← Chapters

ဆိုးရွားလွန်းတဲ့ အခြေအနေ

Vol. 4 Ch. 44

ဆိုးရွားလွန်းတဲ့ အခြေအနေ

Vol. 4 Ch. 44

ယွမ်ဟုန်ခုန်ရဲ့ မျက်လုံးထဲမှာ ကျန်းယီမင်ပုံရိပ်မှာ တဖြည်းဖြည်း ကြီးထွားလာသည်။ သူ့မှာ အသက်ရှင်ရန် အခွင့်အရေး ရှိနေသေးသည်။ မွေးဖွားခြင်းအဆင့်ကို ရောက်ထားသရွေ့ မိမိရဲ့မူလစိတ်ဝိညာဉ် မပျက်စီးမချင်း ရုပ်ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းနိုင်စွမ်းရှိသည်။ ကျန်းယီမင်က သူ့အခြေတည်စိတ်ဝိညာဥ်ကို ဖျက်ဆီးနိုင်သည်ဆိုလျှင်ပင် မူလစိတ်ဝိညာဉ်ကိုမူ ဖျက်ဆီးနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ချေ။

ထိုအချိန်တွင် ယွမ်ဟုန်ခုန်၌ တခြားရွေးချယ်စရာ လမ်းမရှိတော့ပေ။ သူလက်ရှိအသုံးပြုနိုင်သော ကျင့်စဥ်တိုက်ကွက်များ အားလုံးမှာ ပျက်စီးသွားခဲ့သည်။

ယခုအချိန်တွင်မူ သူ့ကို ကာကွယ်ရန်အတွက် တစ်စုံတစ်ယောက်ကို စတေးရုံသာ ရှိတော့သည်။ သူ့မူလစိတ်ဝိညာဉ်ကိုသာ ကာကွယ်နိုင်မယ်ဆို လက်စားချေတယ်ဆိုတာ နောက်ကျတယ်လို့ မရှိပေ။ယွမ်ဟုန်ခုန်သည် မိမိဘာသာ ရေရွတ်လိုက်ပြီး သူ့ခန္ဓာမှ မူလစိတ်ဝိညာဉ်ကို ခွဲထုတ်လိုက်သည်။ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ရန် အသုံးပြုခဲ့သော ခန္ဓာကိုယ်ကိုမူ ယခုအချိန်တွင် စွန့်လွှတ်လိုက်ရတော့မည် ဖြစ်သည်။

နောက်ထပ် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်တော့မှာလား။ မွေးဖွားခြင်းအဆင့်တစ်ဦး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုသည် အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ ဖောက်ခွဲမှုနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရနိုင်ကြောင်း ကျန်းယီမင် ကောင်းစွာ သိထားသည်။

"အစီအရင်ထဲကို အမြန်ပြန်ဆုတ်ကြ။ ဆက်မတိုက်နဲ့တော့။ ဒီအဖိုးကြီးက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတော့မှာ"

ထိုစကားများက ကျန်းယီမင်တပည့်များနှင့် တခြားသူများထံ ရောက်သွားသောအခါ သူတို့ရဲ့စိတ်နှလုံးများပင် တုန်လှုပ်သွားကြသည်။ မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို မိမိတို့ဆရာက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရသည့်အခြေအနေထိ ရောက်အောင် ဖိအားပေးနိုင်ခဲ့သည်ဟု တွေးမိလိုက်သောကြောင့် ဖြစ်သည်။

"ဂိုဏ်းတူမောင်နှမတို့... ငါနဲ့ အစီအရင်ကို ပေါင်းစည်းနိုင်အောင် ကူညီပေးကြပါဦး"

ပထမအကိုကြီးရဲ့ အမိန့်အောက်တွင် လူတိုင်းက သူတို့ရဲ့စိတ်ဝိညာဉ်စွမ်းအားများကို ဂူလင်းဖေးထံသို့ ပေးလိုက်ကြသည်။ ဂိုဏ်းကာကွယ်ရေး အစီအရင် သည် ခုခံနိုင်စွမ်း မြင့်မားသော်လည်း အခုရင်ဆိုင်နေရသည်မှာ မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ ကိုယ့်ကိုယ်ကို ပေါက်ကွဲမှုတစ်ခုဖြစ်သည်။ ဂူလင်းဖေးမှာ အမြုတွေဖွဲ့စည်းခြင်းအဆင့်မှာသာ ရှိသေးသည်။ သူအစွမ်းကုန် ကြိုးစားလျှင်ပင် တောင့်ခံထားနိုင်ရန် ခက်ခဲလိမ့်မည်။

