← Chapters

ငါးယောက် တစ်ယောက်

Vol. 4 Ch. 43

ငါးယောက် တစ်ယောက်

Vol. 4 Ch. 43

"ဆရာ! အဆင်ပြေရဲ့လား?"

"ဝိုး... ဆရာ! ဒါတွေအားလုံးကို ဘယ်ကနေသင်ခဲ့တာလဲ?"

"ဆေးလုံးတွေ၊ ကျင့်စဥ်တွေနဲ့ ဒီကြီးကျယ်တဲ့ ခန်းမတွေကို မပြောတော့ဘူး၊ ဆရာရဲ့ လက်ရှိ ကျင့်ကြံရေးအဆင့်က ဘယ်လောက်လဲ?"

"မှန်တယ်! ဟောက်ယွင်ဂိုဏ်းရဲ့ မွေးဖွားခြင်းအဆင့် မဟာအကြီးအကဲကိုတောင် ဒီလိုလွယ်လွယ်ကူကူနဲ့ အနိုင်ယူနိုင်တယ်လို့ မထင်ထားဘူး"

"ငါမှာသာ အရည်အချင်းတစ်ချို့မရှိရင်၊ မင်းတို့လိုပါရမီရှင်တွေကို ဘယ်လိုလေ့ကျင့်ပေးနိုင်မှာလဲ? မင်းတို့ရဲ့ အခုကျင့်ကြံမှုက အံ့သြဖွယ်ကောင်းတဲ့ အရှိန်အဟုန်နဲ့ တိုးတက်နေတယ်။ မကြာခင်မှာ ငါမင်းတို့တွေကို သင်ပေးဖို့ ဘာမှမကျန်တော့မှာကို ကြောက်မိတယ်!"ဟု ကျန်းယီမင်က သူ့နားပြေးလာသော တပည့်များကို ရယ်မောကာ ပြောလိုက်သည်။

ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာသည် သူ့အား အကျိုးကျေးဇူးများစွာ ယူဆောင်ပေးခဲ့သည်။ သို့သော်် ယနေ့ မွေးဖွားခြင်းအဆင့်နှင့် တိုက်ပွဲသည် သူ့ကို အတော်လေးတော့ အနိုင်ရဖို့ မလွယ်ကူခဲ့ပေ။

"ရှေ့ဆက်ပြီးလမ်းက ခက်ခဲရှည်လျားတယ်!" ကျန်းယီမင်သည် ထရပ်လိုက်ပြီး အရှေ့ဖက်က လူစုဆီကို သွားရန်လုပ်လိုက်သည်။

"ဆရာ၊ ဆက်တိုက်ဦးမှာလား" သူ့အကြီးဆုံးတပည့်သည် သူ့ကို ဟန့်တားရန် ကြိုးစားလိုက်သည်။

ကျန်းယီမင်ရဲ့ လက်ရှိဆိုးရွားလှတဲ့ အခြေအနေကို ဘယ်သူမှမခန့်မှန်းနိုင်ကြပေ။ ထို့ကြောင့် အခုတိုက်ပွဲကို လှည့်ကွက်သုံးပြီး ရှောင်လွဲရန်သာ အကောင်းဆုံးဖြစ်နေသည်။

"ဟောက်ယွင်ဂိုဏ်း၊ ဟားဟား...။ ဒီနေ့ သူတို့ကို မဖျက်ဆီးလိုက်ရင်၊ နောက်ပိုင်းမှာ ငါတို့ဒုက္ခရောက်လိမ့်မယ်!"

