အခန်း (၁၀၅၆-၁၀၆၀)
Vol. 55 Ch. 1056-1060
အပိုင်း ၁၀၅၆
“ အားလုံးက ရှေ့တန်းမှာပဲလား”
တိရှောင်းထံမှ တင်ပြချက်ကို နားထောင်ပြီးနောက် လုယွီက လူတစ်ယောက်ကို လွှတ်ကာ တိရှောင်းပြောသည့်နေရာအား စစ်ခိုင်းသည်။
တိရှောင်းပြောသည့်အတိုင်း အဆိပ်ပြင်းပင့်ကူဌာနရှိရာ နေရာတွင် ကြီးမားသော စိတ်ဝိဉာဉ်ကျောက်တုံး မိုင်းတွင်းကြီးရှိနေလေသည်။
ထိုစိတ်ဝိဉာဉ်မိုင်းတွင်းက အလွန်နက်ပြီး ဂူအ၀ ဝင်ပေါက်တွင်ရပ်နေရုံနှင့်တင် ပြင်းထန်သည့် အရှိန်အဝါကို ခံစားရလေသည်။
“ မြေသားသေ နဂါးသွေးကြော ဖြစ်နေတာပဲ။ စိတ်ဝိဉာဉ်ကျောက်တုံးပေါင်း များစွာကိုလည်း ထုတ်ပေးခဲ့ပြီးလောက်ပြီ”
လုယွီက တချက်ကြည့်ပြီး လေအေးများ ရှူရှိုက်လိုက်မိလေသည်။
သည်နေရာရှိ စိတ်ဝိဉာဉ်ကျောက်တုံးများက ယွမ်သန်း တစ်ရာ မကပေ။
တိရှောင်းက လက်သီးနှစ်ဖက် ဖိဆုပ်လျက် ပြောသည်။
“ ဒီစိတ်ဝိဉာဉ်မိုင်းတွင်းက ဒီငယ်သားတို့ ကာကွယ်မှုအောက်မှာ ရှိပါတယ်။ အရှင့်အတွက် တွေ့ဆုံမှု လက်ဆောင်အနေနဲ့ ပေးပါတယ်”
သို့သော် တိရှောင်းကိုယ်တိုင်လည်း အံ့သြနေလေသည်။ လုယွီက တချက်ကြည့်ရုံဖြင့် ဇစ်မြစ်ကို ပြောနိုင်နေသည်။
လုယွီက သူ၏ ပခုံးကို ပုတ်လျက်ပြောသည်။
“ မင်းရဲ့ လက်ဆောင်က ကောင်းတယ်”
လက်ရှိတွင် လုယွီအတွက် အလိုအပ်ဆုံးက လင်းရှီ(စိတ်ဝိဉာဉ်ကျောက်တုံး)ဖြစ်သည်။
“ စစ်သင်္ဘောရဲ့ သိုလှောင်ခန်းကို ဖွင့်ပြီး ထည့်ကြ၊ ဒါ့အပြင် မင်းတို့ နိုင်သလောက် ယူနိုင်တယ်”
“ ဟုတ်ကဲ့”
စစ်သည်တော်များ၏ အော်ဟစ်သံက ဟိန်းထွက်လာသည်။ မာရှယ်ပြောသော စကားအရ သူတို့ တတ်နိုင်သလောက် များများ ယူနိုင်လေသည်။ ထို့အပြင်စိတ်ဝိဉာဉ်ကျောက်တုံးပါသော ခရီးလောက် ပျော်ရွှင်ဖွယ်ကောင်းသည်မှာ မရှိပေ။
ထို့ကြောင့် ထိုစစ်သည်တော်များက အစာတွေ့သောဝံပုလွေတစ်ကောင်လို အသည်းအသန် ပြေးလျက် သယ်ကြသည်။
သိပ်မကြာခင်မှာတင် စစ်သင်္ဘောများစွာ ပြည့်သွားသည်။ ထို့အပြင် သူတို့၏ကိုယ်ရှိ သိုလှောင်အိတ်များအတွင်းသို့လည်း ဆက်တိုက် ထည့်ထားသေးလေသည်။ သို့တိုင်အောင် ပမာဏများစွာ ကျန်သေးသည်။
“ မာရှယ် ကျန်တဲ့ စိတ်ဝိဉာဉ်စွမ်းအင် ကျောက်တုံးတွေကို ဖျက်ဆီးမှာပါလား”
“ မလိုဘူး ငါ ယူသွားမယ်”
အားလုံး စိတ်ကြိုက်ယူပြီးမှ လုယွီက သိုလှောင်အိတ်ကို ထုတ်လိုက်လျက် မိုင်းတွင်းအနား ကပ်သွားကာ ရူးသွပ်စွာ ထည့်ယူတော့သည်။
လုယွီ၏ သိုလှောင်အိတ်က အခြားသူများ၏ သိုလှောင် အိတ်နှင့်မတူပေ။ အထဲတွင် လောကငယ် တစ်ခုရှိနေလေသည်။ ထို့ကြောင့် အိတ်ကို ဖွင့်လိုက်သည်နှင့် ပြင်းထန်သည့် ဆွဲစုပ်အား တစ်ခုက ဖြစ်လာတော့သည်။
