အခန်း (၁၀၄၁-၁၀၄၅)
Vol. 55 Ch. 1041-1045
အပိုင်း ၁၀၄၁
“ ဆရာသခင် ဝမ်ချန်းက တကယ်တော်တယ်။ သူက ငယ်သေးပေမဲ့ ထူးချွန်တယ်။ဒါပေမဲ့ အတွေ့အကြုံက လိုအပ်သေးတော့ ကုန်သည်တွေဆီကနေ အလှည့်စားခံရတော့မလို ဖြစ်ခဲ့တာ။ ဒါပေမဲ့ ငါနဲ့ ဆုံပြီး ကူညီပေးနိုင်ခဲ့တယ်။ သူက ပြန်ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီဆေးပေးလိုက်တာပဲ။ ကဲ ငါ့ကို ကူညီပြီး လေလံဆွဲပေးကြပါဦး”
ဆွေးနွေးပွဲက ပြင်းထန်သွားသည်။ ဆရာသခင်ဝမ်ချန်းဆိုလျင် အမှားမရှိနိုင်ပေ။ သူက တန်ဆေး အစည်းအဝေးပွဲတွင် အနိုင်ရခဲ့ပြီး ချူအိမ်တော်တွင် အဆင့်မြင့် ဆေးဖော်စပ်နိုင်ခဲ့သည်။
ခေါင်းဆောင်က စိတ်လှုပ်ရှားစွာ မေးသည်။
“ ဒါဆိုရင် သိနားလည်တဲ့ သခင်ယွီကပဲ ဆေးရဲ့သက်ရောက်မှုှုကို ပြောပြပေးပါဦး”
သခင်ယွီက ပြောသည်။
“ ခင်များတို့လည်း လုစံအိမ်က ဘိုးဘေးက တံခါးပိတ်ကျင့်ကြံပြီးလို့ ထွက်လာရင် အဆင့်တက်ရောက်တော့မှာကို သိတယ် မဟုတ်လား”
ခေါင်းဆောင်အပါအဝင် လူတိုင်းနီးပါး ခေါင်းညိတ်ကြသည်။ထိုအကြောင်းအရာကို မြောက်ပိုင်းနယ်မြေ တစ်ခုလုံး သိကြသည်။
“ ဆရာသခင်ဝမ်ချန်းရဲ့ ဆေးလုံးက လုဘိုးဘေးအတွက်ပဲ။ ဒါပေမဲ့ လုမိသားစုက တန်နတ်ဘုရားကလည်း ဖော်စပ်နို်င်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ ဒါကြောင့် သူက ဒီအတိုင်း လေလံတင်ဖို့ ပေးလိုက်တော့တာပေါ့”
“ ဒီဆေးလုံးက လုဘိုးဘေးကိုတောင် အဆင့်တက်ရောက်စေနိုင်မှတော့ သက်ရောက်မှုကို ငါ ပြောဖို့ လိုတော့မယ် မထင်ဘူး”
“ ခင်များတို့အားလုံးရဲ့ အိမ်တော်မှာ အစွမ်းအထက်ဆုံးအဆင့်တစ်ယောက် ရှိနေမှသာ မြောက်ပိုင်းနယ်မြေမှာ အဆင့်အမြင့်ဆုံး ရပ်တည်နေနိုင်လိမ့်မယ်။ ခင်များတို့ ဒါကို နားလည်ကြတာပဲ”
သခင်ယွီက အာမခံလိုက်သည်။
အားလုံး စိတ်လှုပ်ရှားသွားကြ၏။ သူတို့ကိုယ်တိုင် သောက်လျင်လည်း ရသလို အိမ်တော်မှ အစွမ်းအထက်ဆုံး လူကိုလည်း တိုက်နိုင်လေသည်။ ထိုသို့ဆိုလျင် သူတို့၏ အိမ်တော်မှ အင်အားက တိုးတက်လာပေလိမ့်မည်။
“ ကြမ်းခင်းစျေး စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်း၊ စရအောင်”
သခင်ယွီက အပြုံးနှင့် ပြောသည်။
