← Chapters

စကားပရိယာယ်

Vol. 4 Ch. 47

စကားပရိယာယ်

Vol. 4 Ch. 47

"ဒီနေ့ ကျွန်တော် လာရတဲ့အကြောင်းက ရှောင်ယုရဲ့ အခြေအနေကို လာကြည့်တာပါ။ ရှောင်ယုက ဒီနေရာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ သူကျင့်ကြံတာတွေလည်း တိုးတက်နေတာကို မြင်လိုက်ရတော့ ကျွန်တော် တကယ်ပဲ ကျေနပ်မိပါတယ်" ဟု ဟွမ်းထျန်းချီ က ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြောလိုက်သည်။

ကျန်းယီမင် တကယ်ပဲ မသိတာလား သို့မဟုတ် မသိချင်ယောင်ဆောင်နေတာလား ဆိုတာကို သူဝေခွဲမရဖြစ်နေသည်။ ထို့ကြောင့် သူက ဘယ်လိုစကားစရမယ်မှန်းကို မသိဖြစ်နေသည်။

"မနေ့က ရောင်ရောင်းက ဟောက်ယွင်ဂိုဏ်းက လာတိုက်တာကို တစ်ယောက်တည်း တားခဲ့ရုံသာမက မွေးဖွားခြင်းအဆင့်ကို ရောက်နေပြီဖြစ်တဲ့ ဟောက်ယွင်ဂိုဏ်းအကြီးအကဲကိုတောင် အနိုင်ပိုင်းခဲ့တယ်။ သူ့မူလစိတ်ဝိညာဉ်ကိုတောင် အလွတ်မပေးခဲ့ဘူးနော်" ဟွမ်းထျန်းချီက မျက်နှာလိုမျက်နှာရ ပြုံးကာ ချီးကျူးစကားဆိုသည်။

"မျိုးဆက်သစ်တွေက ပိုပြီးလက်စွမ်းထက်လာတယ်ဆိုတာ အမှန်ပါပဲဗျာ။ ဂိုဏ်းချုပ်ကျန်းရဲ့ ပါရမီနဲ့ အစွမ်းကို မြင်ရတော့ ကျွန်တော်လို ခြေတစ်ဖက် ခေါင်းတလားထဲရောက်နေတဲ့ အဖိုးကြီးတစ်ယောက်အနေနဲ့ လေးစားအားကျရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူးဗျာ"

"အတိုင်ပင်ခံအမတ်ကြီးရယ်... အဲ့ဒီလိုမျိုး နိမိတ်မရှိတဲ့ စကားတွေ ပြောမနေပါနဲ့ဗျာ။ ကျုပ်တို့နှစ်ယောက်လုံးက အခြေတည်စိတ်ဝိညာဥ်အဆင့် မှာ ရှိနေကြတာပဲ။ သက်တမ်းကလည်း တိုတိုလေးမဟုတ်ဘူး။ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပြီး ကံကောင်းလို့ အခွင့်အရေးကောင်းတွေနဲ့ ကြုံလာခဲ့ရင် မွေးဖွားခြင်းအဆင့် ဒါမှမဟုတ် ပေါင်းစည်းခြင်းအဆင့်ကိုတောင် ချိုးဖောက်ဝင်ရောက်ဖို့ဆိုတာ ကျုပ်တို့အတွက် သိပ်မခက်ခဲပါဘူး။ အတိုင်ပင်ခံအမတ်ကြီးသာ ကျွန်တော့်ဂိုဏ်းရဲ့ နွမ်းပါးမှုကို အပြစ်မယူဘဲ တစ်ခါတလေ လာရောက်ကျင့်ကြံရင်း ဆွေးနွေးဖလှယ်ချင်တယ်ဆိုရင် ကျွန်တော် မငြင်းပါဘူးဗျာ"

