← Chapters

အခန်း (၁၀၂၆-၁၀၃၀)

Vol. 55 Ch. 1026-1030

အခန်း (၁၀၂၆-၁၀၃၀)

Vol. 55 Ch. 1026-1030

အပိုင်း ၁၀၂၆

နန်ဖုန်း၏ရင်ထဲနှလုံးသားက တောက်လောင်လာသည်။ သူက သူ၏အတွင်းအားကို စတင်လှည့်ပတ်တော့ရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်တွင်ပင် သူ၏ဝန်းကျင်မှ တောင်တန်းများက တုန်ခါသွားသည်။

ရှေးဟောင်းအပျက်အစီးမြေပြင်အထက် ကောင်းကင်မှ ကျယ်လောင်သည့်အသံက ရုတ်တရက် တိုးဝင်လာ၏။

“ငါ ပြောမယ် မင်းတို့အားလုံး အခုချက်ချင်း ထွက်သွားကြစမ်း။”

ထိုအသံက လုနျန်ဖုန်း၏နားအတွင်း ဟိန်းထွက်သွား၏။

“နတ်ဘုရားနယ်မြေအဆင့်မှာ အစွမ်းအထက်ဆုံးပဲ။”

လုနျန်ဖုန်း အံ့ဩသွားသည်။ သူ ချက်ချင်းလှည့်ထွက်သွားတော့၏။

အခြားသူများကလည်း ဆက်မနေရဲတော့ဘဲ လှည့်ထွက်သွားကြလေသည်။

အဆုံးတွင် လုယွီကသာ သည်နေရာတွင် ကျန်ရစ်တော့သည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ငါလည်း ထွက်သွားရတော့မယ်။”

လုယွီ၏မျက်ဝန်းက လက်သွားကာ ထွက်သွားရန်ကြံစည်၏။

နတ်ဘုရားနယ်မြေက သည်အဆင့်နိမ့်နယ်မြေတစ်ခုလုံးတွင် အစွမ်းထက်ဆုံး တည်ရှိမှုဖြစ်သည်။ တစ်ဖက်လူက ကောင်းသော ဆန္ဒရှိခြင်းဖြစ်စေ၊ မကောင်းသော ဆန္ဒရှိခြင်းဖြစ်စေ သူ ဆက်မနေသင့်တော့ပေ။

“နေပါအုံးကောင်လေး၊ ငါတို့အားလုံးက လုမိသားစုက ဘိုးဘေးတွေပါ၊ ယုတ်မာတဲ့အကြံအစည်မရှိပါဘူး၊ ငါတို့ ဒီမှာ အပိတ်လှောင်ခံထားရလို့ပါ၊ မင်း ဒီနေရာကို ဝင်ချင်သလိုဝင်ပြီး ထွက်ချင်သလို ထွက်သွားနိုင်တာကို ငါတို့တွေ့လို့ မင်း အကူအညီလိုချင်ရုံပါပဲ၊ ငါတို့ကိုသာ ဒီနေရာကထွက်လို့ရအောင် ကူညီပေးမယ်ဆိုရင် ဘယ်လိုအခြေအနေကိုမဆို ငါတို့ လက်ခံပေးနိုင်ပါတယ်။”

လုပူဟိန်၏အသံက ထွက်လာသည်။

လုယွီက တည်ငြိမ်စွာပြောသည်။

“အခုလေးတင် လုမိသားစုက လူတွေက မကောင်းတဲ့ဆန္ဒမရှိပါဘူးဆိုပြီး ငါ့ရဲ့သိုလှောင်အိတ်ကို လိုချင်နေကြတယ်လေ။”

“ဒါကြောင့် ဒီကောင်တွေ သေသင့်တာပဲ။”

လုပူဟိန်က နောင်တရစွာပြောသည်။

“မင်းသာ ငါတို့ကို ထွက်လို့ရအောင် လုပ်ပေးမယ်ဆိုရင် အဲဒီအိမ်တော်ခွဲခေါင်းဆောင်ကို သေချာပေါက် ထိုက်တန်တဲ့အပြစ်ကို ပေးပါ့မယ်၊ ငါ့ကိုယုံပါ။”

လုယွီက ပြုံးသည်။ သို့သော် သူ ရပ်သွား၏။ မတိုင်မီက နန်းတော်အတွင်းသို့ ရောက်ကတည်းက သည်လေးယောက်၏တည်ရှိမှုကို သိခဲ့သည်။ သို့သော် ဘိုးဘေးများ ဖြစ်မည်ဟုပင် မထင်ထားမိပေ။

သူ လင်းရှောင်းဂိုဏ်းသို့ ရောက်ကတည်းက လုမိသားစု၏သတင်းတိုင်းကို ရခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့် သည်လုမိသားစုမှ ဘိုးဘေးလေးယောက်က တစ်ချိန်တည်း ပျောက်သွားခဲ့ကြကြောင်းကိုလည်း သိသည်။ ထို့ကြောင့် ထျန်းကျင်းမြို့မှ လုမိသားစု၏အခြေအနေက သည်လောက်အထိ ထိုးကျသွားခဲ့ခြင်းလည်းဖြစ်၏။

“ခင်ဗျားပြောတဲ့အတိုင်း ငါ ဘာကိုပဲ တောင်းဆိုတောင်းဆို လက်ခံမှာလား။”