မိုင်းတွင်းထဲမှ စိတ်ဝိဉာဉ်ကျောက်တုံးများက ကြီးမားသော နဂါးသဏ္ဍာန် ဟန်ဖြင့် ဆွဲစုပ်ယူခံလိုက်ရသည်။
ဝုန်း
စိတ်ဝိဉာဉ်ကျောက်တုံးများ မရှိတော့သည်နှင့် မိုင်းတွင်းက ပြိုကျသွားသည်။
လော့ကျန်းဆိုလျင် အသက်ရှူပင် အောင့်မိလေသည်။
“ မာရှယ်က ငါတို့ထက်တောင် ပိုရက်စက်သေးတယ်။ တစ်ခါထဲ မိုင်းတွင်းတစ်ခုလုံး အကုန်ယူလိုက်တာပဲ”
တိရှောင်းဆိုလျင် လေအေးများပင် ရှူလိုက်မိလေသည်။လုယွီ၏ အိတ်က သာမန်မဟုတ်ကြောင်း သူ သိလိုက်သည်။ မိုင်းတွင်းတစ်ခုလုံးကိုပင် စုပ်ယူနိုင်လေသည်။
“ မာရှယ် အခုဆိုရင် ကျွန်တော်တို့ရဲ့ စစ်တပ်က အဆိပ်ပြင်းကလန်ကို ဝါးမြိုလိုက်လို့ အရေအတွက် တစ်သိန်းအထိ ရောက်သွားပါပြီ”
သူတို့၏အင်အားက အလွန်ကြီးသွားပြီဟု ဆိုနိုင်သည်။
ရုတ်တရက် လုယွီက အနောက်မြောက်ပိုင်းသို့ ကြည့်ကာ မျက်မှောင်ကြုတ်သည်။
“ မင်းတို့ အဲဒီမှာ ဘာစီစဉ်ထားလဲ”
တိရှောင်းက ဖြေသည်။
“ အဲဒီမှာ ထျန်းယွီရှိပါတယ်။ သူတို့က သတင်းအမှားလွှင့်ပြီး ယွန်လော့ချန်းက လူတွေကို စိတ်ဝိဉာဉ်မိုင်းတွင်းရှိတယ်လို့ ထင်သွားစေတယ်။ ငါးစာ ဟပ်ပြီဆိုတာနဲ့ သတ်ဖို့ သတ်ဖြတ်ခြင်းဝင်္ကပါ ခင်းထားပါတယ်”
တိရှောင်းက ရယ်သည်။
“ ဒါပေမဲ့ သူတို့က နိမ့်ပါတယ်။ မာရှယ်ရဲ့ မြင်နိုင်စွမ်းက မလွတ်ပါဘူး”
လုယွီက ခေါင်းခါသည်။
“ ထျန်းယွီဂိုဏ်းဆီ သွားမယ်”
သူက မြင်နိုင်သော်လည်း ထိုဆိုးရွားသော ညီအစ်မက မမြင်နိုင်ပေ။ သူတို့ ယခုလောက်ဆိုလျင် ချုံခိုတိုက်ခိုက်ခံရလောက်လေပြီ။
အပိုင်း ၁၀၅၇
အခြားတဖက်တွင်….
တောင်စောင်းတစ်နေရာတွင် သတ်ဖြတ်ရန်အော်ဟစ်သံများ၊ ငိုကြွေးသံများ စသဖြင့် ဆူညံနေသည်။ ကျောက်စိမ်းမိန်းမပျို စစ်တပ်က တောင်တဖက်ခြမ်းတွင် ပိတ်မိနေသည်။ လူတိုင်းက ထောင့်လေးထောင့်တိုင်းမှ လင်းလက်နေသော အလင်းများကို ကြည့်နေကြသည်။
ဝင်္ကပါကို ထိန်းချုပ်နေသော ရေခဲနယ်မြေမှ နတ်မင်းအဆင့် ဘုန်းတော်ကြီးများရှိသည်။ သူတို့က ကျောက်စိမ်းမိန်းမပျိုဟု ခေါ်သော ခေါင်းဆောင်က ဝင်္ကပါကို မဖျက်ဆီးနိုင်စေရန် သေချာအောင် ကာကွယ်ရသည်။
သုန့်ဝမ်ကျင်းက ပတ်ဝန်းကျင်ကို စိတ်ပျက်အားငယ်စွာ ကြည့်သည်။ သူမ နောင်တရနေသည်။
“အစ်မကြီး ညီမတို့ ထောင်ခြောက်မိသွားပြီ”
သူတို့ သည်နေရာသို့ ရောက်လာသည်နှင့် ပြင်းထန်သည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ သူတို့က စိတ်လှုပ်ရှားစွာနှင့် ဒါက စိတ်ဝိဉာဉ်မိုင်းတွင်း ဖြစ်မည်ဟု တွေးခဲ့သည်။ သို့သော် သူတို့ မထင်ထားသည်မှာ သူတို့ရှေ့တွင် ပေါ်လာသောအရာက စိတ်ဝိဉာဉ်မိုင်းတွင်းမဟုတ်ဘဲ ထောင်ခြောက်ဆင်ထားခဲ့သည့် နတ်မင်းများစွာ ဖြစ်နေလေသည်။
