အခန်း (၁၀၃၆-၁၀၄၀)
Vol. 55 Ch. 1036-1040
အပိုင်း ၁၀၃၆
“ မင်း ဘာမှ မပြောခင် အကျိုးဆက်ကို အရင်စဉ်းစား”
လုယွီက ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားလေသည်။
ဒါက သင်ခန်းစာပေးချင်ရုံဖြစ်သည်။ လုယွီသာ တစ်ခုခု လုပ်လိုလျင် လုချန်း သေနေလောက်လေပြီ။
လုချန်းက နာရီဝက်ခန့် မေ့မျောနေခဲ့ပြီးမှ သတိပြန်ရလာသည်။
“ ဒီကောင့်မှာ ဘယ်လိုသတ္တိများရှိနေလို့ လုမိသားစုဝင်ကို ထိရဲတာလဲ”
လုချန်း ဒေါသထွက်နေသည်။ သူက ဝမ်ချန်းထက် သာသင့်၏။ သို့သော် တဖက်က တစ်ချက်ရိုက်လိုက်ရုံနှင့် သူက သတိမေ့သွားရသည်။
“ ငါ သက်သာတာနဲ့ မင်းကို လာရှာမယ်”
လုချန်းက ကြုံးဝါးသည်။ သူ သက်သာမှ သူ၏ လူများကို လိုက်ရှာခိုင်းရမည်။
ရုတ်တရက် သူ၏ အရှေ့တွင် အမျိုးသမီးများပေးလာသည်။ ထိုထဲမှ အမျိုးသမီးတစ်ယောာက်က ပြောသည်။
“ ခေါင်းလောင်းသံ ကြားတာနဲ့ ဗိုလ်ချုပ်အဆင့်နဲ့ အထက်တိုင်း ခန်းမထဲကို လာကိုလာရတယ်။ နင်က ဘာလို့ မရောက်လာခဲ့တာလဲ”
လုချန်းက အသည်းအသန်ရှင်းပြသည်။။
“ ကျွန်တော် လာဖို့ပြင်နေတုန်း ချောင်းပြီး တိုက်ခိုက်ခံရလို့ပါ”
‘ ချောင်းပြီး တိုက်ခိုက်တယ်ဟုတ်လား၊ ဘယ်သူကလဲ’
သည်နေရာက မြို့အရှင်စံအိမ်ဖြစ်သည်။တစ်ယောက်ယောက်က ချောင်းတိုက်ခိုက်ရဲလျင် အစောင့်များက ငြိမ်နေမည်မဟုတ်ပေ။ ထိုအမျိုးသမီးများက မယုံကြောင်း မြင်သောအခါ လုချန်းက ပြောသည်။
“ ဖြစ်နိုင်တာက အစောင့်တွေကတောင် သတိမထားမိဘဲ တာဝန်ပေါ့လျော့ပြီး…
“ နင်က ငါတို့ကျောက်စိမ်းမိန်းမပျိုကျောင်းတော်က အစောင့်တွေက တာဝန်ပေါ့လျော့တယ်လို့ ပြောတာလား”
လုချန်း အသိဝင်သွားသည်။ သည်နေရာတွင် ရှိသမျှအစောင့်တိုင်းက ကျောက်စိမ်းမိန်းမပျိုကျောင်းတော်မှ ဖြစ်သည်။ သူသာ ပြောလိုက်လျင် အကုန်လုံးကို ၇န်စမိပေလိမ့်မည်။
ထို့အပြင် ထိုကောင်ကို အစောင့်များက မတားကြောင်း သူ မြင်ခဲ့ရသည်။
အကြောင်းမူကား လုယွီက လာစဉ်ကတည်းက မာရှယ်အဆင့် တံဆိပ်ပြားကို ပြထားသောကြောင့်ဖြစ်သည်။ မာရှယ်က ဗိုလ်ချုပ်အား သင်ခန်းစာပေးခြင်းကို သူတို့ မသိချင်ယောင် ဆောင်ရပေမည်။
“ ဘာကြောင့်ပဲဖြစ်ဖြစ် နင် အချိန်မီ မရောက်လာခဲ့တော့ အပြစ်ပေးခံရမယ်”
အမျိုးသမီးက ဓားကို ထုတ်သည်။ လုချန်း၏ တစ်ကိုယ်လုံး အေးစက်သွားတော့သည်။
“ မင်းတို့ ငါ့ကို သတ်လို့မရဘူး၊ ငါက လုမိသားစုကပဲ”
“ ဟမ့် နင့်ကို မာရှယ်က ချမ်းသာပေးတာကို ကျေးဇူးတင်လိုက်စမ်းပါ။ စစ်စတိုက်တာနဲ့ နင်က ရှေ့တန်းကို တာဝန်ယူရမယ်”