လုယွီက ပြောသည်။

လုပူဟိန်က နောင်တရစွာပြော၏။

“ဒါပေါ့၊ ငါတို့ နတ်ဘုရားနယ်မြေက အစွမ်းထက်ဆုံးလေးယောက်က အဆင့်တက်နိုင်ခဲ့သေးတာတောင် မဟုတ်ဘူး၊ နှစ်တွေအများကြီး ငါတို့ ဒီနေရာမှာ ပိတ်မိနေခဲ့တယ်၊ ဒါကြောင့် မင်း တစ်ခုခုကိုတောင်းဆိုတဲ့အခါ ငါ ဘယ်လိုများ မလိုက်လျောဘဲ နေရမှာလဲ။”

“လေးယောက်တောင်လား။”

လုယွီ၏ရင်ထဲ လှုပ်ခါသွားသည်။ သို့သော် သူက ပြုံးကာ ပြော၏။

“ငါ ခင်ဗျားတို့ကိုကူပြီး ထုတ်ပေးနိုင်တယ်ဆိုရင် ခင်ဗျားတို့ ငါ့ကို မတိုက်ခိုက်ပါဘူးလို့ ကျိန်ရဲသလား။”

လုယွီက ပြောသည်။

အပိုင်း ၁၀၂၇

တစ်ဖက်က တိတ်ဆိတ်သွားကြောင်း မြင်သောအခါ လုယွီက ပြောသည်။

“အဲ့ဒါအပြင် ခင်ဗျားတို့ ငါ့ကို ကာကွယ်ပေးရမယ်၊ ဒါပေမယ့် နှစ်နှစ်ပါပဲ၊ နှစ်နှစ်ပြီးသွားတဲ့အချိန်မှာ ခင်ဗျားတို့ ကြိုက်သလိုထွက်သွားနိုင်ပြီ။”

“ကောင်းပြီ။”

အထဲမှ အသံထွက်လာသည်။

နှစ်နှစ်တာအချိန်က သူတို့အတွက် ဘာမှ ပြောပလောက်ခြင်းမရှိပေ။ လုယွီက လက်ညှိုးဖြင့် သူတို့ဘက်သို့ ညင်သာစွာ ညွှန်ကာပြောသည်။

“ကောင်းပြီ ထွက်လာတော့။”

သူက သည်နေရာ၏အရှင်သခင်ဖြစ်သည်။ ထို့ကြောင့် လိုသလိုပြော၍ရ၏။ သူက သည်လိုပြောလိုက်သည်နှင့် ထိုလေးယောက်၏အရှေ့တွင် လျှောက်လမ်းက အလိုလိုပေါ်လာသည်။

လုပူဟိန်အပါအဝင် ကျန်သောသုံးယောက်လုံးက ထိတ်လန့်သွားကြ၏။ သူတို့၏မျက်ဝန်းအတွင်း အံ့ဩမှုကိုမြင်နိုင်သည်။ လုယွီက အလွယ်တကူဝင်နိုင်ခဲ့သည်မှာ လမ်းကြောင်းကို သိသည်ဟု သူတို့ ထင်ခဲ့ခြင်းဖြစ်၏။ လက်ရှိအချိန်တွင်မူ သူတို့ထင်ထားသည်နှင့် ကွာခြားခဲ့ပြီဖြစ်၏။

လုယွီက လမ်းကြောင်းကို သိခြင်းမဟုတ်လေဘဲ သည်နေရာတစ်ခုလုံးကို ထိန်းချုပ်နိုင်နေခဲ့ခြင်း ဖြစ်၏။

“ဒီကောင်လေးက ဒီလောက်ငယ်နေသေးတာ၊ သူက ဘယ်သူလဲ။”

ထိုဘိုးဘေးလုလေးယောက်လုံးက ဟိန်းဟောက်လိုက်ကြသည်။

ခန်းမကြီးတစ်ခုလုံးက အက်ကွဲသွားလျက် ဆယ်စုနှစ်ပေါင်းများစွာ အဖိနှိမ့်ခံခဲ့ရသော သည်နေရာက ပေါက်ကွဲသွားသည်။ ကောင်းကင်မှ မိုးကြိုးဆင်းသက်လာ၏။ ထိုက်ဟောင်တောင်တန်းတစ်ခုလုံးက ငှက်များပျံပြေးသွားကာ မှော်သားရဲများစွာက ထွက်ပြေးကြသည်။ သည်နေရာတစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်နေ၏။

“အဆင့်တက်ဖို့ အချိန်ကျပြီ။”

ထိုလုဘိုးဘေးလေးယောက်လုံးက နောင်တမရှိတော့သဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

ထိုအသံထွက်လာသည်နှင့် ကောင်းကင်မှ တိမ်စိုင်များက ဝရုန်းသုန်းကားဖြစ်ပြီး လျင်မြန်စွာရွေ့လျားလာတော့၏။

ဝုန်း

ထိုအချိန်တွင်ပင် သူတို့ကို မိုးကြိုးများက လွှမ်းခြုံသွားပြီဖြစ်သည်။ သူတို့က အဆင့်တက်နိုင်ရန် ကြိုးစားတော့၏။

လုယွီက ခါးသီးစွာပြုံးသည်။ မမျှော်လင့်ထားစွာပင် ထိုလေးယောက်လုံးက အဆင့်တက်ရန် ကြိုးစားနေသည်။ သို့သော် ဒါကလည်းကောင်း၏။ သူတို့က အောင်မြင်သွားလျှင် သည်နယ်မြေတွင် အစွမ်းထက်ဆုံးတည်ရှိမှုကြီးများ ဖြစ်သွားပေလိမ့်မည်။

နောက်ဆုံးတွင် လုယွီက သည်လေးယောက်၏အကူအညီကို ရနိုင်တော့မည်ဖြစ်၏။

“ထိုက်ဟောင်တောင်တန်းက ထွက်သွားရမယ်။”

