← Chapters

အခန်း (၁၀၃၁-၁၀၃၅)

Vol. 55 Ch. 1031-1035

အခန်း (၁၀၃၁-၁၀၃၅)

Vol. 55 Ch. 1031-1035

အပိုင်း ၁၀၃၁

လုနျန်ဖုန်း၏ တဲစခန်း

ထိုအချိန်တွင် လုယွီ၏ စခန်းမှ ထွက်လာသော စစ်သည်များက သည်နေရာသို့ ရောက်လာလေသည်။

“ မာရှယ်ဆီကို ကျွန်တော်တို့ ပြန်လာပါပြီ”

အားလုံးကို ဂါရဝပြုကြသည်။

ဗိုလ်ချုပ်ဟိန်းက ဂိုဏ်းကြီးတစ်ခုမှ လာသည်။ ထို့ကြောင့် သူ

၏ နောက်ခံက မြင့်သည်။

“ဟားဟား ကောင်းတယ်၊ မင်းတို့ မှန်ကန်တာကို ရွေးချယ်ခဲ့တာပဲ အဲဒိကောင်လေးနောက်ကို လိုက်ရင် ရှေ့တန်းမှာတင် ငါတို့ သေသွားရလိမ့်မယ်”

ထို့နောက် သူက ထိုစစ်သည်နှစ်ထောင်နှင့်အတူ မာရှယ်နျန်ဖုန်း၏ တဲစခန်းဆီသို့ ထွက်လာခဲ့သည်။

“ ရပ်စမ်း မင်းတို့က ဘယ်သူတွေလဲ”

တဲစခန်းရှေ့သို့ ရောက်သည့်အခါ အစောင့်က တားသည်။

“ဗိုလ်ချုပ်ဟန်ရှန်းက စစ်သည်တော်တွေကို ခေါ်ပြီး မာရှယ်ဆီမှာ ခိုလှုံဖို့ ရောက်လာတာပါ”

သူက ထိုသို့အော်လျက် အခြားစစ်သည်တော်များနှင့်အတူ ဒူးထောက်ချသည်။

အစောင့်လည်း လစ်လျူမရှုရဲဘဲ သွားရောက် သတင်းပို့ရသည်။

“ စစ်သည်တော်နှစ်ထောင်နဲ့အတူ လာတာလား

လုနျန်ဖုန်းက မေးသည်။

သူက စစ်တပ်မှ စစ်သေနာပတိချုပ်တစ်ယောက်ဖြစ်ပြီး လုယွီနှင့်အဆင့် တူသည်။ သို့သော် သူက လုမိသားစုမှ ဖြစ်သည်။ ထို့ကြောင့် အဆင့်အတန်းက မြင့်သွားသည်။ သည်ရက်ပိုင်းသူ့ထံ လာရောက်ခိုလှုံသူများစွာ ရှိသည်။

အစပိုင်းတွင် ပမာဏနည်းပါးသော်လည်း တဖြေးဖြေး များပြားလာလေ

။ မည်သို့ပင်ဆိုစေ လူနှစ်ထောင်ဆိုသည့် ပမာဏကလည်း မသေးပေ။

ယခုဆိုလျင် သည်ငါးရက်အတွင်း သူ့ထံ ခိုလှုံလာသူများကြောင့် အင်အားက တစ်သိန်းအထိ ရောက်ရှိခဲ့ပြီဖြစ်သည်။ သို့သော် သူ စုံစမ်းထားရန် လိုအပ်သေးသည်။

“ သူတို့က ဘယ်စစ်တန်းလျားကလဲ”

“ မာရှယ်ဝမ်ချန်းရဲ့ စစ်တန်းလျားကပါ မာရှယ်”

အစောင့်က ဖြေသည်။

‘ ဝမ်ချန်း ဟုတ်လား’

လုနျန်ဖုန်း၏ မျက်ဝန်းက တောက်ပလာသည်။

သူက ပြော၏။

“ သူတို့ကို အကောင်းဆုံး အခွင့်အရေးတွေပေးပြီး ငါ့လက်အောက်ကို ပို့လိုက်”

သို့မှသာ သည်မက်လုံးကြောင့် ဝမ်ချန်းထံမှ စစ်သည်တော်များ သူ့ထံ ရောက်လာလိမ့်မည်။ များများ ရောက်လာလေလေ အကောင်းဆုံးဖြစ်သည်။ သူ လုနျန်ဖုန်းက အလွယ်တကူ အနိုင်ကျင့်ခြင်းကို လက်မခံနိုင်ပေ။

သူက အစောင့်ကို ပြောသည်။

“ နောက်ပြီး ဌာနချုပ်ကို အကြောင်းကြားပြီး ဝမ်ချန်းကို ယွန်လော့ချန်းကို ပို့လိုက်”