ကျန်းယီမင်သည် သူ့တပည့်များထံမှ အကြည့်လွဲလိုက်ပြီး တစ်ဖက်ရန်သူကို ကြည့်နေတဲ့ သူ့အကြည့်သည် ပြန်ပြီးတောက်ပလာသည်။ သူသည် သူတော်စင်တစ်ဦးမဟုတ်ပေ။ ရန်သူသည် သူ့ဆီကို ပြဿနာရှာရန် သူ့ဘာသာ ရောက်လာသည့်အချိန်မှစ၍၊ ပြဿနာမူလအကြောင်းရင်းကို အမြစ်ဖြတ်မပစ်ပါက၊ သူတို့သာကိုယ်ဟာကိုယ် လက်သားမချေနိုင်ဘဲ အမြဲခေါင်းငုံ့နေရင် လင်းယွင်ဂိုဏ်းသည် ဘယ်တော့မှ တိုးတက်လာတော့မည်မဟုတ်ပေ။

"မင်းတို့တွေ ခနက ငါနဲ့အတူတူတိုက်ဖို့ လက်တွေယားနေတာမဟုတ်လား။ အခုကော စိတ်ပါသေးလား"ဟု ကျန်းယီမင်သည် သူ့တပည့်များထံသို့ မျက်လုံးမှေးကာ ပြောလိုက်သည်။

ပြိုင်ဘက်ရဲ့ တစ်ဦးတည်းသော မွေးဖွားခြင်းအဆင့်သည် သူ့ထံမှ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီးဖြစ်သည်။ ကျန်ရှိနေတဲ့ လူအုပ်ကို သတ်ဖြတ်ရန် မခက်ခဲတော့ပေ။ တပည့်များက သူ့စကားကို နားလည်သွားပြီး သူ့နောက်ကွယ်မှ လိုက်သွားသည်။ထိုအတောအတွင်း၊ ဟောက်ယွင်ဂိုဏ်းမှ အဖွဲ့ဝင်များသည် ဖိအားများ ပိုမိုနီးကပ်လာသည်ကို ခံစားလိုက်ရသည်။ ဝူပိုရှန်သည် ခုနကထိ သူ့ဘက်မှ မဟာအကြီးအကဲ ဒဏ်ရာရသွားတာကိုသာ စိတ်ထဲစွဲနေသည်။ သို့သော်် သူအဲ့လို ထိုင်တွေးနေတုန်းမှာပဲ၊ ပြင်းထန်တဲ့ ဖိအားကြီးတစ်ခုက သူ့ရှေ့ရောက်လာခဲ့သည်။ တစ်ဖက်က သူ့အား တုံ့ပြန်ရန် အခွင့်အရေးမျှ မပေးခဲ့ပေ။

"မင်းတို့ကိုယ်တိုင် တောင်းဆိုခဲ့တာပဲ။ ဒီနေ့ကိစ္စက ငါတို့ထဲက တစ်ဖွဲ့သေမှပဲ အဆုံးသတ်မယ်" ဟောက်ယွင်ဂိုဏ်းဝင်များရှေ့တွင် ရပ်နေတဲ့ ထိုပုဂ္ဂိုလ်သည် သေမင်းတမန်တစ်ပါးနှင့် တူနေသည်။

"အစီအရင် မြန်မြန်ဖွဲ့လိုက်၊ မဟာအကြီးအကဲကို ကာကွယ်ကြစမ်း"

နောက်ထပ်မီးလုံးများသည် ကျန်းယီမင်ထံသို့ ရောက်လာပြီး တိုက်ခိုက်ကြသော်လည်း၊ သူသည် အခုတံခါးပိတ်ကျင့်ရာကနေ ထွက်လာပြီးဖြစ်သည်။ သူ တံခါးပိတ်ကျင့်ရန် မသွားမီကပင်၊ အခြေတည်စိတ်ဝိညာဥ်အဆင့်သည် သူ့ပြိုင်ဖက်မဟုတ်ခဲ့ပေ။

ယခုအခါ၊ သူသည် သူ့အဆင့်ချိုးဖျက်ထားသည်။ ထို့ကြောင့် ဒီလိုကလေကချေအုပ်စုသည် သူ့ကို အနည်းငယ်လေးတောင် အန္တာရယ်မပေးနိုင်တော့ပေ။