ကျန်းယီမင်က ဒီလိုစကားပြောနေရာမှာ တော်တော်ကျွမ်းကျင်တာပဲ။ ဟွမ်းထျန်းချီက စည်းရုံးရန် လာခဲ့သော်လည်း ကျန်းယီမင် က သူ့ကို ပြန်လည် ဆွဲဆောင်စည်းရုံးလိမ့်မည်ဟု ဟွမ်ထျန်းချီမထင်ထားခဲ့ပေ။

"အိုး... အိုး... ကျွန်တော် စကားမှားသွားမိပြီပဲ။ ကျွန်တော့်အပြစ်ပါဗျာ။ မနေ့က တိုက်ပွဲကြောင့် ကျွန်တော့်ခွန်အားတွေ တော်တော်ကုန်သွားပြီး စိတ်ကလည်း နည်းနည်းရှုပ်ထွေးနေတယ်။ ဘယ်လိုလုပ်များ ဒီလိုမျိုး ရိုင်းပျတဲ့စကားတွေ ပြောထွက်သွားရပါလိမ့်။ သေသင့်တဲ့ကျွန်တော်ပါဗျာ... ကျွန်တော် သေသင့်ပါတယ်"ဟု ကျန်းယီမင်က မသိမသာ ပြောလိုက်သည်။

ဟွမ်းထျန်ချီက သူ့အတွေးနဲ့သူ စဉ်းစားနေဆဲမှာပင် ကျန်းယီမင် က သူ့ကိုယ်သူ အလျင်အမြန် အပြစ်တင်ပြောဆိုလိုက်သည်။ ဟွမ်းထျန်ချီမှာမူ ဒီကောင်လေး ဘာများကြံစည်နေသလဲဟု မစဉ်းစားတတ် ဖြစ်နေတော့သည်။

ကျန်းယီမင်က ဆက်ပြောလိုက်သည်။

"ခင်ဗျားနဲ့ ကျွန်တော်နဲ့က ယောကျ်ားသားချင်း အတူတူပါပဲဗျာ။ ကျွန်တော်တို့တွေ ကျွန်တော့်ဂိုဏ်းပေါက်နေတဲ့ ထင်းရှူးပင်ကြီးလို မာကျောခိုင်ခံ့ပြီး ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်မျိုး ရှိသင့်တယ်။ ယောကျ်ားကောင်းတစ်ယောက်ဆိုတာ ကောင်းကင်နဲ့ မြေကြီးကြားမှာ မားမားမတ်မတ် ရပ်တည်ရဲရမယ်။ သူတစ်ပါးရဲ့အောက်မှာ ဘယ်လိုလုပ် နေနိုင်ပါ့မလဲ။ အတိုင်ပင်ခံအမတ်ကြီး ဘယ်လိုထင်လဲဗျ။ ခုနက ကျွန်တော်အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမိသွားတယ်။ အကြံပေးအမတ်ကြီးက သဘောထားကြီးတဲ့သူပဲ၊ ကျွန်တော့်အပေါ် အပြစ်မယူဘူး မဟုတ်လား"

ကျန်းယီမင် ပြောပြီးသွားသောအခါ သူ့စကားများကြောင့် ဟွမ်းထျန်ချီက နေရာမှာပင် ကျောက်ရုပ်လို ကြောင်ပြီးရပ်နေလိုက်ရသည်။ သူ့စကားများသည် ဆုတ်ခွာသလိုလိုနှင့် ရှေ့တိုးလာပြီး ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ ကျန်းယီမင် သည် စွမ်းအားကြီးပြီး ပါရမီရှိရုံသာမက စကားပြောဆိုရာတွင်လည်း အလွန်ကျွမ်းကျင်သူ ဖြစ်နေသည်။ တကယ်လို့သာ ဟွမ်းထျန်ချီသာ အခုအချိန်တွင် သူတို့ကို ဆွဲဆောင်မည့်ကိစ္စကို မေးမြန်းလိုက်ပါက သူသည်သာ အကျိုးအကြောင်းမသိ ဒုံးဝေးသူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

