← Chapters

အခြေတည်စိတ်ဝိညာဥ်နဲ့ မွေးဖွားခြင်းတို့၏ တိုက်ပွဲ

Vol. 4 Ch. 41

အခြေတည်စိတ်ဝိညာဥ်နဲ့ မွေးဖွားခြင်းတို့၏ တိုက်ပွဲ

Vol. 4 Ch. 41

ထိုအချိန်တွင် လင်းယွင်ဂိုဏ်းဝင်များဖြစ်စေ၊ ဟောက်ယွင်ဂိုဏ်းမှ ရောက်လာသူများ ဖြစ်စေ၊ကောင်းကင်ကို ကြည့်ရန် ခေါင်းမော့လိုက်ကြသောအခါ သူတို့နှလုံးသားများ တုန်လှုပ်သွားခဲ့သည်။ နတ်သားရဲလေးကောင်သည် ယခုအချိန်တွင် အသက်ဝင်လာသကဲ့သို့ ရှိနေသည်ကို သူတို့မြင်တွေ့ခဲ့ရသည်။

" မောက်မာတဲ့ကောင်၊ မင်းကကောင်းကင်နှင့် မြေကြီးဘယ်လောက်ကျယ်လဲဆိုတာ မသိဘူး။ ဒီနေ့ မင်းကို ငါတစ်ခုသင်ပေးလိုက်မယ်! ဟောက်ယွင်ဂိုဏ်းဆိုတာ မင်းကစော်ကားလို့ရတဲ့ အရာမဟုတ်ဘူးကွ!"

ထိုအစီအရင်ကို အစက အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ရှိ တပည့်များက ဖွင့်ထားပြီး ယွမ်ဟုန်ခုန်ထံမှ ပြင်းထန်လှတဲ့ တိုက်ခိုက်မှုကို ခံယူခဲ့ရသည်။

ထိုအခိုက်၊ ကျန်းယီမင်နှင့် Yuan Hongkong ကြားတွင်၊ သားရဲတစ်ကောင်သည် ရုတ်တရက် လေထဲမှတစ်ဆင့်ချင်း ပေါ်ထွက်လာခဲ့သည်။ ထိုသားရဲသည် မြွေနှင့် လိပ်နှစ်မျိုးလုံးနှင့် ပေါင်းစပ်ထားကာ၊ သူ့ကိုယ်ခန္ဓာသည်လည်း အကြေးခွံများဖြင့် ဖုံးလွှမ်းနေသည်။ ထိုသားရဲသည် မြောက်ဘက်ကို ကာကွယ်သော လိပ်နက် နတ်သားရဲဖြစ်သည်။ သူ့ရဲ့ ကြီးမားတဲ့ကိုယ်ခန္ဓာသည် နှစ်ဦးကြားတွင် ရပ်တန့်သွားခဲ့သည်။

"ဒါက ပုံရိပ်ယောင်တစ်ခုပဲ!" ယွမ်ဟုန်ခုန်ရဲ့ မျက်စံများ အနည်းငယ် ကျုံ့သွားခဲ့သည်။ သူ့ပြိုင်ဘက်သည် အများဆုံး အမြုတွေဖွဲ့စည်းခြင်းအဆင့်တွင်သာရှိနိုင်ပြီး၊ သူကအခုတော့ သူ့ကိုယ်သူ အစီအရင်ထဲသို့ ပေါင်းစပ်ကာ အခုလိုကြီးမားတဲ့ သားရဲကြီးကို ဆင့်ခေါ်နိုင်မယ်လို့ သူမထင်ထားခဲ့ပေ။ ဒီကောင်ကို ဆက်ရှင်ခွင့်မပေးနိုင်ဘူး။ အခုပဲ ဒီကောင့်ကို မသတ်နိုင်ရင်၊ သူက ငါတို့ရဲ့ ပျက်စီးခြင်း အကြောင်းတရားဖြစ်သွားလိမ့်မယ်။ ယွမ်ဟုန်ခုန်ကိုယ်တိုင်သည် မွေးဖွားခြင်းအဆင့်ဖြစ်သည်။ ပြိုင်ဘက်တွင် အစီအရင်ထောက်ခံမှုရှိသည့်တိုင်၊ သူ့တိုက်ခိုက်မှုတွေကို မတားဆီးနိုင်လောက်ဟု သူတွက်ချက်လိုက်သည်။

