← Chapters

အခန်း (၁၁၂၁-၁၁၂၅)

Vol. 59 Ch. 1121-1125

အခန်း (၁၁၂၁-၁၁၂၅)

Vol. 59 Ch. 1121-1125

အပိုင်း ၁၁၂၁

ထိုကောင်လေးက စိတ်ရှုပ်သွားသည်။

“ သူက ဘာလို့ ရိုက်တာလဲ”

သူတို့၏ရှေ့ရှိ ကောင်ငယ်လေးက ဟော့ထုံဟု ခေါ်ပြီး အကြီးအကဲ လဲ့ယန်၏ ဆွေမျိုးဖြစ်ရာ မုရုန်ရွှမ်းကပင် လေးစားရန် လိုအပ်သည်။

မုရုန်ရွှမ်းက လုယွီကို လက်ညိုးထိုးကာ ပြောသည်။

“ ဒီအအေး ဝါးစံအိမ်က ကျွန်တော့်အပိုင်လေ။ ကျွန်တော် ပြန်လာတော့ ဂိုဏ်းတူ ညီငယ်တွေကို ခေါ်ပြီး ဝင်ပြီး လေ့ကျင့်ဖို့ ပြင်ဆင်ခဲ့တာ။ မမျော်လင့်ထားဘဲ သူက ရုတ်တရက် ချောင်းတိုက်ပြီး ကျွန်တော်တို့ကို မောင်းထုတ်ခဲ့တယ်”

ဟော့ထုံက ခေါင်းခါသည်။

“ ဒီအအေးဝါးစံအိမ်ကို အကြီးအကဲက ဖန်းယွန်ကို ပေးခဲ့ပြီးသား။ သူများရဲ့စံအိမ်ကို ဖောက်ဝင်မှတော့ သူ နှင်ထုတ်တာက မလွန်ဘူးထင်တယ်”

သူက ပြောပြီးနောက် လုယွီကို သူ သယ်လာသည့် အထုပ်ကြီးပေးကာ ပြောသည်။

“ ညီငယ်ဖန်း ဒီမှာ အကြီးအကဲက မင်းကို ပေးလိုက်တဲ့အတွင်းစည်း တပည့်ဂိုဏ်းသား ဝတ်စုံတွေ။ မင်း လဲဝတ်ထားလိုက်ရင် အခုလို ပြဿနာ မတက်တော့ဘူးပေါ့”

လက်ရှိတွင် လုယွီက အပြင်စည်း ဂိုဏ်းတပည့်ဂိုဏ်းသား ဝတ်စုံကိုသာ ဝတ်ထားရသေးလေသည်။

မုရုန်ရွှမ်းက နေရာတွင်ပင် တောင့်တင်းသွားသည်။ သူက အော်သည်။

“ ဂိုဏ်းတူ အစ်ကိုကြီး ဟော့ထုံ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီနေရာကို ဆရာသခင်ကိုယ်တိုင် အထူး တည်ဆောက်ခဲ့တာလေ။ “

လုယွီက အပြင်စည်းဂိုဏ်းသားဝတ်စုံကို ဝတ်ထားကြောင်းသူ မြင်နိုင်သည်။ သည်လို ကျင့်ကြံခြင်း သုခံဘုံလို နေရာမျိုးအား ယခုမှ အတွင်းစည်း တပည့်ဂိုဏ်းသားအဖြစ် အဆင့်တိုးမြင့်ခြင်း ခံရသူကို မပေးသင့်ပေ။

ဟော့ထုံက ပြောသည်။

“ ဒီနေရာကို အကြီးအကဲ ပိုင်တယ်။ ဒါကို သူ ဘယ်သူ့ကို ပေးတယ်ဆိုတာက ပြဿနာ ရှိလို့လား”

မုရုန်ရွှမ်း၏ ကိုယ်က တောင့်တင်းသွားတော့သည်။ မှန်သည်၊ အကြီးအကဲက သည်နေရာ၏ အရှင်ဖြစ်လေရာ အရာရာတိုင်းကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် ဟော့ထုံက ပြောသည်။

“ ဟုတ်သားပဲ။ မုရုန်ရွှမ်း မင်း လိုချင်တဲ့ စမ်းသပ်ပွဲက နောက်ဆုံးကျန်တဲ့ နေရာကိုလည်း ဖန်းယွန်ကို ပေးလိုက်ပြီ”

