← Chapters

အခြေတည်စိတ်ဝိညာဥ်အဆင့်ရဲ့ အကာကွယ်ကို ချိုးဖြတ်နိုင်တဲ့ ကောင်းကင်ဖျက်စီးလက်ချောင်း

Vol. 3 Ch. 28

အခြေတည်စိတ်ဝိညာဥ်အဆင့်ရဲ့ အကာကွယ်ကို ချိုးဖြတ်နိုင်တဲ့ ကောင်းကင်ဖျက်စီးလက်ချောင်း

Vol. 3 Ch. 28

ပုံစံကြီးမားတဲ့ မီးခိုးရောင်လက်ချောင်းတစ်ချောင်းသည် ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။ ထိုလက်ချောင်းကို ကြည့်နေစဉ် ယဲ့ယွမ်ဖန်နှင့် ဟွမ်းချောင်ယုတို့၏ နှလုံးသားများသည် အံ့အားသင့်မှုဖြင့် ပြည့်လျှမ်းနေခဲ့သည်။ ကျန်းယီမင်သည် ရန်မင်ဟွေကို အနိုင်ပိုင်းခဲ့စဉ်ကလည်း ဒီကောင်းကင်ဖျက်စီးကျင့်စဉ်ကိုလည်း အသုံးပြုခဲ့သည်။ သို့သော် အခုလက်ချောင်းနှင့် နှိုင်းယှဉ်လျှင် ထိုစဉ်က သုံးခဲ့သော လက်ချောင်းသည် ဖုန်မှုန့်လေးတစ်ခုလို သေးငယ်နေသည်။

သူတို့မသိတာကတော့ အခုခါလက်ချောင်းကတော့ ကျန်းယီမင်သည် သူ့ရဲ့ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်စွမ်းအား အားထုတ်မှုတို့ကို အသုံးပြုပြီး ထုတ်လွှတ်ခဲ့သော တိုက်ခိုက်မှုတစ်ခုဖြစ်သည်။ ၎င်းကို ကောင်းကင်ဖျက်စီးလက်ချောင်းဟု ခေါ်နိုင်သော်လည်း ဝိညာဉ်ဖျက်စီးလက်ချောင်းဆိုတဲ့ နာမည်က ပိုလိုက်ဖက်သည်။

ထိုအခိုက်တွင် ရန်ရူထျန်းရဲ့နှလုံးသားသည် လေးပင်ကာ တုန်လှုပ်မှုများနဲ့ ပြည့်နှက်နေခဲ့သည်။ ဒီလက်ချောင်းမှ ထုတ်လွှတ်နေတဲ့ စိတ်စွမ်းအားသည် သူ့အား မလွယ်ကူတဲ့ ကြောက်ရွံ့မှုတစ်ခုကို ခံစားရစေခဲ့သည်။ သို့သော် သူသည် အခုမှ နောက်ဆုတ်ဖို့ မကြိုးစားတော့ဘဲ စွမ်းအားအပြည့်ဖြင့် ရင်ဆိုင်တိုက်ခိုက်ရန် ထပ်ပြင်ဆင်လိုက်သည်။ ထို့နောက် သူက သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ စိတ်စွမ်းအားကို အပြည့်အဝ လည်ပတ်စေလိုက်ပြီး ကောင်းကင်နှင့် မြေကြီးတို့ရဲ့ စိတ်စွမ်းအားကို ချက်ချင်းဆိုသလို ဆွဲယူလိုက်သည်။

ဤသို့ဖြင့် ကြက်သွေးရောင်အလင်းသည် ကောင်းကင်တွင် ပေါက်ကွဲထွက်လာပြီး လောင်ကျွမ်းနေသော မီးလျှံများသည် ပို၍တောက်ပလာခဲ့သည်။ ကောင်းကင်နှင့် မြေကြီးကြားရှိ လေထုသည် ချက်ချင်းဆိုသလို ပိုပူလာခဲ့သည်။

