အခန်း (၁၀၄၆-၁၀၅၀)
Vol. 56 Ch. 1046-1050
အပိုင်း ၁၀၄၆
‘ အဆင့်လွန် ရုပ်သေးဟုတ်လား’
လူပေါင်းများစွာ၏ အကြည့်အောက်တွင် ရုပ်သေးပေါ်ရှိ ရွှေရောင်အလင်းတန်းများက အလင်းပြန်လာကာ သူ၏ ကိုယ်ပေါ်တွင် ပြောင်းလဲမှုများ ဖြစ်လာလေသည်။
လေထဲတွင် လွင့်နေသော ရွှေရောင်ရုပ်သေးရုပ်က အလင်းတန်းများအောက်တွင် ထာဝရရှင်သန်သူနှင့် တူလာသည်။
“ တကယ်ကို လူ မဟုတ်ဘူးပဲ”
ထိုသူက သေမျိုးဟု သူ မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်။ သို့သော် ဒါက အရေးမကြီးပါပေ။
သူက နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့ပြီး အတွေ့အကြုံများစွာရှိသည်။တခါတရံတွင် ထိုအတွေ့အကြုံက သူ့ကို ကယ်ခဲ့သည်။
ယခုဆိုလျင် ထိုရုပ်သေးရုပ်ကသာ အဆင့်လွန်အဆင့်ဆိုလျင် နယ်မြေနှစ်ခုကြား ပွက်လောရိုက်သွားနိုင်သည်။
“ အရှင်ဝမ် ငါ ဆုံးဖြတ်ချက်မှားသွားခဲ့တာပဲ မင်း ဒါကို ယူသွားလို့မရဘူး”
ရုတ်တရက် ခေါင်းဆောင်က ထအော်သည်။
လုယွီ၏ မျက်ဝန်းအတွင်း အေးစက်သော အလင်းက လက်လာသည်။
“ ခင်များက စကားကို ပြန်ပြောင်းချင်တာလား”
လုယွီတွေးသည်မှာ မှန်ကန်လျင် ဒါက အဆင့်လွန်အဆင့် ရုပ်သေးဖြစ်လိမ့်မည်။ ထိုသို့ဆိုလျင် ငါးဘီလီယမ် ရလျင်ပင် သူ ရှုံးဦးမည်ဖြစ်သည်။
လုယွီက အေးစက်စွာ ပြော၏။
“ ဒါက ငါ့အပိုင် ဖြစ်နှင့်ပြီ”
သူက ခေါင်းဆောင်ကို စူးရှစွာ ကြည့်လိုက်၏။
“ ခင်များက ငါ့ဆီက ပြန်လုချင်တယ်ပေါ့လေ”
ခေါင်းဆောင်လည်း ထိတ်လန့်သွားပြီး လုယွီ၏ နောက်ခံကို ပြန်တွေးသည်။ သူက ဗိုလ်ချုပ်လော့၏ အရေးကြီးဧည့်သည်ဖြစ်သည်။ တစ်ခုခုသာ ဖြစ်သွားလျင် ဗိုလ်ချုပ်လော့က သူ့အား အလွတ်ပေးမည်မဟုတ်ပေ။ ထို့အပြင် ဗိုလ်ချုပ်လော့ဆိုသည်မှာလည်း မာရှယ်အသစ်၏ တိုက်ရိုက် လက်ထောက်ဖြစ်နေသေးသည်။ မည်သို့ပင်ဆိုစေ အဆုံးသတ်က မကောင်းနိုင်ပေ။
“ ဘာဖြစ်လို့လဲ၊ ငါတို့ဘက်မှာ ကျောက်စိမ်းမိန်းမပျိုကျောင်းတော်ရဲ့ အလေးစားရဆုံး အရှင်နှစ်ပါးရှိနေသေးတယ်။ ဒီကောင်က လက်ထောက်တစ်ယောက်ရဲ့ ဧည့်သည်အဆင့်လေ၊ သူ ဘာများ လုပ်နိုင်မှာလဲ”
ရုတ်တရက် သခင်ယွီက ဝင်ပြောသည်။
ထိုအခါ ခေါင်းဆောင်၏ မျက်ဝန်းများက တောက်ပသွားသည်။
“ ဒီကောင့်ကို ဖမ်းပြီး ရုပ်သေးကို ငါ့ဆီ ယူလာကြစမ်း”
ခေါင်းဆောင်က အာဏာအပြည့်ဖြင့် ထအော်သည်။
ထိုတခဏတွင် အရပ်မျက်နှာတိုင်းမှ ဘုန်းတော်ကြီး ဆယ်ယောက်ထက်မနည်း ပေါ်လာသည်။ အားလုံး၏ မျက်နှာက ခက်ထန်နေကြသည်။
၀ုန်း ဝုန်း
အတွင်းအားများနှင့် သိုင်းပေါင်းများစွာက လေထဲတွင် ပေါက်ဖွားလာသည်။
“ မသတ်မိစေနဲ့”
လုယွီက မလှုပ်ဘဲ ထိုလူများကိုသာ တချက်ကြည့်လျက် ပြောသည်။
