← Chapters

တာဝန်အသစ်၊ သူတော်စင်အမွေအနှစ်ကို ရှာဖွေရန်

Vol. 4 Ch. 51

တာဝန်အသစ်၊ သူတော်စင်အမွေအနှစ်ကို ရှာဖွေရန်

Vol. 4 Ch. 51

စီမာကျန်းလို့ သူ့ကိုယ်သူ မိတ်ဆက်ခဲ့တဲ့ ဒီအဘိုးအိုသည် အနည်းဆုံး မွေးဖွားခြင်းအလယ်အလတ်အဆင့်တွင် ရှိသည်။ ရှန့်ကွမ်းမိသားစုအတွင်း၌ သူနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ကျင့်ကြံမှုအဆင့်ရှိသူများစွာ ရှိနေသေးသည်။ ရှန့်ကွမ်းချင်ယန်ရဲ့ ပြောစကားအရဆိုရင် သူတို့မိသားစုမှာ အချိန်ကြာကြီး တံခါးပိတ်ကျင့်ကြံနေသေးတဲ့ မကောင်းဆိုးဝါး အဘိုးကြီးများပင် ရှိနေသေးသည်။ သူတို့က ပေါင်းစည်းခြင်းအဆင့်ကို ရောက်နေလောက်သည်။

အကယ်၍ သူသာ အခုချိန်ကစ တံခါးပိတ်ကျင့်ကြံပြီး ကျုချီဆေးလုံးကဲ့သို့သော အဆင့် ၃ ဆေးလုံးများကို သန့်စင်နိုင်နေနိုင်ရင်တောင် အဲ့လိုလူတွေကို သူ့မှာယှဉ်ပြိုင်နိုင်စွမ်း ရှိချင်မှရှိလိမ့်မည်။ ဒီကမ္ဘာကို ကူးပြောင်းလာပြီးနောက်ပိုင်း စနစ်ကို ပိုင်ဆိုင်ထားတဲ့သူအနေနဲ့ ကျန်းယီမင်တစ်ယောကွ ဒီလိုကြောက်စရာ အန္တရာယ်အငွေ့အသက်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်သည်။

"ဆရာ!"

သူအတွေးထဲ လွင့်မျောနေစဉ် ရှန့်ကွမ်းချင်ယန်က သူ့ဘေးနားသို့ ရောက်လာခဲ့သည်။

"ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ရှန့်ကွမ်းမိသားစုက လူတွေ ကျွန်တော့်ကို လာရှာကြပြီ မဟုတ်လား"

ရှန့်ကွမ်းချင်ယန်က သွေးကြောများအားလုံး ပြတ်တောက်နေပြီး ကျင့်ကြံမှုပျက်စီးနေသော်လည်း လူကဲခတ်သည့်နေရာမှာ အလွန်အရိပ်အပါး ထက်မြက်သည်။ သူက မိသားစုကြီးတစ်ခုရဲ့ ပထမဇနီးမှ မွေးလာခဲ့တဲ့ သားဖြစ်ပေမယ့် လူကဲခတ်နည်းကို သင်ယူခဲ့ရသည်မှာ တွေးကြည့်ရင် ရင်နာစရာပင်။ ကျန်းယီမင်က သူ့အတွက် ရင်ထဲမကောင်း ဖြစ်မိသွားသည်။

"မနေ့က ဆရာ သင်ပေးလိုက်တဲ့ ကျင့်စဥ်တွေကနေ ကျွန်တော် အများကြီးကို အကျိုးရခဲ့တယ်။ ကျွန်တော်ရှန့်ကွမ်းက ဆရာ့ရဲ့ သွန်သင်ဆုံးမမှု ကျေးဇူးတရားတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆရာတပည့်ဆက်ဆံရေးကိုတော့ ကျွန်တော်ဆက်မသွားနိုင်တော့ဘူး ထင်ပါတယ်"

