← Chapters

အခန်း (၁၀၆၁-၁၀၆၅)

Vol. 56 Ch. 1061-1065

အခန်း (၁၀၆၁-၁၀၆၅)

Vol. 56 Ch. 1061-1065

အပိုင်း ၁၀၆၁

ဝတ်ရုံနက်က ပြုံးသည်။

“ ဒါက ကျွန်တော်တို့ရဲ့ လျို့ဝှက်ချက်ပါ ။ ဆရာသခင်ဝမ်ချန်း ကျေးဇူးပြုပြီး မမေးပါနဲ့”

မြောက်ပိုင်းနယ်မြေမှ ထိပေ့ထန် နဂါးခန်းမ၏ ဂိုဏ်းခွဲကို ရှာတွေ့ခဲ့သည်။ သူတို့က တောင်ပိုင်းနယ်မြေတွင်ဖြစ်စေ မြောက်ပိုင်းနယ်မြေတွင်ဖြစ်စေ ရှိနေလေသည်။

ထိုထိပေ့ထန် နဂါးခန်းမက အဆင့်နိမ့်နယ်စပ် နယ်မြေတိုင်းကို ဖြန့်ကျက်ထားနိုင်သည်။ လုယွီက လုံဧကရာဇ်ကြောင့် နေရာလပ် အာကာသ အက်ကွဲကြောင်းအတွင်း ဝင်ခဲ့ရသည်။

တိုက်ဆိုင်သည်လား မသိနိုင်သော်လည်း သူ သည်နေရာသို့ ဘေးကင်းစွာ ရောက်လာခဲ့လေသည်။သို့သော် ပြန်လမ်းရှာရန်ကား လွယ်ကူခြင်းမရှိပေ။

လုယွီက လင်းရှီများ ပေးရင်းမှ ထပ်မေးလိုက်သည်။

“ ငါက လတိုင်းလိုလို ဖြစ်ပျက်နေတဲ့ တရုတ်ပြည်ရဲ့ ကိစ္စတိုင်းကို သိချင်တယ်။ မင်းတို့ လုပ်ပေးနိုင်လား”

“ ဆရာသခင်ဝမ်ချန်းက သဘောကောင်းတဲ့ သူပါပဲ။ ဆရာသခင်၀ မ်ချန်း စိတ်ချပါ၊ ကျွန်တော်တို့ ထိပေ့ထန်က ဘယ်တော့မှ မလုပ်နိုင်တာ မရှိပါဘူး”

ထိုသူက ရယ်သည်။

တည်းခိုဆောင် ပြင်ပသို့ ရောက်ချိန်တွင် လုယွီ သက်ပြင်းချမိလေသည်။လင်းရှောင်းဂိုဏ်းက အလွန် အန္တရာယ်များနေလေသည်။ သို့သော် သူ ပြန်ရန် အချိန်ကောင်းမဟုတ်သေးကြောင်းလည်း လုယွီ သိနေသည်။သူ၏ လက်ရှိခွန်အားက အဆင့်လွန်နယ်မြေ၏ အလယ်အလတ်အဆင့်ထက် သာရုံသာ ရှိသည်။

သို့သော် ထိပ်ဆုံးအဆင့်မဟုတ်ပေ။ တဖက်တွင် နတ်ဘုရားနယ်မြေဟုခေါ်သော ရှန်းလုံရှိနေသေးလေရာ အောင်မြင်နိုင်ချေ မရှိပေ။

“ လာ စမ်း အသုံးမကျတဲ့ကောင်”

“ မင်းကို ကျောက်တုံးပဲ သယ်ခိုင်းတာ၊ တစ်မနက်ခင်းလုံး နည်းနည်းပဲ သယ်နိုင်တယ်။ ဒါတောင် မြန်မြန် မလုပ်သေးဘူးလား၊ “

ရုတ်တရက် လုယွီ၏ နားအတွင်း အော်ဟစ်ကျိန်ဆဲသံက ဟိန်းလာသည်။လုယွီက တချက် မော့ကြည့်လိုက်သောအခါ နံရံ၏ တဖက်စွန်းနားတွင် စစ်သည်တော်များက ကြာပွတ်များမြောက်ကာ ကျွန်များကို ရိုက်နှက်နေကြောင်း မြင်လိုက်ရလေသည်။

ကျွန်များက လူငယ်၊လူကြီးစသဖြင့် ဖြစ်သည်။ သူတို့၏ ကိုယ်မှ ဖိအားအရ သူတို့က ဘုန်းတော်ကြီးအဆင့်ဖြစ်နိုင်သည်။ သို့သော် သူတို့၏ကျောပေါ်ရှိ ကျောက်တုံးများက ကြီးလွန်းသည်။ သူတို့၏ကိုယ်တွင်လည်း ကန့်သန့်ချက် သင်္ကေတများကို မြင်ရလေရာ စွမ်းအားမသုံးနိုင်ဘဲ ခွန်အားသက်သက်ဖြင့် သယ်နေရဟန်ရှိသည်။