ထိုသို့ပြောပြီးနောက် သူက သည်အတိုင်း ဆက်ရပ်နေသည်။ သို့သော် သူ၏ အရှေ့တွင် ဒူးထောက်လျက်ရှိနေသော ရုပ်သေးကမူ ချက်ချင်းဆိုသလို လှုပ်ရှားလာပြီး မျက်ဝန်းကလည်း လင်းလက်လာ၏။ ထို့နောက် ရုတ်တရက်ထကာ လက်သီးဖြင့် ထိုးသည်။
ခြိမ်း ခြိမ်း
သူ လက်သီးတစ်ချက် ထိုးတိုင်း ဘုန်းတော်ကြီးအဆင့်တစ်ယောက် လွင့်ထွက်သွားသည်။
“ အား…”
“အား ဒီကောင် ဘယ်တုန်းက ငါ့နောက် ရောက် အား…”
ဆယ်ယောက်ကျော်လုံး ပြုတ်ကျကုန်သည်။ ကြမ်းခင်းနှင့် ဆောင့်ရိုက်မိပြီး သွေးအန်ချပြီးနောက် သူတို့၏ အရိုးများ ကျိုးကာ ကိုယ်တွင်းအင်္ဂါများ လှုပ်ခါကုန်သည်။ မြင်ကွင်းက သွေးသံရဲရဲနှင့် ကြောက်မက်ဖွယ်ကောင်းလွန်းနေခဲ့သည်။
ခေါင်းဆောင်က သူ၏ လက်အောက်ငယ်သားများ၏ အခြေအနေကို မြင်ပြီး ကျေနပ်သွားသည်။ သူ အလွန် စိတ်လှုပ်ရှားလာ၏။ သူ ထိုရုပ်သေးကိုသာရလျင် သူ၏ အင်အားက တစ်ဆင့် ထပ်မြင့်သွားပေလိမ့်မည်။
“ မင်း ရုပ်သေးကို ထိန်းဖို့ လူရှာလိုက်၊ ငါ ဒီကောင့်ကို ရှင်းမယ်”
သခင်ယွီက အင်္ကျီလက်ကို ခါရမ်းလျက် စွမ်းအားများကို လွှတ်ထုတ်လိုက်သည်။ သူသည်လည်း စိတ်ဝိဉာဉ်နှင့် စိတ်စွမ်းအားအဆင့်တွင် စွမ်းအားကြီးမားသူ ဖြစ်လေသည်။
နောက်ထပ် ဘုန်းတော်ကြီးဆယ်ယောက်ကျော် ထပ်ပေါ်လာပြန်ကာ ရုပ်သေးကို အချိန်ဆွဲနိုင်ရန် ကြိုးစားကြသည်။
“ ကောင်စုတ်လေး ငါ မင်းကို သတိပေးခဲ့သားပဲ၊ အပြောမတတ်ရင် မင်း အသတ်ခံရမယ်ဆိုတာလေ”
သခင်ယွီက ကျယ်လောင်စွာ ပြောလျက် အော်ရယ်နေသည်။
အပိုင်း ၁၀၄၇
သခင်ယွီ၏ လက်ဝါးကြီးထဲမှ ပြင်းထန်သော စိတ်ဝိဉာဉ်စွမ်းအင်များ အပြည့်ထွက်လာသည်။
“ နုတ်ဆက်ပါတယ်”
သခင်ယွီက လုယွီ၏ နဖူးရှေ့ကို လက်ဖြင့် ရိုက်ချလိုက်ခြင်းဖြစ်သည်။
လုယွီကလည်း အသာအယာ လက်သီးဖြင့် ပြန်ထိုးသည်။လက်သီးနှင့် လက်ဝါး ထိပ်တိုက်တွေ့ဆုံသွားသောအခါ သခင်ယွီ၏ လက်က သံမဏိတုံးကို ရိုက်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ တစ်ကိုယ်လုံး တုန်ခါသွားတော့သည်။
အခြားတဖက်တွင် လေလံအိမ်မှ လူများက ရုပ်သေးကို မထိန်းထားနိုင်ကြပေ။ လုယွီကသာ အမိန့်မပေးထားလျင် ထိုလူများ သေလောက်လေပြီ။
“ ခင်များက ဒီလောက်ပဲလား”
လုယွီက ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ သခင်ယွီ၏ ရင်ဘတ်ကို ဆောင့်ကန်သည်။ သခင်ယွီ၏ ကိုယ်က အရိုးကျိုးသံများ ထွက်ပေါ်လာလျက် လေထဲ ဆက်လွင့်ကာ လေလံအိမ်မှ တဖက်နံရံနှင့် ရိုက်မိပြီး အောက်သို့ ပြန်ပြုတ်ကျသည်။