အစောင့်လည်း ကြောင်သွားလေသည်။ ယွန်လော့ချန်းမှာ အာကာသဝင်ပေါက်များအကြားရှိသဖြင့် ရေခဲနယ်မြေနှင့် ထိစပ်နေသော နယ်စပ်ဟုပင် ပြောနိုင်သည်။ထို့ကြောင့် ထိုနေရာရှိ တိုက်ပွဲနယ်မြေက အပြင်းထန်ဆုံးဖြစ်ပြီး အသေအပျောက် များသည်။ သိပ်မကြာခင်ကပင် အစွမ်းထက် မာရှယ်တစ်ယောက် သေသွားခဲ့ပြီး တစ်တပ်လုံး ကျသွားခဲ့၏။

အစောင့်က အပြင်သို့ ပြန်ထွက်ပြီး အမိန့်ကို ပြောသည်။ ဗိုလ်ချုပ်ဟိန်းတို့အားလုံး အံ့သြကုန်ကြလေသည်။ လုမိသားစုထံတွင် ခိုလှုံခြင်းက အရင်းအမြစ်များနှင့် ဆုလာဘ်များကို လိုချင်သောကြောင့် ဖြစ်သည်

သို့သော် သူတို့၏ကံက ထိုမျှကောင်းမည်ဟု မထင်ထားမိပေ။

“ မာရှယ်ရဲ့ ချီးမြောက်မှုအတွက် ကျေးဇူးတင်ပါတယ်”

သူမှစပြီး အခြားသော စစ်သည်တော်နှစ်ထောင်လုံးက ဒူးထောက်ကာ ပြောကြသည်။

သူတို့ ဝမ်ချန်းထံမှ ထွက်လာခဲ့သည်က မှန်ကန်သော ဆုံးဖြတ်ချက်ဟု အားလုံးလက်ခံသွားလေပြီ။

အပိုင်း ၁၀၃၂

တစ်ချိန်တည်းတွင်ပင် လုယွီ၏ တဲစခန်းတွင် ရယ်သံများ ပြည့်နှက်နေသည်။ အများစုက အဆင့်တက်သွားကြသည်။ အချို့က အကျိုးများစွာ ရလိုက်သဖြင့် နှစ်ဆင့်ပင် ခုန်တက်သွားကြ၏။

“ ကျေးဇူးတင်ပါတယ် တန်ဆေး ဆရာသခင်”

“ ကျေးဇူးတင်ပါတယ် မာရှယ်”

ဗိုလ်ချုပ်နှစ်ယောက်အပါအဝင် စစ်သည်တော်သုံးထောင်လုံးက လေးစားမှုအပြည့်ဖြင့် ဒူးထောက်လိုက်ကြသည်။

သူတို့ သည်တစ်ကြိမ်တွင် အလွန်အကျိုးထူး သွားလေပြီ။ စိတ်စွမ်းအားဆေးလုံးဆိုသည်မှာ သူတို့ တစ်ဘဝလုံး မြင်ဖူးနိုင်ချေပင် မရှိလောက်အောင် အဆင့်မြင့်သည်။ အထူးသဖြင့် ဒါကို ဝမ်ချန်းဆရာသခင်ကိုယ်တိုင် ဖော်စပ်ထားခြင်း ဖြစ်သည်။

အခြားသော ဆုလာဘ်များက သည်ဆေးလုံးကို မယှဉ်နိုင်ပေ။ ယခုမူ ဆရာသခင်က သူတို့အား တစ်ယောက်တစ်လုံးကျပင် ပေးသေးသည်။ သူတို့သာ သည်လိုမာရှယ်နောက်သို့ လိုက်လျင် သူတို့၏ အနာဂတ်တွင် ရရှိမည့် အကျိုးကျေးဇူးကလည်း နိမ့်ကျတော့မည် မဟုတ်ပေ။

လုယွီက ပြောသည်။

“ ငါ မင်းတို့ကို မသေချာတဲ့ ကတိတွေ ကြိုမပေးဘူး။ မင်းတို့သာ တိုက်ပွဲနယ်မြေကို ရန်သူကို သတ်နိုင်သမျှ များများသာ သတ်ပေးမယ်ဆိုရင် နောက်ထပ် စိတ်စွမ်းအား ဆေးလုံးတွေက မင်းတို့အတွက် ဖြစ်လိမ့်မယ်။ ဧကရာဇ်အဆင့် ဆေးလုံးတောင် ပါလာနိုင်တယ်”