"ဂိုဏ်းချုပ်ကျန်း ပြောတာ မှန်ပါတယ်။ ခင်ဗျားစကားကို နားထောင်လိုက်တော့ ကျွန်တော်က အလင်းတန်းကြီးတစ်ခုကို မြင်လိုက်ရသလို ခံစားရတယ်။ ကျွန်တော့်မှာ လုပ်စရာ အရေးကြီးကိစ္စတွေ ရှိနေသေးလို့ အရင်ပြန်ခွင့်ပြုပါဦး"

"ခင်ဗျားက ပြန်မယ်လို့ ဇွတ်ပြောနေမှတော့ ကျွန်တော်လည်း မတားတော့ပါဘူး။ ရှောင်ယု... အတိုင်ပင်ခံအမတ်ကြီးကို လိုက်ပို့ပေးလိုက်ပါဦး"

ရှောင်ယုက မတ်တတ်ရပ်လိုက်ပြီး ဟွမ်းထျန်းချီကို ဂိုဏ်းတံခါးဝအထိ လိုက်ပို့ပေးလိုက်သည်။

"ရှောင်ယု... မင်းရဲ့ဆရာက သာမန်မဟုတ်ဘူး။ တကယ်လို့ မင်းသာ သူ့ဆီမှာ ဆက်ကျင့်ကြံအားထုတ်နိုင်မယ်ဆိုရင် သေချာပေါက် တောက်ပတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ရမှာပါပဲ။ မင်းအတွက် စိတ်ပူစရာမလိုတော့ဘူးလို့ မင်းအဖေကို ငါ ပြန်ပြောလိုက်ပါ့မယ်" ဟု ပြောကာ ဟွမ်းထျန်းချီ သည် ဟွမ်းချောင်ယု ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

ဒါလည်း ကောင်းပါတယ်။ ဒီလို ဆရာမျိုးနဲ့ တွေ့ဆုံရတာ ရှောင်ယုအတွက် ကံကောင်းခြင်းတစ်ခုလို့ မှတ်ယူရပေမည်။ လင်းယွင်ဂိုဏ်းရဲ့ တိုးတက်လာတဲ့ အရှိန်အဟုန်ကို ကြည့်ရသည်မှာ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာ အနေဖြင့် တိုက်ရိုက်အသုံးချလို့ မရနိုင်ရင်တောင် ထိုဂိုဏ်းနှင့် ပြသနာတက်အောင်တော့ မလုပ်သင့်ပေ။ ဟွမ်းထျန်ချီရဲ့ အလည်အပတ်ခရီးသည် ကျန်းယီမင် အား ဒီကိစ္စကို အသိပေးလိုက်သလို ဖြစ်သွားသည်။

အရင်က ဟောက်ယွင်ဂိုဏ်းသည် ဒီနယ်မြေမှာ အဆင့်သုံးအင်အားစုတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ ထို့ကြောင့် မြို့ငယ်လေးများ သို့မဟုတ် လင်းယွင်ဂိုဏ်းကဲ့လို အဆင့်ငါး ဂိုဏ်းများကို အုပ်ချုပ်ထားနိုင်ခဲ့သည်။ သို့သော် အခုတော့ ဟောက်ယွင်ဂိုဏ်းက သူတို့ရဲ့ထိပ်တန်းအင်အားတွေကို ဆုံးရှုံးလိုက်ရပြီး သူတို့သြဇာအာဏာသည်လည်း အရင်ကနှင့် မိုးနှင့်မြေလို ကွာခြားသွားပြီလို့ ဆိုနိုင်သည်။ ဒီနေ့ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာကနေ စည်းရုံးဖို့ လူတစ်ဦး စေလွှတ်လိုက်ရတဲ့ အကြောင်းရင်းမှာ နယ်မြေပိုင်းခြားသတ်မှတ်မှုများကို သူများထက်ဦးအောင် လုပ်ဆောင်လိုခြင်းကြောင့် ဖြစ်သည်။ဒါပေမယ့် အခုတော့ ဘာလုပ်ရမလဲ။

.......