လုမိသားစု၏အပြင်ဘက်တွင် စောင့်ကြပ်နေသော အစောင့်အရှောက်များ အားလုံးက လုယွီကို မတားဆီးကြပေ။ နံပါတ် ၄ အိမ်တော်ခွဲမှ ဘာအမိန့်မှ မထုတ်ထားခဲ့ဟန်လည်းရ၏။

“ဒီနေ့က စစ်ချီတက်မယ့်နေ့ပဲ၊ ငါ့ရဲ့စစ်တပ် ဘာများဖြစ်နေမလဲလို့ သွားကြည့်ရမယ်။”

အပိုင်း ၁၀၂၈

မြောက်ပိုင်းမဟာမိတ် တဲစခန်း …

စစ်သားစုဆောင်းခြင်းနှင့် ရွေးချယ်သည့်ငါးရက်တာဖြစ်စဉ်က ကုန်လွန်ပြီးနောက် ဘုန်းတော်ကြီးများအားလုံးက သည်နေရာတွင် စုစည်းနေကြပြီဖြစ်သည်။ သည်ဘုန်းတော်ကြီးများအားလုံး၏ တိုက်ပွဲဝင်စွမ်းအား တိကျသေချာသည့် အဆင့်တစ်ခုအထိ ရောက်ရှိရန်အလို့ငှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က သူတို့အား အဓိကမဟုတ်သော သိုင်းများကို လေ့ကျင့်ခွင့်ပြုထား၏။

အချိန်တစ်ခုကြာသည်အထိ ထိုဘုန်းတော်ကြီးများက သိုင်းများကို ကျင့်ကြံနေကြသည်။ သူတို့၏စိတ်ဓါတ်အင်အားက တက်ကြွလာကြ၏။

ထိုအချိန်တွင် မြောက်ပိုင်းမဟာမိတ်နယ်မြေ အရှေ့ဘက်ထောင့် တစ်နေရာတွင်ရှိသော တဲစခန်းတစ်ခုတွင် …

သည်နေရာက အရှေ့ဘက်၏အလယ်ဗဟိုအကျဆုံး တဲစခန်းကြီးဖြစ်ပြီး ထိပ်တွင် ကြီးမားသော ဘုရင်ဟူသည့်စာလုံးကို ရေးထွင်းထားသည့်အလံကို လွှင့်ထူထားသည်။

တဲစခန်းအတွင်း …

အထဲတွင် မင်မင်းဆက်အဆင့် ဗိုလ်ချုပ်သုံးယောက်ရှိနေသည်။ အားလုံးက အကြောင်းအရာတစ်ခုကို ဆွေးနွေးငြင်းခုန်နေဟန်ရ၏။

“လော့ကျန်း ငါတို့ရဲ့မာရှယ်က ဘယ်တော့လာမှာလဲ၊ စစ်ပွဲကပဲ စတော့မယ်၊ သူက ငါတို့တောင် မတွေ့ရသေးတဲ့ စစ်သေနာပတိချုပ်ဖြစ်နေပြီ၊ ငါတို့ သူမပါဘဲ ရှေ့တန်းကို ထွက်ရမှာတော့မဟုတ်ဘူးမဟုတ်လား။”

ဗိုလ်ချုပ်တစ်ယောက်က လေးလံသောလေသံဖြင့်ပြောသည်။

သည်ကြီးမားသော တဲစခန်းကြီးတွင် သည်ဗိုလ်ချုပ်သုံးယောက်၏အာဏာက နေရာအနှံ့ဖြန့်ကျက်နိုင်၏။ လူတိုင်းကပင် သည်ခံစားချက်ကြောင့် တုန်ယင်ရသည်။

အဓိကခုံဘေးတွင်ထိုင်နေသော လော့ကျန်းက မျက်နှာက မဲမှောင်သွားသည်။

“ဗိုလ်ချုပ်ဟန် ငါ အရင်ကတည်းက ပြောပြီးပြီ၊ စစ်သေနာပတိချုပ်က အဓိကလုပ်ရမယ့်ကိစ္စတွေရှိနေလို့ အချိန်တစ်ခုကြာတဲ့အထိ လာနိုင်မှာမဟုတ်ဘူး၊ ဒါပေမယ့် ဒီနေ့ ရောက်အောင် လာလိမ့်မယ်၊ ခင်ဗျားတို့ လုပ်ရမှာက ခင်ဗျားတို့ လက်အောက်ငယ်သားတွေကိုငြိမ်အောင် ထိန်းထားဖို့ပဲ၊ သူတို့ကို ပြဿနာမရှာပါစေနဲ့။”

လော့ကျန်းက အံကိုကြိတ်လျက်ပြောသည်။

သည်လူများ၏ဖိအားအောက်တွင် သူ မနည်းရပ်နိုင်အောင် ထိန်းထားနေရသည်။

“ငါတို့ သူ့ကို ငါးရက်တောင်စောင့်ပြီးပြီ ငါးရက်၊ ဒါက သူ့ကိုမျက်နှာသာ ပေးတာ လုံလောက်နေပြီ။”

“ပြောကြတာက ငါတို့ရဲ့စစ်သေနာပတိချုပ်က အသက် ၃၀ လောက်ပဲ ရှိနေပေမယ့် အဂ္ဂိရက်ပညာရှင်တစ်ယောက် ဖြစ်နေသေးတယ်ဆိုပဲ၊ မြောက်ပိုင်းမဟာမိတ်နယ်မြေက ထိပ်ဆုံးခေါင်းဆောင်တွေ ဘာတွေ တွေးနေမှန်း ငါ နားမလည်တော့ဘူး၊ သူတို့က ဒီလိုလူမျိုးကို စစ်တပ်မှာ ရှေ့တန်းမှာဦးဆောင်ဖို့ ပို့လွှတ်ရဲသေးတယ်။”