"သေလိုက်စမ်း" ဟုဒေါသထွက်နေတဲ့ ရန်ရူထျန်းက အော်ဟစ်လိုက်သည်။

သို့သော် ကျန်းယီမင်ရဲ့ မျက်နှာပေါ်က အမူအရာကတော့ မပြောင်းလဲသွားခဲ့ပေ။ ဧရာမလက်ချောင်းနှင့် မီးလျှံများ တိုက်မိသောအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းဆိုသလို ထူထဲပြီးမည်းမှောင်နေတဲ့ မီးခိုးများ ပေါက်ကွဲထွက်လာခဲ့သည်။ မီးခိုးများသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖုံးလွှမ်းကာ လှိမ့်ကာပြန့်နှံ့ပြီး ခဏအတွင်း ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားခဲ့သည်။

ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းစီးဆင်းနေသည့် မီးလျှံများသည် ပျောက်ကွယ်သွားခဲ့သည်။ မီးခိုးရောင် ဧရာမလက်ချောင်းသည်လည်း လေထုလုံးအဖြစ်သို့ ပြောင်းလဲသွားကာ ပျံ့နှံ့ပြီး ပျောက်သွားခဲ့သည်။

"နောက်ဆုတ်လိုက်ကြ" ဟု ဂူလင်းဖေးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ အချိန်မဖြုန်းတော့ပဲ သူသည် သူ့ညီ၊ညီမတို့ရှေ့တွင် အကာအရံတစ်ခုဖွဲ့စည်းရန် စိတ်စွမ်းအင်ကို မြန်မြန်ဆန်ဆန် အသုံးပြုခဲ့သည်။ ထို့နောက် ဟွမ်းချောင်ယုနှင့် တခြားသူများကို ကာကွယ်ရင်း သူတို့သည် အတော်အတန်လေးဝေးရာသို့ ဆုတ်ခွာသွားခဲ့ကြသည်။

"ဒါတကယ်ပဲ ဆရာနဲ့ အကြီးအကဲရန်ကြားက တိုက်ပွဲလား? ကမ္ဘာကြီးတစ်ခုလုံး ပျက်သွားတော့မလိုတောင် ခံစားလိုက်ရတယ်" ဟု ပြောကာ ယဲ့ယွမ်ဖန်က သူ့နှုတ်ခမ်းများပင် ခြောက်သွေ့နေတာကို ခံစားရပြီး သူ့မျက်နှာက အံ့အားသင့်မှုများဖြင့် ပြည့်နေဆဲဖြစ်သည်။

ဟွမ်းချောင်ယုနှင့် ဂူလင်းဖေးတို့သည်လည်း ထိုမေးခွန်းကို ဘယ်လိုဖြေရမည်ကို မသိခဲ့ကြပေ။ လူတိုင်းသည် ထိုဖြစ်ရပ်ကို ကြည့်လိုက်ကြပြီး ကျန်းယီမင်ကတော့ အေးဆေးတည်ငြိမ်စွာ ရပ်နေဆဲဖြစ်တာကို တွေ့မြင်လိုက်ရသည်။ ဆန့်ကျင်ဘက်အားဖြင့် ရန်ရူထျန်းကတော့ မီတာ တစ်ရာကျော် ဆုတ်ခွာသွားခဲ့ရသည်။ ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ရှုပ်ပွနေပြီး ရင်ဘတ်ပေါ်ရှိ အဝတ်အစားများသည် မီးခိုးရောင်သို့ ပြောင်းသွားကာ သူ့နှုတ်ခမ်းထောင့်ကနေလည်း သွေးများစီးလာတာကို တွေ့လိုက်ရသည်။ သူပုံစံက အလွန်ပင် သနားစရာကောင်းနေသည်။

ကျန်းယီမင်သည် ကောင်းကင်မှ ဖြည်းဖြည်းချင်း ဆင်းလာပြီး တဖြည်းဖြည်း ရန်ရူထျန်းထံ ချဉ်းကပ်လာခဲ့သည်။ ထိုအရာသည် ရန်ရူထျန်းအား ချက်ချင်း ကြောက်လန့်စေခဲ့သည်။

