အခန်း (၁၀၀၆-၁၀၁၀)
Vol. 54 Ch. 1006-1010
အပိုင်း ၁၀၀၆
လုယွီ၏အရှေ့တွင် လူအိုကြီးအချို့ ပေါ်လာကြသည်။
“ဆရာသခင်ဝမ်ချန်း ရောက်လာတာပဲ၊ ကျွန်တော်တို့က အိမ်နဲ့ဝေးနေကြလို့ ချက်ချင်းလာရောက် မတွေ့ဆုံနိုင်တာခွင့်လွှတ်ပါ၊ ဒါပေမယ့် အကြောင်းပြချက်မရှိ ဒုခေါင်းဆောင်ရဲ့ဂိတ်တံခါးကို ဖျက်ဆီးပစ်တာက မသင့်လျော်ပါဘူး၊ အကြောင်းပြချက်များ ပေးနိုင်မလား။”
လူအိုကြီးအချို့က အေးစက်စွာပြောသည်။
လုယွီက ပြော၏။
“ငါ ယွီလဲ့ကို သတ်ပြီးရင် အကြောင်းပြချက်ပြောမယ်။”
“ရမ်းကားလိုက်တာ။”
ထိုလူအိုကြီးများအားလုံးက လုယွီက သည်လိုဖြေမည်ဟု မထင်ထားကြသည့် အတွက် ဒေါသထွက်သွားကြသည်။
“မင်းမှာ အမွှေးတောင်စုံအောင် မပေါက်သေးဘဲ ဘယ်လိုရမ်းကားရဲမလဲဆိုတာကို ငါ ကြည့်မယ်။”
ချက်ချင်းဆိုသလို အကြီးအကဲငါးယောက်က ခုန်ဝင်လာကြသည်။
လုယွီကမူ အင်္ကျီလက်ကို အသာအယာရမ်းလိုက်ရုံမျှဖြင့် ခမ်းနားသော ဟန်ချက်ညီအားတစ်ခုကို ထုတ်ဖော်လိုက်နိုင်၏။
ဘုန်း
ငါးယောက်လုံးက ခြေလှမ်းများစွာဆုတ်လိုက်ရသည်။ သူတို့၏မျက်နှာက တည်တင်းနေကြ၏။ လူတိုင်းကပင် လုယွီ၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။
ကြည့်ရှုနေသူများအားလုံးကလည်း ကြောင်အသွားကြသည်။
“ဝမ်ချန်းလား။”
“ချူမိသားစုမှာ အဆင့်လွန်အဆင့်ကို ရောက်နေတယ်ဆိုတဲ့ လူပေါ့။”
“ငါက သတင်းမှားလို့ ထင်နေတာ၊သူ ဘယ်လိုများ ကျင့်ကြံထားတာလဲ၊ ဒီလောက်ငယ်ပြီး ဒီလောက်အတွေ့အကြုံနည်းသေးတဲ့ အခြေအနေမျိုးနဲ့ ဒီလောက် လုပ်နိုင်စွမ်းအားရှိနေပြီ။”
ပြောနေသူများအားလုံးက ပို၍ပင် မင်သက်အံ့ဩကြရသည်။ ဝမ်ချန်း၏နာမည်က ကျော်ကြားထားပြီးသားဖြစ်၏။ သို့သော် အများစုက ကောလဟာလဟု ထင်ထားခဲ့ကြသည်။ ယနေ့မှသာ အမှန်ဖြစ်ကြောင်း အားလုံးသိလိုက်ရ၏။
သူက မင်မင်းဆက်အဆင့် အကြီးအကဲများကို တစ်ချက်တည်းနှင့် ဖယ်ရှားရုံသာမကလေဘဲ စွမ်းအားက ပို၍ပင်ကြီးမားနိုင်နေသေး၏။
ဒုအရှင်သခင်အိမ်တော် …
အကြီးအကဲများက နှုတ်ဆက်လိုက်ကြသည်။ ခေါင်းဆောင်လာသော လူအိုကြီးက ခါးသီးစွာပြော၏။
“ဒုခေါင်းဆောင်က ဆရာသခင်ဝမ်ချန်းကို ဘယ်လိုရန်စထားသလဲဆိုတာမသိလို့ ကျေးဇူးပြုပြီး ညွှန်ကြားချက်တော့ပေးပါ။”
လုယွီက ထိုလူများကို ဆက်မပြောဘဲ အဝေးမှ ပျံသန်းနေသော မွန်းစတားတစ်ကောင်ကို ကြည့်ကာ နှာခေါင်းရှုံ့သည်။
“မင်းက ပြေးချင်တယ်ပေါ့။”
ရုတ်တရက် လေထဲကို ဖမ်းဆုပ်လိုက်သောအခါ ထိုမကောင်းဆိုးဝါး၏ ကိုယ်ပေါ်တွင် ကြီးမားသော လက်သည်းရာကြီးက ရိုက်နှိပ်ပြီးသားဖြစ်သွား၏။
ထွက်ပြေးနေသောအကောင်က ချက်ချင်းရပ်သွားပြီး အော်တော့သည်။ သူက လုယွီ၏ ထိန်းချုပ်မှုမှ မလွတ်မြောက်နိုင်တော့ပေ။
ထိုအကောင်ပေါ်မှ လူတစ်ယောက်က ခုန်ဆင်းလာပြီး ထွက်ပြေး သွားပြန်သည်။
“ပြေးဖို့ နောက်ကျသွားပြီ။”
လုယွီက သူ၏လက်သည်းကို ပြန်ထုတ်သုံးလိုက်လျက် ထိုလူကို ဖမ်းဆွဲလိုက်ပြန်သည်။ ယွီလဲ့ မလွတ်မြောက်နိုင်တော့ပေ။
ထိုအချိန်တွင် ယွီလဲ့က အော်သည်။
“ငါ မင်းနဲ့ တိုက်ခိုက်ပေးရတာပေါ့”
သူက သိုလှောင်အိတ်ထဲမှ ဆေးလုံးအချို့ကိုထုတ်လျက် ပါးစပ်ထဲသို့ ထည့်မြိုသည်။ တစ်ကိုယ်လုံးက စွမ်းအားများ ပေါက်ထွက်လာလျက် အဆများစွာ မြင့်မားသွားတော့၏။ ယွီလဲ့၏အင်္ကျီလက်အတွင်းမှ မီးလုံးတစ်ခု ထွက်လာလျက် အောက်သို့ ပစ်ချလိုက်သည်။
လုယွီကလည်း နည်းတူ လက်သီးဖြင့်ထိုးလိုက်၏။
ဘုန်း
ယွီလဲ့က ထူးဆန်းသောသဏ္ဍာန်ဖြင့် ကွေးကောက်သွားပြီး အရိုးများကပင် ပေါက်ထွက်လာသည်။ သူ လွှတ်သောမီးတောက်က လုယွီ၏လက်သီးဖြင့် ရင်ဆိုင်ရချိန်တွင် ပျောက်ပျက်သွားရသည်။ လုယွီက ဘာမှပင်မဖြစ်သွားခဲ့ပေ။
ထိုလူ၏အမြင်တွင် စိတ်ပျက်အားငယ်မှုက ပြည့်နှက်လာသည်။ သူက လက်သီးကို ပြင်းထန်စွာဆုပ်လျက် သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။ မမျှော်လင့်ထားစွာပင် ကိုယ့်ကိုယ်ကို သတ်သေရန်ကြံစည်လေသည်။
“ငါ့အရှေ့မှာ ကိုယ့်ကိုယ်ကို သတ်သေဖို့တောင် အခွင့်အရေးမရှိစေရဘူး။”