တစ်ယောက်က စလိုက်သည်နှင့် အခြားနှစ်ယောက်ကလည်း လုယွီနှင့်ပတ်သက်၍ မကျေနပ်သည့်ကိစ္စများကို ဆက်ပြောလာကြသည်။ သူတို့က မြောက်ပိုင်းနယ်မြေသို့ ရောက်လာပြီး မဟာမိတ်အဖွဲ့ထဲဝင်ခဲ့ခြင်းက အထက်တန်းဂိုဏ်းကိုးဂိုဏ်းမှ ရတနာနဲ့သိုင်းများကို ရယူရန်အတွက်ဖြစ်၏။

သို့ရာတွင် သူတို့ကသာ စွမ်းအားအကြီးဆုံး အဆင့်လွန်အဆင့် တစ်ယောက်၏နောက်မှ လိုက်နိုင်မည်ဆိုလျှင် တိုက်ပွဲတွင်ရှင်သန်နိုင်ခြေက မြင့်လာပေလိမ့်မည်။ သို့သော် သူတို့ မထင်ထားခဲ့သည်မှာ သူတို့က ဝမ်ချန်းထံသို့ အပို့ခံရ၏။

“လူငယ်အဆင့်လွန်ပညာရှင်၊ တန်ဆေးပါရမီရှင်ဟုတ်လား။”

သူတို့၏နှလုံးသားအတွင်း အထင်သေးမှုများသာ ပြည့်နှက်နေခဲ့၏။ သည်လူသုံးယောက်လုံးက မရေမတွက်နိုင်သော ပါရမီရှင်များကိုမြင်ခဲ့ဖူးသော်လည်း မည်သူကမျှ အသက် ၃၀ အရွယ်တွင် အဆင့်လွန်အဆင့်သို့ မရောက်နိုင်ကြပေ။ မဟုတ်လျှင် သူတို့ သည်အချိန်အထိ ရှင်သန်ခဲ့သည်က အလကားဖြစ်သွားပေလိမ့်မည်။

အနက်ရောင်သံချပ်ကာကို ဝတ်ထားသော ဗိုလ်ချုပ်တစ်ယောက်က စားပွဲကို ဖြန်းခနဲ ရိုက်လျက်ပြောသည်။

“မေ့လိုက်တော့၊ ငါတို့ သူ့ကို ဆက်မစောင့်နိုင်ဘူး၊ ငါ အခုချက်ချင်းစစ်တပ်က ဌာနချုပ်ကိုတင်ပြပြီး အခြားဗိုလ်ချုပ်တွေနဲ့အတူ ငါ အခြားတဲစခန်းကို ပြောင်းဖို့ ကြိုးစားရလိမ့်မယ်။”

လော့ကျန်းက အော်သည်။

“ဟန်ရှန်း ခင်ဗျား ဘာလုပ်ချင်တာလဲ။”

ထိုအနက်ရောင်သံချပ်ကာဝတ်ထားသော ဗိုလ်ချုပ်က ခေါင်းလှည့်လျက် နှာခေါင်းရှုံ့သည်။

“ဘာလုပ်ရမှာလဲ၊ ငါ ပြန်မှာပေါ့၊ ဒီလိုအသုံးမကျတဲ့လူရဲ့နောက်က လိုက်ချင်နေသေးတာလား။”

“သူ တကယ်ပဲ ဘာလုပ်နေမှန်း ငါ မသိဘူး၊ ဒါပေမယ့် ငါတို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီး သူ့အမိန့်ကို နာခံဖို့ကတော့ မဖြစ်နိုင်ဘူးပဲ၊ အမွှေးတောင်စုံအောင် မပေါက်သေးတဲ့ အကောင်တစ်ကောင်က ဒီသခင်ကြီးရဲ့မာရှယ် ဘယ်လိုဖြစ်နိုင်မှာလဲ၊ သွားစမ်းပါ။”

ထို့နောက် ဗိုလ်ချုပ်ဟိန်းကလည်း စခန်းထဲမှ ထွက်ကာအော်သည်။

“ငါလည်း ထွက်သွားမယ်၊ ဘယ်သူ ငါနဲ့လိုက်မလဲ။”

ထိုအချိန်တွင် စစ်တပ်တစ်ခုလုံးက အံအားသင့်ကုန်ကြသည်။ စခန်းထဲမှ လူအများစုက ထွက်လာကြပြီး သည်ဗိုလ်ချုပ်များနောက်သို့ လိုက်ရန်ဆုံးဖြတ်ကြ၏။

“ဟား ဟား ဟား ဘယ်လိုကောင်စုတ်လေးရဲ့နောက်ကို ငါတို့က လိုက်ရမှာတဲ့လဲ၊ မင်းတို့ပဲ ဆက်စောင့်နေကြ၊ ငါတော့ မစောင့်နိုင်ဘူး။”

ထိုဗိုလ်ချုပ်ဟိန်းဆိုသူက ခြေထောက်ကိုမြှောက်လျက် ထွက်ခွာရန်ကြံစည်သည်။

အပိုင်း ၁၀၂၉

ရုတ်တရက် သူ့အနောက်မှ စစ်သည်တော်တစ်ယောက်က သူ့ကိုယ်ကို တို့လာလျက် ကောင်းကင်ကို လက်ညှိုးထိုးကာ တုန်ယင်သောလေသံဖြင့်ပြောသည်။