ရှန့်ကွမ်းချင်ယန်က ပြောရင်းနဲ့ ရုတ်တရက် ဒူးထောက်လိုက်သည်။

"ကျွန်တော် တကယ်တောင်းပန်ပါတယ် ဆရာ...။ ကျွန်တော် ဒီလောကကြီးကနေ ဆရာ့ထက် အရင်စောပြီး ထွက်ခွာသွားရတော့မယ် ထင်တယ်"

"အဲ့ဒီလို ကျက်သရေမရှိတဲ့ စကားမျိုးကို နောက်တစ်ခါ ထပ်မပြောမိစေနဲ့"ဟု ကျန်းယီမင်က ရယ်မောလိုက်ပြီး ရှန့်ကွမ်းချင်ယန် ကို ထူမပေးလိုက်သည်။

"ဒါပေမဲ့ ဆရာ..."

"မင်းက ငါ့တပည့်၊ လင်းယွင်ဂိုဏ်းသားတစ်ယောက်ပဲ။ ငါ့ဂိုဏ်းထဲ ရောက်လာမှတော့ မင်းရဲ့လုံခြုံရေးအတွက် ငါ တာဝန်ယူတယ်။ အဓိပ္ပာယ်မရှိတာတွေ ပြောတဲ့အတွက် မင်းကို ငါအပြစ်ပေးမယ်။ ၃ရက်တိတိ မနားမနေဘဲ မင်းကျင့်ကြံရမယ်။ ကြားလား"

"... ဟုတ်ကဲ့! ကျွန်တော် သွားပါတော့မယ်"

ရှန့်ကွမ်းချင်ယန်က အံကြိတ်လိုက်ပြီး လှည့်ထွက်သွားသည်။ ရှန့်ကွမ်းချင်ယန်ထွက်သွားတာကို ကြည့်နေရင်း သူ့စိတ်ထဲကနေ ရင်းနှီးတဲ့အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

[ဒင်း! တာဝန်အသစ် စတင်ပါပြီ!]

[ အသိပေးချက် - အမျိုးအစား - အဓိကတာဝန်]

[အသိပေးချက် - အမည် - သူတော်စင်ရုပ်ကြွင်း အမွေအနှစ်]

[အသိပေးချက် - တာဝန်လိုအပ်ချက် - မြေပုံအတိုင်းသွားပြီး သူတော်စင်ရဲ့ ရုပ်ကြွင်းကို ရှာဖွေကာ ရတနာအမွေအနှစ်များကို ရယူပါ။ ထို့နောက် ထိုအမွေအနှစ်အခွင့်အလမ်းကို နားလည်သဘောပေါက်အောင်လုပ်ပြီးနောက် ထိုနေရာကနေ အကောင်းပကတိအတိုင်း ထွက်ခွာပါ။ တာဝန်အကူဖြစ်သော မြေပုံကို သင့်သိုလှောင်အိတ်ထဲသို့ ပေးပို့လိုက်သည်။ ကျေးဇူးပြုပြီး လက်ခံရရှိကြောင်း စစ်ဆေးကြည့်ရှုပါ။]

[အသိပေးချက် - တာဝန်ဆုလာဘ် - နဂါးရှာပေတံ]

သူ့အတွက် အဓိကတာဝန်အသစ်နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ လုပ်ရမယ့် တာဝန်က ကျန်းယီမင်ကို ပိုစိတ်လှုပ်ရှားသွားစေခဲ့သည်။ ဒီကျယ်ပြောလှတဲ့ ကမ္ဘာကြီးတွင် ကျင့်ကြံရေးအဆင့်မြှင့်တဲ့သူတွေ ဘယ်လောက်တောင် မွေးဖွားခဲ့ပြီး ဘယ်လောက်က ကျဆုံးသွားသလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။ တကယ်လို့ သူတို့ရဲ့ ရုပ်ကြွင်းများကို ဝှက်ထားတဲ့နေရာကိုသာ ရှာတွေ့ခဲ့ရင် ရတနာအမွေအနှစ်တွေ ဘယ်လောက် ရနိုင်မလဲဆိုတာကို ဘုရားသာ သိလိမ့်မည်။

