← Chapters

အခန်း (၁၀၇၁-၁၀၇၅)

Vol. 57 Ch. 1071-1075

အခန်း (၁၀၇၁-၁၀၇၅)

Vol. 57 Ch. 1071-1075

အပိုင်း ၁၀၇၁

“ မင်းက လုမိသားစုဝင်ကို ငါ့ရှေ့မှာတောင် သတ်ရဲတာလား၊ ငါ့ကို သံတမန်လို့ရော သတ်မှတ်သေးရဲ့လား”လုထန်းက အံကိုကြိတ်လျက်ပြောသည်။

သူက လုမိသားစု ကိုယ်စားပြု သံတမန်ဖြစ်သည်။သို့သော် တဖက်က သူ၏ရှေ့တွင်ပင် သူ၏မိသားစုဝင်ကို သတ်ရဲလေသည်။ ဒါက သူ့ကို ဂရုမစိုက်ခြင်းဖြစ်သည်။

“ ငါက ဂရုစိုက်ရမှာလား”လုယွီက ခပ်အေးအေး ပြောသည်။

လုထန်း ဆွံ့အသွားတော့သည်။လုယွီက သူ့ကိုပင် ထိုသို့ပြောရဲမည်ဟု မထင်ထားပေ။

“ ငါ သိပြီ၊ မင်းက ရေခဲနယ်မြေနဲ့ ပူးပေါင်းထားတာ ဖြစ်ရမယ်။ ငါတို့ လုမိသားစုကို သတ်ဖို့ ရောက်လာတာ မဟုတ်လား၊ ကောင်းပြီ ငါ အခုချက်ချင်း မိသားစုကို အကြောင်းကြားမယ်”လုထန်းက လှည့်ထွက်ရန် ကြံလိုက်ချိန်တွင် ပြင်းထန်သည့် ချီစွမ်းအင်တစ်ခုက သူ၏ ဗိုက်ကို ထိမှန်သွားသည်။

သူက သတိလက်လွတ်ဖြစ်နေသဖြင့် သတိမထားမိခဲ့ချေ။ ထိုသို့ဖြင့် အပြင်သို့ လွင့်ထွက်သွားတော့၏။သူ၏ ဝဖြီးနေသည့် ကိုယ်လုံးက အဆောင်တစ်ခုကို ဝင်ရိုက်ဆောင့်မိပြီး လဲပြိုကျစေလေသည်။သူက အုတ်ကျိုးအုတ်ပဲ့များကြား မြုပ်သွားသည်။

လုယွီက အနားသို့ ဖျက်ခနဲ ရောက်လာပြီးသူ့ကို အပျက်အစီးများကြားမှ ဆွဲကိုင်မသည်။

“ မင်း စကားတစ်ခွန်း ထပ်ပြောရဲရင် မင်း ဒုတိယအိမ်တော်ခွဲမှာ သွားပုန်းနေရင်တောင်မှ ငါ ရအောင် လာသတ်ပြမယ်။ နောက်ပြီး လုမိသားစုက လူလွှတ်ပြီးသံတမန်ရဲ့ အလောင်းကို လာကောက်ခိုင်းတာကလည်း မဆိုးဘူးလို့ ငါထင်တယ်”

လုယွီ၏ ကိုယ်မှ အလွန်အေးစက်သောအရှိန်အဝါများ ထုတ်လွှတ်နေသည်။ ပြင်းထန်ကာ အေးစက်လွန်းသဖြင့် လုထန်း၏ ခြေထောက်များပင် ပျော့ခွေကျသည်။

ထိုသို့ဖြင့် လုယွီက လက်လွှတ်ပေးလိုက်ချိန်တွင် သူ ဆက်မနေရဲတော့ဘဲ ထွက်ပြေးသွားတော့သည်။လုထန်း ထွက်သွားပြီးနောက် လုယွီက အဝေးမှ ကြည့်နေသည့် လုမိသားစုမှ စစ်သည်တော်များကို ကြည့်သည်။

“ မင်းတို့ရဲ့ သခင်လေးရဲ့ အလောင်းကို လာမကောက်သေးဘူးလား။ ငါတို့ စစ်တပ်မြေကို မညစ်နွမ်းစေနဲ့” ထိုသူများအားလုံးက လုမိသားစုမှ မျိုုးဆက်များဖြစ်ကြသည်။

သို့သော် သူတို့၏ သခင်လေးကပင် အသတ်ခံရကြောင်းမြင်သော် အလွန် ထိတ်လန့်တုန်လှုပ်သွားကြလေသည်။ ထိုကြောင့် ချက်ချင်းလိုလို အလောင်းကို လာသယ်ကြသည်။

