အခန်း (၁၀၅၁-၁၀၅၅)
Vol. 56 Ch. 1051-1055
အပိုင်း ၁၀၅၁
လုယွီက သူမအား ကြည့်သည်။
“ အဆိပ်ပြင်းပင့်ကူလေးပဲ မဟုတ်လား၊ ငါ့ စစ်တပ်ကို လေ့ကျင့်ပေးလို့ရတာပေါ့”
‘အဆိပ်ပြင်းပင့်ကူလေးပဲ တဲ့လား’
သုန့်ဝမ်ကျင်းက လှောင်သည်။
“ နင် ဘာမှ မသိရင်လည်း နေပေါ့ ပြီးမှ နားလည်လိမ့်မယ်”
အဆိပ်ပြင်းပင့်ကူမှ အဆင့်လွန် ဆရာသခင်သုံးယောက်သည် အချိန်အတန်ကြာ အသက်ရှင်နေခဲ့ပြီးတဲ့ မြေခွေးအိုကြီးများဖြစ်သည်။ ခေါင်းဆောင်ဆိုလျင် အဆင့်လွန် နှောင်းပိုင်းအဆင့်သို့ ရောက်နေပြီဟု ဆိုကြသည်။ သုန့်ဝမ်ယွဲ့ပင် ထိုလူနှင့်ဆုံလျင် နောက်ဆုတ်ရမည်ဖြစ်သည်။
‘ ဒီကောင်စုတ်က ဆေးလေး နည်းနည်းဖော်တတ်တာနဲ့ ကိုယ့်ကိုယ်ကိုယ် အဟုတ် မှတ်နေတယ်’
လုယွီက သုန့်ဝမ်ယွဲ့ကိုကြည့်သည်။
“ မင်က အနောက်မြောက်ဘက်ပိုင်းကို သွားမှာလား”
သုန့်ဝမ်ယွဲ့က မျက်မှောင်ကြုတ်သည်။
“ နင့်ကို ဘယ်သူပြောတာလဲ”
မှန်သည်၊ သူမက အနောက်မြောက်ဘက်သို့ သွားရမည်ဖြစ်သည်။သူမတို့
၏ရှေ့ပြေးများ၏ ပြောစကားအရထိုဘက်ခြမ်းတွင် ရေခဲနယ်မြေမှ စိတ်ဝိဉာဉ်ကျောက်တုံးများ သိုလှောင်ရာ နေရာရှိသည်။ ထို့ကြောင့် ထိုနေရာမှလွဲ သွားစရာ မရှိပေ၊
သုန့်ဝမ်ကျင်းက ပြောသည်။
“ သွားတော့ ဘာလုပ်မလို့လဲ”
လုယွီက ပြောသည်။
“ အဲဒီမှာ အန္တရာယ်ရှိတယ် မသွားနဲ့”
သုန့်ဝမ်ကျင်း ဒေါသထွက်လာပြန်သည်။
“ နင် နဲ့ဘာဆိုင်လဲ၊ ငါတို့ဘာသာ ဘယ်ကို သွားသွား နင်နဲ့ ဘာဆိုင်လဲ”
သုန့်ဝမ်ယွဲ့ကလည်း ပြောသည်။
“ မာရှယ်ဝမ် ကျွန်မတို့ ဗျူဟာချပြီးပါပြီ ကျေးဇူးပြုပြီး မစွက်ဖက်ပါနဲ့”
သူက သတိပေးပြီးလေပြီ တဖက်က လက်မခံခြင်းက သူနှင့် မသက်ဆိုင်တော့ပေ။ ကောင်းကင်အဆင့်ထိရောက်အောင် အောင်မြင်စွာ ကျင့်ကြံထားနိုင်သောဝင်္ကပါ သူတော်စင်တိုင်းက ရှေ့မြင်ကွင်းကို ကြိုမြင်နိုင်ကြသည်။ထို့ကြောင့် ထိုနေရာရှိ ကောင်းကင်အောက်မှ ကျော်ကြားသော သတ်ဖြတ်ခြင်းဝင်္ကပါအကြောင်း သိနေလေသည်။
သို့ရာတွင် ထိုဝင်္ကပါကို သည်လောကတွင် လူသိနည်းသည်။ ထိုမိန်းမနှစ်ယောက်ပင် သိနိုင်ခြင်း မရှိလောက်ပေ။
လုယွီက အချိန်တစ်ခုယူပြီး သုံးသပ်နေလိုက်သည်။ထို့နောက် ဆက်လက်မဆွဲဆောင်တော့ဘဲ စစ်တပ်ကိုသာ ဦးဆောင်ကာ အနောက်ဘက်သို့ ချီတက်သွားလိုက်သည်။
လုယွီ ထွက်သွားသောအခါ သုန့်ဝမ်ကျင်းက လှောင်သည်။
“ သူကိုယ်တိုင်တောင် သေတော့မှာကိုများ သူများကို ပြောရဲသေးတယ်”