ထိုအချိန်တွင် ဟောက်ယွင်ဂိုဏ်းက လူများသည် သနားစဖွယ် အရပ်မျက်နှာအနှံ့ကို ထွက်ပြေးနေကြပြီ ဖြစ်သည်။ သူတို့ရဲ့ အခြေတည်စိတ်ဝိညာဥ်အဆင့်များအားလုံးက ကျန်းယီမင်လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ကြသည်။ ထို့ကြောင့် ယခုအချိန်တွင် သူတို့တတ်နိုင်သည်မှာ အမြန်ဆုံး ထွက်ပြေးလွတ်မြောက်ရန်သာ ရှိတော့သည်။

"ငါတို့ဂိုဏ်းကို စော်ကားတဲ့သူတွေက သေကိုသေရမယ်။ မင်းက သေချင်နေမှတော့ ငါ ကျန်းယီမင်က မင်းဆန္ဒပြည့်အောင် ဒီနေ့ပဲ ကောင်းကင်ဘုံကို ကူပြီး ပို့ဆောင်ပေးမယ်"

ဘုန်း..!

မွေးဖွားခြင်းအဆင့် ကျင့်ကြံသူ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်လေသည်။ ကြီးမားသော စွမ်းအင်လှိုင်းဂယက်များသည် မိုင်ထောင်ချီတိုင်အောင် ပျံ့နှံ့သွားသည်။ အဝေးမှ လာကြည့်နေသူများသာမက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရှိ ဖီးနစ်နတ်ဘုရားနယ်မြေတွင် ကျင့်ကြံအားထုတ်နေကြသော သူအားလုံးလည်း တစ်ပြိုင်နက်တည်း မျက်လုံးများ ပွင့်လာကြသည်။ သူတို့ ခံစားလိုက်ရသော ဖိအားမှာ မွေးဖွားခြင်းအဆင့်တစ်ဦး၏ ပေါက်ကွဲမှုပင် ဖြစ်သည်။ ဒီလိုမြင့်မားသောအဆင့်တန်းရှိတဲ့ ကျင့်ကြံသူတစ်ဦးကို အခုလို အခြေအနေဆိုးရောက်အောင် ဖိအားပေးနိုင်သည်ဆိုပါက ထိုကျင့်ကြံသူ ရင်ဆိုင်နေရသော ပြိုင်ဘက်မှာ မည်သို့သောသူ ဖြစ်လိမ့်မည်နည်း။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခုသည် မြေပြင်တစ်လျှောက် ဖြတ်သန်းသွားပြီး ပတ်ဝန်းကျင်ရှိ အပင်များ၊ ပိုးမွှားများနှင့် ချောင်းထဲက ငါးများအားလုံးက သေကြေပျက်စီးသွားရသည်။ ရောက်ကြသော ဟောက်ယွင်ဂိုဏ်းမှ ဂိုဏ်းသားများအားလုံးသည်လည်း သေဆုံးသွားကြရသည်။

ဖုန်မှုန့်များကြားမှ မူလစိတ်ဝိညာဉ်တစ်ခုသည် တိတ်တဆိတ် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး "မသိနားမလည် မောက်မာတဲ့ကောင်... ငါ့ခန္ဓာကိုယ်ပြန်တည်ဆောက်ပြီးတာနဲ့ မင်းရဲ့လင်းယွင်ဂိုဏ်း ကို အပိုင်းပိုင်းအစစဖြစ်အောင် ချေမှုန်းပစ်မယ်"

"မင်းမှာသာ အဲ့ဒီလိုလုပ်နိုင်တဲ့ စွမ်းရည်တကယ်ရှိမယ်ဆိုရင် ဒီမှာ ဒီလိုအဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေစရာကို မလိုသာ" အေးစက်နေသော အသံတစ်သံသည် ယွမ်ဟုန်ခခုန်နားထဲတွင် ထပ်မံကြားလိုက်ရသည်။

'ဘာ... ကျန်းယီမင် က သူ့ရဲ့ပေါက်ကွဲမှုကို ဘယ်လိုလုပ်ပြီး အသက်ရှင်လွတ်မြောက်နိုင်ခဲ့တာလဲ'

ကျန်းယီမင် သည် မီးခိုးငွေ့များကြားမှ ခြေထောက် ထော့ထော့နဲ့ တစ်လှမ်းခြင်း ထွက်လာခဲ့သည်။