သည်တစ်ကြိမ်တွင် တဖက်က ထောင်ခြောက်ဆင်ထားသည်မှာ တပ်ရင်းငါးခု အပြည့်ဖြစ်သည်။ စစ်တပ်တပ်ရင်း တစ်ခုဆီတိုင်းက ထောင့်တစ်နေရာစီတွင် ပိတ်ထားသည့်အပြင် ချောင်းတိုက်မည့် တပ်ရင်းတစ်ခုကလည်း ရှိနေသေးလေသည်။
ထို့ကြောင့် လွတ်မြောက်ရန် တွေးပင် မတွေးနိုင်တော့ပေ။ ကျရှုံးသည့် စစ်သည်များ၏ ပမာဏက များသထက် များလာသည်။ သူတို့ဘက်က အခြေအနေမကောင်းတော့သည့်အတွက် တောင်ကုန်းတစ်နေရာသို့ ဆုတ်လိုက်ရသည်။
“ သုန့်ဝမ်ယွဲ့ ငါမင်းကို လွတ်မြောက်ဖို့ အခွင့်အရေးပေးမယ်။ မင်းတို့ ညီအစ်မ နှစ်ယောက်မှာ ဒီအခွင့်အရေးပဲ ရှိမယ်။ တကယ်တော့ ငါ မင်းကို သဘောကျတယ်။ မင်းသာ ငါ့ကို ပြုစုမယ်ဆိုရင် မင်းတို့ လွတ်လိမ့်မယ်”
တောင်ကြားထဲမှ လူတစ်ယောက် ထွက်လာကာ ပြောရင်း ရယ်သည်။
သုန့်ဝမ်ယွဲ့က အေးစက်စွာ ပြော သ ည်။
“ တွေးတောင် မတွေးနဲ့”
သူမ၏ ကိုယ်တွင် ဒဏ်ရာများစွာရှိပြီး သွေးများ စိုရွှဲနေသည်။ သူမတို့ တပ်ရင်း တောင်ကြားအတွင်း ဝင်လာကတည်းက တဖက်မှ ခေါင်းဆောင် ငါးယောက်က ဝိုင်းကာတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
သုန့်ဝမ်ယွဲ့ထံတွင်သာ အဖိုးတန် ရတနာ လက်နက် ရှိမနေခဲ့လျင် ထိုတိုက်ခိုက်မှု့ အားက သူမတို့နှစ်ယောက်အား သေသွားစေရန် လုံလောက်လေသည်။
လူအိုကြီးက လက်ကောက်ဝတ်ကို ရမ်းလိုက်သည်။
“ ဆိုးလိုက်တာ တကယ် မနာခံတာပဲ။ မင်းတို့ ဒီအတိုင်းဆိုရင် ဆုံးမခံရတော့မယ်”
ထိုသို့ဖြင့် ထိုလူက အမျိုးသမီးနှစ်ယောက်ကို အပေါ်အောက်ကို စုန်ချည်ဆန်ချည်ကြည့်သည်။
“ ယုတ်မာလိုက်တာ”
သုန့်ဝမ်ကျင်းက ဒေါသထွက်ပြီး ဓားအလင်းကို ထုတ်သည်။
ထိုဓားအလင်းက အလွန် စွမ်းအားကြီးမားပြီး ပတ်ဝန်းကျင်ရှိ စစ်သည်တော်များစွာကို လွင့်ထွက်သွားစေသည်။
“ ဟမ်း မင်းက မင်းအစ်မကိုတောင် မမီသေးပါဘူး”
ထိုလူက လက်ဝါးမှ ပုဆိန်တစ်လက်ကို ပေါ်လာစေလျက် ဓားအလင်းကို ခုတ်ပိုင်းသည်။
“ တော်လောက်ပြီ တော်ဝင်သံတမန်က အမိန့်ထုတ်လိုက်တယ်။ အဆိပ်ပြင်းဂိုဏ်းဘက်မှာ အပြောင်းအလဲဖြစ်သွားတယ်။ ငါတို့ မြန်မြန် ဆုံးဖြတ်ချက်ချရမယ်”
လူကြီး၏ အနားတွင် အခြားသော လူလေးယောာက်လည်း ပေါ်လာသည်။အားလုံးက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။
ညီအစ်မနှစ်ယောက်လုံးထံတွင် စိတ်ပျက်အားငယ်မှုကို မြင်နိုင်သည်။ သူတို့သာ အနည်းငယ် သတိထားခဲ့မည်ဆိုလျင် သည်လို မဖြစ်ပေ။ ထို့အပြင် သူတို့ကို လာကယ်မည့်လူကိုလည်း မျော်ရန်မဖြစ်နိုင်ပြန်ပေ။
‘ အဂ္ဂိရက် ကောင်စုတ်လား၊ ဟမ် အဲဒီကောင် အဆိပ်ပြင်းကလန်လက်ထဲမှာ သေနေလောက်ပြီ’