အဆိပ်ပြင်း ပင့်ကူမှ ခေါင်းဆောင်များသည် ချောင်းတိုက်ရာတွင် ကျော်ကြားလေသည်။သူတို့ အစိုးရိမ်ဆုံးက သူတို့က စိတ်ဝိဉာဉ်သိုလှောင်တွင်းကို သွားနေချိန်တွင် ထိုသုံးယောက်ရောက်လာမည်ကို ကြောက်လန့်ခြင်းဖြစ်သည်။ ယခု လုယွီက သွားသဖြင့် မစိုးရိမ်ရတော့ပေ။
အနောက်ဘက် ဒေသ…
နေရာတိုင်းတွင် စစ်သင်္ဘောများကို မြင်နိုင်သည်။ တယွီစစ်တပ်၏ အလံကလည်း လေတွင် လွင့်နေသည်။
“ မာရှယ် အဲဒိမိန်းမနှစ်ယောက် မာရှယ့်ကို ဒုက္ခပေးလိုက်တာပါ။ အဆိပ်ပြင်း ပင့်ကူဂိုဏ်းက အန္တရာယ်များတာကို သူတို့ သိရက်နဲ့”
လုယွီက သူ့အားကြည့်သည်။
“ မင်း ကြောက်လို့လား”
လော့ကျန်းလည်း ကြောင်သွားပြီးနောက် ချက်ချင်း ဒူးထောက်ချသည်။
“ မာရှယ် ကျွန်တော့် အသက်ကို စတေးရရင်တောင် ကျွန်တော်က မာရှယ့်နောက်ကို လိုက်မှာပါ။ ဒါပေမဲ့ ကျွန်တော့်လက်အောက်က စစ်သည်တော်တွေက တပ်သားသစ်တွေပါ။ သူတို့မှာ စစ်နယ်မြေနဲ့ပက်သတ်ပြီး ဘာအတွေ့အကြုံမှ မရှိပါဘူး”
လုယွီက လေးနက်စွာ ပြောသည်။
“ ရေခဲနယ်မြေထက် ပိုပြီးကြောက်ဖို့ကောင်းတဲ့ အဖွဲ့တွေနဲ့ အကြိမ်တစ်ရာထက် မနည်း ရင်ဆိုင်ဖို့ မင်းတို့ကို ခေါ်သွားပေးဖို့ ငါ တွေးထားတယ်။ အင်အားကြီးတဲ့ စစ်တပ်ကို ရင်ဆိုင်ရရင် မင်း ထွက်ပြေးမှာလား”
“ ကျွန်တော့်ကို အမိန့်သာ ပေးလိုက်ပါ။ စစ်တပ်တစ်ခုလုံးကို ဦးဆောင်ချီတက်ပြီး ရေခဲနယ်မြေက လူတိုင်းကို သတ်မှာပါ”
လုယွီ၏ အမိန့်ထွက်လာသော အခါ အားလုံး တုန်လှုပ်သွားကြသည်။ ရေခဲနယ်မြေမှ အဆိပ်ပြင်း ပင့်ကူအဖွဲ့ကို လူတိုင်း သိကြသည်။ ထိုအဖွဲ့ကို သူတို့၏ အင်အားလောက်နှင့် ရင်ဆိုင်ရသော် သူတို့ အခြေအနေ မကောင်းနိုင်တော့ပေ။
အပိုင်း ၁၀၅၂
“ ငါ့တပ်ရင်းမှာ အမှိုက်တွေ မထားဘူး”
လုယွီက ထိုစကားကိုသာ ချန်လျက် မာရှယ်နေရာ ဝင်ယူကာ စတင်ပြီး စစ်ချီတက်ကြသည်။
သိပ်မကြာခင်မှာပင် ဘုန်းတော်ကြီးများအားလုံးက လုယွီပေးခဲ့ဖူးသော ဆေးကို သတိရသွားကြသည်။
တိုက်ခိုက်နိုင်စွမ်းရှိပြီး သတ်နိုင်သမျှ ကာလပတ်လုံး ဆေးလုံးတွေ ထပ်မံရရှိမည်ဖြစ်သည်။ စကားလုံးဖြင့် သိမ်းသွင်းခြင်းလောက်က သည်လို အခြေအနေတွင် အသုံးမဝင်ပေ။ သို့သော် အကျိုးအမြတ်ကမူ ….
အခွင့်အရေး တစ်ခုပဲရှိတယ်။ ငါသာ ဆေးတစ်လုံးပဲ ထပ်ရရင် စိတ်ဝိဉာဉ်အဆင့်ကို တက်နိုင်ပြီ”
“ ငါ စိတ်ဝိဉာဉ်အဆင့်မှာ တစ်နေတာ ဆယ်စုနှစ်များစွာ ကြာပြီ။ ငါ အဆင့်ထပ်တက်နိုင်မှပဲ သက်တမ်း ထပ်ရှည်လာလိမ့်မယ်”
အားလုံး စိတ်လှုပ်ရှားသွားကြလျက် ထွက်ခွာရန် ဆုံးဖြတ်ကြသည်။
….
အဆိပ်ပြင်း ပင့်ကူ စခန်း….