တဲစခန်းတစ်ခုလုံး တိတ်ကျသွားတော့သည်။

စိ်တ်စွမ်းအား ဆေးလုံးကတင ်သူတို့ လက်လှမ်းမီနိုင်သော အဆင့်ကို ကျော်နေပြီဖြစ်သည်။ ဧကရာဇ့်အဆင့်ဆိုလျင် ပိုဆိုးလေသည်။ သို့သော် လုယွီက ဖော်စပ်နိုင်ကြောင်း သူတို့ သိကြသည်။ထို့ကြောင့် လုယွီပင် ဘာမှ ဆက်မပြောခင်ကတည်းက အားလုံးက ပုံစံပြင်ကာ ဒူးတစ်ဖက် ပြောင်းထောက်ကြသည်။

“ကျွန်တော်တို့ မာရှယ်ရဲ့ အမိန့်နောက်ကို လိုက်ဖို့ အဆင်သင့်ပါပဲ”

လုယွီက ကျေနပ်စွာ ခေါင်းညိတ်သည်။

သူက ဘုရင်ဟု ရေးထားသော အလံကို ကိုင်မြောက်ကာ ပြောသည်။

“ အခုကစပြီး မင်းတို့ကတယွီရဲ့ ပထမအဆင့် တပ်ရင်းပဲ။ မင်းတို့က တိုက်ပွဲနယ်မြေကို လေ့ကျင့်ရေးကွင်းလို့သာ သဘောထားပြီး အခွင့်အရေးကို ဆုပ်ကိုင်ပေတော့”

သူက အလံများ လေထဲ မြောက်တက်လာခြင်းကို ကြည့်သည်။ ထိုအလံများအတွင်း တိုက်ပွဲဝင်စိတ်ဆန္ဒကို သူ ထည့်ထားသည်။ စစ်စတိုက်သည်နှင့် အားလုံးက လွှမ်းမိုးခံရကာ တက်ကြွပြီး အားမာန်အပြည့် ဖြစ်နေပေလိမ့်မည်။

ထိုအချိန်တွင် အစောင့်တစ်ယောက် ရောက်လာသည်။

“ မာရှယ် ဌာနချုပ်က သံတမန် ရောက်လာပါတယ်”

“ ဝင်လာခိုင်းလိုက်ပါ”

လုယွီက ပြောသည်။

သိပ်မကြာခင်မှာပင် ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော လူလတ်ပိုင်းတစ်ယောက် ဝင်လာသည်။

လုယွီက မာရှယ်ဖြစ်သော်လည်း ဌာချုပ်မှ အမိန့်ကို လိုက်နာရန ်လိုအပ်သေးလေသည်။

သံတမန်က လုယွီကို ကြည့်ပြီး ပြောသည်။

“ မာရှယ်ဝမ်က အခုမ ှရောက်တော့ သတင်းပို့ဖို့အတွက် ဒီနေ့ပဲ စထွက်ပါ။ သုံးရက်အတွင်း တယွီ လော့ချန်းကို ရောက်ရမယ်။ မင်းတို့ အဲဒိမှာ စောင့်ကြပ်ရမယ်။ မြို့ရှိရင် လူရှိရမယ်။ လူတွေ သေဆုံးမှပဲ မြို့ကို ကျရှုံးခွင့်ပြုမယ်”

ထိုသို့ပြောလိုက်သည်နှင့် လူအုပ်က အုတ်အော်သောင်းတင်းဖြစ်တော့သည်။

“ ဘာ ငါတို့ကို အဲဒိနေရာကို ပို့မှာလား”

“ မင်းတို့ ဌာနချုပ်က တမင် လုပ်နေတာလား။ ငါတို့မာရှယ်က လူသစ်လေ ဒါတောင် အဲဒိကို ပို့တယ်လား”

အားလုံးက ထိုနေရာအကြောင်း သိကြသည်။ လူအများ၏ ဒေါသအကြည့်အောက်တွင် သံတမန်က တုန်ယင်လာသည်။

“ ဘာလဲ မင်းတို့ ပုန်ကန်ချင်တာလား”

“သောက်ကျိုးနည်းကို ပုန်ကန်လိုက်၊ ပျက်ဆီးနေတဲ့ မြောက်ပိုင်း မဟာမိတ်နယ်မြေက ကိုယ့်အကျိုးကို ကြည့်နေတာပဲ”

“ အင်ပါယာတစ်ခုကို သစ္စာခံထားတဲ့ စစ်သည်တော်ဆိုရင်တောင် ဒီလိုနေရာကို ပို့ရင် ငါ ပုန်ကန်မလား ကြည့်လိုက်လေ”

အားလုံးက အဆင့်တက်ပြီးကာစဖြစ်ရာ စွမ်းအားကို ကောင်းစွာ မထိန်းချုပ်နိုင်သေးချေ။ ထို့ကြောင့် သံတမန်မှာ ဖိအားကို ခံစားရပြီး နှဖူးမှ ချွေးများ စီးကျလာတော့သည်။