“ မာရှယ် ဒီငယ်သားက မာရှယ်ရဲ့ဧည့်သည်တွေကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ပါဘူး၊ မာရှယ်က အ ပြစ်ပေးပါ”လော့ကျန်းက ချက်ချင်းလိုလို ဒူးထောက်ချသည်။အခြားသူများကလည်း ဒူးထောက်ကြသည်။

လုယွီက တံဆိပ်မှ သွေးကိုသုတ်ပြီး လုချင်ရှား၏ လက်ထဲ ထည့်သည်။“ နောက်တစ်ခါ ဒီလိုကိစ္စမျိုးဆိုရင် ငါ့ကို ကိုယ်စားပြုတဲ့ ဒီတံဆိပ်နဲ့ လော့ကျန်းကစပြီး လူတိုင်းကို အမိန့်ပေးနိုင်တယ်”

လုချင်ရှားလည်း လုယွီ၏အနားတွင် လှဲထိုင်ချလျက် အော်ငိုတော့သည်။လုယွီက သက်ပြင်းချသည်။မည်သို့ပင်ဆိုစေ လုချင်ရှားက ကလေးမလေးသာ ဖြစ်သည်။

“ အခုကစပြီး ဒီအဆောင်မှာ အစောင့်နှစ်ယောက်တော့ ရှိရမယ်။ ငါ အပိုကိစ္စတွေ မမြင်ချင်ဘူး”

လော့ကျန်းက ချက်ချင်း ဒူးတဖက် ပြောင်းထောက်လျက် လက်တစ်ဖက်ကို လက်သီးဆုပ်ကာ ရင်ဘတ်နားကပ်ပြီး ပြောသည်။

“ မာရှယ်ရဲ့ အမိန့်အတိုင်းပါ”

လုချင်ရှား၏ အနားတွင် ရှိနေသည့် လူအိုကြီးက အနားကပ်လာကာ ဒူးထောက်လျက် ပြောသည်။

“ ကျွန်တော်တို့ကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မာရှယ်”

“ ကိစ္စမရှိဘူး ဒါက လွယ်တယ်”

လုယွီက လက်တဖက်ရမ်းလျက် ဆေးပုလင်းများစွာ ထုတ်လိုက်သည်။ထို့နောက် လူအိုကြီးကို ပေးလေသည်။

“ ဒါက ခင်ဗျားတို့ရဲ့ ဒဏ်ရာတွေအတွက်ပဲ၊ရေထဲထည့်ဖျော်ပြီး နေ့တိုင်းသောက်ပါ၊သက်သာလာလိမ့်မယ်”

လူအိုကြီးက တရိုတသေ ယူသည်။

လုယွီက ပြောသည်။“ ငါ အတည်ပြုချင်တာရှိတယ်။ အဓိက အိမ်တော်ခွဲမှာကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးက ဘယ်သူလဲ”

လူအိုကြီးက တွေးတောပြီးနောက် ပြောသည်။

“ လုချင်ရှားရဲ့ ဦးလေး လုယွဲ့စုန့်ပါ၊ သူက အဆင့်ကိုးကို ရောက်နေပါပြီ”

အပိုင်း ၁၀၇၂

သက်လတ်ပိုင်းလူက ရိုးသားဟန်ရသည်။ သူက လုယွီအား ပြုံးကြည့်ကာ ပြော၏။

“ ဆရာသခင်ဝမ်ချန်းက ကျွန်တော်တို့အပေါ် အရမ်းကောင်းလွန်းပါတယ်။ ဆရာသခင် အကူအညီလိုတာရှိရင် ပြောလိုက်ပါ”

လုယွီက တည်ငြိမ်စွာဖြင့် လုယွဲ့စုန်ကို လက်တဖက် မြောက်စေသည်။ လုယွီက လက်နှစ်ချောင်းမြောက်လျက် သွေးကြောစမ်းသည်။

“ ဖြေရှင်း……”

ထို့နောက် လုယွဲ့စုန်၏ ကိုယ်မှ ပေါက်ကွဲသွားသံ ထွက်လာသည်။ သူ၏ ကိုယ်ကို လေပြင်းက ဖြတ်တိုက်သွားသလို ခံစားလိုက်ရပြီးနောက် နဂါးညည်းသံများက ဆက်တိုက် ထွက်ပေါ်လာသည်။

“ ငါ… ငါ နဂါးစိတ်ဝိဉာဉ်အဆင့်ကို တက်သွားပြီ”

လုယွဲ့စုန်က စိတ်လှုပ်ရှားစွာ ပြောသည်။ ကျိန်စာကြောင့် သူတို့ အဆင့်မတက်နိုင်ခဲ့သည်မှာ ကြာလှချေပြီ။ နောက်ဆုံးတွင် သူ အတားအဆီးကို ကျော်ဖြတ်လိုက်နိုင်၏။