မြောက်များလှစွာသော တောင်တန်းများ၏ အောက်တွင် အဝဖွင့် အာကာသပြင်ကျယ်တစ်ခုရှိသည်။ ထိုနေရာတွင် မြောက်များလှစွာသော တပ်ရင်းများကို မြင်နိုင်သည်။ အလံကလည်း ထင်ရှားစွာ လွင့်ထူထားသည်။
အဆင့်လွန်အကြီးအကဲ သုံးယောက်လျက် ခပ်အေးအေး ထိုင်နေကြပြီး အခြားလူများ အားလုံးက မတ်တပ်ရပ်နေကြသည်။ပထမအဆင့် ထိုင်ခုံတွင် ထိုင်နေသည်က ခေါင်းဆောင် တိရှောင်းဖြစ်သည်။
အားလုံးက ဗျူဟာအကြောင်း ဆွေးနွေးနေကြချိန်ဖြစ်သည်။ ထိုအချိန်တွင် အရာရှိငယ် တစ်ယောက်က အပြေးအလွှားဝင်လာကာ တင်ပြသည်။
“ မာရှယ် ရှေ့တန်းက တပ်ရင်းက စောင့်ဆိုင်းနေတဲ့အချိန်မှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့က တပ်ရင်းတစ်ခု ချီတက်လာတာကို တွေ့လိုက်ရပါတယ်”
တိရှောင်းက မျက်မှောင် ကြုတ်သည်။
“ အင်အား ဘယ်လောက်ရှိလဲ”
“ အလံတွေရဲ့ အရေအတွက်အတိုင်းဆိုရင် အယောက် ၃၄၀၀ပါ”
တိရှောင်း၏ ဘေးမှ သဲ့ရှောင်းက မျက်လုံးတစ်ဖက်သာ ရှိသူဖြစ်သည်။ သူက ရယ်သည်။
“ အစ်ကိုကြီး ယွန်လော့က ညီအစ်မကတော့ လာရဲမယ် မထင်ဘူး။ အသစ်ရောက်လာတဲ့ ကောင်လေးကို လွှတ်လိုက်တာ ဖြစ်ရမယ်။ သူတော့ ဒုက္ခပေးခံရတာပါပဲ”
သဲ့ရှောင်းက ဗိုလ်ချုပ်တစ်ယောက်ကို လက်ညိုးထိုးကာ ပြောသည်။
“ စစ်သည်တော်တွေ ခေါ်ပြီး သွားရှင်းလိုက်”
“ ဟုတ်ကဲ့”
ထိုဗိုလ်ချုပ်ကလည်း ချက်ချင်း ထွက်ခွာသည်။
စစ်စခန်း၏ အပြင်ဘက်…
အဆိပ်ပြင်း ပင့်ကူစစ်တပ်မှ အနက်ရောင် ပုံရိပ်များကို မြင်ရချိန်တွင် ယွန်လော့ချန်းမှ စစ်သည်တော်များက ဖိအားနှင့်အတူ ပင့်သက်ရှိုက်ကြသည်။လုယွီက ပြောသည်။
“ မင်းတို့ တတ်ထားတဲ့ ဝင်္ကပါကို သတိရ”
အဝေးရှိ အဆိပ်ပြင်း ပင့်ကူမှ စစ်သည်တော်များက သူတို့အား ကြောက်လန့်ကာ ထွက်ပြေးစေလိုခဲ့သည်။ သို့သော် လုယွီတို့က အမှန်တကယ် တိုက်ခိုက်ရဲမည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
“ သေချင်နေကြတာပဲ”
ဗိုလ်ချုပ်က ရယ်သည်။
သူက သန်မာသည်။ သူ ကိုယ်တိုင် ရင်ဆိုင်သမျှ ကာလပတ်လုံး တဖက် စစ်တပ်ကို ခြောက်ခြားစွာ ထွက်ပြေးအောင် လုပ်ရန်က မခက်ခဲပေ။
နှစ်ဖွဲ့လုံးက ချက်ချင်းလိုလို ထိပ်တိုက် ရင်ဆိုင်ကြတော့သည်။ ထူးခြားသည်မှာ မြောက်ပိုင်းစစ်တပ်က ပြန့်ကျဲမနေဘဲ ကောင်းမွန်စွာ အစီအစဉ်တကျ လှုပ်ရှားနိုင်နေခြင်းဖြစ်သည်။
“ ဒီလှည့်ကွက်လောက်နဲ့များ…”
ဗိုလ်ချုပ်က ဂရုမစိုက်ဘဲ ရှေ့သို့ ဆက်တိုးသည်။ သူ၏ မှော်တုတ်တံမှ အလင်းတန်းများက ဆက်တိုက်ထွက်ပေါ်နေသည်။ သူ ခြေတစ်လှမ်းတိုးပြီးနောက် သူ၏ မျက်ဝန်းအတွင်း ရွှေရောင်အလင်းများ ထိန်လင်းလာသည်။
သူ၏ နားအတွင်းသို့ အော်ဟစ်သံများ ဝင်ရောက်လာသည်။
“ သတ်စမ်း”
သူ၏ ဝန်းကျင်မှ မဟာတယွီ၏ စစ်သည်တော်များက လေးထောင့် ဝင်္ကပါ ရှစ်ထောင့်ဝင်္ကပါတို့ကို ထုတ်ဖော်လျက် စစ်ပွဲ၏ အရပ်ရှစ်မျက်နှာလုံးကို သိမ်းပိုက်ထားသည်။
ဗိုလ်ချုပ်ကျုံးလည်း အံ့သြသွားသည်။
“ သောက်ကျိုးနည်း ဒါက ဘာလဲ”
လော့ကျန်းနှင့် အခြားသော ဗိုလ်ချုပ်နှစ်ယောက်က အထဲတွင် ရှိနေသည်။ သူတို့၏ လက်ထဲတွင် တောက်ပသော ဝင်္ကပါအခင်းအကျင်းက အောင်မြင်သွားသည်။
