အခန်း (၁၀၈၁-၁၀၈၅)
Vol. 57 Ch. 1081-1085
အပိုင်း ၁၀၈၁
ထိုခါးကုန်းလူအိုကြီးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည်။ သူက တောင်ဝှေးဖြင့် အသာရမ်းရုံနှင့်တင် တောအုပ်တွင် လေများ တိုက်ခတ်လာသည်။ သူက လုယွီထံ အသာအယာ ပျံသန်းလာ၏။
သို့သော် လုယွီက အလိုလို ငါးမီတာ ထပ်ဆုတ်လိုက်ရလေသည်။ လက်ရှိ သူ၏ အဆင့်အရ သူထိုလူအိုကြီးကို မနိုင်ပေ။
“ ဒီအဘိုးကြီးကို ကိုယ်တိုင်လာခိုင်းကတည်းက မင်းမှာစွမ်းရည်နည်းနည်းတော့ ရှိနေလို့ပဲ …..”
“ ဒါပေမဲ့ သစ်ပင်ကလည်း တောလေပြင်းကြောင့် အမြစ်ကနေ ကျွတ်ထွက်နိုင်တာပဲ။ မင်းလည်း ဒီနေ့ သေဆုံးရလိမ့်မယ်”
ထိုလူအိုကြီးက မျက်နှာကို မဲ့လျက် ပြောသည်။
သို့သော် လုယွီက မျက်နှာ တည်သွားလေသည်။
“ ခင်များက ယုံကြည်မှုရှိတယ်လား”
လုယွီက လက်တဖက်ကို အသာရမ်းလိုက်ချိန်တွင် ဓားပျံတစ်ချောင်း ပေါ်လာသည်။သူက ထိုဓားပျံကို လူအိုကြီးထံ ပစ်လိုက်၏။ထိုသို့ပစ်လိုက်သည်နှင့် ဓားပျံ တစ်ချောင်းမှ ထောင်ကျော်အဖြစ် ပြောင်းကာ လူအိုကြီးထံ ဆက်လက် တိုးဝင်သွားတော့သည်။
လူအိုကြီးကလည်း ဟန်ချက်ပြောင်းသည်။ နှစ်ယောက်လုံးက ခန္ဓာကိုယ်ခွန်အား ကောင်းကြသည်။ထို့ကြောင့် သူတို့က ပြင်းထန်စွာ တိုက်ခိုက်ကြလေရာ သာမန်လူများအတွက် သေချာပင် မမြင်နိုင်သည်အထိ ပြင်းထန်မြန်ဆန်နေတော့သည်။
“ ဒီကောင်လေးရဲ့ တုန့်ပြန်နိုင်စွမ်းက ကျွမ်းကျင်ပညာရှင်အဆင့်ပဲ။ ဒီလောက်ငယ်ငယ်လေးနဲ့ ဘယ်လိုများ ကျင့်ထားတာလဲ”
လူအိုကြီး၏ မျက်နှာက မည်းမှောင်လာသည်။
သူက နယ်မြေအဆင့် ကွာခြားချက်နှင့် အသာလက်ရမ်းရုံဖြင့် ဖြေရှင်းနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် ထင်မှတ်မထားသည်မှာ ဒါက ခက်ခဲလာနေ၏။
လူအိုကြီး၏မျက်ဝန်းမှ ရက်စက်သော အလင်းများ လက်လာသည်။ သူ၏ တောင်ဝှေးက ဓားတစ်ချောင်းအဖြစ် ပြောင်းသွားသည်။ဓားထိပ်တွင် မီးတောက်များ ဆွဲလောင်နေသည်။ မီးဓားက ပေါ်လာသည်နှင့် ပတ်ဝန်းကျင်က နီရဲတော့သည်။
အကန့်အသတ်မဲ့ ပြင်းထန်သော အားတစ်ခု၏ ရှေ့တွင် လုယွီ၏ ဓားမှ တာအိုချီများက မီးတောက်၏ ဝါးမြိုခြင်းကို ခံရလေသည်။
ရုတ်တရက် လုယွီ၏ လက်ဝါးမှ ဓားက ပျောက်ပြီး ရွှေရောင်မီးတောက်က ပေါ်လာသည်။ထိုရွှေရောင်မီးတောက် ပေါ်လာသည်နှင့် အနီရောင်မီးတောက်များက အရှင်သခင်ကို ဆုံတွေ့ရသည့်အလား ချက်ချင်းလိုလို အညံ့ခံကြသည်။
“ ဟင်း မင်းက လှည့်ကွက်နည်းနည်း သုံးနိုင်ရုံနဲ့ ငါ့ရဲ့ မီးဝင်္ကပါက လွတ်မယ်ထင်လား”
လူအိုကြီးက မျက်နှာမဲ့လျက် ပြောသည်။ သို့သော် သူ ထိုသို့ပြောပြီးချိန်မှာတင် အမူအယာက ပြောင်းလဲသွားရတော့လေသည်။
ထိုရွှေရောင်မီးတောက်က သူ၏မီးတောက်တိုင်းကို ဝါးမြိုသွားသည့်အပြင် ပိုအားကြီးလာဟန်ရသည်။