လေအေးများက တိုက်နေသော်လည်း ကျွန်များက အဝတ်ပါးများကိုသာ ဝတ်ထားရသည်။ ထို့အပြင် သူတို့၏ကိုယ်က တုန်ယင်နေပြီး ကြာပွတ်ကလည်း တဖြန်းဖြန်း ရိုက်နေလေရာ ဒဏ်ရာ အသစ်အဟောင်းများက စိုးရွားလာတော့သည်။

ထို့အပြင် ဆယ်ကျော်သက်အရွယ် ကောင်မလေး တစ်ယောက်ကိုလည်း လုယွီ မြင်လိုက်ရသည်။ သူမက ငယ်သေးသော်လည်း လူကြီးများနည်းတူ ကျောက်တုံးကြီးကို သယ်ထားရလေသည်။

ထိုကောင်မလေးက ဆံပင်ရှည်ကို ထုံးထားသည်။သို့သော် ရှုပ်ပွနေပြီး ဟိုတစ်ချောင်း ၊သည်တစ်ချောင်း ကျနေလေသည်။ထို့အပြင် မျက်ခမ်းစပ်များက နီရဲနေကာ မျက်ရည်မကျစေရန် နှုတ်ခမ်းဖိကိုက်လျက် အံကြိတ်ထားလေသည်။

သူမတွင် ဖိနပ်လည်း မဝတ်ထားပေ။ ခြေထောက်ဖြူများက ပေါက်ပြဲနေသည့်အပြင် နှင်းကိုက်ဒဏ်များကလည်း စိုးရွားစွာ ရှိနေသည်။

“ ဟမ်း ကောင်မစုတ်လေးကလည်း ကြာပွတ်ကို ဆာနေပြီလားဟမ်”

စစ်သည်က တုန်ယင်နေသည့် ဆယ်ကျော်သက်ကောင်မလေးကို မြင်သည့်အခါ ကြာပွတ်ဖြင့် ရိုက်ရန် လွှဲမြောက်လေသည်။

လုယွီက နှုတ်ခမ်းမဲ့သည်။ သူ၏ လက်က ဖျက်ခနဲ ရွေ့လိုက်သည်နှင့် ခဲတစ်လုံး ပါလာသည်။ထို့နောက် အသာအယာ ကော့ကစားသလို လက်ဖြင့် တောက်လိုက်၏။

ခရက်

ကျောက်တုံးပျံက လေထဲရှိ ကြာပွတ်ကို ရိုက်မိသွားသည်။ မြေကမ္ဘာတုန်ဟည်းလောက်အောင် ပြင်းထန်သည့် အားက ကြာပွတ်ကိုပင် လွင့်ထွက်သွားစေလေသည်။

“ ဘယ်သောက်ကောင်က ကျောက်တုံး ပစ်လိုက်တာလဲ”

စစ်သည်တော်များက ဝရုန်းသုန်းကားဖြစ်ပြီး ချက်ချင်း စုဝေးလာကြသည်။

လုယွီက အမှောင်ထဲမှ တစ်လှမ်းချင်း ထွက်လာသည်။

“ သူတို့က ဘယ်သူတွေလဲ”

“မင်းက ဘာသောက်ကောင်လဲ”

စစ်သည်တော်များက ချက်ချင်း လိုလို တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော် သူတို့၏လက် မြောက်လိုက်ချိန်တွင် ပြင်းထန်သည့် လေပြင်းက ဖြတ်တိုက်လာသည်။ တစ်ကိုယ်လုံး ယိုင်နဲ့ကာ လဲကျသွားတော့သည်။ထို့အပြင် ညည်းညူသံများကိုလည်း ထုတ်လွှတ်လာလေသည်။

“ ငါ မေးနေတယ်”

လုယွီက သူ၏ တံဆိပ်ပြားကို ထုတ်သည်။

ထိုအခါ စစ်သည်တော်များက တံဆိပ်ပြားကို မြင်လိုက်ရပြီး အလျင်စလို ဒူးထောက်ကြသည်။

“ ဆရာသခင် ဝမ်ချန်း”

“ ဆရာသခင် ဝမ်ချန်းကို ဂါရဝပြုပါတယ်”

မတိုင်မီက တိုက်ခိုက်ခဲ့သူများဆိုလျင် အလွန် ထိတ်လန့်သွားကြပြီး တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်လေသည်။ ခေါင်းဆောင်က ပြောသည်။

“ ဒီငယ်သားက ကန်းပြီး အရှင့်ကို ပစ်မှားမိပါတယ်။ ကျွန်တော်တို့က လုမိသားစုကပါ။ ဒီလူတွေက လုမိသားစုကပါပဲ၊ ကျွန်တော်တို့ရဲ့ မိသားစုရေး ကိစ္စကို အရှင် ဝင်မပါဖို့ မျော်လင့်ပါတယ်”

အပိုင်း ၁၀၆၂

ထိုစစ်သည်တော်များက လုယွီ၏နောက်ခံကို သိသော်လည်း မကြောက်ကြပေ။ အကြောင်းမူကား သူတို့၏နောက်တွင် လုအိမ်တော် ရှိနေသောကြောင့်ဖြစ်သည်။