ယခင်ကဆိုလျင် အိမ်တော်ခေါင်းဆောင် လုဝူတိပြီးလျင် ပင်မအိမ်တော်ခွဲမှ အကြီးအကဲဖြစ်သည့် သူ၏ အဆင့်က အလွန်မြင့်ခဲ့သည်။ယခုမူ အခြားအိမ်တော်ခွဲ၏ ကျွန်ပင် ဖြစ်နေရလေသည်။ နောက်ဆုံးတွင် သူ ထိုကျိန်စာမှ လွတ်မြောက်နိုင်သွားသည်။

သူက စိတ်လှုပ်ရှားစွာ ပြောသည်။

“ ဆရာသခင် ဝမ်ချန်း ဒီကျေးဇူးကို ကျွန်တော်တို့ ဘယ်လိုမှ ပြန်ပေးဆပ်ဖို့ လုံလောက်တော့မယ် မထင်ဘူး”

လုယွီက ပြောသည်။

“ စိတ်ချထားပါ၊ ကျိန်စာလောက်က အပန်းမကြီးဘူး”

ထို့နောက် အခြားသောလူများ တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်လာကြသည်။ အဆင့်နိမ့်သူများက အဆင့်မြင့်လာကြပြီး အချို့ဆိုလျင် ဘိုး​ဘေး အဆင့်သို့ပင် တက်ရောက်နိုင်ခဲ့သည်။

“ ခင်များတို့က ကျိန်စာတွေနဲ့ မွေးဖွားလာကြတာမှ မဟုတ်တာ၊ ဘယ်လိုများ သေမျိုးအဆင့်ထိရောက်အောင် ကျိန်စာတိုက်ခံရတာလဲ”

ဒါက သူ မေးချင်နေသည့် မေးခွန်းဖြစ်သည်။

သူတို့၏ကျိန်စာက လုခိုင်ရှန်းနှင့်တူနေသည်။ ထိုကျိန်စာသည် လုယွီ ကောင်းကင်ဘုံတွင်ရှိစဉ်က ကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်သည်။

လူအိုကြီးက ရှင်းပြသည်။

“ကျွန်တော်က ဒီမှာ အကြီးဆုံးပဲ။ ကုန်လွန်ခဲ့တဲ့နှစ်တွေမှာ ကျွန်တော် ခန့်မှန်းမိခဲ့ပေမဲ့ သေချာတော့ မဆုံးဖြတ်နိုင်ခဲ့ဘူး”

“ လွန်ခဲ့တဲ့ နှစ်ဆယ့်တစ်နှစ်ကဆိုရင် ကျွန်တော်က စိတ်ဝိဉာဉ်နယ်မြေအဆင့်မှာ ရှိပြီး အကြီးအကဲ တစ်ယောက်လည်း ဖြစ်ခဲ့တယ်”

“ တစ်ရက်မှာ ဘိုးဘေးက တံခါးပိတ်ကျင့်ကြံတော့မယ်လို့ တစ်ယောက်က အကြောင်းလာကြားတယ်။ ကျွန်တော်လည်း အများကြီး မတွေးခဲ့ဘူး၊ ဘိုးဘေးက မကြာခဏ တံခါးပိတ်ကျင့်ကြံနေကြပါပဲ”

“ ဒါပေမဲ့ ရက်အနည်းငယ်ကြာတော့ ဘိုးဘေးက အဓိကအိမ်တော်ခွဲက လူတိုင်းကို တားမြစ်နယ်မြေကို လာပြီး ဂါရဝပြုဖို့ အမိန့်ထုတ်လိုက်တယ်”

လုယွီက မျက်မှောင်ကြုတ်သည်။

“ ခင်များတို့တားမြစ်နယ်မြေကို ဝင်ခွင့်ရှိလို့လား”

ထိုနေရာက တားမြစ်နယ်မြေဖြစ်ကတည်းက လူတိုင်း ဝင်ခွင့်မရှိသင့်ပေ။

“ အမိန့်မှာ ဘာအမှားအယွင်းမှ မပါဘူး၊ လက်ရေးနဲ့ တံဆိပ်တုံးကအစ အစစ်တွေပဲ။ ဒါကြောင့် အဓိကအိမ်တော်ခွဲက လူတစ်သောင်းလုံးစုဝေးဖို့ ခုနှစ်ရက် စောင့်ခဲ့တယ်။ အဲဒိနောက် အားလုံး တားမြစ်နယ်မြေကို ဝင်ခဲ့တယ်”

“ ခင်များတို့ ချုံခိုတိုက်ခိုက်ခံခဲ့ရတာလား”