“ သောက်ကျိုးနည်း ဒါကဘာလဲ”
ထိုလူအိုကြီးက မျက်မှောင်ကြုတ်လျက် နောက်ဆုတ်သည်။ သူက မှော်သိုင်းကို ရပ်တန့်လိုက်၏။သို့သော် မီးတောက်က မရပ်သွားသည့်အပြင် သူ နောက်မဆုတ်မီမှာတင် သူ၏ကိုယ်ပေါ် ဆွဲလောင်လာလေသည်။
“ သောက်ကျိုးနည်း ဘာလို့ မသေတာလဲ”
လူအိုကြီးက ထိုရွှေရောင်မီးတောက်များကို ဖယ်ရှားချသည့်တိုင် မတတ်နိုင်ဘဲရှိသည်။ လုယွီက ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ထိုလူအိုကြီး၏ အနောက်သို့ ရောက်သွား၏။
“ ကောင်လေး မင်း လုပ်ရဲလား”
ခါးကုန်းလူအိုကြီးက ခပ်မြန်မြန် ခုခံရန် ပြင်သော်လည်း အနည်းငယ် နှေးကွေးသွားလေသည်။
အနောက်မှ တိုးဝင်လာသော ဓားက လူအိုကြီး၏ နှလုံးသို့ တည်တည့် ထိုးဖောက်သွားသည်။ လူအိုကြီးက ကျယ်လောင်စွာ အော်ဟစ်သည်။ သူက လက်တဖက်က လုယွီ၏ ပခုံးကို ဆုပ်ကိုင်လိုက်သည်။
နှစ်ဖက်လုံးက အထိနာသည်။ သို့သော် လုယွီက မလွှတ်ပေ။ အခွင့်အရေးက ထွက်ပြေးမှ ရမည်ဖြစ်သည်။
“ ပေါက်ကွဲ…”
လုယွီက အော်လိုက်ချိန်တွင် နှလုံးအတွင်းသို့ စိုက်ဝင်နေသော ဓားက ပေါက်ကွဲသွားသည်။ ဓားပဲ့များနှင့်အတူ ထိုလူအိုကြီး၏ ကိုယ်မှ အသားအပိုင်းအစများလည်း လေထဲ လွင့်သည်။
နတ်ဘုရားနယ်မြေသို့ ရောက်လုနီးပါး ပညာရှင်ကိုသတ်ပြီးနောက် လုယွီက သူ၏ ခန္ဓာကိုယ်ကို ကုသလျက် အဝေးသို့ ချက်ချင်း ထွက်ပြေးသည်။
အချိန်အတန်ကြာပြီးနောက် ထိုနေရာသို့ ရေခဲနယ်မြေမှ လူငါးယောက် ရောက်လာသည်။မြေတွင် ခါးကုန်းလူအိုကြီး၏ အသားအပိုင်းအစများကို မြင်နိုင်သည်။
“ နတ်ဘုရားနယ်မြေအဆင့် ရောက်လုနီးပါး လူတောင် အသတ်ခံလိုက်ရတာလား၊ ဒီကောင်လေးကို ကူညီတဲ့သူ ရှိနေတာ ဖြစ်ရမယ်”
“ ဒါမှမဟုတ် ငါတို့ တော်ဝင်ဘိုးဘေးကို သတင်းပို့ပြီး ဆက်လိုက်ရမလား”
အပိုင်း ၁၀၈၂
ချိုင့်ဝှမ်းတစ်နေရာတွင်
လုယွီက မြောက်ဘက်ပိုင်းသို့ပြေးလွှားနေရင်းမှ တောအုပ်တစ်ခုကိုတွေ့သဖြင့် ဝင်ရောက်အနားယူရန်ကြံစည်သည်။
“ငါ့ကိုသတ်ဖို့ကြိုးစားတဲ့ အဲ့ဒီအဖိုးကြီးက အမှားလုပ်မိခဲ့တယ်၊ ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အားက သာမန်အဆင့်လွန်အဆင့်တွေ ထက်သာနေတာကို သူ မသိတာပဲ။”
လုယွီက ကြုံရာဂူတစ်ခုကိုရှာပြီး အနားယူရန်ကြံစည်သည်။
နတ်ဘုရားနယ်မြေ အဆင့်မှ တိုက်ကွက်များကို သူ၏ ချီစွမ်းအင်က ရင်ဆိုင်နိုင်လျှင်ပင် ဒဏ်ရာပြင်းပြင်းရထားသေးသည်။ ဆေးကိုအောင်မြင်စွာ သောက်ပြီးနောက်တွင် လုယွီက တရားထိုင်ကာကျင့်ကြံတော့သည်။
ရုတ်တရက် သူကျင့်ကြံပြီးကာစအချိန်တွင် မျက်မှောင်ကြုတ်မိတော့၏။ သူ၏နတ်ဘုရားအသိစိတ်မှတစ်ဆင့် ပုံရိပ်အချို့မှ သူရှိရာဘက်သို့ ကောင်းကင်မှ တစ်ဆင့်ပျံသန်းလာကြောင်း မြင်လိုက်ရသည်။ သို့သော် တစ်စုံတစ်ရာကို ရှာဖွေနေဟန်ရ၏။