“ဗိုလ်ချုပ် ဗိုလ်ချုပ် ဗိုလ်ချုပ်ရဲ့အနောက်မှာ”

သူတို့အားလုံး လှည့်ကြည့်လိုက်သောအခါ အဝေးရှိကောင်းကင်မှ တဖြည်းဖြည်းဆင်းသက်သော မျက်စိကျိန်းမတတ်တောက်ပသော ရွှေရောင်အလင်းတန်းကို မြင်လိုက်ရသည်။ ထိုရွှေရောင်အလင်းတန်းက ကောင်းကင်မှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်ပြီး မျက်တောင်တစ်ခတ်အချိန်အတွင်းတွင်ပင် ထိုအနက်ရောင်ဗိုလ်ချုပ်အနားသို့ တိုးဝင်လာ၏။

“လှည့်ကွက်တွေပါ။”

ထိုအနက်ရောင်သံချပ်ကာ ဝတ်ထားသောဗိုလ်ချုပ်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။ သူက ချက်ချင်းဆိုသလို ဓါးရှည်ကို ဆွဲထုတ်လိုက်၏။ ထက်ရှသော ဓါးဝိဉာဉ်စွမ်းအင်များက ထိုးထွက်လာကာထို ရွှေရောင်အလင်းကို ရင်ဆိုင်သည်။

ဓါးဝိဉာဉ်က ရွှေရောင်အလင်းကို ခုတ်ပိုင်းလိုက်သော်လည်း ရွှေရောင်အလင်းက ထိခိုက်သွားဟန်ပင်မရှိဘဲ ရှေ့ဆက်တိုးဝင်လာခဲ့၏။

ရွှေရောင်အလင်းက နီးကပ်သထက်နီးကပ်လာပြီးနောက် လူအများစုက မျက်လုံးပင် ကောင်းကောင်းမဖွင့်နိုင်ကြတော့ပေ။

ဝုန်း

နောက်ဆုံးတွင် ထိုရွှေရောင်အလင်းတန်းက မြေပြင်သို့ ဆင်းသက်လိုက်ဟန်ရသည်။ သို့သော် ထိုနေရာတွင် ပြင်းထန်သောပေါက်ကွဲသံနှင့်အတူ ကြီးမားသော တွင်းချိုင့်ကြီးဖြစ်လာခဲ့၏။ ပတ်ဝန်းကျင် မြေနေရာအားလုံးက အက်ကွဲသွားကာ ပင့်ကူအိမ်ကဲ့သို့ ဆက်တိုက်ပျံ့နှံ့သွားသေးသည်။

“ဒါက ချီလင်းပဲ။”

ဘုန်းတော်ကြီးများအားလုံးက တအံ့တဩရေရွတ်လိုက်ကြသည်။ သူတို့အားလုံး သံသယဝင်သွားကြ၏။

သူတို့၏အရှေ့တွင် ရုတ်တရက်ပေါ်လာသည်က ဒဏ္ဍာရီသားရဲကြီးဖြစ်နေ၏။

တစ်ချိန်တည်းတွင်ပင် လူတိုင်း၏နှလုံးသားက ကိုးကွယ်ဆည်းကပ်လိုဟန်ဖြင့် ဝရုန်းသုန်းကား ဖြစ်သွားကြတော့သည်။

ချီလင်း၏ကိုယ်ပေါ်တွင် လုယွီက အစိမ်းရောင်ဝတ်စုံကိုဝတ်လျက် ထိုင်နေသည်။ ထို့နောက် ဖြေးညှင်းစွာလျှောက်လာ၏။

သည်နေရာရှိလူတိုင်း အံ့ဩကုန်ကြသည်။ အနက်ရောင်သံချပ်ကာဝတ် ဗိုလ်ချုပ်ကပင် ဆင်းသက်လာသူကိုကြည့်ကာ အံ့ဩသွား၏။

“ဒီလူက ဘယ်သူလဲ။”

“သူ လာတဲ့ပုံစံက ကြီးကျယ်လိုက်တာ။”

လုယွီက ဖျော့တော့စွာပြုံး၏။

“ငါ ကြားထားတဲ့အတိုင်းဆိုရင် ခင်ဗျားတို့ ဒီနေရာက ထွက်သွားမလို့ဆို။”

သူက ထွက်လိုက်သည်နှင့် ကိုယ်ဖုန်မှုန့်များကို လက်တစ်ချက်ရမ်းလိုက်လျက် ခါလိုက်သည်။ သို့သော် ထိုခါလိုက်ခြင်းကပင် ပြင်းထန်သောဖိအား ထွက်ပေါ်လာစေလျက် အနက်ရောင်သံချပ်ကာဝတ်စုံနှင့်လူကို ထိတ်လန့်တုန်ယင်သွား စေသည်။ ဒါက အစွမ်းထက်ဆုံးအဆင့်တစ်ယောက်၏ စွမ်းအားဖြစ်နေခဲ့၏။

ထိုလူ၏မျက်ဝန်းအတွင်း ထိတ်လန့်မှုကိုမြင်နိုင်သည်။ သူက ချက်ချင်းဆိုသလို လက်သီးနှစ်ဖက် ဖိကပ်လိုက်လျက်ပြော၏။

“မင်းရဲ့နာမည်က ဘယ်သူလဲ၊ ကျေးဇူးပြုပြီး နာမည်ကိုပြောပါ။”