လုချန်း မျက်နှာပျက်သွားသည်။ ရှေ့ဆုံးမှ ဦးဆောင်ရသည့် တပ်ရင်းက အသေများသည်။ သို့သော် သူ့တွင် ရွေးစရာမရှိပေ။
အပြစ်ပေးခြင်း ခန်းမ…
အတွင်းမှ အော်ဟစ်သံမျာား ထွက်လာနေသည်။ လုချန်း၏ကိုယ်ကို အတွင်းအား အကာအကွယ်လွှာက ကာကွယ်ထားသည့်တိုင် အပိုင်းပိုင်းဖြစ်မတတ် အရိုက်ခံနေရလေသည်။
အပြင်ဘက်မှ လူတစ်ယောက် အလျင်စလို ဝင်လာသည်။
“ မာရှယ်ရဲ့ အမိန့်၊ ဒီနေ့ကစပြီး လုချန်းကို အဆင့်ချမယ်”
ထို့နောက် လုချန်း၏ ခါးမှ ဗိုလ်ချုပ်တံဆိပ်က အဖြုတ်ခံရပြီး ခေါင်းဆောင်အဆင့် တံဆိပ်ကို တပ်ပေးခံရသည်။အမှတ်တွေကိုလည်း ပြောင်းလဲသွားသည်။ဆိုလိုသည်မှာ စစ်ပွဲမှရမည့် သူ၏ ရမှတ်များက နည်းသွားပေလိမ့်မည်။
“ ဒါတွေအားလုံးက အဲဒိကောင်ကြောင့်ပဲ”
သူ၏မျက်ဝန်းအတွင်း မုန်းတီးမှုကို မြင်နိုင်သည်။ထိုအကောင်ကြောင့်သာ မဟုတ်လျင် သူက အဆင့်မြင့် ဗိုလ်ချုပ်သာ ဖြစ်နေပေလိမ့်မည်။
လုချန်းက ထိုနေရာမှ ဒေါသတကြီးထွက်လာသည်။ သူက လော့ကျန်းနှင့် သိသည်။ ထိုမာရှယ်၏ အကူအညီသာရလျင် အကျိုးအမြတ်များပေလိမ့်မည်။
“ စောင့်နေစမ်းပါ မင်း အခု ငါ့ကို အထင်သေးတယ်၊ အေး တစ်ချိန်မှာ ပြန်မော့ကြည့်ရမယ်”
အပိုင်း ၁၀၃၇
ယွန်လော့ချန်း
လုယွီက မြို့အရှင်စံအိမ်မှ ထွက်ပြီးနောက် မြို့ကို တစ်ပတ်ပတ်ကြည့်သည်။ ရှေ့တန်းနယ်မြေကိုလည်း ဖြတ်သွားသည်။ တစ်နှစ်ပတ်လုံး သည်နေရာတွင် စစ်ဖြစ်နေသဖြင့် ကုန်သည်များကပင် ဆိုင်ဖွင့်ထားကြသည်။
ကုန်သည်များက တစ်ချိန်လုံးသည်နေရာတွင်ရှိနေကြသည်။ ရေခဲနယ်မြေက ခေါင်သဖြင့် လိုအပ်သည့် ပစ္စည်းများသည်။ထို့ကြောင့် ကုန်သည်များထံမှ ဝယ်သည်။မြောက်ပိုင်းနယ်မြေကလည်း လဲလှယ်ရန် ပစ္စည်းများလိုသည်။
တစ်ခဏခန့် စောင့်ကြည့်ပြီးနောက် ပြန်ရန်ဆုံးဖြတ်လိုက်သည်။ သူ၏တပ်ကို လေ့ကျင့်ပေးရဦီးမည်။
“မာရှယ် အားလုံးက စိတ်လှုပ်ရှားပြီး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပါပြီ”
လော့ကျန်းက ပြုံါ်ကာ ပြောသည်။
လော့ကျန်းဆိုလျင်လည်း စိတ်စွမ်းအားဆေးလုံးကြောင့် အဆင့်တက်သွားသဖြင့် အလွန် တက်ကြွနေသည်။ သူ၏ ရာထူးကလည်း ဒုဗိုလ်ချုပ်အဆင့်ရောက်သွားသည်။
သူ ရသည့် အရင်းအမြစ်ကလည်း များသွားသည်။ ယခုဆိုလျင် ရှန်းကျို့ဂိုဏ်းမှ အဆင့်မြင့်သိုင်းတစ်ခုကို ရထားလေသည်။
လုယွီက ပြောသည်။
“ ငါ့ကို မင်းတို့ရဲ့ လေ့ကျင့်ရေးကွင်းကို ခေါ်သွား”