"မင်းတို့က အမြုတွေဖွဲ့စည်းခြင်းအဆင့်နဲ့ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်က အမှိုက်တွေကို ကိုင်တွယ်ဖြေရှင်းလိုက်ကြ။ ငါက အခြေတည်စိတ်ဝိညာဥ်အဆင့်က အုပ်စုကို ကိုင်တွယ်ဖြေရှင်းလိုက်မယ်" ကျန်းယီမင်က အေးစက်စွာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

ထိုသို့ပြောပြီးတာနဲ့ ကြီးမားသော လက်ချောင်းတစ်ချောင်းသည် သူ့နောက်ကျောမှ ထွက်ပေါ်လာခဲ့သည်။

"ဖျက်စီးခြင်းလက်ချောင်း"

အခြေတည်စိတ်ဝိညာဥ်အဆင့်အနည်းငယ်သည် အလွန်အမင်း ထိတ်လန့်သွားသည်။ သူတို့ရင်ဆိုင်နေရသော ပြိုင်ဘက်သည် ခုနကပင် လက်ဝါးတစ်ချက်လေးဖြင့် သူတို့ရဲ့ မွေးဖွားခြင်းအဆင့် မဟာအကြီးအကဲကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။ယခုအခါ ထိုသို့သော ပြိုင်ဘက်တစ်ဦးသည် သူတို့ရှေ့တွင် ရပ်နေပါက၊ သူတို့ မကြောက်ဘဲ မနေနိုင်တော့ပေ။

"မီးတစ်ထောင်တောက်လောက်ခြင်း"

ထိုကျင့်စဥ်သည် ဟောက်ယွင်ဂိုဏ်းက လူပေါင်းများစွာ တတ်မြောက်သော ကျင့်စဥ်တစ်ခုဖြစ်သည်။ အခြေတည်စိတ်ဝိညာဥ်အဆင့်ငါးဦးသည် ကျန်းယီမင်ကို ဝိုင်းရံထားလိုက်သည်။ ကျန်းယီမင်ကို ဝန်းရံထားကာ လှောင်အိမ်တစ်ခုလို ပိတ်လှောင်ထားလိုက်သည်။ အားကောင်းတဲ့ စိတ်ဝိညာဥ်စွမ်းအင်များသည် ကျန်းယီမင်ကို လောင်မြိုက်ပြာချရန် ဝန်းရံပိတ်လှောင်ထားသည်။ ထိုအရာက အခြေတည်စိတ်ဝိညာဥ်အဆင့်ငါးဦး၏ ပေါင်းစပ်တိုက်ခိုက်မှုဖြစ်သည်။ ကျန်းယီမင်ကို ခဏတာမျှ ပိတ်လှောင်ထားမယ်လို့ သူတို့တွေးလိုက်ကြသာ်။

"ဟားဟား...၊ မင်းတို့လို အခြေတည်စိတ်ဝိညာဥ်အဆင့်က စောက်ပေါတွေကလား..."

ကြီးမားတဲ့ လက်ချောင်းကြီးသည် မီးလျှံများနဲ့ ပိတ်လှောင်ထားသော မျက်နှာပြင်ကို ချိုးဖျက်လိုက်သည်။ သူတို့မှရှိတဲ့ အားကုန် စိတ်ဝိညာဥ်စွမ်းအင်အားလုံးကို အသုံးပြုပြီးဖွဲ့စည်းထားသော အစီအရင်သည် ခဏအတွင်းမှာပင် ချိုးဖျက်ခံရသည်။ လက်ချောင်းပေါ်ရှိ ဖျက်ဆီးခြင်းစွမ်းအင်သည် ရှေးဦးခေတ်ထဲက ရှိနေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင်လို ဖြစ်နေသည်။