“ဒီလူတွေ ငါ့ဆီလာတာဖြစ်ရမယ်။”
လုယွီ၏မျက်ဝန်းအတွင်း တည်ငြိမ်မှုက လင်းလက်လာသည်။
စန်းရှန်းနယ်မြေမှ စွမ်းအားကြီးမားသူများက အဓိကအင်အားစုမှဖြစ်ရပေမည်။ လုယွီက တစ်ယောက်ကိုသတ်လိုက်သဖြင့် ဒါက အခြားသူများ၏ လေးနက်မှုကို လှုပ်နှိုးလိုက်သလိုဖြစ်သွားခဲ့သည်။
ရုတ်တရက် လုယွီ၏အာရုံခံမှုမှတစ်ဆင့် တစ်စုံတစ်ယောက်က သည်ဂူထံသို့ ပြေးလာနေကြောင်းမြင်လိုက်ရ၏။
ထိုလူက ရေခဲနယ်မြေမှဖြစ်လောက်သည်။ သူက အလွန်သတိထားပြီး အလောတကြီးဝင်လာခြင်းမရှိပေ။ ရုတ်တရက် သူက တံဆိပ်ပြားတစ်ခုကိုထုတ်ကာ အဖွဲ့သားများကို အကြောင်းကြားသည်။
သူက သူ၏အဖွဲ့သားများကို အကြောင်းကြားပြီးကာစအချိန်တွင် ဂူထဲမှ ဓါးမြောင်တစ်ချောင်းက ထွက်လာကာ တိုက်ခိုက်သည်။ ချက်ချင်းဆိုသလိုပင် သူက သေဆုံးသွားခဲ့၏။
လုယွီက လက်ကိုဆန့်တန်းလျက် ထိုအလောင်းကိုကြည့်လိုက်သည်။
ဒါက အသက်နှစ်ဆယ် အစောပိုင်းခန့်ရှိမည့် သူတစ်ယောက်ဖြစ်သည်။ သူ၏ရုပ်ရည်က သာမန်ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်က အတွင်းအား ကျင့်ကြံခြင်းအဆင့် အစောပိုင်းမျှသာဖြစ်၏။ ထိုလူငယ်၏ခါးမှ တံဆိပ်ပြားတစ်ခုကို ရှာတွေ့လိုက်သည်။
ထိုက်ရိဂိုဏ်း၊ ဖန်းယွန်
လုယွီက ထိုနာမည်ကို အကြိမ်ကြိမ်အခါခါ ရေရွတ်ပြီးနောက်တွင် ရင်းနှီးသလို ခံစားလိုက်ရ၏။ ထိုအချိန်တွင်ပင် သူ၏သိုလှောင်အိတ်က တုန်ခါလာသည်။ အထဲတွင်ရှိသော အသေးစားလောကကတစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား တုန်ခါပြလာ၏။
“ဟုတ်သားပဲ၊ ဒါက ပေ့သုန်ထျန်းရဲ့ဖျက်ဆီးခံခဲ့ရတဲ့ ထိုက်ရိဂိုဏ်းပဲ။”
လုယွီက တွေးတောလိုက်သည်။ သူ အကြောင်းအရာအားလုံးကို ပြန်တွေးမိသွား၏။ထိုအချိန်က သူ သည်သိုလှောင်အိတ်ကို ပထမဆုံးအကြိမ်ရခဲ့သောအခါက ပေ့သုန်ထျန်းဂိုဏ်းမှ စိတ်ဆန္ဒ၏လွှမ်းမိုးမှုမတတ် ခံလိုက်ရ၏။
“ကလန်အတွင်းက အပြောင်းအလဲတွေကတော့ သာမန်ကိစ္စပါပဲ၊ ခင်ဗျားနဲ့ ဘာရင်းနှီးမှုမှ မရှိလို့ ဒီကိစ္စကိုဝင်ပတ်သက်မှာမဟုတ်ဘူး၊ ဒါပေမယ့် ခင်ဗျားရဲ့ ဒီအသေးစားလောကကို ယူလိုက်ကတည်းက ခင်ဗျားရဲ့ဆက်ခံသူတွေကိုတွေ့ရင် သေချာပေါက် ဂရုစိုက်ပေးပါ့မယ်။”
လုယွီက သက်ပြင်းချသည်။ ထို့နောက် သိုလှောင်အိတ်မှ နောက်ဆုံးအတွေးမျှင်စကို ပယ်ဖျောက်လိုက်တော့၏။
ထိုအချိန်ကစပြီး ဒါက သမိုင်းတစ်ခုအလား ဖြစ်သွားခဲ့လေသည်။လုယွီက တံဆိပ်ပြားကို ကောက်ယူပြီးနောက် သူ၏မျက်ဝန်းအတွင်း အလင်းရောင်က လက်လာသည်။
“ထိုက်ရိဂိုဏ်းက ဒါက ငါ့အတွက် အခွင့်အရေးဖြစ်နိုင်တယ်။”
ဝင်သက်အနည်းငယ်ကြာပြီးနောက် ရုတ်တရက် လူငယ်အချို့က သည်နေရာသို့ ပျံသန်းလာကြသည်။ ထိုထဲတွင် ယောကျ်ား၊ မိန်းမအစုံပါ၏။ သူတို့က ရယ်မောလျက် စကားပြောနေကြသည်။
