အခန်း (၁၀၂၁-၁၀၂၅)
Vol. 54 Ch. 1021-1025
အပိုင်း ၁၀၂၁
ထိုလူအိုကြီးများ၏ စိတ်ပျက်အားငယ်မှုများအောက်တွင် လုယွီက ဘာအနှောင့်အယှက်မရှိဘဲ ဝင်္ကပါအခင်းအကျင်းအတွင်းသို့ ခြေလှမ်းဝင်ရောက်လာ ကြောင်း အားလုံးမြင်လိုက်ရသည်။
သတ်ဖြတ်ခြင်းဝင်္ကပါကလည်း သူ့အတွက် သက်ရောက်မှုမရှိပေ။ တားမြစ်ဝင်္ကပါကလည်း သူ့အတွက် သက်ရောက်မှုမရှိပေ။ အစောင့်ရုပ်သေးရုပ်များကလည်း သူ့အတွက် သက်ရောက်မှုမရှိပေ။
လုယွီ၏အရှေ့တွင် အရာအားလုံးက လုပ်ဆောင်နိုင်စွမ်းအား မဲ့သွားဟန်ရ၏။
“တားမြစ်ချက်များ ပျက်ယွင်းသွားပြီလား။”
ရုတ်တရက် လူအိုကြီးတစ်ယောက်က စိတ်လှုပ်ရှားသွားပြီး အနားရှိ ကျောက်တောင်နံရံကို လက်ဝါးဖြင့်ရိုက်လိုက်သည်။
လုဝူဟိန်က ချက်ချင်းဆိုသလို အံ့ဩသွားပြီး တားသည်။
“အရင် မလှုပ်ရှားနဲ့အုံး။”
သို့ရာတွင် ထိုစကားက နောက်ကျသွားခဲ့သည်။
ဘုန်း
ပြင်းထန်သည့်အားက ကျောက်တုံးနံရံကို ထိမှန်သွားချိန်တွင် တောင်တန်း တစ်ခုလုံးက ဟိန်းဟောက်သံကိုပြုသည်။ သို့သော် သေချာ ကြည့်မည်ဆိုလျှင် သည်ကျောက်တုံးနံရံတစ်ခုလုံးက ရွေ့လျားသွားခြင်းပင် မရှိခဲ့ပေ၊
အချိန်တစ်ခုခန့်ကြာပြီးနောက်တွင် အနီရောင်သင်္ကေတများစွာက ကျောက်တုံးနံရံပေါ်တွင် ထင်ရှားစွာ လင်းလက်လာလျက် ထိုလူအိုကြီး ထုတ်ဖော်လိုက်သော အားနှင့်ပို၍သန်မာသော အားတစ်ခုကို ပြန်လည်ထုတ်ဖော်လာသည်။
လူအိုကြီးလေးယောက်လုံးက ခပ်မြန်မြန်ရှောင်ရှားလိုက်ရသည်။ သို့သော် မတိုင်မီက တိုက်ကွက်ကြောင့် မြေအောက်မှ ချော်ရည်ပူများက မြင့်တက်လာပြန်ကာ မီးတောက်များက တောက်လောင်လာတော့သည်။
“ရပ်ကြ၊ ဒီမီးတောက်ကို မမြင်တက်လာစေနဲ့။”
လုပူဟိန်တို့ လေးယောက်လုံးက လက်များကို အလျင်စလို လှုပ်ရှားလိုက်ကြသည်။ သူတို့က သည်အခြေအနေကို ကျင့်သားရနေကြသဖြင့် မီးတောက်ကို ငြှိမ်းသတ်ရန်ကြိုးစားကြ၏။
လုပူဟိန်က သက်ပြင်းချနေသည်။ နဖူးမှ ချွေးများကိုသုတ်ကာ ပြော၏။
“တားမြစ်ချက်က မပျောက်ပျက်သွားသေးဘူး။”
သူတို့၏မျက်နှာရှိ အမူအရာက ပို၍တည်တင်းသွားကြသည်။ သူတို့ သည်နေရာသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ချိန်က သည်တားမြစ်တိုက်ကွက်များကြောင့် သေလုနီးပါး ဖြစ်ခဲ့သေးသည်။ ကံကောင်းစွာဖြင့်ပင် နှစ်ပေါင်းများစွာကြာပြီးနောက် တားမြစ်ချက်က အားနည်းလာခဲ့သည်။ မဟုတ်လျှင် သူတို့၏အခြေအနေက ထပ်မံဆိုးသွားနိုင်သေး၏။
“ဒီကလေးက အလယ်ဗဟိုနေရာအထိ ရောက်သွားပြီ။”
“ငါတို့ရဲ့ သူ့ကိုမြင်နိုင်တဲ့ အကန့်အသတ်က ဒီနေရာမှာ ပြီးဆုံးသွားပြီ။”
ဆိုလိုသည်မှာ လုယွီ နောက်ပိုင်းလုပ်ဆောင်သမျှကို သူတို့မြင်နိုင်တော့မည် မဟုတ်ပေ။ သူတို့ စိတ်ပျက်ကာ ရူးသွပ်လုမတတ် ဖြစ်သွားကြသည့်တိုင်အောင် နည်းလမ်းလည်း ရှိမနေခဲ့ပေ။
…
လုယွီက ရှေးခေတ်ကတည်းက တည်ရှိဟန်ရသော အပျက်အစီးနယ်မြေတစ်လျှောက် လျှောက်လှမ်းနေခဲ့၏။ သည်နေရာတွင် မည်သို့သော ကပ်ဘေး ဆိုက်ရောက်ခဲ့ကြောင်း သူ မသိပေ။ နေရာတိုင်းတွင် အပျက်အစီးကျောက်တုံးနံရံနှင့် အဆောက်အဦပုံစံများကို မြင်နိုင်သည်။