သူသည် မြန်မြန်ဆန်ဆန် "ဂိုဏ်းချုပ်ကျန်း၊ ကျေးဇူးပြုပြီး ခနလေးနေပါဦး! ဂိုဏ်းချုပ်ကျန်းက တကယ့် ပါရမီရှင်ပဲ။ ဒီလိုငယ်ငယ်လေးနဲ့တောင် ကျင့်ကြံရေးက နက်ရှိုင်းနေပြီ။ ငါ မင်းကို တကယ် လေးစားမိတယ်" ဟု ပြောလိုက်သည်။

ရန်ရူထျန်းသည် ခပ်မြန်မြန် မြှောက်ပင့်တဲ့ စကားလုံးများကို ပြောခဲ့သော်လည်း ကျန်းယီမင်က ဘာတုံ့ပြန်မှုမှ မရှိခဲ့သကဲ့သို့ သူကလည်း မရပ်တန့်ခဲ့ပေ။ထိုအရာကို မြင်ရသောအခါ ရန်ရူထျန်းသည် ပိုပြီးစိတ်ရှုပ်သွားခဲ့သည်။

သူသည် အလောတကြီး ဒူးထောက်ကာ "ဂိုဏ်းချုပ်ကျန်း၊ အဲ့နေ့က ဖြစ်ခဲ့တာတွေအတွက် ငါ့သားက အပြစ်ရှိပါတယ်။ ကျေးဇူးပြု၍ ငါ့က မင်းကို တောင်းပန်ပါရစေ။ ငါက သေချာ မစုံစမ်းဘဲ ဒီမှာလာပြီး မင်း ဒေါသထွက်အောင် မလုပ်လိုက်သင့်ဘူး။ ငါ ကတိပြုပါတယ်၊ ဂိုဏ်းချုပ်ကျန်းက ဒီနေ့ ငါ့အသက်ကို ချမ်းသာပေးရင် ငါ ဂိုဏ်းကို ပြန်ရောက်တဲ့အခါ ငါ့သားကို သေသေချာချာ ဆုံးမလိုက်ပါ့မယ်" ဟု ထပ်ပြောသည်။

ရန်ရူထျန်း တကယ်တမ်း တွေးနေတာကတော့ သူသာပြန်နိုင်ခဲ့ရင် ရန်မင်ဟွေကို အရင်ဆုံး ကောင်းကောင်းကြီး ရိုက်နှက်ပစ်မယ်ဆိုတာပါ။ ကျန်းယီမင်နဲ့ လက်ရည်ချင်း ဖလှယ်တယ်လို့ ရန်မင်ဟွေပြောတာက လိမ်ညာနေမှန်း သူသိသွားခဲ့သည်။ ပုံမှန်အကြောင်းတစ်ခုခု သူ့ကိုလိမ်တာ ပြဿနာမရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ ရန်မင်ဟွေက သူ့အဖေကို မီးစင်တင်ကာ ရောင်းစားလိုက်သည်။

"ဂိုဏ်းချုပ်ကျန်း၊ ငါကတိပေးတယ်၊ ဒီနေ့ကစပြီး ဟောက်ယွင်ဂိုဏ်းက လင်းယွင်ဂိုဏ်းကို ဘယ်တော့မှ ဒုက္ခမပေးတော့ဘူး။ ဒီနေ့ကစပြီး ဂိုဏ်းနှစ်ခုက ညီအစ်ကိုတွေလို မဟာမိတ်ဖြစ်လာကြမယ်။ မင်းဘယ်လိုထင်လဲ"

" အရေးမပါဘူးလို ငါထင်တယ်" ဟု ကျန်းယီမင်သည် ရန်ရူထျန်းနားသို့ ရောက်လာပြီ အထက်မှ အေးစက်စွာ ပြောခဲ့သည်။

"ငါက ငါ့ရန်သူကို အသက်ရှင်ခွင့်ပေးတဲ့ အရမ်းမိုက်မဲတဲ့ အရာတစ်ခုကို ဘယ်တော့မှ မလုပ်ဘူး။ ဒါကြောင့် မင်းသေကို သေရမယ်"