“ ကောင်းပြီ တော်လောက်ပြီ”

လုယွီက လက်ကာပြသည်။

“ ခင်များ အမိန့်ပြား ထားခဲ့ပြီး သွားနိုင်ပြီ”

သံတမန်လည်း ကျေးဇူးတင်သွားသည်။ သူက တံဆိပ်ကို တရိုတသေ ကမ်းပေးပြီး ပြန်ပြေးတော့သည်။

ထို့နောက် လုယွီက လူအုပ်ကို တချက်ကြည့်သည်။

“ ငါ့နောက် မလိုက်ချင်တဲ့ လူတွေ ထွက်သွားနိုင်ပြီ”

အပိုင်း ၁၀၃၃

လုယွီက လေးနက်သော လေသံဖြင့် ပြောသည်။

“ ငါက ပျော်ရွှင်မှုကိုပဲ အတူလာခံစားမယ့် အမှိုက်တွေ မလိုဘူး။ မင်းတို့ ဒုက္ခကို ကြောက်ရင် ငါ့နောက် မလိုက်နဲ့”

လူတိုင်း၏ နှလုံးသားအတွင်းမှ ပြင်းပြသော ခံစားချက်ကို ရလိုက်သည်။

လော့ကျန်းက မျက်လုံးများ နီရဲလျက်ပြောသည်။

“မာရှယ်က ယွန်လော့ချန်းကို သွားမယ်ဆိုလည်း ကျွန်တော်ကတော့ လိုက်မှာပဲ”

ဗိုလ်ချုပ်နှစ်ယောက် အပါအဝင် ကျန်သော ဘုန်းတော်ကြီးများအားလုံး အတူတကွ ကျိန်ဆိုကြသည်။ လုယွီက လူအုပ်ကိုကြည့်သည်။

“ ထွက်သွားမယ့်လူ မရှိရင် အခုပဲ ထွက်ရအောင်”

…..

သုံးရက်ကြာပြီးနောက်…

မြောက်ပိုင်းနယ်မြေ နယ်စပ်တွင် အထီးကျန်စွာ တည်ရှိနေသော မြို့တစ်မြို့ရှိသည်။ ထိုမြို့သည် မြို့ရိုးများပင် ပျက်ဆီးနေလေသည။ တိုက်ပွဲ၏ဒဏ်ကို အလွန် ခံထားရဟန် ရသည်။

နေ့ညဉ့်မရွေး စောင့်ကြပ်နေသည့် အစောင့်များအပြည့်ရှိပြီး ထူးခြားမှု တစ်ခုခု ှရိသည်နှင့် အသင့်ပြင်ကြရသည်။ သူတို့က အထိတ်တလန့် နေနေရသည့်အတွက် လေခပ်ပြင်းပြင်း တိုက်လျင်ပင် ဝင်္ကပါ ခင်းကျင်းရန် ကြိုးစားနေလေပြီ။

ရုတ်တရက် ဘုန်းတော်ကြီးတစ်ပါးက အဝေးသို့ လက်ညိုးညွှန်ကာ ပြောသည်။

“ ကြည့်ကြဦး စစ်တပ် လာနေပြီ”

ထိုအခါ အားလုံး ပြူးပြူးပြာပြာ ဖြစ်သွားတော့သည်။ သူတို့က ဝင်္ကပါကိုပင် ခင်းကျင်းရန် ထောင့်များတွင် နေရာယူပြီး လေပြီ။ ထိုအခိုက် အချို့က သတိထားမိဟန်ဖြင့် ဝမ်းသာအားရ အော်သည်။

“ နေကြဦး ဒါက ငါတို့ရဲ့ တယွီက စစ်တပ် မဟုတ်လား၊ စစ်ကူလာပြီ ထင်တယ် ဟေ့”

ထိုအချိန်တွင် ထိုမြို့ရိုးပေါ်သို့ လူငယ်တစ်ယောက် တက်လာနေသည်။

အားလုံး အပျော်လွန်သွားကြပြီး ဝင်္ကပါ ပြန်သိမ်းတော့သည်။ အဝေးတွင် ဖုန်လုံးများ အလုံးလိုက် တက်လာနေသည်။ သိပ်မကြာခင်မှာပင် စစ်သင်္ဘောများကို မြင်လိုက်ရသည်။ မရေမတွက်နိုင်အောင် များပြားသော စစ်သင်္ဘောများတွင် ယွီဆိုသော အလံကို ထင်ရှားစွာ မြင်ရသည်။

“ ဒီတစ်ခေါက် ဘယ်သူလာမလဲ မသိဘူး”

