← Chapters

အခန်း (၁၁၂၆-၁၁၃၀)

Vol. 60 Ch. 1126-1130

အခန်း (၁၁၂၆-၁၁၃၀)

Vol. 60 Ch. 1126-1130

အပိုင်း ၁၁၂၆

လုယွီက ထိုနေရာမှ ပြန်လာပြီးနောက် ဆက်လက်ကျင့်ကြံလိုက်သည်။ ထိုအချိန်အတောအတွင်း သူ၏ ဒဏ်ရာများက သက်သာလာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လုယွီက နှောင်းပိုင်းအဆင့်သို့ တက်ရန် ပြင်ဆင်လိုက်သည်။

သို့ပါသော်လည်း သူ အဆင့်မတက်နိုင်ခင်မှာတင် လူတစ်အုပ်က သူ့ကို လာရှာပြန်သည်။

“ မင်းက အတွင်းစည်း ဂိုဏ်း တပည့်သား အဖြစ် အဆင့်တက်လာတဲ့ ဖန်းယွန်ဆိုတဲ့ ကောင်လား”

လာရှာသူများက ရက်စက်သည့် အရှိန်အဝါအပြည့်နှင့်ဖြစ်သည်။

လုယွီက မျက်မှောင်ကြုတ်သည်။

“ ဟုတ်တယ်”

“ ငါတို့က ထျန်းရှင်းတောင်ထိပ်ကပဲ။ ဆရာသခင်က မင်းကို တွေ့ချင်နေတယ်”

‘အကြီးအကဲထျန်းရှင်းလား’

လုယွီက မျက်မှောင်ကြုတ်သည်။ အပြင်စည်းတပည့်ဂိုဏ်းသားများကို အပြစ်ဒဏ်ခန်းမက အပြစ်ပေးနိုင်သည်ဆိုလျင် အတွင်းစည်းတပည့်ဂိုဏ်းသားများအား ထျန်းရှင်းတောင်ထိပ်က အပြစ်ပေးနိုင်လေသည်။အတွင်းစည်း တပည့်ဂိုဏ်းသားတစ်ယောက်က စည်းမျဉ်းကို ဖောက်လိုက်သည်နှင့် ထိုတောင်ထိပ်က ဆရာသခင်ကိုယ်စား အပြစ်ပေးနိုင်ကြသဖြင့် ကျော်ကြားသည်။

“ ကောင်းပြီ သွားမယ်”

ထိုသို့ဖြင့် သူက ထျန်းရှင်းတောင်ထိပ်သို့ လိုက်လာခဲ့သည်။သူ့အား ဆရာသခင်ဆိုသည့် အကြီးအကဲကိုယ်တိုင်က ဆင့်ခေါ်ခြင်းဖြစ်ရာ သွားမှ ဖြစ်ပေလိမ့်မည်။

ထိုနေရာသို့ ရောက်သည်နှင့် နေရာတိုင်းတွင် တားမြစ်သင်္ကေတများ၊ ဝင်္ကပါများကို မြင်ရသည်။ တောင်ထိပ်တွင် သံမဏိချိန်းကြိုးကြီးများ ကို တွဲလောင်းဆွဲထားသည်။ အချို့သော ချိန်းကြိုး၏ အစွန်းတွင် ချိတ်ကောက်များကိုမြင်ရသည်။ ထိုချိတ်ကောက်များတွင် သွေးများ စွန်းထင်းနေသည်။

လုယွီက ခန်းမအတွင်းသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။ အထဲတွင် သူ့အား စောင့်ဆိုင်းနေဟန်ရသည့် ဓားတစ်ချောင်း လွယ်ထားသော လူအိုကြီးတစ်ယောက်ကို မြင်ရသည်။

“ အကြီးအကဲ ထျန်းရှင်းကို ဂါရဝပြုပါတယ်”

ဂိုဏ်းသားတိုင်း အတွင်းစည်းတပည့်ဂိုဏ်းသားဖြစ်လာကတည်းက တောင်ထိပ်၇၂ခုမှ အကြီးအကဲများ၏ ပုံတူကို မှတ်သားရသဖြင့် သူ မှတ်မိနေခြင်းဖြစ်သည်။