အဝေးမှ ကြည့်မည်ဆိုလျှင် ခြေလှမ်းအနည်းငယ်နှင့်တင် ကောင်းကင်သို့ တက်ရောက်နိုင်သည်ဟု ထင်ရလောက်အောင် တိမ်များက နီးကပ်လျက်ရှိနေကြောင်း မြင်ရသည်။
လုယွီက တစ်လှမ်းချင်းစီတက်သွား၏။ အဆုံးတွင် တထီးတမားတည်ရှိနေသော နန်းတော်ကြီးကိုမြင်ရသည်။
သို့ရာတွင် နန်းတော်၏နံရံပေါင်းများစွာက ကျိုးပဲ့ပျက်စီးနေပြီး အက်ရာများက ပြည့်နှက်နေ၏။
မြေပြင်တွင်လည်း ပေါင်းပင်နှင့်အရွက်များက ဖုံးလွှမ်းနေသည်။ သို့သော် ကျန်ရစ်ခဲ့သော သဲလွန်စတစ်စွန်းတစ်စကတင် သည်နေရာက မည်မျှခမ်းနားခဲ့ကြောင်း မြင်နိုင်နေသည်။
တံခါးကို တွန်းဖွင့်ဝင်သွားပြီးနောက် လုယွီ မင်သက်သွားခဲ့ရ၏။
“ဆေးတွေ များလိုက်တာ။”
လုယွီ အံ့ဩသွားသည်။
သည်နန်းတော်အတွင်းတွင် အလွန်မြင့်မားသော ဗီရိုကြီးပေါင်းများစွာရှိသည်။ ဗီရိုကြီးများက တစ်ဆင့်ချင်းစီတိုင်းတွင် အမျိုးမျိုးသော ဆေးလုံးများအပြည့်ရှိနေ၏။ အထဲမှ တန်ရှန်း၏ပြင်းထန်သော ဝင်သက်ကိုလည်း ရသည်။
အသက်ခပ်ပြင်းပြင်း ရှူလိုက်ရုံနှင့်တင် လုယွီ အဆင့်တက်တော့မည်ဟုပင် ခံစားလိုက်ရ၏။ ထိုဆေးလုံးများမှ လာသော ဧကရာဇ်ထိုက်ချန်၏ မှတ်ဉာဏ်များကိုပင် သူ ရလိုက်သေးသည်။ သို့သော် မှတ်ဉာဏ်က တစ်စွန်းတစ်စမျှသာဖြစ်၏။ သည်နေရာရှိဆေးလုံးတိုင်းကို ရှေးဟောင်းထာဝရရှင်သန်သူက ဖော်စပ်ခဲ့ကြဟန် ရသည်။
“အာ”
ရုတ်တရက် သက်ပြင်းချသံကို ကြားလိုက်ရသည်။ လုယွီ၏အကြည့်က ထိုနေရာသို့ ရောက်သွားသည်နှင့် နန်းတော်၏အလယ်ဗဟို တစ်နေရာတွင်ရှိသော တစ်စုံတစ်ရာကို မြင်လိုက်ရ၏။ ထိုနေရာတွင် မီးပြင်းဖိုကြီးတစ်ခုရှိပြီး မီးပြင်းဖို၏အထက်တွင် အရိပ်တစ်ခုက လွင့်မြောနေသည်။ သူက လုယွီကိုကြည့်ကာ ဝမ်းနည်းသွားဟန်ရ၏။
“မင်းက မြို့စားမင်း မဟုတ်ဘူးပဲ၊ ငါ အတွေးများသွားတယ်။”
ထိုအရိပ်က မှေးမှိန်ဖျော့တော့သွားသည်။ သူ ခက်ခက်ခဲခဲတည်ရှိအောင် မနည်းကြိုးစားနေရဟန်ရ၏။
လုယွီက အနားသို့ကပ်သွားလျက် လက်သီးနှစ်ဖက်ကို ဖိကပ်ကာ တစ်ချက်ဂါဝရပြုလိုက်သည်။
“ဒီလူငယ်လုယွီက ရှေးဟောင်းတန်ရှန်းကို နှုတ်ဆက်ပါတယ်။”
အပိုင်း ၁၀၂၂
အရိပ်က လုယွီကိုကြည့်သည်။
“မင်းမှာ ဘယ်လိုကြောင့်များ ချွီဟုန်ရဲ့သိုင်းကို ပိုင်ဆိုင်ထားတာလဲ။”
“ဒီလူငယ်မျိုးဆက်က အခွင့်အရေး ကောင်း ရခဲ့လို့အမွေဆက်ခံနိုင်ခဲ့တာပါ။”
“မြို့စားမင်းချွီက အလွယ်တကူ မသေနိုင်ဘူးလို့ ငါ ထင်ခဲ့သားပဲ။”
ထိုအရိပ်က ရေရွတ်ပြီးနောက်ပြောသည်။
“ဒီနန်းတော်က အချိန်ကြာညောင်းနေပြီဆိုတော့ အပျက်အစီးပုံအဖြစ်ပဲ ကျန်ရစ်နိုင်တော့တယ်၊ ဘာအမွေအနှစ်မှ မရှိဘူး၊ ဘာအားသာချက်မှ မရှိဘူး၊ ဘာရတနာမှ မရှိတော့ မင်း ပြန်သွားတာကောင်းလိမ့်မယ်။”
“မရှိဘူး ဟုတ်လား။”
လုယွီ၏မျက်ဝန်းမှ အလင်းက လက်လာသည်။ သူက ပြော၏။
“ကျွန်တော် ဒီနေရာမှာ နေပြီး ကျင့်ကြံပါရစ။”
“မင်းသဘောပါ။”
အရိပ်က မခြားနားဟန်ဖြင့် ပြန်တည်ငြိမ်သွားသည်။