လုယွီက တည်တင်းစွာပြော၏။ သူက အဆင့်မြင့်လောကမှ ဘုရင်တစ်ပါးဖြစ်သည်။ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်၏။ မည်သူကမျှ သူ့ခွင့်ပြုချက်မရှိဘဲ မသေရပေ။
“နောက်ပြန်ဆုတ်စမ်း။”
လုယွီက ဖျော့တော့စွာပြောသည်။
မြေအောက်လောကမှ နိယာမစွမ်းအားများက သူ့ကိုဝိုင်းပတ်လျက် ဖျော့တော့ပျောက်ကွယ်သွားရ၏။ ချက်ချင်းဆိုသလို သူ၏သင်္ကေတ ထွင်းထုခြင်းအဆင့်မှ ကျင့်ကြံခြင်းအဆင့်၏ သကေ်တ သဏ္ဍာန်များက ထွက်ပေါ်လာခဲ့၏။ သို့သော် ယခင်နှင့်မတူတော့ပေ။
“ခန္ဓာကိုယ်ကို ချိတ်ပိတ်၊ စိတ်ဝိဉာဉ်စိတ်စွမ်းအားနဲ့ အရာအားလုံးကို ပြန်ဆောင်ယူစမ်း။”
လုယွီက ယွီလဲ့၏ကိုယ်ကို လက်ညိုး ညွှန်လိုက်ချိန်တွင် ယွီလဲ့၏တစ်ကိုယ်လုံးက တောင့်တင်းကာ လှုပ်ရှား၍မရဘဲ ဖြစ်သွားတော့၏။ ထို့နောက် သူ၏လက်က ယွီလဲ့၏ခေါင်းပေါ် ရောက်သွားသည်။
“စိတ်ဝိဉာဉ်ရှာဖွေခြင်း”
တုံ့ဆိုင်းမနေဘဲ လုယွီက စိတ်ဝိဉာဉ်ကို တိုက်ရိုက်ရှာဖွေသည်။
ယွီလဲ့၏ကိုယ်က တုန်ယင်နေသည်။ အချိန်အနည်းငယ်သာခံ၏။ နောက်ဆုံးတွင် သူ မလှုပ်ရှားနိုင်တော့ဘဲ စိတ်ဝိဉာဉ်များက အက်ကွဲသွားရ၏။ သူ၏စိတ်ဝိဉာဉ်က လုယွီ၏စိတ်ဝိဉာဉ်ရှာဖွေမှုကို တောင့်ခံရန် မလုံလောက်ခဲ့ပေ။
“တတိယမျိုးဆက်တွေကို စေလွှတ်တာ အံ့ဩစရာမရှိဘူးပဲ။”
လုယွီက ရေရွတ်သည်။
ယွီလဲ့၏မြေးမယွီဟွမ်ရှင်းက တစ္ဆေဝင်စီးနိုင်သည်မှာ အံ့ဩစရာမရှိတော့ပေ။ မြောက်ပိုင်းနယ်မြေမဟာမိတ်အဖွဲ့မှ စီနီယာအဖွဲ့ဝင်တစ်ယောက်အနေနှင့် မြေးမကိုယ်တိုင် အန္တရာယ်များသော လုပ်ငန်းကို သွားလုပ်နေခြင်းကို မည်သို့မျှ ကြည့်နိုင်လိမ့်မည်မဟုတ်ပေ။
လုယွီက အခြားသော အကြီးအကဲငါးယောက်ကို တစ်ချက်ကြည့်သည်။
“ခင်ဗျားတို့ကို ငါ ဘာအကြောင်းပြချက်မှ ပေးစရာမလိုဘူး၊ ခင်ဗျားတို့ကိုယ်တိုင် ကြည့်လိုက်။”
ထိုသို့ဖြင့် လုယွီက ယွီလဲ့၏မျက်နှာကို တိုက်ရိုက်ဆွဲဖြဲလိုက်၏။ မျက်နှာကို ဆွဲဖြဲခံရချိန်တွင် ထူးဆန်းသောမျက်နှာကြီးက ထွက်ပေါ်လာသည်။
“သူ သူက ယွီလဲ့မှ မဟုတ်တာ။”
ငါးယောက်လုံး အံ့ဩသွားကြသည်။ တစ်ချိန်တည်းတွင်ပင် သူတို့၏ မျက်ဝန်းအတွင်းတွင် ထိတ်လန့်မှုကို မြင်နိုင်၏။သူတို့၏မြောက်ပိုင်းနယ်မြေမှ ရာထူးကြီးသူတစ်ယောက်ကို အစားထိုးခံရကြောင်းကိုပင် မသိထားကြပေ။
အကြီးအကဲတစ်ယောက်က စိုးရိမ်စွာပြောသည်။
“ဒီအကြောင်းကို အရှင့်ကို တင်ပြရမယ်။”
လုယွီက ဖျော့တော့စွာပြုံးသည်။
“ငါစိုးရိမ်တာက ခင်ဗျားတို့ရဲ့အရှင်ကိုယ်တိုင်က သူ မဟုတ်တော့မှာကိုပဲ၊ ခင်ဗျားတို့အဖွဲ့က ဘယ်သူတွေ ပျောက်နေသလဲဆိုတာကို အရင်ကြည့်ရအောင်။”
အကြီးအကဲငါးယောက်၏ အမူအရာက ပြောင်းလဲသွားကြသည်။
“လာ သွားကြည့်ကြရတာပေါ့။”
အခြားလူအိုကြီးတစ်ယောက်ကလည်း အော်သည်။
ကျန်သော လေးယောက်ကလည်း ချက်ချင်းပင်ပြေးလွှားကြ၏။ သိပ်မကြာခင်မှာပင် မဲမှောင်သောမျက်နှာထားဖြင့် ပြန်ရောက်လာကြသည်။
“မဟာမိတ်အဖွဲ့က စီနီယာအကြီးအကဲတွေအားလုံး ပျောက်ကုန်ပြီ။”
“မဟာမိတ်အဖွဲ့ထဲမှာနေကြတဲ့ အချို့ခေါင်းဆောင်တွေလည်း ပါတယ်၊ သူတို့ ဒီမှာ မရှိကြဘူး။”
အပိုင်း ၁၀၀၇
ပထမဆုံးပြောသော လူအိုကြီးက သူ၏လက်မောင်းမှ စာရွက်အပိုင်းအစတစ်ခုကို ထုတ်လိုက်ပြီး ဖြေးညှင်းစွာ တောက်လောင်လာစေလိုက်သည်။ ချက်ချင်းဆိုသလို လောင်ကျွမ်းလိုက်သည်နှင့် ပြောင်းလဲမှု ဖြစ်မလာခဲ့ပေ။ သူ၏မျက်နှာအမူအရာက ပြောင်းလဲသွား ေတာ့၏။
“မဟာမိတ်အဖွဲ့ရဲ့အရှင်သခင်နဲ့ ဆက်သွယ်လို့မရဘူး။”
တစ်ချိန်တည်းတွင်ပင် ပြည်နယ်နှစ်ခုက စစ်ဖြစ်တော့မည်ဖြစ်သော်လည်း သူတို့၏ ခေါင်းဆောင်ကမူ ပျောက်ဆုံးနေသည်။
လုယွီက မေး၏။
“မဟာမိတ်အဖွဲ့ခေါင်းဆောင်က ဘယ်သူလဲ။”
“လုမိသားစု ကိုးခုမြောက်အိမ်တော်က လုယင်ကျိုးပါ။”
"လုအိမ်တော်ကလား။"
လုယွီက မျက်မှောင်ကြုတ်သည်။
“သူ့ရဲ့စံအိမ်က ဘယ်မှာလဲ၊ ငါ့ကိုခေါ်သွား။”
ဦးဆောင်လာသောလူအိုကြီးက ချက်ချင်းဆိုသလို မြောက်ပိုင်းနယ်မြေသို့ အပြေးခေါ်သွားပြသည်။ ထိုနေရာတွင် မြောက်ပိုင်းနယ်မြေမဟာမိတ်အဖွဲ့မှ အဆင့်မြင့်ရာထူးကြီးသူများ နေကြ၏။ သည်နေရာတွင် စောင့်ကြပ်နေသော တပည့်ဂိုဏ်းသားများထဲမှ တစ်ယောက်က ပြောသည်။