“ဘယ်သူက အချက်ပြသင်္ကေတ လွှတ်လိုက်တာလဲ။”
အမျိုးသားဘိုးဘေးအဆင့် တစ်ယောက်က ပြောသည်။
ဂူထဲမှ လုယွီက အသာအယာလျှောက်ထွက်လာသည်။ သူက အသံတိုးတိုးဖြင့်ပြော၏။
“ နောက်ဆုံးတော့ ဂိုဏ်းတူအစ်ကိုအစ်မတွေနဲ့ တွေ့ရပြီပဲ။”
“ရှီကျင်း ဒီလူနဲ့သိတာလား။”
သူတို့အားလုံးက အမျိုးသမီးကိုကြည့်ကြသည်။
ထိုအမျိုးသမီးက အပြာဖျော့ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏မျက်နှာက အလွန်လှပပြီးကိုယ်ဟန်ကလည်း ကြော့ရှင်းကြည့်ကောင်း၏။ ထို့ကြောင့် ဘုန်းတော်ကြီးများ၏မျက်ဝန်းက သူမထံသို့ ရောက်လာသည်နှင့် ယစ်မူးသွားသလို ခံစားလိုက်ရသည်။
အမျိုးသမီးက လုယွီကိုကြည့်သည်။
“နင်က ဘယ်ဂိုဏ်းခွဲကလည်း နင့်ကိုဦးဆောင်လာတဲ့သူက ဘယ်သူလဲ၊ နင့်ရဲ့စီနီယာကရော ဘယ်မှာလဲ။”
“ငါက အပြင်ဂိုဏ်းစားဖိုဆောင်ခြံဝန်းကပါ၊ စီနီယာအစ်ကိုကျန်းလုံဆိုတဲ့ အတွင်းဂိုဏ်းချန်ခွန်းခြံဝန်းက ဦးဆောင်လာခဲ့တဲ့သူပါ၊ ဆရာကတော့မရှိပါဘူး။”
လုယွီက အမှန်အတိုင်းဖြေသည်။ အမျိုးသမီးက ဖျော့တော့စွာပြုံး၏။
“စားဖိုဆောင်ခြံဝန်းဟုတ်လား၊ ဒါပေမယ့် ဝမ်ကျန်းမီးတောက် ခြံဝန်းက မဟုတ်ဘူးလား။”
လုယွီက ရှက်သွားဟန်ဖြင့်ပြောသည်။
“ဂိုဏ်းတူအစ်မ ငါ အတွေးမှားသွားတာဖြစ်ပါလိမ့်မယ်၊ ငါ တို့က ဂိုဏ်းသားတွေအတွက် စားနပ်ရိက္ခာတွေပြင်ဆင်ပေးဖို့ အဓိကတာဝန်ယူရတာပါ။”
အမျိုးသမီးမျက်နှာအမူအရာက ပြေလျော့သွားသည်။
“ဟုတ်တယ်၊ နင်တို့က ကောင်းကောင်း အလုပ်ကြိုး စားတဲ့သူတွေပဲ။”
အပိုင်း ၁၀၈၃
ထိုအမျိုးသမီးက ပြုံးသည်။ ထိုအမျိုးသမီး၏နာမည်က ဖန်းရှီကျင်းဖြစ်သည်။ သူမက ထိုက်ရိဂိုဏ်းအတွင်းဂိုဏ်း တပည့်ဂိုဏ်းသားဖြစ်ပြီး လုယွီအစားဝင်ထားသည့် ဟန်ဆောင် ဖန်းယွန်ထက် စွမ်းအားများစွာကြီးပြီး ရာထူးမြင့်၏။
သည်ဂိုဏ်းတွင် မရေမတွက်နိုင်သော တပည့်ဂိုဏ်းသားပေါင်းများစွာရှိသည်။ သို့သော် အတွင်းဂိုဏ်းတပည့်ဂိုဏ်းသားများက အလွန်ရှား၏။
ဥပမာအားဖြင့် ဖန်းယွန်က ပြင်ပဂိုဏ်းအကြီးအကဲအဆင့် ရာထူးထပ်ရနိုင်သည့်တိုင်အောင် အတွင်းစည်း တပည့်ဂိုဏ်းသားဖြစ်ရန်က မလွယ်ကူပေ။ ထို့ကြောင့် အခြားသော ဘိုးဘေးအဆင့် များက လုယွီက အပြင်ဂိုဏ်းသားဖြစ်ကြောင်းသိသည်နှင့် သနားသလိုဖြစ်သွားကြ၏။
“မင်း ဘာကြောင့်အကူအညီခေါ်လိုက်တာလဲ။”
အရပ်မြင့်မြင့်လူတစ်ယောက်က စိတ်မရှည်ဟန်ဖြင့်ပြောသည်။
လုယွီက အလျင်စလိုပြော၏။
“ ဒီနေရာကအခြေအနေကို ရှာတွေ့ထားလို့ ဒါကြောင့် အတွင်းကို ဝင်ရောက်စစ်ဆေးချင်တာနဲ့ အကူအညီလှမ်းခေါ်လိုက်တာ၊ မမျှော်လင့်ထားဘဲ ဒီနေရာမှာ ဘယ်သူမှ မရှိနေဘူးလေ၊ အံ့ဩစရာပဲ။”
“ငါ ပြောထားသားပဲ၊ ဒါက အသုံးမှမဝင်တာ မင်းက အသုံးမကျတဲ့အမှိုက်ပဲ၊ အရမ်းစပ်စုလွန်းရင် သေလမ်းရှာသလိုဖြစ်သွားလိမ့်မယ်။”