“ ရှစ်ထောင့် ဝင်္ကပါ သော့ အခင်းအကျင်း နိုးထစမ်း”
ထိုသို့ဆက်တိုက် အော်သံများနှင့်အတူ စွမ်းအားများက တောက်ပလာကာ နတ်စွမ်းအားများအဖြစ် ပြောင်းလဲသွားလျက် အဆိပ်ပြင်း ပင့်ကူမှ ကျွမ်းကျင်ပညာရှင်များထံ ကျရောက်သွားသည်။
ဝုန်း ဝုန်း ဝုန်း
ထိုအခါ အဆိပ်ပြင်းပင့်ကူမှ ဘုန်းတော်ကြီးများက မည်သို့မျှ သူတို့အား မယှဉ်နိုင်ကြတော့ပေ။
“ အား.. သတ်စမ်း”
“ အား ဒီနေရာမှာ ချုံခိုတိုက်ခိုက်မှုရှိတယ်။ အားလုံးပဲ မာရှယ့်ကို အကြောင်းကြားရအောင်”
အဆိပ်ပြင်း ပင့်ကူ စစ်တပ်က ၀ရုန်းသုန်းကားဖြစ်ကာ ထွက်ပြေးရန် ကြိုးစားကြတော့သည်။ လုယွီက ပြောသည်။
“ အဆိပ်ပြင်း စစ်တပ် တစ်ခုလုံးကို အပြတ်ရှင်းကြ၊ တစ်ယောက်မှ မကျန်စေနဲ့”
အပိုင်း ၁၀၅၃
စစ်ပွဲအစကနေ ယခုအထိဆိုလျင် အမွှေးတိုင် တစ်တိုင်စာပင် မကြာသေးချေ။ အဆိပ်ပြင်း ပင့်ကူဂိုဏ်းမှ လူထောင်ပေါင်းများစွာ အသတ်ခံရပြီးလေပြီ။ ကျန်သော ဘုန်းတော်ကြီးများက သေဆုံးသွားသော ဗိုလ်ချုပ်ကို မြင်သော် ချက်ချင်းလိုလို ထွက်ပြေးကြတော့သည်။
ထိုအခါ မဟာတယွီဘက်မှ ဘုန်းတော်ကြီးများအားလုံး စိတ်ဓာတ် တက်ကြွသွားကြတော့သည်။လုယွီက အမိန့်ပေးသည်။
“ ဝင်္ကပါ ဆက်ခင်းထား ရှေ့ဆက်မယ်”
“ သတ်ကြ”
စစ်သည်တော်များက အော်ဟစ်လျက် ရှေ့တက်ကြသည်။
အဆိပ်ပြင်း ပင့်ကူများရှိရာ စစ်စခန်း….
မျက်လုံးတဖက်သာ ရှိသော အကြီးအကဲက ဖန်ခွက်ကို ကောက်ပေါက်ကာ အော်သည်။
“ ငါတို့လူ သေသွားပြီ”
သွေးလွှမ်းနေသော စစ်သည်တော်တစ်ယောက်က စခန်းထဲ အပြေးဝင်လာကာ တုန်ယင်လျက် ပြောသည်။
“ မာ…မာရှယ် ဗိုလ်ချုပ် အထဲမှာ အဝိုင်းခံရပြီး သေသွားပါပြီ၊ ဒီတယွီစစ်တပ်က တကယ် ထူးဆန်းနေတယ်”
“ မင်းတို့ ဗိုလ်ချုပ် သေသွားတာကို မင်းက ဘာလုပ်နေတာလဲ”
ထိုစစ်သည်တော်က ကြောင်သွားလျက် တစ်စုံတစ်ရာ ပြောဟန် ပြင်လိုက်သည်။ထိုအခိုက် ထိုအကြီးအကဲက ထရပ်လျက် စစ်သည်တော်အား လက်ညိုးညွှန်လိုက်သည်။အတွင်းမှ ဓားချီ ထွက်လာလျက် စစ်သည်တော်ကို ထိမှန်ကာ သေဆုံးသွားစေသည်။
သူက တိရှောင်းကို ကြည့်ကာ ပြောသည်။
“ အစ်ကိုကြီး ကျွန်တော် တချက် သွားကြည့်လိုက်မယ်””
တိရှောင်းက ခေါင်းညိတ်သည်။ သို့သော် အချိန်အတန်ကြာသည်အထိ ဘာအသံမှ ထပ်မကြားရပေ။
တိရှောင်းက အမိန့်ပေးသည်။
“ နံပါတ်သုံံးလေး မင်း သွားကြည့်လိုက်”
“ ဟုတ်ကဲ့”
တဖက်က စစ်သည်သုံးထောင်မျှသာ ပါသည်။ ဂရုစိုက်ရန် မလိုပေ။ အဆင့်လွန်အဆင့်တစ်ယောက် ပါလျင်ပင် ပြဿနာ မရှိသေးပေ။
နံပါတ်သုံး ထွက်သွားပြီး အချိန်အတန်ကြာပြီးနောက်…
ရုတ်တရက် အပြင်ဘက်မှ ၀ရုန်းသုန်းကားဖြစ်သံများနှင့် သွေးပျက်သံက ထွက်လာသည်။
“ မာရှယ် မာရှယ် တယွီစစ်တပ် ဝင်စီးလာပြီ”
တဲစခန်းကို ကာထားသော လိုက်ကာက အလောတကြီး အမတင် ခံလိုက်ရသည်။ စစ်သည်တော်များစွာက ထိတ်လန့်စွာ အပြေးဝင်လာကြလေသည်။စစ်သည်တော်များစွာ ဝင်ပြေးလာကြသည်။
တိရှောင်းလည်း ချက်ချင်း ထရပ်သည်။ သူ၏ မျက်ဝန်းအတွင်း သတိထားသော အလင်းက လက်နေသည်။
“ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို ဦးဆောင်လာတာက ဘယ်သူလဲ။ လုမိသားစုက ကောင်ပဲ မဟုတ်….”