“ပေ့ယွမ်ဂိုဏ်းရဲ့ဆရာက ဝင်လာခဲ့ပေမယ့် တစ်ခါမှ ထွက်မသွားခဲ့သေးပါဘူး။”
လူအိုကြီးက စိုးရိမ်စွာပြောသည်။
“ဖောက်ဝင်ရအောင်၊ ခေါင်းဆောင်ရဲ့အခြေအနေက မရှင်းလင်းဘူး၊ မြောက်ပိုင်းနယ်မြေကို ပုန်ကန်သူတွေဖြစ်နိုင်တယ်။”
မည်သို့ပင်ဆိုစေ သူတို့ ဆက်သွယ်၍မရတော့ပေ။ လုယွီက ပြောသည်။
“အဲဒီခေါင်းဆောင်ပိုင်တဲ့ ပစ္စည်းတွေများ မရှိဘူးလား။”
လူအိုကြီးက တွေးတောပြီးနောက်ပြောသည်။
“ခေါင်းဆောင်မှာ ဓါးရှည်တစ်ချောင်းရှိတယ်။”
သိပ်မကြာခင်မှာပင် အကြီးအကဲတစ်ယောက်က ဓါးကိုယူလာပြသည်။ လုယွီက ယူပြီးနောက် ညင်သာစွာလှုပ်ခါ၏။
“ခဏစောင့်”
လုယွီက မျက်လုံးကို မှိတ်လိုက်သည်။
သည်ပတ်ဝန်းကျင်တွင်ရှိသော အကြီးအကဲများအားလုံးက အချင်းချင်းကြည့်ကာ သံသယဝင်နေကြ၏။ သို့သော် လုယွီက အလေးစားရဆုံးနှင့် စွမ်းအားအကြီးဆုံး ဖြစ်နေလေရာ သူတို့ စကားအပိုမဆိုဝံ့ပေ။
“အကြီးအကဲတို့အပြင်မှာ …”
အချို့သော တပည့်ဂိုဏ်းသားများက အလောတကြီးပြောကြသည်။
လူအိုကြီးက အော်သည်။
“ဘာဖြစ်တာလဲ။”
ထိုအချိန်တွင်ပင် သားရဲဟိန်းသံ ထွက်လာ၏။ လူအိုကြီးက နောက်လှည့်ကြည့်လိုက်ချိန်တွင် ရွှေရောင်အလင်းကိုသာ မြင်လိုက်ရသည်။
“ဒါက တော်ဝင်သားရဲချီလင်းပဲ။”
သူကလည်း ချက်ချင်းသတိထားမိသွားသည်။ ကြီးမားသော ချီလင်းသားရဲကြီးက ထွက်ပေါ်လာသည်။ ထိုအကောင်၏တစ်ကိုယ်လုံးက ရွှေရောင်အလင်းဖြင့် တောက်ပနေ၏။ မြူထုဖြူကို ပါးစပ်မှ မှုတ်ထုတ်လိုက်သည်။
လုယွီက ပြော၏။
“ဒီကိုလာ။”
ချီလင်းက လုယွီကိုမြင်သည်နှင့် ချက်ချင်းအပြေးလာပြီး လုယွီအနားတွင် ပျံသန်းသည်။
“ဝမ်ချန်းက ချီလင်းရဲ့သခင်လား။”
ပတ်ဝန်းကျင်တွင်ရှိသော တပည့်ဂိုဏ်းသားများသာမကလေဘဲ အကြီးအကဲ အားလုံးကပင် စိတ်လှုပ်ရှားမှုဖြင့် ရိုက်ခတ်ခံလိုက်ရသည်။
ဒါက တော်ဝင် အထွတ်အမြတ်သားရဲဖြစ်၏။ ဒဏ္ဍာရီကပင် ထာဝရရှင်သန်သူများကသာလျှင် ယဉ်ပါးအောင် လုပ်နိုင်သည်ဟုဆိုကြသည်။ အဆင့်လွန်အဆင့်ကပင် သည်လိုလုပ်ရန် အဆင့်မမှီပေ။ သို့သော် ချီလင်းကိုကြည့်ရသည်မှာ ဝမ်ချန်းကိုပင် ဖားနေဟန်ရ၏။
“ကြည့်လိုက်၊ အဲဒီကောင် ဘယ်မှာလဲ။”
လုယွီက ဓါးကို ချီလင်း၏နှာခေါင်းနားသို့ တို့ပေးလိုက်သည်။
ချီလင်းက နှာခေါင်းရှုံ့ပြီးနောက် ရွံ့ရှာဟန်ဖြင့် တစ်ချက်ပြုသည်။ ထို့နောက် အခြားတစ်ဖက်သို့ ပြေးလွှားပြ၏။
“သွားမယ်။”
လုယွီကလည်း နောက်မှလိုက်သည်။
“ရှေးဟောင်းတော်ဝင်သားရဲက ဦးဆောင်သွားပြီဆိုတော့ သေချာပေါက် ရှာတွေ့နိုင်မှာပဲ။”
အကြီးအကဲက သက်ပြင်းချသည်။
ပေ့ယွမ်ဂိုဏ်းတွင် အထွတ်အမြတ်သားရဲပေါ်လာလျှင် မြင့်မားသောထူးကဲသည့် တစ်စုံတစ်ရာအဖြစ် ဆက်ဆံရမည်ဖြစ်သည်။
တစ်ချိန်တည်းတွင်ပင် သူတို့အားလုံးက သက်ပြင်းချကြ၏။ လုယွီကို သူတို့ အထင်မသေးဝံ့ကြတော့ပေ။
ချီလင်းက ပျံသန်းသွားသည်။ သိပ်မကြာခင်မှာပင် တိတ်ဆိတ်သော ချိုင့်ဝှမ်းတစ်ခုသို့ ရောက်သွား၏။ အကြီးအကဲများအားလုံးကလည်း သူတို့၏လက်နက်များဖြင့် မြင့်မားသောအရှိန်နှုန်းဖြင့် လိုက်လာကြသည်။ သိပ်မကြာခင်မှာပင် အမှီလိုက်နိုင်သွားကြ၏။
“ဒီမှာခေါင်းဆောင် မရှိပါဘူး။”
“မဟုတ်ဘူး။”
လုယွီက ခေါင်းခါပြီး အာကာသပြင်ကို အသာအယာ တို့ထိလိုက်သည်။
အပိုင်း ၁၀၀၈
လုယွီ၏အရှေ့ရှိ အာကာသပြင်တွင် ဘာမှရှိမနေခဲ့ပေ။ လုယွီ၏လက်က ရွေ့လျားသွားသည်နှင့် အားလှိုင်းများက ပြန်လည်ထွက်လာပြီး လုယွီ၏ပတ်ဝန်းကျင်က စတင်ရမ်းခါသွားသည်။
ဝုန်း
ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ လုယွီ၏အရှေ့ရှိလူတိုင်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူ့အရှေ့ရှိမြင်ကွင်းကလည်း ပြောင်းလဲသွားခဲ့၏။
“မှော်အခင်းအကျင်းပဲ။”
သူ့နောက်ရှိအကြီးအကဲများကပင် အော်လိုက်ကြသည်။ သည်ချိုင့်ဝှမ်းကို ဖုံးလွှမ်းထားသော မှော်အခင်းအကျင်း ပျက်စီးသွားသည်။ မြင်ကွင်းက ပြောင်းလဲသွားတော့ကာ မူလက စိမ်းစိုသော သစ်ပင်များနှင့် နေရာတိုင်းတွင် တိုက်ခိုက်နေသော လေပြည်များအားလုံးက ပျောက်ကွယ်သွားလျက် ကောင်းကင်သို့ မီးတောက်များ ထိုးတက်သွားပြီး အနက်ရောင်မီးခိုးများ လှိုင်တက်လာသည်။