“ ဆရာသခင်ဝမ်ချန်း ဒီကျွန်တွေက သွေးနိမ့်တွေပါ။ သူတို့က အလုပ်ကြမ်းလုပ်ဖို့ပဲ မွေးဖွားလာကြတာပါ”

စစ်သည်တော်များက အော်ကြသည်။

“ ဟုတ်ပါတယ်၊ ဆရာသခင်ဝမ်ချန်း သူတို့ကို မသနားပါနဲ့။ သူတို့က နိမ့်ကျပါတယ်၊ ဒီလိုအလုပ်တွေ လုပ်ဖို့ မွေးဖွားလာကြတာပါ”

လုယွီက ထိုသူများ၏ စကားကို လျစ်လျူရှုလျက် ဆယ်ကျော်သက်ကောင်မလေး၏ အနားသို့သွားလိုက်ကာ ငုံ့ကိုင်းလျက် မေးလိုက်သည်။

“ မင်းက ဘယ်အိမ်တော်ခွဲကလဲ”

“ ဆရာသခင်ဝမ်ချန်း သူတို့က အဓိက အိမ်တော်ခွဲကပါ”

လုယွီက မျက်နှာသေဖြင့် ပြောသည်။

“ အဓိက အိမ်တော်ခွဲက မိသားစုမှာ သွေးအစစ်ဆုံးနဲ့ အမြင့်မြတ်ဆုံးပဲ။ ဒါကို မင်းတို့က ကျွန်လို ခိုင်းစေနေတာလား”

စစ်သည်တော်များကလည်း မကြောက်ပေ။

“အရှင် မသိပါဘူး၊ အဓိက အိမ်တော်ခွဲမှာ လူအရေးအခင်း ဌာနက အကြီးအကဲတစ်ယောက်ပဲရှိတာ။ သူတို့က အမှိုက်တွေပဲ၊ အမှိုက်တွေကို လုမိသားစုက မထောက်ပံ့ဘူး၊ သူတို့အတွက် အလုပ်ပေးထားတာကတင် လိုက်လျောလွန်းရာ ကျနေပါပြီ”

လုယွီက တည်တင်းစွာ ပြောသ ည်။

“ အခုကစပြီး သူတို့အားလုံးကို မဟာတယွီက ခေါ်ထားလိုက်ပြီ၊ မင်းတို့ သွားတော့’

စစ်သည်တော်တိုင်း ကြောင်အကုန်ကြသည်။

ထို့နောက် စစ်သည်တော်တစ်ယောက်က နှာခေါင်းရှုံ့လျက် ပြောသည်။

“ ဆရာသခင်ဝမ်ချန်း ကျွန်တော်တို့ ဒုတိယအိမ်တော်ခွဲကပါ၊ ဒီကျွန်တွေကလည်း ဒုတိယအိမ်တော်ခွဲ အပိုင်ပါပဲ။ ဆရာသခင်ဝမ်ချန်းက ကျွန်တွေကို ခေါ်ချင်ရင် ပိုင်ရှင်နဲ့တော့ စကားပြောရလိမ့်မယ်”

ဒုတိယအိမ်တော်ခွဲ၏ခေါင်းဆောင်က လုကောင်းမင်ဖြစ်သည်။ သူက မြောက်ပိုင်းနယ်မြေ အဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။

“ ငါ ပြောတာကို မကြားဘူးလား”

လုယွီက ထပ်ပြောသည်။သို့သော် ထိုစကားကို ကြားလိုက်ရသည်နှင့် စစ်သည်တော်များ၏ အမူအယာက ပြောင်းလဲကုန်လေသည်။ လုယွီနှင့် နီးကပ်သူများဆိုလျင် လွင့်ထွက်ကုန်ကြသည်။ သူတို့၏ ဒွာရခုနှစ်ပေါက်မှ သွေးများ စီးကျလာလေသည်။

စစ်သည်တော် တစ်ယောက်က အံကြိတ်လျက်ပြောသည်။

“ ဆရာသခင်ဝမ်ချန်း ဆရာသခင် ဝမ်ချန်း လွန်ကျူးလာရင် ကျွန်တော်တို့ ခေါင်းဆောင်ကို အကြောင်းကြားရပါမယ်”

သူတို့က လုမိသားစုထံမှ ဖြစ်သည်။ ပြင်ပမှ လူက အဆင့်လွန်အဆင့်ဖြစ်ပြီး လာရောက်စော်ကားနေလျင် သူတို့၏ခေါင်းဆောင်က လွတ်ပေးလိမ့်မည် မဟုတ်ပေ။ ဒါက ပြဿနာလာရှာနေခြင်းသာ ဖြစ်သည်။

“ လုကောင်းမင် မလာခင် ငါ မင်းတို့အားလုံးကို သတ်လို့ရတယ် နားလည်လား၊ ထွက်သွားစမ်း”

ထို့နောက် အားလုံး ထွက်ပြေးသွားကြလေသည်။ ထိုအခါ လုယွီက ထိုကျွန်များကို ကျောက်တုံးများ ချစေသည်။ လုယွီက ဆယ်ကျော်သက် ကောင်မလေးအနားသို့ သွားသည်။