“ သန်းနှစ်ဆယ်”
“ သန်းသုံးဆယ်”
“ ငါ သန်းငါးဆယ် ပေးမယ်၊ ဘယ်ကောင် လာလုရဲလဲ”
“ သန်းခြောက်ဆယ ်ပေးတယ်ကွာ”
ကုန်သည်များက အသည်းအသန် လုကြတော့သည်။
လုယွီကမူ ခေါင်းသာခါနေလေသည်။ သူ၏ နာမည်သုံးပြီး လိမ်စားသူ ရှိနေမည်ဟု မထင်ထားမိပေ။ ထိုဆေးလုံးက ဧကရာဇ်အဆင့်ဆေး မဟုတ်ဘဲ အပြင်ဘက်တွင် ထိပ်တန်းအဆင့် ဝင်္ကပါကသာ ဖုံးအုပ်ထားခြင်းဖြစ်သည်။ အပြင်ဘက်ရှိ ရွှေရောင်အစား အတွင်းတွင် အမည်းရောင်သာ ရှိ၏။
လုယွီက အော်လိုက်သည်။
“ သခင်ယွီဆိုတဲ့လူ ငါ စိုးရိမ်တာက ဒါကို ဝမ်ချန်း ဖော်ထားတာ မဟုတ်မှာကိုပဲ”
သခင်ယွီက လန့်သွားပြီးမှ ပြောသူက လုယွီဖြစ်ကြောင်း မြင်ပြီး ပြန်အော်သည်။
“ မင်းလို ကောင်က ဘာသိလို့လဲ၊ ဒီဆေးကို ဆရာသခင် ဝမ်ချန်း ကိုယ်တိုင် ဖော်ထားတာကွ၊ မင်းက ဘာနားလည်မှာလဲ”
ခေါင်းဆောင်ကလည်း ပြောသည်။
“ အရှင်ဝမ် ဝင်မပြောပါနဲ့”
လုယွီ ခေါင်းသာ ခါလိုက်တော့သည်။ ထိုအဆင့်ဆေးက အများဆုံးမှ စိတ်ဝိဉာဉ်ကျောက်တုံး သိန်းဂဏန်းသာ ကုန်ကျလေသည်။
ရုတ်တရက် အရိပ်တစ်ခု ပေါ်လာကာ ဆေးကို .ယူသည်။ထို့နောက် ထွက်ပြေးသွား၏။
အပိုင်း ၁၀၄၂
“ သူခိုးတွေ”
ခေါင်းဆောင်က ဒေါသတကြီး အော်ပြီး စားပွဲကို ရိုက်ချသည်။
“ အားလုံးပဲ ငါနဲ့အတူ လိုက်ဖမ်းကြစမ်း”
သူ၏ စုဝေးခြင်းရတနာ ကျောင်းဆောင်က ယွန်လော့မြို့တွင် ကျော်ကြားသော လေလံအိမ်ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်ပေါင်းများစွာကို ပိုင်ဆိုင်ထားသည်။ ထိုကြောင့် နေရာတိုင်းမှ ဘုန်းတော်ကြီးပေါင်း များစွာ ထွက်လာကာ သူခိုးများနောက်သို့ လိုက်ဖမ်းကြတော့သည်။
ထိုဘုန်းတော်ကြီးများက အလွန်မြန်သည်။လေထဲတွင်ပင် လိုက်မီသွားလျက် ဝိုင်းလိုက်ကြတော့သည်။
“ သူခိုးကောင် ဆေးလုံး ပြန်ပေးစမ်း”
ဆေးကို ယူသွားသူမှာ အနက်ရောင် ဝတ်စုံဝတ်ထာားပြီး ကောက်ရိုးဦးထုပ် ဆောင်းထားသည်။ အနောက်မှ ဘုန်းတော်ကြီးတစ်ပါး၏ အော်သံကြားသောအခါ နှာခေါင်းသာ ရှုံ့လျက် ဆက်လက် ထွက်ပြေးသွားသည်။
“ သေစမ်း”
ဘုန်းတောာ်ကြီးများ အားလုံးက အတွင်းအားများ ထုတ်ဖော်ကာ တိုက်ခိုက်လိုက်ကြသည်။ပြင်းထန်သော စွမ်းအားပေါင်းများစွာကို ထိုလူူ့အနား ကပ်သွားသည်။သို့သော် ထိုလူက ရုတ်တရက် နောက်လှည့်ကာ ရေခဲစွမ်းအားလုံးဖြင့် ပစ်ပေါက်သည်။