လူကြီးက ရယ်သည်။
“ ဟား တိရှောင်းတို့က ဘာဖြစ်နိုင်မှာလဲ၊ အဲဒီကောင်က ငါ့ထက်တောင် သာတယ်၊ သူတို့ညီအစ်ကို သုံးယောက်ပေါင်းရင် အရင်လုမိသားစုဆိုရင်တောင်မှ တစ်ခုခုဖြစ်ဖို့ ခက်တယ်”
ရုတ်တရက် သူက ကောင်းကင်သို့ မော့ကြည့်သည်။ကောင်းကင်တွင် စစ်သင်္ဘော တစ်စင်း ချဉ်းကပ်လာခြင်းကို မြင်လိုက်ရသည်။ ထိပ်ဦးတွင် အဆိပ်ပြင်းကလန်၏ အလံက လွင့်နေသည်။သူက မျက်မှောင်ကြုတ်သည်။
“ တိရှောင်းတို့က ဘာလာလုပ်တာလဲ”
သုန့်ညီအစ်မကမူ အလွန် စိတ်ဓာတ်ကျနေလေပြီ။
သည်နေရာမှ ငါးယောက်ကိုပင် ရင်မဆိုင်နိုင်လေရာ နောက်သုံးယောက် ရောက်လာလျင် တွေးနေရန်ပင် မလိုတော့ပေ။ သူတို့ သေတော့မည်မှာ သေချာသည်။
“ တိရှောင်း မင်း ဘာလာလုပ်…”
လူကြီးက ကောင်းကင်သို့ ပျံတက်သွားလျက် နှုတ်ဆက်ရန် ကြံစည်သည်။ထိုအခိုက် သင်္ဘောဦးက ရေခဲနယ်မြေဘက်သို့ လှည့်လိုက်လေသည်။
အပိုင်း ၁၀၅၈
ဝုန်း ဝုန်း ဝုန်း
ပြင်းထန်သည့် ပေါက်ကွဲသံနှင့်အတူ မရေမတွက်နိုင်သော အမြောက်များစွာက တောင်ကြားမှ သတ်ဖြတ်ခြင်းဝင်္ကပါထံ သို့ တိုက်ရိုက်ကျသွားသည်။
အောက်ဘက်ရှိ နတ်မင်းများကလည်း သူတို့လူက သူတို့အားရုတ်တရက် တိုက်ခိုက်လာမည်ဟု မထင်ထားသဖြင့် တစ်ယောက်ပြီးတစ်ယောက် ထိခိုက်မိကုန်လေသည်။ အားလုံး သွေးသံရဲရဲဖြစ်ကုန်၏။
“ တိရှောင်း သောက်ကောင် သေချင်နေလား”
လူကြီးက အော်သည်။
သင်္ဘောဦးထိပ်ပိုင်းမှ လူတစ်ယောက် ထွက်လာ၏။ထိုသူက တိရှောင်းဖြစ်သည်။
တိရှောင်းကို မြင်သဖြင့် တဖက်သူက အော်တော့မည့်အချိန်တွင် တိရှောင်းက ပြောသည်။
“ မာရှယ်ရဲ့ အမိန့်အရ မင်းတို့ အညံ့ခံသင့်တယ်။ မဟုတ်ရင် အသတ်ခံရလိမ့်မယ်”
ထို့နောက် သင်္ဘောမှ အလံပေါင်းများစွာ မြင့်တက်လာသည်။ အားလုံးက မဟာတယွီ စစ်တပ်၏ အလံများဖြစ်သည်။
“ မင်း မင်း အညံ့ခံလိုက်တယ် ဟုတ်လား”
တိရှောင်က မျက်နှာသေနှင့်ဖြစ်သည်။ သူက ပြော၏။
“ မင်းတို့ အညံ့ခံသင့်တယ်၊ နိုင်မှာလည်း မဟုတ်ဘူးလေ”
ထိုသို့ဖြင့် အခြားသော ညီအစ်ကို နှစ်ယောက်က ထပ်ထွက်လာကာ သူ့အား ဝိုင်းလျက် တိုက်ခိုက်သည်။
“ အဆိပ်ပြင်း ပင့်ကူကလန်က ပုန်ကန်သွားပြီ၊ ငါ့ကို လာကယ်ကြ”
တိရှောင်းတစ်ယောက်ထဲ ဆိုလျင် သူ နိုင်နိုင်သည်။ သို့သော် နောက်နှစ်ယောက်ပါသည့်အခါ မဖြစ်နိုင်တော့ပေ။
ရုတ်တရက် ဖစ်သွားသည့် အပြောင်းအလဲကို စစ်မြေပြင်က လိုက်မမီနိုင်တော့ပေ။
သုန့်ဝမ်ကျင်းက ပျော်သွားသည်။
“ သူတို့အချင်းချင်း တိုက်ခိုက်နေကြပြီ ငါတို့ ဖောက်ထွက်လို့ရလိမ့်မယ်”
သူမ၏ မျက်ဝန်းထဲတွင်မူသံသယက ရှိသေးသည်။ ပင့်ကူကလန်မှ ခေါင်းဆောင်အကြောင်း သူမ သိသည်။တဖက်လူက အလယ်အလတ်အဆင့်ဖြစ်သည်။