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းယီမင်သည် လှုပ်ရှားမှုတစ်ခုပြုလုပ်ကာ သူ့လက်ဝါးကို အောက်သို့ ရိုက်ချလိုက်သည်။ ရန်ရူထျန်းသည် ကြောက်လန့်သွားပြီး သူ့မျက်လုံးများ ချက်ချင်း ပြူးကျယ်လာခဲ့သည်။ သူက ခနလေးကတင် အပြီးသတ် တိုက်ကွက်ကို အသုံးပြုသည့်အခါ သူ့ခန္ဓာကိုယ်အတွင်းရှိ စိတ်စွမ်းအားအားလုံးကို အသုံးပြုပြီးဖြစ်သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အခုတော့ ဂျယ်လီတုံးတစ်ခုကဲ့သို့ ခံစားနေရပြီး သူ့လက်ကို လှုပ်ရှားရန်ပင် ခက်ခဲနေတာကို သူခံစားရသည်။ ထို့ကြောင့် ထိုလက်ဝါးကို သူက ဘယ်လိုရှောင်ရှားနိုင်မည်နည်း။သူသေတော့မှာကို မြင်ရသောအခါ ရန်ရူထျန်းသည် သူ့စိတ်ကို ဆုံးဖြတ်ချလိုက်ပြီး ရူးသွပ်တဲ့ အကြည့်တစ်ခု သူ့မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။

သူက ဒေါသကြီးစွာ "မင်းက ငါ့ကိုသတ်ချင်တာလား? ဒါဆိုရင် အတူတူ သေလိုက်ကြရအောင်" ဟု ပြောလိုက်သည်။

ခဏအတွင်း အလင်းတန်းတစ်ခုသည် ရန်ရူထျန်းခန္ဓာကိုယ်မှ ပေါက်ထွက်လာခဲ့သည်။ သူခန္ဓာကိုယ်က စိတ်စွမ်းအင်သည် မြင့်တက်လာပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

"မကောင်းတော့ဘူး" ဟု သိပ်မဝေးတဲ့ နေရာက နေရာတွင် ယွီရှန်ပိုင်ရဲ့ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲကာ အော်ဟစ်လိုက်သည်။

ရန်ရူထျန်းက ကျန်းယီမင်နှင့် အဆုံးထိတိုင် ဆန့်ကျင်ရန် မိမိကိုယ်ကို ပေါက်ကွဲမယ်ဆိုတာကို သူမ မမျှော်လင့်ထားခဲ့ပေ။ အခြေတည်စိတ်ဝိညာဉ်အဆင့်တစ်ဦးရဲ့ မိမိကိုယ်ကို ပေါက်ကွဲမှုမှ ထုတ်လွှတ်လိုက်သော စွမ်းအားသည် အရာအားလုံးကိုပင် ဖျက်ဆီးနိုင်သည်ဟု ဆိုနိုင်သည်။ ဂူလင်းဖေးနှင့် တခြားသူများသည် ထိုသို့သော စွမ်းအားကို မခုခံနိုင်ကြပေ။ ယွီရှန်ပိုင်ရဲ့ မျက်နှာသည် တင်းမာသွားခဲ့သည်။ သူမသည် သူတို့ကို ကာကွယ်ရန် အခြေတည်စိတ်ဝိညာဉ်အဆင့်ရှိ သူမ ခွန်အားကို ဖော်ထုတ်ရန် အသင့်ရှိနေသည်။

"ဟူး....."

ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးကြားတွင် လေပြင်းတစ်ခု ရုတ်တရက် တိုက်ခတ်လာခဲ့သည်။ဆံပင်ဖြူနှင့် မုတ်ဆိတ်ဖြူရှိသော အဘိုးအိုတစ်ဦးသည် ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ ဟွမ်းချောင်ယုနှင့် တခြားသူများရှေ့တွင် အရောင်စုံအကာအရံတစ်ခု ရုတ်တရက် လင်းလက်လာခဲ့သည်။

...

"ဘုန်း......."