လော့ကျန်းက ခေါင်းညိတ်သည်။ထို့နောက် လေ့ကျင့်ရေးကွင်းဖြစ်သည့် အာကာသပြင်နေရာကို ဖွင့်ပေးသည်။အထဲတွင် တစ်ယောက်ချင်းစီက ကိုယ်ပိုင် ဝင်္ကပါငယ်အသီးသီး ခင်းကျင်းလျက် လေ့ကျင့်နေကြသည်။
လုယွီက မျက်မှောင်ကြုတ်သည်။ ဒီလိုပုံစံက စစ်တပ်မဖြစ်သင့်ပေ။ အားလုံးက တစ်ယောက်ချင်းစီ လေ့ကျင့်နေကြသည်။ သည်လိုပုံစံဖြင့်သာ ရှေ့တန်းရောက်လျင် အကုန် ဒုက္ခရောက်ကုန်လိမ့်မည်။
ယခင်က နယ်သာလောကက ဖရိုဖရဲဖြစ်ပြီး စစ်တိုက်ခဲ့ရချိန်တွင် ယခုလို အခြေအနေဖြစ်နေခဲ့သည်။ထို့ကြောင့် တယွီကောင်းကင်တိုင်းပြည်၏ သေချာလေ့ကျင့်ပေးခံထားရသော ဗိုလ်ချုပ်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
“ သူတို့ကို ချက်ချင်း ရပ်ခိုင်းလိုက်”
လော့ကျန်းက ဝင်္ကပါအလံကြီးကို ရမ်းလိုက်ချိန်တွင် ဝင်္ကပါငယ်တိုင်း၏ အလင်းက မှိန်သွားလေသည်။
“ မင်းတို့ ဒီအတိုင်း လုပ်နေရင် လေထဲ ကျဲလိုက်တဲ့ သဲတွေလို ဖြစ်သွားမှာပဲ”
အားလုံး တောင့်တင်းကုန်ကြသည်။ထိုအထဲတွင် ဗိုလ်ချုပ်နှစ်ယောက်လည်း ပါသည်။ သူတို့က အချင်းချင်း ကြည့်ကာ ပြောလာသည်။
“ မာရှယ် ဘာကိုဆိုလိုတာပါလဲ”
“ မကျေနပ်ဘူးလား၊ မင်းတို့နဲ့ မင်း ငါ့ကို အစွမ်းအထက်ဆုံး တိုက်ကွက်နဲ့ တိုက်ခိုက်”
လုယွီက ဗိုလ်ချုပ်နှစ်ယောက်နှင့်လော့ကျန်းကို ပြောသည်။
ထိုသုံးယောက်လုံး မလှုပ်ကြပေ။ လုယွီက မာရှယ်ဖြစ်သည်အပြင် အဆင့်လွန်အဆင့်ဖြစ်သည်။ သူတို့ မနိင်နိုင်ပေ။
“ မစိုးရိမ်နဲ့ ငါ အတွင်းအားနဲ့ ဘာစွမ်းအားမှ မသုံးဘူး။ မှတ်ထား မင်းတို့ကတော့ အကောင်းဆုံး တိုက်ခိုက်ရမယ်”
လော့ကျန်းက လုယွီဆိုလိုသည်ကို နားလည်သွားသည်။ သူက ချက်ချင်းလိုလို ဓားကို ထုတ်ကာ အပြင်းထန်ဆုံးတိုက်ကွက်ကို ထုတ်ဖော်လျက် လုယွီထံ ခုန်ဝင်လာသည်။ အနောက်မှ ဗိုလ်ချုပ်နှစ်ယောက်ကလည်း ပါသည်။
လုယွီ၏ ပုံရိပ်က ဖျက်ခနဲ လက်သွားလျက် လော့ကျန်း၏အနားသို့ ရောက်သွားသည်။ လုယွီက ချက်ချင်း တိုးကပ်လာမည်ဟု လော့ကျန်းလည်း မထင်ထားပေ။ ချက်ချင်းလိုလို ကြမ်းပြင်တွင် အမှောက်လှဲခံလိုက်ရသည်။ ဗိုလ်ချုပ်နှစ်ယောက်လည်း အလားတူ လဲကျသွားကြသည်။
“ ငါ အခု လော့ကျန်းကို တိုက်ခိုက်တုန်းက ဟာကွက်တွေ အများကြီး ထုတ်ပြထားတယ်။ ဒါပေမဲ့ ကျန်တဲ့ နှစ်ယောက်ဘာလုပ်နေလဲ။ မင်းတို့ကို လာတိုက်မယ့်အချိန်အထိ အတွင်းအားအပြည့်ထုတ်ပြီး စောင့်နေမှာလား ဟမ်”
လော့ကျန်းက ပြောသည်။