၀ုန်း
တံခါးနားတွင် ရပ်နေသော စစ်သည်တော်တစ်ယောက် အကန်ထုတ်ခံရသည်။ လိုက်ကာ၏ အနောက်မှ အပြာရောင် ဝတ်စုံ ဝတ်ထားသော လူငယ်လေး တစ်ယောက်ဝင်လာသည်။ သူက တိရှောင်း၏ အနားသို့ ခပ်ဖြေးဖြေးချင်း ဝင်လာပြီး ထိုင်သည်။
အထဲရှိ ဗိုလ်ချုပ်များလည်း ကြောင်သွားကြသည်။
‘ ဘယ်က ကလေးလဲ’
တိရှောင်းက စူးရှစွာ ကြည့်သည်။
“ မင်းက ဘယ်သူလဲ”
ထိုကောင်လေး၏ စွမ်းအင်အဆင့်ကို သူ ဖောက်မမြင်နိုင်သော်လည်း အန္တရာယ်ကို ခံစားမိနေသည်။
“ ငါလား၊ ငါက ဒီစစ်တပ်ကို ဦးဆောင်လာတဲ့ မာရှယ်… ဝမ်ချန်း”
အားလုံး အလန့်တကြားဖြစ်သွားလျက် လက်နက်များဖြင့် ချိန်ရွယ်လိုက်ကြသည်။
ရန်သူဘက်မှ မာရှယ်တစ်ယောက်က အထဲအထိ ဝင်လာရဲခြင်းက သနားစဖွယ်ပင် ကောင်းနေသည်။ တိရှောင်းက ပြောသည်။
“ မင်းက ငါ့ရှေ့ကိုတောင် လာရဲတာပဲ။ ငါ သတ်လိုက်မှာ မကြောက်ဘူးလား”
“ စမ်းကြည့်လေ”
လုယွီက ခပ်တည်တည် ပြောသည်။
ရုတ်တရက် ပုံရိပ်တစ်ခုက တိရှောင်း၏ အနောက်တွင် ပေါ်လာကာ လက်မောင်းကို လာကိုင်သည်။
“ ချောင်းတိုက်တာလား”
တိရှောင်းက အတွင်းအားများကို လှည့်ပတ်ကာ ထိုလက်ထံမှ ရုန်းသည်။ အံ့သြစရာကောင်းစွာပင် သူ ရုန်းနိုင်စွမ်းမရှိပေ။ သူ လှည့်ကြည့်လိုက်သောအခါ ရုပ်သေးရုပ်ကိုသာ မြင်လိုက်ရလေသည်။
လုယွီက ပြောသည်။
“ ခင်များရဲ့ စွမ်းရည်က မဆိုးဘူး၊ ခင်များ ငါ့နောက်ကို လိုက်နိုင်တယ်။ အဆိပ်ပြင်း ပင့်ကူက မြောက်ပိုင်းနယ်မြေက တယွီစစ်တပ်မှာ ရှုံးသွားပြီ”
တိရှောင်းက အေးစက်စွာ ပြောသည်။
“ မင်းမှာ ဘာလုပ်နိုင်စွမ်းရှိနေလို့ ပြောရဲရတာလဲ”
လုယွီက အမိန့်ပေးသည်။
“ သူ့ကို လွှတ်ပေးလိုက်”
ထိုအခါ ရုပ်သေးက ချက်ချင်း လွှတ်ပေးလာသည်။ လွှတ်ပေးလိုက်သည်နှင့် တိရှောင်းက အစိမ်းရင့်ရောင် အရိပ်တစ်အုပ်အဖြစ် ပြောင်းကာ ထွက်ပြေးသည်။
“ မင်းက ဉာဏ်နည်းနေရုံလေးပဲ၊ ကျန်တာတော့ မဆိုးပါဘူး”
သူက ဌာနသို့ ပြန်ကာ တပ်ကူခေါ်ရန် ပြင်ထားသည်။
“ အပိုတွေ လုပ်မနေနဲ့ ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်”
ရုတ်တရက် လုယွီ၏ အသံက သူ၏ နားအနား မြည်ဟည်းလာသည်။
အပိုင်း ၁၀၅၄
တိရှောင်းသည်လည်း နှဖူးမှ ချွေးအေးများကို ခံစားမိလိုက်သည်။ သူ အမြင့်ဆုံးအရှိန်ကို သုံးထားပြီးလေပြီ။ ထိုနေရာမှ ထွက်လာခဲ့ချိန်တွင် မည်သူမျှ လိုက်လာခြင်းမရှိအောင် ကြိုးစားခဲ့သည်။
လုယွီက ခပ်တိုးတိုး ပြောသည်။
“ ငါ့နောက်ကို လိုက်စမ်းပါ၊ မင်းတို့ဂိုဏ်း မပျက်ဆီးစေရဘူး”
တိရှောင်းက နှာခေါင်းရှုံ့သည်။