မုရုန်ရွှမ်း ကြောင်အသွားသည်။

“ ဒီလို အရေးကြီးတဲ့ နေရာကို ဘာလို့ အမှိုက်ကောင်ကို ပေးရမှာလဲ”

ဟော့ထုံက ခေါင်းကုတ်သည်။

“ ဒါတော့ ငါ မသိဘူး။ မင်း အကြီးအကဲကို မေးသင့်တယ်။ သြော် မင်း မေးလို့လည်း မရလောက်ဘူး၊ အကြီးအကဲက တံခါးပိတ်ကျင့်ကြံသွားပြီ”

စံအိမ်ကို မရလျင် အဆင်ပြေသေးသည်၊မည်သို့ပင်ဆိုစေ အလားတူ ကျင့်ကြံခြင်းသုခဘုံနေရာများ ရှိသေးလေသည်။သို့သော် စမ်းသပ်ပွဲ နေရာကမူ အရေးကြီးသည်။ ထိုနေရာတွင် အောင်နိုင်မှသာ တော်ဝင်နယ်မြေသို့ ဝင်နိုင်မည်ဖြစ်သည်။

မုရုန်ရွှမ်းက ဒေါသတကြီးဖြစ်သွားသည်။

“ မင်း ဆရာသခင်ကို ဘယ်လို လာဘ်ထိုးထားလို့ ဒီနေရာကို ရတာလဲ”

‘ လာဘ်ထိုးတယ် ဟုတ်လား’

လုယွီအထင် ထိုအကြီးအကဲကသာ သူ့ကို အကျိုးအမြတ် ပြန်ပေးသင့်သေးသည်။ သူက ခေါင်းအသာ ခါ၏။

“ ထွက်သွားကြတော့”

စမ်းသပ်ပွဲက နောက်တစ်လနေမှ ဖြစ်သည်။ထို့မတိုင်ခင်အတွင်း သူ ကျင့်ကြံနေသင့်သည်။ သူကလည်း တံခါးပိတ်ကျင့်ကြံရန် တွေးထားလေသည်။

လုယွီက အထဲသို့ဝင်သွားချိန်တွင် အပြင်တွင် ရုပ်သေးရုပ်က စောင့်ကြပ်လျက် ကျန်ရစ်သည်။ အခြားဂိုဏ်းသားများက မဝင်ရဲကြပေ။

“ ဂိုဏ်းတူ အစ်ကိုကြီး သူ့ကို တကယ်ပဲ နေရာပေးလိုက်တော့မှာလား”

ဂိုဏ်းသားများက မကျေမနပ်ပြောကြသည်။ သူတို့အားလုံး ထိုနေရာကို လိုချင်ကြသည်။ မုရုန်ရွှမ်းက သူတို့ထက် သာသဖြင့် ထိုနေရာကို ရသွားခြင်းက ပြဿနာ မရှိပေ။သို့သော် ဘယ်ကမှန်းမသိသည့် လူတစ်ယောက်က ယူသွားခြင်းကိုတော့ဖြင့် လက်မခံနိုင်ကြပေ။

အပိုင်း ၁၁၂၂

ပတ်ဝန်းကျင်ရှိ လူတိုင်း ဒေါသထွက်ပြီး ခံပြင်းနေကြသည်။ သူတို့အားလုံးက ပါရမီရှင်များဖြစ်ကြသည်။

‘ ဒါပေမဲ့ ဒီကောင်က ဘယ်သူလဲ’

ဟော့ထုံ၏ အမူအယာမှတဆင့် ဖန်းယွန်ဆိုသူက အတွင်းစည်းတပည့်ဂိုဏ်းသားဖြစ်ကာစ ဖြစ်ကြောင်း သူတို့ သိနိုင်သည်။ သို့သော် ထိုသို့သော လူမျိုးက စမ်းသပ်ပွဲတွင် ဝင်ပါနိုင်ရန်က မဖြစ်နိုင်ပေ။

သူတို့လို လူမျိုးများကသာ စမ်းသပ်ပွဲတွင် ဝင်ပြိုင်ရန် အဆင့်မီလေသည်။

“ ငါ အရင်ဆုံး သူ့မှာဘယ်လိုနောက်ခံရှိလဲ စုံစမ်းလိုက်မယ်”

မုရုန်ရွှမ်းက ပြောသည်။

သူက စွန်းတောင်ထိပ်တွင် ကျော်ကြားသူတစ်ယောက်ဖြစ်သော်လည်း ယ ခုအခါ လုယွီထံတွင် နင်းခြေခံလိုက်ရသည်။ သူအလွန် ဒေါသထွက်နေ၏။

အခြားတဖက်တွင်….