သိပ်မကြာခင်မှာပင် အကြီးအကဲအချို့က တောင်ထိပ်တွင် လဲနေသော လူတစ်ယောက်ကို ရှာတွေ့သွား၏။
“အရှင်”
လူအိုကြီးနှင့်အကြီးအကဲများအားလုံးက အပြေးအလွှားသွားကြသည်။
ထိုလူက မြေတွင်လဲပြီး ပါးစပ်မှ သွေးထွက်နေသည်။ သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားဟန်ရ၏။
အကြီးအကဲငါးယောက်က ပေါင်းလိုက်လျက် အတွင်းအားများကိုသုံးကာ ထိုလူ၏ကိုယ်အတွင်း ပို့လွှတ်ပေးကြသည်။ ထိုအချိန်တွင် ထိုလူက မျက်လုံးပြန်ဖွင့်လာတော့၏။
“မမျှော်လင့်ထားဘဲ လုယင်ကျိုးက သစ္စာဖောက်ဖြစ်နေတယ်၊ ငါ မပြင်ဆင်ထားမိလို့ သူ တိုက်ခိုက်တာကို ခံလိုက်ရတာပဲ။”
ထိုလူက ချောင်းဟန့်သည်။ သူ၏မျက်နှာက ရှက်နေဟန်ရ၏။
လူအိုကြီးတစ်ယောက်က သက်ပြင်းချသည်။
“ခေါင်းဆောင် ခေါင်းဆောင် စိုးရိမ်ဖို့မလိုပါဘူး၊ ကျွန်တော်တို့ မဟာမိတ်အဖွဲ့တိုင်းကို ဒီအကြောင်း သတင်းပို့ပြီးပါပြီ။”
သူက ခေါင်းငြိမ့်ပြီး ထရပ်သည်။ ထို့နောက်ပြော၏။
“ငါ့ကို အတွင်းအားနည်းနည်း ပို့လွှတ်ပေးပါ၊ ငါ လျှို့ဝှက်သိုင်းကို ဆင့်ခေါ်ပြီးကာစမို့လို့ အားနည်းနေတယ်။”
အကြီးအကဲများက သံသယမဝင်ကြပေ။ ချက်ချင်းဆိုသလို အတွင်းအားများ ပို့လွှတ်ကြ၏။ ထိုအချိန်တွင်ပင် ချီလင်းက ထိုလူကိုကြည့်လျက် ဟိန်းဟောက်သည်။ သူ၏မျက်ဝန်းတွင် ရန်လိုမှုကိုမြင်နိုင်၏။
“ဒီလိုနေရာမှာ အထွတ်အမြတ်သားရဲရှိမယ်လို့ မထင်ဘူး၊ ရှားပါးတဲ့ အခွင့်အရေးပဲ။”
ထိုလူ၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီး အထင်တသေးဖြစ်သွားသည်။ ရုတ်တရက် သူက လက်ကိုဆန့်တန်းလိုက်လျက် သူ့အနားရှိအကြီးအကဲ၏ခန္ဓာကိုယ်ကို တိုက်ရိုက်ရိုက်ချလိုက်ပြီး လူနှစ်ယောက်ကို တိုက်ရိုက်သတ်လိုက်၏။
အခြားသုံးယောက်က ထိတ်လန့်သွားပြီး နောက်သို့ဆုတ်ကြသည်။ သို့သော် ထိုလူက အထမြန်သည့်အတွက် နောက်ထပ်တစ်ခါ ထပ်သတ်လိုက်နိုင်လေသည်။ ထို့ကြောင့် လူနှစ်ယောက်သာလျှင် ကျန်ရစ်တော့၏။
“အရှင် ဘာလို့ သူတို့ကို သတ်တာလဲ။”
အကြီးအကဲတစ်ယောက်က အော်သည်။
အခြားလူတစ်ယောက်၏ မျက်နှာအမူအရာကလည်း ပျက်ယွင်းနေခဲ့၏။ အခြားအကြီးအကဲတစ်ယောက်က ခေါင်းခါသည်။
“သူက ခေါင်းဆောင် မဖြစ်နိုင်ဘူး။”
မည်သို့ပင်ဆိုစေ အချိန်တစ်ခဏသာရှိသေးသော်လည်း ထိုလူက ချက်ချင်း စွမ်းအားကြီးသွားသည်။ ထို့ကြောင့် ဟန်ဆောင်ထားခြင်းသာဖြစ်ရပေမည်။ ထို့ကြောင့် သူက စိတ်ထဲမထားဘဲ သာမန်ကာလျှံကာပြော၏။
“မြောက်ပိုင်းနယ်မြေက ကောင်ဖြစ်ရမယ်၊ မင်း အညံ့ခံတာ ကောင်းမယ်လို့ ငါတော့ထင်တယ်။”
ထိုလူက ချီလင်းကိုသာ ကြည့်လျက် လောဘတကြီး ပြောသည်။
“ဒီနေရာမှာ တော်ဝင်သားရဲကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး၊ ငါကသာ တော်ဝင်သားရဲရဲ့ အသွေးအသားတွေကို စားနိုင်ရင် ငါ့ရဲ့သက်တမ်းက ပိုမြင့်သွားလိမ့်မယ်။”
ထို့နောက် သူက ညာခြေကို ဖ ေနှာက်ပေါက်လျက် မြှားတစ်စင်းကဲ့သို့ ခုန်ဝင်ကာ ထိုချီလင်းထံ ပြေးသွားရန် ကြံစည်လိုက်သည်။
ဝုန်း ဝုန်း
အကြီးအကဲနှစ်ယောက်က မတားဆီးနိုင်ကြတော့ပေ။ သူတို့ ချက်ချင်း အရိုက်ခံရပြီး တောင်ထဲချိုင့်ဝင်သွားကြ၏။
“စွမ်းအားကြီးလိုက်တာ။”
အကြီးအကဲက သွေးအန်လျက်ပြောသည်။
“မင်း တစ်ယောက်တည်း ကျန်တော့တယ်။”
ထိုလူက လုယွီအား ကြည့်သည်။
“ကြည့်ရတာ ဒီချီလင်းက မင်းအပိုင်ဖြစ်နေတဲ့ပုံပဲ၊ လက်လျော့လိုက်တော့၊ ငါ မင်းကို ငါ့ရဲ့ခွေးအဆင့်ပေးမယ်။”
လုယွီက မျက်မှောင်အနည်းငယ်ကြုတ်သည်။ သူက ထိုလူသုံးသောသိုင်းကို စဉ်းစားနေလျက် ရှိနေသေး၏။ ထို့အပြင် ထိုလူ မည်သို့ရုပ်ဖျက်ထားကြောင်းကို သူ တွေးတောနေသေးသည်။
သည်လိုရုပ်ဖျက်သည့်စွမ်းရည်မျိုးက သူပင် ဖောက်မမြင်နိုင်လောက်အောင် ထူးခြားသည်မှာ ပထမဆုံးအကြိမ်ဖြစ်နေ၏။
“မင်း ကန်းနေလား။”
သူက အလောတကြီးပြောသည်။ လုယွီက ပြန်မတုန့်ပြန်ပေ။ ထို့အစား ထိုလူ့ထံသို့သာ လက်သီးတစ်ချက် ပို့လွှတ်လိုက်တော့၏။