“ ငါ့ကို အညံ့ခံစေချင်ရင် ငါ့ကို အရင်ဆုံး နည်းနည်းတော့ ပေး လှုပ်ရှားပေါ့”
တိရှောင်း၏ ကိုယ်မှ အစိမ်းရင့်ရောင် မြူများနှင့်အတူ နှဖူးရှေ့မှ ပင့်ကူကြီးတစ်ကောင် ထွက်လာသည်။ ထိုပင့်ကူက ချက်ချင်းလိုလို ခုန်ထွက်လျက် လုယွီထံ ခုန်ဝင်သွားသည်။
မျက်နှာချင်းဆိုင် ရင်ဆိုင်ရသောအခါ ပြင်းထန်သည့်အဆိပ် ရနံ့က ပါလာသည်။ ပတ်ဝန်းကျင်တွင် မြင့်မားသော အပင်ကြီးများရှိပြီး အဆိပ်ငွေ့များ၏ လွှမ်းမိုးမှုအောက်တွင် အပင်များ ညိုးငယ်ခမ်းခြောက်လာတော့သည်။
“ စွမ်းရည်တော့ ရှိသားပဲ”
လုယွီ၏ မျက်ဝန်းအတွင်း အလင်းရောင် လက်လာသည်။
ထိုက်ချူသိုင်းက အဆိပ်ပြီးသည် အဆိပ်မြူကြား ရောက်နေသည့်တိုင် မည်သို့မျှ မခံစားရပေ။ တိရှောင်းသည်လည်း အံ့သြသွားသည်။ သူ ပါးစပ်အဟောင်းသားဖြစ်နေ၏။ သူပင် မြူကြားမှ ထွက်နေရသည်။ မြူထဲ ရောက်နေလျင်ပင် ဂါထာအဆင့်ဆင့် သုံးပြီး ကာကွယ်ရဦီးမည်ဖြစ်သည်။
သို့တိုင်အောင် ထိုကောင်လေးကမူ အသာအယာ ရပ်နေနိုင်မည်ဟု မထင်ထားပေ။
“ ခင်များက အစွမ်းအထက်ဆုံးလို့ ကြားတယ်။ ခင်များရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်ထုတ်ပြီး င့ါကို တိုက်”
လုယွီက ပေါ့ပါးစွာ ပြောသည်။
တိရှောင်း စိတ်ဓာတ်ကျလာသည်။ သူကဂိုဏ်းတွင် အစွမ်းအထက်ဆုံးဖြစ်သည်။ သူက လူငယ်တစ်ယောက်၏ ကြိတ်ဆုံ အဖြစ်မခံနိုင်ပေ။
“ မောက်မာတဲ့ ကောင်စုတ်လေး၊ ငါ ဒီနေ့ မင်းကို သတ်မယ်”
တိရှောင်း၏ တစ်ကိုယ်လုံးက လေထဲ မြောက်တက်လာသည်။ ကြွက်သားများက ဖောင်းပွကာ အရေပြားများက စုတ်ပြဲလာနေ၏။ထို့နောက် သူက လုယွီ၏ မျက်နှာကို လက်သီးဖြင့် ထိုးသည်။
သူက လူထွားတစ်ယောက်ဖြစ်လေရာ လျို့ဝှက်သိုင်းကို ထုတ်သုံးလိုက်သဖြင့် စွမ်းအားက နှစ်ဆခန့်တက်သွားပြီး ဝက်ဝံကြီးတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။
လုယွီကလည်း လက်ကို အသာမြောက်လျက် လက်သီးဆုပ်ကာ ထိုးလိုက်သည်။ သူ၏ အရေပြားတွင် ရှေးဟောင်းနဂါးသင်္ကေတပုံရိပ်များ ပေါ်လာပြီး ကိုယ်မှလည်း နဂါးဟိန်းသံက ထွက်သည်။
၀ုန်း
တိရှောင်းက လွင့်ထွက်သွားပြီး မြေသို့ ပြန်ပြုတ်ကျသည်။
လုယွီထံမှ ထွက်သော ဟိန်းသံနှင့်တင် မြေအမာက အက်ရာများပြည့်နှက်လာလျက် တိရှောင်း တစ်ကိုယ်စာ တွင်းချိုင့်ဖြစ်သွားသည်။ ထိုချိုင့်ဝန်းကျင်တွင်လည်း အက်ရာများက ပြည့်သည်။ လေပြေ၏ နှုတ်ဆက်မှုကို ခံယူနေသည့် လုယွီက ကောင်းကင်မှ အသာဆင်းသက်လာသည့် မသေမျိုးနှင့် တူသည်။
“ မင်း ပြီးပြီလား”
သူက ပေါ့ပါးစွာ မေးသည်။
တိရှောင်းက အထဲမှ ထနိုင်ရန် မနည်းကြိုးစားရသည်။ သူက ချောင်းနှစ်ကြိမ်ခန့် ဆိုးပြီးနောက် ပြောလိုက်၏။
