← Chapters

ပျက်သုဥ်းခြင်းလက်ဝါး

Vol. 4 Ch. 40

ပျက်သုဥ်းခြင်းလက်ဝါး

Vol. 4 Ch. 40

ကျန်းယီမင်သည် လင်းယွင်ဂိုဏ်းက သူ့ခြံဝန်းတွင် ခြေချင်းရစ်ထိုင်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဥ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်မှ အဆက်မပြတ် ထွက်နေသည်။ သူ့ခန္ဓာကိုယ်သည် ခနမျှအကြာ ပုံရိပ်ယောင်လိုဖြစ်သွားကာ အပြာရောင်စိတ်ဝိညာဥ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ချီလမ်းကြောင်းများတစ်လျှောက် အဆက်မပြတ်စီးဆင်းနေသည်။ သူ့ချီပင်လယ်ထဲရှိ၊ ရွှေရောင်အခြေတည်စိတ်ဝိညာဥ်အမြုတေသည် တဖြေးဖြေး အက်ကွဲနေသည်။

အနီရောင်ရှိတဲ့ ကလေးသူငယ်ပုံရိပ်သည် ဖြေးဖြေးချင်း ပေါ်ထွက်လာသည်။ တစ်ချိန်ထဲမှာ အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုသည်လည်း ကျန်းယီမင်စိတ်ထဲတွင် ပေါ်လာခဲ့သည်။ အပျက်အစီးတွေကြားထဲမှာ၊ ကြီးမားသော လက်ဝါးတစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာနေသည်။ လက်ဝါးမှ သန်မာလွန်းတဲ့ ဖိအားသည် သူ့စိတ်ကို တုန်လှုပ်စေပြီး၊ သူ့ကို အလွန်ပြင်းထန်စွာ နာကျင်သွားစေသည်။ အချက်အလက်တစ်ခုသည် ရုတ်တရက် ကျန်းယီမင်မှတ်ဉာဏ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

'ပျက်သုဥ်းခြင်းလက်ဝါး'

ထိုလက်ဝါးသည် ကောင်းကင်ဖျက်စီးကျင့်စဥ်ရဲ့ ဒုတိယမြောက်တိုက်ကွက်ဖြစ်သည်။ ဤလက်ဝါးကို အသုံးပြုသောအခါ၊ ကောင်းကင်နှင့် မြေကြီးသည် အရောင်ပြောင်းလာကာ၊ သက်ရှိအားလုံး ဦးညွှတ်ကြရမည်ဖြစ်သည်။ လက်ဝါးတစ်ချက်ဖြင့် တောင်များကို ဖျက်ဆီးပြီး မြစ်များကို ဖြတ်တောက်နိုင်သည်။အချိန်သည် တဖြေးဖြေး ကုန်လွန်သွားသည်နှင့်အမျှ၊ ကျန်းယီမင်ခန္ဓာကိုယ်အတွင်းရှိ အခြေတည်စိတ်ဝိညာဥ်သည်လည်း ဖြေးဖြေးလေးနဲ့ ပုံမှန်သိပ်သည်းလာသည်။

သူ့ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်သည်လည်း ပိုမိုကြမ်းတမ်းလာပြီး၊ အနည်းငယ်လေးနဲ့ကိုပင် လူများကို တုန်လှုပ်စေနိုင်သည်။ ကျန်းယီမင် ခံစားနေရသော ပြင်းထန်သည့် နာကျင်မှုသည် တောင်ကြီးတစ်တောင်က သူ့က်ုဖိနှိပ်ထားသကဲ့သို့ဖြစ်နေသည်။ ကျန်းယီမင်သည် ဆက်လက်ပြီး အလွန်အမင်း ဖိအနှိပ်ခြင်းကို ခံနေရသည်။

ဘုံး...!