သူ့ရဲ့ ကောင်းကင်နတ်ဆိုးခန္ဓာ နှင့် စိတ်ဝိညာဉ်စွမ်းအင်ပေါင်းကာ ရှိသမျှ ခွန်အားအားလုံးကို အသုံးပြုကာ ကျန်းယီမင်က ထ်ုပေါက်ကွဲမှုမှ သီသီလေး လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

"မိတ်ဆွေလေး... ကျုပ်တို့ ဂိုဏ်းနှစ်ခုကြားမှာ နားလည်မှုလွဲတာလေး ရှိနေတယ်ထင်တယ်၊ ဟုတ်တယ်မလား။ ဒီနေ့ ကျုပ်ဂိုဏ်းက ပါရမီရှင်တပည့်တွေနဲ့ ဂိုဏ်းချုပ်၊ အကြီးအကဲအကုန်လုံး သေကုန်ကြပါပြီ။ ကျုပ်ရဲ့ ကျင့်ကြံမှုလမ်းကြောင်းက မလွယ်ကူခဲ့တာကို မိတ်ဆွေ နားလည်ပေးပြီး ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျုပ် ခန္ဓာကိုယ် ပြန်တည်ဆောက်ပြီးတာနဲ့ မိတ်ဆွေအတွက် လက်ဆောင်တွေ ယူလာပြီးတော့..."

"ခင်ဗျား အရမ်းစကားများလွန်းတယ်"

ယွမ်ဟုန်ခုန်ရဲ့မူလစိတ်ဝိညာဉ်ကို ဖျက်ဆီးပြီးနောက် ကျန်းယီမင်က သူ့နောက်ဆုံးလက်ကျန် အားအင်များ ကုန်ခမ်းသွားခဲ့သည်။ သူ့ကျင့်ကြံမှုကို အရှိန်မြှင့်တင်ရန် နည်းလမ်းရှာရဦးမည့် ပုံပေါ်သည်။ တကယ်လို့ သူသာမွေးဖွားခြင်းအဆင့် ကို ရောက်နေပြီး ကောင်းကင်နှင့် မြေကြီးကြားက စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်ခဲ့လျှင် အခုလိုအခြေအနေဆိုး ရောက်ခဲ့မည် မဟုတ်ပေ။ လောလောဆယ် သူ့တပည့်တွေရဲ့ အခြေအနေကြည့်ရန် ဂိုဏ်းသို့ အမြန်ပြန်သင့်သည်။ အခုလိုမျိုး တိုက်ခိုက်မှုတစ်ခုကို ဂိုဏ်းကာကွယ်ရေး အစီအရင် က ခံနိုင်ရည်ရှိမရှိ သူမသေချာပေ။

"ဆရာ... ဆရာ..." သူမ ဆရာပုံရိပ်ကို မြင်လိုက်ရသဖြင့် ဟွမ်းချောင်ယု သည် အမြန်ပြေးလာကာ တွဲထူပေးလိုက်သည်။ ဂိုဏ်းကာကွယ်ရေး အစီအရင် သည် ပေါက်ကွဲတိုက်ခိုက်မှုကို ခံနိုင်ခဲ့သော်လည်း ယခုအခါ အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့ရသည်။

ဂူလင်းဖေးသည် အစီအရင်အတွင်ူက မြေပြင်ပေါ်တွင် လဲကျနေပြီး အသက်ရှူရန်ပင် ခက်ခဲနေသည်။

"စီနီယာဂူလင်းဖေးရဲ့ စိတ်ဝိညာဉ်စွမ်းအင် လည်ပတ်မှု ကောင်းအောင် ကျွန်တော် ကူညီပေးထားပါတယ်။ ဘာမှ စိုးရိမ်စရာမရှိပါဘူး၊ သူ အနားယူလိုက်ရင် သက်သာသွားပါလိမ့်မယ်" ယဲ့ယွမ်ဖန် က ထရပ်လိုက်ရင်း ပြောသည်။

"ဂူလင်းဖေး... မင်းရဲ့ဆရာ ဖြစ်ပြီး အသုံးမကျခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ မင်းကို ဒီလို ဒုက္ခရောက်စေခဲ့မိတာပဲ" ကျန်းယီမင် သည် အလျင်အမြန် ရှေ့ကိုတိုးသွားပြီး ဂူလင်းဖေးရဲ့ သွေးကြောများကို ကိုယ်တိုင် ကုသပေးလိုက်သည်။ အမှန်တကယ်ပင် စိုးရိမ်စရာ ကိစ္စမရှိပေ။

