← Chapters

မင်းကို အနိုင်ပိုင်းဖို့လား၊ နှစ်ကွက်ပဲလိုတယ်

Vol. 4 Ch. 42

မင်းကို အနိုင်ပိုင်းဖို့လား၊ နှစ်ကွက်ပဲလိုတယ်

Vol. 4 Ch. 42

သူသည် လောလောဆယ် ပျက်သုဥ်းခြင်းလက်ဝါးကို အသုံးပြုရန် သူ့စွမ်းအားအားလုံးနီးပါးကို သုံးလိုက်ရသည်။ တစ်ဖက်ရန်သူရဲ့ မထီမဲ့မြင်ပြုသော ပုံရိပ်သည် ယခုအခါ ပျောက်ကွယ်သွားခဲ့သည်။ လေထုတစ်ခုလုံးတွင် ကြောက်ရွံ့မှု၊ မရေရာမှု၊ လေးစားမှုများ ပြန့်လွှင့်နေသည်။

"ဆရာက မွေးဖွားခြင်းအဆင့်က တိုက်လိုက်တဲ့ လက်ဝါးကို ပြန်တ်ုက်ထုတ်နိုင်တယ်ဟ"

" ဘုရားရေ၊ ဆရာက ဘယ်လိုအခွင့်အလမ်းမျိုးများ ရထားတာလဲ။ အခုလိုခနလေး တံခါးပိတ်ကျင့်ထွက်လာတာကနေ ဒီလိုတောင်အရမ်းစွမ်းလာရတယ်လို့..."

တပည့်အားလုံးက လေထဲတွင် ရပ်နေသေးသော ကျန်းယီမင်ကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြသည်။

"မင်းရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်လဲ?" ယွမ်ဟုန်ခုန်က စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။

သူတို့ဂိုဏ်းတွင်း ဆွေးနွေးခဲ့သည့်အတိုင်း၊ ဒီကောင်သည် အများဆုံး အခြေတည်စိတ်ဝိညာဥ်အဆင့်တွင်သာ ရှိသင့်သည်။ အခြေတည်စိတ်ဝိညာဥ်အဆင့်တွင်ရှိခြင်းသည် ဟောက်ယွင်ဂိုဏ်းတွင် အတော်သန်မာသည်ဟု ယူဆနိုင်သော်လည်း၊ သူသည် မွေးဖွားခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ထားသည်။ သို့သော် ယခုအခါ၊ ဟောက်ယွင်ဂိုဏ်းက အစွမ်းထက်ဆုံး ကျင့်ကြံသူသည် ပဉ္စမအဆင့် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ထံမှ ရှုံးနိမ့်ခဲ့သည်။ သတင်းများ ပျံ့နှံ့သွားပါက၊ လူများက သူ့ကိုဘယ်လိုတောင် ပြောလိုက်ကြမလဲ။

"အဲ့ဒါက အရေးကြီးသလား? မင်းငါ့တို့ကို သတ်ဖို့ ဒီမှာရောက်နေတာမဟုတ်လား? မင်းငါ့ဂိုဏ်းကို ဖျက်စီးချင်တယ်၊ ဒါပေမယ့် အရင်ကမင်းရဲ့ အခြေတည်စိတ်ဝိညာဥ်အဆင့် အကြီးအကဲက မလုပ်နိုင်ခဲ့ဘူး။ အခု မင်းလုပ်နိုင်မလားလို့ ငါသိချင်တယ်" ဟု ကျန်းယီမင်က ပြက်ရယ်ပြုလိုက်သည်။ သူ့အသံသည် ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်နေပြီး၊ သူ့စကားလုံးတိုင်းသည် လက်ရှိ ယဟောက်ယွင်ဂိုဏ်းဝင်အားလုံးရဲ့ မျက်နှာပေါ်တွင် ဖြတ်ရိုက်သကဲ့သို့ဖြစ်နေသည်။