လေလံအိမ်မှ နံရံများက အထူးသံမဏိသားဖြင့် လုပ်ထားခြင်းဖြစ်ကာ အလွန်မာကျောသည်။ သို့ရာတွင် သခင်ယွီ၏ ကိုယ်နှင့်အတူ ပါလာသော စွမ်းအားက ပြင်းထန်လွန်းနေခဲ့ကာ သူ၏ တစ်ကိုယ်စာ ပုံရိပ်ပင် နံရံတွင် ပေါ်သွားသေးလေသည်။
‘ သခင်ယွီတောင် အကန်ခံရတယ် ဟုတ်လား’
ခေါင်းဆောင်လည်း အလွန်ထိတ်လန့်သွားလေပြီ။ သူက အသည်းအသန် အော်သည်။
“ ရပ်ကြတော့”
သို့သော် သူ နောက်ကျသွားသည်။ တိုက်ပွဲစကတည်းက ၀ရုန်းသုန်းကား အခြေအနေမှ အခွင့်ကောင်းယူရန်အတွက် အမျိုးမျိုးသော ခေါင်းဆောင်များအားလုံးက တိုက်ပွဲထဲ ဝင်ပါရန် ပြင်ခဲ့ကြသည်။ယခုအခါ အားလုံးက ရုပ်သေးရုပ်ကို အလစ်သုတ်ရန် တိုက်ခိုက်နေကြလေပြီ။
“ ငါ မင်းတို့ကို ဝင်မပါခိုင်းခဲ့ဘူး”
လုယွီ၏ အသံက တိုးသော်လည်း ထူးခြားသော အားလှိုင်းတစ်ရပ်ဖြစ်လာစေကာ လေထုကို ပဲ့တင်လျက် တုန်ခါသွားစေသည်။
လုယွီက အလယ်တွင် အဝိုင်းခံထားရသူ ဖြစ်သည့်အလျောက် သူ၏ ကိုယ်မှ အားလှိုင်းနှင့်တင် လူတိုင်း လွင့်ထွက်ရတော့သည်။လုယွီက ကြမ်းပေါ်သို့ ခြေချကာ အသာဖိနင်းလိုက်သည်။ထိုအခါ ထိုနေရာတွင် အက်ရာဖြစ်လျက် လေလံအိမ်တစ်ခုလုံး လှုပ်ခါလာရသည်။
‘ဒါ ဒါက ဘယ်လိုစွမ်းအားလဲ’
လုယွီက သူ၏ စွမ်းအားနှင့်တင် သည်နေရာရှိ အရာအားလုံးကို စိုးမိုးခြယ်လှယ်နိုင်ဟန်ရသည်။
“ ပြန်လာ”
ထိုသို့ လုယွီက ရေရွတ်လိုက်သည့်အခါ ရုပ်သေးရုပ်က ချက်ချင်းလိုလို အနားသို့ ပြန်လာသည်။ လုယွီက လူမသတ်ရန် ပြောထားသဖြင့် သူ့အတွက် အတတ်နိုင်ဆုံးထိန်းကာ လူအများအား ရိုက်နှက်ပေးနေခဲ့ရသည်။ မဟုတ်လျင် အားလုံး သေသွားသည်မှာ ကြာလောက်ချေပြီ။
“ မဟုတ်ဘူး မင်း ဘာ လှည့်ကွက်တွေ သုံးနေတာလဲ၊ ဒါကို ငါပဲ ပိုင်သင့်တာ”
သခင်ယွီက ရူးသွပ်သွားပြီး အော်သည်။
သူ၏ မျက်နှာတွင် သွေးများက စိုရွှဲနေပြီး ဆံပင်များက ထောင်တက်ကာ ရှုပ်ပွနေကာ ငရဲမှ နတ်ဆိုးနှင့်ပင်တူနေသည်။
သခင်ယွီက လက်မောင်းကြားမှ အနက်ရောင်အလံကို ထုတ်ကာ မှော်ဝင်္ကပါကို အသက်သွင်းလိုက်သည်။ထိုအလံက လေထဲ မြောက်တက်လျက် လုယွီ၏ အရှေ့သို့ ရောက်လာသည်။ထို့နောက် တစ္ဆေပုံရိပ်ကို ထုတ်ဖော်ကာ ကြီးသထက် ကြီးလာတော့သည်။
“ ဟားဟားဟား ငါ့ရဲ့ နတ်ဆိုးစွမ်းအားနဲ့ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာဖြစ်ဖြစ် ငါ့ကို အကုန်ပေးလိုက်တော့”
သခင်ယွီက အရူးလို အော်ရယ်သည်။
ထိုအလံကို မြင်သည်နှင့် လုယွီ၏ အကြည့်က အေးစက်သွားသည်။
“ မင်းက သေချင်နေတာပဲ”
သည်လိုအလံအဆင့်အထိ ရလိုလျင် သက်ရှိပေါင်းများစွာကို စတေးရပေလိမ့်မည်။ လုယွီက ရှေ့တိုးကာ အလံအား လက်သီးဖြင့်ထိုးသည်။
၀ုန်း
ခြိမ်း
ထိုအခါ ပေါက်ကွဲသံနှင့်အတူ အလံက အက်ကွဲသွားသည်။ လုယွီကလည်း သခင်ယွီကို အင်္ကျီကော်လံမှ ဆွဲကိုင်ကာ လေထဲ ကိုင်မြောက်လိုက်၏။