"ဒါပေမဲ့ မင်းခံစားခဲ့ရတာတွေအတွက် ဆရာ ကလဲ့စားချေပေးခဲ့ပြီးပါပြီ။ လောလောဆယ်တော့ မင်း ကောင်းကောင်း အနားယူလိုက်ပါ"

ဒဏ်ရာရနေတဲ့ သူတို့အကိုကြီးကို နေရာချပေးပြီးနောက် ယဲ့ယွမ်ဖန် နှင့် တခြားသူများသည် ကျန်းယီမင်ဘေးသို့ တန်းတန်းမတ်မတ် ရောက်လာကြသည်။

"ဆ-ဆရာ... ဟို မွေးဖွားခြင်းအဆင့်က အဘိုးကြီးကို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရလောက်တဲ့အထိ ဘယ်လိုများ ဖိအားပေးလိုက်တာလဲ။ သူ့မူလစိတ်ဝိညာဉ်က ဘယ်ကိုများ ထွက်ပြေးသွားလဲ မသိဘူး။ သူ ပြန်လာဦးမလား"

"အဲ့ဒီကိစ္စကို စိတ်ပူစရာမလိုတော့ဘူး။ သူ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး" ခန္ဓာကိုယ်ကို ပြန်လည်ကုသရန် တင်ပျဉ်ခွေထိုင်နေသော ကျန်းယီမင် က ဖြေလိုက်သည်။

"ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ မူလစိတ်ဝိညာဉ်ကို ငါ ဖျက်ဆီးပစ်လိုက်ပြီ" ပေါ့ပါးသော စကားတစ်ခွန်းသာ ဖြစ်သော်လည်း တပည့်သုံးဦးကို အံ့သြလွန်းလို့ မေ့လဲမတတ်ဖြစ်သွားစေခဲ့သည်။

ဆရာရယ်... အစားတော့အကုန်စားလို့ ရပေမယ့် ရစကားတော့ အကုန်ပြောလို့. အဆင်မပြေဘူးလေ။မွေးဖွားခြင်းအဆင့်တစ်ဦးကို ချက်ချင်း ဒဏ်ရာအပြင်းအထန်ရစေပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲစေတဲ့အပြင် နောက်ဆုံးမှာ မူလစိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်လိုက်တယ်တဲ့လား။ သူတို့ဆရာသာ ကြွားလုံးထုတ်နေတာ မဟုတ်ရင် သူကတကယ်တမ်း ဘယ်အဆင့် ကို ရောက်နေတာလဲ။

ရှန့်ကွမ်းချင်းယန်မှာ ပို၍ပင် တုန်လှုပ်နေမိသည်။

လက်ရှိအခြေအနေအရ သူသည် ပင်လယ်ဓားပြလှေပေါ်သို့ တက်လိုက်မိသည်မှာ အမှန်ပင်ဖြစသ်နေသည်။ သို့သော် ဒီပင်လယ်ဓားပြလှေက သာမန်စစ်တပ်တစ်ခုကို ဖတ်ဖတ်မောအောင် ရိုက်နှက်နိုင်စွမ်း ရှိနေသည်။ ဆရာက အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးကို သတ်လိုက်တယ်လို့ ဂိုဏ်းတူအစ်ကိုပြောခဲ့တုန်းက သူသံသယဝင်ခဲ့မိသည်။

အခုတော့ သူ့ဆရာက မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ဦးကို သူ့မျက်စိရှေ့မှာပင် သတ်ဖြတ်ပြလိုက်လေပြီ။ သူက ဘယ်လိုလုပ် သံသယဝင်ရဲတော့မှာလဲ။ ဆရာက သူ့ကိုသွေးကြောတွေ ပြန်ကုသပေးမယ်လို့ ကတိပေးထားဖူးသည်။ ဆရာ လိမ်ညာနေတာ မဟုတ်လောက်ဘူးမလား။

"ကဲ... မင်းတို့အားလုံး ထွက်သွားလို့ရပြီ။ ငါ ခဏလောက် ကျင့်ကြံအားထုတ်ဖို့ လိုတယ်" ဟု ကျန်းယီမင် ပြောလိုက်သည်။

ယခုအချိန်တွင် သူ တကယ်ပင် တံခါးပိတ်ပြီး သေချာပြန်ကျင့်ကြံရန် လိုအပ်နေသည်။ တပည့်များ ထွက်သွားပြီးနောက် ကျန်းယီမင်က စနစ် မျက်နှာပြင်ကို ချက်ချင်းဖွင့်လိုက်သည်။

[ဒင်း]