“ မင်းက ယွန်ရှန်းဂိုဏ်းက တပည့်ဂိုဏ်းသားတွေရဲ့ သိုလှောင်အိတ်တွေကို လုခဲ့တယ်လို့ ငါကြားတယ်”

လုယွီက မျက်နှာပျက်သွားသည်။ထိုအကြီးအကဲက သူ့အား ဘာကြောင့်ခေါ်ကြောင်း သူ သိလိုက်သည်။

လုယွီ၏ အမူအယာကို သတိထားမိသည့် အကြီးအကဲက ပြောလိုက်သည်။

“ စိတ်မပူပါနဲ့။ ငါ့ရဲ့ ဂိုဏ်းသားကို ဒီကိစ္စကြောင့်နဲ့ အပြစ်မပေးပါဘူး။ “

“ ကျေးဇူးတင်ပါတယ် အကြီးအကဲ”

“ ဒါပေမဲ့ မင်းက ငါ့အတွက် တစ်ခု လုပ်ပေးရမယ်”

လုယွီက မော့ကြည့်သည်။ အကြီးအကဲ ထျန်းရှင်းက ဆက်ပြောသည်။

“ လွယ်ပါတယ်၊ မိစ္ဆာအတတ် ကျင့်ကြံတဲ့သူတွေကို ရှင်းလင်းရုံပဲ။ ဒီမှာ အချက်အလက်တွေပါတယ်”

လုယွီက စာလိပ်ကို ယူကာ ထွက်သွားလိုက်လေ၏။

လုယွီ ထွက်သွားပြီးနောက် ကျန်းရိကျင်းက လိုက်ကာအနောက်ဘက်မှ ထွက်လာပြီး ပြောလိုက်သည်။

“ အကြီးအကဲ ထျန်းရှင်း သူ့ကို ဘာလို့ တိုက်ရိုက် မသတ်လိုက်တာလဲ။ ဒါက ပိုမလွယ်ဘူးလား”

“ ငါ့မှာ အကြံရှိတယ်။ မင်း စိုးရိမ်စရာ မလိုဘူး။ ထောင်ကျစ်ကိုသာ ပြန်ပြောလိုက်၊ ဒီကောင် သေလိမ့်မယ်”

အပိုင်း ၁၁၂၇

ထိုနှစ်ယောက်က လျိုု့ဝှက်စွာ ပြောဆိုနေကြခြင်းဖြစ်သည့်တိုင် လုယွီ၏ စိတ်အာရုံမှ မလွတ်မြောက်ခဲ့ပေ။

“ ငါ့ကို ထောင်ခြောက်ဆင်ထားတာပဲ”

လုယွီက တွေးသည်။

ဖန်းယွန်၏မှတ်ဉာဏ်အရ သူက ဘာမှမလုပ်သော်လည်း အမြဲလိုလို သေလမ်းပို့နေသည့် ဖြစ်ရပ်များကို ဆက်တိုက်ကြုံတွေ့ခဲ့ရသည်။ လုယွီက ခေါင်းခါသည်။ သူက ဖန်းယွန်မဟုတ်ပေ။

သူ၏ အကြည့်များက အေးစက်သွားသည်။

“ ဒီတာဝန်က ထင်ထားသလောက် မရိုးရှင်းနိုင်တော့ဘူး”

ဖန်းယွန်သာဆိုလျင် သေလောက်သည်။သို့သော် သူက စွမ်းအားအားလုံး ပြန်ရနေပြီဖြစ်သဖြင့် နောက်ကွယ်မှ ကြံစည်မှုလောက်ကို ဂရုမစိုက်တော့ပေ။ သူ၏ ပန်းတိုင်က တိရှားဘိုးဘေးကို ဝါးမြိုခြင်းဖြစ်သည်။ ထိုကိစ္စပြီးလျင် အရာအားလုံးက ရှင်းသွားလိမ့်မည်။