"ဆရာ... ဆရာ့ကို တွေ့ချင်လို့ လူတွေ ရောက်နေပြန်ပြီ"

ရှန့်ကွမ်းချင်ယန်ရဲ့အသံသည် ကျန်းယီမင်ရဲ့အတွေးစများကို နောက်တစ်ကြိမ် ဖြတ်တောက်လိုက်ပြန်သည်။

"ဒီရက်ပိုင်း ငါဘယ်တပည့်မှ လက်မခံဘူးလို့ ပြောထားတယ်လေ"

"အကုန်လုံးတော့ ဆရာ့ ဆီမှာ တပည့်ခံဖို့ လာကြတာ မဟုတ်ဘူးဗျ"

"အကုန်လုံး...?"

"အများစုကတော့ ဂိုဏ်းချုပ်တွေပါ ဘာညာ ဘာညာဆိုပြီး အမျိုးမျိုး လာပြောနေကြတယ်။ ဘယ်လိုဖြစ်ဖြစ် ဆရာ့ကို မရရအောင် တွေ့ရမယ်လို့ ပြောနေကြတာပဲ"

ကျန်းယီမင် ရုတ်တရက် သဘောပေါက်သွားသည်။ တိုက်ပွဲဖြစ်ပြီး ဒုတိယမြောက်နေ့တွင် ဒီလူများအားလုံးက သူ့ဆီကနေ အကာအကွယ်ရယူရန် ရောက်လာကြခြင်း ဖြစ်သည်။

"သူတို့ကို ဝင်ခွင့်ပေးလိုက်ပါ"ဟု ကျန်းယီမင် ပြောလိုက်သည်နှင့် တပြိုင်နက် လူတစ်စုသည် တံခါးပေါက်မှ အလုအယက် ပြေးဝင်လာကြသည်။

တချို့က ပြေးဝင်လာပြီး ကျန်းယီမင်လက်ထဲသို့ ပစ္စည်းများ အတင်းထိုးထည့်ရန် ကြိုးစားလိုက်ကြသလို၊ တချို့ကတော့ ကျန်းယီမင်ရှေ့တွင် ဒူးထောက်ချကာ နှုတ်ဆက်လိုက်ကြသည်။

"အစွမ်းထက်သန်မာတဲ့ လင်းယွင်ဂိုဏ်းချုပ်ကြီးခင်ဗျာ"

"လင်းယွင် ဂိုဏ်းချုပ်ကြီးက တကယ့်ကို နတ်ဘုရားတစ်ပါးပါပဲ။ ဟောက်ယွင်ဂိုဏ်းကို အကြီးအကျယ် ချေမှုန်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်ခင်ဗျာ"

"ဂိုဏ်းချုပ်ကြီးက နတ်သားတစ်ပါးလိုပဲ သိပ်ချောတာပဲဗျာ။ ကျွန်တော် ဂါရဝပြုတာကို လက်ခံပေးပါခင်ဗျာ"