ထိုအငွေ့အသက်များသည် သူတို့ကို လာမထိသေးခင်ပင် သူတို့က ဖော်ပြလို့ပင်မရသော ကြောက်ရွံ့မှုတစ်မျိုးကို ခံစားနေရသည်။ ထို့နောက် အခြေတည်စိတ်ဝိညာဥ်အဆင့်ငါးဦးစလုံးက တစ်ပြိုင်နက်တည်း လွှင့်စင်သွားပြီး မြေပြင်ပေါ်သို့ အရှိန်နဲ့ ပြုတ်ကျသွားသည်။ ကျန်းယီမင်သည် နောက်မဆုတ်ခဲ့ပေ။ သူက ထိုအကြီးအကဲ ငါးယောက် အခြေတည်စိတ်ဝိညာဥ်များအဖြစ် ပြောင်းလဲပြီး ထွက်ပြေးဖို့ အခွင့်အရေးပင် မပေးပေ။

ဟောက်ယွင်ဂိုဏ်းမှ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်နှင့် အမြုတွေဖွဲ့စည်းခြင်းအဆင့်က လူတွေကတော့ ပင်လယ်ထဲ နစ်မြုပ်လာတဲ့သင်္ဘောမှ ထွက်ပြေးနေတဲ့ ကြွက်တွေလို ဆောက်တည်ရာမရဖြစ်နေကြသည်။ လင်းယွင်ဂိုဏ်းကို ဖျက်စီးပစ်ရန်? ယခုအခါ အရေးအကြီးဆုံးမှာ သူတို့ကိုယ်ပိုင်အသက်များကို ကယ်တင်ရန်ဖြစ်သည်။

ကျန်းယီမင်မျက်လုံးများ အေးစက်သွားသည်။ သူ့မျက်လုံးထဲတွင် အခုလို အမှိုက်တွေနဲ့ အချိန်ထိုင်ဖြုန်းဖို့ အချိန်မရှိပေ။ သူ့အတွက် အမှန်တကယ် ခြိမ်းခြောက်နိုင်သူမှာ ယွမ်ဟုန်ခုန်တစ်ဦးတည်းသာဖြစ်သည်။ မွေးဖွားခြင်းအဆင့်သို့ ရောက်ရှိပြီးသော ကျင့်ကြံသူများသည် ကောင်းကင်နှင့် မြေကြီးကနေ စိတ်ဝိညာဥ်စွမ်းအင်များကို သူတို့ဆန္ဒအတိုင်း စုပ်ယူနိုင်သည်။ ယွမ်ဟုန်ခုန်အသက်ရှင်နေသလား သေဆုံးနေသလား သူမသေချာပေ။

ယွမ်ဟုန်ခုန်က အသက်တစ်မျှင်လေးကျန်ရင်တောင် သူက စိတ်ဝိညာဥ်စွမ်းအင်ကို စုပ်ယူကာ သူ့မူလဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အမြန်ပြုပြင်နိုင်သည်။ ထို့အပြင်၊ မွေးဖွားခြင်းအဆင့်သို့ ရောက်ရှိပြီးသော ကျင့်ကြံသူများတွင် သူတို့ခန္ဓာကိုယ်ထဲမှာ အခြေတည်စိတ်ဝိညာဥ်တစ်ခုထက်ပိုပြီး ရှိလိမ့်မည်ဖြစ်သည်။

ကျန်းယီမင်ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဥ်စွမ်းအင်သည် ပေါက်ကွဲထွက်လာကာ အရပ်လေးမျက်နှာကို စီးဆင်းသွားသည်။ ယွမ်ဟုန်ခုန်က ဒဏ်ရာကနေ ပြန်သက်သာလာရင်တောင် အလွတ်မပေးဘဲ လိုက်သတ်ရမည်။ အဲ့လိုလုပ်မှသာ ယောက်ယွင်ဂိုဏ်းရဲ့ ရန်စွယ်ကင်းလိမ့်မည်။

ကျန်းယီမင်မျက်လုံးများ လင်းလက်သွားသည်၊ "မျှော်လင့်ထားသည့်အတိုင်းပဲ၊ မွေးဖွားခြင်းအဆင့်ကို သတ်ဖို့က အဲ့လောက်မလွယ်ဘူးဆိုတာ"