သူက သည်နေရာ၏ ဗိုလ်ချုပ်တစ်ပါးဖြစ်ခဲ့သော်လည်း ရှေးဟောင်းကောင်းကင်ဘုံ ခုံရုံးတစ်ခုလုံးက ပျောက်ကွယ်သွားခဲ့လေပြီး သူ စောင့်ကြပ်ရန်လည်း မလိုအပ်တော့ပေ။ ထို့အပြင် သည်နေရာက အပျက်အစီးပုံဖြစ်နေခဲ့လေပြီ။ လုယွီ သည်နေရာမှ ဘာမှ ရနိုင်တော့မည် မဟုတ်ပေ။
ခွင့်ပြုချက်ရသွားသည်နှင့် လုယွီက ဆေးလုံးရှိရာ ဗီရိုကြီးတစ်ခုရှေ့သို့ သွားလိုက်သည်။
“မင်းရဲ့အချိန်ကို ဖြုန်းမနေနဲ့၊ ဒီဆေးလုံးတွေအားလုံးက ထိတွေ့လိုက်တာနဲ့ ပြာဖြစ်သွားလိမ့်မယ်၊ ဒီအတိုင်း အရိပ်အယောင်တွေအနေနဲ့ပဲ ကျန်ရစ်တော့တာပါ။”
ပုံရိပ်ယောင်က လုယွီ၏စိတ်ကို သိဟန်ဖြင့်ပြောသည်။
လုယွီကမူ ထိုသို့မတွေးပေ။ ရှေးဟောင်းကောင်းကင်ခုံရုံးမှ အကြွင်းအကျန်က သည်လောက်အချိန်ကြာသည်အထိ တည်ရှိနေခဲ့သေး၏။ ထိုဆေးလုံးများက ယခုအချိန်အထိ စွမ်းအားအပြည့်အဝရှိနေသေးလျှင် ကောင်းကင်ကို အန်တုသည့်ကိစ္စ ဖြစ်သွားပေလိမ့်မည်။
“ဘာမှ မရနိုင်ဘူးတဲ့လား။”
လုယွီက ရုတ်တရက် ဆေးလုံးတစ်လုံး၏ရှေ့သို့သွားပြီး ရုတ်တရက် ဒူးထောက်လိုက်သည်။ ထိုသို့ထိုင်ပြီးသည်နှင့် အချိန်တစ်ခုကြာအောင် သည်အတိုင်း နေနေလိုက်၏။
ပုံရိပ်ယောင်ကမူ သိချင်စိတ်ပြင်းပြလာသည်။
အချိန်တစ်ခုကြာပြီးနောက် လုယွီက သူ၏ သိုလှောင်အိတ်ထဲမှ ဆေးပင်ကို ထုတ်သည်။ ထို့နောက် ဧကရာဇ်ထျန်းအဆင့် ရွှေရောင်မီးတောက်ကလည်း ထွက်ပေါ်လာလျက် ဆေးပင်များကို သန့်စင်တော့၏။
သိပ်မကြာခင်မှာပင် အရည်စက်အဖြစ် ပြောင်းလဲသွားလျက် ဆေးလုံးအဖြစ် သိပ်သည်းလေတော့သည်။
ယခင်နှင့်မတူသည်မှာ လုယွီက ဖြေးညှင်းစွာ ဆေးဖော်စပ်နေခြင်းဖြစ်သည်။ တစ်ဆင့်ချင်းစီတိုင်းကို သတိထားနေခဲ့၏။
အချိန်တစ်ခုကြာပြီးနောက် ရုတ်တရက် ဆေးလုံးက ထိန်းချုပ်မှုလွတ်ကင်းသွားပြီး မီးတောက်၏အဝိုင်းခံလိုက်ရကာ ပြာဖြစ်သွားသည်။ သည်တစ်ကြိမ်တွင် ဆေးဖော်စပ်ခြင်းက ထူးဆန်းစွာဖြင့် ကျရှုံးသွားခဲ့၏။
သို့ရာတွင် လုယွီကမူ စိတ်မပျက်ပေ။ နောက်ထပ်ဆေးပင်များထုတ်ကာ ထပ်မံသန့်စင်ပြန်၏။
“သူက ဆေးလုံးထဲက ပါဝင်ပစ္စည်းတွေကို နားလည်အောင် ကြိုးစားနေတာပဲ၊ သူ တကယ်ပဲ ဆေးဖော်စပ်ချင်နေတာလား။”
ပုံရိပ်ယောင်က လုယွီ၏အကြံကို သိသွားသည်။သို့သော် သက်ပြင်းချပြန်၏။ သည်ဆေးလုံးကို ထိုနှစ်က သုန့်ပိုင်ဂိုဏ်းမှ ဆရာသခင်ကိုယ်တိုင် ဖော်စပ်ခဲ့ခြင်းဖြစ်သည်။
ရှေးခေတ်အချိန်ကပင် ထာဝရရှင်သန်သူအချို့သာလျှင် နည်းလမ်းမှန်ကို သိနားလည်ကြပြီး သည်ဆေးမျိုးကို ဖော်စပ်နိုင်ကြ၏။
လုယွီက ငယ်လွန်းသည်။
ထိုဗိုလ်ချုပ်ရွှီယင်က လုယွီကို တားဆီးလိုသော်လည်း ထိုအချိန်မှာပင် ရုတ်တရက် ထူးဆန်းသောဖြစ်စဉ်တစ်ခုက ဖြစ်ပျက်လာခဲ့၏။ သူ၏တစ်ကိုယ်လုံးက တုန်ခါသွားသည်။
လုယွီ၏လက်ထဲတွင် ပြောင်ချောကာ ဖြူဖွေးနေသော ဆေးတစ်လုံးရှိနေ၏။ ထိုအရာက ကောင်းကင်သို့ မြောက်တက်သွားသည်။ ထိုဆေးလုံးက လုယွီ၏အရှေ့ ဗီရိုများအတွင်းတွင်ရှိနေသော ရှေးဟောင်းဆေးလုံးနှင့် ကွာခြားခြင်းပင်ရှိမနေခဲ့ပေ။
“မဖြစ်နိုင်တာ။”
ထိုအရိပ်က အော်သည်။
သူ သည်နေရာတွင် စောင့်ကြပ်နေသည်မှာ ကြာလှချေပြီ။ အချိန်ကိုပင် သူ မေ့နေခဲ့၏။ သို့ရာတွင် သည်ပါးလျသော လေထုအတွင်းတွင်ရှိနေခဲ့သော စိတ်ဝိဉာဉ်တစ်ခုထံမှတစ်ဆင့် ထိုခေတ်ကနှင့် ကွာခြားသောခံစားချက်တစ်ခုကို သူရလိုက်၏။