ဖန်းချင်က လုယွီထံမှ ပညာပေးခံရပြီးသည်နှင့် ထောင်ကျစ်ထံ အပြေးလာတင်ပြသည်။

“ ဖန်းယွန်ကို အကြီးအကဲ လဲ့ယွန်ကိုယ်တိုင် တပည့်ဂိုဏ်းသားအဖြစ် လာလက်ခံသွားတယ် ဟုတ်လား”

ရွှီရှန်းထျန်း၏ မျက်လုံးများက မှေးကျဉ်းသွားသည်။

အပြင်စည်းတပည့် ဂိုဏ်းသား တစ်ယောက်ကို သူ လိုသလို ထိန်းချုပ်နိုင်သည်။ သို့သော် အတွင်းစည်း တပည့်ဂိုဏ်းသားဆိုလျင် မလွယ်တော့ပေ။ သာမန်အတွင်းစည်းတပည့်ဂိုဏ်းသားဆိုလျင် ပြဿနာ မရှိသော်လည်း ဖန်းယွန်ကို အကြီးအကဲကိုယ်တိုင်က ခေါ်သွားခဲ့ခြင်းဖြစ်နေသည်။

“ မင်းနားကြားမမှားတာ သေချာလား”

ဖန်းချင်က ပြာပြာသလဲ ပြောသည်။

“ သေချာပါတယ် သေချာပါတယ်။ ဖန်းယွန်က မျောလွင့်ခြင်းမျှော်စင်ကတဆင့် အဆင့်တက်သွားခဲ့တာပါ”

ရွှီရှန်းထျန်း၏ မျက်ဝန်းက တောက်ပသွားသည်။ သူ၏ မျိုးဆက်တွင် သူ့ထက် ပါရမီကြီးသူ ရှိမည်အားသူ မယုံပေ။

“ ဒီကိစ္စကို မင်းစိုးရိမ်စရာ မလိုဘူး။ ငါ့မှာ အကြံရှိတယ်”

ဖန်းချင်က ဂါရဝပြုပြီး ထွက်သွားချိန်တွင် ကျန်းရိကျင်းက အနားရောက်လာသည်။

“ တာအိုအရှင် သူက မသေသေးတော့ တို့ ကောင်းကောင်း အိပ်မပျော်ဘူး”

ရွှီရှန်းထျန်းက ဘာမှမပြောပေ။ သူက စာတစ်စောင်ကို ထုတ်ကာ ဂိုဏ်းသားတစ်ယောက်ကို ပေးသည်။

ကျန်းရိကျင်းက မေး၏။

“ ဒါက ဘာများလဲ”

“ ဆရာ့အတွက် စာ”

“ ဒီဖန်းယွန်က နှင်းပျံဂိုဏ်းသားတွေဆီကနေ စိတ်ဝိဉာဉ်ကျောက်တုံးတွေ ယူခဲ့တယ်။ ဆရာက ဒီလိုကိစ္စမျိုးကို လက်သင့်မခံနိုင်ဆုံးပဲ။ သာမန်အတွင်းစည်း တပည့်ဂိုဏ်းသားရဲ့ ကိစ္စလောက်ကို ဆရာက ဖြေရှင်းလိမ့်မယ်။ သူ တစ်ခါတည်း သေသွားလောက်မယ့် မစ်ရှင်ပေးလိုက်တာက အကောင်းဆုံး နည်းလမ်းပဲ”

ရွှီရှန်းထျန်းက သာမန်ကိစ္စများကို အာရုံမစိုက်နိုင်ပေ။ သူ၏ ပန်းတိုင်က တော်ဝင်ဘိုးဘေး၏ အမွေအနှစ်ကို ရရန်ဖြစ်သည်။