ထိုစွမ်းအားလုံးက လေထဲတွင်ပင် ပေါက်ကွဲသွားသည်။ သတိလက်လွတ်ဖြစ်သွားသော ဘုန်းတော်ကြီးများက စွမ်းအားများဖြင့် ရိုက်ခတ်ခံံရပြီး အောက်သို့ ပြုတ်ကျလျက် သွေးအန်လိုက်ရသည်။
“ ငါ့ကို တားရဲတယ္”
ထို့နောက် ထိုလူက ဆက်ပြေးသည်။
ထိုအချိန်တွင် လေထဲတွင် ထူးဆန်းသော စွမ်းအားက ပျံံ့နှံ့လာသည်။
အမျိုးသမီးတစ်ယောက်၏ အေးစက်သော အသံက ပြန့်လာသည်။
“ ဆရာသခင်ချန်း ငါ့ရဲ့ ယွန်လော့ချန်းကိုတောင် လာပြီးမှတော့ ဒီအတိုင်း ထွွက်သွားတော့မလို့လား”
အနက်ရောင် ဝတ်စုံနှင့်လူ၏ အရှေ့တွင် အလွန်လှပသော နန်းဝတ်နန်းစားနှင့် မိန်းမတစ်ယောက် ပေါ်လာသည်။ သူမက ဓားကို ကိုင်ထား၏။ သူမ၏ မျက်နှာက အေးစက်နေသည်။
အနက်ရောင် ဝတ်စုံနှင့် လူက ရယ်သည်။
“ သုန့်ဝမ်ကျင်း မင်း အစ်မလာတာ မဟုတ်ရင် မင်း ငါ့ကို မတားနိုင်ဘူး”
“ ငါ ဒီမြို့မှာ မရှိဘူးလို့ ဘယ်သူပြောလဲ”
အနက်ရောင် ဝတ်စုံနှင့် လူ၏ အနောက်မှ အသံထွက်လျက် မိန်းမတစ်ယောက် ပေါ်လာသည်။
လက်ရှိအချိန်တွင် အလွန်လှပသော ကျောက်စိမ်းမိန်းမပျို ကျောင်းတော်မှ အမျိုးသမီးနှစ်ယောက် ရောက်နေလေသည်။ လေထဲတွင် သတ်ဖြတ်လိုစိတ်က ပြင်းထန်လာသည်။
ထိုလူက အလွန် အံ့သြသွားသည်။
“ သုန့်ဝမ်ယွဲ့ မင်း နယ်စပ်ကို သွားတာ မဟုတ်ဘူးလား”
သူမ မြို့တွင် မရှိဟူသော သတင်းရသဖြင့်သာ သူ လာရဲခြင်းဖြစ်သည်။
သုန့်ဝမ်ယွဲ့:” ငါ့အနားမှာ သူလျိုတွေ လွှတ်ထားတာကို ငါက မသိဘူး ထင်လို့လား”
“ ဘာပဲဖြစ်ဖြစ် ငါ့မှာ အလုပ်ရှိသေးလို့ ခွင့်ပြုပါဦး”
ထိုသူက ထိုသို့ပြောပြီးသည်နှင့် မြားတစ်စင်းကဲ့သို့ လျင်မြန်စွာဖြင့် သုန့်ဝမ်ကျင်းကို ကျော်ဖြတ်လျက် ထွက်ပြေးသွားလေသည်။
“ နင် သွားလို့ရမယ်ထင်လား”
သုန့်ဝမ်ယွဲ့ကလည်း အနောက်မှ လိုက်သည်။
အဖြစ်အပျက်ကို အောက်ဘက်မှ လူများက ရှင်းလင်းစွာ မြင်လိုက်ရလေသည်။
ခေါင်းဆောင်က ပြောသည်။
“ အစွမ်းအထက်ဆုံး ဆေးလုံးက အလုခံလိုက်ရပြီ”
ခေါင်းဆောင်က ပြန်တောင်းပန်သည်။
“ သခင်ယွီ ဒီအတွက် ကျွန်တော် တကယ် တောင်းပန်ပါတယ်”
သခင်ယွီက အံ့သြမှုမှ အသိဝင်လာဟန်ဖြင့် ပြောသည်။