“လုယွီက တကယ်ပဲ တန်နတ်ဘုရားဆေးလုံးကို လုပ်နိုင်တော့မှာလား၊ ဒီလိုဆိုရင် သူက ဒီနေရာရဲ့ ထိန်းချုပ်မှုကို အပြည့်အဝပိုင်ဆိုင်သွားမှာပေါ့၊ မဟုတ်ဘူး၊ မဖြစ်နိုင်လိုက်တာ။”
“မဟုတ်သေးဘူး။”
လုယွီက သက်ပြင်းချသည်။ ရုတ်တရက် သူ၏အရှေ့တွင် ဆေးလုံးက အက်ကွဲသွားပြန်၏။ ထို့နောက်တစ်ဖန် ဆေးပင်များကိုထုတ်ကာ သန့်စင်ပြန်သည်။
ထိုသို့ ထပ်ခါတလဲလဲလုပ်နေပြီးနောက် လုယွီက တန်ဆေးမွှေးရနံ့ကို ထုတ်လွှတ်လာနိုင်စွမ်းရှိနေခဲ့၏။ ထိုရနံ့က သူ့အရှေ့မှ ဆေးလုံး၏ရနံ့နှင့် တစ်ထပ်တည်း တူညီနေမည်ဟုပင် အလိုလိုသိနေသည်။ သည်တစ်ကြိမ်တွင် လုယွီ၏လုပ်ဆောင်မှုက မြန်သွားသည်။ ဆေးလုံးက သိပ်မကြာခင်မှာပင် ပုံသဏ္ဍာန်ပေါ်လာတော့၏။
ဧကရာဇ်ထျန်း၏ အစစ်အမှန်မီးတောက်က လျင်မြန်စွာတောက်လောင်လာပြီး ထိုဆေးလုံး၏မျက်နှာပြင်က ရွှေရောင်သန်းလာတော့သည်။ ဆေးလုံး၏ ပတ်ဝန်းကျင်တစ်ခုလုံးတွင် လေထုကိုပင် တုန်ခါစေလောက်သော ထက်ရှသည့် အရှိန်အဝါတစ်မျိုးက ရှိနေခဲ့သည်။
တပွက်ပွက်ဆူသံများနှင့် လေထုအငွေ့ပျံသံများက ထွက်ပေါ်လာခဲ့သည်။ သည်ခန်းမကြီးတစ်ခုလုံး၏ နံရံများထဲမှ ရွှေရောင်သင်္ကေတများက အတွဲလိုက် ထွက်ပေါ်လာတော့၏။
ကောင်းကင်တွင် လွင့်မြောနေသော အရိပ်၏မျက်ဝန်းများက တောက်ပလာသည်။ တစ်ခဏခန့်ကြာပြီးနောက် သူက ဖြေးညှင်းစွာပြော၏။
“သူ မမျှော်လင့်ထားဘဲ ဒီနန်းတော်ရဲ့ အသိအမှတ်ပြုမှုကို လက်ခံရရှိသွားပြီ။”
သည်နေရာက သူ စောင့်ကြပ်ခဲ့ဖူးသော မှော်လက်နက်ထက်ပိုသည်။ မည်သို့ပင်ဆိုစေ သည်နန်းတော်၏ အရှင်သခင်သုန့်ပိုင်ဆရာသခင် သေဆုံးသွားခဲ့သည်မှာ ကြာလှချေပြီ။ လက်ရှိအချိန်တွင် လုယွီက သည်ဆေးလုံးကို တစ်ဖန်သန့်စင်လိုက်နိုင်၏။ ဒါက ရှေးဟောင်းဧကရာဇ်နှင့် သည်နေရာကို စောင့်ကြပ်နေသော စစ်သည်တော်များ၏ အသိအမှတ်ပြုမှုကို ရရှိသွားဟန်ရသည်။
“ကံကောင်းပါစေ ကောင်လေး မင်းရဲ့အနာဂါတ်က အကန့်အသတ်မဲ့နေမှာပါ။”
ထိုပုံရိပ်ယောင်၏မျက်ဝန်းတွင် တောက်ပသော အလင်းက ဖြာထွက်နေလေသည်။
ထိုအချိန်တွင် လုမိသားစုမှ ဘိုးဘေးလေးယောက်လုံးက ထိတ်လန့်မှုကို ခံစားလိုက်ကြရသည်။ နတ်ဘုရားတစ်ပါးက သူတို့ကို လွှမ်းမိုးကာကြည့်လိုက်သကဲ့သို့ ခံစားချက်မျိုး ရလာလျက် ခုခံနိုင်စွမ်းအားပင်မဲ့ကြရ၏။
“အဲဒီကောင်လေး ဝင်သွားပြီး ဘာလုပ်လိုက်တာလဲ။”
လုမိသားစုမှ ဘိုးဘေးတစ်ယောက်က တုန်ယင်စွာပြောသည်။
လုပူဟိန်လည်း လေးနက်သောလေသံဖြင့် ပြော၏။
“ကြည့်ရတာ တစ်ခုခုတော့ ဖြစ်သွားတဲ့ပုံပဲ၊ ငါတို့ အခင်းအကျင်းတွေသုံးပြီး ကာကွယ်ထားရအောင်။”
တစ်ချိန်တည်းတွင်ပင် ထိုက်ဟောင်တောင်တန်းတစ်ခုလုံးက မရေမတွက်နိုင်သော မကောင်းဆိုးဝါးသားရဲများက ခေါင်းမော့လျက်ကြည့်ကြသည်။ ထို့နောက် သူတို့၏သွေးအတွင်းမှ ထိတ်လန့်မှုကို သူတို့ခံစားကြရ၏။ သူတို့က လုယွီရှိရာ သုန့်ရှီနန်းတော်ဘက်သို့ ဦးညွှတ်လိုက်ကြ၏။