ထိုအချိန်တွင် မုရုန်ရွှမ်းကလည်း လုယွီ၏နောက်ခံကို စုံစမ်းပြီးသွားလေပြီ။

“ စိတ်ဝင်စားစရာပဲ။ သူက စားဖိုဆောင်က စားဖိုမှူးအဆင့်ပဲ ရှိတာပဲ”

လုယွီ၏ဇစ်မြစ်ကို ကြားပြီးနောက် မုရုန်ရွှမ်း၏ မျက်နှာတွင် အထင်တသေး အပြုံးက ပေါ်လာသည်။

“ မနက်ဖန်မှာ စစ်ဆေးပွဲကို ပုံမှန်ထက် စောပြီး ကျင်းပမယ်။ ဒီကောင်နဲ့ ငါနဲ့ကြားက ကွာခြားချက်ကို ပြပေးရတာပေါ့”

အပိုင်း ၁၁၂၃

အအေးဝါးစံအိမ် အလယ်ဗဟို နေရာ…..

လုယွီက ဆက်တိုက် လေ့ကျင့်ရင်းဖြင့် သူ၏ သင်္ကေတကိုးခုကို သန့်စင်နေသည်။ ဒါက သူ မဖြတ်ဖူးသေးသော လမ်းဖြစ်သည်။ လုယွီတွင် ယခင်ဘဝ၏ အတွေ့အကြုံရှိလျင်ပင် သတိထားရန် လိုအပ်သည်။ ရုတ်တရက် သူက လေဟာနယ်ပြင်မှ တစ်စုံတစ်ယောက်၏ တည်ရှိမှုကို ခံစားလိုက်ရသည်။ရုတ်တရက် သူက မျက်လုံးကို ဖွင့်လိုက်သည်။ သူ၏ အမူအယာက ပြောင်းသွား၏။ လောကကို ငုံ့ကြည့်နေသော ရှင်ဘုရင်တစ်ပါး၏ အရှိန်အဝါကို ခံစားလိုက်ရလေသည်။

“ ကောင်းကင်ဧကရာဇ်က အသက်ရှိနေသေးတာလား။သူက အဆင့်လွန်အဆင့်ကိုတောင် တက်သွားပြီ”

လုယွီက အံ့သြသွားသည်။

သူ မသေခင်က လုယွီက ကောင်းကင်ဧကရာဇ်၏ စိတ်ဝိဉာဉ်ကိုစုပ်ယူခဲ့သည်။ ကိုယ်ကမူ သည်အတိုင်း ကျန်ခဲ့၏။ ယခုမူ ထိုကိုယ်က ဆက်တိုက် ကျင့်ကြံခြင်းတွင် အလိုလို လည်ပတ်နေခဲ့ပြီး အဆင့်လွန်အဆင့်သို့ပင် ဝင်ရောက်သွားလေပြီ။

“ ဒါက ငါ့ရဲ့ဝှက်ဖဲဖြစ်နိုင်တယ်။ ငါ ကောင်းကင်ဧကရာဇ်ရဲ့ ကိုယ်ခန္ဓာကို ရမယ်လို့ မထင်ထားဘူး”

ထိုအခိုက် အပြင်ဘက်မှ ခြံဝန်းတံခါး ခေါင်းလောင်းတီးသံကို ကြားလိုက်ရလေသည်။

အပြင်ဘက်တွင် ရုပ်သေးက စောင့်ကြပ်နေလေရာ မည်သူမျှ ဖောက်မဝင်နိုင်ပေ။ သို့သော် သူ့အား တွေ့လိုလျင် ခေါင်းလောင်းတီးနိုင်လေသည်။

လုယွီက တံခါးကို ဖွင့်လိုက်ချိန်တွင် အတွင်းစည်း တပည့်ဂိုဏ်းသားတစ်ယောက်ကို မြင်လိုက်ရသည်။

“ ဘာကိစ္စလဲ”

“ ဒီနေ့က အတွင်းစည်းတပည့်ဂိုဏ်းသားတွေအတွက် တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ခွန်းအားစစ်ဆေးခြင်းပြိုင်ပွဲပဲ။ လူတိုင်း ရှိနေဖို့ လိုတယ်”

လုယွီက မျက်မှောင်ကြုတ်သည်။ ဒါက သူ၏ အချိန်ကို ကုန်စေသည်။ တဖက်ကလည်း သူ၏ အတွေးကို သိဟန်ဖြင့် ပြောသည်။