ယွမ်ဟုန်ခုန် ထုတ်လွှတ်လိုက်သော လက်ဝါးသည် လိပ်နက်အကြေးခွံနှင့် ထိတွေ့သောအခါ၊ ကြီးမားသော စွမ်းအင်များသည် ချက်ချင်းပေါက်ကွဲထွက်လာပြီး မြေပြင်တစ်ခွင်လုံးသို့ လှိမ့်ဝင်ရိုက်ခတ်သွားသည်။

"မင်းက ရထားတစ်စီးကိုတားဖို့ ကြိုးစားနေတဲ့ ကျိုင်းကောင်လိုပဲ! မင်းကိုယ်မင်း အထင်တွေ ဇွတ်ကြီးနေတယ်!"

သူ့လက်ဝါးမှ တိုက်ခိုက်လိုက်တာသည် ကမ္ဘာကြီးရဲ့ ခွန်အားများကို စုစည်းခြင်းဖြင့် စိတ်ဝိညာဥ်စွမ်းအင်ကို အသုံးပြုတိုက်ခိုက်လိုက်ကာ အလွန်ပင်အန္တရာယ်များလှပေသည်။

"ဟင်း...၊ လင်းယွင်ဂိုဏ်းခေါင်းဆောင်က သူ့ကိုယ်သူ အစီအရင်ထဲကို ပေါင်းစပ်လိုက်ပေမယ့်၊ မွေးဖွားခြင်းအဆင့်က တိုက်ခိုက်မှုကို တိုက်ရိုက်ရင်ဆိုင်မယ်ဆိုရင် ချက်ချင်းတောင် ပြာဖြစ်သွားမှာကို ငါစိုးရိမ်မိတယ်"

လူတိုင်းသိတဲ့အတိုင်း ဤမွေးဖွားခြင်းအဆင့် တိုက်ခိုက်မှုဆိုရင်၊ ထိုတိုက်ခိုက်ချက်မှ ပေါက်ကွဲရာက လှိုင်းများသည်ပင် သူတို့ကို ဒဏ်ရာရစေရန် လုံလောက်သည်။ ထို့ကြောင့်၊ သူတို့သည် သူတို့ ခန္ဓာကိုယ်များကို ကာကွယ်ရန် ချက်ချင်းပင် စိတ်ဝိညာဥ်စွမ်းအင်ကို လှည့်ပတ်စေပြီး ကာကွယ်လိုက်ရသည်။ ခဏတာအတွင်း၊ ကောင်းကင်နှင့် မြေကြီးသည် အရောင်ပြောင်းသွားသည်။ မြေကြီးနှင့် တောင်များပင် တုန်ခါသွားသည်။ ဖုန်မှုန့်များ နောက်ဆုံးတွင် ပြန့်ကျဲသွားသောအခါ၊ ယွမ်ဟုန်ခုန်ရဲ့ မျက်လုံးများသည် မယုံကြည်နိုင်အောင် ပြုးကျယ်သွားသည်။ သူ့ရှေ့တွင် ရပ်နေသောသူသည် ဆက်လက်ရပ် နေသေးသည်။ သူ့အသက်သံသည် အရင်ကကဲ့သို့ပင် တည်ငြိမ်နေသည်။ ခုနကတိုက်ခိုက်မှုသည် သူ့ကို အနည်းငယ်လေးတောင် ဒဏ်ရာမရစေခဲ့သလို ဖြစ်နေသည်။

" ကြည့်ရတာတော့ ကျွန်တော့်လိပ်ခွံက လုံးဝအသုံးမကျတာမျိုးတော့ မဟုတ်ဘူးပဲ" ဟု ကျန်းယီမင်က သူ့ရှေ့တွင် ရှိသော လိပ်ခွံကို ကျေနပ်စွာကြည့်လိုက်ပြီး အခြားတစ်ဖက်သို့ မထီမဲ့မြင်ပြုကာ "ဟင်..? မွေးဖွားခြင်းအဆင့်ရဲ့ အရည်အချင်းက ဒီလောက်ပဲလား?" ဟု ပြုံးရင်းမေးလိုက်သည်။