တစ်ခဏအတွင်းမှာပင် လင်းယွင်ဂိုဏ်းချုပ်နဲ့ တွေ့ဆုံခွင့်ရရန် ကြိုးပမ်းနေကြသဖြင့် ခေါင်းများအပြည့် လှုပ်ရှားနေကြပြီး ဆူညံသံများက ဂိုဏ်းတစ်ခုလုံး ပြည့်နှက်သွားသည်။ ဒီအချိန်မှာ ဘာပြောပြော အသုံးဝင်မည် မဟုတ်ပေ။ ကျန်းယီမင်မှာလည်း စကားပြောရမှာ အလွန်ပျင်းနေပြီ ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင်ဖိအားသည် ချက်ချင်းပင် လင်းယွင်ဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ထိုစွမ်းအားကြီးမားသော ဖိအားကို ခံစားလိုက်ရသောအခါ လူအုပ်ကြီးသည် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ သူတို့အားလုံး တညီတညွတ်တည်း ဒူးထောက်ချလိုက်ကြသည်။ သူတို့ရှေ့က လင်းယွင် ဂိုဏ်းချုပ်သည် မွေးဖွားခြင်းအဆင့်တစ်ဦးကို တစ်ယောက်တည်း ချေမှုန်းခဲ့သူ မဟုတ်လား။ ထိုကဲ့သို့သော တိုက်ခိုက်ရေးစွမ်းရည်မျိုး ပိုင်ဆိုင်ထားသူတစ်ဦးရဲ့ ရှေ့မှာအုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် ဒါမှမဟုတ် အမြုတေဖွဲ့စည်းခြင်းအဆင့်မှာသာရှိတဲ့ သူတို့က ပုရွက်ဆိတ်များကဲ့သို့ပင် ဖြစ်နေသည်။

"မင်း... ခေါင်းမော့လိုက်စမ်း"

ကျန်းယီမင်က သူ့ရှေ့တွင် ခေါင်းငုံ့ပြီး ဒူးထောက်နေတဲ့ လူတစ်ယောက်ကို ရင်းနှီးနေသလို ခံစားလိုက်ရသဖြင့် ခေါင်းမော့ခိုင်းလိုက်သည်။ မနေ့က တိုက်ပွဲမှာ ဒီလူကို တွေ့ခဲ့ရသလိုလို ခံစားနေရသောကြောင့် ဖြစ်သည်။

"ဂိုဏ်းချုပ်ကြီးခင်ဗျာ... ကျွန်တော့် ဂါရဝပြုတာကို လက်ခံပေးပါ။ ကျွန်တော်က ယန်ယန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ။ ကျွန်တော် ကြိုးစားပြီး ကျင့်ကြံအားထုတ်နေပေမဲ့ ပါရမီမရှိလို့ အခုထိ အမြုတေဖွဲ့စည်းခြင်းအဆင့်မှာပဲ ရှိပါသေးတယ်။ တကယ်လို့သာ ကျွန်တော်က ကြီးမြတ်လှတဲ့ လင်းယွင်ဂိုဏ်းရဲ့ အကာအကွယ်ကို ရမယ်ဆိုရင် သေချာပေါက်..."

သူ့စကား မဆုံးခင်မှာပင် စိတ်ဝိညာဉ်စွမ်းအင်တစ်ခုသည် သူ့ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။ပေါ့ပေါ့ပါးပါး တိုက်ခိုက်ချက်တစ်ခုဖြင့်ပင် သူ့အသက်ပျောက်သွားခဲ့ရသည်။

"ယုတ်မာတဲ့ကောင်... ဒီနေ့ ဟောက်ယွင်ဂိုဏ်းကို သစ္စာဖောက်ရဲရင် နောက်ကျ ငါ့ကိုလည်း သစ္စာဖောက်ရဲမှာပဲ"ဟု ကျန်းယီမင် တိုးတိုးလေး ပြောလိုက်သည်။

အားလုံးက ဆောင်းတွင်းရောက်နေတဲ့ ပုရစ်များကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ သူတို့ရှေ့မှ အလောင်းသည် သူတို့ကြားတွင် အဆင့်မြင့်တယ်လို့ ယူဆထားသော အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ထားသူ ဖြစ်သည်။

"မင်းတို့ ငါ့ရဲ့အကာအကွယ်ကို လိုချင်တယ်ဆိုရင် ငါ့ကို ပေးရမှာက စိတ်ဝိညာဥ်ကျောက်တုံး တွေ မဟုတ်ဘူး။ မင်းတို့ ပေးရမယ့်အရာ တစ်ခုပဲရှိတယ်။ အဲ့ဒါက မင်းတို့ရဲ့ ယုံကြည်ချက်တွေပဲ။ ဒီနေ့ကစပြီး မင်းတို့အားလုံး လင်းယွင်ဂိုဏ်း ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယိ"