ထိုက်ဟောင်တောင်တန်းအတွင်းဖြစ်သမျှက လုမိသားစု၏စောင့်ကြည့်မှုမှ မလွတ်ကင်းသွားခဲ့ပေ။ မရေမတွက်နိုင်သော ဘုန်းတော်ကြီးများ လေထဲတွင် ပေါ်ထွက်လာသည်။
“ထိုက်ဟောင်တောင်တန်း ဘာဖြစ်တာလဲ။”
“ရတနာထွက်တာလား၊ မြန်မြန်သွားကြည့်ရအောင်။”
ပုံရိပ်များစွာက ထွက်ပေါ်လာသော်လည်း ရတနာရှိရာအရပ်ကို ရှာမတွေ့ခဲ့ကြပေ။
…
မှတ်ဉာဏ်ဟောင်းများ၏ လွှမ်းမိုးခံရပြီးနောက် လုယွီက သုန့်ရှီဂိုဏ်းမှ မြင်ကွင်းအချို့ကို မြင်လိုက်ရသည်။ ထာဝရရှင်သန်သူများ၏အခြေအနေကို မြင်ရပြီး ခမ်းနားသော မြင်ကွင်းဖြစ်နေခဲ့၏။
ထာဝရရှင်သန်သူများက သည်နေရာတွင် ထိုင်လျက် လမ်းစဉ်အကြောင်းကို ဆွေးနွေးနေကြသည်။ မရေမတွက်နိုင်သော တပည့်ဂိုဏ်းသားများက နားထောင်နေကြ၏။
နောက်ပိုင်းတွင် မှတ်ဉာဏ်ပြတ်တောက်သွားသည်။
တစ်ခဏကြာပြီးမှသာ နောက်ဆုံးမြင်ကွင်းအဖြစ် သည်နေရာ ပျက်စီးသည့်မြင်ကွင်းကို မြင်လိုက်ရသည်။
အပိုင်း၁၀၂၃
"ဘာလို့ ဒီနေရာက ပြိုကျသွားတာလဲ၊ ဘာလို့ရှေးဟောင်းကောင်းကင်က ပျက်စီးသွားတာလဲ။”
ထိုကိစ္စများနှင့်ပတ်သက်၍ မှတ်တမ်းမရှိပေ။ သို့ရာတွင် ဆေးဖော်စပ်သည့် ဖြစ်စဉ်များကို မြင်ခဲ့ရခြင်းကပင် သူ့အတွက် အကျိုးထူးနေလေပြီ။
လုယွီက စိတ်လှုပ်ရှားသွားသည်။ ဒါက ရတနာဖြစ်၏။
“ဒီဆေးက ခန္ဓာကိုယ်ထုဆစ်ပြီး စိတ်ဝိဉာဉ်ကိုသန့်စင်တဲ့ဆေးပဲ၊ ဒါက ခန္ဓာကိုယ်နဲ့စိတ်ဝိဉာဉ်ကို အသုံးဝင်တယ်။”
လုယွီက ဆေးလုံးကို ထုတ်ကြည့်လိုက်သည်။ ထို့နောက် အိတ်ထဲသို့ထည့်၏။ ရှေးဟောင်းဆေးက သေချာမှတ်တမ်းတင်ထားခြင်း မရှိသည့်အတွက် မသေချာသေးခင် လုယွီက မသောက်ချင်ပေ။
“ကျေးဇူးအများကြီးတင်ပါတယ်။”
လုယွီက ရွှီယင်ကိုဂါဝရပြုလိုက်၏။
ထိုအရိပ်က လုယွီအား နက်ရှိုင်းစွာကြည့်သည်။
“သုန့်ရှီနန်းတော်က အရှင်သခင်ကို အသိအမှတ်ပြုပြီးမှတော့ ငါ တည်ရှိနေဖို့ မလိုတော့ဘူး။”
“မင်း အခွင့်အရေးရှိခဲ့လို့ ချွီဟောင်နဲ့တွေ့ခဲ့ရင် လဲ့ဝူထိုက်ဟွေက ဘယ်တော့မှ ကောင်းကင်ကို သစ္စာမဖောက်ခဲ့ဘူးလို့ ပြောပေးပါ။”
“အဲ့ဒါအပြင် ငါ တည်ရှိနေခဲ့တဲ့ ဒီဆေးလုံးကို ဝူလဲ့ကျင်းတန်လို့ခေါ်တယ်၊ အဓိပ္ပါယ်ကတော့ မိုးကြိုးလုယက်ခြင်းဆေးလုံးပဲ၊ မင်းက သုန့်ရှီနန်းတော်ရဲ့ ပိုင်ရှင်ဖြစ်သွားကတည်းက ဒီဆေးလုံးက မင်းအပိုင်ပဲ။”
အရိပ်က စကားဆုံးသွားသည်နှင့် ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းတွင်ပင် ဆေးလုံးတစ်လုံးက လုယွီထံသို့ရောက်လာခဲ့၏။ တစ်ချက်ကြည့်ရုံဖြင့်ပင် အထဲမှ ခမ်းနားသောဝင်သက်ကို ခံစားမိသည်။
“ကျွန်တော် အနာဂါတ်မှာ အခွင့်အရေးရှိရင် ခင်ဗျားကို ပြန်လည်ရှင်သန်အောင် လုပ်ပေးပါ့မယ် အကြီးအကဲ”
လုယွီက ဂါဝရပြုသည်။
သူတို့နှစ်ယောက်က ရေစက်ဆုံ၍ တွေ့ကြံခဲ့ကြခြင်းဖြစ်လေရာ အချိန်တန်လျှင် လုယွီက ပြန်ပေးဆပ်ရန်ဆန္ဒရှိသည်။
“ဒီနေရာမှာ ဆက်နေဖို့မလိုတော့ဘူးပဲ။”
လုယွီက ခေါင်းခါလျက် ထွက်ခွာသည်။ လုယွီ၏ စိတ်ဝိဉာဉ်စွမ်းအားက အလွန်အမင်းအားနည်းနေသည်။ ပုံပန်းသွင်ပြင်အရဆိုလျှင် လုယွီ၏မျက်နှာက ဖြူဖျော့နေပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရထားဟန်ရ၏။ သူ အနားယူပြီး စိတ်ဝိဉာဉ်စွမ်းအင်ကို ကုသရတော့ပေမည်။