အစောင့်များက ခပ်တိုးတိုး ဆွေးနွေးနေကြသည်။

လူငယ်ဗိုလ်ချုပ်ကလည်း အနားရောက်လာသည်။

“ ဒီတစ်ခေါက် ရောက်လာတဲ့သူက ငါ့မိသားစုက ထောက်ခံပေးလိုက်သူလို့ ကြားထားတယ်။ ပြောရရင် မိသားစုက ရင်းနှီးနေသူဆိုရင် ငါနဲ့တောင် သိနေနိုင်တယ်”

အခြားသူများက ထိုလူငယ်အား မနာလိုကြီးစွာ ကြည့်ကြသည်။ အဆင့်လွန်ပုဂ္ဂိုလ်နှင့်ရင်းနှီးလိုလျင် သည်နည်းလမ်းက အလွယ်ကူဆုံးဖြစ်သည်။

ထိုလူငယ်ကထျန်းကျင်းမြို့တွင် လုယွီနှင့် ဆုံခဲ့သော လုချန်းဖြစ်သည်။ ထိုအချိန်က လုယွီ၏ သွေးမျိုးဆက်က စစ်မှန်နေသဖြင့် သူ အရှက်ရခဲ့ရသည်။

လုချန်းက သည်နေရာက အန္တရာယ်များမှန်း သိသော်လည်း ကြိုးစားပြီး လာခဲ့သည်။ ဒါက အကြောင်းပြချက်ရှိ၏။ ဒီနေရာက သေလွယ်နိုင်သော်လည်း အမှတ်ရလွယ်သည်။ ထို့ကြောင့် သူ၏ အမှတ်ကသာ များလျင် သူ၏ မိသားစုတွင်းရှိ အခြေအနေက တိုးတက်သွားနိုင်လေသည်။ သူက ထိုအချက်ကို နားလည်ထား၏။

“ အာ သူတို့ ရောက်လာပြီ မင်းတို့ နေခဲ့ကြ ငါ သွားနှုတ်ဆက်လိုက်မယ်”

လုချန်း၏ လူတိုင်းက မနာလိုသော အကြည့်အောက်တွင် ဦးဆောင်လာသော စစ်သင်္ဘောထံ ချဉ်းကပ်လာသည်။

“ အစ်ကိုလော့ မတွေ့ရတာ ကြာပြီ”

“ အာ ညီငယ်ချန်း”

လော့ချန်းက လုမိသားစုထံသို့ ဝင်လိုလေရာ ဆက်ခံသူမျိုးဆက်များနှင့် ရင်းနှီးအောင် ကြိုးစားခဲ့လေသည်။ထို့ကြောင့် သူနှင့် လုချန်းတို့ သိနေကြခြင်းဖြစ်သည်။ ဒါက ယခင်က ဖြစ်၏။ ယခုမူ သူက မာရှယ်၏ တိုက်ရိုက် လက်ထောက်ဖြစ်နေလေပြီ။ ထိုသို့ ဖားနေရန် မလိုတော့ပေ။

လုချန်းက ရယ်သည်။

“ ကျွန်တော်က အရှေ့ဘက်ဂိတ်ကို စောင့်ကြပ်ရတဲ့ ဗိုလ်ချုပ်ပါ။ အစ်ကိုလော့ ခင်များတို့ရဲ့ မာရှယ်က ဘယ်သူလဲ သူ ဘယ်မှာလဲ”

လော့ကျန်းက မြို့သို့ လက်ညိုးထိုးသည်။

“ မာရှယ်က အကြီးအကဲ နှစ်ယောက်နဲ့ မိတ်ဆက်ဖို့ မြို့ထဲ သွားနှင့်ပြီ”

လော့ချန်းမြို့အား ကာကွယ်သူ အဆင့်လွန်အဆင့် အကြီးအကဲ သုံးယောက်ရှိသည်။ တစ်ယောက်က သေဆုံးသွားသဖြင့်သာ လုယွီ ရောက်လာရခြင်းဖြစ်သည်။

အပိုင်း ၁၀၃၄

မြို့အရှင် စံအိမ်

မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို စစ်နယ်မြေအဖြစ ်သတ်မှတ်ထားပြီးသဖြင့် မြို့အရှင်စံအိမ်ကလည်း ဗိုလ်မှူးကြီးများ၏ နေရာဖြစ်လာသည်။ထိုအချိန်တွင် အားလုံးက ဗျူဟာအတွက် ဆွေးနွေးနေကြသည်။

ခန်းမအတွင်းတွင် ထိပ်ဆုံးနေရာတွင် ထိုင်နေသူကား အမျိုးသမီးနှစ်ယောက်ဖြစ်ပြီး အလွန် လှပသည်။ သူမတို့က ကျော့ရှင်းကြည့်ကောင်းကာ အရှိန်အဝါကလည်း မည်သူထက်မဆို သာသည်။ သေချာကြည့်မည်ဆိလျင် သူမတို့ထံမှ ဆင်တူသော သွင်ပြင်ကို သတိထားမိပေလိမ့်မည်။