“ ထားလိုက်ပါလေ ငါတို့ကြားက ရင်းနှီးမှုှုနဲ့ဆိုရင် ဆရာသခင်ဝမ်ချန်းက ဘာမှပြောမှာ မဟုတ်ပါဘူး”
လူတိုင်း သူ့အား မနာလိုဖြစ်သွားကြသည်။
သခင်ယွီက ရုတ်တရက် ပြောသည်။
“ ဟုတ်သားပဲ မင်းဆီမှာ ကောင်းကင်ဘုံ ဘုန်းတော်ကြီးရဲ့ အလောင်းရှိတယ်ဆိုပဲ ငါတို့ကို ထုတ်ပြပါဦး”
ခေါင်းဆောင်က အနားရှိ လူတစ်ယောက်ကို မျက်စိမှိတ်ပြလိုက်သည်။ ထိုအခါ စင်မြင့်က ပြန့်ပြူးသွားပြီး အခေါင်းတစ်ခု ပေါ်လာ၏။
ခေါင်းဆောင်က ခေါင်းခါလျက် ပြောသည်။
“ဒီအလောင်းကို မြောက်ပိုင်းနယ်မြေရဲ့ ကလန်ငယ်တစ်ခုက ၇ခဲ့တာ။ ဒါပေမဲ့ သူတို့ ဘာမှ ရှာမတွေ့ခဲ့ကြဘူး။ ဆိုတော့ အားလုံးပဲ စစ်ဆေးကြည့်လို့ရအောင် ဖိတ်ခေါ်လိုက်တာပါ။ နှမြောစရာက ရာဖြတ်တွေကတောင်မှ ဘာမှ ရှာမတွေ့ခဲ့ကြဘူး”
အပိုင်း ၁၀၄၃
သခင်ယွီက ပြောသည်။
“ မင်းတို့ လေလံအိမ်မှာက သာမန်လူတွေပဲရှိတော့ ဘယ်မြင်နိုင်ပါ့မလဲ”
သူက သူ့အမြင်သူ ယုံကြည်မှုရှိသည်။ သူက ထိုလူများထက်သာသည်ဟု ထင်၏။ သိပ်မကြာခင်မှာပင် သခင်ယွီက ရိုသေစွာဖြင့် စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ခံရတော့သည်။သူနှင့်အတူ မျိုးနွယ်အသီးသီးမှ မိသားစု ခေါင်းဆောင်များလည်း ပါသွားသည်။
သခင်ယွီက လုယွီရှိရာဘက်သို့ကြည့်လျက် ပြောသည်။
“ အချို့လူတွေက ဘာမှမြင်နိုင်တာ မဟုတ်တော့ ခေါ်လာလည်း အလကားပဲ။ ငါ့အတွက ်အနှောက်အယှက်ဖြစ်တယ်”
ရှင်းလင်းစွာပင် သူက လုယွီအား လိုက်မလာစေချင်ပေ။ ခေါင်းဆောင်ကလည်း နားလည်သဖြင့် လုယွီကို တောင်းပန်သလို ကြည့်လာသည်။
“ တောင်းပန်ပါတယ် အရှင်ဝမ် ဒီနေရာပဲ ခဏလောက် ထိုင်နေရစ်ခဲ့ပါ”
“ ၇တယ္”
လုယွီက ပေါ့ပါးစွာ ပြောသည်။ သူ၏ မြင်နိုင်စွမ်းနှင့်ဆိုလျင် သည်နေရာတွင် နေလျင်ပင် အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်လေသည်။
သခင်ယွီက လူတိုင်း၏ အကြည့်အောက်တွင် စင်မြင့်ပေါ်သို့ တက်သွားသည်။ သူ၏ အနားရှိကောင်လေးက အခေါင်းအဖုံးကို ဖွင့်သည်။ အထဲရှိ လူက ကြည့်ကောင်းသော ရုပ်ရည်မရှိသည့်အပြင် တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာများက ဗလပွရှိနေလေသည်။