ဒီတစ်ခေါက်တာဝန်က သူ့ကိုအနည်းဆုံး မွေးဖွားခြင်းအဆင့် ဒါမှမဟုတ် အဲ့ထက်ပိုမြင့်တဲ့ ကျင့်ကြံရှင်တစ်ဦးရဲ့ ရုပ်ကြွင်းကို ရှာတွေ့စေနိုင်လောက်သည်။ ထိုကျင့်ကြံရှင်များက သက်တမ်းကုန်ဆုံးသွားပြီး သက်တမ်းမတိုးနိုင်ခဲ့ရင်တောင် သူတို့ရဲ့ လက်ကျန်စိတ်ဝိညာဉ်စွမ်းအင်များကို သူတို့မြှပ်နှံထားရာနေရာ တစ်ဝိုက်မှာ အတားအဆီးတစ်ခုအဖြစ် တည်ဆောက်ထားတတ်ကြသည်။

သာမန်ကျင့်ကြံသူများအနေနဲ့ ရုပ်ကြွင်းတည်ရှိရာနေရာများကို ရှာတွေ့နိုင်မှာ မဟုတ်ပေ။ ကံကောင်းလို့ ရှာတွေ့ခဲ့လျှင် အထဲထဲသို့ ဝင်ရောက်ပြီးနောက် အသက်ရှင်လျှက် ပြန်ထွက်လာနိုင်ခြေမှာ အလွန်နည်းပါးလှသည်။ ရုပ်ကြွင်းနေရာတွင် ကျန်ရစ်ခဲ့သော စိတ်ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားတိုင်း ဝင်လာတဲ့သူတွေအတွက် ပြသနာတွေ မလွဲမသွေ ဖြစ်ပေါ်လာတတ်သည်။

စနစ်ပေးလိုက်တဲ့ တာဝန်အသိပေးချက်ကို ကြည့်ခြင်းအားဖြင့် ထိုနေရာသည် ဘယ်သူကမှ ရှာဖွေလေ့လာခြင်း မပြုရသေးတဲ့ နေရာတစ်ရာ ဖြစ်ပုံရသည်။ ကျန်းယီမင်က ပိုပြီးစိတ်လှုပ်ရှားလာမိသည်။ တကယ်လို့ သူသာအထဲထဲမှာ အထွတ်အထိပ်ရတနာကို ရှာတွေ့ခဲ့ပါက လက်ရှိအဆင့်ကို ချိုးဖြတ်နိုင်ရုံသာမက ပိုမြင့်မားတဲ့ ကျင့်ကြံရေးအဆင့်က ရန်သူများကို စိန်ခေါ်ရင် သူ့အတွက် ပြဿနာရှိလိမ့်မယ် မဟုတ်ပေ။

နဂါးရှာပေတံနဲ့ ပတ်သက်ပြီး ထိုရတနာသည် အထွတ်အထိပ် မှော်ရတနာများရဲ့ အရှိန်အဝါနဲ့ စိတ်ဝိညာဉ်များကို အာရုံခံရာတွင် ကူညီပေးသည်။ နဂါးရှာပေတံသာရှိရင် လောကကြီးတစ်ခုလုံးရှိ ဝှက်ထားတဲ့ ရတနာသိုက်များအားလုံးက သူ့အပိုင်ဖြစ်လာနိုင်သည်။ ထိုအကြောင်းကို တွေးမိရင်း ခုနကပဲ တည်တည်ငြိမ်ငြိမ်ဖြစ်နေတဲ့ ကျန်းယီမင်က တကယ်မထိန်းနိုင်တော့ပဲ အသံထွက်ပြီး အားရပါးရ ရယ်မောလိုက်မိသည်။

'တကယ်ပါပဲ...ချောင်ပိတ်နေရင်တောင် ထွက်ပေါက်ဆိုတာ အမြဲရှိစမြဲပဲလေ'