ထိုအရပ်မြင့်မြင့်နှင့်လူက အထင်တသေးပြောသည်။
လုယွီက တိတ်ဆိတ်သွား၏။ သို့သော် အမျိုးသမီးကမူ အနည်းငယ် စိတ်ရှုပ်သွားဟန်ဖြစ်သွားသည်။
“ထန်းယွီကျဲ့ ငါ့ရဲ့တပည့်ဂိုဏ်းသားအပေါ်ကို နင် ဒီလောက်အထိ ပြောဖို့မလိုဘူး ထင်တယ်။”
ဖန်းရှီကျင်းက လေးနက်သောအမူအရာဖြင့်ပြောသည်။
ထိုလူ၏အမူအရာက ပြေလျော့သွားပြီးပြောသည်။
“ကောင်းပါပြီ၊ ငါ ဒီအတိုင်းဂရုမစိုက်ရုံပါပဲ၊ အခုတလော မြောက်ပိုင်းနယ်မြေက ခိုးဝင်လာတဲ့သူခိုးရှိနေတယ်၊ ငါ အဲ့ဒီအကောင်နဲ့တွေ့ရင် မလှုပ်ရှားလိုက်နိုင်မှာ စိုးလို့ပါ။”
သို့သော် သူ၏စိတ်အတွင်းတွင်မူ မြောက်ပိုင်းနယ်မြေမှ လူများက ပန်းခြံအတွင်းမှ ပန်းပွင့်များသာလျှင်ဖြစ်သည်။ သူတို့က ခပ်ကြမ်းကြမ်းဥတုဒဏ်ကို ခံနိုင်လိမ့်မည် မဟုတ်ပေ။
“ကောင်းပြီ၊ အဲ့ဒီသူခိုးကိုလည်း ရှာမတွေ့ဘူးဆိုတော့ ဒီနေရာပဲ ခဏရှင်းပြီးနားရအောင်။”
ထန်းယွီကျဲ့က အသံကိုမြှင့်လျက်ပြောသည်။
ထို့ကြောင့် ထိုစကားကိုကြားသောအခါ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားကြ၏။ သူတို့ သည်နေရာသို့လာရန်က သူခိုးဖမ်းရန်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ကလန်က သူတို့ကို ကြိုးစားရန်ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့ကြသည်။ မည်သူကမျှ ထိုအလုပ်ကို မလုပ်ချင်ကြပေ။
“ငါ အရင်တစ်ခေါက်က ရထားတဲ့သတင်းအချက်အလက်အရဆိုရင် ရေခဲကြာပန်းဟောင်းက ရင့်မှည့်တော့မယ်။”
ထိုထန်းယွီကျဲ့ဆိုသူက ပြောသည်။
“ရေခဲကြာပန်းကိုနှင်းသားရဲက အမြဲတမ်းစောင့်ကြပ်နေတယ်၊ ဒါပေမယ့် ဒီအချိန်က အခွင့်ကောင်းဖြစ်နိုင်တယ်၊ ငါတို့ လက်မလွှတ်သင့်ဘူး။”
အခြားသောသူများကလည်း တူညီစွာဖြင့်တုန့်ပြန်ကြသည်။
ဖန်းရှီကျင်းက လုယွီကိုကြည့်သည်။
“နင် ငါ့နောက်ကိုလိုက်နိုင်တယ်၊ နင် အပြင်မှာဆိုရင် မြောက်ပိုင်းနယ်မြေကို ခိုးဝင်လာတဲ့သူခိုးနဲ့လည်း ဆုံနိုင်တယ်၊ ဒီတော့ နင် ဒုက္ခရောက်သွားမှာစိုးရတယ်။”
“ဘာလို့ ဒီအသုံးမကျတဲ့ကောင်ကို ခေါ်လာမှာလဲ၊ အလကားလမ်းမရှုပ်ဘူးလား။”
ထန်းယွီကျဲ့က ချက်ချင်းပြောသည်။
“ငါ့မှာ သူ့ကိုကာကွယ်ဖို့တာဝန်ရှိတယ်၊ ဒါက နောက်ဆုံးဆုံးဖြတ်ချက်ပဲ ထပ်မပြောတော့ဘူး။”
ဖန်းရှီကျင်းက လေးနက်စွာပြောသည်။
ထန်းယွီကျဲ့၏အမူအရာက မဲမှောင်သွား၏။ သူက ဖန်းရှီကျင်း၏စရိုက်ကိုသိသည်။ သူမက ဆုံးဖြတ်ပြီးသည်နှင့် ပြောင်းတော့မည်မဟုတ်ပေ။
“ကောင်စုတ်လေး ငါတို့ကို မဆွဲချရင်ကောင်းမယ်၊ မဟုတ်ရင် ငါမင်းကိုလုံးဝ မညှာတာပေးဘူး။”
ထန်းယွီကျဲ့က ခက်ထန်စွာပြော၏။
အခြားသူများကလည်း ချက်ချင်းဆိုသလို သူတို့၏ဦးတည်ရာဘက်သို့ သွားကြသည်။