လုယွီက အပြင်ဘက်သို့ထွက်လိုက်သည်နှင့် ဘိုးဘေးလေးယောက်လုံးက ပြန်မြင်လိုက်ကြရသည်။
“ကောင်လေး ထွက်လာပြီ။”
“သူ့အခြေအနေကြည့်ရတာ အားနည်းနေတဲ့ပုံပဲ၊ အန္တရာယ်ရှိခဲ့ပုံရတယ်။”
လုပူဟိန်က ရုတ်တရက် အော်သည်။
“ဒါက ငါတို့ ထွက်နိုင်မယ့်အခွင့်အရေးပဲ၊ မြန်မြန်ကြိုးစားရအောင်။”
အခြားသော ဘိုးဘေးသုံးယောက်လုံးကလည်း သူတို့၏စွမ်းအင်များကို ထုတ်ဖော်လိုက်လျက် လုပူဟိန်၏ကိုယ်အတွင်းသို့ ပို့လွှတ်လိုက်ကြ၏။ ထို့နောက် သူက အော်ဟစ်လိုက်သည်။
“ကောင်လေး နေအုံး။”
သို့ရာတွင် သူ၏အသံက အပြင်ဘက်မှ ထွက်လာသောအသံ၏ အလွှမ်းခံလိုက်ရသည်။
“ဆရာသခင်ဝမ်ချန်း အလောတကြီးမလုပ်ပါနဲ့၊ တားမြစ်နယ်မြေထဲကနေ ငါတို့ရဲ့ ဘိုးဘွားပိုင်ပစ္စည်းကို မင်းယူခဲ့တာမဟုတ်လား၊ အခု မင်းရဲ့သိုလှောင်အိတ်ကို ငါတို့စစ်ကြည့်ချင်တယ်၊ မြန်မြန် ငါတို့လက်ကိုအပ်ပါ။”
ထိုအချိန်တွင် ပုံရိပ်ပေါင်းများစွာက လုယွီအရှေ့တွင် ပေါ်လာသည်။ မှော်လက်နက်ပေါင်းများစွာ ထုတ်လျက် လုယွီကို ချိန်ရွယ်ထားကြ၏။ သူတို့၏မျက်နှာအမူအရာက မကောင်းပေ။
လုချန်က နှာခေါင်းရှုံ့လျက် ရှေ့တက်လာ၏။
“ငါ့ရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ မင်းအထဲဝင်သွားတာကို ငါ မြင်လိုက်ရတာ၊ မင်း ယူလာသမျှက ငါတို့ လုမိသားစုပစ္စည်း ဖြစ်လိမ့်မယ်။”
လုယွီက ဖျော့တော့စွာပြောသည်။
“ဒီပစ္စည်းက လုမိသားစု ပစ္စည်းမဟုတ်ဘူး။”
“တွေ့လား ငါ ပြောသားပဲ၊ သူ့မှာပစ္စည်းပါလာတယ်၊ မြန်မြန် ငါတို့လက်ကိုအပ်လိုက်။”
လုချန်က ဆက်တိုက်အော်ဟစ်နေသည်။
“ငါတို့လက်ကို မြန်မြန်အပ်လိုက်၊ ငါတို့ ဖိအားမပေးချင်ဘူး။”
လုယွီ၏မျက်ဝန်းက အေးစက်လာသည်။
“ငါ ပြောပြီးသား ဒါက လုမိသားစုက ပစ္စည်းမဟုတ်ဘူး။”
လုယွီ၏အကြည့်ကြောင့်အားလုံး တုန်ယင်သွားကြ၏။ သူတို့၏နှလုံးသားထဲမှ စိမ့်တက်လာသည့် ထိတ်လန့်မှုကို သူတို့ ခံစားလိုက်ရသည်။
“ဘာတွေဖြစ်နေကြတာလဲ။”
ရုတ်တရက် လုချန်၏အနောက်ဘက်မှ လေးလံသည့်အသံက ထွက်လာသည်။ ဦးဆောင်လာသော ကြောက်မက်ဖွယ် ဦးချိုပါသားရဲကို စီးလာသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်နှင့် အခြားသော ဘုန်းတော်ကြီးများကို မြင်လိုက်ရ၏။ အားလုံးက ရွှေရောင်ကို ဝတ်ဆင်ထားကြသည်။
အပိုင်း ၁၀၂၄
သက်လတ်ပိုင်းအရွယ်လူကိုမြင်သောအခါ လုချန် ပျော်သွားသည်။
ဆရာ ကျွန်တော် သူ ရှေးဟောင်းအပျက်အစီးနယ်မြေထဲက ထွက်လာတာကို တွေ့လိုက်ပါတယ်၊ သူ ပစ္စည်းတစ်ခုခုကို ယူလာတာဖြစ်ရပါမယ်။
ထိုသက်လတ်ပိုင်းလူက လုမိသားစု၏ နံပါတ် ၄ အိမ်တော်ခွဲမှ ခေါင်းဆောင် လုနျန်ဖုန်းဖြစ်သည်။ သူတို့၏နံပါတ် ၄ အိမ်တော်ခွဲက ထိုက်ဟောင်တောင်တန်းကို စောင့်ကြပ်ရသည့်တာဝန်ကို ယူထားသဖြင့် တောင်တန်း၏အခြေအနေ ပြောင်းလဲမှုကိုလည်း သူတို့သိသည်။
မင်းက ဘယ်ဂိုဏ်းခွဲက တပည့်လဲ။
လုနျန်ဖုန်းက လုယွီကိုကြည့်လျက် အေးစက်စွာမေးသည်။
လုချန်က ခပ်မြန်မြန်သတိပေးသည်။
ဆရာသခင် သူက ဝမ်ချန်းပါ၊ ကျွန်တော်တို့ မိသားစုက မဟုတ်ပါဘူး။