“မင်းက တိုက်ခိုက်ရဲသေးတာပဲ။”
ထိုလူက နှာခေါင်းရှုံ့လျက် လက်သီးဖြင့်ပြန်ရင်ဆိုင်သည်။
ဝုန်း
နှစ်ယောက်လုံး၏စွမ်းရည်က ညီမျှနေခဲ့၏။
“အဆင့်လွန်အဆင့်ပဲ။”
လုယွီ၏မျက်ဝန်းအတွင်း တိုက်ပွဲကိုဆာလောင်သော အလင်းရောင် လက်လာသည်။ သူ အဆင့်တက်ပြီးကတည်းက ပြိုင်ပွဲများက ဘုန်းတော်ကြီးအဆင့်တူများသာ ဖြစ်နေခဲ့ကြ၏။ မမျှော်လင့်ထားစွာပင် အဆင့်လွန်အဆင့်ကို တွေ့လိုက်ရ လေပြီ။
အပိုင်း ၁၀၀၉
"ကောင်လေး မင်းက ဘယ်သူလဲ။”
ထိုလူ၏မျက်ဝန်းအတွင်းတွင်လည်း ထိတ်လန့်မှုကို မြင်နိုင်သည်။ တစ်ချိန်တည်းတွင်ပင် သူက တစ်ဖက်သူ၏နောက်ခံကို ခန့်မှန်းမိသွား၏။
“ဆူလိုက်တာ။”
လုယွီက ထိုလူကို တုန့်ပြန်လျက် လက်သီးဖြင့်ထိုးလိုက်ပြန်သည်။ အမျိုးသားများက လက်သီးဖြင့် တုန့်ပြန်လေ့ရှိကြသည်။ ဟန်ချက်ညီမှုက သူတို့၏အားသာမှုကို ဖျက်ဆီးနိုင်၏။
“မဟုတ်ဘူး၊ ငါ့ရဲ့စွမ်းအားက သူ လွှမ်းမိုးတာကိုခံလိုက်ရပြီ၊ ငါ သူ့ကို မနိုင်နိုင်ဘူး။”
ထိုလူက စိတ်ထဲတွင် လျှို့ဝှက်စွာတွေးလျက် နောက်ဆုတ်ရန်ကြံစည်ထားသည်။ သူ ထွက်သွားရန်ပြင်ဆင်ချိန်တွင် လုယွီက သူ့ကို ထွက်သွားခွင့်မပေးနိုင်တော့ချေ။
“နဂါးလွှမ်းမိုးခြင်း လျှို့ဝှက်ချက် စွမ်းအား ဖွင့်လှစ်စမ်း။”
အဓိက ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းနှစ်ခုက တစ်ချိန်တည်းတွင် ထုတ်ဖော်လိုက်သည်။ လုယွီ၏ကိုယ်က မရေမတွက်နိုင်သော ရွှေရောင်အလင်းများဖြင့် ဖုံးလွှမ်းနေလျက် အသားအရေတစ်ခုလုံးတွင် အစင်းကြောင်းများက ဝင်္ကပါတစ်ခုအလား လွှမ်းခြုံလာသည်။ သူက ကောင်းကင်မှ ထာဝရရှင်သန်သူတစ်ပါးအလား ထင်ရသည်။
ဝုန်း ဝုန်း ဝုန်း
နှစ်ယောက်က အချင်းချင်းသတ်ဖြတ်ရန် ကြိုးစားနေကြလျက် တိုက်ခိုက်နေကြသည်။ လေထဲတွင် အားလှိုင်းများက ပျံ့နှံ့နေခဲ့ကာ ကျောက်တုံးများက လွင့်သည်။
ထိုလူက ထိတ်လန့်လာ၏။
“ဘယ်လိုဖြစ်ပြီး ဒီကောင်လေးက ဒီလောက်အထိ စွမ်းအားကြီးနေတာလဲ။”
“မဟုတ်သေးဘူး။”
လျှို့ဝှက်သိုင်းကို သုံးထားလျှင်ပင် သည်လောက်အထိ စွမ်းအားမကြီးသင့်ပေ။ ထို့အပြင် ခန္ဓာကိုယ်နှင့်အရိုးများကို နေရာအနှံ့ရွှေ့ပြောင်းလျက် ငယ်ရွယ်အောင် လုပ်ထားမည်ဆိုလျှင်ပင် ကွာဟချက်က ရှိနေရအုံးမည်ဖြစ်၏။
ထိုလူက နောက်လှည့်ကာ ထွက်ပြေးရန်ကြံစည်သည်။
“မြေအောက်လောက နတ်ဘုရား အမျက်ဒေါသ”
လုယွီက မှော်သိုင်းကို ဆင့်ခေါ်လိုက်ပြီးသည်နှင့် အေးစက်သောအလင်းက ထိုလူ့ထံ တိုးဝင်သွားတော့သည်။ ထိုလူက ချက်ချင်းဆိုသလို သွေးအန်ထုတ်လိုက်ရ၏။
“ကောင်လေး ငါသာ အရှင်လတ်လတ်ပြန်သွားနိုင်ရင် သေချာပေါက် မင်းကို ပြန်လာသတ်ဖို့ရှာမယ်။”
ထိုလူ၏မျက်ဝန်းအတွင်း စိတ်ပျက်အားငယ်မှုကို မြင်နိုင်သည်။ သူက အော်ဟစ်လျက် ထွက်ပြေးပြန်၏။
လုယွီကလည်း မျက်နှာသေဖြင့်ဖြစ်သည်။
“တစ္ဆေဟိန်းဟောက်သံ”
ဝေါင်း
ဝိဉာဉ်တစ်ကောင်၏ အသားကုန်အော်ဟစ်လိုက်သံကြီးက ထွက်ပေါ်လာလျက် ထိုလူ၏မျက်နှာအမူအရာကြီးက တစ်ဝက်ခန့် ရှုံ့တွသွားသည်။ လုယွီကမူ သည်အခွင့်အရေးကိုယူလျက် အနားသို့နီးကပ်လာ၏။ သူ့လက်ထဲတွင် လေပြည်ကဲ့သို့ တိုးဝင်လာသော ဓါးတစ်လက်က ပါလာသည်။
ထိုလူ၏ စမ်းရေကန်က ဒဏ်ရာရသွားသည်နှင့် သူ ထုတ်ဖော်နိုင်သော စွမ်းရည်က အကန့်အသတ်ရှိသွားတော့မည်ဖြစ်သည်။
လုယွီက ထိုလူ၏ကိုယ်ကို ရိုက်ချလိုက်လျက် အကြောစုံအမှတ်များကို ချိတ်ပိတ်ထားလိုက်သည်။ ထို့နောက် မျက်နှာဖုံးကိုခွာပြ၏။ သည်လူက သက်လတ်ပိုင်းအရွယ်လူ၏ မျက်နှာမျိုးကို ထုတ်ပြလာသည်။
“လုယင်ကျိုး မျိုးမစစ်ကောင် မင်းပဲ။”
အသက်ရှင်နေသေးသော အကြီးအကဲနှစ်ယောက်ထဲမှ တစ်ယောက်က အော်သည်။
“ဒီနေရာကိုတောင် ချောင်းပြီးရောက်လာမယ်လို့ မထင်ထားဘူးပဲ၊ မြောက်ပိုင်းနယ်မြေက မဟာမိတ်အဖွဲ့ရဲ့သစ္စာဖောက် လုယင်ကျိုး”
လုယွီက အေးစက်စွာပြောသည်။
“ခင်ဗျားက လုမိသားစုဖြစ်ရဲ့သားနဲ့ ဘာလို့ရန်သူကို ကူညီတာလဲ။”
လုယင်ကျိုးက ရယ်သည်။
“ငါ မင်းကို ပြောဖို့လိုလား။”
“မလိုဘူး၊ မင်းပြောအောင် ငါ လုပ်နိုင်တယ်။”