“ ဒီအစဉ်အလာက တောင်ထိပ်တိုင်းမှာ ရှိတယ်။ တစ်ယောက်ပျက်ရင် ပျက်တဲ့တစ်ယောက်က ဂိုဏ်းက နှင်ထုတ်ခံရမယ်”

“ ကောင်းပြီ သွားမယ်”

ထိုပွဲက အချိန်သိပ်မယူရန် မျော်လင့်သည်။

ထိုတပည့်ဂိုဏ်းသားက လုယွီကို လေ့ကျင့်ရေးကွင်းပြင်သို့ ခေါ်သွားသည်။ထိုနေရာတွင် တပည့်ဂိုဏ်းသား ရာကျော်ရှိနေကြသည်။ လုယွီ ရောက်လာကြောင်းမြင်သော မုရုန်ရွှမ်းက ပျော်သွားပြီး ပြောသည်။

“ ဂိုဏ်းတူ ညီငယ်ဖန်း ဒီနေ့က ငါတို့ရဲ့ အရိုးအသက်( အသက်ကို လိမ်လည်နိုင်လို့ ကိုယ်တွင်းက အရိုးတွေကို စစ်ဆေးပြီး သိရတဲ့ သက်တမ်းကိုပဲ အတည်ယူကြပါတယ်။ ဒါကို အရိုးအသက်လို့ ခေါ်ပါတယ်)နဲ့ ကျင့်ကြံခြင်းအဆင့်ကို စစ်ဆေးကြမှာပဲ။ မင်းက အသစ်ဆိုတော့ မင်းနဲ့ ဂိုဏ်းတူ အစ်ကိုတွေကြားက ကွာခြားချက်ကို ကြည့်ပေါ့”

လုယွီက မျက်မှောင်ကြုတ်သည်။

“ ဘယ်လို လုပ်ရမှာလဲ”

“ လွယ်ပါတယ်။ စမ်းသပ်ကျောက်တုံးပေါ် လက်တင်ပြီး မင်းရဲ့ မှော်စွမ်းအင်ကို ထည့်ပေးရုံပဲ။ အရင်ဆုံး မင်းရဲ့ ဂိုဏ်းတူ အစ်ကိုနှစ်ယောက်ကို နမူနာ ပြခိုင်းမယ်”

ထို့နောက် မုရုန်ရွှမ်းက ပြုံးကာ ပြောသည်။

“ လော့ဟုန် ဝမ်လော့ မင်းတို့ တက်ကြ”

ထိုနှစ်ယောက်လုံးက စင်ပေါ်တက်သွားကြသည်။ တစ်ယောက်က လက်ထုတ်ကာ ကျောက်တုံးပေါ်တင်သည်။ ရုတ်တရက် ကျောက်တုံးမျက်နှာပြင်က တောက်ပလာပြီး နံပါတ်အရေအတွက်များ ပေါ်လာသည်။

“ စွန်းရုန် ၂၀”

ထို့နောက် နောက်တစ်ယောက်က ကျောက်တုံးပေါ် လက်တင်သည်။ထို့နောက် နာမည်နှင့် နံပါတ်များ ပေါ်လာလေသည်။

“ ဝမ်လော့ ၂၆”

မုရုန်ရွှမ်းက ပြုံးသည်။

“ နံပါတ်နှစ်ဆယ် ကျော်တဲ့သူတွေက ထူးချွန်တဲ့ ပါရမီရှင်တွေပဲ။ ကဲ အခု မင်းနဲ့ ပါရမီရှင်တွေကြားက ကွာခြားချက်ကို သိပြီလား”

အပိုင်း ၁၁၂၄

လုယွီက ဖျော့တော့စွာ ပြောသည်။

“ ကောင်းပြီ”

ထိုနှစ်ယောက်၏ ရည်ရွယ်ချက်ကို သူ မသိပေ။

ဒါက အတွင်းစည်းဂိုဏ်းဖြစ်လေရာ ကျုံးထူတွင်ရှိသည့် လင်းရှောင်းဂိုဏ်းထက်ပင် အရေအတွက် ပိုများနိုင်သေးသည်။