ဝမ်ချန်း ဟုတ်လား။
လုနျန်ဖုန်း တစ်ခဏခန့် တွေးတောသွားသည်။
မင်းက အခုတလော ကျော်ကြားနေတဲ့လူငယ်ကောင်လေးလား။
လုချန်က နှာခေါင်းရှုံ့သည်။
အိမ်တော်သခင် ဒီကောလဟာလတွေကြောင့် အထင်မမှားပါနဲ့၊ ဒါက ကောလဟာလပါပဲ၊ သူက ကျင့်ကြံခြင်းမျှော်စင်မှာ လေ့ကျင့်ခဲ့တုန်းက လှည့်ကွက်တွေကိုသုံးပြီး ကျွန်တော့်ကို အနိုင်ယူသွားခဲ့တာပါ။
လုနျန်ဖုန်းက လုချန်ကို အေးစက်စွာကြည့်သည်။
ငါ စကားပြောနေတဲ့အချိန်မှာ မင်း နှောင့်ယှက်ဖို့ရဲသလား။
လုချန်က ခပ်မြန်မြန်ပါးစပ်ပိတ်လျက် ငြိမ်သက်သွားတော့သည်။
လူငယ်မျိုးဆက်ကို သင်ခန်းစာပေးပြီးနောက်တွင် လုနျန်ဖုန်းက လုယွီကို စိုက်ကြည့်သည်။
ငါ မင်းအကြောင်းကြားဖူးပါတယ်၊ မှန်လား မမှန်လားတော့မသိပေမယ့် ဒီနေရာမှာ ရှိနေတာက သေချာပေါက် လုမိသားစုအပိုင်ပဲ၊ မင်း ဘယ်နေရာကိုရောက်ရောက် အားလုံးကို အပ်ရမယ်။
လုယွီက မျက်မှောင်ကြုတ်သည်။ သူက လုမိသားစုထံမှ တစ်စုံတစ်ရာယူလျင် နားလည်ဖွယ်ရှိ၏။ သို့ရာတွင် သုန့်ရှီနန်းတော်မှ ယူလာသည့်အရာဖြစ်ရာ သူကိုယ်တိုင် ဆေးဝါးသန့်စင်ခဲ့ရသေးသည်။ မည်သည့်နည်းနှင့်မျှ သူ သည်လူများကို မပေးနိုင်ပေ။
လုယွီက စကားမပြောကြောင်းမြင်သောအခါ လုနျန်ဖုန်းက ကျယ်လောင်စွာ ပြောသည်။
ငါတို့ လုမိသားစုက ကျိုးကြောင်းမသင့်လျော်တာတော့ မဟုတ်ဘူး၊ မင်းရဲ့သိုလှောင်အိတ်ကိုထားခဲ့၊ အဲဒီမှာ ငါတို့မိသားစုနဲ့ မသက်ဆိုင်တဲ့အရာတွေရှိရင် ငါ ပြန်ပေးမယ်။
လုယွီက အေးစက်စွာနှာခေါင်းရှုံ့သည်။ သိုလှောင်အိတ်ကိုသာ သည်နေရာတွင် ထားခဲ့လိုက်မည်ဆိုလျှင် မည်သည့်အရာများရှိနေစေကာမူ အားလုံးက အဖိုးတန်အရာများ ဖြစ်နေသဖြင့် သူတို့အပိုင်သာ ဖြစ်သွားပေလိမ့်မည်။
ငါ ခင်ဗျားနဲ့ပေါက်ရတွေ ပြောမနေတော့ဘူး၊ ငါ လုမိသားစုဆီက ဘာပစ္စည်းမှ မယူထားဘူး၊ တကယ်လို့ ငါ့သိုလှောင်အိတ်ကို ယူချင်ရင် ကိုယ်တိုင်လာယူ။
လုယွီက တည်ငြိမ်စွာပြောလိုက်သည်။
လုနျန်ဖုန်းက နှာခေါင်းရှုံ့လျက် လက်ကိုရမ်း၏။
သွား သူ့ဆီက သိုလှောင်အိတ်ကို ယူလိုက်။
အပိုင်း ၁၀၂၅
ချက်ချင်းဆိုသလိုပင် ဘုန်းတော်ကြီးအဆင့်များစွာက လုနျန်ဖုန်း၏ ဘေးဘက်မှ ခုန်ထွက်လာခဲ့ကာ လုယွီထံ ခုန်ဝင်လာကြသည်။
သူတို့က အချင်းချင်း လှုပ်ရှားတော့မည့်အချိန်တွင်ပင် အမျိုးမျိုးသော ထူးခြားသည့် စွမ်းအားများက ပေါက်ထွက်လာ၏။ အားလုံးက မင်မင်းဆက်ဘုန်းတော်ကြီးများ ဖြစ်နေကြသည်။
“ဘာပဲဖြစ်ဖြစ် သူက တန်နတ်ဘုရားကိုယ်တိုင်တောင် ဝင်ခိုင်းခဲ့တဲ့သူပဲ၊ ဒီတော့ မသေစေနဲ့၊ အိတ်ပဲယူလိုက်။”
လုနျန်ဖုန်းက ပေါ့ပါးစွာပြောသည်။
အခြားသူများအားလုံးက လှောင်ရယ်ကြတော့၏။
“ကောင်လေး မင်း အရင်လှုပ်ရှားလိုက်၊ မဟုတ်ရင် ငါက မင်းကို လက်ညှိုးတစ်ချောင်းတည်းနဲ့ ကျိုးကြေသွားအောင် လုပ်မိမှာစိုးရတယ်။”
ရှေးဦးစွာတက်လာသော ဘုန်းတော်ကြီးတစ်ပါးက မောက်မာစွာပြောသည်။ သူတို့၏မျက်နှာက ခက်ထန်ကြမ်းတမ်းနေ၏။ သူတို့က အဆင့်မြင့်အဆင့် သင်္ကေတထွင်းထုခြင်းအဆင့်များ ဖြစ်နေကြလေရာ ထိုကောင်လေး၏အိတ်ကို သူ သိမ်းထားနိုင်မည်ပင် မထင်တော့ပေ။