" စော်ကားလွန်းလှတယ်"ဟု ယွမ်ဟုန်ခုန်သည် သူ့မျက်နှာရှေ့တွင် ပေါ်တင်အရှက်ကွဲနေတာကို ဆက်လက်မခံနိုင်တော့ပေ။ သူ့လက်များက စည်းတံဆိပ်တစ်ခုကို ထပ်မံဖွဲ့စည်းလိုက်သည်။

သူ့ရှေ့တွင် ရပ်နေသောသူသည် ဆက်လက်အေးဆေးတည်ငြိမ်ဖြစ်နေသော်လည်း၊ သူ့စိတ်ဝိညာဥ်စွမ်းအားများသည် သိသိသာသာ တည်ငြိမ်မှုမရှိတော့ပေ။ သူ့ဘက်မှ လူများသည်လည်း ခုနကတိုက်ပွဲမှ နောက်ဆက်တွဲသက်ရောက်မှုများကြောင့် ဒဏ်ရာရသွားသည်။ တကယ်လို့သာ သူတို့ဆက်တိုက်ခိုက်ပါက၊ အဆုံးရလဒ်မှာ နှစ်ဖွဲ့စလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခြင်းပင်ဖြစ်သည်။ ယွမ်ဟုန်ခုန်သည် သက်ပြင်းရှည်တစ်ခု ချလိုက်ပြီး သူ့လက်များဖြင့် စည်းတံဆိပ်တစ်ခုကို ထပ်မံဖွဲ့စည်းလိုက်သည်။

ကိစ္စများသည် ဒီအဆင့်သို့ရောက်ရှိလာပြီဖြစ်သောကြောင့်၊ သူဘယ်အရာကိုမဆို စွန့်လွှတ်ပြီးကို သူရှေ့တွင် ရှိသော ဂိုဏ်းကို သုတ်သင်ရမည်ဖြစ်သည်။ မဟုတ်ပါက၊ သူသည် သူ့ရင်ဘတ်ထဲတွင် မြွေတစ်ကောင်ကို မွေးမြူထားသလ်ုဖြစ်နေလိမ့်မည်။

" အကာအကွယ်တစ်ခု လုပ်ကြစမ်း! ငါတို့ထဲက တစ်ယောက်သေမှ ဒီတိုက်ပွဲပြီးမှာ" ဝူပိုရှန်မျက်နှာအမူအရာသည် လေးနက်နေပြီး၊ ဒဏ်ရာရသူများကို ကုသရန် အကာကွယ်တစ်ခုကို စီစဉ်ရန် ဂိုဏ်းဝင်များအား အလျင်အမြန်စီစဉ်ခိုင်းနေသည်။

"လင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်ကဘယ်သူများလဲ?"

" ငါလည်း သေချာမသိဘူး။ ဒါပေမယ့် ငါတို့တွေ သူတို့ကြားက တိုက်ပွဲမှာ ဝင်စွပ်ဖက်ခွင့်မရှိဘူး" ဟု လာကြည့်သူများကလည်း အကြိတ်အနယ်ဆွေးနွေးနေကြသည်။

ထိုအချိန်တွင်၊ ကျန်းယီမင်ရဲ့ စိတ်ဝိညာဥ်စွမ်းအင်များသည် သူ့ကိုဝိုင်းရံကာ ပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး ယွမ်ဟုန်ခုန်ကို ကြည့်နေသည်။

" သေတဲ့အထိတိုက်မယ်ပေါ့။ ငါလည်းအဲ့လိုမျိုးမှ ကြိုက်တာ"ဟု လှမ်းပြောလိုက်သည်။

"ဆရာ၊ သတိထားပါ! ဆရာ့ကိုယ်ကို မဖိအားပေးပါနဲ့!"