‘ ဒီလို အဓိက ပုဂ္ဂိုလ်မျိုုးက ပုန်ကန်ပါ့မလား’’
ထို့အပြင် စစ်သင်္ဘောမှ အလံကလည်း မြင်ဖူးသလို ဖြစ်နေသည်။
“ စစ်တပ် တစ်ခုလုံး ဖောက်ထွက်မယ်”
သုန့်ဝမ်ယွဲ့ကမူ တွေဝေနေချိန် မရှိပေ။ သူမက ချက်ချင်း အမိန့်ပေးသည်။
သိပ်မကြာခင်မှာပင် ကျောက်စိမ်းမိန်းမပျိုကျောင်းတော်က ဖောက်ထွက်နိုင်သွားသည်။ တန်ကြေးကြီးကြီး ပေးလိုက်သဖြင့် အောင်မြင်သွားသည်။
ရောက်လာကာစက စစ်သည်တော် ငါးသောင်းကျော်သော်လည်း ယခုအခါ ငါးထောင်ပင် မကျန်တော့ချေ။
သုန့်ဝမ်ယွဲ့ သက်ပြင်းချမိသည်။ သူမတို့ ထွက်ပြေးရတော့ပေမည်။ တဖက်၏ အတွင်းရေး ကိစ္စများ ဖြေရှင်းပြီးသွားလျင် သူမတို့ဘက် လှည့်လာလိမ့်မည်။
တိုက်ပွဲနယ်မြေတွင် တိရှောင်းပုန်ကန်သည်ဟု ကြားသည်နှင့် ကျန်သော လေးယောက်က လာရောက် ကူညီကြသည်။
လုယွီနှင့် ရုပ်သေးရုပ်ကလည်း သင်္ဘောထဲမှ ထွက်လာသည်။ လုယွီက အေးစက်စွာ ပြော၏။
“ နတ်ဆိုးမှော်စွမ်းအားသုံးတဲ့ကောင်တွေကို အညံ့မခံရင် သတ်ပစ်လိုက်”
ထိုလူကြီးထံမှ နတ်ဆိုးဝိဉာဉ်စွမ်းအားကို သူ ခံစားမိနေသည်။ထိုကဲ့သို့သော နတ်ဆိုးစိတ်ဝိဉာာဉ်က အရှိန်အဝါကိုပင် ဆိုးယုတ်စေသည်။
ထိုကဲ့သို့သော လူမျိုးများက လူသတ်ရင်းနှင့်သာ အဆင့်တက်နိုင်ကြသည်။
“ မြေအောက်လောကရဲ့ အမျက်ဒေါသ”
လုယွီက အေးစက်စွာ လက်ကို တစ်ချက် ရမ်းသည်။ လက်ရမ်းရာမှ ထွက်လာသည့် ဓားချီက လေထုကို ထိုးခွဲလျက် တိုးဝင်သွားသည်။
အခြေအနေမကောင်းမှန်း သိသည်နှင့် ထွက်ပြေးသည့် လူကြီးက လေထဲတွင်ပင် ဓားချီနှင့် အပစ်ခံလိုက်ရလေသည်။ ဘာအသံမှ ထွက်မလာသော်လည်း ထိုလူ၏ အလောင်းမဆိုထားဘိ အရိုးစုပင် မကျန်ခဲ့ချေ။
ထိုအကွက်က လူအများကို ထိတ်လန့်ကြောက်ရွံ့သွားစေသည်။ တိရှောင်းတို့သုံးယောက်ကလည်း အခြားလေးယောက်ကို သတ်ရန် တိုက်ခိုက်ကြသည်။
“ မာရှယ် ဒါက ထျန်းယွီဂိုဏ်းပါ”
လုယွီက ငုံ့ကြည့်လိုက်ရာ တောင်ကြားတဖက်တွင် ခမ်းနားသော စံအိမ်ကြီးကို မြင်လိုက်ရလေသည်။ လုယွီက ချက်ချင်းဆင်းပြီး ဂိတ်တံခါးကို ကန့်ဖွင့်လိုက်သည်။ သို့သော် သွေးညှီနံ့ကသာ သူ့ကို ဆီးကြိုသည်။ အထဲတွင် အလောင်းများ ပြည့်နေသည်။
“ သေမျိုးတွေနဲ့ မြောက်ပိုင်းနယ်မြေက နတ်မင်းတွေပဲ”
တိရှောင်းက ပြောသည်။
ထျန်းယွီဂိုဏ်းက နတ်ဆိုးသိုင်း ကျင့်ကြောင်း သူ သိသော်လည်း ထိုမျှအထိ ရက်စက်မည်ဟု မထင်ထားမိပေ။
“ ဒီကောင်တွေက သေသင့်တယ်”
လုယွီ၏ အကြည့်က အေးစက်နေသည်။ သူက လူတစ်ယောက်လွှတ်ကာ အသက်ရှင်ကျန်နေသူများအား ကယ်ဆယ်ခိုင်းသည်။
အပိုင်း ၁၀၅၉
တိရှောင်းက လေးစားစွာ ပြောလာသည်။