ရုန်ကျိုး… လော့ယင် မြို့…

ထိုမြို့ကို မဟာငါးမန်းကလန်ဆိုသည့် ကလန်ငယ်လေးက အုပ်ချုပ်သည်။ ပတ်ဝန်းကျင်ရှိ အလားတူမြို့ငယ် ဆယ်မြို့လည်း အပါအဝင်ဖြစ်သည်။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က မဟာငါးမန်းကလန်က ထိုက်ရိဂိုဏ်းအား အကူအညီတောင်းခံလာခဲ့သည်။ မိစ္ဆာအတတ် ကျင့်ကြံသူများက ဖောက်ဝင်လာကြပြီး သေမျိုးများကို သတ်ဖြတ်နေသည်ဟု ဆိုသည်။ နဂိုက အနီးအနားဝန်းကျင်တွင် ကလန်ငယ်များစွာရှိခဲ့သော်လည်းယခုမူ အားလုံးက ထိုမိစ္ဆာအတတ်ကျင့်ကြံသူများကြောင့် ဖျက်ဆီးခံလိုက်ရသည်။

ထိုက်ရိဂိုဏ်းက မဟာငါးမန်းကလန်ကဲ့သို့ ကလန်များမှ လက်ဆောင်များကို လက်ခံထားလေရာ ယခုလို အရေးကိစ္စများတွင် ကာကွယ်ပေးရလေသည်။ သို့သော် အခြေအနေက ထူးဆန်းလာခဲ့၏။

ထိုက်ရိဂိုဏ်းက တပည့်ဂိုဏ်းသား အဖွဲ့ သုံးဖွဲ့ စေလွှတ်ခဲ့သည်။ ပထမနှစ်ကြိမ်လုံးလုံး ဘာသတင်းမှ မရခဲ့သည့်အပြင် သူတို့၏ အသက်နှင့်ချိတ်ဆက်ထားသည့် အသက်ကျောက်တုံးများပင် ကွဲခဲ့လေသည်။ထို့ကြောင့် သည်တာဝန်က အန္တာရာယ်ရှိသည့် အဆင့်သို့ တိုးမြင့်ခဲ့ပြီး အတွင်းစည်း တပည့်ဂိုဏ်းသားများသာ လက်ခံရတော့သည်။

“ ငါ့ကို ဒီတာဝန်နဲ့ သေခိုင်းတာက ဓားသုံးစရာမလိုဘဲ သတ်လိုက်တာပဲ”

လုယွီက ပြုံးလိုက်သည်။ သူက မြို့ကို အပေါ်စီးမှ စစ်ဆေးလိုက်ရာ ဘာထူးခြားမှုမှ မမြင်ရပေ။ သို့သော် စိတ်ဓာတ်ကျဖွယ်ကောင်းအောင် ခြောက်ကပ်နေခြင်းအား မြင်နိုင်လေသည်။

“ ငါအရင်ဆုံး မဟာငါးမန်ကလန်ကို သွားလိုက်မယ်။ သူတို့ဆီကပဲ မေးမြန်းရမှာပဲ”

လုယွီက မှော်လက်နက်ကို နေရာပြောင်းလျက် မဟာငါးမန်းကလန်သို့ သွားသည်။ သို့သော် သူ ထိုကလန်အတွင်းဝင်လိုက်သည်နှင့် တိတ်ဆိတ်မှုကိုသာ ခံစားလိုက်ရသည်။

ထိုနေရာက အလွန့်အလွန် တိတ်ဆိတ်နေသည်။ ပုံမှန်အတိုင်းဆိုလျင် ကလန်တစ်ခုအနေဖြင့် အစောင့်တစ်ယောက်တော့ဖြင့်မြင်ရသင့်သည်။သို့သော် ခြံဝန်းထဲတွင် ပိုးကောင်တစ်ကောင်ကိုပင် မမြင်ရချေ။

သူက ဂိတ်သို့ ခြေချရုံရှိသေးသည်၊ သွေးစများကို စတွေ့ရလေသည်။ ဝင်္ကပါက ဖျက်ဆီးခံထားရသည်။

သူ စာလိပ်ထဲတွင် ဖတ်ထားသည့်သတင်းအရ ထိုက်ရိဂိုဏ်းသို့ ငါးမန်ကလန်မှ အကူအညီတောင်းခဲ့ချိန်တွင် ကလန်တစ်ခုလုံးကို အကာအကွယ်လွှာ ဝင်္ကပါကြီး ဖွင့်လျက် ကာကွယ်ထားသည်ဟု ဆိုသည်။