ရုတ်တရက်၊ အခြေတည်စိတ်ဝိညာဥ်သည် ထင်ထင်ရှားရှား လုံးဝဖွဲ့စည်းသွားသည်။ ကျန်းယီမင်ခန္ဓာကိုယ်သည် ချက်ချင်းပင် စိတ်ဝိညာဥ်စွမ်းအင်များကို ပေါက်ကွဲသွားပြီး အဆက်မပြတ်ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအင်ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲသက်ရောက်မှုကဲ့သို့၊ လေပြင်းများက လေးမျက်နှာလုံးအရှိန်နဲ့ တိုက်ခတ်သွားသည်။ ခြံဝန်းတစ်ခုလုံးသည် ဒီပြင်းထန်တဲ့ သက်ရောက်မှုကို မခံနိုင်သကဲ့သို့ တုန်ခါနေသည်။ ခဏအကြာတွင်၊ သက်ရောက်မှုသည်လည်း နောက်ဆုံးတွင် ငြိမ်သက်သွားသည်။

ကျန်းယီမင်သည် သူ့ကိုယ်ထဲက အညစ်အကြေးဖြစ်နေတဲ့လေကို ရှူထုတ်လိုက်သည်။ သူရှူသွင်းရှူထုတ်ပြုလုပ်လိုက်သည့်အခါ၊ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များနဲ့ အပြန်အလှန်တုံ့ပြန်နေသကဲ့သို့ ဖြစ်နေသည်။ မရေရာဖြစ်နေသော်လည်း၊ ကျန်းယီမင်က သူသည်ကောင်းကင်နှင့် မြေကြီးကို ပေါင်းစပ်နိုင်သွားသလို ခံစားလိုက်ရသည်။

"နောက်ဆုံးတော့ အခြေတည်စိတ်ဝိညာဥ်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ" ဟု ကျန်းယီမင်က ပြောလိုက်သည်၊ စိတ်လှုပ်ရှားမှုများသည် သူ့မျက်လုံးများတွင် လျှပ်တစ်ပြက်ထင်ဟပ်သွားသည်။

သို့သော်် သူ့ကျင့်ကြံဆင့် တိုးတက်လာမှုကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကို သေချာစွာမခံစားရသေးခင်မှာပဲ၊ မြေကြီးသည် ရုတ်တရက် အရှိန်နဲ့ တုန်လှုပ်သွားသည်။ သူ့ခန္ဓာကိုယ်လည်း တုန်လှုပ်သွားပြီး၊ သူက တောင်တံခါးဘက်သို့ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။

" သေစမ်း၊ တစ်ယောက်ယောက်က ငါတို့အကာကွယ် အစီအရင်ကို လာတိုက်နေတာပဲ" ဟုပြောလိုက်ပြီး ကျန်းယီမင်သည် နောက်ထပ်တုန့်ဆိုင်းမနေဘဲ ချက်ချင်းပင် သူ့စိတ်ဝိညာဥ်စွမ်းအင်ကို ပေါက်ကွဲထုတ်လွှတ်လိုက်သည်။

...

လင်းယွင်ဂိုဏ်း တောင်တံခါးဝရှေ့တွင်၊ ကျန်းယီမင်သည် ဂိုဏ်းအတွင်းမှ ထွက်လာပြီး သူ့တပည့်များရှေ့တွင် ဖြေးဖြေးလေး ဆင်းလာသည်။

ဟွမ်းချောင်ယုနှင့် တခြားသူများသည် သူတို့ဆရာ တံခါးပိတ်ရာမှ ထွက်လာသည်ကို မြင်လိုက်ရသောအခါ၊ ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး အံ့အားသင့်စွာဖြင့် "ဆရာ၊ နောက်ဆုံးတော့ တံခါးပိတ်ကျင့်နေတာကနေ ထွက်လာပြီ!" ဟု ပြောရင်း ချက်ချင်း ဝိုင်းအုံသွားလိုက်သည်။

သူတို့သည် ကျန်းယီမင်အဆင့်ကို မမြင်နိုင်သော်လည်း၊ ကျန်းယီမင်စ်တ်ဝိညာဥ်စွမ်းအင်သည် သူ့အဆင့်တက်ပြီးနောက် ပိုမိုနက်နဲလာပြီး ကြောက်မက်ဖွယ်ဖြစ်လာပြီး အရင်ကထက်သန်မာလာတာကို သူတို့ကခံစားမိလိုက်သည်။ သူတို့ အခုလေးတင် အစိုးရိမ်ဆုံးဖြစ်နေသည်မှာ ဟောက်ယွင်ဂိုဏ်းမှ တိုက်ခိုက်မှုသည် သူတို့ဆရာ တံခါးပိတ်ကျင့်ကြံနေတာကို သက်ရောက်မှုရှိလာမည်ကိုဖြစ်သည်။ ယခုအခါ၊ သူတို့ဆရာသည် သက်ရောက်မှုကို မခံရသည့်အပြင်၊ အောင်မြင်စွာပါ ချိုးဖျက်နိုင်ခဲ့သည်။ တပည့်များသည်လည်း ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။