ရန်ရူထျန်းကို ဗဟိုပြုကာ အလင်းတန်းများသည် ချက်ချင်းဆိုသလို ပြန့်နှံ့သွားခဲ့သည်။ မမြင်နိုင်တဲ့အပူလှိုင်းတစ်ခုသည် တောင်ထွတ်တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့သည်။ ဟွမ်းချောင်ယုနှင့် တခြားသူများတို့ရဲ့ နှလုံးသားများသည် သူတို့လည်ချောင်းထဲတွင် တစ်ဆို့နေသလို ရှိနေခဲ့သည်။ သူတို့၏ နှလုံးသားများသည် ကြောက်ရွံ့မှု၊ အံ့အားသင့်မှုနှင့် စိုးရိမ်မှုတို့ဖြင့် ရောထွေးနေခဲ့သည်။ အရောင်စုံအကာအရံသည် ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲအကြိမ်ရာချီကို ကာကွယ်ပေးခဲ့သည်။

သို့သော် သူတို့၏ဆရာတွင် ဒီလို အကာအရံမရှိခဲ့ပေ။ ပေါက်ကွဲရဲ့ အဆုံးသတ်ရလဒ်များကို သူတို့ ကြိုးစားကြည့်ခဲ့ကြသော်လည်း မျက်စိစေးစေနိုင်တဲ့ အလင်းများသည် သူတို့အား အတင်းပင် မျက်စိမှိတ်စေခဲ့သည်။ ခဏအကြာတွင် အလင်းသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။

"ဟားဟား၊ ကျန်းယီမင်၊ သေလိုက်စမ်း၊ ဘာတတ်နိုင်သေးလဲ၊ ဟားဟားဟား" ဟု ရန်ရူထျန်းရဲ့ အမုန်းများနဲ့ အသံသည် လေထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

ထိုအချိန် မိမိကိုယ်ကို ပေါက်ကွဲမှုကြောင့် သူ့ခန္ဓာကိုယ်သည် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သော်လည်း သူ့အခြေတည်စိတ်ဝိညာဉ်သည် ရှိနေဆဲဖြစ်သည်။ ထိုအရာသည် အခြေတည်စိတ်ဝိညာဉ်အဆင့်ရဲ့ လွှင့်စင်လာသော စိတ်ဝိညာဥ်ဖြစ်သည်။ လူတစ်ဦးရဲ့ အခြေတည်စိတ်ဝိညာဉ်သည် ရှိနေသမျှကာလပတ်လုံး ခန္ဓာကိုယ်ပျက်စီးသွားသည့်တိုင် ထိုလူသည် အသက်ရှင်နိုင်နေဆဲဖြစ်သည်။ အကယ်၍ နောင်တွင် အခြားခန္ဓာကိုယ်တစ်ခုကို ဖန်တီးနိုင်ပါက ထိုလူသည် ပြန်လည် ရှင်သန်နိုင်မည်ဖြစ်သည်။

မိမိကိုယ်ကို ပေါက်ကွဲမှုရဲ့ တန်ကြေးသည် အနည်းငယ် မြင့်မားသော်လည်း သူ့အသက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ကျန်းယီမင်ကို သတ်နိုင်ပါက ရန်ရူထျန်းအမြင်မှ ကြည့်လျှင်အရာအားလုံးသည် တန်ဖိုးရှိသည်။

"သေချာလို့လား" ရန်ရူထျန်း ကျေနပ်ဝမ်းမြောက်စွာ အော်ဟစ်နေစဉ် တည်ငြိမ်နေတဲ့ အသံတစ်ခုသည် ပေါက်ကွဲမှုရဲ့ဗဟိုမှ ကြားလိုက်ရသည်။ ထို့နောက် ကျန်းယီမင်ရဲ့ မတ်တတ်ရပ်နေတဲ့ ပုံရိပ်သည် လူတိုင်းရဲ့မျက်စိရှေ့တွင် ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။