"ဆရာ... ဘာဖြစ်လို့လဲ။ ကောင်းတာတစ်ခုခု ထပ်ဖြစ်ပြန်ပြီလား။ ပြောပြပါဦး"

သူမဆရာရဲ့ ဝမ်းသာပြုံးဖြီးနေတဲ့ မျက်နှာထားကို မြင်လိုက်ရသဖြင့် ဟွမ်းချောင်ယုက ကျန်းယီမင်ရဲ့ ဘေးကို တိုးကပ်လာပြီး ခိုးကြောင်ခိုးဝှက် မေးလိုက်သည်။

"ရှောင်ယု... ငါလုပ်သမျှကိစ္စတိုင်းကို မင်းကို ငါအစီရင်ခံနေရမှာလား"ဟု ပြောကာ ကျန်းယီမင်က ဆက်ရယ်မောလိုက်သည်။

အခုလိုပြသနာတွေ တန်းစီနေတဲ့ အချိန်သည် အချိန်လုရမည့်ကာလဖြစ်ပြီး အချိန်ဖြုန်းနေလို့ မရပေ။ ဂိုဏ်းထဲကကိစ္စတွေကို အမြန်စီစဉ်ပြီး ခရီးထွက်ရမည်။

"ငါ ခရီးခဏထွက်စရာရှိတယ်။ အရေးကြီးကိစ္စရှိရင် မိုင်တစ်ထောင်လေညင်းကို သုံးပြီး ငါ့ကိုသတင်းပို့လိုက်"

(အရင်က ထောင်ချီတူညီလေလို့ ပြန်ထားပေမယ့် မိုင်တစ်ထောင်လေညင်းက ပိုခေါ်လို့ကောင်းလို့ အဲ့လိုပြောင်းလိုက်ပါ့မယ်)

ကျန်းယီမင်က အတတ်နိုင်ဆုံး သူ့စိတ်ကိုငြိမ်အောင်ထားလိုက်ပြီး ဂိုဏ်းအစီအရင်ထဲသို့ ဝင်ရောက်လိုက်သည်။ ထို့နောက် ပူစံတစ်ထောင်ပြောင်းလဲခြင်းအစီအရင်ထဲကို သူ့စိတ်ဝိညာဉ်စွမ်းအင်တွေ ထည့်သွင်းလိုက်သည်။ အခုလိုလုပ်ဆောင်ထားခြင်းက မထင်မှတ်ထားတဲ့ ဘယ်ရန်သူမဆို လာရောက်တိုက်ခိုက်လျှင်ပင် သူဖွဲ့စည်းထားတဲ့ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို အခြေခံကာ သူ့တပည့်တွေရဲ့ ခံစစ်စွမ်းရည်နဲ့ ပေါင်းစပ်လိုက်ရင် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ဦး တိုက်ခိုက်တာကို ရင်ဆိုင်ခဲ့ရရင်တောင် ခေတ္တခနလောက်တော့ တောင့်ခံထားနိုင်လိမ့်မည်။ ထိုအချိန်အတောအတွင်း သူ ဂိုဏ်းကို ပြန်လာရန် အချိန်လုံလောက်ပေသည်။

"မင်းတို့အားလုံး ဒီကိုလာခဲ့ကြ။ မင်းတို့ရဲ့ ချီစွမ်းအင်လည်ပတ်မှုကို ငါနောက်တစ်ကြိမ် စစ်ဆေးပေးမယ်"

ပုံစံတစ်ထောင်ပြောင်းလဲခြင်းအစီအရင်က ပိုမိုသက်ဝင်လှုပ်ရှားလာတာကို ခံစားလိုက်ရပြီးနောက် ကျန်းယီမင်က မျက်လုံးဖွင့်ကာ သူ့တပည့်များကို လှမ်းခေါ်လိုက်သည်။

"ဆရာ... ဒီတစ်ခေါက်ခရီးကနေ ပြန်ရောက်ဖို့ ဘယ်လောက်ကြာလောက်လဲ"