“ မဟုတ်ဘူး၊ အရာအားလုံး အဆင်ပြေပြေပါပဲ။ ဒါပေမဲ့ အဲဒီနေရာက ပြန်လာပြီးတဲ့နောက်မှာ အရာအားလုံး ပြောင်းလဲကုန်တယ်”

“ အချို့လူတွေက ဓားပျံစီးရင် ပြုတ်ကျသေကုန်တယ်။ အချို့က ကျင့်ကြံနေရင်း တစ္ဆေဝင်ပူးခံရပြီး သေကုန်တယ်။ ဒီလိုနဲ့ သေတဲ့သူတွေ များသထက် များလာတယ်။ အားလုံးက ထူးဆန်းတဲ့ န ည်းနဲ့ သေကုန်ကြတာပဲ။ အဲဒီအချိန်က ပင်မအိမ်တော်မှာ မဟာအကြီးအကဲရှိခဲ့တယ်။ သူက အခြေအနေကို စစ်ဆေးတဲ့အခါ အားလုံးရဲ့ ခေါင်းမှာ ကျိန်စာရှိတာကို တွေ့ခဲ့တယ်”

“ သူက န ည်းလမ်းကုန်သုံးပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျိန်စာက ပြင်းလွန်းလို့ သူ ဘာမှမတတ်နိုင်ခဲ့ဘူး။ အဲဒီနောက်တော့ ပင်မအိမ်တော်က လူတိုင်းကို စုဝေးလာစေပြီး အတူနေခဲ့တယ်”

“ အဲဒီနောက် သေဆုံးမှုတွေ မရှိတော့ဘူး။ဒါပေမဲ့ ထူးဆန်းစွာနဲ့ အားလုံးရဲ့ ကျင့်ကြံခြင်းအဆင့်တွေ ကျဆင်းကုန်တာကို သိခဲ့ရတယ်”

အပိုင်း ၁၀၇၃

“ ကျွန်တော်တို့ အရမ်းစိုးရိမ်ပြီး စာအုပ်တိုင်းမှာ ရှာဖွေခဲ့ပေမဲ့ ဘာမှ မတွေ့ခဲ့ဘူး”

“ နောက်တော့ အခြားအိမ်တော်ခွဲတွေက ရှာတွေ့သွားကြတယ်။ သူတို့က ပင်မအိမ်တော်ရဲ့ ကြွယ်ဝမှုတွေကို မျက်စိကျနေခဲ့ကြတာ ကြာလှပြီ။ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းအား မရှိတော့တာကို သိသွားပြီး စတင် လှုပ်ရှားကြတော့တာပါပဲ”

လူအိုကြီး၏ မျက်နှာက နာကျင်ဟန် ပြောင်းလာသည်။

“ နောက်တော့ သူတို့က ဘိုးဘေး တံခါးပိတ်ကျင့်ကြံနေတာကို အခွင့်ကောင်းယူပြီး မဟာအကြီးအကဲကို လုပ်ကြံခဲ့ကြတယ်။ အိမ်တော်ရဲ့ လူငယ်ခေါင်းဆောင် အရှင် ထွက်သွားပြီးနောက်မှာ ကျွန်တော်တို့အားလုံးက အဆင့်ချခံရပြီး အခြားအိမ်တော်ခွဲတွေကို ကျွန်အဖြစ် အပို့ခံရတော့တာပါပဲ”

လုယွီက မေးသည်။

“ ခင်များ ဒီနောက်ပိုင်းမှာ တားမြစ်နယ်မြေကို ရောက်ခဲ့သေးလား”

“ အခြားအိမ်တော်ခွဲတွေက တားမြစ်နယ်မြေကို ပိတ်ပစ်လိုက်ကြလို့ မဝင်နိုင်ခဲ့ပါဘူး”

လုယွီ၏ မျက်ဝန်းက မှေးကျင်းသွားသည်။ အရာအားလုံးက ထိုတားမြစ်နယ်မြေမှ စသည်။ သူက ထိုကျိန်စာကို နယ်သာလောကမှ အပြစ်သားများကို အပြစ်ပေးရန် သုံးသည်။ သို့သော် ယခုမူ ဒါက ရက်စက်လွန်းနေ၏။

‘ ကြည့်ရတာ ငါ အချိန်ရရင် သွားကြည့်ရလိမ့်မယ်’

ထို့နောက် သူက လော့ကျန်းကို အမိန့်ပေးလျက် ထိုလူများကို နေရာစီစဉ်ပေးစေသည်။သူတို့၏ ကျင့်ကြံခြင်းအဆင့်အလိုက် သိုင်းများနှင့် အရင်းအမြစ်များ ပေးခိုင်းလိုက်သည်။

ထိုထဲတွင် မျိုးစေ့ကောင်းများကို သူ တွေ့ခဲ့သည်။ကျိန်စာမရှိတော့သည်နှင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်က တိုးတက်လာပေလိမ့်မည်။

….