“ အား… အသက်ကို ချမ်းသာပေးပါ”
သခင်ယွီ၏ မျက်နှာက စက္ကူတစ်စကဲ့သို့ ဖြူဖျော့သွားလျက် အသနားခံတော့သည်။
ရုတ်တရက် လေလံအိမ်ထဲသို့ ပုံရိပ်နှစ်ခု တိုးဝင်လာကြောင်း မြင်လိုက်ရသည်။
“ အရှင်သုန့် အရှင်သုန့် ငါ့ကိုကယ်ပါ ငါ့ကိုကယ်ပါ ငါ့ကို”
သခင်ယွီက မျှော်လင့်ချက်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။
အပိုင်း ၁၀၄၈
ထိုပုံရိပ်နှစ်ခုက သုန့်ဝမ်ယွဲ့တို့ ညီအစ်မနှစ်ယောက်ဖြစ်သည်။ သူတို့က ရေခဲနယ်မြေမှ လူကို လိုက်ဖမ်းခဲ့သော်လည်း ရေခဲနယ်မြေမှ ရှေ့တန်းသို့ ရောက်လာသည့် တပ်ကူများနှင့် ဆုံသွားခဲ့ပြီး နောက်ဆုတ်ခဲ့ရလေသည်။ သို့ရာတွင် လေလံအိမ်မှ ဆုံးရှုံးမှုများကို ကြည့်ရန်အတွက် ပြန်လာခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် လုယွီ၏ ထုတ်ဖော်ပြမှုကြောင့် လေလံအိမ်က အရှုပ်အထွေးဖြစ်နေလေသည်။
“ ဘာတွေဖြစ်နေတာလဲ”
သုန့်ဝမ်ယွဲ့က မေးသည်။
သခင်ယွီက အသက်ကယ်တင်ရှင်ကို တွေ့သွားဟန်ဖြင့် စအော်သည်။
“ အရှင်သုန့် ငါ့ကို ကယ်ပါ။ ဒီသူခိုးက လေလံအိမ်က ပစ္စည်းကို ယူပြီး လူကို ရိုက်နှက်နေပါတယ်”
လုယွီက အေးစက်စွာ ပြောသည်။
“ မျက်မြင်သက်သေတွေ ဒီလောက်များနေတာတောင်မှ ငါ့ကို စွပ်စွဲရဲတယ်လား”
သခင်ယွီက နှာခေါင်းရှုံ့သည်။
“ ကြိုက်တဲ့လူကို မေးစမ်းပါ “
အခြားသော ခေါင်းဆောင်များကလည်း လုယွီထံမှ ရုပ်သေးကို လိုချင်နေသူများဖြစ်သည်။ထို့ကြောင့် လုယွီကိုသာ လက်နက်များဖြင့် ချိန်လျက် ပြောသည်။
“ သူပါ သူကသာ ခိုးတဲ့လူပါ”
သူတို့က လောဘကြီးစွာဖြင့် လုယွီ၏ အပိုင်ကို လိုချင်နေကြသည်။ သို့သော် ယခုမူ ပြောင်းပြန် ပြန်ပြောနေကြ၏။
သုန့်ဝမ်ယွဲ့က မျက်မှောင်ကြုတ်ထားသည်။ သူမက ရုပ်သေးအနားသို့ သွားလျက် ကြည့်လိုက်၏။ ထိုရုပ်သေးက ငြိမ်သက်လျက် ရပ်နေသော်လည်း ပြင်းထန်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသေးသည်။
“ဒါက ဘာလဲ”
ခေါင်းဆောင်က ရှင်းပြသည်။
“ ဒါက အဆင့်မြင့်အဆင့် ရုပ်သေးပါ၊ ကျွန်တော်က အရှင့်ကို ဆက်သဖို့ ကြံထားပေမယ့် သူက လာခိုးခဲ့တာပါ”
“ ဘယ်လောက်တောင် ထူးခြားတဲ့ အဆင့်မြင့် ရုပ်သေးလဲ၊ တည်ဆောက်ထားပုံကလည်း ထူးခြားတယ်”
သုန့်ဝမ်ယွဲ့၏ မျက်ဝန်းက တောက်ပလာသည်။
သူက အရှေ့မှ ရုပ်သေးကို အနီးကပ်ကြည့်သည်။ သို့သော် သူသည် ဘာကိုမျှ ဖောက်မမြင်နိုင်ပေ။
“ ဒါက အဆင့်မြင့်ရုပ်သေးလို့ နင့်ကို ဘယ်သူပြောလဲ”
သုန့်ဝမ်ယွဲ့က ခေါင်းဆောင်ကို မေးသည်။
ခေါင်းဆောင်က လုယွီကို လက်ညိုးထိုးသည်။
“ သူကိုယ်တိုင် ဝန်ခံခဲ့တာပါ”