ဂိုဏ်းကာကွယ်ရေးအစီအရင်သည် တိုက်ခိုက်ရေးနှင့် ခုခံနိုင်စွမ်းရည်များ ရှိရုံသာမက ကောင်းကင်နဲ့ မြေကြီးက စိတ်ဝိညာဉ်စွမ်းအင်များကိုပါ စုပ်ယူနိုင်သည်။ ထို့ကြောင့် အစီအရင်အတွင်း ကျင့်ကြံနေကြတဲ့ သူ့တပည့်များက လျင်မြန်စွာ တိုးတက်လာခဲ့ကြသည်။ ရှန့်ကွမ်းချင်ယန်တောင် တစ်ညတည်းနဲ့ သူ့သွေးကြောထက်ဝက်ကျော်ကို ပြုပြင်နိုင်ခဲ့သည်။

သွေးကြောများကို လုံးဝပြန်လည်ပြုပြင်ပြီးသွားရင် အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ သွေးကြောဆက်ခြင်းကို ဆက်လက်လုပ်ဆောင်နိုင်တော့မည်။ ထိုအချိန်ရောက်ရင် ရှန့်ကွမ်းချင်ယန်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်များက ပြတ်တောက်နေတဲ့ သူ့သွေးကြောတွေထဲ ပိတ်မိမနေတော့ဘဲ ခန္ဓာကိုယ်အနှံ့ လှည့်ပတ်စီးဆင်းနိုင်တော့မည်ဖြစ်သည်။ ထိုအခါကျရင် သူ့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းက ဘယ်လောက်တောင် မြန်ဆန်လိုက်မလဲ။

ကျန်းယီမင်က ပြုံးလိုက်ကာ ခေါင်းညိတ်လိုက်သည်။ သူ့ဂိုဏ်းမှာ ပါရမီရှင်အမျိုးမျိုးကို လက်ခံထားမိသည်မှာ အမှန်ပင်ဖြစ်သည်။ ကျန်းယီမင်ကကိုယ့်ကိုကိုယ် တိတ်တဆိတ် ချီးကျူးလိုက်သည်။

"ဟူး... မင်းတို့ထဲက ဘယ်သူကမှ ငါ့ကိုစိတ်ပျက်အောင် မလုပ်ခဲ့ကြဘူးပဲ။ ကျုချီဆေးလုံးက ထိရောက်မှုရှိပေမဲ့ သတိလက်လွတ် မသောက်လိုက်ကြနဲ့။ အားလုံးအတွက် လိုအပ်တဲ့ဟာတွေကို ငါဆေးခန်းမထဲမှာ ပြင်ဆင်ထားတယ်။ နောက်ပြီး ဟွမ်ယွမ်ဆေးလုံးက တအားအန္တရာယ်များတယ်။ သေရေးရှင်ရေး အခြေအနေမဟုတ်ရင် လုံးဝ မသောက်ရဘူး... ကြားလား"

"အော်... ဒါနဲ့ဆရာ... ဒီခရီးကပြန်လာရင် ကျွန်တော်လည်းလေ... ဟိုဟာ..."

ဂူလင်းဖေးရဲ့ မျက်နှာတွင် စိုးရိမ်မှုများက ပြည့်နှက်နေပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ ယဲ့ယွမ်ဖန် နှင့် ဟွမ်းချောင်ယုတို့က ကျန်းယီမင်ကိုယ်တိုင် သင်ကြားပေးထားတဲ့ သီးသန့်ကျင့်စဉ်များကို ရထားကြသည်။ သူကပထမအကိုကြီးဖြစ်နေပေမယ့် အခုအချိန်ထိ အရင်ကကျင့်စဉ်အဟောင်းကိုသာ လေ့ကျင့်နေရဆဲဖြစ်သည်။

"စိတ်အေးအေးထား။ ဒီခရီးကနေ ပြန်ရောက်လာရင် မင်းမျက်နှာငယ်အောင် ငါမထားပါဘူး"