လုယွီက မထူးခြားနားစွာပြောသည်။

“ဘာလဲ၊ ငါ့အကြောင်း ခင်ဗျား စုံစမ်းတုန်းက ပုံကိုမကြည့်ခဲ့ဘူးလား။”

ထိုအချိန်တွင် တဲစခန်းထဲမှ လော့ကျန်းက ထွက်လာသည်။ လုယွီကိုမြင်သည်နှင့် ချက်ချင်းဒူးထောက်လိုက်ကာ ပြော၏။

“လက်အောက်ငယ်သား လော့ကျန်းက စစ်သေနာပတိချုပ်ကို နှုတ်ဆက်ပါတယ်။”

“ဘာ”

“ငါတို့ရှေ့က ဒီလူငယ်လေးက ဝမ်ချန်းလား။”

အချိန်တစ်ခုကြာသည်အထိ ဆူညံပွက်လောရိုက် နေသော သည်တဲစခန်းတစ်ခုလုံးက ငြိမ်သက်သွား၏။

လော့ကျန်း၏အနောက်မှလိုက်လာသော ဗိုလ်ချုပ်နှစ်ယောက်ပင် ကြောင်သွားသည်။

ဝမ်ချန်းအကြောင်းအား သူတို့ စစ်ဆေးခဲ့သည်။ သို့သော် ဗိုလ်ချုပ်သုံးယောက်လုံးက ပုန်ကန်ချင်နေကြ၏။ ထို့ကြောင့် လက်အောက်ငယ်သားများထံမှ တင်ပြချက်ကိုသာ နားထောင်ခဲ့ခြင်းဖြစ်ပြီး ပုံကိုပင် မကြည့်ခဲ့မိပေ။ လက်ရှိအချိန်တွင် လုယွီက သူတို့ကို အံ့အားသင့်စေ၏။

အနက်ရောင်သံချပ်ကာဝတ်ထားသော ဗိုလ်ချုပ်က အံကိုကြိတ်ပြီးပြောသည်။

“ဟုတ်တယ်ငါ ထွက်သွားမယ်၊ မင်း ဘာလုပ်ချင်လဲ။”

လုယွီက မျက်နှာသေဖြင့်ပြောသည်။

“ခင်ဗျားက တိုက်ပွဲက ထွက်ပြေးဖို့ဆန္ဒရှိနေကတည်းက ငါ့လမ်းကို လာပိတ်မနေသင့်ဘူး၊ ထွက်သွားစမ်း။”

“မင်းက သေချင်နေတာပဲ။”

ထိုလူ ဒေါသထွက်သွားသည်။ သူက ကြာပွတ်ကိုထုတ်လျက် လုယွီ၏ခြေထောက်ကို ဖြတ်ရိုက်ရန်ကြံစည်လိုက်၏။

လော့ကျန်းကလည်း အံ့ဩသွားသည်။

“မာရှယ် ဂရုစိုက်ပါ။”

လုယွီက မရှောင်ကြောင်းမြင်သောအခါ ထိုအနက်ရောင်သံချပ်ကာဝတ် ဗိုလ်ချုပ်က နှာခေါင်းရှုံ့တော့သည်။

“ဒီလိုမကောင်းတဲ့အကောင်က ငါသခင်ကြီးရဲ့အရှေ့မှာလာပြီး မောက်မာရဲသေးတယ်လား။”

ထိုဗိုလ်ချုပ်ဟိန်းက အထင်တသေးနှာခေါင်းရှုံ့နေခဲ့သည်။

ဝုန်း

သို့ရာတွင် သူက ချိုင့်တွင်းတစ်နေရာကိုသာ ရိုက်ခတ်မိသွားသည်။ သူ ကြောင်သွားပြီး ကြည့်လိုက်ချိန်မှာပင် သူ့အရှေ့ရှိလုယွီက ပုံရိပ်ယောင်မျှသာဖြစ်နေကြောင်း တွေ့လိုက်ရ၏။

“စစ်တပ်မှာ စစ်သေနာပတိချုပ်ရဲ့ စကားကိုမနာခံဘဲ ပြန်တိုက်ခိုက်ရဲတာ ခင်ဗျားပဲရှိမယ်။”

လုယွီ၏အသံက သူ့နားအတွင်းမှ ကပ်လျက်ထွက်ပေါ်လာသည်။

ထိုလူ မတုန့်ပြန်နိုင်ခင်မှာပင် လုယွီက သူ့အား ကန်ထုတ်လိုက်၏။

“ခင်ဗျား သွားချင်မှတော့ ဝေးဝေးသာ သွားတော့။”

လုယွီက မထူးခြားနားစွာပြောသည်။

ဝုန်းခနဲမြည်သံနှင့်အတူ ထိုလူက လေထဲသို့ မြောက်တက်သွားသည်။ ထို့နောက်စစ်တန်းလျားများ၏အပြင်ဘက် အဓိကဂိတ်ပေါက်ရှေ့သို့ပြုတ်ကျသွား၏။

ထိုအချိန်တွင် မရေမတွက်နိုင်သော စစ်သည်တော်များအားလုံးက သည်မြင်ကွင်းကို မြင်လိုက်ရသည်။ သူတို့က ခပ်တိုးတိုးပြောလျက် ထိုဗိုလ်ချုပ်၏အရှက်ရဖွယ်ဖြစ်ရပ်ကို လှောင်ရယ်ကြတော့သည်။

အနက်ရောင်သံချပ်ကာဝတ်ဗိုလ်ချုပ်က မြေပြင်မှကုန်းထပြီး မျက်ဝန်းက ကြောက်မက်ဖွယ်ကောင်းလာခဲ့၏။