ထိုအခါမှသာ လုယွီက ရုပ်သေးကို ရချိန်တွင် ချက်ချင်း မထွက်သွားဘဲ ပြောပြခဲ့ကြောင်း သိလိုက်သည်။
သုန့်ဝမ်ယွဲ့က မျက်မှောင်ကြုတ်သည်။
“ ဒါကို ငါတောင် ဖောက် မမြင်နိင်ဘူး၊ နင်က ဘယ်လိုသိတာလဲ”
လုယွီက အေးစက်စွာ ပြောသည်။
“ ဒါက ငါ့ကိစ္စပါ၊ မင်းနဲ့ မဆိုင်ဘူး၊ ငါ့ပစ္စည်းကို မထိနဲ့”
လုယွီက ထိုသို့ပြောသောအခါ သုန့်ဝမ်ယွဲ့က မလှုပ်တော့ပေ။
‘ ဘာ’
အားလုံး ကြောင်သွားကြသည်။
‘ ဒါက ယွန်လော့ချန်းက အဆင့်လွန်အဆင့်လေ ဒါကို ဒီလောက်က ဘယ်လိုလေသံနဲ့ ပြောတာလဲ’’
‘နောက်ပြီး အရှင်သုန့်ကလည်း ဘာလို့ နာခံတာလဲ’
သုန့်ဝမ်ကျင်းက နှာခေါင်းရှုံ့သည်။
“ဒါက နင် လုပ်တဲ့ သရဲလိုလို ဘာလိုလိုအရာလား၊ ငါ့မြို့ကို လာပြီး ပြဿနာ လာရှာနေတယ်”
“ တဖက် ပြောစကားပဲ နားထောင်မနေဘဲ အခြေအနေကို သေချာမေးမြန်းလေ၊ မင်းအစ်မဆီက အများကြီး သင်ယူသင့်တယ်”
လုယွီကလည်း မျက်နှာသေဖြင့် ပြောသည်။
သုန့်ဝမ်ကျင်းလည်း ဒေါသထွက်သွားတော့သည်။
“ငါ့ကို လာဆုံးမနေတာလား”
“ကြိုက်သလိုထင်”
“ နင်…”
သုန့်ဝမ်ယွဲ့လည်း မနေသာတော့ဘဲ ညီမဖြစ်သူ၏ လက်ကို သွားဆွဲရသည်။
“ ကျင်းအာ…”
“ မာရှယ်ဝမ်ချန်း ငါတို့ ကိစ္စရှိလို့ မနှောက်ယှက်တော့ပါဘူး”
ထိုလူများက လုယွီ၏ အဆင့်တန်းကို မသိဘဲ ပြောရဲနေခြင်းဖြစ်ကြောင်း သူမ သိထားပြီးလေပြီ။ လုယွီက သည်ကိစ္စကို ရှင်းနိုင်သည်။ထို့ကြောင့် သူမ ဝင်ပါရန် မလိုပေ။
ထိုသို့ပြောပြီးသည်နှင့် သုန့်ဝမ်ကျင်းနှင့်အတူ ထွက်သွားတော့သည်။
အပိုင်း ၁၀၄၉
အမျိုးသမီးနှစ်ယောက်ပြန်ထွက်သွားပြီးနောက် အစိမ်းရောင် ဝတ်စုံဝတ်ထားသော လုယွီက ရုပ်သေးရုပ်အနား ရပ်လျက်ရှိနေသည်။ သည်တစ်ကြိမ်တွင် မည်သူကမျှ လုယွီအား မတိုက်ခိုက်ရဲတော့ပေ။
“ သူက ဝမ်ချန်းတဲ့။ ဒါဆို တယွီစစ်တပ်ရဲ့ မာရှယ်ဝမ်ပေါ့။ သူ့ရဲ့ မျိုးရိုးနာမည်ကိုလည်း ဝမ်လို့ ပြောခဲ့သလိုပဲ”
“ သူက စွမ်းအားအကြီးဆုံးနဲ့ ပြိုင်ဘက်ကင်း လူငယ်ပဲ။ သူက အကြောက်အလန့်လည်း ကင်းမဲ့တယ်။ ငါတို့ သူ့ကို ဘယ်လိုများ ရန်စရဲမှာလဲ”
ခေါင်းဆောင်ဆိုလျင် အလွန်နောင်တရနေလေပြီ။ သူ့ကိုသာ အချိန်ထပ်ပေးလျင် ထိုသို့မလုပ်ရဲလောက်တော့ပေ။
“ မာရှယ်ဝမ် ကျွန်တော်က ထိုက်တောင်က ဘယ်လောက်မြင့်မှန်း နားမလည်တဲ့သူပါ၊ တကယ်တော့ သူ့ကြောင့်သာ အထင်လွဲခဲ့မိတာပါ”
ခေါင်းဆောင်က သခင်ယွီကို လက်ညိုးထိုးလျက် ပြောသည်။
‘ ဒီကောင်က ဝမ်ချန်းနဲ့ဆုံးဖူးတယ် ပြောပြီး သူ့ရှေ့ရောက်နေတာကိုတောင် မသိတဲ့လူလိမ်ပဲ’
သခင်ယွီလည်း အလွန် ထိတ်လန့်နေခဲ့သဖြင့် ချက်ချင်းလိုလို ထွက်ပြေးတော့သည်။