အခြေတည်စိတ်ဝိညာဥ်အဆင့်နှင့် မွေးဖွားခြင်းအဆင့်ကြားက ကွာဟချက်သည် ကောင်းကင်နှင့် မြေကြီးကြားက ကွာဟချက်နှင့် တူညီသည်။ လင်းယွင်ဂိုဏ်း တပည့်များသည် စိုးရိမ်ပူပန်နေသောကြောင့် ခြေထောက်များပင် တုန်နေကြသည်။ သူတို့ဆရာ ဒီတိုက်ပွဲကြောင့် တစ်ခုခုဖြစ်သွားမှာကို ကြောက်နေကြသည်။

"မင်းတို့သာ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ သူ့လိုအရည်အချင်းမရှိတဲ့သူက ငါ့ဘာလုပ်နိုင်မှာမလို့လဲ"

ထိုစကားကြားသောအခါ ယွမ်ဟုန်ခုန်က သူ့ကိုယ်သူ မထိန်းနိုင်ပဲ ဒေါသထွက်သွားသည်။ သူ့ပတ်လည်ရှိ စိတ်ဝိညာဥ်စွမ်းအင်များသည် ဓားများစွာအဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်းယီမင်ဆီသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ကျန်းယီမင်သည် သူ့လက်သီးများကို ဆုပ်လိုက်ပြီး သူ့ကိုကာကွယ်စန် အတားအဆီးတစ်ခု လုပ်လိုက်သည်။ ဓားများသည် ကျန်းယီမင်ထံသို့ ချဉ်းကပ်သောအခါ၊ သူတို့က စိတ်ဝိညာဥ်စွမ်းအင်မျှင်များစွာအဖြစ်သို့ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသည်။ ခဏအတွင်းမှာပင်၊ သူတို့သည် ကျန်းယီမင်ကို ဝိုင်းရံထားသော လှောင်အိမ်ကြီးတစ်ခုကို ဖွဲ့စည်းသွားသည်။

ပိတ်ဆို့ခံရပြီးနောက်၊ စိတ်ဝိညာဥ်စွမ်းအင်များစွာသည် လေထုကို လွှင့်စင်လာသည်။ ဤသည်မှာ မွေးဖွားခြင်းအဆင့်မှ စိတ်ဝိညာဥ်စွမ်းအင်အပေါ် ထိန်းချုပ်မှုဖြစ်သည်။

"ဟမ်၊ ခုနကတုန်းကပဲ ငါတို့တွေ လက်ရည်စမ်းပြီးပြီမလား။ ဘာလို့ အခြေတည်ထောင်ခြင်းအဆင့်လောက်က တိုက်ကွက်တွေ ငါ့လာသုံးနေရတာလဲ"ဟု ကျန်းယီမင်က သူလုပ်ထားသော အကာကွယ်ကို ဖယ်ရှားလိုက်ကာ၊ သူ့လက်ဖြင့်ရိုက်ထုတ်ကာ စိတ်ဝိညာဥ်စွမ်းအင်ဖြင့်ပြုလုပ်ထားသော လှောင်အိမ်ကို တိုက်ရိုက်ချိုးဖျက်လိုက်သည်။

သူ့ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ယွမ်ဟုန်ခုန်ဘေးသို့ လျှပ်တစ်ပြက် ရောက်သွားသည်။ သူ့ရဲ့ ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာသည် သူ့ကို အလွန်သန်မာသော ရုပ်ပိုင်းဆိုင်ရာခွန်အားကို ပေးထားသည်။ သူသာ တကယ်လို့ စိတ်ဝိညာဥ်စွမ်းအင်ကိုပဲ အသုံးပြုပြီး တိုက်ခိုက်ပါက၊ အခွင့်အရေးတစ်ခုမှကို ဆုပ်ကိုင်နိုင်မည်မဟုတ်ပေ။ သို့သော်် ပြိုင်ဘက်ထံသို့ ချဉ်းကပ်ရန် အခွင့်အရေးရှိပါက၊ သူက သူ့ရဲ့သန်မာတဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို ပြသနိုင်မည်။

ထို့ကြောင့် သူက ယွမ်ဟုန်ခုန်ဘေးသို့ အခွင့်ရေးရှာပြီး ချဥ်းကပ်လိုက်သည်။ လက်ဝါးဖြင့် ယွမ်ဟုန်ခုန်ရဲ့ ရင်ဘတ်ကို တိုက်ရိုက်ဦးတည် တိုက်ခိုက်လိုက်သည်။