အပိုင်း ၁၀၃၀

“မောက်မာတဲ့အကောင် ငါက လုမိသားစုဆီကိုသွားမယ်၊ အဲဒီအချိန်ကျရင် မင်း ငါ့ကို မော့ပဲကြည့်နေရလိမ့်မယ်။”

ထိုလူက ထိုသို့ပြောလျက် ထွက်သွားတော့သည်။

“ကန်ချက်တစ်ချက်တည်းနဲ့ သင်္ကေတထွင်းထုခြင်းအဆင့်ကလူကို ကန်ထုတ်လိုက်နိုင်တာလား။”

နဂိုက ထွက်သွားချင်သည့် လူများအားလုံးက တုန်ဆိုင်းသွားကြ၏။ ထိုလူများအားလုံး တုန်ယင်သွားကြသည်။ ထိုလူငယ်က အလွန်စွမ်းအားကြီးမားသည်။

“မာရှယ်ကို ဂါဝရပြုပါတယ်။”

နဂိုက လုယွီမကောင်းကြောင်းပြောခဲ့သော ဗိုလ်ချုပ်နှစ်ယောက်ကလည်း လုယွီကို ဦးညွှတ်လျက် ဂါဝရပြုလိုက်ကြ၏။ အနက်ရောင်သံချပ်ကာဝတ်ဗိုလ်ချုပ်က ထွက်သွားလေသည်။ အနည်းဆုံး ထိုလူက အလယ်အလတ် မင်မင်းဆက်အဆင့် ဖြစ်နေသေးသည်။ သို့သော် လုယွီက အသာအယာပင်ကန်ထုတ်လိုက်နိုင်သည်။ သူတို့နှစ်ယောက်အတူ ပေါင်းမည်ဆိုလျှင်ပင် လုယွီကို မယှဉ်နိုင်ပေ။

လုယွီက သည်လူများအားလုံးကိုကြည့်နေရင်းမှ ရုတ်တရက်ပြောသည်။

“ငါက ဝမ်ချန်းပဲ၊ အခု ဒီနေရာက ထွက်သွားချင်တဲ့လူတိုင်း ချက်ချင်း ထွက်သွားနိုင်တယ်၊ ငါ မတားဘူး။”

“မင်းတို့ အခုသွားရင် ဘာအပြစ်ပေးတာကိုမှ ခံရမှာမဟုတ်ဘူး၊ ဒါပေမယ့် တိုက်ပွဲနယ်မြေကိုဝင်ပြီးမှ ထွက်ပြေးမယ်ဆိုရင်တော့ စစ်စည်းကမ်းအတိုင်း လုပ်မိရင်တော့ ငါ့ကိုအပြစ်မတင်နဲ့။”

လုယွီ၏အသံက သည်စခန်းတစ်ခုလုံးကို ပဲ့တင်ထပ်သွား၏။ ထိုတစ်ခဏတွင် ဝရုန်းသုန်းကားဖြစ်သွားပြန်သည်။ အများစုက လုယွီစခန်းမှ ထွက်ပြေးပြီး လုမိသားစုထံသို့ သွားလိုကြ၏။ သို့သော် လုယွီက အလွန်စွမ်းအားကြီးမားကြောင်း မြင်သောအခါ သူတို့ တုံ့ဆိုင်းသွားကြပြန်သည်။

“မင်းတို့နေတာကောင်းမယ်၊ ဝမ်ချန်းရဲ့ခွန်အားကို မင်းတို့လည်း မြင်တာပဲ၊ ချူမိသားစုရဲ့ကပ်ဘေးကိုတောင် သူ တစ်ယောက်တည်း ဖြေရှင်းပေးသွားတာ၊ ငါတို့ သူတို့နောက်ကို လိုက်သင့်တယ်။”

အချို့က သည်လိုနေရန်ဆုံးဖြတ်ကြသည်။

သို့ရာတွင် အချို့ကမူ ခေါင်းမာကြသေး၏။

“မင်းတို့က အမြင်ကျဉ်းလိုက်တာ၊ သူက အဆင့်လွန်အဆင့်ဆိုရင်တောင်မှ သူက တစ်ယောက်တည်းလေ၊ လုမိသားစုဆီက အဆင့်လွန်အဆင့်အများကြီးနဲ့ ဘယ်ယှဉ်နိုင်မှာလဲ။”

အဆုံးတွင် လူငါးထောင်မှ နှစ်ထောင်က ထွက်သွားကြသည်။ မည်သို့ပင်ဆိုစေ သည်လိုငယ်ရွယ်သော အဆင့်လွန်ပါရမီရှင်တစ်ယောက်၏ အနာဂါတ်က မသေချာသေးပေ။ ထို့ကြောင့် မည်သူကမျှ မရင်းလိုကြပေ။

ကျန်ရှိသောသုံးထောင်က လုယွီ၏အမိန့်အောက်တွင် ရှိနေသည်။

“ငါက အသုံးဝင်တဲ့လူပဲလိုတယ်၊ ကံဆိုးတာက မင်းတို့က ငါလိုအပ်တဲ့ အဆင့်သတ်မှတ်ချက်နဲ့ ဝေးကွာလွန်းနေတယ်။”

“ငါ မင်းတို့ကို လေ့ကျင့်ပေးဖို့ အချိန်မရှိဘူး၊ ဒါပေမယ့် မင်းတို့ လေ့ကျင့်ဖို့လုံလောက်တဲ့ ဆေးလုံးတွေ ထောက်ပံ့ပေးနိုင်တယ်၊ ငါက အဂ္ဂိရက်ပညာရှင်ဆိုတာ မင်းတို့ သိကြတယ်မဟုတ်လား၊ မင်းတို့ကသာ တိုက်ပွဲဝင်စွမ်းအား ကောင်းကောင်းပိုင်ဆိုင်ထားရင် ဒီဆေးလုံးနဲ့ဆိုရင် အဆင်ပြေနိုင်တယ်။”