ပတ်ဝန်းကျင်မှ လူကြီး၊လူငယ် အားလုံးက ကောင်မလေးနား ဝိုင်းကာ အဆင်ပြေမပြေ ကြည့်ကြလေသည်။

“ အရှင်ငယ် အဆင်ပြေပါပြီ”

လုယွီက မေးသည်။

“ မင်းက ဘယ်သူလဲ”

သူ ယခင်က သတိမထားမိခဲ့ပေ။ ထိုကောင်မလေးက သည်အဖွဲ့မှ အချက်အချာဖြစ်နိုင်သည်။

အချို့လူများက ပြန်ဖြေသည်။

“ ဒါက အကြီးအကဲ လုချုံရဲ့ သမီး လုချင်ရှားပါ”

လုချုံအပေါ် လုယွီအမြင်ကောင်းရှိသည်။ ထိုသူက အဓိက အိမ်တော်ခွဲမှ ဖြစ်ပြီး အဆင့်တက်ပြီးနောက် လုမိသားစုမှ ပြင်ပရေးရာဌာန အကြီးအကဲလည်းဖြစ်သည်။ ထိုသူရှိသည့်အတွက် အနည်းငယ် အဆင်ပြေလောက်သည်ဟု သူ ထင်ခဲ့သော်လည်း သမီးဖြစ်သူကပင် နယ်စပ်သို့ ကျွန်အဖြစ် အပို့ခံထားရလေသည်။

“ စိတ်အေးအေး ထားကြပါ၊ ဒီနေ့ကစပြီး မင်းတို့က တယွီစစ်တပ်ရဲ့ ကာကွယ်ပေးမှုအောက်မှာ ရှိတယ်”

အားလုံးက ကျေးဇူးတင်ကြသော်လည်း လုချင်ရှားကမူ အေးစက်စွာ မော့ကြည့်သည်။

“နင် ဟန်ဆောင်မနေစမ်းပါနဲ့ ပြော နင် ဘာလိုချင်တာလဲ”

အပိုင်း ၁၀၆၃

“ ငါ အမှန်ပြောနေတာ၊ နင်က ငါတို့ကို ကယ်ပြီး ဘိုးဘေးနေရာဝင်ယူချင်ရင်တော့ ငါ သေမှပဲ ရမယ်”

“ ငါ့အဖေ မလုပ်နိုင်တော့တာ ကြာလှပြီ၊ ငါတို့ အဓိက အိမ်တော်က ပါရမီမရှိဘူး၊ ဒါ့အပြင် ဘယ်သူကမှလည်း ငါ့အဖေလို မလုပ်နိုင်ကြတော့ဘူး၊ နင် ငါတို့ကို ကူညီချင်ရင်တောင်မှ အသုံးမဝင်ဘူး”

“ ဒါ့အပြင် နင်က ဒုတိယအိမ်တော်ခွဲက အစောင့်တွေကို နှင်ထုတ်လိုက်ရုံပဲ။ သူတို့ရဲ့ သခင်တွေ ရောက်လာရင် နင်တောင် အခြေအနေ မကောင်းနိုင်ဘူး”

လုချင်ရှား၏ စကားမဆုံးခင်မှာတင် လုယွီက သူမ၏ မျက်ခုံးကြားကို လက်ဖြင့်တို့သည်။

“ ကလေးမ မင်း အများကြီးတွေးစရာမလိုဘူး၊ ငါ မင်းတို့ကို ကယ်ချင်ရင် အကြောင်းပြချက် မလိုဘူး၊ လုကောင်းမင်ကတော့ ဒီကောင် ငါ့ကို ဘာမှမလုပ်ရဲဘူး”

လုယွီက ရယ်သည်။

လုချင်ရှား၏ အနားမှ လူအိုကြီးတစ်ယောက်က တောင်းပန်လာသည်။

“ ဆရာသခင် ဝမ်ချန်း ကျွန်တော်တို့ အရှင်ငယ်က ငယ်ရွယ်သေးလို့ပါ၊ ခွင့်လွှတ်ပါ”

လုယွီက တံဆိပ်ပြားတစ်ခုကို ထုတ်ပေးသည်။

“ ဒါကို ယူပြီး တယွီစစ်စခန်းကို သွားပြီး လော့ကျန်းကို ရှာလိုက်၊သူက မင်းတို့နေဖို့ စီစဉ်ပေးလိမ့်မယ်”

“ ကျေးဇူးတင်ပါတယ် အရှင်”

လူအိုကြီးက တရိုတသေ ယူသည်။

လုယွီ ထွက်သွားပြီးနောက် လူအိုကြီးက ပြောသည်။

“ အရှင်ငယ် သူက ကျော်ကြားတဲ့ ဆရာသခင် ဝမ်ချန်းပဲ။ မာရှယ်ဆိုလည်း ဟုတ်တယ်။ အဆိပ်ပြင်း ပင့်ကူကလန်ကတောင်မှ သူ့ဆီမှာ အညံ့ခံသွားခဲ့တာ။ ဒါကြောင့် မရိုမသေ မလုပ်တာ အကောင်းဆုံးပဲ”

လုချင်ရှားက ထွက်သွားသော လုယွီ၏ ကျောပြင်ကို ကြည့်သည်။

“ သူက ငါ့ထက် ဘယ်လောက်မှ အသက်မကြီးဘူး”

…

ယွန်လော့မြို့၊ မြို့အရှင်စံအိမ်….