“ ဒီအလောင်းက ဥက္ကခဲနဲ့အတူ ပါလာခဲ့တာပဲ။ ပေါက်ကွဲသွားမှာစိုးလို့ ငါတို့ မကြည့်ရဲခဲ့ဘူး””
ခေါင်းဆောင်က ရှင်းပြသည်။
သခင်ယွီက ပြော၏။
“ ကိစ္စမရှိဘူး၊ ငါ ကြည့်ကြမယ် သူက ကောင်းကင်ဘုံံကများ ဖြစ်နေမလား”
ထိုအလောင်းကသာ ကောင်းကင်ဘုံမှဆိုလျင် သူတို့မသေခင် ပိုင်ဆိုင်ခဲ့သော သိုင်းများနှင့် ကျင့်ကြံခြင်းဖြတ်လမ်းများ ရှိနေနိုင်သည်။ထိုအရာများက အလွန် အဖိုးတန်၏။
သူက စစ်ဆေးရုံသာမကလေဘဲ ထိုအလောင်း၏ အရေပြားကို မီးဖြင့်ရှို့သေးသည်။အချိန်ကြာလာသည့်အခါ သူ၏ မျက်မှောင်က ကြုတ်သထက် ကြုတ်လာသည်။ထို့နောက် သူက အလောင်းကို ပြန်ချထားကာ ပြောသည်။
“ မင်းတို့ မှားနေပြီ၊ သူက ကောင်းကင်ဘုံက မဟုတ်ဘူး သေမျိုးတစ်ယောက်ပဲ”
သခင်ယွီက ဆုံးဖြတ်လိုက်သည်။ အားလုံး အံ့သြကုန်၏။
သခင်ယွီက သက်ပြင်းချကာ ရှင်းပြသည်။
“ ကောင်းကင်ဘုံက ဘုန်းတော်ကြီးအဆင့်မဟုတ်ရင်တောင် သူတို့ရဲ့ကိုယ်က ရွှေသားအတိပြီးလို့ မီး မလောင်မြိုက်နိုင်ဘူး၊ အခုကြည့်ပါဦီး ဒဏ်ရာတွေကလည်း အပြည့်ပဲ၊ မီးလည်း လောင်နိုင်တယ်။ ငါတို့လို ဘုန်းတော်ကြီးတွေတောင် မကဘူး အဆင့်နိမ့်ကျင့်ကြံသူတွေတောင် သတ်လို့ရတယ်”
ခေါင်းဆောင်လည်း မသိဝင်သွားသည်။ထိုအလောင်းက သာမန်သေမျိုးဖြစ်နေသဖြင့်သာ သူတို့က သိုင်းများသုံးကာ စစ်ဆေးရာတွင် ဘာမျှ ရှာမတွေ့ခဲ့ခြင်းဖြစ်လောက်သည်။ အကြောင်းမူုကား ဘာသိုင်းမှမတတ်သောကြောင့်ဖြစ်သည်။
“ အကဲဖြတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ယွီ အကဲဖြတ်ခကို နောက်မှ ပို့ပေးလိုက်ပါ့မယ်”
သခင်ယွီသည် ကျော်ကြားသော ရာဖြတ်ဖြစ်သည်။ ရာဖြတ်ပေးသည့် ပစ္စည်းက တန်ကြေးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဝန်ဆောင်ခကို ပေးရသည်။
သခင်ယွီက ကျေနပ်စွာ ခေါင်းညိတ်သည်။
“ ဒီစကားတွေကို ငါ မင်းကို ပြောတာ၊ ရောင်းတာ မရောင်းတာက မင်းအပိုင်းပဲ”
ဒါက ဉာဏ်ရှိသော ဆုံးဖြတ်ချက်ဖြစ်သည်။ အောက်ဘက်ရှိ လူအများကမူ ၇လဒ်ကကို စောင့်ဆိုင်းနေလေပီ။
“သခင်ယွီက အကဲဖြတ်ပြီးပြီဆိုတော့ မင်းတို့ လေလံ စဆွဲနိုင်ပြီ”
“ ငါ ကြမ်းခင်းစျေး အဆင့်မြင့်စိတ်ဝိဉာဉ်ကျောက်တုံး သန်းတစ်ရာပေးတယ်”
“ငါ သန်းနှစ်ရာပေးမယ် ဘယ်သူ လာလုရဲသလဲ”