မုရုန်ရွှ့မ်းကမူ လုယွီက ခေါင်းမာနေသည်ဟု ထင်သွားပြီး ရယ်တော့သည်။

“ မင်း အပြင်လောကမှာ ရှိနေခဲ့တုန်းက အမြင်ကျဉ်းခဲ့တာ အံ့သြစရာ မရှိပါဘူး။ အပြင်မှာ ပါရမီရှင်တွေကို တွေ့ဖို့မှ မလွယ်တာ”

ပါရမီရှင်တစ်ယောက်ဟု ရည်ညွှန်းခံရသော ဝမ်လော့က အနားကပ်လာကာ လုယွီကို ကြည့်လျက် ပြောသည်။

“ မင်းက အသစ်ဝင်လာတဲ့ ဂိုဏ်းတူ ညီငယ်လား။ မင်း ကိုယ့်အရည်အချင်းကိုယ် သိထားရင် ကောင်းမယ်။ အတွင်းစည်းဂိုဏ်းဆိုတာက မင်း အပြင်စည်းဂိုဏ်းမှာ နေသလို နေလို့ရတဲ့ နေရာ မဟုတ်ဘူး။ ဒါ့အပြင် ငါတို့အားလုံးကလည်း ကျင့်ကြံရင်းနဲ့ အချိန်ကုန်နေတာဆိုတော့ မင်းကို ဂရုမစိုက်နိုင်ဘူး”’

လုယွီက အမူအယာ မပျက်ပေ။

“ မင်းတို့ ပြောလို့ပြီးပြီလား”

ဝမ်လော့က မျက်မှောင်ကြုတ်သည်။

“ မင်း ငါပြောတာကို နားမလည်ဘူးလား။ ငါ ၂၆ရတာ မြင်လိုက်လား။ မင်းနဲ့ ငါ့ရဲ့ကွာခြားချက်ကို သိပြီလား”

သူက လုယွီကို ယခုမှမြင်ဖူးသော်လည်း ရန်လိုနေသည်။ အကြောင်းမူကား အဆင့်သတ်မှတ်ချက်အရဆိုလျင် စမ်းသပ်ပွဲမှ နေရာတစ်နေရာက သူ၏နေရာဖြစ်သင့်လေသည်။ မည်သည့်နေရာကမှန်းမသိ ရောက်လာသော လူအား မပေးသင့်ပေ။

ဝမ်လော့က အကြီးအကဲလဲ့ယန်ကို အထွန့်တက်ချင်သော်လည်း တဖက်က တံခါးပိတ်ကျင့်ကြံသွားသည်။ သူ မည်သို့မျှ မတတ်နိုင်တော့ပေ။ထို့ကြောင့် လုယွီကိုသာ ခက်ခဲအောင်လုပ်ပြီး နောက်ဆုတ်သွားစေချင်သည်။

လုယွီက ပြောလိုက်သည်။

“ မင်းက စွန်းတောင်ထိပ်က ထိပ်ဆုံးအဆင့်လား။ မင်း ပြောလို့ ပြီးဦးမှာလား”

လုယွီက တဖက်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။ သို့သော် လုယွီနှင့် လဲ့ယန်၏ သဘောတူညီချက်က လျို့ဝှက်ချက်ဖြစ်သည်။ သူ မပြောပြနိုင်ပေ။ ပြောပြရန် အဆင်ပြေလျင်ပင် ရှင်းပြရန် ပျင်းနေပြီဖြစ်သည်။

“ ငါက မင်းကို ရိုက်နှက်ချင်စိတ်မရှိပါဘူး။ ဒီအတိုင်း ပါရမီရှင်တွေရဲ့ လောကကို ပြပေးချင်ရုံပဲ”

မုရုန်ရွှမ်းက ပြောလျက် ရှေ့သို့ တက်ပြီး စမ်းသပ်ကျောက်တုံးပေါ် လက်တင်သည်။ချက်ချင်းလိုလို ခရမ်းရောင် အလင်းများ တောက်ပလာသည်။

ဝုန်း

“ ဟာ ၄၁တဲ့”

“ မနှစ်ကအထိ ဂိုဏ်းတူအစ်ကိုကြီးက ၃၉ထိပဲ ရောက်ခဲ့တာ။ အခု ၄၀တောင် ကျော်သွားပြီပဲ”

“ ထောင်ကျစ်တောင် ၅၀ကျော်ပဲရှိတာ မမေ့နဲ့ဦးလေ”