လုယွီက အတွင်းသို့ ဝင်လိုက်ချိန်တွင် ပြင်းထန်သည့် သွေးညှီနံ့က ထောင်းကနဲ တက်လာသည်။

ခန်းမတစ်ခုလုံးတွင် အလောင်းများက ပြည့်နေသည်။ နေရာတိုင်းတွင် အလောင်းများပုံနေခြင်းဖြစ်သည်။ ကြမ်းပြင်တွင်လည်း သွေးများ အိုင်ထွန်းနေလေသည်။

“ကယ်… ကယ်ပါ”

ရုတ်တရက် ဖျော့တော့သည့် အကူအညီတောင်းသံကို သူ ကြားလိုက်ရသည်။

အပိုင်း ၁၁၂၈

အသံနောက်သို့ ဆက်လျှောက်သွားရာ သွေးအိုင်ထဲ လဲနေသည့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏ တစ်ကိုယ်လုံး သွေးများ စိုရွှဲနေပြီး အလွန်အားနည်းနေသည်။ သူက လုယွီကို အကြိမ်အနည်းငယ် အော်ခေါ်ကာ အကူအညီတောင်းပြီးသည်နှင့် သူ၏ လက်တဖက်က အားအင်မဲ့စွာပြုတ်ကျသွားတော့သည်။

လုယွီက အနားကပ်လာကြောင်းမြင်သော် သူက အားအင်မဲ့စွာ ခပ်တိုးတိုး ပြောသည်။

“ ငါ့ကို … ငါ့ကို .. ကယ်… ကယ်ပေးပါ”

“ စကားမပြောနဲ့”

လုယွီက သူ့အား သွေးတိတ်အောင် လုပ်ပေးလိုက်သည်။

“ ကျေးဇူးတင်ပါတယ်။ မဟာငါးမန်ကလန်က မိစ္ဆာအတတ်ကျင့်တဲ့ လူတွေ တိုက်ခိုက်တာကို ခံခဲ့ရတယ်။ မင်းသာ မရောက်လာခဲ့ရင် ငါ သေသွားလောက်ပြီ”

လုယွီက မေးသည်။

“ မင်းနဲ့ မင်းရဲ့ မိသားစုဝင်တွေကိုသတ်သွားတဲ့ သူတွေက ဘယ်မှာလဲ”

ထိုလူက ခေါင်းခါသည်။

“ မင်း ဝင်မပါသင့်ဘူး။ သူတို့က အရမ်းစွမ်းအားကြီးတယ်။ ခေါင်းဆောင်တောင် ချက်ချင်း အသတ်ခံလိုက်ရတယ်။ စိတ်ဝိဉာဉ်အဆင့်တွေတောင် ဘာမှ မလုပ်နိုင်ကြဘူး”

လုယွီက စိတ်ရှည်စွာ ပြောသည်။

“ ငါက ထိုက်ရိဂိုဏ်းက အတွင်းစည်း တပည့်ဂိုဏ်းသားပဲ။ ဒါကြောင့် မင်း သူတို့အကြောင်း သိထားရင် ပြောပြနိုင်တယ်”

ထိုလူငယ်၏ မျက်ဝန်းများက တောက်ပသွားသည်။

“ မင်းက ထိုက်ရိဂိုဏ်းက ဟုတ်လား”

လုယွီက မျက်မှောင်ကြုတ်သည်။

“ ငါ့ရဲ့ရှေ့က ရောက်လာခဲ့တဲ့ တပည့်ဂိုဏ်းသားတွေနဲ့ မင်း မတွေ့ခဲ့ဘူးလား”

မဟုတ်လျင် ထိုမျှ မပျော်သွားသင့်ပေ။ ထိုလူငယ်က သွေးများကို ပြန်မြိုချလျက် တစ်လုံးချင်း ပြောသည်။

“ ငါက အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်ပါ။ သူတို့ ရောက်လာတာကို ငါ မသိတာ ဖြစ်မှာပါ”