“ ခင်များကသာ ပေါက်ကရလျှောက်လုပ်ခဲ့ရုံဆိုရင် ငါက အပြစ်နည်းနည်း ပေးပြီးတာနဲ့ ခွင့်လွတ်လိုက်မှာပဲ။ အခုတော့ ခင်များက နတ်ဆိုးသိုင်းကိုတောင် ကျင့်ရဲနေတယ်၊ဒီတော့ ခွင့်လွှတ်လို့ မရတော့ဘူး”
လုယွီက အေးစက်စွာ ပြောပြီး
ထွက်ပြေးသွားသော သခင်ယွီရှိရာဘက်သို့ လက်ညိုးညွှန်လိုက်သည်။ ထိုအခါ သူ၏ လက်ချောင်းထိပ်မှ ဆေဘာဓားချီက ပြေးထွက်လျက် သခင်ယွီကို ထိမှန်သွားကာ သေဆုံးသွားတော့သည်။
အခြားလူများအားလုံး ချွေးစေးများပျံသွားတော့သည်။
“ နောက်ပြီး ခင်များတို့”
လုယွီက အခြားလူများကို တစ်ချက်ကြည့်သည်။ ထိုသို့အကြည့်ခံရသူတိုင်း ကျောချမ်းသွားကြသည်။
ခေါင်းဆောင်က ပထမဦးစွာ ဒူးထောက်ချလျက် တောင်းပန်သူဖြစ်သည်။
“ ကျွန်တော် ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် ဒီလေလံအိမ်တစ်ခုလုံးကို အပ်ပါတယ်”
အခြားသော ခေါင်းဆောင်များကလည်း ဒူးထောက် တောင်းပန်ကြသည်။
လုယွီက အေးစက်စွာ နှာခေါင်းရှုံ့သည်။
“ ငါကသာ မာရှယ်မဟုတ်ခဲ့ရင် မင်းတို့ငါ့ကို သတ်ပြီး ပစ္စည်းခိုးကြတော့မှာ မဟုတ်လား”
ခေါင်းဆောင်၏တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။
“ ဒီ….ဒီအရှင်ငယ်က ကန်းနေလို့ပါ တောင်းပန်ပါတယ်”
“ ငါ ခင်များရဲ့ လေလံအိမ်ကို စိတ်မဝင်စားဘူး စိတ်ဝိဉာဉ်ကျောက်တုံးတွေ လိုချင်တယ်။ ငါ မင်းကို ရုပ်သေးရုပ်အအတွက် တစ်ဘီလီရမ် ပေးထားတာဆိုတော့ ငါ့ကို ငါးဘီလီရမ် ပြန်ပေးရမယ်”
လုယွီက ခေါင်းဆောင်၏ ပခုံးကို ပုတ်သည်။ခေါင်းဆောင်ခမျာ ဖင်ထိုင်လျက် လဲကျသွားလေသည်။ ငါးဘီလီရမ်ဆိုသည့် ပမာဏကို မိသားစုမှ ရှိသမျှ အကုန်ထုတ်လျင် ရနိုင်သည်။သို့သော် ထိုသို့ပေးပြီးလျင် သူက သာမန်လူဖြစ်သွားလောက်လေပြီ။
ယခုမှ နောင်တရရန်ကား နောက်ကျသွားလေပြီ။
“ နောက်ပြီးခင်များတို့က ငါ့ကို အချိန်ကုန်အောင် လုပ်ခဲ့တယ် ဆိုတော့ တစ်ယောက်ကို သန်းတစ်ရာစီ ပေးရမယ်”
ခေါင်းဆောင်များအားလုံး သက်ပြင်းချလိုက်ကြသည်။ သူတို့ နောင်တရနေကြသည်။သို့သော် သန်းတစ်ရာဆိုသည့် ပမာဏကို သူတို့ ၏ အရိုးအသားထဲမှ ညှစ်ထုတ်ရမည်ဖြစ်သော်လည်း အနည်းဆုံး သူတို့၏ အသက်ကို ကယ်နိုင်သေးသည်။
သိပ်မကြာခင်မှာပင် စိတ်ဝိဉာဉ်ကျောက်တုံးများကို ရရှိသည်။ လုယွီ၏ စိတ်ဝိဉာဉ်ကျောက်တုံးထည့်ရာ သိုလှောင်အိတ်က ချက်ချင်း ဖောင်းကားသွားသည်။ ပမာဏအားလုံးပေါင်းလျင် ဘီလီရမ် သန်းရှစ်ဆယ်ရှိသွားလေပြီ။
“ ဒီစိတ်ဝိဉာဉ်ကျောက်တုံးတွေနဲ့ဆိုရင် သင်္ကေတထွင်းထုခြင်းအလယ်အလတ်အဆင့်ကို တက်နိုင်လောက်ပြီ”
လုယွီက သည်နေရာတွင် ဆက်မနေလိုတော့သည့်အတွက် ချက်ချင်း ထွက်သွားလိုက်သည်။
မာရှယ်ဝမ်၏ စံအိမ်….