“ ဂိုဏ်းတူ အစ်ကိုကြီးရဲ့အရည်အချင်းနဲ့ဆိုရင် စမ်းသပ်ပွဲကိုဝင်ပြီးရင် တော်ဝင်ဘိုးဘေးရဲ့ အမွေအနှစ်တောင် ရလောက်တယ်”

ပတ်ဝန်းကျင်မှ အားပေး မြောက်ပင့်သံများကြောင့် မုရုန်ရွှမ်း၏ မျက်နှာက အလွန် တောက်ပလာသည်။ သူက လုယွီ၏ အနားသို့ လာကာ ခေါင်းကို မော့လျက် ပြောသည်။

“ ဂိုဏ်းတူ ညီငယ် မင်းရဲ့အလှည့်ပဲ”

ပတ်ဝန်းကျင်ရှိ တပည့်ဂိုဏ်းသားများက ရယ်ကြသည်။အချို့က နှာခေါင်းရှုံ့၏။ ဘယ်က ရောက်လာမှန်းမသိသော တပည့်ဂိုဏ်းသားတစ်ယောက်က စမ်းသပ်ပွဲသို့ အလိုလိုဝင်ခွင့်ရခြင်းက သူတို့ လက်မခံနိုင်သည့် အချက်ဖြစ်သည်။ထို့ကြောင့် သူ အရူးဖြစ်မည့် အခြေအနေကို မြင်ချင်နေကြသည်။

အပိုင်း ၁၁၂၅

လုယွီက သက်ပြင်းချပြီး စမ်းသပ်ကျောက်တုံးရှိရာစင်ပေါ်သို့ တက်သည်။ သူသာ ဘာခွန်အားမျှမပြလျင် ပြဿနာများက နောက်မှ ဆက်တိုက် ပါလာမည်ကို စိုးရိမ်ရသည်။

“ ကောင်းပြီ ဒီတစ်ကြိမ် တစ်ဆယ်ရာခိုင်နှုန်းလောက် သုံးလိုက်မယ်”

သူက လက်ကို စမ်းသပ်ကျောက်တုံးပေါ် တင်သည်။

ထိုအခိုက် သူ၏ လက်ဝါးက စမ်းသပ်ကျောက်တုံးပေါ် ဖိကပ်လိုက်ပြီဖြစ်သည်။ အောက်ဘက်ရှိ လူအများက ရယ်ချင်နေသော မျက်နှာများဖြင့် စောင့်နေကြသည်။ တစ်ခုခုဆိုလျင် သူတို့ ရယ်နိုင်လေပြီ။

ရုတ်တရက် နဂါးဟိန်းသံသဲ့သဲ့ကို ကြားလိုက်ရသဖြင့် ဇဝေဇဝါဖြစ်သွားကြကာ မော့ကြည့်လိုက်ကြသည်။ထိုအချိန်တွင် စမ်းသပ်ကျောက်တုံးမှ အနီရောင် အလင်းက တောက်ပလာသည်။

“ ဘာလဲ ဘာဖြစ်တာလဲ၊”’

“ နေဦး ပေါ်လာပြီ ကြည့်လိုက်”

အားလုံး ခေါင်းကို မော့ကာ နံပါတ်ကိုမြင်ရရန် ကြိုးစားလိုက်ရသည်။ အနီရောင်အလင်းက ပျောက်သွားချိန်တွင် ကိုးဆိုသည့် နံပါတ်တစ်ခုကသာ ပေါ်လာလေသည်။

ပထမဦးစွာ အားလုံးကြောင်သွားကြသည်။ထို့နောက် အော်ရယ်ကြတော့သည်။ ဂိုဏ်းသို့ ဝင်လာကာစ လူများပင် တစ်ဆယ်ကျော်ကြသည်။ သူတို့တောင်ထိပ်က လူအရယ်ခံရတော့မည်ကိုပင် စိုးရိမ်၏။

ဝမ်လော့က အေးစက်စွာ ပြောသည်။

“ ဒီလိုလူမျိုးက ငါ့နေရာကို လုသွားသတဲ့လား”

မုရုန်ရွှမ်း၏ မျက်နှာကလည်း မည်းမှောင်နေသည်။

“ ဂိုဏ်းတူ ညီငယ်အခု မင်းနဲ့ ငါတို့ရဲ့ ကွာခြားချက်ကို သိပြီလား။ မင်း နောက်ဆုတ်လိုက်တာ အကောင်းဆုံးပါပဲ”