ထိုနှစ်ယောက်က အမွှာညီအစ်မနှစ်ယောက်ဖြစ်ပြီး အစ်မဖြစ်ပြီး သုန့်ဝမ်ယွဲ့နှင့် ညီမဖြစ်သူ သုန့်ဝမ်ကျင်းတို့ဖြစ်သည်။

သူတို့က ကျောက်စိမ်းမိန်းမပျိုကျောင်းတော်မှ ကျောင်းအုပ်နှင့် ဒုကျောင်းအုပ်တို့ဖြစ်သည်။ ယွန်ချန်းမြို့သည် မြောက်ပိုင်းနယ်မြေ၏ ခပ်တပ်ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ မလာချင်ကြပေ။

သူမတို့ ရောက်လာသည်ကလည်း ကျောက်စိမ်းမိန်းမပျို ကျောင်းတော်က သည်ဝန်းကျင်တွင် ရှိနေသောကြောင့် လုံခြုံရေးအရ လာရောက်ခြင်းဖြစ်သည်။

သုန့်ဝမ်ယွဲ့က ပြောသည်။

“ ရှေ့တန်းအတွက်ကတော့ စိတ်ချရပြီ နင်တို့မှာ ဘာအကြံရှိလဲ”

“ ကျွန်တော်တို့ လိုတာက ရင်းရဲမယ့်သူပဲ၊ သူကသာ ရုတ်တရက် သွားလှုပ်ရှားလိုက်ပြီး စိတ်ဝိဉာဉ်ကျောက်တုံးတွေကို သွားယူဖို့ပဲ”

စစ်ပွဲတွင် စိတ်ဝိဉာဉ်ကျောက်တုံးက အလွန် အရေးကြီးသည်။ လင်းရှီဆိုသည့် စိတ်ဝိဉာဉ်စွမ်းအင်က အရေးကြီးသည်။ သူတို့ တိုက်ခိုက်ရန်လည်း လိုအပ်သလို ဝင်္ကပါများ ခင်းကျင်းရန်လည်း လိုအပ်သည်။

မည်သူကမျှ စိတ်ဝိဉာဉ်ကျောက်တုံးများကို သိုလှောင်အိတ်ထဲ ထည့်သယ်မသွားနိုင်ပေ။ စစ်က ကြည်ရှည်သည်။ထို့ကြောင့် လျို့ဝှက်နေရာများ ရှာကာ သီးသန့်ဝှက်ကြရ၏။ ရေခဲနယ်မြေ၏ ထိုလျို့ဝှက်နေရာကိုသာ ရှာတွေ့လျင် အဆင်ပြေလေပြီ။

“ ဗိုလ်မှူးကြီးဒီသတင်းက ယုံကြည်ရရဲ့လား”

ဗိုလ်ချုပ်တစ်ယောက်က မေးသည်။

သုန့်ဝမ်ယွဲ့က ဖြေသည်။

“ ဒါပေါ့ ငါ့ရဲ့ကျောင်းတော်က ဂိုဏ်းဝင်တစ်ယောက်က သတင်းပို့လာတာလေ”

မည်သည့်ဗိုလ်ချုပ်မျှ ဆက်မ‌ပြောကြတော့ပေ။ မည်သူကမဆို ကျောက်စိမ်းမိန်းမပျို ကျောင်းတော်က ဂိုဏ်းသားတိုင်းက ခေါင်းဆောင်နှင့် ဆွေမျိုးတော်စပ်ကြောင်း သိကြလေသည်။

“ ငါတို့ အခု လုပ်ရမှာက ရှေ့တန်းမှာအာရုံမျှားထားဖို့ တပ်ရင်းနှစ်ခုကို ဦီးဆောင်မယ့်သူတွေပဲ”

“ အဲဒိအချိန်မှာ ငါတို့က အခွင့်အရေး ယူပြီး သူတို့ရဲ့ လျို့ဝှက်နေရာကို အလုံးအရင်းနဲ့ ဝင်လို့ စိတ်ဝိဉာဉ်ကျောက်တုံးတွေ အကုန်ယူရမယ်”

“ ပြီးရင် ငါက လူဘယ်လိုခွဲမလဲ ဆိုတာကို ပြောပြ….”