သူက ဆေးတစ်လုံးကို ထုတ်သောက်လိုက်ပြီးနောက် မတ်တပ်ထရပ်နိုင်သွားသည်။

“ ခေါင်းဆောင်က ငါ့ကို မှာထားတယ်။ ထိုက်ရိဂိုဏ်းက တစ်ယောက်ယောက် ရောက်လာခဲ့ရင် အရေးကြီးတဲ့ပစ္စည်းတစ်ခု ပေးရမယ်။ ဒါကြောင့် မင်း ခေါင်းဆောင်ရဲ့ ဂူထဲကို ငါ့နောက်ကတဆင့် လိုက်လာခဲ့ပါ”

လုယွီက ခေါင်းညိတ်သည်။ ထိုလူငယ်က ရှေ့မှ ဦးဆောင်ခေါ်သွား၏။ လမ်းတစ်လျှောက်လုံးတွင် အလောင်းများက စုပုံထပ်နေကာ မနှစ်မြို့ဖွယ် မြင်ကွင်းဖြစ်နေသည်။

လူငယ်က ဂူထဲသို့ဝင်တော့မည့်အချိန်တွင် လုယွီက တားလိုက်သည်။ လူငယ်က အံ့သြသွား၏။

“ ဘာဖြစ်လို့လဲ”

“ မင်း ငါ့ကို ချုံခိုတိုက်ခိုက်ဖို့ ပုန်းခိုင်းထားတဲ့ လူတွေကို ခေါ်ထုတ်လိုက်ပါ။ ဒီနေရာမှာ တိုက်ခိုက်လည်း အဆင်ပြေတယ်၊”

သူ၏ရှေ့မှ လူငယ်က မဟာငါးမန်းကလန်မှ မဟုတ်ပေ။

ထိုလူငယ်က ကောင်းကောင်းဖုံးကွယ်နိုင်သော်လည်း ရက်စက်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဖုံးမရပေ။ ထို့အပြင် ကလန်တစ်ခုလုံး အသတ်ခံရချိန်တွင် ထူးခြားစွာ တစ်ယောက်က ကျန်နေခြင်းက မဖြစ်နိုင်ပေ။

“ ရောက်လာခဲ့တဲ့ ပါရမီရှင်လို့ ခေါ်တဲ့ အမှိုက်တစ်သိုက်မှာ ဉာဏ်ရှိတဲ့သူ တစ်ယောက်က ပါလာသေးသားပဲ”

သူက လက်ခုပ်တီးလိုက်ချိန်တွင် အလားတူ ရက်စက်သည့် စိတ်ဆန္ဒများ ထုတ်လွှတ်နေသည့် လူတစ်အုပ်က ပေါ်လာသည်။ပတ်ဝန်းကျင်တွင် ချက်ချင်းလိုလို ငိုညည်းသံများ၊ ညည်းညူ အော်ဟစ်သံများကပြည့်နှက်လာသည်။

လုယွီက မျက်မှောင်ကြုတ်သည်။

“မင်းတို့က မိစ္ဆာအတတ်ကို လေ့ကျင့်ကြတာပဲ”

ဒါက တာဝန်မဟုတ်လျင်ပင် သည်ကိစ္စကို သူ လျစ်လျုူရှုလိမ့်မည် မဟုတ်ပေ။

“ သေရမယ့်ကောင်က စကားများလိုက်တာ”

ထိုလူငယ်က ပြောပြီးသည်နှင့် အချက်ပြလိုက်သည်။ သူ အပါအဝင် အခြားလူတိုင်းက တူညီသည့် မိစ္ဆာသိုင်းကို ထုတ်သုံးပြီး လုယွီကို တိုက်ခိုက်လာသည်။ လုယွီက အမူအယာ မပြောင်းဘဲ လက်ကိုသာ ရမ်းလိုက်သည်။

ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော ဆိုးယုတ်သည့် သိုင်းကွက်တိုင်းက လွင့်ပြယ်သွားသည်။ လုယွီက ပြောသည်။

“ ငါ့ကို ပြောစမ်း၊ ကျန်တဲ့ကောင်တွေ ဘယ်မှာလဲ”