အခြေတည်စိတ်ဝိညာဥ်အဆင့်တစ်ဦးအတွက် မွေးဖွားခြင်းအဆင့်တစ်ဦးကို တစ်ယောက်ထဲ စိန်ခေါ်ပြီး သတ်ဖြတ်အနိုင်ယူဖို့ဆိုတာ အရင်တုန်းကမရှိခဲ့ပေ။ သို့သော် ဒီနေ့သူက ပထမဆုံးလူဖြစ်ရန် ဆုံးဖြတ်လိုက်သည်။

"မင်း... မင်း... ဘယ်သူလဲ"

ကျန်းယီမင်သည် ယွမ်ဟုန်ခုန်ရဲ့ စိတ်ဝိညာဥ်စွမ်းအားလှိုင်းကို ခြေရာခံပြီး ချက်ချင်းပင် သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ ယွမ်ဟုန်ခုန်ကို ကာကွယ်ပေးထားတဲ့ အစီအရင်ကို သူကလျစ်လျုရှုထားလိုက်သည်။

ယွမ်ဟုန်ခုန်က ထိန်းမရအောင် တုန်လှုပ်နေသည်။ သူ့ရှေ့တွင် ရပ်နေသောသူသည် အမှန်ပင် အခြေတည်စိတ်ဝိညာဥ်အဆင့်သာ ရှိတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သူတွေးလိုက်သည်။ သူက မွေးဖွားခြင်းအဆင့်ကို မကြာသေးခင်ကမှ ဝင်ရောက်ခဲ့ပြီး၊ ထိုကဲ့သို့အဆင့်ကို ဝင်ရောက်ဖို့ဆိုသာ မလွယ်ကူခဲ့ပေ။ သို့သော်် သူသည် ကျန်းယီမင်နှင့် တိုက်ကွက်နှစ်ခုသာ တိုက်ခဲ့ပြီး၊ သူက တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ ပြည့်နေသည်။

'ကျန်းယီမင် ခွန်အားက သူ့ထက်သာလွန်နေတာ ဖြစ်နိုင်တယ်။ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ လင်းယွင်ဂိုဏ်းက ဟောက်ယွင်ဂိုဏ်းလက်အောက်က ပဉ္စမအဆင့် ဂိုဏ်းလေးပဲလေ။ သူတို့ ဂိုဏ်းချုပ်က အလွန်ဆုံးမှ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်က အသုံးမကျတဲ့ ကျင့်ကြံသူတစ်ဦးပဲ ဖြစ်သင့်တယ်။ ဒါမှမဟုတ် ပထမအဆင့်လို အဖွဲ့အစည်းက တစ်ယောက်ယောက်များလား။ ဒါပေမယ့် ငါတို့တွေ အဲ့လိုလူတွေကို ရန်မစဖူးဘူးလေ။' ယွမ်ဟုန်ခုန်တစ်ယောက်ထဲ အတွေးတွေများပြီး တုန်လှုပ်နေသည်။

" ငါက မင်းတို့ဂိုဏ်းက ဒီနေ့သတ်ဖို့ ရည်ရွယ်ထားတဲ့သူပါ၊ လင်းယွင်ဂိုဏ်း ဂိုဏ်းချုပ် ကျန်းယီမင်ပဲ" ဟု ကျန်းယီမင်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ပြီး စိတ်ဝိညာဥ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေသည်။

" ရောင်းရင်းမိတ်ဆွေ! ငါတို့အားလုံးက ကျင့်ကြံရေးမိတ်ဆွေတွေပဲလေ။ ဒီနေ့ကိစ္စအတွက်နဲ့ နှစ်ဖွဲ့စလုံးကို အထိနာတဲ့အထိ လုပ်မှရမှာလား" ယွမ်ဟုန်ခုန်က သူ့သွားများကို အံ့ကြိတ်ကာ အသနားခံပြောလိုက်သည်။