အခြားတဖက်တွင်…

လုထန်းက စစ်သင်္ဘောထဲ ရောက်နေသည်။ သူက အခန်းထဲတွင် ရပ်လျက် ဒေါသတကြီးဖြစ်နေ၏။

‘ စောင့်ကြည့်နေစမ်းပါ ငါ အိမ်တော်သခင်ကို ပြောပြီး အပြစ်ပေးခိုင်းမယ်’

ထိုအခိုက် သင်္ဘောက ယိမ်းသွားပြီး သူ လဲကျသွားလေသည်။ သူက ဒေါသထွက်သွားပြီး တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်ကာ အပြင်သို့ ထွက်သည်။ထိုအခါ အဝတွင် အစောင့်တစ်ယောက်ကို မြင်လိုက်ရလေသည်။

“ သောက်ကောင် သင်္ဘောကို ဘယ်လို မောင်းနေတာလဲ”

ထိုအစောင့်က အလကားနေရင်း ပါးရိုက်ခံလိုက်ရသဖြင့် ဒေါသထွက်သွားသည်။ သို့သော် တည်ငြိမ်စွာ ပြောလိုက်သည်။

“ အရှင်ကျွန်တော်တို့ လမ်းပျောက်သွားပြီထင်တယ်”

‘ လမ်းပျောက်တယ် ဟုတ်လား’

‘ သင်္ဘောာက လေပေါ်က ပျံသန်းတာလေ လမ်းက ဘယ်လို ပျောက်တာလဲ’

“ သောက်သုံးမကျတဲ့ အမှိုက်တွေ မင်းတို့ရဲ့ ခေါင်းဆောင်ကို မြန်မြန်မခေါ်သေးဘူးလား”

အစောင့်က အမြန် ပြေးထွက်သွားသည်။ထို့နောက် ခေါင်းဆောင်နှင့် အခြားအစောင့်များ ရောက်လာလေသည်။ လုထန်းက ဒေါသထွက်နေသဖြင့် ကြာပွတ်ကို ထုတ်ကာ ထိုခေါင်းဆောင်ကို ရိုက်သည်။အချိန်တစ်ခုကြာပြီးနောက် ထိုခေါင်းဆောင်က ဒုက္ခိတ မဖြစ်ရုံတမယ် ဖြစ်သွားလေသည်။

ဒေါသ ဖြေလိုက်ရသဖြင့် လုထန်းလည်း ကျေနပ်သွားသည်။

“ သင်္ဘောကို မြူဝိုင်းနေရင် မြန်မြန် မဖောက်ထွက်ဘူးလား”

ထိုအခါမှ အားလုံးလည်း အသိပြန်ဝင်လာဟန်ဖြင့် အသည်းအသန် ထလျက် ပြေးကြသည်။ သို့သော် ဝုန်းခနဲ မြည်သံကိုသာ ကြားလိုက်ရလေသည်။

“ အရှင် ကျွန်တော်တို့ သင်္ဘောကို တစ်ခုခုက ဆွဲထားသလိုပဲ၊ သင်္ဘောက မရွေ့နိုင်တော့ဘူး”

အစောင့်တစ်ယောက်က အပြေးအလွှား လာပြောသည်။

အပိုင်း ၁၀၇၄

“ အသုံးမကျတဲ့ အမှိုက်တွေ”

လုထန်းက အော်ပြီး ကုန်းပတ်လမ်းဘက် ပြေးထွက်ကြည့်သည်။သို့ရာတွင် တစ်ချက် ကြည့်လိုက်ရုံနှင့်တင် သူ၏ တစ်ကိုယ်လုံး တုန်ယင်သွားရလေသည်။

သူ၏ မြင်ကွင်းတွင် မြူထဲမှ ထွက်လာသော မရေမတွက်နိုင်သည့် အရိပ်ပေါင်းများစွာကို မြင်လိုက်ရလေသည်။အချို့က ဂါထာများရွတ်လျက် သံချိန်းကြိုးများကို ထွက်ပေါ်လာစေသည်။ ထိုချိန်းကြိုးများက သင်္ဘောကို ဘက်ပေါင်းစုံမှ ဆွဲထားလေသည်။ ထိုနည်းအားဖြင့် သူတို့အနားသို့ ဆွဲယူနေသည်။

“ သောက်အရိပ်တွေ သောက်လမ်းက ဖယ်စမ်း၊ ငါက လုမိသားစုက သံတမန်ပဲ “

လုထန်းက ဒေါသသံဖြင့် အော်သည်။

သို့သော် တဖက်က လုမိသားစုဟု ကြားသည်နှင့် အရိပ်များက ပိုတိုးလာလေသည်။

“ သူ့ကို ငါ့ဆီ ခေါ်ခဲ့”