အပိုင်း ၁၁၂၉

လက်တစ်ချက် မြောက်ရုံနှင့်တင် လုယွီက ထိုလူများထံမှ လာသည့် နတ်ဆိုးဝိဉာဉ်၏ အရှိန်အဝါ တစ်စွန်းတစ်စကို ခံစားမိလိုက်သည်။ ထိုနတ်ဆိုး၏ အဆင့်က ပါရမီရှင် သောင်းကျော်ကို သတ်ပြီးမှသာ ရောက်နိုင်သည့် အဆင့်ဖြစ်နေလေရာ ကျင့်ကြံထားခြင်းပင် ဖြစ်နိုင်သည်။

လုယွီက သတိထားမိလိုက်ပြီဆိုကတည်းက လျစ်လျုမရှုနိုင်တော့ပေ။

“ သေတော့မယ့် ကောင်ကများ”

တဖက်မှ အဖွဲ့က ကြောင်အသွားပြီသည်နှင့် ဒေါသထွက်သွားကြသည်။ သူတို့ရှေ့ရှိ ထိုက်ရိဂိုဏ်းသားက လူငယ်တစ်ယောက်မျှသာ ဖြစ်သည်။ ထိုဂိုဏ်းမှ လူတစ်ယောက်မက သူတို့သတ်ပြီးလေရာ လူငယ်တစ်ယောက်ကို ကြောက်နေလိမ့်မည် မဟုတ်ပေ။

သူတို့က အစွမ်းအထက်ဆုံး သိုင်းကွက်များကို ထုတ်ကာ လုယွီကို တိုက်ခိုက်လိုက်ကြသည်။ လုယွီက ယခင်လက်ကိုသာ မြောက်လျက် လက်သီးဖြင့် ထိုးသည်။ ထိုအားက တဖက်မှ တိုက်ကွက်တိုင်းကို ဖောက်လိုက်နိုင်သည့်အပြင် လူတိုင်း၏ ခေါင်းသို့ လက်သီးတစ်ချက်ဆီ ပို့လိုက်နိုင်လေသည်။

ပေါက်ကွဲသံ အနည်းငယ် ထွက်လာပြီးနောက် အားလုံး၏ ဒွာရ ခုနှစ်ပေါက်မှ သွေးများ စီးကျလာသည်။ လုယွီနှင့် ပထမဦးဆုံး တွေ့ခဲ့သည့် လူငယ်၏ အခြေအနေက ကောင်းသေးသည်။ သူက အဆောင်လက်ဖွဲ့ တစ်ခုကို လောင်ကျွမ်းစေကာ ထွက်ပြေးသည်။

သူက ဆယ်မိုင်အကွာရှိ တောအုပ်တစ်ခုသို့ ရောက်သွားသည်။

“ နတ်…. နတ်ဘုရားလား”

ထိုအနားတွင် အလုပ်လုပ်နေသည့် လယ်သမားတစ်ယောက်က ထိုလူငယ်အား မြင်ပြီး အံ့သြသွားသည်။ သူက သာမန်သေမျိုးမျှသာဖြစ်သည်။ လူတစ်ယောက်က ရုတ်တရက် အလင်းများ လက်လျက် ပေါ်လာခြင်းကို မြင်လိုက်ရလေရာ မင်သက်သွားတော့သည်။

“ ဆူလိုက်တာ”

လူငယ်က စိတ်တိုနေချိန် ဖြစ်သည်။ ထို့ကြောင့် မျက်မှောင်ကြုတ်လျက် စွမ်းအင်တစ်ချို့ကို ပစ်လွှတ်လိုက်သည်။ ဒါက သေမျိုးတစ်ယောက်ကို သတ်ရန် လုံလောက်သည်။

ထိုစွမ်းအင်က လယ်သမားထံသို့ မရောက်ခင် လမ်းတဝက်တွင် ဖြူဖျော့သော လက်တစ်ဖက်၏ ဟန့်တားခြင်းကို ခံရပြီး ပျောက်ပြယ်သွားသည်။

“ မင်းက ဘယ်ကို ပြေးတာလဲ”

ထို့နောက် လုယွီ ပေါ်လာသည်။

လုယွီက ထိုလူငယ်ထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ လုယွီကို မြင်သော် ထိုလူငယ် တောင့်တင်းသွားလေသည်။ သူက လုယွီကို လက်ညိုးထိုးလျက် ပြောသည်။