“ မာရှယ် ကျွန်တော်က ဂိုဏ်းအသီးသီးလာကြတော့ သိုင်းအမျိုးမျိုးကို သုံးကြတယ်။ အချင်းချင်း နားလည်ဖို့က ခက်ပါတယ်”
“ ငါကလည်း မင်းတို့ အချင်းချင်း နားလည်နေပြီး အပေးအယူမျှနေတဲ့အထိ မမျော်လင့်ပါဘူး။ ငါ အခု ဝင်္ကပါအခင်းအကျင်းတစ်ခု ချပေးမယ်။ ဗိုလ်ချုပ်တွေက အရင် နားလည်အောင်လုပ်၊ ပြီးရင် လက်အောက်ငယ်သားတွေကို လက်ဆင့်ကမ်းပေးလိုက်”
အပိုင်း ၁၀၃၈
လော့ကျန်းတို့သည်လည်း စိတ်ရှုပ်သွားသည့်တိုင် လုယွီထံမှ မှော်စာလိပ်ကို ယူလိုက်ကြသည်။တစ်ချက်ကြည့်ပြီးနောက် အားလုံး မင်သက်ကုန်တော့သည်။
လော့ကျန်းက တုန်ယင်လျက် စိတ်လှုပ်ရှားစွာပြောသည်။
“ မာရှယ် ဒါက တကယ်ပဲ ဝင်္ကပါလား”
သာမန်စစ်တပ်တွင် ဝင်္ကပါပုံစံများစွာရှိသည်။ သို့သော် ဘုန်းတော်ကြီးများအတွက် သင့်တော်သည်က ရှားလေသည်။အကြောင်းမူကား ဘုန်းတော်ကြီးတိုင်းတွင် ကိုယ်ပိုင် မတူကွဲပြားသော အခြေပြုသိုင်းများနှင့် တိုက်ခိုက်ရေး သိုင်းများရှိသောကြောင့်ဖြစ်သည်။အချင်းချင်း နားလည်ရန်ကဲ့သို့သော အချက်များကြောင့် ဝင်္ကပါ၏ လိုအပ်ချက်က မြင့်သည်။
ကျင့်ကြံခြင်းတိုင်းပြည်များတွင်ပင် မပြီးပြည့်စုံသော ဘုန်းတော်ကြီးများအဆင့် ဝင်္ကပါများသာ ရှိသည်။ သို့သော် သူတို့၏ အတွေ့အကြုံဖြင့် စစ်ဆေးမှုအရ သည်ဝင်္ကပါဟာ ပြီးပြည့်စုံနေသည်။
ထိုဝင်္ကပါအခင်းအကျင်းသာ ပျံ့နှံ့သွားလျင် အဖိုးမဖြတ်နိုင်အောင် ထိုက်တန်ပေလိမ့်မည်။ ဒါကို အရယူရန် အင်အားကြီး အဖွဲ့အစည်းကြီးများပင် ရောက်လာနိုင်သည်။
“ မာရှယ် ဒါက တန်ဖိုးကြီးလွန်းပါတယ်”
လုယွီက ပြုံးသည်။
“ ဒါကို သုံးဖို့ ဖန်တီးထားတာ၊ မင်းသာ ငါ့နောက်ကို လိုက်ရင် ဒီ့ထက် အဖိုးတန်တာတွေ ရလာလိမ့်မယ်”
ထိုသိုင်းက အတိတ်အချိန်က မဟာယွီမင်းဆက် စစ်ဌာန၏ အကန့်အသတ်မဲ့သော ဝင်္ကပါများထဲမှ တစ်ခုဖြစ်သည်။သည်သိုင်း၏ လိုအပ်ချက်က သိုင်းဘုန်းတော်ကြီးအဆင့်များ၏ ကျင့်ကြံခြင်းအဆင့်မြင့်ရန် မဟုတ်ဘဲ နားလည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်မှုကောင်းရန် ဖြစ်သည်။
“ မင်းတို့ အကောင်းဆုံး လုပ်နိုင်ဖို့ ငါ ဆယ်ရက်အချိန်ပေးမယ်”
လုယွီက အမိန့်ပေးလိုက်သည်။ ဗိုလ်ချုပ်တိုင်း အလုပ်များသွားတော့၏။
ဆယ်ရက်ဆိုသည် အချိန်က မများပေ။ ဝင်္ကပါ၏ လျှို့ဝှက်ဆန်းကျယ်မှုကို မြင်နိုင်ရန်နှင့် လေ့လာရန်က မလွယ်ပေ။
“ မာရှယ် ဒီနေ့ ဒီမြို့မှာ လေလံပွဲကြီးတစ်ခု ကျင်းပပါလိမ့်မယ်။ ကျွန်တော် ဖိတ်စာလည်း ၇ထားတယ်။ ဒါပေမဲ့ ကျွန်တော် မသွားဖြစ်တော့ဘူးဆိုတော့ မာရှယ်အတွက် ပေးလိုက်ပါရစေ”