လုယွီက သူ၏စိတ်ဝိဉာဉ်ကို တိုက်ရိုက်ရှာဖွေသည်။ တစ်ခဏခန့်ကြာပြီးနောက် တစ်ဖက်သူက ငယ်သံပါအောင် အော်ဟစ်တော့၏။ စိတ်ဝိဉာဉ်က စတင်ရှာဖွေရုံနှင့်တင် လုယင်ကျိုး၏မျက်ခုံးထဲမှ အလင်းတန်းက ထွက်ပေါ်လာသည်။
ပေါက်ကွဲသံနှင့်အတူ ထိုလုယင်ကျိုး၏ခေါင်းက ပေါက်ကွဲသွား၏။
“တားမြစ်ကျိန်စာပဲ။”
လုယွီ၏မျက်နှာက မဲမှောင်လာ၏။
မပြောသင့်သည်ကို မပြောမိစေရန်၊ မသိသင့်သည်ကို အခြားသူက မသိသွားစေရန်တားမြစ်ထားသော ကျိန်စာဖြစ်သည်။ အဆင့်လွန်အဆင့်ကိုပင် ထိုသို့ ကျိန်စာပေးနိုင်ကတည်းက …
လုယွီ၏စိတ်အတွင်း တစ်စုံတစ်ယောက်၏ပုံရိပ်ကသာ ထွက်ပေါ်လာတော့၏။
“ဆိုတော့ တရှားနတ်ဆိုးဘိုးဘေးပေါ့လေ။”
လက်ရှိအချိန်တွင် တစ်ဖက်သူက တရှားနတ်ဆိုးဘိုးဘေး၏ သိမ်းသွင်းခြင်းကို ခံထားရသည်။ ထို့အပြင် ထိုလူက အဆင့်မြင့်အဆင့်တောင်ဖြစ်နေသေး၏။
လုမိသားစု၏အိမ်တော်က ကြီးမားသည်။ သို့သော် သည်လိုအခြေအနေမျိုးက များစွာဖြစ်နိုင်သေးလေသည်။
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ငါတို့တွေ ခေါင်းဆောင်ကို အမြန်ဆုံးရှာရတော့မယ်။”
အကြီးအကဲနှစ်ယောက်က လက်သီးဆုပ်လျက်ပြောကြသည်။
လုယွီက ချီလင်းကိုကြည့်၏။
“သွား”
ချီလင်းက အရိပ်အဖြစ် ပြောင်းလဲသွားကာ အတွင်းသို့ဝင်သည်။ တစ်ခဏခန့်ကြာပြီးနောက် ချီလင်းက လူတစ်ယောက်ကို ပါးစပ်မှကိုက်ချီလာလျက် ဆွဲခေါ်လာ၏။ ထို့နောက် လူများအနားသို့ရောက်လာသည်။
ထိုလူက အားနည်းနေဟန်ရသည်။ နေရာတိုင်းတွင် အဆိပ်၏သင်္ကေတများကိုမြင်နိုင်၏။ အနီးကပ်လာမှသာ လူနှစ်ယောက်ဖြစ်ကြောင်း မြင်လိုက်ရသည်။ တစ်ယောက်က ခေါင်းဆောင်ဖြစ်ပြီး အခြားတစ်ယောက်ကမူ ဒုခေါင်းဆောင်ဖြစ်သော ပေ့ယွမ်ကလန်မှ ခေါင်းဆောင်ဖြစ်နေသည်။
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
နှစ်ယောက်လုံးက လုယွီအား ကျေးဇူးတင်ကြသည်။
လုယွီက လက်ကာပြလျက် လုအိမ်တော်သို့ ချီလင်းကို တိုက်ရိုက်ပျံသွားစေလိုက်၏။
လုအိမ်တော်ကို ဂရုစိုက်စစ်ဆေးရန် သူ ဆုံးဖြတ်ထားသည်။
လုမိသားစု၊ ထျန်းကျင်းမြို့။
လုယွီက မြို့ထဲသို့ပြန်ရောက်လာသည်။ ထျန်းကျင်းမြို့ကို ပိတ်ထားသော်လည်း ယခုလေထုအခြေအနေကမူ ကွာခြားနေ၏။ ယခင်ကဲ့သို့ အခြေအနေနှင့်ကွာခြားနေကာ ပြင်းပြင်းထန်ထန် စောင့်ကြပ်ထားဟန်ရသည်။
ဘုန်းတော်ကြီးများက ဝင်ချည်ထွက်ချည်ပြုနေကြ၏။
လုယွီက သူ၏နောက်ခံကိုပြလျက် ချက်ချင်းဆိုသလို လူအများ၏အာရုံကို ဆွဲဆောင်လိုက်သည်။
"ဆရာသခင်ဝမ်ချန်း၊ ဂိုဏ်းခွဲဆရာသခင်တွေလည်း ရှိနေတာပဲ၊ ကျေးဇူးပြုပြီး ခဏလောက် စောင့်ဆိုင်းပေးပါ။"
အစောင့်မှ လုယွီကိုယဉ်ကျေးစွာဖြင့် ခန်းမအတွင်းသို့ဖိတ်ခေါ်ကာ လက်ဖက်ရည်ဖြင့် ဧည့်ခံသည်။
လက်ရှိအချိန်တွင် မြောက်ပိုင်းနယ်မြေရှိ မည်သူကမျှ ဝမ်ချန်း၏နာမည်ကိုမသိသူ မရှိကြတော့ပေ။
သည်ဧည့်ခန်းမအတွင်းတွင် လုမိသားစုအိမ်တော်မှ ကလေးအချို့လည်း ရှိနေကြ၏။ အားလုံးကလည်း စောင့်ဆိုင်းနေကြ၏။
လုယွီက တည်ငြိမ်စွာ လိုက်ပါပို့ဆောင် ခံရကြောင်း မြင်သောအခါ ရုတ်တရက် လူငယ်တစ်ယောက်၏မျက်ဝန်းက တောက်ပသွားသည်။ ထိုလူက လုချန်ဖြစ်၏။ လုယွီ ထွက်သွားသည်မှာ အချိန်အတန်ကြာလေပြီ။ သူက နည်းလမ်းများကိုသုံးပြီး ရတနာများကိုပင် ဖိတ်ခေါ်ခဲ့သည့်တိုင်အောင် လုယွီ၏မှတ်တမ်းအကြောင်းကို မရခဲ့သေးချေ။
မူလက သူက လူအများ၏ဂုဏ်ယူရာဖြစ်ခဲ့၏။ မည်သူကမျှ သူ့အားမနိုင်ခဲ့ပေ။ လက်ရှိအချိန်တွင်မူ သူ ကျင့်ကြံခြင်းမျှော်စင်အတွင်းသို့ ဝင်ရောက်ချိန်တိုင်း တစ်ဖက်သူ၏သူ့အပေါ်ရှိနာမည်ကိုသာ မြင်နေရသည်။ သူက ဝမ်ချန်း၏အနောက်မှ ဖြစ်နေခဲ့၏။
“ကောင်လေး မင်း ငါ့ရဲ့လုမိသားစုဆီကို လာရဲသေးတယ်လား။”
လုချန်က သူ့အား ခက်ထန်စွာကြည့်လိုက်သည်။ သူ့အမြင်အရ လုယွီ သည်နေရာသို့လာခြင်းက သူ့အား အရှက်ခွဲခြင်းဖြစ်ရပေမည်။
အနားသို့နီးကပ်လာကြောင်း မြင်သောအခါ လုယွီက မျက်ခုံးပင့်သည်။
“ငါတို့ချင်းသိလား။”
သူ လုချန်ကို သိပင်မသိပေ။ ထို့ကြောင့် လုယွီက လုချန်ကိုတစ်ချက်မျှသာ ကြည့်ပြီး အကြည့်လွှဲသွားသည်က ပုံမှန်သာလျှင်ဖြစ်သည်။