ကျန်းယီမင်ရဲ့ သဘောတူညီချက်ကို ကြားလိုက်ရသောအခါ အားလုံးသည် သုံးကြိမ် ဦးညွှတ်လိုက်ပြီး ကိုးကြိမ် ကန်တော့လိုက်ကြသည်။

"ဒါပေမဲ့ လင်းယွင်ဂိုဏ်း က သစ္စာဖောက်တာကို သည်းခံမှာ မဟုတ်ဘူး။ သစ္စာမရှိတဲ့သူ ဘယ်သူ့ကိုမဆို ငါ ညှာတာနေမှာ မဟုတ်ဘူး"

"ဆရာ... ကျွန်တော်တို့ တကယ်ပဲ ဘာကမ်းလှမ်းမှုကိုမှ လက်မခံတော့ဘူးလား"

"ငါ့မှာ အစီအစဉ်ရှိတယ်။ ငါ့ဆုံးဖြတ်ချက်တွေကို မင်းတို့ မေးခွန်းမထုတ်နဲ့"

တပည့်တချို့မှာ တစ်ခုခု ပြောချင်ကြသေးသော်လည်း ဂိုဏ်းအတွင်း အသစ်ထပ်တိုးလာသော ခန်းမများနှင့် အဆောက်အအုံများကို တွေးလိုက်မိသောအခါ သူတို့ဆရာမှာ အစီအစဉ်ရှိပြီးသား ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။

ကျန်းယီမင်အနေဖြင့် လူအင်အား နည်းပါးပြီး လက်အောက်ခံ အင်အားစုများကို မထိန်းချုပ်နိုင်မှာကို သူမစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် ခုနက သူလုပ်ပြလိုက်သော လုပ်ရပ်က တခြားသူများအတွက် သတိပေးချက်တစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။ ဘယ်အဆင့်ရောက်နေမှန်း မသိ ခန်ူမှန်းလို့မရနေတဲ့ ဂိုဏ်းချုပ်တစ်ဦး ဖြစ်နေသည့်အတွက် သေချင်တဲ့သူရှိရင် သူ့ဆီလာပြီး စမ်းသပ်ကြည့်နိုင်သည်။

"တခြားကိစ္စမရှိရင် ပြန်တော့။ ငါကျင့်ကြံတာကို လာမနှောင့်ယှက်ကြနဲ့"

ကျန်းယီမင် မတ်တတ်ရပ်လိုက်ပြီး ဂိုဏ်းငယ်လေးများမှ ဂိုဏ်းချုပ်များကို ပြန်လွှတ်ရန် လက်ဝှေ့ယမ်းပြလိုက်သည်။ ဂိုဏ်းထဲရှိ လက်ရှိတပည့်များက ကိစ္စအရပ်ရပ်များကို ဖြေရှင်းပြီးနောက်တွင် နောင်တစ်ချိန်မှာ ဂိုဏ်းသည် တပည့်များ ပိုမိုလိုအပ်လာမည် ဖြစ်သည်။ တကယ်လို့ အခုသူ့ရဲ့သစ္စာရှိတပည့်များသာ ပိုမြင့်မားတဲ့ ကျင့်ကြံရေးအဆင့်ကို ရောက်ရှိသွားပါက သူတို့က သူ့ဆီကနေ ပညာပြည့်စုံစွာဖြင့် အတောင်ပံပေါက် ပျံသန်းနိုင်လိမ့်မည်။ ထိုအချိန်ကျမှ သူတို့အတွက် သိပ်ပြီးစိတ်ပူနေစရာ လိုတော့မည် မဟုတ်ပေ။

All Chapters