အချိန်အတန်ကြာ စောင့်ဆိုင်းပြီးနောက် သုန့်ညီအစ်မနှစ်ယောက်က ဝင်လာသော လုယွီကိုမြင်လိုက်ကြရသည်။

“ ဆရာသခင်ဝမ်ချန်းက ငါတို့ကို နာရီဝက်တောင် စောင့်ခိုင်းတာပဲ”

သုန့်ဝမ်ကျင်းက မျက်နှာမဲ့ကာ ပြောသည်။

လုယွီက မျက်နှာသေဖြင့် ဖြေသည်။

“ စိတ်မရှိနဲ့ လမ်းမှာကိစ္စတစ်ခု ရှိသွားတယ်”

သုန့်ဝမ်ယွဲ့က လျင်မြန်စွာ ဝင်ပြောသည်။

“ ကိစ္စမရှိပါဘူး သံတမန်ကလည်း အခုမှ ရောက်တာပဲလေ။ ငါတို့တွေ ဂိတ်မှာ သွားကြိုကြရအောင်”

လုယွီက မျက်မှောင်ကြုတ်သည်။

“ သံတမန်ဟုတ်လား မင်းတို့က ဒီကိစ္စကြောင့် ငါ့ကို လာခိုင်းတာလား”

ရှေ့တန်း၏ အရေးကြီးသော အခြေအနေမျိုးတွင် သံတမန်ကို ကြိုနေရသည်က အချိန်ဖြုန်းခြင်းဖြစ်သည်။

သုန့်ဝမ်ယွဲ့က ပြောသည်။

“ သံတမန်က လာရောက်စစ်ဆေးတာလေ။ ပြောရရင် နင်က ရှေ့တန်းမှာ အကျိုးအမြတ်ရအောင် လုပ်ပေးခဲ့တာဆိုတော့ သံတမန်က လာစစ်ဆေးပြီးတာနဲ့ နင့်ကို ဆုလာဘ်ချီးမြင့်မှာ”

လုယွီက မျက်မှောင်ကြုတ်သည်။ သူ စိတ်မဝင်စားပေ။ လက်ရှိ တယွီစစ်တပ်ကလည်း ထိုဆုလာဘ်ကို မလိုပေ။သူ တစ်ယောက်တည်းနှင့်တင် လုံလောက်သည်။

မြောက်ပိုင်းနယ်မြေက ပေးသည်အား သူသည်လည်း ပေးနိုင်သည်။ သို့သော် သူ ပေးသည်အား မြောက်ပိုင်းနယ်မြေက မပေးနိုင်ပေ။

“ ကောင်းပြီ သွားတွေ့မယ်”

လုယွီက ပြောသည်။

မည်သို့ပင်ဆိုစေ မဟာတယွီစစ်တပ်က မြောက်ပိုင်းမဟာမိတ် အဖွဲ့ပိုင်ဟု နာမည်ခံ ရှိနေသေးသည်။

မြို့ဂိတ်အပြင်ဘက်….

အဆင့်လွန်ကျွမ်းကျင်ပညာရှင် သုံးယောက်က ရှေ့မှ ရပ်နေပြီး ဗိုလ်ချုုပ်များက နောက်တွင် ကပ်ပါသည်။သို့သော် သူတို့မှာ ကျောက်စိမ်းမိန်းမပျို ကျောင်းတော်မှ ဖြစ်ကြသည်။

“ သံတမန် လာပြီ”

သိပ်မကြာခင်မှာပင် အဝေးမှ အော်သံကို ကြားရသည်။ ထို့နောက် စစ်သင်္ဘောတစ်စင်း၏ ‌ဝေဝါးဝါး ပုံရိပ်ကို မြင်ရသည်။ စစ်သင်္ဘောက ခမ်းနားသည်၊ သင်္ဘောဦးထိပ်တွင် အလံက လွင့်နေ၏။

စစ်သင်္ဘောမှ သက်လတ်ပိုင်းအရွယ် လူဝကြီးတစ်ယောက်ဆင်းလာသည်။ သူ၏ မျက်ဝန်းများက တောက်ပနေသည်။

“ ကြိုဆိုပါတယ်သံတမန် “

သုန့်ညီအစ်မများက လှိုက်လှဲစွာ ပြောကြသည်။

သက်လတ်ပိုင်းလူက ပြုံးသည်။

“ မင်းတို့ ညီအစ်မက တကယ် သဘောကောင်းတာပဲ။ ငါက သံတမန်လေးပါပဲ။ ငါက ဒီနေရာကို လုမိသားစု ဒုတိယအိမ်တော်ခွဲရဲ့ အမိန့်နဲ့ ထူးချွန်တဲ့ စစ်သည်တော်တွေကို ဆုလာဘ်ချီးမြင့်ပေးဖို့ ရောက်လာတာပဲ”

လုမိသားစုဟု ကြားသည်နှင့် သုန့်ညီအစ်မ၏ မျက်ဝန်းက တောက်ပသွားသည်။

လုထန်းက အနည်းငယ် တန့်ပြီးနောက် လုယွီကို ကြည့်သည်။

“ ဒါက….”