ရေခဲကြာပန်းရှိရာနေရာက သည်နေရာမှ မိုင်ပေါင်းများစွာဝေးသည်။ သူတို့အားလုံးက မှော်လက်နက်များကို ထိန်းချုပ်ထားလိုက်လျက် ဆက်တိုက် ခရီးဆက်ပြီးနောက်တွင် ဂူတစ်ခုရှေ့သို့ရောက်သွား၏။
“သွားကြစို့။”
ဖန်းရှီကျင်းက ရှေ့ဆုံးမှသွားကာဝင်သည်။
“နေဦး”
ထန်းယွီကျဲ့က လုယွီကိုအေးစက်စွာလှည့်ကြည့်လာ၏။
“ငါတို့မင်းကို ကာကွယ်ပေးမယ်ဆိုပေမယ့် အလကားတော့မလုပ်နိုင်ဘူး၊ မင်း အရင်ဆုံးလမ်းကြောင်း ရှာသင့်တယ်၊ ပြဿနာမရှိမှ ငါတို့ဝင်ကြမယ်။”
ဖန်းရှီကျင်းက ဒေါသထွက်သွားသည်။
“ထန်းယွီကျဲ့ နင်မလွန်လာနဲ့။”
ထန်းယွီကျဲ့က သူမကိုဆက်ပြော၏။
“ငါတို့ ဒီတစ်ကြိမ်မှာ အန္တရာယ်ကြား ရောက်သွားနိုင်တာပဲ၊ ရေထဲ ငါးရှိမရှိ အရင်ဆုံးစမ်းသပ်ကြည့်တာက မကောင်းဘူးလား။”
လုယွီက ဖျော့တော့စွာပြောသည်။
“မင်း ငါ့ကို အရင်ဆုံးသွားစေချင်တာ သေချာရဲ့လား။”
အပိုင်း ၁၀၈၄
သူ၏ စိတ်အာရုံဖြင့် အထဲတွင် မြောက်များစွာသော ရတနာများရှိကြောင်းမြင်ခဲ့ရလေသည်။ မှော်ဆေးပင်များစွာကိုလည်း မြင်ရပြီး သူ သဘောကျသည့် အပင်များပင် ပါသေးသည်။
လုယွီသာ အရင်ဝင်ရလျင် ထိုလူများ ဘာမှမရတော့မည်ကိုပင် စိုးရိမ်သည်။
“ ဘာကြောင်နေတာလဲ ဝင်ဆို ဝင်လိုက်လေ”
ထန်းယွီကျဲ့က ပြောသည်။
လုယွီက ခေါင်းသာ ခါသည်။ တဖက်က မငြင်းကတည်းက သူကလည်းယဉ်ကျေးမနေတော့ပေ။
သို့သော် ဖန်းရှီကျင်းက ပြောသည်။
“ ငါ သူနဲ့ လိုက်ဝင်သွားမယ်။အမွှေးတိုင် တစ်တိုင်ကြာရင် နင်တို့ လိုက်ခဲ့ကြ”
“ မင်းက သူနဲ့လိုက်ပြီး အသေခံချင်နေမှတော့ ငါတို့လည်း ပြောစရာမရှိတော့ဘူး”
ထန်းယွီကျဲ့က ပြောသည်။
အထဲတွင် ရေခဲသားရဲကောင်းများ ရှိနိုင်သည်။ ရှေ့မှ သွားပြီး လမ်းရှင်းပေးမည့်လူ ရှိခြင်းက ကောင်းသည်။
ထို့နောက် သူတို့နှစ်ယောက် အမှောင်ထုထဲ ခြေချလိုက်ကြသည်။ ဖန်းရှီကျင်းက ညလင်းပုလဲကို ကိုင်ထားသည်။ သူမက ပြော၏။
“ ငါ့မှာ မြေပုံရှိတယ်။ ဒီနေရာရဲ့ လမ်းကြောင်းကလည်း ရှုပ်ထွေးတယ်။ နင် ငါ့နောက်က ကပ်လိုက်ခဲ့။”
ထိုသို့ဖြင့် သူမက လုယွီ၏လက်ကို ဖမ်းကိုင်သည်။
ခံစားချက်က ထူးဆန်းသည်။
လုယွီက ရုတ်တရက် သူ ဧကရာဇ်ထိုက်ရှန်းနဲ့ တိုက်ခိုက်ရန် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားစဉ်က ညီမဖြစ်သူ လုလန်ရှန်းက အမြဲလိုလို အပြင်သွားတိုင်း သူ၏ လက်အား ဆွဲကိုင်သွားခြင်းကို သတိရသွားသည်။
သူက ဖန်းရှီကျင်းကို ကြည့်သည်။ သူတို့က တွေ့ဆုံကာစ ဖြစ်သည်။
ဖန်းရှီကျင်းကမူ သတိမထားမိချေ။ သူမက ပြော၏။
“ ဒီနားမှာပဲ၊ ကံကောင်းတာလားပဲ ဒါက ရေခဲ သားရဲတွေရဲ့ နေရာနဲ့ နီးနေတယ်။ “
သူတို့ ပြောနေရင်းမှ ထောင့်တစ်နေရာမှ အေးစက်သော အရှိန်အဝါများ ထွက်လာသည်။ထို့နောက် အလွန်မွှေးပျံ့သော ရနံ့က ကပ်ပါလာ၏။