“ မာရှယ်ဒီမှာပါ “
‘ ဘာလဲ’
သုန့်ဝမ်ယွဲ့တို့ ခံစားချက် မကောင်းတော့ပေ။
တိရှောင်းသည် ရေခဲနယ်မြေမှ အင်အားကြီးတစ်ယောက်ဖြစ်သည်။ သူ နောက်လှည့်ကာပင် တရိုတသေ နှုတ်ဆက်ရသူက သာမန်မဟုတ်နိုင်ပေ။
သုန့်ဝမ်ကျင်းက ပြောသည်။
“ ရေခဲနယ်မြေက လွှတ်လိုက်တဲ့ အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်များလား၊ သေစမ်း ငါတို့ ကြိုသိရင် သတင်းပို့နိုင်ခဲ့မှာပဲ”
သုန့်ဝမ်ယွဲ့က ပြောသည်။
“ အခုမှ ပြောတာ အသုံးဝင်မှာလား”
သုန့်ဝမ်ယွဲ့က သက်ပြင်းချသည်။ သူမ၏ မျက်ခုံးများကပင် လှုပ်နေသည်။ သူမ မသက်မသာဖြစ်နေ၏။
သုန့်ဝမ်ယွဲ့က ရှေ့တန်းတွင် နေရန် လက်ခံခဲ့သည်မှာ အကျိုးအမှတ်များကို သိုင်းများနှင့် လဲနိုင်ရန်အတွက် ဖြစ်သည်။ သို့မှသာ သူမတို့ကျောင်းတော်က အင်အားကြီးလာပေလိမ့်မည်။
သူမက ရည်မှန်းချက်ကြီးသည်။ မမျော်လင့်ထားသည်မှာ အရာအားလုံးက တွက်ချက်မှုအတွင်းမှ ကင်းလွတ်သွားခဲ့သည်။ လက်ရှိအခြေအနေကို သူမတို့ မထိန်းနိုင်တော့ပေ။
ယခုဆိုလျင် ရောက်လာသည်က တိရှောင်းတို့ထက် အင်အားကြီးသူဆိုလျင် သူမတို့ ဆက်လက် တိုက်ခိုက်မည်ဆိုလျင်ပင် ဒုက္ခများနေလေပြီ။ တိရှောင်း၏ ကြိုဆိုမှုနောက်တွင် စစ်သင်္ဘောက ချဉ်းကပ်လာသည်။
စစ်သင်္ဘောမှ အလံကိုမြင်သောအခါ စစ်သည်တော်များက ရေရွတ်ကြသည်။
“ ထူးဆန်းလိုက်တာ ငါတို့ ဒီအလံကိုမြင်ဖူးပါတယ်”
“ ငါ မှတ်မိပြီ သိပ်မကြာခင်ကမှ ရောက်လာတဲ့ တယွီ စစ်တပ်ရဲ့ အလံပဲ’
ထိုသူများ၏ အသံကြောင့် သုန့်ဝမ်ယွဲ့နှင့် သုန့်ဝမ်ကျင်းတို့ အလံကို ကြည့်လိုက်ကြသည်။ မှန်သည် ၊ ဒါက မဟာတယွီ၏ အလံဖြစ်သည်။
“ မဖြစ်နိုင်တာ…”
သူမက လုယွီအား သေလူအဖြစ် သတ်မှတ်ပြီးသားဖြစ်သည်။ထို့ကြောင့် သည်နေရာတွင် ပေါ်လာစရာ အကြောင်းမရှိပေ။
သို့သော် သင်္ဘောထဲမှ ခပ်အေးအေး ထွက်လာသော လုယွီကို မြင်လိုက်ရလေသည်။
သို့သော် အဆိပ်ပြင်းပင့်ကူကလန်မှ ခေါင်းဆောင်ကမူ ကြောက်လန့်စရာ တည်ရှိမှုအဖြစ် သတ်မှတ်ခဲ့သည့်တိုင် ယခုမူ လုယွီ၏ အနောက်မှ လိုက်ပါလာလေသည်။
“ ဘယ်လိုဖြစ်ပြီး တိရှောင်းက သူ့နောက်မှာ ပါလာတာလဲ၊ သူက သေသွားပြီမဟုတ်ဘူးလား”
သုန့်ဝမ်ကျင်းက သတိလက်လွတ် ရေရွတ်သည်။သူမ သည်အဖြစ်ကို လက်မခံနိုင်တော့ပေ။
“ ဂိတ်တံခါးဖွင့်”
လုယွီက အသာအယာ ပြောသည်။ သူ၏ အသံကို ကြားသည်နှင့် မြို့ရိုးပေါ်မှ ရန်သူလာပြီထင်ပြီး တိုက်ခိုက်ရန် ပြင်ထားသည့် အစောင့်တိုင်းက တံခါးကို ဖွင့်ပေးကြသည်။
သုန့်ဝမ်ယွဲ့က မျက်မှောင်ကြုတ်လိုက်သော်လည်း မတားပေ။
“ အစ်မ မဖွင့်ပေးနဲ့၊ “
သုန့်ဝမ်ကျင်းက ရုတ်တရက် ပြောလာသည်။
“ ညီမ နင်….”