သူမက စကားက မဆုံးလိုက်ပေ။ ရုတ်တရက် တံခါးမှ လူငယ်တစ်ယောက် ဝင်လာသည်။ ထိုလူငယ်က အပြာရောင် ဝတ်စုံကို ဝတ်ထားပြီး အားနည်းဟန်ရသည်။ သို့သော် သူ့ရှေ့တွင် စစ်ဖြစ်နေလျင်ပင် အလျင်စလို လာမည့်ဟန် မရှိဟု ထင်ရလောက်အောင် အေးဆေးနေသည်။

ထိုလူငယ်က လုယွီဖြစ်သည်။

“ မင်းက ဘယ်မိသားစုကလဲ၊ ဘယ်သူက ဝင်ခွင့်ပြုလိုက်လဲ”

ဗိုလ်ချုပ် တစ်ယောက်က အော်မေးလာသည်။

လုယွီက တံဆိပ်ကို ထုတ်ပြ၏။

“ ငါက တယွီစစ်တပ်က ဝမ်ချန်း၊ မာရှယ်ဝမ်ပေါ့”

ထိုဗိုလ်ချုပ်လည်း ကြောင်သွားသည်။ ဝမ်ချန်းက ကောလဟာလထက် ပိုငယ်မည်ဟု မထင်ထားမိပေ။

သုန့်ဝမ်ယွဲ့က ပြောသည်။

“ဆရာသခင် ဝမ်ချန်းရောက်လာတယ်ဆိုရင် ထိုင်ပါ”

သူ ရောက်လာခြင်းအား သူမ သဘောမကျပေ။ လက်ရှိအခြေအနေအရ အဆင့်လွန်အဆင့် လိုအပ်နေသည်မှာ မှန်သည်။ သို့သော် အဂ္ဂိရက်ပညာရှင် မလိုပေ။ ဝမ်ချန်း၏ အဆင့်လွန်အဆင့်ကိုမူ ဆေးလုံးများဖြင့် အဆင့်တက်ထားခြင်းဟုသာ ထင်သည်။ ထို့ကြောင့် သူမ အထင်မကြီးပေ။ သူ့တွင် တိုက်ပွဲဝင် အတွေ့အကြုံရှိမည်ပင် မထင်ပေ။

“ ဆရာသခင်ဝမ်ချန်း ငါတို့က ရေခဲနယ်မြေကို တိုက်ခိုက်ဖို့ အစီအစဉ်ဆွဲပြီးပါပြီ၊ နင်တို့ တပ်ရင်းကတော့ ပြောရရင် အားအနည်းဆုံးဖြစ်နေတယ်။ ဆိုတော့ ငါ့ရဲ့တပ်ရင်း နောက်ကပဲ လိုက်ခဲ့ပါ”

သည်တိုက်ပွဲက အရေးကြီးသည်။ ဝမ်ချန်းက သူမအား နောက်ပြန်ဆွဲထားမည့် အခြေအနေမျိုး မလိုချင်ပါပေ။

အပိုင်း ၁၀၃၅

လုယွီက မျက်မှောင်ကြုတ်ပြီး ပြောသည်။

“ ခင်များ ဒီလိုတွေးစရာ မလိုဘူး။ ငါ ခေါ်လာတဲ့ ပမာဏက နည်းရင်နည်းမယ် အင်အားကတော့ လုံလောက်တယ်”

သူ၏ အင်အားက နည်းသော်လည်း မရေမတွက်နိုင်သော စိတ်စွမ်းအားဆေးလုံးများဖြင့် ထောက်ပံ့ပေးထားလေရာ အခြားတပ်ရင်းမျာားထက် မနိမ့်ကျနိုင်ပေ။

“ ငါတို့ နင်စွက်ဖက်မှာကိုမလိုချင်ဘူး ၊ နင်က ဒီမှာ အသစ်ပဲ ၊ ငါတို့ပြောတာကိုပြ လက်ခံရမယ်”

ငြိမ်နေသော သုန့်ဝမ်ကျင်းက ဝင်ပြောသည်။

သူမ၏ ခေါင်းဆောင်က လုပ်ဆောင်ပြီးမှ လုယွီက အမှတ်လာယူမည်ကို သူမ မနှစ်မြို့ပေ။ သူမ၏ အမြင်တွင် လုယွီက ဝန်ထုပ်ဝန်ပိုးဖြစ်သည်။

“ ဆရာသခင်ဝမ်ချန်းက ငါတို့နဲ့ အဆင့်တူတာပဲ၊ ငါတို့ အမိန့်မပေးရဲပါဘူး၊ ဒီအတိုင်း ဝင်မစွက်ဖက်ရင်သာ ရပါပြီ”

သုန့်ဝမ်ယွဲ့က သတိပေးသည်။

လုယွီက မတ်တပ်ထရပ်လျက် ခေါင်းခါသည်။

“ ခင်များတို့ ဆန္ဒအတိုင်းပဲ”