“ ငါ မင်းဆီမှာ အညံ့မခံနိုင်ဘူး၊ ငါ့ကိုသာ သတ်လိုက်ပါ”
သူက လျို့ဝှက်သိုင်းကိုပင် သုံးခဲ့ပြီးလေပြီ။ သို့တိုင် အသုံးမဝင်ခဲ့ပေ။ လုယွီက ဘာမှပင် ဖြစ်မသွားခဲ့ပေ။
“ ဘာလို့လဲ ခင်များရဲ့ကိုယ်ပေါ်က ကျိန်စာကြောင့်လား”
လုယွီက မျက်ခုံးပင့်လျက် မေးသည်။
တိရှောင်းလည်း အံ့သြသွားသည်။
“ မင်းက ဘယ်လိုသိတာလဲ”
သူတို့သည်နေရာသို့ စေလွှတ်ခံရသည့်အကြောင်းပြချက်က ထိုကျိန်စာကြောင့်ဖြစ်သည်။ သူတို့ကသာ တော်ဝင်အရှင်ဧကရာဇ်ကို သစ္စာဖောက်လျင် ကျိန်စာက သူတို့အား သတ်သွားပေလိမ့်မည်။ ထိုအကြောင်းအရာကို အုပ်ချုပ်သူ အရှင်သခင်တွေမှလွဲပြီး မည်သူမျှ မသိပေ။
လုယွီက လက်ကို အသာမြောက်လျက် တိရှောင်း၏ မျက်ခုံးကြားကို အသာ ထိတွေ့သည်။ထိုအခါ အနက်ရောင် အရိပ်တစ်ခုက အထဲမှ ခုန်ထွက်လာသည်။
“ တကယ်တော့ ကျိန်စာကို ဖျက်ဖို့က မခက်ပါဘူး”
အပိုင်း ၁၀၅၅
အရိပ်ကို ဆွဲထုတ်ခံရပြီးနောက် တိရှောင်း သွေးအန်ရလေသည်။ သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသော်လည်း မျက်ဝန်းထဲမှ စိတ်လှုပ်ရှားမှုကိုကား ဖုံးကွယ်ရန် ခက်လေသည်။
‘ သူ့ရဲ့အတွင်းအား အဆင့်တက်သွားပြီ’
လုယွီထံတွင် ရှုံးပြီးနောက် သူ အလွန် ဖိအားများခဲ့ရသည်။ ထို့အပြင် တဖက်က အသာအယာလေး ကျိန်စာကို ဖယ်ပေးခဲ့သည်။ယခင် မည်သူမျှ မကြိုးစားခဲ့ဖူးသည်တော့ မဟုတ်ပေ။ သို့သော် ကြိုးစားသူ အားလုံး အတွင်းအား ပေါက်ကွဲကာ သေကုန်လေသည်။
သူက ချက်ချင်း ဒူးထောက်လိုက်ကာ ပြောသည်။
“ တိရှောင်းက အရှင့်ရဲ့ အမိန့်ကို နာခံပါတယ်။ အခုကစပြီး အရှင့်ရဲ့ အမိန့်ကို နာခံပါမယ်”
ထိုလူ၏ အစွမ်းအစကို မြင်ပြီးနောက် သူ့နောက်လိုက်ခြင်းက အရှုံးမရှိနိုင်တော့ပေ။ ထို့အပြင် မြောက်ပိုင်းသို့ သွားရမည်ဆိုလျင်ပင် ရေခဲနယ်မြေသို့ ပြန်ကာ ကျိန်စာထပ်အထည့်မခံချင်တော့ပေ။
လုယွီက ပြောသည်။
“ ငါ့လက်အောက်မှာ ဗိုလ်ချုပ်ရှိတယ်။ မင်းရဲ့ လူတွေခေါ်ပြီး တဲစခန်းတစ်ခု ချထားလိုက်။ မင်းရဲ့ ပင့်ကူတွေကိုတော့ တိမ်မြို့နားကို ရွေ့လာလို့ရတယ်”
သိပ်မကြာခင်အချိန်တွင်ပင် လေ့ာကျန်းနှင့် ဗိုလ်ချုပ်နှစ်ယောက်က အခြားသော ခေါင်းဆောင်နှစ်ယောက်နှင့်အတူ ရောက်လာကြသည်။တိရှောင်းနည်းတူ အားလုံး လုယွီထံ အညံ့ခံထားကြသည်။
“ အကိုကြီး”
သဲ့ရှောင်းက တိရှောင်းကို လန့်နေသဖြင့် မဝံ့မရဲခေါ်သည်။
“ ကြောက်ဖို့ မလိုဘူး၊ ငါတို့က အမြဲတမ်း ဘယ်အင်အားစုနဲ့မှ တည့်ခဲ့တာ မဟုတ်ဘူး။ အရှင်ဝမ်ချန်းက ငယ်ရွယ်ပေမဲ့ ထူးချွန်တယ်။ သူ့နောက်လိုက်ဖို့ မလွယ်ဘူး”