သူအဆင့်ချိုးဖျက်မှုသည် ကျန်းယီမင်ရဲ့ ခွန်အားကိုဆယ်ဆလောက် တိုးသွားစေခဲ့သည်။ အခုအချိန်တွင်၊ သူသည် ပုံစံတစ်ထောင်ပြောင်းလဲခြင်း အစီအရင်နှင့် တစ်သားတည်းဖြစ်သွားသည်။ ထို့ကြောင့် အစီအရင်အတွင်း၌၊ မွေးဖွားခြင်းအဆင့်ကို စိန်ခေါ်ရန် အရည်အချင်းရှိပြီဖြစ်သည်။

ယွမ်ဟုန်ခုန်သည် သူ့တိုက်လိုက်တာ ကျရှုံးသွားသည်ကို သိလိုက်ရသောကြောင့်၊ သူ့မျက်နှာအမူအရာက ချက်ချင်းမှောင်မည်းသွားပြီး သူတအံ့တသြဖြစ်နေတဲ့ အမူအရာကိုလည်း ချက်ချင်းပြန်ပြင်ကာ ပုံမှန်းတိုင်းပြန်နေလိုက်သည်။ ပြိုင်ဘက်ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းကို သူ့စိတ်ထဲမှာ ရှာဖွေရင်း သူသည် လက်နှစ်ဖက်ကနေ ချိတ်စည်းတံဆပ်တစ်ခုကို ပုံဖော်လိုက်သည်။ လင်းယွင်ဂိုဏ်းသည် ပဉ္စမအဆင့် ဂိုဏ်းတစ်ခုသာဖြစ်သည်။ ဘယ်ခွန်အားကြီးအားတဲ့ဂိုဏ်းက တိတ်တဆိတ် ကူညီပေးနေတာလဲဆိုတာကို သူတွေးမရဖြစ်နေသည်။ ဂိုဏ်းဂိုဏ်းကာကွယ်ရေး အစီအရင်သည်ပင်လျှင် သူ့ကို တိတ်တဆိတ် အားကျမနာလိုစေရန် လုံလောက်သည်။

"မင်းမောက်မောတဲ့ကောင်၊ မင်းက အခုထိ ခုခံနေသေးတယ်ပေါ့!" ဟု ပြောကာ အမျက်ထွက်သွားသည်။ သူက သူ့ခန္ဓာကိုယ်ပတ်လည်ရှိ ချီကို လှည့်ပတ်စေလိုက်ပြီး၊ ပတ်ဝန်းကျင်က အပူချိန်သည် ရုတ်တရက် မြင့်တက်သွားသည်။

ထိုအချိန်တွင်၊ ကျန်းယီမင်သည် သူ့စိတ်ထဲတွင် ပြိုင်ဘက် အဆင့်ကမြင့်လေလေ၊ သူနဲ့ ရန်သူ့ကြားက ကွာဟချက် ကြီးမားလေလေ ဖြစ်တာကို သိလိုက်သည်။ မွေးဖွားခြင်းအဆင့်ရှိ ဒီရန်သူကို ဆန့်ကျင်တိုက်ခိုက်ရန် သူသတိ အပြည့်ထားရမည် ဖြစ်သည်။

မီးလျှံများသည် ယွမ်ဟုန်ခုန်ပတ်လည်တွင် မြန်မြန်ဆန်ဆန် ပေါ်ပေါက်လာခဲ့သည်။ မိုင်တစ်ရာအတွင်းရှိ မီးဒြပ်စင်အားလုံးကို သူမှ စုပ်ယူလိုက်သကဲ့သို့ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်သည်လည်း လောင်ကျွမ်းနေပြီး အခုတိုက်ခိုက်မှုက အရာအားလုံးကို လောင်ကျွမ်းစေတော့မည့်အလား ရှိနေသည်။ဟောက်ယွင်ဂိုဏ်းက တပည့်များသည် သူတို့ မဟာအကြီးအကဲက ဂိုဏ်းက အစွမ်းထက်ကျင့်စဥ်ကို အသုံးပြုတော့မည်ကို မြင်ရသောအခါ၊ သူတို့သည်လည်း ချက်ချင်းပင် ချိပ်စည်းတံဆိပ်ကို အမြန်ပုံဖော်လိုက်ကြသည်။ ယနေ့ကိစ္စများသည် အခုလိုထိဖြစ်လာပြီဖြစ်သောကြောင့်၊ နှစ်ဖွဲ့စလုံးအတွက် ငြိမ်းချမ်းစွာ ဖြေရှင်းရန် နည်းလမ်းမရှိတော့ပေ။ သူတို့သည် ဒီနေ့ လင်းယွင်ဂိုဏ်းကို အပြီးတိုင် ဖျက်စီးရန် စိတ်ပိုင်းဖြတ်လိုက်ကြသည်။