“ အစ်မ နင်လည်း မြင်တာပဲ။ သူက သာမန်မှ မဟုတ်တာ၊ နောက်ပြီး တိရှောင်းက သူ့နောက်လိုက် ဖြစ်စရာ အကြောင်းမရှိဘူး။ သူက ရေခဲနယ်မြေက သူလျှိုဖြစ်မယ်။ ငါတို့ကို ဝင်္ကပါဖွင့်ခိုင်းပြီး ဝိုင်းတိုက်လိမ့်မယ်”
သုန့်ဝမ်ကျင်းက ထိတ်လန့်စွာ ပြောသည်။
သုန့်ဝမ်ယွဲ့က ခေါင်းခါသည်။
“ မဟုတ်ဘူး၊ ညီမ နင်မှားနေပြီ၊ ဝင်္ကပါကို ဖျက်ချင်ရင် တိရှောင်းတစ်ယောက်ထဲနဲ့ လုံလောက်တယ်၊သူလျှိုသုံးဖို့အထိ မလိုဘူး”
ထိုအချိန်တွင် လုယွီ၏ အသံ အေးအေးက ထပ်ထွက်လာသည်။
“ ငါ စစ်နိုင်ပြီး ပြန်လာပြီ ဒါကို မင်းတို့က ဝင်ခွင့်မပေးချင်တာလား”
“ အသုံးမကျတဲ့ကောင် နင်က သစ္စာဖောက်ပဲ။ နင့်အနေနဲ့ ပင့်ကူကလန်ကို ထိန်းချုပ်နိုင်စရာ အကြောင်းမရှိဘူး၊ နင် သက်သက် လှည့်စားပြီး ငါတို့ တိုက်ခိုက်ချင်တာ မဟုတ်လား”
ထိုအော်သံကို ကြားသောအခါ တံခါးဖွင့်တော့မည့် အစောင့်များလည်း အလျင်စလို ရပ်လိုက်ရလေသည်။
သို့သော် ထိုအချိန်တွင် အနက်ရောင် အရိပ် ဖျက်ခနဲ လက်သွားကြောင်း မြင်လိုက်ရပြီးသည်နှင့် လုယွီက သုန့်ဝမ်ကျင်း၏ ရှေ့သို့ ရောက်လာသည်။
“ ငါသာ ဝင်လာချင်ရင် ဒီဝင်္ကပါလောက်က မတားနိုင်ဘူး”
အပိုင်း ၁၀၆၀
“ နင် ဘယ်လို ဝင်လာတာလဲ”
သုန့်ဝမ်ကျင်းက ကြောင်အစွာ ဆိုသည်။
ဝင်္ကပါက မည်မျှအင်အားကြီးကြောင်း သူမ သိသည်။သို့သော် လုယွီ၏ရှေ့တွင်မူ ရှိသည်ဟုပင် မထင်ရပေ။
လုယွီက ဂိတ်မှ အစောင့်ကို ကြည့်သည်။
“ တံခါးဖွင့်”
အစောင့်များက ကြောက်ကြောက်လန့်လန့်ဖြင့် တံခါးကို ဖွင့်ပေးကြသည်။
သုန့်ဝမ်ယွဲ့က သုန့်ဝမ်ကျင်းကို ဆွဲကာ လုယွီကို ပြောသည်။
“ ငါ့ညီမက မသိလို့ ပြောမိတာကို မာရှယ်ဝမ်က စိတ်ထဲ မထားဖို့ မျော်လင့်တယ်။ “
လုယွီက ခပ်အေးအေး ပြောသည်။
“ မထင်ဘူး၊ အဆိပ်ပြင်းပင့်ကူကလန်လောက်က အခု ငါ့လက်အောက်ကပဲ၊ သူတို့က အခုကစပြီး မြောက်ပိုင်းနယ်မြေက လူဖြစ်တယ်။ မင်းတို့ ကြောက်ဖို့မလိုဘူး၊ ဒါပေမဲ့ ရန်တော့ မစမိစေနဲ့ပေါ့”
လုယွီ၏ လေသံက သာမန်ဆန်သည်။သို့သော် ကြားလိုက်ရသည့် အစောင့်များကမူ ကြက်သီးထသွားကြသည်။ သူတို့ ရည်ညွှန်းသည်က အဆိပ်ပြင်း ပင့်ကူကလန်ဖြစ်သည်။ ထိုကလန်က မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့သိသည်။ သို့သော် တိရှောင်း၏ရိုကျိုးနေသော အမူအယာကို ပြန်ကြည့်ပြီးနောက် ကြောင်သွားကြပြန်သည်။
သုန့်ဝမ်ယွဲ့က ပြောသည်။
“ မာရှယ်ဝမ်က ဒီတစ်ခေါက် တိုက်ပွဲမှာ အကျိုးအမြတ်အများကြီး ရအောင် လုပ်ခဲ့တာပဲ။ ကျွန်မ မြောက်ပိုင်းနယ်မြေဌာနချုုပ်ကို တင်ပြလိုက်ပါ့မယ်”
လုယွီက ခေါင်းသာ ညိတ်လိုက်သည်။ ဌာနချုပ်မှ ပေးသော ဆုလာဘ်က သူ့အတွက် အသုံးမဝင်ပေ။ ထို့ကြောင့် ဂရုမစိုက်ပေ။ ထိုအချိန်တွင် လုယွီ၏ စစ်တပ်မှ စစ်သည်တော်များက လင်းရှီများကို သယ်ဆောင်လျက် ဝင်လာကြလေသည်။
စိတ်ဝိဉာဉ်ကျောက်တုံးများ၏ ပမာဏက အလွန်များသဖြင့် သိုလှောင်အိတ်များဖြင့် သယ်လာရန်ပင် မဖြစ်နိုင်တော့ပေ။
“ ဒါတွေက ငါတို့အပိုင် ဖြစ်သင့်တာ”
သုန့်ဝမ်ကျင်းက ရေရွတ်သည်။သို့သော် ခပ်ကျယ်ကျယ် မပြောရဲပေ။ လုယွီကသာ စိတ်ရူးပေါက်ပြီး တိရှောင်းအား သူမကို သတ်ရန် စေလွှတ်လိုက်လျင် စကားတစ်ခွန်းပင် ဆိုနိုင်တော့မည် မထင်ပေ။
တိမ်မြို့….