ကျန်းယီမင်က ခေါင်းညိတ်ကာ "ငါ ခုနက တံခါးပိတ်ကျင့်နေနေတုန်းက မြေကြီးတုန်လာတာကို ရုတ်တရက်ခံစားမိလိုက်တယ်။ တစ်ယောက်ယောက်က ငါတို့ဂိုဏ်းရဲ့ အကာကွယ်အစီအရင်ကို တိုက်ခိုက်လာတာလား" ဟု ပြုံးရင်းမေးလိုက်သည်။

ဟွမ်းချောင်ယုက လေထဲရှိ ယွမ်ဟုန်ခုန်ကိုညွှန်ပြလိုက်ပြီး "ဆရာ၊ အဲ့လူပဲ။ သူက ဟောက်ယွင်ဂိုဏ်းက မဟာအကြီးအကဲတဲ့။ သူကမွေးဖွားခြင်းအဆင့် က ကျင့်ကြံသူပါ" ဟု အလျင်အမြန်ပြောလိုက်သည်။

"မွေးဖွားခြင်းအဆင့်လား?!" ကျန်းယီမင်သည် မျက်ခုံးမြှောက်ကာ အနည်းငယ် အံ့သြသွားသည်။ သူက အခြေအနေကို ချက်ချင်းနားလည်သွားသည်။ပုံစံတစ်ထောင်ပြောင်းလဲခြင်းအစီအရင်က ကာကွယ်ရေးမှာ အကန့်အသတ်မရှိဘူးလို့ ဆိုနိုင်သော်လည်း၊ အစီအရင်စွမ်းအားကို အစီအရင်ခင်းကျင်းသူရဲ့ ခွန်အားဖြင့် ဆုံးဖြတ်သည်။ ဂူလင်းဖေးသည် အမြုတွေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်တွင်ရှိသောကြောင့်၊ သူဖွင့်ထားသော အစီအရင်သည် အခြေတည်စိတ်ဝိညာဥ်အဆင့် လေ့ကျင့်သူများလောက်သာ ပြဿနာမရှိဘဲ တားဆီးနိုင်သည်။ သို့သော််၊ မွေးဖွားခြင်းအဆင့်ရှိသူတစ်ဦးကို တားဆီးရန် အစီအရင်သည် ခက်ခဲလိမ့်မည်။

ကျန်းယီမင်မျက်လုံးများသည် ယွမ်ဟုန်ခုန်မျက်လုံးမျာနဲ့ အကြည့်ချင်းဆုံသွားသည်။ သူတို့ကတစ် ယောက်နဲ့တစ်ယောက် မျက်လုံးများထဲတွင် သတိအပြည့်ရှိနေတာကို မြင်တွေ့နိုင်သည်။ ထို့နောက်၊ ကျန်းယီမင်သည် အောက်ကလူအုပ်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

သူသည် လွန်ခဲ့သောရက်အနည်းငယ်အတွင်း တံခါးပိတ်နေခဲ့သော်လည်း၊ အခုချိန်မှာတော့ ဘာတွေဖြစ်ပျက်နေသည်ကို ချက်ချင်းနားလည်သွားသည်။

"ဟောက်ယွင်ဂိုဏ်းက ငါတို့ကို နမူနာလုပ်ဖို့ ကြိုစားနေတယ်လို့ထင်တာပဲ"

ရှန့်ကွမ်းချင်ယန်က "ဆရာ၊ ကျွန်တော်ထင်တာက ဆရာမှန်တယ်။ သူတို့က အခုလိုမျိုး သေသေချာချာ စီစဉ်ထားတာကြောင့်၊ သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်အောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလိုပဲ" ဟု ချက်ချင်းသဘောတူကာ ပြောလိုက်သည်။

"ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတာလား" ကျန်းယီမင်က အေးစက်စွာ နှာရှုံ့လိုက်ပြီး "လင်းယွင်ဂိုဏ်းကို နမူနာပြဖို့ဆိုရင် သူတို့မှာ အဲ့ဒါကိုလုပ်နိုင်တဲ့ အရည်အချင်းရှိဖို့လိုတယ်" ဟု ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