“ မဖြစ်နိုင်ဘူး၊ဒီအဆောင်က အရှိန်အဝါကို ဖုံးကွယ်ပေးပြီးသား ဒါကို မင်းက ဘယ်လိုဖြစ်လို့…”

ထိုအဆောင်လောက်က လုယွီ၏ အာရုံံခံမှုမှ မလွတ်နိုင်ပေ။ လုယွီက ရှေ့ဆက် တိုးလာကြောင်း မြင်သော် ထိုလူငယ်က ဒူးထောက်ကာ လက်အုပ်ချီသည်။

“ တောင်းပန်ပါတယ် အရှင်သခင်…. ငါ့… ငါ့ကို ခွင့်လွှတ်ပါ။ ငါ့အသက်ကို ချမ်းသာပေးပါ”

သို့သော် သူ၏ မျက်ဝန်းများတွင် ပုန်ကန်လိုသည့် အရိပ်အယောင်က လင်းလက်လာသည်။ သူ့ကိုသာ လွှတ်ပေးလိုက်လျင် နှစ်ဆခန့် ကလဲ့စားချေမည်ဟု တွေးထားသည်။

လုယွီက ဘာစကားမှမဆိုဘဲ လက်ရမ်းလျက် သတ်လိုက်သည်။ သူက မြို့မှ ထွက်လာသည့် သာမန်လူငယ်တစ်ယောက် မဟုတ်ပေ။ ထို့အပြင်တဖက်က မိစ္ဆာအတတ်ကို ကျင့်ကတည်းက အသက်ရှင်ခွင့်ပေးစရာ မရှိပေ။

အနက်ရောင်ဝတ်စုံနှင့် လူငယ် သေသွားပြီးနောက် လုယွီက စိတ်ဝိဉာဉ်ကို တိုက်ရိုက် ရှာဖွေလိုက်သည်။ တဝက်ခန့်ကို ရှာတွေ့ပြီးနောက် လူငယ်၏ ခေါင်းက ပေါက်ကွဲသွားလေသည်။

“ တားမြစ် စကားလုံး ကျိန်စာပဲလား”

လုယွီက တွေးသည်။ ယခင်တစ်ခေါက်ကလည်း အလားတူ ကိစ္စဖြစ်ခဲ့သည်။ ထိုအချိန်က နတ်ဆိုးကလည်း လက်အောက်ငယ်သားများထံတွင် အလားတူ ကျိန်စာကို သုံးထားခဲ့သည်။ထိုကဲ့သို့သော ကျိန်စာမျိုးက အဆင့်နိမ့် လောကမှ လူများမသိနိုင်ပေ။

“ ဒီတစ်ခေါက်က ဘယ်သူလဲ”

လုယွီက မျက်မှောင်ကြုတ်သည်။

အခြားတဖက်တွင်….

စုန့်ကျူရှူးဆိုသည့် ထိုက်ရိဂိုဏ်းသား တစ်ယောက်က ဓားပျံစီးလျက် မဟာငါးမန်းကလန်ထံသို့ ရောက်လာသည်။ ထိုအခါ သေဆုံးနေသည့် မိစ္ဆာအတတ်ကျင့်ကြံသူများ၏ အလောင်းကို မြင်လိုက်ရသည်။

“ သူတို့ သေကုန်ပြီလား”

သူက သည်တာဝန်ကို ယူခဲ့သော်လည်း အလွန်ထိတ်လန့်ခဲ့သည်။ ယခုမူ အားလုံး သေကုန်လေပြီ။

“ဂိုဏ်းတူ အစ်ကိုက သူတို့ကို သတ်လိုက်ပြီလား”

ရုတ်တရက် ထိုက်ရိဂိုဏ်းသား တစ်ဖွဲ့ ရောက်လာသည်။ သေဆုံးနေသည့် အလောင်းများကို မြင်ပြီး စုန့်ကျူရှူးက အားလုံးကို သတ်လိုက်သည်ဟု ထင်သွားသည်။

အပိုင်း ၁၁၃၀

စုန့်ကျူရှူးက ချောင်းအသာဟန့်လျက် ပြောသည်။

“ ဒါပေါ့ ငါ သတ်လိုက်တာပေါ့။ မိစ္ဆာအတတ် လေ့ကျင့်တဲ့ကောင်တွေ အကုန်သေသွားပြီ”