ယွမ်ဟုန်ခုန်ရဲ့ မျက်လုံးများသည် အံ့အားသင့်မှုဖြင့် ပြည့်နှက်နေသည်။ ဒီကောင်ဘာလို့ အဲ့လောက်မြန်မှန်း သူမတွေးတတ်တော့ပေ။ ထို့အပြင်၊ သူ့ကို စိတ်အရှုပ်ဆုံးဖြစ်စေသည်မှာ၊ လင်းယွင်ဂိုဏ်းချုပ် သုံးလိုက်တဲ့ ကျင့်စဥ်များ နည်းလမ်းများသည် စိတ်ဝိညာဥ်စွမ်းအင် သက်သက်ထိန်းချုပ်ထားခြင်းမဟုတ်ချေ။ ဤသည်မှာ အခြေတည်စိတ်ဝိညာဥ်အဆင့် တစ်ဦးက အလွယ်တကူ ကျွမ်းကျင်နိုင်တဲ့ အရာတွေမဟုတ်ပေ။ သို့သော်် ယခုအချိန်တွင် သူ့အတွက် စဉ်းစားရန် အချိန်မရှိတော့ပေ။

ယွမ်ဟုန်ခုန်သည် သူစိတ်စွမ်းအားလှိုင်းကို အလျင်အမြန် ချိန်ညှိလိုက်သည်။ သူတံခါးပိတ်ကျင့်ရာကနေ ထွက်လာပြီးနောက် ကျွမ်းကျင်သွားသော လက်ဝါးကျင့်စဥ်သည် အခုလို တိုက်ရိုက်တိုက်ခိုက်မှုကို ရင်ဆိုင်ရန်သင့်လျော်သည်။ ခဏတာအတွင်း၊ လေဟာနယ်သည်ပင် အနည်းငယ် ပုံပျက်သွားသလို တွေ့လိုက်ရသည်။ ယွမ်ဟုန်ခုန်ရဲ့ လက်ဝါးတိုက်ခိုက်ချက်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို သိပ်သည်းစေသည်။

ကျန်းယီမင် တိုက်ခိုက်ချက်သည် ယွမ်ဟုန်ခုန် တိုက်ခိုက်ချက်လောက် နက်နဲခြင်းမရှိသော်လည်း၊ သူ့မှာ ကြမ်းတမ်းသော စိတ်စွမ်းအားလှိုင်းများရဲ့ အကွေ့အသက်များကို သယ်ဆောင်လာသည်။

နှစ်ဦးကြား တိုက်ပွဲသည် ကြည့်ရှုသူများစွာကို ဆွဲဆောင်ခဲ့သည်။ လာကြည့်သူများသည် တိုက်ပွဲရဲ့ ရိုက်ခတ်မှုလှိုင်းများကြောင့် သူ့တိုပင် ဒဏ်ရာရမှာကို ကြောက်ရွံ့နေကြသည်။ သို့သော််၊ ကောင်းကင်ရှိ လူပုံရိပ်နှစ်ခုကို ဝေးဝေးမှကြည့်ရုံမျှဖြင့်၊ သူတို့က အတတ်နိုင်ဆုံး နေလိုက်ကြသည်။

" ဟောက်ယွင်ဂိုဏ်းက မဟာအကြီးအကဲက မွေးဖွားခြင်းအဆင့်ကို ရောက်တာမကြာသေးဘူးဆို..."

" ငါ မွေးဖွားခြင်းအဆင့်အကြောင်း ကြားဖူးတယ်။ ဒါပေမယ့် အခုလို နယ်မြေလေးမှာ မွေးဖွားခြင်းအဆင့်က အနည်းငယ်ပဲရှိတယ်။ အခုသူ့ကိုတိုက်ခိုက်နေတာက ဘယ်သူများလဲ?"