ဆွဲဆောင်မှုပြင်းသော အမျိုးသမီးက ပြောသည်။

ထိုအရိပ်များက သင်္ဘောကို ဝိုင်းတိုက်ခိုက်လာကြသည်။ သူတို့က လုထန်းကို ဖမ်းလိုကြ၏။

လုထန်း၏ကိုယ်က တုန်ယင်သွားသည်။

“ ငါ ပြောမယ်၊ ငါက လုမိသားစုရဲ့ သံတမန်ပဲ၊ ငါ့ကိုထိရင် လုမိသားစုက ငြိမ်ခံနေမှာ မဟုတ်ဘူး”

သို့ရာတွင် အရိပ်များက ဂရုမစိုက်ပေ။

ခရက်

သူတို့က ပြင်းထန်စွာသာ ဆက်တိုက် တိုက်ခိုက်လာကြသည်။ အရိပ်များက အမှောင်ထဲမှ ထွက်လာချိန်တွင် သူတို့၏ပုံရိပ်ကို ရှင်းလင်းစွာမြင်လိုက်ရလေသည်။ သို့သော် လူသားများ၏ ပုံရိပ်များမဟုတ်ပေ။ အားလုံးက ရှေးဟောင်း နတ်ဆိုးများဖြစ်သည်။

“ သရဲ”

လုထန်းက ဖင်ထိုင်လျက် လဲကျသွားလေသည်။ သူက နောက်လှည့်ကြည့်လျက် အော်၏။

“ အမှိုက်တွေ ငါ့ကို လာကယ်ကြလေ”

သို့သော် မည်သူမျှ မလှုပ်ကြပေ။ ခေါင်းဆောင်က လုထန်းကို အေးစက်စွာ ကြည့်လျက် ပြောသည်။

“ သွားရအောင်”

ထိုသို့ဖြင့် လူတိုင်း ကျောခိုင်းထွက်သွားကြသည်။သည်ရက်များတွင် လုထန်းက သူ၏ အဆင့်အတန်းကို သုံးပြီး အမြဲလိုလို အနိုင်ကျင့်သည်။ လူတိုင်းကို ကြာပွတ်နှင့် မကြာခဏ ရိုက်၏။ထို့ကြောင့် မည်သူမျှ သူ့အား မကြည်ကြပေ။

ယခုအခါ အားလုံး ကျောခိုင်းသွားကြောင်းမြင်သော် လုထန်းက အော်သည်။

“ ငါ့ကို မသတ်ပါနဲ့ မင်းတို့ သိချင်တာမှန်သမျှ ငါ ပြောပြနိုင်ပါတယ်”

သူက အလွန်ဝသည်။ သူ၏ ကိုယ်လုံးကြီးက မြေတွင် ပုံလျက်သား လှဲထိုင်လျက် ငိုယိုနေသည့် မြင်ကွင်းက ကြည့်ရ အလွန်ဆိုးသည်။ မြူထဲမှ ဆွဲဆောင်မှုပြင်းသော အမျိုးသမီးတစ်ယောက် ထွက်လာသည်။ သူမ၏ ကိုယ်တွင် ဖြူဖျော့သော ဝတ်ရုံကို ခြုံထားသည်။

မွှေးပျံ့သောရနံ့က လွှမ်းခြုံလာသည့်အခါ လုထန်းလည်း မော့ကြည့်မိလေသည်။ ထိုအခါ သူ အသက်ရှုရန်ပင် မေ့သွား၏။ သူ၏ တစ်သက်တွင် ထိုမျှ ရစ်မူးအောင် လှပသူအား မမြင်ဖူးပေ။

“ နင် ငါ့ကို ဆက်မကြည့်ချင်ဘူးလား ဟင်”

ထိုအမျိုးသမီးက လက်ညိုးလေးဖြင့် လုထန်း၏ မေးကို မော့လျက် မေးသည်။

လုထန်း မဖြေခင်မှာ ထိုအမျိုးသမီးက ဆက်ပြောသည်။

“ ကိစ္စမရှိဘူး အခုကစပြီး နင်က ငါ့ကျွန်ပဲ”

“ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်”

လုထန်းက ဒူးထောက်လျက် ကြမ်းပြင်ကို ဦးတိုက်ကာ ပြောသည်။ သူက သူမ၏ ဆွဲဆောင်မှုတွင် ရစ်မူးသွားတော့သည်။

“ ငါ့ကို နင်သိတာအကုန် ပြောပြနော်”