အပိုင်း ၁၀၆၄

လုယွီက နိမ့်ချခြင်းလည်းမရှိ မောက်မာခြင်းလည်းမရှိသည့် လေသံဖြင့် ပြောသည်။

“ ဝမ်ချန်း”

သူ လုမိသားစု၏ သံတမန်ဆိုသည့် နောက်ခံကို ဂရုမစိုက်ပေ။ သူ ဂရုမစိုက်သော်လည်း လုထန်း၏ မျက်ဝန်းကမူ တောက်ပလာလေသည်။

လုထန်းက ခန္ဓာကိုယ်ပြင်ပသို့ လွှတ်ထုတ်ခြင်းအဆင့် ဘုန်းတော်ကြီးဖြစ်သည်။ ခွန်အားအရပြောလျင် လုယွီ၏ ဆံချည်မျှင်နှင့်ပင် မယှဉ်နိုင်ပေ။ သို့သော် သူ၏ အဆင့်က မြင့်သည်။သူ၏ ရာထူးက မြင့်သည်။

အကြောင်းပြချက်က ရှင်းသည်။ သူက လုကောင်းမင်၏ တူဖြစ်သည်။ သံတမန်တစ်ယောက်အနေနှင့် တပ်ရင်းတိုင်းကို စစ်ဆေးရသည်က သူ၏အလုပ်ဖြစ်သည်။ထို့ကြောင့် ဆုလာဘ်ကလည်း သူ၏ စိတ်ဆန္ဒအရဖြစ်သည်။

သုန့်ညီအစ်မက သူ့အား ကပ်ဖားသလို အမူအယာဖြင့် ကြည့်ကာဆက်ဆံလာခြင်းကို သူ အားရသည်။ ဒါက သူ့အား ကျေနပ်စေသည်။

သို့သော် လုယွီကို ကြည့်ချိန်တွင် သူ၏မျက်ဝန်းတွင် မနာလိုမှုက ထင်ဟပ်လာသည်။ အဆင့်လွန်အဆင့်ဖြစ်သည့်အပြင် လူတိုင်းက ဆရာသခင်တပ်ခေါ်ရလောက်သော အဂ္ဂိရက် ဘုရင်အဆင့်ဖြစ်နေသေးသည်။

‘ ဟမ်း အဆင့်လွန်အဆင့် ဖြစ်နေတာာနဲ့ပဲ အမြီးက မိုးထောင်နေပြီပေါ့လေ၊ ဟမ့်’

ထို့နောက် သာယာသော ဂီတ သံစဉ်က ထွက်လာသည်။ လုထန်းက အစောင့်များ ခြံရံလျက် အတွင်းသို့ ဝင်သည်။ ရုတ်တရက် သူက လှည့်ကာ မေးသည်။

“ ဝမ်ချန်း မင်းရဲ့ လက်အောက်ငယ်သားတွေ မပါဘူးလား”

သူက မျိုးရိုးမြင့် စိတ်စွဲနေခဲ့သဖြင့်အဆင့်လွန်အဆင့်ကိုပင် နာမည်တပ် ခေါ်ရဲလေသည်။

သူ ဝင်လာချိန်တွင် မူမမှန်မှုကို ခံစားလိုက်ရသည်။ သူ့အားလာကြိုသူများတွင် လုယွီမှလွဲပြီး လူတိုင်းက မိန်းမများဖြစ်နေကြသည်။

“ သူတို့ လေ့ကျင့်နေကြတယ် လာဖို့ မအားဘူး”

‘မအားဘူး ဟုတ်လား’

လုထန်းက အမြဲလိုလို ခမ်းနားစွာ ကြိုဆိုခံနေရကြဖြစ်သည်။ယခုမူ လူငယ်တစ်ယောက်က သူ့အား မရိုမသေပြောသည့်အပြင် နောက်လိုက်များကပင် လာရန် မအားဟု ဆိုနေ၏

“ မာရှယ်ဝမ်ချန်းက စစ်တပ်ကို ကောင်းကောင်း အုပ်ချုပ်နိုင်တာပဲ မြောက်ပိုင်းစစ်တပ်က မင်းဆီက သင်ယူရတော့မယ်”

လုထန်းက နှာခေါင်းရှုံ့လျက် ပြောသည်။

မည်သူမဆို သူ့ထံမှ ဒေါသကို ခံစားမိနိုင်သည်။

သုန့်ဝမ်ယွဲ့က ခပ်မြန်မြန် ပြောသည်။

“ သံတမန်လုထန်း ကျွန်မ မြို့အရှင်စံအိမ် ခန်းမထဲမှာ ကြိုဆိုပွဲ အသင့်ပြင်ထားပါတယ်၊ ကျေးဇူးပြုပြီး ကြွပါ”

…

မြို့အရှင်စံအိမ် အဓိက ခန်းမ….