"ဟောက်ယွင်ဂိုဏ်းရဲ့ မဟာအကြီးအကဲက သိပ်မကြာခင်ကမှ တံခါးပိတ်ကျင့်နေရာကနေ ထွက်လာတယ်လို့ ငါကြားတယ်။ သူက အခုလူတွေကို ခေါ်ပြီး လင်းယွင်ဂိုဏ်းကို ဖျက်စီးဖို့ ရောက်လာတယ်။ လင်းယွင်ဂိုဏ်းချုပ်က မကြာသေူခင်က ဘာဖြစ်သွားတယ်ဆိုတာ ငါမသိဘူး။ ဒါပေမယ့် ဟောက်ယွင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ကို သတ်လိုက်တယ်လို့ ကြားလိုက်ရတယ်။"

လူတိုင်း ဆွေးနွေးနေစဉ်၊ နှစ်ဦးသည် တိုက်ခိုက်ဖို့ စတင်လိုက်သည်။ လောလောဆယ်၊ နှစ်ဦးစလုံး သူတို့စိတ်ဝိညာဥ်စွမ်းအင်ကို အသုံးပြုကာ သူတို့၏တိုက််ကွက်များကို ဖွဲ့စည်းခဲ့သည်။ သို့သော် အခုအကြိမ်တွင်၊ တိုက်ပွဲသည် သူတို့ခန္ဓာကိုယ်ကို ဦးတည်ကာ အသေသတ်ရန် လုပ်နေကြသည်။

"မင်း သေချင်နေတာပဲ"

ဘုံး...!

ဤအကြိမ်တွင်၊ နှစ်ဦးစလုံးသည် အရင်ကလို အပေါ်ယံ စိတ်ဝိညာဥ်စွမ်းအင်များကို လုံးဝမအသုံးပြုတော့ပေ။ သူသည် တိုက်ရိုက်ဒဏ်ရာ ရစေမည့် လက်ဝါးများ အသုံးပြုတိုက်နေကြသည်။ သို့သော််၊ တိုက်ခိုက်မှုမှ ပြန်လွှင့်ထွက်လာသော စွမ်းအင်သည် အရင်က တိုက်ခဲ့သောစိတ်ဝိညာဥ်စွမ်းအင် ရိုက်ခတ်မှုများထက် မနိမ့်ကျပေ။ အခုအကြိမ်တွင်၊ နှစ်ဦးလုံးသည် တစ်ပြိုင်နက်နီးပါး ပျံသန်းကာ တိုက်နေကြသည်။

ကျန်းယီမင်သည် အရှိန်ကြောင့် မြေကြီးထဲသို့ လွှင့်စင်ကာ၊ သူ့ခြေထောက်များသည် ကျောက်ခဲများအုတ်များကြားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ သို့သော်် လွှင့်လာတဲ့အရှိန်သည် လုံးဝပြိုကွဲမသွားသေးပေ။ မီတာဒါဇင်ချီအောင် နောက်သို့ဆုတ်ပြီးနောက်၊ နောက်ဆုံးတွင် သူရပ်တန့်သွားသည်။

သူ့လွှင့်သွားတဲ့ အရှိန်ကြောင့် မြေပြင်ပေါ်တွင် ရှည်လျားသော အက်ကြောင်းနှစ်ခု ပေါ်လာသည်။

ပြိုင်ဘက်၏ လက်ဝါးကျင့်စဥ်သည် အတန်ငယ် နက်နဲနေသည်ကို သူရှာဖွေတွေ့ရှိခဲ့သည်။ ယွမ်ဟုန်ခုန်သည် အစီအရင်ကို ပထမဆုံးအကြိမ် လက်စီးဖြင့်ထိုးနှက်စဉ်က သူသည် ထိုသဲလွန်စများကို သတိပြုမိခဲ့သည်။ သို့သော်် သူ့အင်အားသည် ဒီလောက် ကြမ်းတမ်းလိမ့်မည်ဟု ကျန်းယီမင်မျှော်လင့်မထားခဲ့ပေ။

သူ့တွင်အစီအရင်နှင့် ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာများကြောင့် သူ့ကိုယ်သူကာကွယ်နိုင်ခြင်းမရှိပါက၊ ပြိုင်ဘက်ရဲ့ လက်ဝါးနဲ့ ထိတွေ့သည့်အချိန်တွင် သွေးအိုင်တစ်ခုဖြစ်သွားမည်မှာ သေချာသည်။ ကျန်းယီမင်သည် ဒဏ်ရာရသွားသော သူ့သွေးကြောများကို ပြုပြင်ရန် သူ့အစ်မှန်ချီကို လှည့်ပတ်လိုက်ပြီး၊ ယွမ်ဟုန်ခုန်လွှင့်ကျသွားသော နေရာကို လှည့်ကြည့်လိုက်သည်။