ကျန်းယီမင်သည်လည်း သူ့ပတ်ပတ်လည်ရှိ စိတ်ဝိညာဥ်စွမ်းအင်များကို စုပ်ယူလိုက်သည်။ နတ်သားရဲလေးကောင်သည် သူ့ရှေ့တွင် စုဝေးလာပြီး တစ်ကောင်ချင်းစီက ကြောက်မက်ဖွယ် စိတ်ဝိညာဥ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။

ဟောက်ယွင်ဂိုဏ်းက အမြုတွေဖွဲ့စည်းခြင်းအဆင့် တပည့်များသည် အခုလိုအဆင့်ကတိုက်ခိုက်မှု အရှိန်အဝါများကို ဘယ်လိုမခုခံနိုင်ကြပေ။ သူတို့က ချက်ချင်းပင် မြေပေါ်သို့ လဲကျသွားကာ သွေးအန်သွားကြသည်။

" အကုန် ဖျက်စီးပစ်ကြစမ်း!" ယွမ်ဟုန်ခုန်သည် ဒေါသထွက်ကာ အော်ဟစ်လိုက်ပြီး သူ့မျက်လုံးမှ အကြည့်များက နီရဲလာခဲ့သည်။ သူ့နောက်ကွယ်တွင်၊ ကြီးမားသော လူပုံရိပ်ကြီးသည် ထွက်ပေါ်လာခဲ့သည်။ ယွမ်ဟုန်ခုန်နှင့်အတူ ပုံရိပ်ကြီးသည် တစ်ပြိုင်နက်တည်း သူတို့လက်ဝါးများကို ရှေ့ကိုထုတ်လိုက်ကြပြီး၊ မီးလျှံများနဲ့ ကြီးမားသည့် လက်ဝါးကြီးတစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းသွားသော ဖိအားများသည် လှိုင်းများသဖွယ် ရိုက်ခတ်နေသည်။ တကယ်လို့သာ ထိုလက်ဝါးကြီးသည် ကျရောက်လာပါက၊ လင်းယွင်ဂိုဏ်းသည် သေချာပေါက် ပျက်စီးသွားမှာဖြစ်သည်။

ကျန်းယီမင်နှုတ်ခမ်းများ အနည်းငယ်လှုပ်ရှားသွားပြီး၊ စိတ်ဝိညာဥ်စွမ်းအင်များသည် သူ့ချီလမ်းကြောင်းများကြားတွင် မြန်မြန်ဆန်ဆန် စီးဆင်းလာသည်။ထို့နောက် သူကအစီအရင်ကို အသုံးပြုပြီး ကောင်းကင်နှင့် မြေကြီးကစိတ်ဝိညာဥ်စွမ်းအားများကို စုပ်ယူလိုက်ပြီး သူ့ညာဘက်လက်ဝါးထဲတွင် ထိုစွမ်းအားကို စုစည်းလိုက်သည်။

"ပျက်သုဥ်းခြင်းလက်ဝါး" အခုခါ သူ့မှာ ထိုကျရောက်လာတဲ့ လက်ဝါးကို တားဆီးရန် နည်းလမ်းစဥ်းစားမရတော့သဖြင့်၊ ကောင်းကင်ဖျက်စီးကျင့်စဥ်ကို အသုံးပြုရန် စတင်လိုက်ရသည်။ ထို့နောက်၊ သူက သူ့အခြေတည်စိတ်ဝိညာဥ်အဆင့်ရှိတဲ့ ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာကို အသုံးပြုကာ ထိုလက်ဝါးကို အသုံးပြုလိုက်သည်။ လှိုင်းထနေသော ဖျက်စီးခြင်းစွမ်းအင်များသည် ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးကို ပြည့်နှက်သွားစေသည်။