သို့တိုင် သူ၏ အနာဂတ်ကို သူ တွေးတောနေမိလေပြီ။
ထိုအချိန်တွင် လော့ကျန်းက တိရှောင်းအား ပုလင်းသုံးပုလင်း ပစ်ပေးသည်။
“ ဒါက ခင်များတို့ကို မာရှယ်ပေးခိုင်းလိုက်တာပဲ”
ထို့နောက် သူက စစ်တပ်ကို ကွပ်ကဲရန် ပြန်ထွက်သွားသည်။ထိုသုံးယောက်ကလည်း ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေ ဒါက ကုသခြင်းဆေးများ ဖြစ်လောက်သည်။
ပုလင်းအဖုံးကို ဖွင့်လိုက်သည့်အခါ ပြင်းထန်သည့် ရနံ့က ကန်ထွက်လာသည်။သားရဲဟိန်းသံက ကပ်ပါလာပြီး ပုလင်းကို ဝိုင်းပတ်နေသည့် စက်ကွင်းအလင်းတန်းကိုလည်း မြင်ရသည်။
“ မဟုတ်ဘူး…”
အနံရရုံနှင့်တင် သူတို့၏ ကိုယ်မှ ဒဏ်ရာတဝက်လောက်က သက်သာသွားလေပြီ။ ထိုအခိုက် မင်မင်းဆက်အဆင့် ဗိုလ်ချုပ်တစ်ယောက်က ဝင်လာပြီး ပြောသည်။
“ ဒါက ထုံလင်းဆိုတဲ့ စိတ်စွမ်းအား ဆေးလုံးပဲ။ ဓာတ်မပြယ်ခင် မြန်မြန် သောက်လိုက်”
အားလုံး အံ့သြကုန်တော့သည်။
‘ ဒါ ဒီအတိုင်း ဘာမှမဟုတ်သလို ပစ်ပေးသွားတာက အဆင့်မြင့် စိတ်စွမ်းအားဆေးဖြစ်နေတာလား၊ သူ သူတို့ ဒါနဲ့ အဆင့်တက်လို့ ရတယ်’
ဗိုလ်ချုပ်က ထွက်မသွားသေးဘဲ ပြောသည်။
“ ခင်များတို့ ငါတို့ မာရှယ်ရဲ့နောက်ခံကို မသိကြသေးဘူးပဲ။ သူက လူငယ်အဆင့်လွန်အဆင့် ဖြစ်နေရုံတင်မကဘူး မြောက်ပိုင်းနယ်မြေမှာ ကျင်းပတဲ့ တန် ဆေးအစည်းအဝေးပွဲမှာ အနိုင်ရသွားခဲ့လို့ အရှင်သခင်အဆင့် ဖြစ်နေပြီ။ သူ ဖော်စပ်ခဲ့တဲ့ ဆေးတွေက များသောအားဖြင့် ဧကရာဇ်အဆင့်တွေပဲ၊ ခင်များတို့တွေ ကောင်းကင်ဘုံမှာသာ ဖော်စပ်နိုင်လောက်တဲ့ ဧကရာဇ်အဆင့်ကို ကျော်လွန်တဲ့ ဆေးကို မြင်ဖူးကြလား၊ ဒါကို သူ ဖော်စပ်နိုင်တယ်”
ဗိုလ်ချုပ်က ထိုသို့ကြွားပြီးသည်နှင့် ထိုသုံးယောက်၏ အမူအယာကို ဂရုမစိုက်တော့ဘဲ သူ၏ လက်အောက်ငယ်သားများကို ကိုင်တွယ်ရန် ထွက်သွားလေတော့သည်။
ကျန်ခဲ့သော သုံးယောက်ကမူ ကြောင်တောင်တောင် ဖြစ်နေကြလေပြီ။ ယခင်အချိန်မှာ လုယွီက အင်အားသုံးကာ သူတို့အား အညံ့ခံစေခဲ့သည်။ ယခုမူ အကျိုးအမြတ်ကို စတွက်နေလေပြီ။
သူတို့ကသာ အဂ္ဂိရက်ပညာရှင်တစ်ယောက်၏ နောက်လိုက်များဖြစ်သွားလျင် အကျိုးအမြတ်က မသေးပေ။ ကျင့်ကြံရာတွင် အလိုအပ်ဆုံးထဲတွင် ဆေးလုံးများလည်း ပါသည်။
အဂ္ဂိရက်ပညာရှင်များက အလွန့်အလွန် ရှားပါးပြီး အဖိုးတန်သည်။ သူတို့ကသာ အဂ္ဂိရက်ပညာရှင်၏ နောက်လိုက်ဖြစ်သွားလျင် ဆေးလုံးအတွက် စိတ်မပူရတော့မည်မှာ သေချာသည်။ထို့အပြင် တဖက်လူက အရှင်အဆင့်ဖြစ်သည်။
“ ဒါ တကယ်ကို ရှားပါးတဲ့ အခွင့်အရေးပဲ”