လော့ကျန်းက တရိုတသေဖြင့် ကမ်းပေးလာသည်။
သူသည် ဝင်္ကပါကို နားလည်အောင် ကြိုးစားရတော့မည်ဖြစ်လေရာ လေလံပွဲသို့ သွားချိန် မရှိပေ။
လုယွီက ပြောသည်။
“ ငါလည်း ကျင့်ကြံရမယ်”
သူသည်လည်း မအားနေပေ။
လော့ကျန်းက အလျင်စလို ပြောလာသည်။
“ကျွန်တော် ကြားထားတဲ့အတိုင်းဆိုရင် ဒီနေ့ လေလံပွဲမှာ ပစ္စည်းကောင်းတွေ အများကြီး ပါပါလိမ့်မယ်။ ကောလဟာလအရဆိုရင် ကောင်းကင်ဘုံဘုန်းတော်ကြီးရဲ့ အလောင်းတောင် ပါမယ်လို့ ပြောနေကြပါတယ်”
လုယွီ၏ မျက်ဝန်းမှ အလင်းရောင် လက်သွားသည်။ ထိုသို့ဆိုလျင် သူ သွားကြည့်သင့်သည်။
ကြီးကျယ်ခမ်းနားသော ကျောင်းဆောင်….
လေလံပွဲက သည်နေရာတွင် ကျင်းပမည်ဆိုသော သတင်းက လောကအနှံ ပျံ့နှံနေသည်။ ကောင်းကင်ဘုံ ဘုန်းတော်ကြီး၏ အလောင်းကို မြင်နိုင်ရန် လူပေါင်းများစွာ ရောက်လာကြသည်။
လုယွီက လော့ကျန်း၏ ဖိတ်စာကို ပြလိုက်ရာ တရိုတသေ နှုတ်ဆက်ခံရသည်။
“ လတ်စသတ်တော့ ဧည့်သည်တော်က ဗိုလ်ချုပ်လော့ရဲ့ မိတ်ဆွေဖြစ်နေတာကိုး၊ ငါက စုဝေးခြင်း
ရတနာကျောင်းဆောင်ရဲ့ ခေါင်းဆောင်ပါ ၊ကြိုဆိုပါတယ်”
လုယွီလည်း အံ့သြသွားလေသည်။ ကျောင်းဆောင်သခင်ကိုယ်တိုင် လာကြိုမည်ဟု သူ မထင်ထားမိပေ။
တဖက်သူက တစ်ချက် ဂါရဝပြုလျက် ပြောသည်။
“ မိတ်ဆွေရဲ့ မျိုးရိုးနာမည်လေး ပြောပြနိုင်မလား”
“ ၀မ်”
“ ဧည့်သည်တော် ဝမ် ကြိုဆိုပါတယ်။ ဒါနဲ့ ဗိုလ်ချုပ်လော့က ဘာကြောင့် မလာတာလဲဆိုတာ သိခွင့်ရှိမလား”
ထိုခေါင်းဆောင်က လုယွီ၏ အနောက်သို့ကြည့်သည်။ မည်သည့်နောက်လိုက်မှလည်း မပါလာပေ။
လုယွီက ပြောသည်။
“ သူ လုပ်စရာရှိနေလို့ ငါရောက်လာတာပဲ။ “
ခေါင်းဆောင်က ဆက်မမေးရဲတော့ပေ။ သို့သော ်စိတ်ထဲတွင် လုယွီ၏ နောက်ခံကို တွက်ချက်နေလေပြီ။
ရုတ်တရက် အပြင်ဘက်မှ အော်သံ ထွက်လာသည်။
“ သခင်ယွီ”
----
အပိုင်း ၁၀၃၉
ခေါင်းဆောင်က ချက်ချင်း ပြောလာသည်။
“ အရှင်ဝမ်ရဲ့ ခုံက အထူးတန်းအလယ်ခုံပါ။ ငါ့မှာ ဧည့်သည်ရှိနေလို့ ခွင့်ပြုပါဦး “
အပြင်ဘက်မှ အစေခံတစ်အုပ ်ဝိုင်းနေသော လူအိုကြီးတစ်ယောက် ဝင်လာသည်။ထိုသူ၏ မျက်နှာတွင် အပြုံးက ရှိနေသည်။ ထိုသူကို မြင်သည်နှင့် ခေါင်းဆောင်၏ မျက်နှာက တောက်ပသွားသည်။
သခင်ယွီက ပြောသည်။
“ ကောင်းကင်က ဥက္ကာခဲ ပြုတ်ကျလာပြီးမြောက်ပိုင်းနယ်မြေကို ထိသွားတယ်လို့ ကြားနေတာ မမျော်လင့်ထားဘဲ မင်း ယူသွားတာပဲ”