ဖျက်စီးခြင်းစွမ်းအင်ဖြင့် ဖန်တီးထားတဲ့ ကြီးမားသည့် လက်ဝါးတစ်ခုသည် ကျန်းယီမင်ရှေ့မှတစ်ဆင့် လွှင့်ထွက်လာသည်။ ထိုလက်ဝါးမှ ယူဆောင်လာသောဖိအားသည် ယွမ်ဟုန်ခုန်သုံးလိုက်သော စည်းတံဆိပ်ထက် မနိမ့်ကျပေ။

"ဆရာက ယွမ်ဟုန်ခုန်ကို တိုက်ရိုက်ရင်ဆိုင်ဖို့ လုပ်နေတယ်! ချက်ချင်းပြန်လာခဲ့ကြ!"ဟု ဂူလင်းဖေးက သူ့ညီတွေနဲ့ ညီမကို အံ့အားသင့်စွာ အော်ဟစ်ပြီး ပြန်လာဖို့ပြောလိုက်သည်။ သူတို့က ချက်ချင်းစုဝေးလိုက်ပြီး စိတ်ဝိညာဥ်စွမ်းအင်ကို သူတို့ရှေ့တွင် အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲကာ ကာကွယ်လိုက်သည်။ သူတို့ စိတ်ဝိညာဥ်စွမ်းအင်သည် အခုလိုအဆင့်များက တိုက်ခိုက်မှုများမှ သူတို့ကိုယ်ကို ကာကွယ်ရန် မလွယ်ကူပေ။

ဟောက်ယွင်ဂိုဏ်းမှ လူများသည်လည်း အံ့အားသင့်သွားကြသည်။ လင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်သည် အများဆုံး အမြုတွေဖွဲ့စည်းခြင်းအဆင့်တွင်ရှိပြီး၊ မွေးဖွားခြင်းအဆင့်နှင့် တိုက်ရိုက်တိုက်ခိုက်ဖို့ လုပ်နေတာက အဓိပ္ပါယ်မရှိဘူးလို့ ထင်နေကြသည်။ သို့သော််၊ လက်ရှိအခြေအနေသည် သူတို့အား သေချာစဉ်းစားရန် ခွင့်မပြုပေ။ သူတို့သည်လည်း သူတို့ကိုယ်ကို အကာကွယ်များနောက်တွင် နေလိုက်ရသည်။ မြင့်မားသောကျင့်ကြံဆင့်ရှိ ကျင့်ကြံသူသူများကြားက တိုက်ပွဲသည် သူတို့အလွယ်တကူ ဝင်ရောက်စွက်ဖက်နိုင်သည့် အရာမဟုတ်ပေ။

လက်ဝါးနှစ်ခုသည် လေထဲတွင် တိုက်မိသွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ခုက လေဟာနယ်ကို ဖြတ်ကျော်သွားမည့်အလား တိုက်မိပြီး ရောထွေးသွားသည်။

ဘုံး....!

ကြီးမားလှတဲ့ ပေါက်ကွဲမှုကြီးသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ဟိန်းဟောက်မြည်ဟည်းလာသည်။ ကြောက်မက်ဖွယ်ရာ ရိုက်ခတ်မှုကတဆင့် ထွက်လာတဲ့လှိုင်းများသည် မြေပြင်ကို မြန်မြန်ဆန်ဆန် ရိုက်ခတ်ပြီး၊ ခဏတာအတွင်း၊ ဖုန်မှုန့်များနှင့်ကျောက်တုံးများက လွှင့်စင်သွားကာ အပင်များလည်း ပျက်စီးသွားသည်။ မီးလက်ဝါးကြီးနှင့် ကြီးမားသောလက်ဝါးတို့ တိုက်မိသောအချိန်တွင်၊ ကမ္ဘာကြီးတစ်ခုလုံးပင် ပျက်စီးသွားတော့မလို အရှိန်များ ဖြစ်လာသည်။ ကျန်းယီမင်မှ ထုတ်လွှတ်လိုက်သော ကြီးမားသည့်လက်ဝါးမှ ယွမ်ဟုန်ခုန်ဆီသို့ ဦးတည်နေသော အရှိန်အဝါများပင် ကျန်ရစ်နေသေးသည်။