ထိုအခိုက် လုယွီက ရုတ်တရက် ထအော်သည်။
“ သန်းငါးရာပေးမယ်”
အပိုင်း ၁၀၄၄
ထိုစျေးနှုန်းအထိ တိုးမြင့်ပြီးသည်နှင့် လေလံအိမ်က တိတ်ဆိတ်သွားလေသည်။ နောက်ဆုံးတွင် ကုန်သည်တစ်ယောက်က လက်မခံလိုဘဲ ပြောသည်။
“ ငါ သန်း၅၅၀ပေးမယ်”
“ တစ်ဘီလီရမ် “
လုယွီက ချက်ချင်း အော်သည်။
သူ စတင်လှုပ်ရှားသည်နှင့် လူတိုင်းက သူရှိရာဘက်သို့ ကြည့်လာကြသည်။ သူ ထိုင်နေသော နေရာက ရှင်းလင်းသဖြင့် လူတိုင်း သူ့အား ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူနှင့်အတူ စျေးပြိုင်ပေးမည့်လူများပင် မသေချာတော့ပေ။
“ သေချာပေါက်ကို ပျက်ဆီးနေတဲ့ သခင်လေးပဲ”
“ကံကောင်းလို့ ငါတို့ကို အကြံပေးမယ့် သခင်ယွီရှိနေလို့သာပေါ့၊ သူကတော့ ဘာမှလည်း မသိနားမလည်ဘဲ ပိုက်ဆံပဲ ထိုင်ဖြုန်းနေမယ့်လူပဲ”
စင်မြင့်အနားမှ အခြားသော မျိုးနွယ်များမှ ခေါင်းဆောင်များကလည်း နှာခေါင်းရှုံ့ကြသည်။ သူတို့ကလည်း သခင်ယွီ အကဲဖြတ်ပြသည်ကို ကြားခဲ့ရသည့်အတွက် အကြောင်းစုံ သိပြီးလေပြီ။ ဒါက သေမျိုးတစ်ယောက်၏ အလောင်းမျှသာ ဖြစ်သည်။ဥက္ကာခဲကျလာချိန်တွင် အနားတွင် ရှိနေသဖြင့်သာ အတူရော ကျလာခြင်းဖြစ်လောက်သည်။
သူက ဒါကို ရတနာထင်ပြီးး လိုချင်နေဟန်ရသည်။ ထို့အပြင် ထိုလူငယ်က သူ၏ မိသားစုမှ မဟုတ်လေရာ သတိမပေးချင်တော့ပေ။
လုယွီကလည်း မည်သူမျှ စျေးမပေးတော့ကြောင်း မြင်လိုက်သည်။ထို့ကြောင့် ခေါင်းဆောင်ကိုသာ ကြည့်ကာ ပြောလိုက်သည်။
“ ဘယ်သူမှ ထပ်မတိုးတော့ဘူးဆိုတော့ ဒါကို ငါ ရပြီလား”
ခေါင်းဆောင်က ကြောင်သွားပြီးနောက် ပြောသည်။
“ အရှင်ဝမ်က တကယ် သဘောကောင်းတာပဲ။ အခု ဘယ်သူကမှလည်း စျေးပြိုင်မပေးတော့ဘူးဆိုတော့ အရှင်ဝမ့် အပိုင်ပါပဲ”
သခင်ယွီကမူ နှာခေါင်းရှုံ့နေသည်။ ပစ္စည်းက ရောင်းထွက်သွားပြီဖြစ်ရာ သူနှင့် မသက်ဆိုင်တော့ချေ။ထို့ကြောင့် သူက ပြောလိုက်သည်။
“ ငါ မင်းကို သတိပေးရဦးမယ်၊ ဒါက ကောင်းကင်ဘုံ ဘုန်းတော်ကြီး မဟုတ်ဘဲ သာမန် လူသားသေမျိုး တစ်ယောက်ပဲ။ မင်း အိမ်ပြန်ယူသွားပြီး လေ့လာလည်း အသုံးမဝင်ဘူး”
သူ၏ အသံက ခန်းမတစ်လျှောက် ပျံ့နှံ့သွားသည်။ ယခင်က လေလံဝင်ဆွဲခဲ့သူတိုင်း အံ့သြသွားကြသည်။