လက်ရှိအချိန်တွင်၊ ယွမ်ဟုန်ခုန်သည် မြေကြီးပေါ်တွင် လဲကျနေပြီး၊ သူ့ပါးစပ်မှလည်း သွေးများကို အန်ထုတ်ကာ၊ သူ့မျက်လုံးများတွင် မကျေမနပ်ဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။ သူ့တွင် သူပါလာတဲ့ကျောင်စိမ်းပြားကို ခွဲရန်ပင် ခွန်အားမရှိဖြစ်နေသည်။

"မဟာအအကြီးအကဲ!"

"မဟာအကြီးအကဲ!"

လူတိုင်းသည် ကြာမြင့်စွာ ငှေးမောနေပြီးနောက် သတိပြန််ဝင်လာကြသည်။ ထိုအချိန်တွင် လူတိုင်းသည် အံ့သြလွန်းနေကာ ဆောင်းတွင်းပိုးကောင်များကဲ့သို့ အသံမထွက်ပဲ ပါးစပ်များ ဟောင်းလောင်းဖြစ်နေကြသည်။ ဟောက်ယွင်ဂိုဏ်းသည် သူတို့၏ အစွမ်းထက်ဆုံး မွေးဖွားခြင်းအဆင့်ကို စေလွှတ်ခဲ့သော်လည်း၊ သူတို့သည် လင်းယွင်ဂိုဏ်းကို ဖျက်စီးရန် မအောင်မြင်ခဲ့သည့်အပြင်၊ လင်းယွင်ဂိုဏ်းချုပ်ကိုပင် ဒဏ်ရာမရစေပဲ ရပ်နေနိုင်စေသည်။

ဤကဲ့သို့သော အရာသည် မကြားဖူးခဲ့ပေ။ ယွမ်ဟုန်ခုန်သည် မွေးဖွားခြင်းအဆင့်သို့ မကြာသေးမီကမှ ဝင်ရောက်ခဲ့ပြီး၊ သူ့အခြေခံကျင့်ကြံမှုသည် ဆက်လက်တည်ငြိမ်မှုမရှိသေးသဖြင့်၊ အခုလို ပြင်းထန်သည့် တိုက်ခိုက်ပွဲများအတွက် မသင့်တော်သေးပေ။ သို့သော်် သူသည် အခုလို ဆိုးရွားစွာ ရိုက်နှက်ခံရမယ်ဟု ဘယ်သူက ထင်ထားမိမည်နည်း။

" ငါ ဆက်တိုက်နိုင်သေးတယ်။ မင်းတို့ စိုးရိမ်စရာမလိုဘူး"

ယွမ်ဟုန်ခုန်သည် သူ့ဆီပြေးလာတဲ့ ဂိုဏ်းဝင်များကို ကြည့်ပြီး၊ သူ့သွားများကို အံကြိတ်ကာ သူ့စိတ်ဝိညာဥ်စွမ်းအင်ကို ပြန်လည်စုစည်းရန် ဆေးလုံးတစ်လုံးကို သောက်လိုက်သည်။ သို့သော်် သူမမျိုချခင်မှာပဲ၊ သွေးတစ်လုတ်သည် ပန်းထွက်လာပြီး ယွမ်ဟုန်ခုန်ကို မြေပြင်ပေါ်သို့ ထပ်မံလဲကျသွားသည်။ သူ့တွင် မွေးဖွားခြင်းအဆင့်က စွမ်းအားမိားရှိသည်! သို့သော်် သူသည် ရှုံးနိမ့်ခဲ့သေးသည်။ လင်းယွင်ဂိုဏ်း နောက်ကွယ်တွင် ဘယ်သူက ထောက်ပံ့ပေးနေတာလဲ။

All Chapters