သူမက ပျော်သွားသည်။
“ ဒါရေခဲကြာပန်းနဲ့ အရှိန်အဝါပဲ၊ ငါ ထင်တာ မမှားဘူး”
သူမက ရှေ့ဆက်သွားရန် ပြင်သော်လည်း လုယွီက သူမ၏ လက်ကို ဆွဲသည်။
“ နေဦး”
သူ၏ စိတ်အာရုံဖြင့် အထဲတွင်သက်ရှိအရှိန်အဝါကို ခံစားမိထားသည်။ ယခုလေးတင် အိပ်ပျော်နေခဲ့ဟန်ရသည့် ရေခဲ သားရဲက နိုးနေလေပြီ။
ဖန်းရှီကျင်းက ခေါင်းခါသည်။
“ မစိုးရိမ်ပါနဲ့သတင်းအချက်အလက်တွေအရ ရေခဲသားရဲက ဒီရာသီမှာ အိပ်ပျော်နေလိမ့်မယ်။ ငါတို့က ဗုံတွေ လာတီးနေရင်တောင် သူ မနိုးနိုင်ဘူး”
သို့သော် သူမ စကားဆုံးသွားသည်နှင့် ထောင့်တစ်နေရာမှ အဖြူရောင် အရိပ်ကြီးပေါ်လာကာ ဖန်ရှီကျင်းထဲ ခုန်ဝင်လာလေသည်။သူမက အလွန် အံ့ဩသွားသော်လည်း ချက်ချင်း တုန့်ပြန်လိုက်သည်။
“ ထျန်းမန် ဓား ခုတ်ချက်”
သူမက ဓားကို လွှဲရမ်းကာ ရေခဲသားရဲကို ခုတ်ပိုင်းသည်။
ဘုန်းခနဲမြည်သံနှင့်အတူ ဓားက သားရဲ၏ ခေါင်းကို ထိမှန်သွားသော်လည်း ကြေးခွံပေါ်တွင် အဖြူအစင်း ထင်သွားသည်မှလွဲ ဘာမှ မဖြစ်သွားခဲ့ပေ။
“ ပြန်ဆုတ်ကြမယ်”
ဖန်းရှီကျင်းက လုယွီ၏ လက်ကို ဆွဲကာ ထွက်ပြေးရန် ပြင်သည်။ သို့သော် သားရဲကမူ လွတ်မပေးချင်ဟန်ရသည်။ သူက ချက်ချင်းလိုလို လုယွီတို့ထံ ခုန်ပြေးဝင်လာ၏။
“ မဟုတ်ဘူး”
သည်လို အရေးကြီးသော အချိန်တွင် ဖန်းရှီကျင်းက အံကိုကြိတ်ကာ ဓားဖြင့် ထပ်မံ ခုတ်ပိုင်းရတော့သည်။
တစ်ချိန်တည်းတွင်ပင် သူမက တံဆိပ်ပြားကို ခပ်မြန်မြန် ထုတ်ကာ အကူအညီတောင်းသည်။
ဂူအပြင်ဘက်တွင်….
သတင်းရပြီးနောက် ထန်းယွီကျဲ့က မျက်မှောင်ကြုတ်သည်။
“ သားရဲက မအိပ်ပျော်နေဘူးလား”
“ အသံတွေ ငြိမ်သွားမှ ဝင်သွားကြမယ်”
အပိုင်း ၁၀၈၅
ဘိုးဘေး အဆင့် တစ်ယောက်က မျက်မှောင်ကြုတ်သည်။
“ ဒီရေခဲ သားရဲက သာမန်မဟုတ်ဘူး။ ဖန်းရှီကျင်း မနိုင်ရင် ဘယ်လိုလုပ်မလဲ”
ထန်းယွီကျဲ့က မျက်မှောင်ကြုတ်သည်။
“ သူမက ဂိုဏ်းကြီးကပဲ၊ သူတို့ဂိုဏ်းမှာ အသက်ကယ်အဆောင်တွေ ရှိမှာပဲ။ မင်း စိတ်ပူရင် ဝင်ပြီး အလှလေးကို ကယ်လိုက်”
သူတို့ထဲတွင် ဖန်းရှီကျင်းကို သဘောကျနေသူ များစွာ ရှိသည်။
ထိုသူက သက်ပြင်းချသည်။
“ အခြေအနေငြိမ်တဲ့အထိ စောင့်ကြည့်လိုက်မယ်”
သူတို့အတူ လာကြသော်လည်းကူညီမည့်သူ မရှိပေ။
ဂူအတွင်းတွင်…
ရေခဲသားရဲက ဆက်တိုက် ချဉ်းကပ်လာချိန်တွင် ဖန်းရှီကျင်း၏ ဓားဝင်္ကပါက ဖိအားများလာတော့သည်။
“ ဖန်းယွန် ငါ ဒီမှာ ထိန်းထားမယ်၊ နင် အပြင်ထွက်ပြီး အကူအညီတောာင်းလိုက်”
သူမ၏ ဝင်္ကပါက တခဏတော့ဖြင့် ခံနိုင်လေသည်။
သို့သော် သူမ၏ ခြေထောက်က တုန်ယင်ပြီး အောက်ဘက်ရှိ မြေပြင်က အက်နေလေပြီ။ လုယွီက သက်ပြင်းချပြီး ဖန်းရှီကျင်း၏ လက်မောင်းကို အသာဆွဲကိုင်လိုက်သည်။
“ဓားရဲ့ တစ်နေရာထဲကိုပဲ အာရုံစိုက်၊ စိတ်ကို ငြိမ်အောင် ထားပြီး နှလုံးသားနဲ့ ဓားကို တစ်သားတည်း ပေါင်း”