“သွားစမ်းပါ။”
လုယွီက အေးစက်စွာပြောသည်။
သည်လူများနှင့် ကျိုးကြောင်းပြောနေ၍မရပေ။
ထို့ကြောင့် လုယွီက ရှေ့တိုးလိုက်လျက် ခြေထောက်တစ်ဖက်ကိုမြှောက်ကာ ရှေးဆုံးမှ ဘုန်းတော်ကြီးကို ကန်ထုတ်လိုက်၏။
ထိုလူက မျက်နှာအမူအရာ မပြောင်းလဲနိုင်ခင်မှာပင် လေထဲသို့ မြောက်တက်သွားလျက် ပြင်းထန်သည့်အားနှင့် ဝင်ဆောင့်တိုးခံရကာ နောက်သို့လွင့်ထွက်သွား၏။ ထို့နောက် ဟိုးအဝေးဆုံးတွင်ရှိနေသော ကျောက်တောင်နှင့် ရိုက်ခတ်မိကာ ချိုင့်ဝင်သွားသည်။
မရေမတွက်နိုင်သော အုတ်ကျိုးနှင့်ကျောက်သားများစွာက ပြုတ်ကျလာခဲ့၏။
ဘုန်း ဘုန်း ဘုန်း
အခြားသော ဘုန်းတော်ကြီးများကလည်း လုယွီ၏ကန်ချက်စာ မိသွားပြီး လွင့်ထွက်သွား၏။ ဒါက ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့် ကန်ထုတ်လိုက်ခြင်း ဖြစ်သည်။
အပြင်လူများ၏အမြင်တွင် သည်ဘုန်းတော်ကြီးများက ကန်တိုင်း ဆော့ကစားနေသည့် အရုပ်များအလား ထင်ရ၏။
“ဒီကောင်က စွမ်းအားကြီးတာပဲ။”
လုချန်၏မျက်နှာအမူအရာကလည်း ပြောင်းလဲသွားသည်။ သူ အရင်မလှုပ်ရှားမိသည်မှာ တော်သေး၏။
သို့ရာတွင် ထိုသို့တွေးနေချိန်မှာပင် သူ၏အရှေ့သို့ အရိပ်တစ်ခု ရောက်လာခဲ့ချေ၏။ လုယွီက သူ့ရှေ့ရောက်နေခဲ့ချေပြီ။
လုချန်က မြေပြင်တွင် ထိုင်ချသွားပြီး တုန်ယင်သွားသည်။
“မင်း မင်း ဘာလုပ်ချင်လို့လဲ။”
“ငါ့အိတ်ကို မင်းလိုချင်နေခဲ့တာ မဟုတ်ဘူးလား။”
လုယွီက အေးစက်စွာမေးသည်။
လုယွီ၏အေးစက်သော အကြည့်များအောက်တွင် လုချန်၏နှလုံးသားက ပြင်းထန်စွာ တုန်ခါလာတော့၏။ တစ်ခဏချင်းမှာပင် သူ၏သတ္တိကို မြှင့်တင်လိုက်သည်။
“မဟုတ်ဘူး၊ ကျွန်တော် မလုပ်ရဲပါဘူး၊ ဒါက နောက်နေတာပါ။”
“ငါတော့ နောက်တယ်လို့ မထင်ဘူး။”
လုယွီက လုချန်ကို ကန်ထုတ်လိုက်သည်။
ခပ်အုပ်အုပ်အသံများနှင့်အတူ လုချန်ကလည်း လေထဲသို့ မြောက်တက်သွား၏။ ထို့နောက် ခြေထောက်တစ်ချက်တည်းနှင့်ပင် လေထဲသို့ ကန်ထုတ်ခံလိုက်ရ၏။ ကြီးမားသောအားနှင့်အတူ သူက ယခင်ဘုန်းတော်ကြီးများ ရိုက်မိသွားသော ကျောက်တောင်နှင့် ရိုက်မိကာအောက်သို့ တိုက်ရိုက်ပြုတ်ကျသွားသည်။
လုယွီ၏ကိုယ်ကို လေပြင်းက ပင့်တိုက်သည်။ လုယွီ၏အင်္ကျီလက်နှစ်ဖက်က အသာအယာ လွင့်မြောနေ၏။ သူက စစ်နတ်ဘုရားတစ်ပါးအလား ထင်ရသည်။
“ခင်ဗျားက ငါ့ရဲ့သိုလှောင်အိတ်ကိုလိုချင်ရင် ခွန်အားနည်းနည်းတော့ ပြဖို့လိုအပ်တယ်။”
လုယွီက တည်ငြိမ်စွာပြောသည်။
“တော်ပြီ။”
လုနျန်ဖုန်းက ရုတ်တရက် အနားကပ်လာပြီးပြောသည်။
“တန်နတ်ဘုရားကြောင့် ငါကိုယ်တိုင်မလှုပ်ရှားရဲပါဘူး၊ ဒါပေမယ့် မင်းက မောက်မာနေတယ် ဆိုမှတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။”
လုယွီက ပြောသည်။
“ခင်ဗျား လုပ်ချင်တာလုပ်လိုက်၊ မစိုးရိမ်စမ်းနဲ့။”
သူကလည်း သည်အိမ်တော်ခွဲများမှ ခေါင်းဆောင်များ၏ခွန်အားကို သိချင်လှလေသည်။ သည်တစ်ယောက်က ဒုတိယအိမ်တော်ခွဲမှဖြစ်လေရာ လုယင်ကျိုးထက် သာနိုင်သည်။
“မင်း သေချင်နေတာပဲ။”
Thank For Reading.