လုယွီက ဝင်္ကပါတစ်ခုကို ချခင်းကာ စိတ်ဝိဉာဉ်စွမ်းအင်များကို စုစည်းသည်။ သိုလှောင်အိတ်ထဲမှ စိတ်ဝိဉာဉ်စွမ်းအင်ကျောက်တုံးအပြည့်ကို ထည့်သွင်း ခင်းကျင်းထားသည်။ လုယွီ၏ နဖူးထက်တွင်လည်း ငါးခုမြောက် သင်္ကေတ ထွက်ပေါ်လာသည်။
တစ်ရက်
နှစ်ရက်
စိတ်ဝိဉာဉ်ကျောက်တုံးတွေ နည်းသထက် နည်းလာချိန်တွင် လုယွီက စွမ်းအားကြီးသထက် ကြီးလာသည်။
ဆယ်ရက်မြောက်နေ့တွင် လုယွီက ရုတ်တရက် အော်ဟစ်သည်။ သူ၏ တစ်ကိုယ်လုံးမှ အတွင်းအားများက အဆင့်တစ်ခုအထိ သိပ်သည်းသွားပြီး ပေါက်ကွဲသွားတော့သည်။
“ ဒါက အကျိုးရှိတာပဲ”
လုယွီက ကျေနပ်စွာဖြင့် မငြိမ်သက်မှုများကို ထိန်းညှိလိုက်သည်။
သည်ဆယ်ရက်ထဲနှင့် သူက သင်္ကေတထွင်းထုခြင်း အလယ်အလတ်အဆင့်သို့ တက်လိုက်နိုင်သည်။
အပိုင်း ၁၀၅၀
လုယွီ၏ နှဖူးတွင် ရှစ်ခုမြောက် သင်္ကေတက ပေါ်လာသည်။ သာမန်ကျင့်ကြံသူများအတွက် မင်းမင်းဆက်အဆင့်ဟုခေါ်သော သင်္ကေတထွင်းထုခြင်းအဆင့်တွင် သင်္ကေတရှစ်ခုရလျင် နှောင်းပိုင်းအဆင့်ဟုပင် သတ်မှတ်ကြသည်။ ခြေတစ်လှမ်း ထပ်လှမ်းလိုက်နိုင်လျင် ပြီးပြည့်စုံသော အဆင့်သို့ ရောက်သွားမည်ဖြစ်သည်။
သို့သော် လုယွီက သာမန်လူမဟုတ်ပေ။ သူက ကွာခြား၏။
သူ၏ စိတ်ဝိဉာဉ်စွမ်းအားက ရေကန်အနေနှင့်ရှိခြင်းမဟုတ်ဘဲ ခြံတစ်ဝန်းစာ တစ်နည်း တစ်တိုင်းပြည်စာ ကျယ်ပြန့်နေလေသည်။လုယွီ ထာဝရရှင်သန်ခြင်းအဆင့်သို့ တက်ရောက်နိုင်ရန် ကြိုးစားနေချိန်မှာတင် တော်ဝင်ရေကန်က ကောင်းကင်နှင့်မြေပြင် ထွက်ပေါ်လာပြီး လောကတစ်ခုအဖြစ် ပြောင်းလဲလာနေလေသည်။
“ ဘီလီရမ်ရှစ်ဆယ်မှာ ဆယ်သန်းပဲ ကျန်တော့တယ်။ ငါ အနာဂတ်မှာ အဆင့်တက်ရန် ဒီ့ထက် ပိုခက်သွားမှာကို ကြောက်မိပါရဲ့”
လုယွီက သက်ပြင်းချပြီး လေ့ကျင့်ရေး ကွင်းသို့သွားရန် အပြင်သို့ ထွက်လိုက်သည်။
ထိုအချိန်တွင် လေ့ကျင့်ရေးကွင်းမှ လူတိုင်းက ဝင်္ကပါကိုသာ အသည်းအသန် လေ့ကျင့်နေကြသည်။ ဝင်္ကပါက မည်မျှအဖိုးတန်ကြောင်း သိထားသဖြင့် သေချာ အားစိုက်ထုတ်နေကြသည်။
“ မာရှယ် အရှေ့ဘက်စံအိမ် အရှင်ဆီက စာရောက်နေပါတယ်”
လော့ကျန်းက သူ့ကိုမြင်သည်နှင့် အပြေးရောက်လာသည်။
လုယွီ၏ မျက်ဝန်းများက မှေးကျဉ်းသွားသည်။ ကြည့်ရသည်မှာ ထိုသုန့်ညီအစ်မများနေရာ စံအိမ်မှ ဖြစ်လောက်သည်။ သူတို့က စစ်တိုက်ထွက်သွားကြလေပြီ။ပြောရလျင် ရှေ့တန်းတွင် ရေခဲနယ်မြေမှ ကလန်ကြီးများစွာ ရောက်လာလျက် ယွန်လော့ချန်းကို ဖြိုဖျက်ရန် ကြိုးစားကြသည်ဟု ဆိုသည်။
လုယွီ ဖတ်လေလေ ထိတ်လန့်မှုကို ခံစားလာရလေလေ ဖြစ်သည်။ သည်နေရာက အလွန်အရေးကြီးသော်လည်း တပ်ရင်း သုံးခုသာ ရှိသည်။ လုမိသားစုက သူ့အား သေစေချင်နေသည်မှာ သေချာသည်။
“ ငါတို့ စစ်တပ်လည်း ချီတက်ကြမယ်”
လုယွီက ပြောသည်။
တယွီစစ်တပ်က စတင်ထွက်ခွာသည်၊ လုယွီ၏ နောက်လိုက် ဘုန်းတော်ကြီးသုံးထောင်ကျော်တို့ဟာ မြို့မှ စတင်ထွက်ခွာပြီး ရန်သူတိုင်းကို သတ်ဖြတ်သွားခဲ့သည်။