ထိုစကားကို လုယွီက ဖန်းရှီကျင်း၏ နားအနား ကပ်ပြီး တိုးညှင်းစွာ ပြောလိုက်ခြင်းဖြစ်သည်။ ထိုတခဏတွင် ဖန်းရှီကျင်းအတွက် အသိလွတ်သလို ဖြစ်သွားလေသည်။ သို့သော် အသိဝင်ချိန်တွင် ဓားစွမ်းအင်များက သိပ်သည်းနေ၏။
သို့သော် လုယွီပြောသလောက် လုပ်ရမလွယ်ပေ။
“ ချီတွေက သွေးပြန်ကြောထိ ပြန်တက်လာရင် သန့်စင်ပြီးသား ချီကို အသုံးပြုနိုင်လိမ့်မယ်။ မင်းရဲ့ မျက်လုံးကို သုံးပြီး သူ့ရဲ့ ပြစ်ချက်ကို ဖမ်း”
လုယွီက ခပ်တိုးတိုး အကြံပေးသည်။
ထိုစကားအနည်းငယ်နှင့်တင် ဖန်းရှီကျင်းအတွက် အကျိုးအမြတ်များစွာ ရလိုက်သည်။
ထိုတခဏတွင် အလွန်သန်မာ မာကြောသော ကြေးခွံများတွင် ပြစ်ချက်များက ပြည့်နေသလို ခံစားလိုက်ရလေသည်။
“ ပြစ်ချက်လား”
ဖန်းရှီကျင်းက ရေရွတ်သည်။ အကြီးဆုံး ပြစ်ချက်ကို သူမ ရှာတွေ့လိုက်၏။
ဓားရှည် ဖြတ်သန်းသွားချိန်တွင် အေးစက်သော အလင်းက လက်သွားသည်။ ဖန်းရှီကျင်းက ဓားကို ထိုးသွင်းလိုက်သည်။
ရေခဲသားရဲ၏ အစိုင်အခဲ ကြေးခွံ သံချပ်ကာကဲ့သို့ ထင်ရသည့် ကြေးခွံက ထိုးဖောက်ခံရသည်။ ထို့အပြင် ဓားက ခေါင်းအတွင်းသို့ပင် တိုးဝင်သွားသေးလေသည်။
ရေခဲသားရဲက ငယ်သံပါအောင် အော်သည်။ ထို့နောက် တစ်ကိုယ်လုံးအနှံ့ သွေးများ စိုရွှဲသွားလျက် လဲကျသွားတော့၏။ ယိုင်နဲ့စွာ ရပ်နေသည့် ဖန်းရှီကျင်းက မယုံကြည်နိင်ဖြစ်နေသည်။
“ ငါ…ငါ သတ်လိုက်တာလား”
ပြောကြသည်မှာ ရေခဲသားရဲကို စိတ်ဝိဉာဉ်အဆင့် နှောင်းပိုင်းနယ်မြေသို့ ရောက်နေမှသာ သတ်နိုင်သည်ဟု ဆိုကြသည်။ သို့သော် သူမက သတ်လိုက်နိုင်၏။
“ မင်းရဲ့ အခြေခံက ကောင်းပြီးသား။ ဒါပေမဲ့ မင်း လေ့ကျင့်တဲ့ ဘက်က မှားနေတယ်။ ရှုပ်ထွေးတဲ့ ဓားသိုင်းအများကြီး ကျင့်ထားလည်း အဓိက အချက်က ရန်သူကို သတ်ဖို့ဆိုတာ မမေ့သွားရင် ရပြီ။ မင်း သေချာ အာရုံစိုက်ဖို့ပဲ လိုတယ်”
လုယွီက ထောက်ပြသည်။
ဖန်းရှီကျင်း၏ မျက်ဝန်းတွင် အလင်းရောင်များ လက်လာသည်။
“ နင်က သာမန်စားဖိုဆောင်ကလူတော့ မဟုတ်ဘူး မဟုတ်လား”
ဖန်းရှီကျင်း ခံစားမိနေသည်။ ထိုခံစားချက်မျိုးကို နှစ်ပေါင်းများစွာ ဓားသိုင်းကျင့်လာသော သူမ၏ ဆရာထံမှ လွဲပြီး မရဘူးပေ။
“ မင်း လိုချင်တဲ့ ကြာပန်းက ဒါဖြစ်မယ်”
လုယွီက တစ်စုံတစ်ရာကို တူးထုတ်နေသည်။
သူက ယခင်ဘဝတွင်ပင် ဓားသိုင်းမကျင့်ဖူးသော်လည်း လူငယ်မျိုုးဆက်ဖြစ်သည့် ဖန်းရှီကျင်းကို လမ်းညွှန်ပေးရန်အတွက်မူ လုံလောက်သည့် အသိဉာဏ်ကို ပိုင်ထားလေသည်။
ထို့အပြင် သူက ကောင်းကင်ဧကရာဇ်၏ စိတ်ဝိဉာဉ်ကို ဝါးမြိုဖူးလေသည်။ကောင်းကင်ဧကရာဇ်နှင့် ဓားသိုင်းအရာတွင် ယှဉ်နိုင်သူက အလွန့်အလွန် နည်းလောက်အောင် ပြိုင်ဘက်ကင်းလေသည်။
Thank For Reading.