ဂိုဏ်းထဲမှာ တပည့်တွေသိပ်မများလှပေ။ မှာစရာအားလုံးကို အကျဥ်းချုပ်မှာကြားပြီးနောက် ကျန်းယီမင်က ဂိုဏ်းကနေ ထွက်ခွာခဲ့လိုက်သည်။ မြေပုံပေါ်က လမ်းညွှန်ချက်များကို ကြည့်လိုက်ရာ သူသွားရမယ့်ခရီးမှာ ဝေးကွာနေသည်။

"ငါတို့ဂိုဏ်းနားက ဈေးမှာ ရေငတ်ပြေ ဝိုင်တစ်အိုးလောက် ဝင်ဝယ်သွားတာ ပိုကောင်းမယ်။"

ကျန်းယီမင်က ဝိုင်ဆိုင်ထဲကို လျှောက်သွားလိုက်ပြီး ပေါ့ပေါ့ပါးပါး ဝေ့ဝဲကြည့်ကြည့်လိုက်သည်။

"မင်္ဂလာပါ လူကြီးမင်း။ ဘာများ အလိုရှိပါသလဲ။ ဒီဆိုင်က ကျွန်တော့်လက်ထက်နဲ့ဆို မျိုးဆက် ၃ ဆက်တိုင်တိုင် လက်ဆင့်ကမ်းလာတာပါ။ ဒီကဝိုင်တွေက သေချာပေါက် ထိပ်တန်းအဆင့်တွေပဲ"

"အင်း... ဘာဖြစ်ဖြစ်ရတယ်။ အကောင်းဆုံးဝိုင်တစ်အိုးလောက် ငါ့ကိုပေးပါ"

ဆိုင်ပိုင်ရှင်သည် လုပ်ငန်းလုပ်ကိုင်လာတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ဖောက်သည်ပေါင်းများစွာကို မြင်ဖူးခဲ့သည်။ သူ့ရှေ့က ဖောက်သည်သည် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားလည်း နတ်ဘုရားဆန်ဆန် အရှိန်အဝါတစ်ခုက တိတ်တဆိတ် လွှမ်းခြုံထားတာကို သူသတိထားမိသည်။ ထို့ကြောင့် ဆိုင်ရှင်က ဒီလူသည် အမြဲခရီးသွားလေ့ရှိပြီး ဘယ်ဂိုဏ်းအဖွဲ့အစည်းနှင့် မသက်ဆိုင်တဲ့ လေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်တယ်လို့ သူခန့်မှန်းလိုက်သည်။

"လူကြီးမင်းက တကယ်ကိုအရွေးတော်တာပဲ။ 'မူးယစ်ရေစက်'ဝိုင်က ကျွန်တော့်ဆိုင်မှာ အကောင်းဆုံးပဲဗျ"

ဝိုင်ပိုးတစ်အိုးကို ကျန်းယီမင်ရှေ့တွင် ချပေးလိုက်သည်။ ဝိုင်အရသာမှာ ချိုမြိန်လှသည်။ ဒီလိုဆိုင်ငယ်လေးတွင် ဒီလောက် အရည်အသွေးကောင်းမွန်တဲ့ ဝိုင်မျိုးရှိနေလိမ့်မယ်လို့ ကျန်းယီမင် မထင်ထားခဲ့ပေ။ ကျန်းယီမင်က စိတ်ဝိညာဥ်ကျောက်တုံးများကို စီတန်းပြီး ပေးလိုက်သည်။ သူ့အတွက်တော့ စိတ်ဝိညာဥ်ကျောက်တုံးတွေဆိုတာ ကိန်းဂဏန်းတစ်ခု သက်သက်ပါပဲ။ လိုအပ်သလောက် သူသုံးပစ်လိုက်လို့ ရသည်။

(ငွေရေးကြေးရေး ခြေသလုံးမွေးလုပ်နေတဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်တော်တစ်ယောက် :' p)

All Chapters