသည်။
ဝူပိုရှန်ကတော့ အလွန်ဝမ်းမြောက်နေသည်။ အစီအရင် ချိုးဖျက်ခံရပါက၊ သူသည် ဒီလူများကို ကိုယ်တိုင်သတ်ဖြတ်ပြီး အနားက လာကြည့်နေသူအားလုံးကို ထိတ်လန့်သွားစေကာ သူ့ဂုဏ်သတင်းကိုလည်း ပြန်ထူထောင်နိုင်မည်ဖြစ်သည်။ လူတိုင်း အကြည့်သည် ယွမ်ဟုန်ခုန်ပေါ်တွင် စုနေသည်။ သူသာ နောက်ထပ်ပြန်တိုက်လိုက်ပါက၊ အစီအရင် ချိုးဖျက်ခံရနိုင်သည်။ အဲ့လိုနဲ့ပဲ အရာအားလုံးပြီးဆုံးသွားမည်ဖြစ်သည်။
လူတိုင်းအကြည့်အောက်တွင်၊ ယွမ်ဟုန်ခုန်သည် သူ့လက်ကို ဖြေးဖြေးလေး မြှောက်တင်လိုက်သည်။ သူ့တိုက်ခိုက်ချက်က အစီအရင်ပေါ် ဆင်းသက်တော့မည့်အချိန်တွင်၊ စွမ်းအားပြင်းထန်သော စ်တ်ဝိညာဥ်စွမ်းအင်များသည် လင်းယွင်ဂိုဏ်းအတွင်းမှ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ထိုစိတ်ဝိညာဥ်စွမ်းအင်များသည် ကောင်းကင်ထိသို့ ထိုးတက်သွားပြီး မိုင်ထောင်ပေါင်းများစွာ ဖြတ်သန်းကာ အလွန်တရာ ကြီးကျယ်ခမ်းနားနေသည်။ ခဏအတွင်းမှာပင် လူတိုင်း အံ့အားသင့်သွားကြသည်။