လုယွီက မထူးခြားနားစွာပြောသည်။

“ဒါတွေက ချီထိန်းချုပ်ခြင်းဆေးတွေပဲ၊ ဒါက မင်းတို့ရဲ့အတွင်းအားကို နှစ်သိမ့်ပေးနိုင်တယ်၊ မင်းတို့ ရှေ့တန်းကိုမသွားခင်မှာ အမြန်ဆုံးသန့်စင်ကြတာက အကောင်းဆုံးပဲ။”

လုယွီက လက်ရမ်းလိုက်ချိန်တွင် တစ်စုံတစ်ယောက်က အနားကပ်လာလျက် သိုလှောင်အိတ်ကိုယူသည်။ ထို့နောက် ဆေးလုံးများကို ခွဲဝေပေးမည်ဖြစ်၏။

လူအများစုက ကျောက်စိမ်းပုလင်းများကို တိုက်ရိုက်ဖွင့်လိုက်ကြသည်။

မမျှော်လင့်ထားစွာပင် ဖွင့်လိုက်သည်နှင့် ပြင်းထန်သောအရှိန်အဝါတစ်ခုက ပျံ့နှံ့လာ၏။ ဟိန်းသံကိုလည်း ကြားလိုက်ရသေးသည်။

“ဒါက စိတ်စွမ်းအားဆေးပဲ။”

ပထမဦးစွာ ဖွင့်လိုက်သူ၏။ မျက်နှာက ပြောင်းလဲသွားသည်။ သူ၏လေသံကပင် တုန်ယင်နေ၏။

“ဘာ”

မဖွင့်ရသေးသူများပင် ထိတ်လန့်သွားသည်။ သူတို့ မြန်မြန်ဖွင့်ကြည့်လိုက်ကြ၏။ ထိုတစ်ခဏတွင် ဟိန်းသံများက လေးဘက်လေးတန်မှ ထွက်ပေါ်လာသည်။ လူသုံးထောင်လုံး အသက်ရှူအောင့်မိသွား၏။ သည်အယောက်သုံးထောင်လုံး စိတ်စွမ်းအားဆေးလုံးများကို ရရှိမည်ဖြစ်သည်။

မင်မင်းဆက်အဆင့်ဗိုလ်ချုပ်နှစ်ယောက်လုံးက အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့၏လက်များပင် တုန်ယင်နေ၏။

တစ်စုံတစ်ယောက်က စိတ်စွမ်းအားဆေးလုံးများကို ဖော်စပ်နိုင်သည်နှင့် အဂ္ဂိရက်နယ်ပယ်တွင် ဆရာသခင်အဖြစ် သတ်မှတ်မြှောက်စားခံရမည်ဖြစ်သည်။ ယခုက အလုံးသုံးထောင်တောင်ဖြစ်၏။ လုယွီ၏အဂ္ဂိရက်အဆင့်က မည်သည့်အဆင့်သို့ ရောက်ရှိနေကြောင်းကိုပင် သူတို့ မတွေးရဲကြတော့ပေ။

“ကျေးဇူးတင်ပါတယ်။”

ဗိုလ်ချုပ်နှစ်ယောက်က အချင်းချင်းကြည့်ကာ ဆေးလုံးများကို ဝါးမြိုလိုက်ကြသည်။ သည်ဆေးလုံးများက ဖွင့်လိုက်သည်နှင့် အာနိသင်က တဖြည်းဖြည်းလျော့ကျလာတော့မည်ဖြစ်၏။ ထို့ကြောင့် မြန်မြန်သောက်လိုက်သည်က ကောင်းသည်။

တစ်ချိန်တည်းတွင်ပင် လူအယောက်သုံးထောင်လံုးက ဝါးမြိုလိုက်လျက် ကျင့်ကြံကြတော့သည်။ ထို့နောက် ဆက်တိုက် ဟိန်းဟောက်ပေါက်ကွဲသံများက ထွက်ပေါ်လာတော့၏။ အဓိကအနေဖြင့် သူတို့၏ ကြားခံနယ်မြေများမှ စွမ်းအားများ ပေါက်ကွဲသံဖြစ်သည်။

“ငါ အဆင့်တက်သွားပြီ။”

“ဟား ဟား ငါ့ရဲ့စိတ်ဝိဉာဉ်ကို စုစည်းနိုင်သွားပြီ။”

အားလုံး ပျော်ရွှင်နေကြသည်။ ထိုတစ်ခဏတွင် သည်နေရာမှ ပျော်ရွှင်သံများက ထွက်ပေါ်နေခဲ့တော့၏။

“ဟမ့် အသုံးမကျတဲ့ကောင်တွေ။”

ထွက်သွားသော အယောက်နှစ်ထောင်ကမူ မျက်နှာမဲ့သည်။ ဝမ်ချန်းက သူတို့ကို အကျိုးကျေးဇူး အနည်းငယ်ပေးလိုက်သဖြင့် ထိုလူများက ပျော်ရွှင်နေသည်ဟုသာ သူတို့ထင်သွားကြ၏။ သို့သော် လုမိသားစု၏အနာဂါတ်နှင့်ယှဉ်သော် သည်အကျိုးအမြတ်က ပြောပလောက်ခြင်း မရှိပေ။

All Chapters