[အသိပေးချက် : အဓိကတာဝန်၊ အခြေတည်စိတ်ဝိညာဥ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ခြင်း ပြီးမြောက်မှု (၁/၂)]

[အသိပေးချက်: အဓိကတာဝန်တစ်ခုကို ပြီးမြောက်ပြီးနောက် သင်သည် 'ဆေးခန်းမ တည်ဆောက်ခြင်း' ကို ဆက်လက်လုပ်ဆောင်ရပါမည်]

လောလောဆယ်တွင် သူ့မှာတခြားအရာရာကို လိုအပ်နေနိုင်သော်လည်း အခြေခံပစ္စည်းတွေတော့ မလိုအပ်ပေ။

[ဒင်း]

[အသိပေးချက်: ဆေးခန်းမကို တည်ဆောက်လိုပါသလား]

[အသိပေးချက် : ဆေးခန်းမတည်ဆောက်တာကို အရှိန်မြှင့်တင်လိုပါသလား။]

ဘယ်လောက်ကုန်ကျမယ်ဆိုသည့် အသိပေးချက်များကိုမူ ကျန်းယီမင် တစ်ယောက် သေချာကြည့်ဖို့ အာရုံထဲမရှိခဲ့ပေ။ သိုလှောင်အိတ်ထဲတွင် စိတ်ဝိညာဥ်ကျောက်တုံးသန်းပေါင်းများစွာ ရှိနေသဖြင့် သူသုံးလိုက်ရမယ်ကို မနှမြောနေပေ။ တကယ်တမ်း ပြောရမယ်ဆိုရင် မကုန်နိုင်မှာကိုပင် စိုးရိမ်နေမိသည်။

[ဒင်း]

[အသိပေးချက်: အဓိကတာဝန်၊ အခြေတည်စိတ်ဝိညာဥ်အဆင့် သို့ ချိုးဖောက်ဝင်ရောက်ခြင်း၊ အပြည့်အဝ ပြီးမြောက်သွားပါပြီ။]

[အသိပေးချက်: တာဝန်ဆုလာဘ်ကို ပေးပို့လိုက်ပါပြီ၊ ကျေးဇူးပြု၍ လက်ခံရရှိကြောင်း စစ်ဆေးကြည့်ပါ]

[အသိပေးချက်: ကောင်းကင်ဘုရင်အဆင့် အထူးအခွင့်အရေးကြောင့်၊ ချွေးဟွာဆေးလုံးသန့်စင်နည်းကို ကောင်းကင်အဆင့်မြင့်ဆေးလုံးသန့်စင််နည်း အဖြစ် အဆင့်မြှင့်တင်လိုက်ပြီဖြစ်သည်။ တုအယ်ဆေးနည်းကို ဟွာယွမ်ဆေးနည်းအဖြစ်၊ ဟောင်ယွမ်ဆေးနည်းကို ဟန်ယွမ်ဆေးနည်းအဖြစ်နဲ့ ဟယ်ချီဆေးနည်းကို ကျုချီဆေးနည်းအဖြစ် အသီးသီး အဆင့်မြှင့်တင်လိုက်ပြီးဖြစ်ပါသည်။]

ကျန်းယီမင် တစ်ယောက်တည်း ကျိတ်ရယ်လိုက်မိသည်။ ယခုအခါ သူ့ဂိုဏ်းတွင် ဆေးခန်းမတစ်ခု ရှိလာခဲ့ပြီဖြစ်သည်။ ဆေးခန်းမအပြင် စနစ်ကသူ့ကို ဆေးနည်းသုံးမျိုးနှင့် ဆေးသန့်စင်နည်းတစ်မျိုးကိုပါ ပေးအပ်ခဲ့သေးသည်။ ဟွာယွမ်ဆေးလုံး သည် ကုသရေးဆေးနည်း ဖြစ်သည်။ ဟန်ယွမ်ဆေးလုံး သည် တိုက်ခိုက်ရေးစွမ်းရည်ဘက်သို့ ပိုမိုအလေးသာသောဆေးလုံးဖြစ်သည်။ ကျုချီဆေးလုံးက သူ့ဂိုဏ်းမှာ အလိုအပ်ဆုံးဖြစ်သည့် ကျင့်ကြံမှုကို အထောက်အကူပြုတဲ့ ဆေးလုံးဖြစ်သည်။ ဒီဆေးလုံးသုံးမျိုး ပံ့ပိုးမှုဖြင့် သူ့ဂိုဏ်းအင်အားသည် အခြားအဆင့်တစ်ခုဆီသို့ သေချာပေါက် မြင့်တက်သွားလိမ့်မည်။

All Chapters