နဂိုတယွီစစ်တပ်ရှိရာ နေရာတွင် တယွီ စစ်တပ်၏ တည်နေရာက ဆယ်ဆခန့်များသွားလေသည်။ အဆောက်အဦအများစုကို သိုလှောင်အိမ်အဖြစ် ထားထားရလေသည်။
ယွန်လော့မြို့မှ အင်အားစုများစွာကလည်း တယွီစစ်တပ်၏ လုပ်နိုင်စွမ်းကို ကြားသွားကြလေသည်။ ရေခဲနယ်မြေမှ နာမည်ကြီး အဆိပ်ပြင်း ပင့်ကူကလန်ကိုပင် သိမ်းသွင်းနိုင်သည့် လုယွီ၏ ဂုဏ်သတင်းကလည်းပျံ့လွင့်လာသည်။
ထို့အပြင် သူက အရှင်သခင်အဆင့် အဂ္ဂိရက်ပညာရှင် ဖစ်နေသေးလသည်။ သူက အဆင့်လွန်အဆင့်တွင်လည်း ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေလေရာ အားလုံးက မင်သက် အံ့သြကြရလေသည်။
အချိန်တစ်ခုကြာသည်အထိ ဆရာသခင် ဝမ်ချန်းနှင့်တွေ့ဆုံချင်သူများ ပြည့်နှက်နေခဲ့သေးသည်။ အချို့ဆိုလျင် ဆက်ဆံရေးကောင်း သီးသန့် ပိုင်ဆိုင်လိုကြခြင်းဖြစ်သည်။ အချို့ကမူ ဝမ်ချန်းကို ဆရာအဖြစ် တင်မြောက်လိုကြသည်။အချို့ကမူ သူတို့၏မိသားစုမှ သမီးပျိုများကို ဝမ်ချန်းထံ ပေးပို့ချင်ကြသည်။
လုယွီ၏ အမိန့်ကမူ ရှင်းသည်။ သူက မည်သူနှင့်မျှ မပက်သက်ချင်ပေ။ထို့ကြောင့် အားလုံး ပြန်ကုန်ကြရသည်။ မဟာစစ်တပ် ရှိရာနေရာကား စစ်သည်တော်များ လေ့ကျင့်ရန်အတွက်သာ ဖြစ်သည်၊ အပြင် ဧည့်သည်များ လက်မခံပေ။
ထိုအတောအတွင်းတွင် လုယွီက သူသိသော အချို့သိုင်းများကို ထုတ်ကာ သင့်လျော်သူများကို လေ့ကျင့်စေသည်။
မြောက်များလှစွာသော စိတ်ဝိဉာဉ်ကျောက်တုံးများ၏ အထောက်အပံ့ကလည်းရှိနေလေရာ သိပ်မကြာခင်မှာတင် အားလုံးက တိုးတက်လာကြတော့သည်။
ယွန်လော့မြို့…
လုယွီက သဘောတူညီမှုအတိုင်း ချိန်းဆိုထားသည့် တည်းခိုဆောင် တစ်ခုသို့ ရောက်လာသည်။သိပ်မကြာခင်မှာပင် ဝက်ရုံနက်နှင့် လူတစ်ယောက် ရောက်လာသည်။
“ ငါ ယူခိုင်းတာပါလား”
ထိုအခါ ထိုလူက လက်မောင်းကြားမှ စာလိပ်တစ်ခုကို ပေးလာသည်။ ထိုအရာက အလယ်ပိုင်းဒေသမှ သတင်းဖြစ်သည်။ လုယွီက ထိုနေရာမှ ထွက်ပြေးခဲ့သည်က ဧကရာဇ်လုံထံမှ ဖြစ်သည်။ ဒါက သူ့အား ဒေါသထွက်စေခဲ့ပြီး သူက လင်းရှောင်းဂိုဏ်း တိုက်ခိုက်ခဲ့လေသည်။
လင်းရှောင်းဂိုဏ်းက အင်အားကြီးမားသော်လည်း သူတို့ မထင်ထားသည်မှာ လုမိသားစုအပြင် အခြားသော အင်အားစုများကပါ လုံမိသားစုဘက်မှ ရပ်တည်ခြင်းကို ဖြစ်သည်။ ထို့အပြင် လင်းရှောင်းဂိုဏ်းက တရုတ်ပြည်အတွက် အချက်အချာ ကျသော ဝင်ပေါက်တစ်ခု ဖြစ်နေသေးလေသည်။
“ မြောက်ပိုင်းနယ်မြေနဲ့ အလယ်ပိုင်းနယ်မြေကို နေရာလပ် အက်ကွဲကြောင်းတွေက ခွဲထားတယ်။ မင်း ဒီသတင်းကို ဘယ်လိုရခဲ့လဲ”
လုယွီက ဝက်ရုံနက်နှင့်လူကို အေးစက်စွာ ကြည့်လျက် မေးသည်။