ထိုအမျိုးသမီးက ပြုံးသည်။ထို့နောက် တခစ်ခစ်ရယ်၏။

လုထန်းကလည်း သူ သိထားသမျှ မြောက်ပိုင်းနယ်မြေရဲ့ အချက်အလက်တိုင်းကို ပြောပြလိုက်လေသည်။ ထို့နောက် သူက ရစ်မူးသလို ဖြစ်သွားသည်။

ထိုအမျိုးသမီးက လုထန်းကို ခြေထောက်ဖြင့် စောင့်ကန်လျက် ပြောသည်။

“ ခေါ်သွား”

အနက်ရောင် အရိပ်က ရုတ်တရက် ထွက်လာလျက် ပြောသည်။

“ တော်ဝင်အရှင်မ သူ့ကို သတ်လိုက်ရမလား”

“ အသုံးမကျတဲ့ အမှိုက်လိုလူက ပိုအသုံးဝင်တာပေါ့၊ ဘာလို့ သတ်မှာလဲ … ဟင်”

ထို့နောက် သူမ၏ မျက်နှာက တည်သွားသည်။

“ ဝမ်ချန်းဆိုတဲ့ကောင်က ယွန်လော့မြို့ထဲမှာ ရှိတယ်။ ဆိုတော့ ယွန်လော့မြို့ကို တိုက်ကြမယ်”

အပိုင်း ၁၀၇၅

ယွန်လော့ချန်း….

တန်းစီပြီးနောက် သည်ရက်အနည်းငယ်၏ ကျင့်ကြံမှုကို စစ်ဆေးသည်။ အဆိပ်ပြင်း ပင့်ကူကလန်က ပါဝင်လာသဖြင့် တယွီတပ်ရင်းက ဝင်္ကပါကို ပြန်လည် လေ့ကျင့်ရသည်။ အရေအတွက်က တိုးလာသဖြင့် ဝင်္ကပါ၏ အင်အားက အလွန့်အလွန် ကြီးလာသည်။

စစ်တန်းလျားအတွင်း….

လူအချို့ ဝိုင်းထိုင်ကာ စကားပြောနေကြသည်။

“ ဒီနေ့ ဗိုလ်ချုပ် ကျင့်စဥ်တခု ဆုချီးမြင့်ခံရတယ်။ အခုလတ်တလော သူ့ရဲ့ တိုးတက်မှုကြောင့်လို့ ပြောကြတယ်”

“ မဟုတ်ဘူး ကျင့်စဥ် မဟုတ်ဘူး၊ ငါ ပြောတာ သာမန်မဟုတ်ဘူး၊ ထိပ်တန်းအဆင့် ကျင့်စဥ်ကွ”

တစ်စုံတစ်ယောက်က အထင်တသေး ပြောသည်။

“ ဒါမျိုးက ခေါင်းဆောင်တွေပဲ ရတာပါ၊ အရင်ကလည်း ဒီအတိုင်းပဲ။ သူတို့မကြိုုက်တဲ့ အမှိုက်လို သိုင်းတွေပဲ ရမှာ”

ထိုအခိုက် လိုက်ကာက တွန်းဖွင့်ခံရသည်။

ဗိုလ်ချုပ်ကို မြင်သည့်အခါ အားလုံး ချက်ချင်းထလျက် အရိုအသေပေးကြသည်။

“ ဗိုလ်ချုပ်”

သို့သော် ဗိုလ်ချုုပ်က သိုလှောင်အိမ်ထဲမှ စာလိပ်များစွာ ထုတ်ပြီး လူရှေ့ ပစ်ချပေးသည်။

“ ဗိုလ်ချုပ် ဒါတွေက ဘာတွေပါလဲ”

သူတို့ သိချင်သွားကြသည်။

သို့သော် ဗိုလ်ချုုပ်၏ မျက်နှာက နီရဲတက်နေသည်။ သူက တစ်လုံးချင်း ပြော၏။

“ အရင်ကတည်းက လက်ထောက် ဗိုလ်ချုပ်လော့က ငါတို့ရဲ့ အတွင်းအား အခြေပြုသိုင်းတွေကို မှတ်ထားပြီးသားဆိုတာ မင်းတို့သိကြမယ် ထင်တယ်။ အခု ငါတို့ရဲ့ နံပါတ်ခုနှစ် တပ်မဟာက ဝင်္ကပါကို အောင်အောင်မြင်မြင် လေ့ကျင့်လိုက်နိုင်လို့ မာရှယ်က ဒီသိုင်းကျင့်စဥ်တွေ ဆုချလိုက်တယ်”