ထိုတိုက်ကွက်နှစ်ခုကြား တိုက်ခိုက်မှုအတွင်း၊ ကျန်းယီမင်သည် အနည်းငယ်သာ အနိုင်ရခဲ့သည်ဟုပင် တွေးနိုင်သည်။ ထိုအချိန်တွင်၊ ကျန်းယီမင်တပည့်များသည် ဂိုဏ်းကာကွယ်ရေး အစီအရင်အတွင်း၌ ဆက်လက်ရပ်နေကြသည်။ သို့သော််၊ ကောင်းကင်နှင့် မြေကြီးကြားရှိ စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများ၏ တုန်ခါမှုကြောင့် သူတို့သည် ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်လိုက်ရသည်။

အစီအရင်အပြင်ဘက်တွင် ရှိသော ဟောက်ယွင်ဂိုဏ်းမှ အဖွဲ့ဝင်များသည် သူတို့လို ကံမကောင်းခဲ့ပေ။ သူတို့က စိတ်ဝိညာဥ်စွမ်းအင် အကာအကွယ်များ ဖွဲ့စည်းထားသော်လည်း၊ ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲသက်ရောက်မှုကို ခံနိုင်ရည်မရှိခဲ့ပေ။

မဟာအကြီးအကဲ ယွမ်ဟုန်ခုန်သည် မွေးဖွားခြင်းအဆင့်တွင် ရှိသော်လည်း၊ ကျန်းယီမင်သည် သူနှင့် တိုက်ရိုက်တိုက်ခိုက်နိုင်ဆဲ ဖြစ်သည်။ ကျန်းယီမင်ခွန်အားသည် ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းသနည်း။ ထိုအချိန်တွင်၊ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာမှ အတိုင်ပင်ခံပုဂ္ဂိုလ်သည်လည်း အံ့အားသင့်သွားသည်။ ဤသည်မှာ အခြေတည်စိတ်ဝိညာဥ်အဆင့် တိုက်ပွဲမဟုတ်တော့ပေ။

ကောင်းကင်နှင့် မြေကြီးမှ စိတ်စွမ်းအားကို အပြည့်အဝ အသုံးပြုခဲ့သည်။ လင်းယွင်ဂိုဏ်းဆိုတာ ဘယ်လိုမျိုးတောင် လျှို့ဝှက်ပြီး ကြောက်စရာကောင်းတဲ့ နေရာကြီးလဲ။

လူပုံရိပ်နှစ်ခုသည် ပေါက်ကွဲမှုဗဟိုမှ ပျံသန်းထွက်ခွာလာသည်။ ထိုသူတို့သည် ခုနက တိုက်ကွက်ထုတ်ခဲ့သော နှစ်ဦးဖြစ်သည်။ ထိုအချိန်တွင်၊ ယွမ်ဟုန်ခုန်သည် လေထဲတွင် သူ့ကိုယ်ခန္ဓာကို အနည်းငယ်တည်ငြိမ်အောင် လုပ်လိုက်ပြီး၊ သူ့မျက်နှာအမူအရာမှာတော့ အကျဥ်းတန်နေသည်။ ဤသည်မှာ သူအနိုင်ပိုင်းလိုက်တဲ့ တိုက်ပွဲတစ်ခုဖြစ်သင့်သည်။ သို့သော် ဒီတိုက်ပွဲတွင် သူအနိုင်မပိုင်းနိုင်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ပြိုင်ဘက်ကသာ သူ့အပေါ် သာနေသလိုဖြသ်နေသည်။ ကျန်းယီမင်ရဲ့ ကျင့်ကြံဆင့်သည် ဘယ်လိုမှသူ့ထက်မနိမ့်နိုင်ဘူးလို့ သူတွေးလိုက်သည်။

ဖုန်မှုန့်များက ဖြေးညှင်းစွာ ပြန့်ကျဲသွားပြီး၊ လေထဲတွင် လူပုံရိပ်နှစ်ခုသာ ကျန်ရှိတော့သည်။ ကျန်းယီမင်သည် မွေးဖွားခြင်းအဆင့်ရှိ ပြိုင်ဘက်တစ်ဦးနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သည်။ စနစ်က သူနှင့် သူ့ပြိုင်ဘက်ကြားရှိ ကွာဟချက်ကို အနည်းဆုံးဖြစ်အောင် လုပ်ပေးထားသော်လည်း၊ ယခင်တိုက်ပွဲများကဲ့သို့ သူလိုချင်သောရလဒ်ကို အလွယ်တကူလေး မရခဲ့ပေ။

All Chapters