ခေါင်းဆောင်ကလည်း ရယ်သည်။
“ မနောက်ပါနဲ့ သခင်ယွီ၊ တကယ်တော့ မိသားစုကြီးတွေ ပေါင်းပြီး ရောင်းလိုက်ကြတာပါ ငါက ဘယ်လို လုပ်နိုင်စွမ်းရှိပါ့မလဲ”
သူက ထိုသို့ပြောလိုက်သော်လည်း သူ၏ မျက်နှာရှိ အမူအယာက ဖုံးကွယ်ရန် ခက်ခဲလေသည်။ ထိုပိုက်ဆံ ပမာဏက မသေးပေ။
ခေါင်းဆောင်က စကားလမ်းကြောင်း ပြောင်းသည်။
“ သခင်ယွီကိုယ်တိုင်လာပြီး ဘယ်လို ရတနာကိုများ လေလံတင်မလို့ပါလဲ”
“ ဆေးလုံးဆိုတာပဲ ငါ ပြောနိုင်တယ်။ ကျန်တာကိုတော့ ငါ လေ့လံတင်မှ ဆက်ရှင်းပြတာပေါ့”
ထိုလူအိုကြီးက ဂုဏ်ယူစွာဖြင့် မုတ်ဆိတ်ကို ပွတ်နေလေသည်။
ခေါင်းဆောင်လည်း အံ့သြသွားသည်။ထိုလူအိုကြီးကိုယ်တိုင် ရောက်လာကတည်းက ဆေးလုံးက သာမန်မဖြစ်နိုင်တော့ပေ။
….
စုဝေးခြင်း ရတနာကျောင်းဆောင်….
လက်ထောက်များ၏ ဦးဆောင်မှုဖြင့် လုယွီက အဆင့်မြင့် ထိုင်ခုံတန်းသို့ ရောက်လာသည်။ ထိုအတန်းက သည်စံအိမ်၏ အမြင့်ဆုံးသော နေရာဖြစ်သည်။ သည်နေရာမှကြည့်လျင် လေလံအိမ်၏ နေရာတိုင်းကို ရှင်းလင်းစွာ မြင်ရသည်။
“ အရှင်ဝမ် ဒီနေရာပါ”
ထိုလက်ထောက်က လုယွီကို အလွန်လေးစားသော လေသံမျိုးဖြင့် ပြောသည်။ထိုအချိန်တွင် ပတ်ဝန်းကျင်တွင် လူများစွာ ထိုင်နေကြလေသည်။
အများစုက ချမ်းသာသော မိသားစုများမှဖြစ်ကြသည်။အချို့က ခေါင်းဆောင်ကိုယ်တိုင် ဖိတ်ကြားထားသော ကုန်သည်မိသားစုများမှ ဖြစ်သည်။ လုယွီက လူငယ်တစ်ယောက်ဖြစ်သော်လည်း အလယ်တွင် ထိုင်ခွင့်ရထားကြောင်း အားလုံး မြင်လိုက်ရသည်။ ထို့ကြောင့် သူ၏ နောက်ခံကို ခန့်မှန်းကြည့်ကြသည်။
အချိန်တစ်ခု ကြာပြီးနောက် ပတ်ဝန်းကျင်က ဆူညံလာသည်။ခေါင်းဆောင်က သခင်ယွီကို ကိုယ်တိုင် ဧည့်ခံလျက် သည်နေရာကို လိုက်ပို့သည်။ အခြားလူများကလည်း ထကာ နှုတ်ဆက်ကြ၏။
သခင်ယွီက ကျော်ကြားသော ရာဖြတ်ဖြစ်သည်။ သည်နေရာတွင် တိုက်ပွဲက မကြာခဏဖြစ်သည်။ထို့ကြောင့် ကျန်ရစ်သော ပစ္စည်းများက များ၏။ ထိုပစ္စည်းများကို သခင်ယွီက ဆုံးဖြတ်ပေးရလေသည်။
“ သခင်ယွီ ထိုင်ပါ”
ခေါင်းဆောင်က ပြောသည်။ သခင်ယွီကလည်း ယဉ်ကျေးမနေဘဲ ဝင်ထိုင်၏။ ရုတ်တရက် သူက မျက်ဝန်းထောင့်မှ လုယွီကို မြင်သွားပြီး မျက်မှောင်ကြုတ်သည်။
ထိုင်ခုံနေရာအရ ခေါင်းဆောင်က အလယ်တွင် ထိုင်ပြီး သခင်ယွီက ခေါင်းဆောင်၏ ညာဘက်တွင် ထိုင်သည်။ လုယွီကမူ ဘယ်ဘက်တွင် ထိုင်နေ၏။ထိုသို့ဆိုလျင် သူတို့ချင်း အဆင့်တူနေလေသည်။
သခင်ယွီက မေးသည်။
“ ခေါင်းဆောင် သူက….”