‘ ဘာ ကောင်းကင်ဘုံ ဘုန်းတော်ကြီး မဟုတ်ဘူးလား’
သို့ရာတွင် ချက်ချင်းလိုလို ပြန်သတိရသွားသည်မှာ ခေါင်းဆောင်က ထိုအကြောင်းအရာကို သတိမပေးခဲ့ခြင်းကို ဖြစ်သည်။
လုယွီက ပြောသည်။
“ အင်း ငါ သိတယ်”
‘ဘာ မင်း သိရင် ဘာလို့ ဝယ်ခဲ့လဲ’
အများစုကမူ လုယွီကို သဘောမကျတော့ပေ။
“ ငါသာ သူ့မိသားစုက လူကြီးဆိုရင် သူ့ကို အိမ်တော်က မောင်းထုတ်လိုက်ပြီ”
အိမ်တော်စု ခေါင်းဆောင်တစ်ယောက်က သဘောမကျစွာ ပြောသည်။
သခင်ယွီက နှာခေါင်းရှုံ့သည်။
“ အိုး ဒါဆိုရင် မင်းက ဘာလို့ ဝယ်ခဲ့သေးလဲဆိုတာကို ငါ နားမလည်လို့ ရှင်းပြပါဦး”
သခင်ယွီကမူ မယုံပေ။ ထိုကောင်လေး စိတ်ထဲတွင် သောကများနေလောက်လေပြီ။
လုယွီကလည်း တဖက်လူ၏ အတွေးကို သိသည်။
“ တန်ဖိုးမရှိဘူးလို့ ခင်များ ပြောခဲ့တာ”
လေလံအိမ်က တန်ဖိုးအရှိဆုံး ပစ္စည်းကို ရပြီးဖြစ်သဖြင့် ပြန်သင့်လေပြီ။ ခြေလှမ်းစပြီးသည်နှင့် စင်မြင့်ပေါ်သို့ ချက်ချင်း ရောက်သွားကာ သိုလှောင်အိတ် တစ်အိမ်ကို ပစ်ပေးလိုက်သည်။
“ ဒီမှာ တစ်ဘီလီရမ် ရေလိုက်”
ခေါင်းဆောင်က ဝမ်းသာအားရ ယူကာ ရေတွက်သည်။
“ ပြည့်တယ်”
လုယွီက ထိုမျှများပြားသော ပမာဏကို တစ်ခါတည်း ထုတ်ပေးနိုင်သည်။ ခေါင်းဆောင်နာယွန်ကိုယ်တိုင်ပင် ထိုသို့ မလုပ်နိုင်ပေ။
လုယွီက အခေါင်းကို ထိလျက် ယူသိမ်းတော့မည့်အချိန်တွင် သူ၏ အရှေ့သို့ သခင်ယွီ ရောက်လာသည်။
“ အရှင်ဝမ် ငါတို့ အားလုံး သိချင်နေတယ်၊ ဒီလို အသုံးမဝင်တဲ့ ပစ္စည်းကို ဘာလို့ စိတ်ဝိဉာဉ်ကျောက်တုံးတွေ အများကြီးသုံးပြီး ဝယ်ချင်နေတာလဲ”
အပိုင်း ၁၀၄၅
သူ၏ ဆေးလုံးကို အတုဟုပြောခဲ့သည့်အတွက် သခင်ယွီက လုယွီကို အလွန်မုန်းသည်။ ထိုဆေးကို သူကိုယ်တိုင် ကြံစည်ထားခြင်းဖြစ်သည်။သူ အကြံအောင်လျင် ရေခဲနယ်မြေသို့ ထွက်ပြေးရန် ပြင်ဆင်ထားပြီးဖြစ်သည်။
သူ အကြံအောင်ခါနီးမှ လုယွီက ဆေးက အတုဟု ပြောလာသည်။
‘ကောင်လေး မင်း ၇န်မစသင့်တဲ့သူကို ၇န်စမိတာကိုပဲ အပြစ်တင်လိုက်တော့’
သခင်ယွီက သူ့အား အလွန်မုန်းတီးသည်။
“ ဒါ တန်ကြေးမရှိတာ သေချာလား”
လုယွီက ခေါင်းသာ ရမ်းနေသည်။
“ ဒါက သေမျိုးအလောင်းပဲလေ။ တစ်ဘီလီရမ် တန်ရင်တောင်မှ သေမျိုး အလောင်းပဲ”