လုချန်က ခေါင်းကိုမော့ကာပြော၏။
“ငါ့ကိုမသိသလို ဟန်ဆောင်မနေစမ်းပါနဲ့၊ မင်းအရင်တစ်ခေါက်က ထွက်ပြေးသွားခဲ့သေးတာ မဟုတ်လား၊ ဝန်ခံလိုက်စမ်းပါ၊ မင်း ကျင့်ကြံခြင်းမျှော်စင်ထဲမှာ ဘယ်လိုလှည့်ကွက်တွေ သုံးခဲ့တာလဲ။”
“ကျင့်ကြံခြင်းမျှော်စင် ဟုတ်လား။”
လုယွီ ကြောင်သွားသည်။ ထို့နောက်မှသာ တစ်ဖက်သူကိုမှတ်မိသွား၏။ သို့ရာတွင် လုယွီ၏အဆင့်နှင့်ခွန်အားက သည်လိုလူငယ်တစ်ယောက်နှင့် ငြင်းခုန်နေရန်ခွင့်မပြုပေ။
“ငါ မင်းကို ဒီနေ့လာရှာတာမဟုတ်ဘူး။”
လုယွီက ပေါ့ပါးစွာပြောသည်။ လုယွီက သူ့အား အာရုံပင်မစိုက်ချင်ကြောင်း မြင်သောအခါ လုချန် ပို၍ပင် သည်အတိုင်း အဆုံးမသတ်ချင်တော့ပေ။ လုချန်က အော်၏။
“မင်းက ငါ့ထက်အားနည်းသားပဲ၊ ပထမနေရာရဖို့ ဘယ်လိုလှည့်ကွက်တွေ သုံးသွားတာလဲ၊ မရှက်ဘူးလား။”
သူက ရုတ်တရက် လုယွီကို သင်ခန်းစာပေးရန် ကြံစည်လိုက်သည်။ လုချန်က လုယွီ၏ ပုခုံးကို ထိတော့မည့်အချိန်တွင်ပင် ရုတ်တရက် ခွန်အားဖြင့် အရိုက်ထုတ်ခံလိုက်ရ၏။
ဝုန်း
အပိုင်း ၁၀၁၀
လုချန်က အနောက်သို့လွင့်ထွက်သွားပြီး နံရံနှင့်ရိုက်မိသွားသည်။ သူ၏ဒေါသကိုမြင်နိုင်၏။
“ရုတ်တရက် တိုက်ခိုက်နိုင်တယ်၊ ဒါက ဘယ်လိုစွမ်းအားလဲ။”
ထို့နောက် လူတစ်ဖွဲ့က ရုတ်တရက်ပေါ်လာပြီး တံခါးရှေ့ရောက်လာ၏။ သူတို့က ဘုန်းတော်ကြီးများအဖွဲ့ဖြစ်သည်။ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ဦးဆောင်လာကာ ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်၏။
ခန်းမအတွင်းရှိ လုမိသားစုက ကလေးများနှင့်အခြားလူများအားလုံးက မတ်တပ်ထရပ်ကြသည်။
“တတိယအိမ်တော်ခွဲက ခေါင်းဆောင်”
အားလုံးက နှုတ်ဆက်လိုက်ကြသည်။
ထိုရောက်လာသူက လုကျန်းဟိုင်ဖြစ်ပြီး တတိယအိမ်တော်ခွဲမှ ခေါင်းဆောင်ဖြစ်နေ၏။
လုချန်က ချက်ချင်းဆိုသလို ကိုယ့်ကိုယ်ကို သပ်ရပ်အောင်ပြင်ဆင်လျက် အနားသို့ကပ်သည်။
“မိသားစုခေါင်းဆောင်ကျန်းဟိုင် ကျွန်တော် ဒီနေရာမှာ တိုက်ပွဲအတွက် အဆင်သင့်ပြင်ရုံပါပဲ၊ ဒါပေမယ့် ဘာကြောင့်များ ကိုယ်တိုင်ရောက်လာတာပါလဲ။”
သူနှင့်လုမိသားစုမှ ကလေးများက မြေပြင်နှစ်ခုတိုက်ပွဲအတွက် သည်နေရာတွင် လက်မှတ်လာထိုးခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့က ရှေ့တန်းမှ တိုက်ခိုက်ကြမည်ဖြစ်၏။ သည်နေ့တွင် အဓိကတိုက်ပွဲနယ်မြေတွင် အမျိုးမျိုးသောဂိုဏ်းမှ အကြီးအကဲအများစုက လူငယ်မျိုးဆက်များက ဝင်ပါရန် အဆင့်မှီသည်ဟု ပြောကြသည့်အတွက် သူတို့အတူတိုက်ပွဲဝင်ရန် ရောက်လာခဲ့ကြခြင်းဖြစ်၏။
သူတို့၏မျက်ဝန်းများက တိုက်ပွဲအမှတ်အဖြစ်ရမည့် ဆုလာဘ်များကြောင့် လောဘတကြီးဖြစ်နေကြသည်။ သည်တိုက်ပွဲကိုနိုင်ရန်အလို့ငှာ လုအိမ်တော်နှင့် မြောက်ပိုင်းနယ်မြေမဟာမိတ်အဖွဲ့က အင်အားများစွာ စိုက်ထုတ်ထားလေသည်။
သူတို့က ရန်သူများကို များများသတ်နိုင်ရမည်ဟု မဆိုလိုပေ။ သို့သော် သူတို့ကသာ သည်ပြဿနာကို အနိမ့်ဆုံးဖြေရှင်းနိုင်မည်ဆိုလျှင်ပင် သူတို့ တိုက်ခိုက်ပြီးနောက် ရလာမည့်ဆုလာဘ်များက အလွန်များပေလိမ့်မည်။
လုကျန်းဟိုင်က မျက်မှောင်ကြုတ်ပြီး လုချန်အနားသို့လျှောက်လာ၏။
“ဆရာသခင်ဝမ်ချန်း”
“ဆရာသခင်ဝမ်ချန်းကို စောင့်ဆိုင်းခိုင်းမိသွားပါပြီ။”
လုကျန်းဟိုင်၏အမြင့်သံက ထွက်လာ၏။
လုကျန်းဟိုင်က လုယွီကိုပျူငှာစွာကြည့်ကာ ပြောသည်။
“ဆရာသခင်ဝမ်ချန်း လာမယ်ဆိုရင် ငါ့ကို ကြိုတင်ပြောသင့်တာပေါ့။”
လက်ရှိအချိန်တွင် လုယွီ၏အဆင့်အတန်းက ကွာခြားသွားပြီဖြစ်သည်။ လုယွီ၏ကျော်ကြားမှုက လုကျန်းဟိုင်ပင် အရေးတကြီးဆက်ဆံရသော အနေအထားအထိ ရောက်ရှိသွားပြီဖြစ်၏။
အဂ္ဂိရက်နယ်မြေတွင် ဆရာတစ်ဆူဖြစ်နေသည့်အပြင် သူ၏ဘိုးဘေးကပင် အသိအမှတ်ပြုရသောသူ၊ ငယ်ရွယ်ပြီး စွမ်းအားကြီးမားသောသူဖြစ်သည့်အတွက် သူ၏မည်သည့်နောက်ခံကမဆို သူ့ထက်သာနေကြောင်း သိနေခဲ့၏။
လုယွီက ပြောသည်။
“ခေါင်းဆောင်ကျန်းဟိုင်ကို ငါ တင်ပြစရာရှိတယ်။”
ထိုသို့ဖြင့် သူ၏မျက်ဝန်းက ရုတ်တရက်ပြောင်းလဲသွားသည်။