စကားပြောပြီးသည်နှင့်၊ ကျန်းယီမင်သည် ရုတ်တရက် လေထဲသို့ ပျံတက်သွားပြီး ယွမ်ဟုန်ခုန်ရဲ့ရှေ့တွင် ရပ်လိုက်သည်။ ထိုအရာကို မြင်ရသောအခါ၊ ဝူပိုရှန်သည် ယွမ်ဟုန်ခုန်ဘေးသို့ ပျံသွားလိုက်သည်။

သူသည် ကျန်းယီမင်ကို ကြည့်ပြီး "ဒါဆို မင်းက လင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်လား? အကြာကြီး ပုန်းနေပြီးတော့၊ အခုတော့ နောက်ဆုံးကျမှ ထွက်လာတယ်ပေါ့" ဟု ကဲ့ရဲ့ရှုတ်ချလိုက်သည်။

ကျန်းယီမင်သည် သူ့ကို ဂရုမစိုက်သလို ကြည့်လိုက်ပြီး၊ သူ့ကိုမတုံ့ပြန်လိုက်ဘဲ၊ ယွမ်ဟုန်ခုန်ကို ကြည့်လိုက်သည်။ သူတို့အကြည့်များသည် လေထဲတွင် ပွတ်တိုက်မိနေသည်။ ယွမ်ဟုန်ခုန်ရဲ့ မျက်နှာအမူအရာ မပြောင်းလဲသော်လည်း၊ ကျန်းယီမင်သည် သူ့မျက်လုံးထဲတွင် ရှုပ်ထွေးမှုကို မြင်တွေ့နိုင်သည်။ ယွမ်ဟုန်ခုန်သည် အမှန်တကယ်ပင် သူ့စိတ်ထဲမှာ ရှုပ်ထွေးနေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကျန်းယီမင်ရဲ့ ကျင့်ကြံရေးအဆင့်ကို လုံးဝမြင်နိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။

ကျန်းယီမင်ရဲ့ခန္ဓာကိုယ်မှ ခပ်မှိန်မှိန် စိတ်ဝိညာဥ်စွမ်းအင်များကို ထုတ်လွှတ်နေသည်၊ ထို့ကြောင့် သူသည် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိသာထင်ရှားနေသည်၊ သို့သော်လည်း သူက ကျန်းယီမင်ကျင့်ကြံဆင့်ကို လုံးဝမြင်နိုင်ခြင်းမရှိပေ။

ယွမ်ဟုန်ခုန်သည် သူ့မြေးတပည့်တို့ထက် အသက်အရွယ်အားဖြင့် သိပ်မကြီးလှဟန်ရှိသော လူငယ်တစ်ဦးတွင် သူ့ထက် ပိုမိုမြင့်မားသော ကျင့်ကြံဆင့်ရှိနိုင်မယ်ဟု မယုံကြည်ခဲ့ပေ။ ဖြစ်နိုင်ခြေတစ်ခုသာရှိပြီး၊ ထိုအရာမှာ ကျန်းယီမင်တွင် သူ့အဆင့်ကို ဖုံးကွယ်နိုင်သော မှော်ရတနာတစ်ခုခု ရှိနေခြင်းပင်ဖြစ်သည်။ ယွမ်ဟုန်ခုန်သည် ခဏတာစဉ်းစားပြီးနောက်၊ သူ့အကြည့်သည် ချက်ချင်းပင် အစီအရင်ပေါ်သို့ ကျသွားသည်။

အစီအရင်သည် ကျန်းယီမင်ခွန်အားကို ဖော်ပြနိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်နိုင်သည်။ ထိုအတွေးကို တွေးရှိသောအခါ၊ ယွမ်ဟုန်ခုန်သည် ချက်ချင်းပင် အနည်းငယ် စိတ်သက်သာရာရသွားသည်။ သူ့စိတ်ထဲတွင် ကျန်းယီမင်သည် လှည့်ကွက်များကို ကစားနေတာကိုလွဲပြီး၊ သူ့ပြိုင်ဘက်မဟုတ်တာကို သေချာနေသည်။