မြို့မှ ကီလိုမီတာ နှစ်ဆယ်ခန့် ဝေးကွာသော နေရာတွင် တယွီစစ်တပ်နှင့် ကျောက်စိမ်းမိန်းမပျို ကျောင်းတော်မှ သုန့်ညီအစ်မတို့၏ စစ်တပ်တို့ ဆုံသည်။
“ မာရှယ်ဝမ် နင်က တအားနှေးတာပဲ။ လေလံအိမ်က ပိုက်ဆံတွေ ယူပြီး အပျော်လွန် မေ့သွားတာလား”
တွေ့သည်နှင့် သုန့်ဝမ်ကျင်းက ခနဲ့သည်။
လုယွီက သုန့်ဝမ်ကျင်းကို လျစ်လျူသာရှုလိုက်သည်။ ထိုမိန်းကလေးကို ပြောမနေတော့ပေ။ သူက သုန့်ဝမ်ယွဲ့ကိုသာ ကြည့်သည်။
“ မင်းတို့ ဘယ်လို တိုက်ခိုက်ဖို့ စီစဉ်ထားလဲ”
သုန့်ဝမ်ယွဲ့က လုယွီ၏ စစ်သည်သုံးထောင်ကို ကြည့်သည်။ ပမာဏက နည်းလွန်းသည်။
သုန့်ဝမ်ယွဲ့၏ စစ်တပ်တွင်မူ အများစုက ကျောင်းတော်မှ မိန်းမပျိုများဖြစ်ပြီး အရေအတွက်က ငါးသောင်းကျော်သည်။ လုယွီ၏ စစ်တပ်က သနားစဖွယ်ကောင်းနေတော့သည်။
‘ ထားပါ ငါ သူ့ကို မှီခိုမှာမှ မဟုတ်ပဲ’
သုန့်ဝမ်ကျင်းက အေးစက်စွာ ပြောသည်။
“ မာရှယ်ဝမ်ရေ နင် နည်းနည်း လေးနက်ပေးလို့ရမလား၊ ငါတို့က စစ်တိုက်မှာနော် ကစားဖို့ မဟုတ်ဘဲ၊ ဒီလောက်လူလေးနဲ့ ဘာလုပ်မှာပဲ။ ငါ့ရဲ့ တပ်ခွဲကမှ နင့်ထက် များဦးမယ်”
ထိုအခါ တယွီမှစစ်သည်တိုင်းက သူမအား စိုက်ကြည့်လာကြသည်။ ထွက်သွားသော လူနှစ်ထောင်ကြောင့်သာ မဟုတ်လျင် ယခုလို မဖြစ်ပေ။
လုယွီက သူမအား စိုက်ကြည့်သည်။
“ မင်း စကားတစ်ခွန်းပဲ ထပ်ပြောကြည့်လိုက်၊ မင်း ပါးစပ် ထာဝရမဖွင့်နိုင်အောင် လုပ်ပေးမယ်”
“ မိုက်ရိုင်းတဲ့ကောင် နင် ဘာပြောတာလဲ။ ငါ နင့်ကို သင်ခန်းစာပေးမှ ရတော့မယ်၊ဒါမှ ကောင်းကင်က ဘယ်လောက်မြင့်တယ် မြေပြင်က ဘယ်လောက်နက်တယ် ဆိုတာ နင် နားလည်မှာ”
သုန့်ဝမ်ကျင်း ဒေါသထွက်သွားပြီး ထခုန်တော့သည်။
“ တော်လောက်ပြီ”
သုန့်ဝမ်ယွဲ့က လုယွီကို ကြည့်သည်။
“ ငါတို့ရဲ့ ဗျူဟာကိုတော့ နင့်ကို ရှင်းပြလို့မရဘူး။ ဒါပေမဲ့ အနောက်ဘက်မှာ အဆိပ်ပြင်း ပင့်ကူဆိုတဲ့ ရေခဲနယ်မြေရဲ့ တပ်ရင်းတစ်ခုရှိတယ်ကြားတယ်။ နင် သွားစစ်ဆေးနိုင်တယ်”
သုန့်ဝမ်ကျင်းက ဆက်ငြင်းတော့မည့်အနေအထားမှ အဆိပ်ပြင်းပင့်ကူဆိုသည့် နာမည်ကို ကြားပြီး ရပ်သွားသည်။ ထိုအဆိပ်ပြင်းပင့်ကူဆိုသည်မှာ ရေခဲနယ်မြေ၏ အင်အားကြီးဂိုဏ်းတစ်ခုဖြစ်ပြီး စွမ်းအားအကြီးဆုံးလူ သုံးယောက်ပင် ရှိသည်။
‘ ဒီကောင်စုတ် သွားရင် အဆုံးသတ် မကောင်းမှာ သေချာတယ်’
လုယွီက ချက်ချင်း ခေါင်းညိတ်သည်။
“ ကောင်းပြီ”
ထိုသို့ချက်ချင်း သဘောတူလိုက်ခြင်းက သုန့်ဝမ်ယွဲ့ကို စိတ်မသက်မသာဖြစ်သွားစေသည်။
သုန့်ဝမ်ယွဲ့လည်း သတိပေးလိုက်သည်။
“ ငါ နင့်ကို သတိပေးလိုက်မယ်။ နင် စတိုက်ပြီဆိုကတည်းက စစ်အမိန့်ကို လက်ခံရတယ်။ နင် အခြေအနေမကောင်းလို့ ထွက်ပြေးရင် ပုန်ကန်တယ်လို့ သတ်မှတ်ခံရပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့က အပြစ်ပေးတာကို ခံရလိမ့်မယ်”