“မင်းတို့အားလုံး ထွက်သွားကြ။”
လုကျန်းဟိုင်က အခြားသူများကိုအော်သည်။ နောက်လိုက်များကလည်း အားလုံးကို ခေါ်သွားလျက် အပြင်သို့ထွက်စေ၏။ လုချန်ကလည်း မောင်းထုတ်ခံရသည်။ လုမိသားစုမှ ပါရမီအကြီးဆုံးလုချန်က လူငယ်မျိုးဆက်တွင် အလွန်ကျော်ကြား၏။ သို့တိုင်အောင် လုကျန်းဟိုင်၏ရှေ့တွင်မူ သူက ဘာမှမဟုတ်ပေ။
“ဒီကောင်လေးဝမ်ချန်းက အဆင့်လွန်အဆင့်လား။”
လုချန်၏မျက်ဝန်းထဲ မနာလိုမှုများကိုမြင်နိုင်၏။ သူကပင် လုယွီကြောင့် မောင်းထုတ်ခံလိုက်ရသည်။ သူ ရှက်သွား၏။
“မဟုတ်ဘူး၊ သူက ဘယ်လိုများ အဆင့်လွန်အဆင့်ဖြစ်ရမှာလဲ၊ ငါက မျိုးဆက်ထဲမှာ စွမ်းအားအကြီးဆုံးပဲ။”
လုချန်၏နှလုံးသားက သည်အခြေအနေကို လက်မခံနိုင်တော့ဘဲ ဒေါသထွက်လာသည်။
ခန်းမအတွင်းတွင် …
အားလုံးကို မောင်းထုတ်လိုက်ပြီးနောက် သူတို့နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ မည်သူမျှမရှိတော့ကြောင်း မြင်သောအခါ လုယွီက ခပ်တိုးတိုးပြော၏။
“လုအိမ်တော်က ခေါင်းဆောင် ဂိုဏ်းခွဲက ခေါင်းဆောင်တစ်ပါးက ပုန်ကန်ခဲ့တယ်၊ ခင်ဗျား ဒါကိုသိလား။”
လုကျန်းဟိုင်၏အမူအရာက ပြောင်းလဲသွား၏။
“မင်းပြောတာက လုယင်ကျိုးလား။”
လုယင်ကျိုးက လုဘိုးဘေး၏တူအရင်းဖြစ်သည်။ ထို့အပြင် တစ်ဖက်သူက အလွန်တော်ပြီးကိစ္စများစွာ လုပ်လျက် အိမ်တော်ကို အလုပ်အကျွေးပြုခဲ့၏။ သူ မည်သည့်နည်းနှင့်မျှ သစ္စာမဖောက်နိုင်ပေ။
လုကျန်းဟိုင်ကိုယ်တိုင်ကပင် မယုံသည့်အတွက် ရယ်လိုက်သည်။
“ဆရသခင်ဝမ်ချန်း ဆရာသခင်ဝမ်ချန်း ငါ့အဖေ့ကိုဆေးပေးဖို့ ရောက်လာခဲ့တာမဟုတ်လား၊ ဒါပေမယ့် အခု ဘိုးဘေးက တံခါးပိတ်ကျင့်ကြံနေလို့ တစ်ခဏလောက် စောင့်ဆိုင်းနေရပါမယ်၊ ဒါပေမယ့် ငါတို့က မင်းကို အကောင်းဆုံးနည်းလမ်းနဲ့ ဆက်ဆံကြမှာပါ။”
လုကျန်းဟိုင်က မယုံပေ။ လုယွီက သက်ပြင်းချပြီး အကြံပေးလိုက်၏။
“ခင်ဗျား မြောက်ပိုင်းမဟာမိတ် အဖွဲ့ကို ခဏသွားကြည့်သင့်တယ်၊ အဲဒီအခါ ခင်ဗျား သိရလိမ့်မယ်။”
လုကျန်းဟိုင်က ခေါင်းခါပြီးရယ်သည်။
“ဒါက ငါ့လုအိမ်တော်က ကိုယ်ပိုင်ကိစ္စပါ၊ ဆရာသခင်ဝမ်ချန်း မစိုးရိမ်ပါနဲ့။”
လုကျန်းဟိုင်က သည်လိုငြင်းနေကြောင်း မြင်သောအခါ လုယွီက ထပ်မပြောတော့ပေ။ သို့ရာတွင် သူက လုအိမ်တွင် ဆက်နေမည်ဖြစ်၏။ လုအိမ်တော်တစ်စုံတစ်ရာဖြစ်လာလျှင် သည်လူများ မရင်ဆိုင်နိုင်ပေ။ ထိုအခါ သူ ကူညီရန်လိုအပ်လာပေလိမ့်မည်။
လုယွီထံမှ ထွက်လာပြီးနောက် လုကျန်းဟိုင်က သည်သတိပေးချက်ကြောင့် မကျေမနပ်ဖြစ်နေခဲ့၏။ သူက ရုတ်တရက် လုယွီက ရှင်းပြခြင်းမပြုဘဲ သံသယဝင်လာသည့်အခါ မသက်မသာဖြစ်လာသည်။
ရုတ်တရက် လုကျန်းဟိုင်၏အရှေ့သို့ပုံရိပ်တစ်ခုက ပေါ်လာ၏။
“အိမ်တော်သခင် ခေါင်းဆောင်”
ထိုပုံရိပ်က ထိတ်လန့်နေဟန်ဖြင့် ဒူးထောက်ချသည်။
“ဘာဖြစ်တာလဲ။”
“အခုလေးတင် မြောက်ပိုင်းနယ်မြေ မဟာမိတ်အဖွဲ့က မဟာမိတ်ခေါင်းဆောင် လုယင်ကျိုးက ပုန်ကန်ပြီး အကြီးအကဲတွေအားလုံးကို သတ်သွားတယ်လို့ သတင်းပို့ပါတယ်၊ အခု ပေ့ယွမ်ဂိုဏ်းက အရေးတကြီးအနေအထားမျိုးနဲ့ စောင့်ကြပ်နေရပါပြီ။”
“ဘာ”
လုကျန်းဟိုင် အလွန်ထိတ်လန့်သွားသည်။ သူက ခုံမှပင် မတ်တပ်ထရပ်လိုက်မိ၏။
“ဝမ်ချန်း ပြောတာမှန်နေတာလား။”
“ဘာသတင်းရှိသေးလဲ။”
“မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ခုခံအားက ရုတ်တရက် တိုးမြှင့်လိုက်ပါတယ်၊ ကျွန်တော်တို့မိသားစုတိုင်းကိုလည်း သတိပေးလိုက်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ သတင်းကိုပဲ ဆက်ရှာနေရတာပါ။”
“ဆက်ရှာထား။”
“ဟုတ်ကဲ့”
လုကျန်းဟိုင်က တစ်ခဏခန့် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီးနောက် သူ၏အနားရှိ အစေခံတစ်ယောက်ကိုပြောသည်။
“သွား... အိမ် ေတာ်ခွဲ နံပါတ်ကိုးရဲ့ အခြေအနေကိုစုံစမ်းလိုက်၊ မြန်မြန်လုပ်။”
သူက သစ္စာဖောက်အကြောင်းကို ပထမဆုံးအကြိမ် ရင်ဆိုင်ရလေရာ တုန်လှုပ်မိလေသည်။ ထို့နောက် နံပါတ်ကိုး အိမ်တော်ခွဲကိုသာ ဝါးမြိုရန် ဆုံးဖြတ်လိုက်တော့၏။