ဆိုလိုသည်မှာ ထိုစာလိပ်တိုင်းက သိုင်းများဖြစ်သည်။ စစ်သည်တော်များက သူတို့၏ရှေ့ရှိ စာလိပ်တစ်ခုစီကို ကောက်ယူကြည့်ကြသည်။

“ ဒါ…ဒါ ကောင်းကင်အဆင့်ပဲ”

သူတို့၏လက်များ တုန်ယင်သွားတော့သည်။ သိုင်းများကို မြင့်ရာမှ နိမ့်ရာသို့ သုံးဆင့်ခွဲလျင် ကောင်းကင်၊မြေကြီး၊ လူသားဖြစ်သည်။ ကောင်းကင်အဆင့် သိုင်းများကို အဆင့်မြင့် ဂိုဏ်းကိုးဂိုဏ်းတွင်ပင် ရတနာကဲ့သို့ သတ်မှတ်ကြသည်။

အမှတ်အလွန်များနေသဖြင့် လဲလှယ်ချင်လျင်ပင် မဖြစ်နိုင်ပေ။

“ဗိုလ်ချုပ် ဆုအတွက် အခြားမရှိတော့ဘူးလား”

စစ်သည်တော်တစ်ယောက်က လေးလံစွာ အသက်ရှူလျက် မေးသည်။

ဗိုလ်ချုပ်က အပြုံးနှင့် ပြောသည်။

“ မင်းတို့က မကျေနပ်ကြဘူးပေါ့လေ၊ “

အခြားသူများ၏ မျက်ဝန်းများက အစိမ်းရောင် သန်းသွားကြသည်။ သို့သော် မာရှယ်က ထပ်ပေးလိုက်သေးဟန်ရသည်။ ထို့နောက် ဗိုလ်ချုပ်က ဆေးပုလင်းများစွာကို ထုတ်လာ၏။

“ ဒါက စိတ်ဝိဉာဏ်စွမ်းအား ဆေးတွေပဲ”

တပ်မဟာမှ လူများထံမှ အော်ဟစ်သံများ ထွက်လာသည်။ တစ်ယောက်လျင် သုံးလုံးစီရသည်။ မြောက်ပိုင်းမဟာမိတ် ဌာနချုပ်တွင်ဆိုလျင် ကောင်းကင်အဆင့်သိုင်းကို ရတနာလို ကိုးကွယ်ကြသည်။ သို့သော် သူတို့က တစ်ယောက် တစ်မျိုးစီ ရ၏။

အဆင့်လွန်အဆင့်များအတွက်ပင် စိတ်စွမ်းအားဆေးကို ချိုးခြံစွာ စားကြရသည်။ သို့သော် သူတို့က လိုသလောက် ရနိုင်သည်။ ဒါက သူတို့၏ မာရှယ်ကြောင့်ဖြစ်သည်။

အခြားသော တပ်မဟာများတွင်လည်း အလားတူ ဖြစ်နေသည်။ ဆုမရသူများကမူ ပိုမို ကြိုးစားရန် ကျိန်ဆိုကြသည်။

….

“ မာရှယ်က အရမ်းသဘောကောင်းတာပဲ”

တိရှောင်းက လုယွီ၏ရှေ့သို့ မြေပုံကို ချပေးလျက် ပြောသည်။ သူ၏ စိတ်ထဲတွင်လည်း သက်ပြင်းချနေမိလေသည်။

“ ခင်များတို့သာ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်အောင် လုပ်နိုင်ရင်၊ တိုက်ပွဲဝင်စွမ်းအား တိုးတက်အောင် လုပ်နိုင်ရင် ကောင်းကင်အဆင့်ထက် မနိမ့်တဲ့ သိုင်းတွေ ရလိမ့်မယ်”

လုယွီက ပြောသည်။

လုယွီ၏ ကတိစကားကို ရသည့်အခါ တိရှောင်း ပျော်သွားလေသည်။

‘ ကောင်းကင်အဆင့်ထက် မြင့်တာဆိုရင် ဘာများ ဖြစ်နိုင်မလဲ’

လုယွီက မြေပုံကို သေချာ ကြည့်သည်။ထိုမြေပုံတွင် ရေခဲနယ်မြေ၏ နေရာဌာန အသေးစိတ် ပါဝင်သည်။ ရုတ်တရက် လုယွီ၏ မျက်နှာက ပျက်သွားလျက် အဝေးသို့ ကြည့်သည်။

တိရှောင်းက မေးသည်။

“ မာရှယ် ဘာဖြစ်တာလဲ”

လုယွီ၏ မျက်နှာက မည်းမှောင်သွားလျက် အော်သည်။

“ တပ်မစာတစ်ခုလုံး အမိန့်၊ မြို့ကို ကာကွယ်ဖို့ တိုက်ပွဲအတွက် ပြင်ဆင်ကြ”

All Chapters