လုယွီက မျက်မှောင်ကြုတ်သည်။

“ စမ်းသပ်ကျောက်တုံးမှာ ပေါ်နေတဲ့ ဂဏန်းက ဆုံးသွားပြီလို့ ထင်နေကြတာလား”

သို့သော် တစ်စုံတစ်ယောက်က ဝင်လှောင်သည်။

“ ဘာလဲ ကိုယ့်အရှက်ကိုယ် ထပ်ခွဲချင်နေသေးတာလား။ မြန်မြန်သာ ထွက်သွားလိုက်ပါ”

လုယွီက ခေါင်းခါသည်။ ထိုစမ်းသပ်ကျောက်တုံးက ထိုမျှ အားနည်းမည်ဟု မထင်ထားခဲ့ပေ။ သူက ခွန်အား တစ်ဆယ်ရာခိုင်နှုန်းသာ သုံးထားခြင်းဖြစ်သည်။သို့သော် ထိုဒဏ်ကိုပင် မခံနိုင်ရှာပေ။

လုယွီက လှည့်ထွက်သွားသည်။

သူက လှည့်ထွက်သွားကြောင်းမြင်သော် အခြားသူများက အထင်တသေး ရယ်ကြသည်။ သူက ရှက်သွားသဖြင့် ထွက်ပြေးသွားသည်ဟုသာ ထင်ကြ၏။

မုရုန်ရွှမ်းက ပြောသည်။

“ ကျောက်တုံးကို ပြန်သိမ်းထားလိုက်တော့။ ဒီနံပါတ်ကိုသာ အခြားသူတွေမြင်သွားရင် ငါတို့ တောင်ထိပ် သိက္ခာကျတယ်”

တပည့်ဂိုဏ်းသားတစ်ယောက်က ခေါင်းညိတ်ကာ စင်ပေါ်တက်သည်။သူက ကျောက်တုံးကို ထိတော့မည့်အချိန်တွင် နဂါးဟိန်းသံက ထွက်ပေါ်လာသည်။ အောက်ဘက်ရှိ လူတိုင်း ကြောင်သွားကြသည်။

“ ဘာဖြစ်တာလဲ”

ထိုအခိုက် ကျောက်တုံးမှ ကိုး ဂဏန်းပေါ်နေသည့် နေရာတွင် အလင်းများ ဖြာထွက်လာကာ ၉၉၉၉ဆိုသည့် ဂဏန်းတွဲက ပေါ်လာသည်။ အားလုံး ဆွံ့အသွားတော့၏။

တာအိုပညာရှင် ထောင်ကျစ်ပင် ၅၀ကျော်သာ ရသည်။

မုရုန်ရွှမ်းက မျက်မှောင်ကြုတ်ကာ ပြော၏။

“ စမ်းသပ်ကျောက်တုံးက ပျက်သွားတာဖြစ်မယ်။ နောက်တစ်ခုနဲ့ အစားထိုးလိုက်”

စင်ပေါ်မှ တပည့်ဂိုဏ်းသားကလည်း ခေါင်းညိတ်သည်။ ၉၉၉၉ဂဏန်းက တခဏသာပေါ်ပြီး ချက်ချင်း ပြန်ပျောက်သွားသည်။

မည်သူကမျှ လုယွီကိုသံသယ မဝင်ပေ။ ထောင်ကျစ်ပင် ထိုမျှမရနိုင်လေရာ လုယွီဆိုလျင် မဖြစ်နိုင်တော့ပေ။ လုယွီ၏ ကိုးဂဏန်းက အားလုံး မျှော်မှန်းထားသည့်အတိုင်းဖြစ်သည်။ သို့သော် ၉၉၉၉ကမူ မဖြစ်နိုင်တော့ပေ။ထို့ကြောင့် စမ်းသပ်ကျောက်တုံး ပျက်သွားသည်ဟု တွေးလိုက်ကြခြင်းဖြစ်သည်။

မုရုန်ရွှမ်းက လော့ဝမ်ကိုကြည့်လျက် ပြောသည်။

“ စိတ်မပူနဲ့ ငါ ဒီကောင့်ကို စမ်းသပ်ပွဲ မဝင်ခိုင်းဘူး”

Thank For Reading.

All Chapters