သူ၏ အသံ ထွက်သွားသည်နှင့် အောက်ဘက်တွင် ပွက်လောရိုက်တော့သည်။
“ဒါအနီးကပ် သတ်တာပဲ။ အဲဒိအရူးကောင်လေးကြောင့်သာ မဟုတ်ရင် မမျှတတဲ့နှုန်းနဲ့ သေမျိုးအလောင်းကို ဝယ်မိတော့မှာ”
“ ဒီအရူးကောင်လေးတော့ ဒုက္ခပါပဲ။ သူတော့ ပြန်သွားရင် လူကြီးတွေ ရိုက်တာ ခံရတော့မယ်။ “
လုယွီလည်း သက်ပြင်းချသည်။ အဆင့်နိမ့်နယ်မြေက လူများပင် မဆိုထားဘိ အဆင့်မြင့်နယ်မြေတွင်ပင် ရှေးခေတ်တယွီပြည်မှ လူမဟုတ်လျင် မသိနိုင်ပေ။
“ ကောင်းပြီ ဒါဘာလဲဆိုတာ မင်းတို့ကို ပြမယ်”
ထိုသို့ပြောပြီးသည်နှင့် လုယွီက အခေါင်းထဲမှ အလောင်းကို ဆွဲထုတ်လိုက်သည်။ထို့နောက် မျက်ခုံးကို လက်ဝါးဖြင့်ရိုက်သည်။ထိုလက်ဝါးတွင် ရွှေရောင်အလင်းများ လက်နေလေသည်။
ဝုန်း
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မျက်ခုံးကြားတွင် ရွှေရောင် သင်္ကေတတစ်ခု ပေါ်လာသည်။
“ ကောင်းကင်ဘုံရဲ့ အမိန့်နဲ့ မင်းကို နတ်ဘုရားစွမ်းအား ပေးမယ်”
လုယွီက အမိန့်ပေးသည်။
“ ထစမ်း”
ကလစ်
ကလစ်
ကလစ်
ကလက်
ကလက်
အလောင်းထံမှ စက်သံများ ထွက်လာသည်။ ရပ်နေသော စက်က အသက်ဝင်သွားသကဲ့သို့ ပြင်းထန်သည့် အရှိန်အဝါများကို လွှတ်ထုတ်လာသည်။
ခြိမ်း
ထို့နောက် အခေါင်းကပင် ပေါက်ကွဲသွားသည်။ ထိုလူက ရုတ်တရက် မျက်လုံးဖွင့်လာလျက် လေထဲတွင် မတ်တပ်ထရပ်သည်။
“ ဘယ်လိုဖြစ်ပြီး အလောင်းကြီးက မတ်တပ်ထရပ်နေတာလဲ”
“ သခင်ယွီ ဒါ…ဒါက ဘယ်လိုဖြစ်တာလဲ”
သခင်ယွီကိုယ်တိုင်လည်း ပါးစပ်အဟောင်းသားဖြစ်နေလေသည်။
ထိုရွှေရောင်လူသားက ရုတ်တရက် လုယွီကို မြင်သွားပြီး ဒူးတဖက်ထောက် ထိုင်ချကာ ရိုကျိုးစွာ ပြောသည်။
“ ငါ့အရှင် ဧကရာဇ်ကို ဂါရဝပြုပါတယ်”
လုယွီ၏ မျက်ဝန်းက အရောင်လက်သည်။ သခင်ယွီပြောသည်မှာ နှစ်ချက်ခန့် မှန်သည်။ ဒါက ကောင်းကင်ဘုံမှ မဟုတ်သလို လူသားလည်း မဟုတ်ပေ။ ကောင်းကင်တယွီမင်းဆက်မှ စစ်တပ်၏ ရုပ်သေးရုပ်ဖြစ်သည်။
သူတို့က သာမန်လူနှင့်အခြားပေ။ သူတို့သာ အတွင်းအား လှည့်ပတ်လိုက်လျင် သာမန်လူများနည်းတူ တိုက်ခိုက်နိုင်ကြသည်။ လုယွီက ပြောသည်။
“ အဆင့်မြင့် ရုပ်သေးရုပ်က ခင်များလက်ထဲ ရောက်မှ အဖိုးမတန်တာ ဖြစ်သွားတယ်”
Thank For Reading.