သာယာသော သံစဉ်များ၊ လှပသော ကကွက်များကို ဖော်ကြူးနေသည့် လှပျိုဖြူများနှင့် အကောင်းစားစားသောက်ပွဲကို ခင်းကျင်းထားသည့် စားပွဲကြီးက ခမ်းနားနေလေသည်။

အကမယ်များက ကြိုတင်စီစဉ်ထားသည့်အလား မကြာခဏ လုထန်းထံလာကာ ဧည့်ခံလေသည်။

“ ဟားဟား မင်းတို့ရဲ့ ကျောင်းတော်က တကယ်တော်တာပဲ။ ငါ ပြန်ရောက်ရင် တင်ပြပေးမယ်။ မင်းတို့ ဆုလာဘ်ကောင်းကောင်းရမှာ သေချာတယ်”

လုထန်းက ကျေနပ်ပြီး အော်ရယ်နေသည်။

သုန့်ညီအစ်များလည်း ထိုအခါမှ စိတ်အေးရတော့သည်။

“ ဒီတစ်ခေါက် မင်းတို့က တကယ် အကျိုးပြုလိုက်နိုင်တယ်။ ငါ ကြားထားတဲ့သတင်းအရဆိုရင် အဆိပ်ပြင်း ပင့်ကူကလန်ကတောင် မင်းတို့ဆီ အညံ့ခံခဲ့တယ်ဆိုပဲ။ မင်းတို့က ထိပ်တန်းအင်အားစု ဖြစ်လာမှာ သေချာနေပြီ”

ထိုအခိုက် ပတ်ဝန်းကျင်တွင် တိတ်ဆိတ်မှုက ကြီးစိုးလာသည်။သုန့် ညီအမလဲ မျက်နှာ ပျက်သွားသည်။

လုထန်းက မျက်မှောင်ကြုတ်ကာ ပြောသည်။

“ ဘာလဲ ဘာဖြစ်တာလဲ”

“ ငါ မှားလို့လား”

သုန့်ဝမ်ယွဲ့က ခပ်မြန်မြန်ရှင်းပြသည်။

“ သံတမန် အဆိပ်ပြင်းပင့်ကူ ကလန်ကို အညံ့ခံအောင် လုပ်နိုင်ခဲ့တာက ဆရာသခင် ဝမ်ချန်းပါ”

‘ ဒီကောင်ဟုတ်လား’

သူက လုယွီအား မကျေနပ်သည်မှာ ကြာချေပြီ။ထို့ကြောင့် စကားပင် မပြောခဲ့ပေ။ သို့သော် ယခုမူ ဝမ်ချန်းက လုပ်ခဲ့သည်ဟု ဆိုလာသည်။

‘ ဒီလောက်ငယ်ငယ်လေးနဲ့ လုပ်နိုင်နေပြီလား’

ထိုအခိုက် သုန့်ဝမ်ကျင်းက ဆိုသည်။

“ သံတမန် မသိလို့ပါ။ ဆရာသခင်ဝမ်ချန်းက ရေခဲနယ်မြေက လင်းရှီမိုင်းတွင်းကိုတောင် ရလိုက်တာ၊ ဆိုတော့ သူက မြောက်ပိုင်းနယ်မြေက အင်အားစုတွေထက်တောင် ချမ်းသာနေလောက်တယ်”

အပိုင်း ၁၀၆၅

“ လင်းရှီမိုင်း ဟုတ်လား”

လုထန်း၏ လက်က တုန်သွားသည်။ သူ၏ မျက်ဝန်းတွင် လောဘရောင်များ လက်လာ၏။

သူက ချောင်းဟန့်ကာ ပြောသည်။

“ ဆရာသခင် ဝမ်ချန်း မင်းတို့ စိတ်ဝိဉာဉ်ကျောက်တုံး ဘယ်လောက်တောင် ရခဲ့သလဲဆိုတာ ငါ သိပါရစေ”

လုယွီက သူ၏ လောဘကို သတိထားမိသည့်အခါ မျက်မှောင်ကြုတ်သည်။

“ ငါ ယူနိုင်ခဲ့တာက မင်းနဲ့ ဘာဆိုင်လဲ”

စည်းမျဉ်းများအရ အနိုင်ရသည့်ဘက်က ရှုံးသည့်ဘက်မှ အရာအားလုံးကို သိမ်းယူပိုင်ခွင့် ရှိသည်။ သူတို့က မဟာမိတ်အဖွဲ့အစည်းကြီးဖြစ်ပြီး တိုင်းပြည်တစ်ခု မဟုတ်ပေ။ထို့ကြောင့် လုယွီက အသေးစိတ်ကို တင်ပြရန် မလိုပေ။