“ သူက ဝမ်သခင်လေးပါ၊ တယွီစစ်တပ်က ဗိုလ်ချုပ်လော့ မိတ်ဆက်ပေးထားတဲ့သူပါ”
သခင်ယွီက နှာခေါင်းရှုံ့သည်။
‘ ငါကတော့ ဘယ်သူများလဲလို့၊ ဗိုလ်ချုပ်အဆင့်လောက်က မိတ်ဆက်ပေးထားတဲ့လူဖြစ်နေတာကိုး။ ကျောက်စိမ်းမိန်းမပျို ကျောင်းတော်က ခေါင်းဆောင်တောင် ဒီလောက် မမောက်မာဘူး’’
မတိုင်မီက လူတိုင်းက သူ့အား လာနှုတ်ဆက်နေချိန်တွင် လုယွီက ခပ်တည်တည် ဆက်ထိုင်နေခဲ့သည်။
ခေါင်းဆောင်က ရယ်သည်။
“ သခင်ယွီက လူကြီးပဲ လူငယ်တွေကို စိတ်ထဲ မထားပါနဲ့”
ပြောရလျင် ခေါင်းဆောင်ကိုယ်တိုင်လည်း လုယွီ၏ နောက်ခံကို သိချင်နေလေသည်။ သူက ဗိုလ်ချုပ်လော့နှင့် ရင်းနှီးလိုသော်လည်း နောက်ခံမသိရသော လူငယ်တစ်ယောက်နှင့် မဟုတ်ပေ။
အပိုင်း ၁၀၄၀
“ သခင်ယွီ လေလံပွဲ စပါတော့မယ်။ ရတနာတွေကို ကြည့်ရအောင်”
ခေါင်းဆောင်က အပြုံးနှင့် ပြောသည်။
သခင်ယွီက အေးစက်စွာ နှာခေါင်းရှုံ့လျကက် မျက်လုံးကို မှိတ်ထားလိုက်သည်။ လေလံပွဲ အစပိုင်းတွင် သာမန်ပစ္စည်းများသာ ပါလေသည်။ ထိုပစ္စည်းများက ရှားပါးသော်လည်း ထူးထူးခြားခြား အသုံးမဝင်ပေ။ ထို့ကြောင့် သည်အဆင့်မြင့် အတန်းမှ မည်သူကမျှ တန်ဖိုးမပြောကြပေ။
လုယွီကမူ သဘောကျသော ပစ္စည်းနှစ်ခု သုံးခုခန့်ကို တွေ့ပြီး ဝယ်သည်။
“ သူ တကယ် ဘာမှကို မသိဘူးပဲ”
“ သူ့မျိုးရိုးက လော့တောင် မဟုတ်ဘူး၊ ဗိုလ်ချုပ်လော့ရဲ့ ဆွေမျိုးဖြစ်မှာပေ့ါ၊ အလကား အမှိုက်ပါ၊ တွေ့ရာ လျှောက်ဝယ်နေတယ်”
အခြားလူများက လုယွီကို လှောင်နေကြသည်။လုယွီကလည်း ကြားသည်။ သို့သော် ဂရုမစိုက်ပေ။ သူ၏ အာရုံက အောက်ဘက်ရှိ စင်မြင့်ထံတွင်သာ ရှိနေသည်။ ကောင်းကင်ဘုံ ဘုန်းတော်ကြီး အလောင်းကိုသာ သူ စိတ်ဝင်စားလေသည်။
“ မိတ်ဆွေတို့ အခု လေလံတင်မှာကတော့ သခင်ယွီကိုယ်တိုင် လာပို့တဲ့ ဆေးလုံးပါပဲ”
“ ကောင်းပြီ သခင်ယွီ စကားနည်းနည်းလောက် ပြောခိုင်းလိုက်ရအောင်”
ထိုအခါ လေလံံအိမ်၏ ထောင့်တိုင်းမှ သလင်းတုံးများက လင်းလက်လာကာ သခင်ယွီကို ချိန်ရွယ်လာသည်။ သခင်ယွီက နီရဲသော မျက်နှာဖြင့် ထရပ်ကာ ပြောသည်။
“ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ ဒါက ငါ့မိတ်ဆွေတစ်ယောက်ရဲ့ ဆေးပါ”
အားလုံး သေချာ အာရုံစိုက်ထားကြသည်။ သခင်ယွီကို ကိုယ်တိုင်လာစေကတည်းက သာမန်မဟုတ်နိုင်တော့ပေ။
“ ကျောက်စိမ်းဘူးကို ဖွင့်ပြလိုက်ပါ”
သခင်ယွီက ပြောသည်။
စင်မြင့်ပေါ်မှ စားပွဲထိုးတစ်ယောက်က ကျောက်စိမ်းဘူးကို ဖွင့်လိုက်သည်။ သူ ဘူးကို ဖွင့်လိုက်သည်နှင့် အထဲမှ ဟိန်းသံ ထွက်လာသည်။ ခြိမ်း
ထိုအသံထွက်လာသည်နှင့် အားလုံးက ဝင်သက်ကို ခံစားလိုက်မိကြပြီး အံ့သြသွားကြသည်။
“ ဒါက စိတ်စွမ်းအားဆေးပဲ”
“ကျောက်စိမ်းပုလင်းဘေးက မီးတောက်တွေကို ကြည့်ဦး”
ပုလင်းဘေးတွင် မီးတုတ်တိုင်များ ရှိနေခြင်းဖြစ်သည်။သို့သော် ထိုပုလင်းရှိရာသို့ ညွတ်ကိုင်းကျနေသည်မှာ ဦးညွှတ်ခစားနေသည့်အလား ထင်ရသည်။ထိုအခိုက် ပုလင်းထဲမှ ရွှေရောင် ဆေးတစ်လုံးက ခုန်ထွက်လာသည်။ ဆေးလုံးထွက်လာသည်နှင့် ကျောင်းဆောင်၏ အထက်ကောင်းကင်တွင် တိမ်စိုင်များစွာ စုစည်းလာလေသည်။
အထူးတန်းမှ လူအများပင် သိချင်စိတ် ပြင်းပြလာကြသည်။
“ ဒီအဆင့်အရ သာမန်စိတ်စွမ်းအားဆေးတွေ လုပ်နိုင်တာ မဟုတ်ဘူးပဲ”
“ ငါ စိတ်စွမ်းအားဆေးတွေမြင်ဖူးပါတယ်၊ ဒါပေမဲ့ ဒီဆေးလောက်တော့ အဆင့်မမြင့်ဘူး”
“ သခင်ယွီ ခင်များ ဘာလို့ ဆေးကို မိတ်မဆက်ပေးတာလဲ”
ခေါင်းဆောင်က အပြုံးနှင့် ပြောသည်။
သခင်ယွီက ပြုံးသည်။
“ ငါ့အထင် ဒါက အဆင့်မြင့် စိတ်စွမ်းအင်ဆေးပဲ။ဆိုတော့ ဧကရာဇ်အဆင့် ဆေးဖြစ်လောက်တယ်”
ခေါင်းဆောင်လည်း မျက်လုံး ပြူးသွားသည်။
“ ဒါဆို ဘယ်သူက ဖော်စပ်ခဲ့တာလဲ”
သူက အလျင်စလို မေးသည်။
သခင်ယွီက မုတ်ဆိတ်ကို ဂုဏ်ယူစွာ ပွတ်လျက် ပြောသည်။
“ သခင်ဝမ်ချန်းပဲ။ “
ခရက်
တစ်စုံတစ်ယောက်၏ လက်ထဲမှ ဖန်ခွက်က ကျကွဲသွားသည်။အားလုံးက လုယွီကို ကြည့်လာကြသည်။
“ ဆက်ပြောပါ”
“ဆရာသခင်ဝမ်ချန်းကပဲ ဒီလို ဖော်စပ်ခဲ့တာ။ သူက ငယ်ရွယ်ပေမဲ့ ပါရမီထူးတယ် ၊ ငါက သူ့ကိုယ်စား ယူလာခဲ့ပေးတာပဲ”