သူက ဗျူဟာဆွေးနွေးရန် ရောက်လာခြင်းဖြစ်သည်။ သည်လို ရလဒ်ထွက်လာမည်ဟု မထင်ထားမိပေ။ သို့သော်လည်း သူက ဝင်စွက်ဖက်ချင်စိတ် မရှိပါပေ။ မည်သို့ပင်ဆိုစေ ဒါက ယာယီအဖွဲ့ဖြစ်သည်။

သူက သူ၏ အင်အားကို တိုးမြင့်ချင်စိတ်ရှိသည်။ သူကသာ ရှန်းလင်းလုံကို ကိုင်တွယ်လိုလျင် တစ်ယောာက်တည်းအားဖြင့် မရပေ။ ထို့ကြောင့် အင်အားကြီးမားသော စစ်တပ်ကို လိုအပ်လေသည်။

“ နင့်ဘာသာ ခွင့်ပြုချက် မရှိဘဲ အပြင်ထွက်သွားလို့ ချုံခိုအတိုက်ခိုက် ခံရရင် ငါတို့ လာကယ်မှာ မဟုတ်ဘူး”

သုန့်ဝမ်ကျင်းက ပြောသည်။

သူမက သူမအစ်မလောက် မတော်ပေ။ သူမက အသက်လေးဆယ်ရှိလေပြီ။ လုယွီက ထိုမျှငယ်သော်လည်း အစ်မဖြစ်သူနှင့် အဆင့်တူနေခြင်းက သူမအား မနာလိုဖြစ်စေသည်။

လုယွီက ခေါင်းသာ ခါနေသည်။

သူက ထိုမိန်းမကို ဂရုစိုက်မနေပေ။ သူသာ ချုံခိုတိုက်ခိုက် ခံရလျင် သူ၏ စစ်တပ်အတွက် လေ့ကျင့်ဖက်ပင် ရသေးလေရာ သူများကို လာကယ်ခိုင်းနေရန် မလိုပေ။ သူက လှည့်ထွက်လိုက်၏

ထိုအခါ မျက်နှာချင်းဆိုင်မှ ဗိုလ်ချုပ်ကို မြင်လိုက်ရသည်။ တဖက်သူက ပြောသည်.

“ မင်းပဲ”

လုယွီက မျက်မှောင်ကြုတ်သည်။

“ မင်းက ဘယ်သူလဲ”

တဖက်က လုချန်းဖြစ်သည်။

“ ဟန်ဆောင် မနေစမ်းပါနဲ့၊ အဲဒိတုန်းက မင်း ကံကောင်းသွားလို့ပဲ၊ ယွီယူကြောင့် ငါ မင်းကို လွှတ်ပေးလိုက်တာ”

ထိုအခါမှ လုယွီ မှတ်မိသွားသည်။

“ ငါ့မှာကိစ္စရှိတယ်၊ မင်း ထွက်သွားတော့”

လုယွီက ပြောသည်။

လုချန်း ဒေါသထွက်သွား၏။

“ ငါ အမိန့်ပေးနေတယ်၊ အခုချက်ချင်း ဒူးထောက်ပြီး ငါ့ကို ဦးညွှတ်လိုက်”

‘ ဘာလဲ ဒီကောင်က ဒီနေရာကို ထျန်းကျင်းမြို့လို့ ထင်နေတာလား၊ ဟိုမှာ တိုက်ခိုက်လို့ မရပေမဲ့ ဒီမှာာ သူ့ကိုတောင် သတ်လို့ရတယ်’

ရုတ်တရက် သာယာသော ဗုံသံ ထွက်လာသည်။ လုချန်း အံ့သြသွား၏။ထိုအသံကြားသည်နှင့် ဗိုလ်ချုပ်နှင့် ထို့အထက်အဆင့်တိုင်း ခန်းမတွင် စုစည်းရသည်။

“ မင်း ကံကောင်းသွားတယ်၊ မင်း ဒီမြို့မှာာ ဆက်နေရဲရင ်ဘယ်လို သေသွားမှန်း မသိအောင် ငါ လုပ်ပေးမယ်”

ထိုသို့ပြောပြီးနောက် လုချန်းက ထွက်သွားရန် ပြင်သည်။

“ ထပ်ပြောလိုက်စမ်း”

လုယွီ ဒေါသထွက်သွားသည်။

လုချန်းကလည်း ထပ်ပြောရန် ပြင်လိုက်ချိန်မှာပင် သူ၏ အရှေ့သို့ ချက်ချင်း ရောက်လာသော အရိပ်ကို မြင်လိုက်ရသည်။ထို့နောက် လက်နှစ်ဖက်လုံးဖြင့် အရိုက်ခံရပြီး သူ လွင့်ထွက်သွား၏။ သူ ပြန်ပြုတ်ကျချိန်တွင် သတိမေ့နေခဲ့ပြီဖြစ်သည်။

All Chapters