လုထန်း၏ မျက်နှာက လေးနက်လာသည်။

“ ဝမ်ချန်း ငါ အမှန်အတိုင်း ပြောမယ်။ဒီတစ်ခေါက် အပျက်အစီး များတာက ယွန်လော့တစ်မြို့ထဲ မဟုတ်ဘူး။ ဆိုတော့ မင်းက ကံကောင်းပြီး စိတ်ဝိဉာဉ်မိုင်းတွင်းကို ရလိုက်တယ်။ မင်း ပြန်ခွဲဝေဖို့ လိုမယ်”

‘ခွဲဝေရမယ် ဟုတ်လား’

လုယွီက နှာခေါင်းရှုံ့သည်။

“ ငါများ အထင်မှားတာလား အရင်က လုမိသားစုက ဆက်တိုက် အောင်နိုင်မှုတွေ ရနေကြပါ။ ဒါပေမဲ့ ခွဲဝေတယ်ဆိုတာမျိုုး ဘာလို့ တစ်ခါမှ မကြားမိတာလဲ”

အခြားအဖွဲ့များကို ဖယ်ထားလိုက်လျင်ပင် မဟာတယွီတပ်ရင်းက တစ်ခါမှ ဆုလာဘ်ကြီးကြီးမားမား မရခဲ့ဖူးပေ။ အားလုံးက ကိုယ်ပိုင်နည်းလမ်းဖြင့်သာ ဖြေရှင်းခဲ့ရသည်ချည်းသာ ဖြစ်သည်။ အမှတ်များကို သိုင်းများနှင့် လဲလှယ်ပေးခြင်းကြောင့်သာ မဟုတ်လျင် ယခုအချိန်အထိ ဆက်လက်ရှိနေသေးရန်က ခက်ခဲသည်။

လုထန်း၏ လက်ထဲမှ ခွက်က ပြုတ်ကျသွားသည်။

“ ဝမ်ချန်း မင်းက ဘယ်လိုတောင် ဒေါသကြီးရတာလဲ၊ မင်းရဲ့လက်ထဲမှာ ပစ္စည်းကောင်း ရှိနေရင် ခွဲဝေပေးရမယ်လေ”

လုယွီက တည်ငြိမ်စွာ ပြောသည်။

“ ခင်များမှာ အစွမ်းအစရှိရင် ယူလိုက်၊ ငါ့အပိုင်ကိုတော့ လာထိဖို့ မစဉ်းစားနဲ့”

“ မင်း… ငါ အရှင့်ကိုပြန်ပြောမှာ မကြောက်ဘူးလား”

လုယွီက မတ်တပ်ထရပ်သည်။

“ ကြိုက်သလို လုပ်”

လုကောင်းမင်က နှောင်းပိုင်းအဆင့် အဆင့်လွန်နယ်မြေဖြစ်သည်။ အဆင့်လွန်နယ်မြေအဆင့် ပညာရှင်တိုင်း သူနှင့်ဆုံလျင် လေးစားပြရသည်။ ဝမ်ချန်းကဲ့သို့ ဆေးဖော်သည့် လူလောက်ဆိုလျင် ထည့်ပြောရန်ပင် မလိုပေ။ သို့သော် လုယွီက ဂရုမစိုက်ပေ။

လုထန်းက လုမိသားစုကို ကိုယ်စားပြုသည့် သံတမန်ဖြစ်သည်။ သို့သော် လုယွီက လေးစားမပြပေ။ လုထန်း၏ မျက်နှာက မည်းမှောင်နေတော့သည်။

“ မာရှယ်ဝမ်ချန်းက မိုင်းတွင်းတစ်ခု ရလိုက်တာနဲ့ပဲ သံတမန်ကိုတောင် ဂရုမစိုက်တော့ဘူး။ သူက သဘောထားမကြီးလိုက်တာ”

သုန့်ဝမ်ကျင်းက ပြောသည်။

လုထန်းက ဂရုမစိုက်ဟန်ဖြင့် အာရုံပြောင်းသည်။

“ ဒါနဲ့ မင်းတို့ဆီမှာ မဟာတယွီတပ်ရင်းရဲ့ အသေးစိတ် မှတ်တမ်း ရှိလား”

သုန့်ဝမ်ယွဲ့၏ မျက်ဝန်းက မှုန်မှိုင်းသွားသည်။

“ ကျွန်မတို့မှာ မရှိပါဘူး”

“ရပါတယ်။ ကျွန်မ အစောပိုင်းကတည်းက လူလွှတ်ထားခဲ့ပြီးသား။ ကျွန်မ တစ်ချိန်လုံး အာရုံစိုက်နေခဲ့တာ။ ဒီမှာ အသေးစိတ် နေ့စဉ် မှတ်တမ်းပါ”

သုန့်ဝမ်ကျင်းက မှတ်တမ်းများကို ကမ်းပေးလာသည်။

လုထန်းကလည်း ပြုံးသည်။

“ သြော် အဆိပ်ပြင်းပင့်ကူကလန်နဲ့ တိုက်ခိုက်ခဲ့တာတောင်မှ စစ်သည်တော် တစ်ယောက်မှ မဆုံးရှုံးဘူးတဲ့လား”

လုထန်း၏ မျက်ဝန်းများက တောက်ပလာသည်။

Thank For Reading.

All Chapters