"မဖြစ်နိုင်ဘူး" ဟု ရန်ရူထျန်းရဲ့ အခြေတည်စိတ်ဝိညာဉ်က အော်ဟစ်လိုက်သည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်တစ်ဦး၏ မိမိကိုယ်ကို ပေါက်ကွဲမှုကို ရင်ဆိုင်ရပါက တူညီသောအဆင့်ရှိ ကျင့်ကြံသူတစ်ဦးပင် ပြင်းထန်စွာ ဒဏ်ရာရပြီး သေဆုံးစေနိုင်သည်။ ကျန်းယီမင်က ဘာလို့ ဒဏ်ရာမရဘဲ ရှင်နေရသေးတာလဲ။

ကျန်းယီမင်သည် အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိရုံသာမက မြင့်မြတ်ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားကြောင်း ရန်ရှုထျန်းက မသိနိုင်ခဲ့ပေ။ အခြေတည်စိတ်ဝိညာဉ်အစောပိုင်းအဆင့်တစ်ဦး၏ မိမိကိုယ်ကို ပေါက်ကွဲမှုကို အသာထား အခြေတည်စိတ်ဝိညာဉ် ပြီးပြည့်စုံအဆင့်တစ်ဦးထံမှ ပေါက်ကွဲမှုသည်ပင် သူ့ကိုဘာမှမဖြစ်နိုင်စေပေ။ ရန်ရူထျန်းသည် ခဏတစ်ဖြုတ် အံ့အားသင့်သွားပြီးနောက် ချက်ချင်းသတိဝင်လာခဲ့သည်။

သူထွက်ပြေးရမည်။ သူမပြေးပါက သူသည် တကယ်ပင် ထာဝရသေဆုံးသွားမည်ဖြစ်သည်။ သို့သော် သူမပြေးခင်မှာဘဲ ကျန်းယီမင်သည် သူ့ကို ဖမ်းမိခဲ့သည်။

"အခု ထွက်ပြေးဖို့ လုပ်နေတာလား။ နောက်ကျသွားပြီ" ဟု ကျန်းယီမင်ရဲ့ အေးစက်နေတဲ့ အသံသည် ကြားလိုက်ရပြီး ရန်ရူထျန်းသည် ချက်ချင်းအမှောင်တွင်းထဲသို့ ကျသွားသည်ဟု ခံစားရသည်။

ထိုအခိုက်တွင် သူသည် တကယ်ကို ကြောက်ရွံ့နေခဲ့သည်။

"မဟုတ်ဘူး၊ မလုပ်ပါနဲ့" ဟု သူ အသနားခံ တောင်းပန်မယ့်အချိန်တွင် ကျန်းယီမင်က ရုတ်တရက် သူ့လက်ဝါးကိုတွင် အားစိုက်ပြီး သူ့ကို ညစ်လိုက်သည်။ ပြင်းထန်ပြီး သန်မာတဲ့ စိတ်စွမ်းအားသည် ချက်ချင်းဆိုသလို သူ့လက်ဝါးကနေ ပေါက်ကွဲထွက်လာခဲ့သည်။

ရန်ရူထျန်း သေဆုံးသွားခဲ့သည်။

တိုင်းပြည်အကြံပေးနှင့် တခြားသူများသည် ကျန်းယီမင်ရဲ့ သတ်ပစ်ရန် ဆုံးဖြတ်ချက်အတွက် သူတို့ အံ့အားသင့်သွားခဲ့ကြသည်။ ဒါပေမယ့် သူတို့က ကျန်းယီမင်သည် ရန်ရူထျန်း မိမိကိုယ်ကို ပေါက်ကွဲမှုမှ ဒဏ်ရာမရဘဲ ဘာမှမဖြစ်တာက သူတို့ကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။

တိုင်းပြည်အကြံပေးက အထူးသဖြင့် ပိုအံ့အားသင့်သွားခဲ့သည်။ ကျန်းယီမင်ရဲ့ ခွန်အားကို ပြန်လည်စစ်ဆေး သတ်မှတ်ရန် လိုအပ်တာကို သူနားလည်သွားသည်။ ကျန်းယီမင်က သူ့ကို ကြည့်လိုက်သောအခါ တိုင်းပြည်အကြံပေးသည် ရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်လိုက်ရသလို သူခံစားလိုက်ရသည်။

All Chapters