ကျန်းယီမင်သည် ယွမ်ဟုန်ခုန်က အခုလိုစဥ်းစားခန်းထိုင်ဖွင့်နေတာကို မသိခဲ့ပေ၊ ထို့ကြောင့် သူက ရိုးရိုးရှင်းရှင်း နှာခေါင်းရှုံ့သံလုပ်လိုက်ကာ "မင်းလာမယ်ဆိုတာ ငါသိတယ်၊ ဒါကြောင့် မင်းအတွက် လက်ဆောင်တချို့ပြင်ထားတယ်။ ဘယ်လိုလဲ။ ဒီလို လိပ်ခွံမျိုးက မင်းကို မလွယ်ကူစေဘူးမလား" ဟု ပြောလိုက်သည်။

ဝူပိုရှန်မျက်နှာ ချက်ချင်းမှောင်မည်းသွားသည်။ သူသည် ပြန်ပြောရန် လုပ်လိုက်သော်လည်း၊ ယွမ်ဟုန်ခုန်က "မင်းက လိပ်ခွံလို့ပြောပေမယ့်၊ ငါကတော့ ကြက်ဥခွံလောက်ပဲထင်တယ်။ သိပ်ကို ပျော့လွန်းတယ်! ငါက ဖွဖွလေးရိုက်လိုက်ရုံနဲ့ မင်းရဲ့အစီအရင်က ငါ့တိုက်ခိုက်မှုကို မခံနိုင်ဘူးလို့ ငါထင်တယ်။ အစီအရင်ကို ပိတ်လိုက်ပြီး လက်နက်ချဖို့ မင်းကိုအကြံပေးတယ်။ မဟုတ်ရင်၊ ငါဒီအစီအရင်ကို ဖျက်စီးပြီးလို့ကတော့၊ မင်းရဲ့အဆုံးသတ်က သိပ်မကောင်းဘူးဖြစ်သွားလိမ့်မယ်" ဟု ပြက်ရယ်ပြုလိုက်သည်။

"အိုး? ကောင်းပြီလေ၊ မင်းကြိုးစားကြည့်နိုင်ပါတယ်" ကျန်းယီမင်မျက်နှာအမူအရာ မပြောင်းလဲခဲ့ပေ။

"ဟွန့်၊ ကိုယ့်ဟာကိုယ် အထင်ကြီးနေတယ်!"

ယွမ်ဟုန်ခုန်သည် ချက်ချင်းပင် သူွလက်ကို မြှောက်တင်ပြီး သူ့စိတ်ဝိညာဥ်စွမ်းအင်ကို လှည့်ပတ်စေသည်။ ကောင်းကင်နှင့် မြေကြီးစွမ်းအားသည်လည်း ချက်ချင်းပင် သူ့လက်ဝါးထဲသို့ ပေါင်းစပ်သွားသည်။ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သည့် အရှိန်အဝါးတစ်မျိုးသည် သူ့လက်ဝါးထဲတွင် သိပ်သည်းပြီး စုစည်းသွားသည်။

ကျန်းယီမင်သည် မျက်လုံးများကို ကျဉ်းသွားကာ " ငါ့အစီအရင်က ကာကွယ်ရုံတင်မကဘူး" ဟု အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ထိုသို့ပြောသောအခါ၊ ပြင်းထန်သော စ်တ်ဝိညာဥ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ထိုစိတ်ဝိညာဥ်စွမ်းအင်များသည် အလင်းတန်းတစ်ခုကဲ့သို့ အစီအရင်ထဲသို့ စီးဝင်သွားသည်။ ခဏအတွင်းမှာပင်၊ မူလက ခပ်မှိန်မှိန်အလင်းကို ထုတ်လွှတ်နေသော အစီအရင်သည် ရုတ်တရက် အပြာရောင်အလင်းဖြင့် ပေါက်ကွဲထွက်လာသည်။ လူတိုင်းရဲ့ အံ့အားနေတဲ့ အကြည့်အောက်မှာပဲ၊ ကောင်းကင်နှင့် မြေကြီးသည် အရောင်ပြောင်းသွားပြီး၊ တောင်ထွတ်သည် ရုတ်တရက် တုန်ခါသွားသည်။ ကြမ်းတမ်းပြီး ပြင်းထန်လှတဲ့ အရှိန်အဝါသည် ချက်ချင်းပင် လင်းယွင်ဂိုဏ်းတစ်ခုလုံးကို ပြည့်သွားခဲ့သည်။

'သားရဲကြီးလေးကောင်ထွက်ပေါ်လာခဲ့သည်'

All Chapters