ကျန်းယီမင်ရဲ့ စိတ်ဝိညာဥ်စွမ်အင်များသည် အစတုန်းကလို တည်ငြိမ်မှုမရှိတော့ပေ။ ထိုအရာသည် အချိန်မရွေးပစ်လွှတ်လိုက်တော့မယ့် မြားတစ်စင်းလို သူ့ကိုချိန်ထားသည်။ ယွမ်ဟုန်ခုန်သည် သူ့ရဲ့နှစ်ပေါင်းများစွာ ကျင့်ကြံမှုကို ကျန်းယီမင် ဖျက်စီးပစ်မှာကို လက်မခံနိုင်ပေ။

" အဓိပ္ပါယ်မရှိတဲ့ စကားတွေ တော်စမ်းပါ။ မင်းဆိုရင်ကော ငါ့ကိုဘာမှမဖြစ်သလို ခွင့်လွှတ်ပေးမှာလား ဒီအခြေအနေမှာ။" ကျန်းယီမင်သည် သူနဲ့ ဆက်စကားမပြောတော့ဘဲ သူ့ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဥ်ကို အမြန်လှည့်ပတ်စေရန် စတင်လိုက်သည်။

လှိုင်းထနေသော စိတ်ဝိညာဥ်စွမ်းအင်များသည် ပေါက်ကွဲထွက်လာကာ သူ့ရှေ့က ယွမ်ဟုန်ခုန်ဆီသို့ တိုက်ရိုက်ဦးတည်သွားသည်!

" ငါတို့တွေ အခုလို အဆုံးထိသွားဖို့လိုလို့လား၊ ဘာအကျိုးရှိမှာမလို့လဲ။"

ယွမ်ဟုန်ခုန်ရဲ့ မွေးဖွားခြင်းအဆင့် ကျင့်ကြံမှုသည် ကောင်းကင်နှင့် မြေကြီးမှ စိတ်ဝိညာဥ်စွမ်းအင်ကို အဆက်မပြတ် စုပ်ယူနိုင်ပြီဖြစ်သည်။ ထို့ကြောင့်၊ သူက လုံးဝလပြန်မကောင်းသေးသော်လည်း၊ သူ့မှာ ပြန်တိုက်ခိုက်ရန် စွမ်းအင်အနည်းငယ်တော့ ကျန်နေသေးသည်။

" မီးပေါင်းတစ်ထောင်၊ ထွက်လာစမ်း၊ တောက်လောက်ခြင်းမီးလွင်ပြင်"

ယွမ်ဟုန်ခုန်သည် အလျင်အမြန် စည်းတံဆိပ်ဖွဲ့လိုက်ရသည်။ သူ့ရဲ့မွေးဖွားခြင်းအဆင့်ခွန်အားသည် လုံးဝပြန်မကောင်းသေးပေမယ့်၊ သူထုတ်လွှတ်လိုက်သော တိုက်ကွက်သည် ခုနက အခြေတည်စိတ်ဝိညာဥ်အဆင့်ငါးဦးရဲ့ ပေါင်းစပ်တိုက်ခိုက်မှုထက် ပိုမိုပြင်းထန်နေသည်။

ကျန်းယီမင်ရဲ့ မျက်နှာအမူအရာက မပြောင်းလဲဘဲ၊ သူက သူ့ကိုယ်သူ စိတ်ဝိညာဥ်စွမ်းအင်များဖြင့် ဝိုင်းရံလိုက်ပြီး ယွမ်ဟုန်ခုန်ရဲ့ တိုက်ကွက်တွေကို တားဆီးလိုက်သည်။

" ရန်သူကို အလွတ်ပေးတာမျိုးက ငါ့ပုံစံမဟုတ်ဘူး၊ ဒါကြောင့် မင်းသေသွားမှ အဆုံးသတ်မယ်" ကျန်းယီမင်မျက်နှာသည် အေးဆေးတည်ငြိမ်နေသော်လည်း၊ သူ့စကားလုံးများသည် သတ်ဖြတ်လိုစိတ်များနဲ့ ပြည့်နှက်နေသည်။

All Chapters