ထိုအခါ အခြားဂိုဏ်းသားများက အလောင်းများကို ကြည့်သည်။

“ ဂိုဏ်းတူ အစ်ကိုကြီးစုန့်က တော်လိုက်တာ”

“ ဟုတ်ပ၊ ငါတို့တော့ စိတ်အေးရပြီ”

ပတ်ဝန်းကျင်မှ ချီးကျူးသံများကြောင့် စုန့်ကျူရှူးက ခေါင်းမော့ကာ ပြောသည်။

“ ဒီကောင်တွေက သူခိုးအုပ်ပါပဲ။ ငါ့ရှေ့မှာ အိမ်မွေးခွေးလောက်ပဲ အဆင့်ရှိတယ်”

သူက ထိုသို့တည်ငြိမ်ပြသည့်အခါ အခြားသော တပည့်ဂိုဏ်းသားများက စိတ်အေးသွားကြသည်။ သည်တာဝန်က ခက်ခဲသည့်အတွက် သူတို့စိုးရိမ်ခဲ့ကြသည်။ ယခုမူ ထိုသို့စိုးရိမ်ရန် မလိုတော့ပေ။

“ဂိုဏ်းတူ အစ်မကြီးဖန်း ရောက်လာပြီ”

ကောင်းကင်တဖက်ခြမ်းမှ ဂိုဏ်းသားတစ်ဖွဲ့ ရောက်လာသည်။ ဦးဆောင်လာသူက ဖန်းရှီကျင်း ဖြစ်သည်။

ဖန်းရှီကျင်း ဝင်လာချိန်တွင် အလောင်းများကိုမြင်လိုက်ရပြီး အံ့သြသွားသည်။

“ မဟာငါးမန်ကလန်က အကုန် အသတ်ခံလိုက်ရပြီလား”

ဖန်းရှီကျင်း၏ မေးခွန်းကို ကြားသောအခါ တပည့်ဂိုဏ်းသားတစ်ယောက်က ဖြေသည်။

“ဂိုဏ်းတူအစ်မကြီးဖန်း၊ သူတို့ကို မိစ္ဆာအတတ် ကျင့်ကြံသူတွေက သတ်သွားခဲ့တာပါ။ ကံကောင်းစွာနဲ့ ဂိုဏ်းတူအစ်ကိုကြီးစုန့်က ရောက်လာခဲ့လို့ သတ်လိုက်နိုင်ပါတယ်”

ဖန်းရှီကျင်းက မျက်မှောင်ကြုတ်သည်။

“ နင် သတ်လိုက်တာလား”

သူမက အလောင်းများကို စစ်ပြီးလေပြီ။ စုန့်ကျူရှူးက ထိုလူများအား သတ်လိုက်နိုင်စရာ အကြောင်းမရှိပေ။ အားလုံးက သူ့ထက် အဆင့်မြင့်နေကြ၏။

စုန့်ကျူရှူးက မျက်မှောင်ကြုတ်ပြီး အေးစက်စွာ မေးသည်။

“ မင်းက ဘာကိုဆိုလိုတာလဲ။ ငါက မင်းကို လိမ်မယ်ထင်လား”

ထို့နောက် သူက အမူအယာ ပြောင်းပြီး မေးသည်။

“ မင်းက လော့ယင်မြို့ဝန်းကျင်မှာ လူတွေ အစောင့်ချပြီး သတင်းစုံစမ်းခိုင်းထားတာ အခြေအနေ ဘယ်လိုရှိလဲ”

ဖန်းရှီကျင်း၏ မျက်ဝန်းများက မှေးကျင်းသွားပြီး ခေါင်းခါသည်။

“ ငါတို့ အစောင့်တွေ ချထားတာ သူတို့ သိသွားပြီး ဆုတ်ခွာသွားကြတယ်”

စုန့်ကျူရှူးက အေးစက်စွာ ပြောသည်။

“ ဟမ့် ဒါက မင်း သတိလက်လွတ်ဖြစ်သွားလို့ပဲ။ ဒီတစ်ခါ ငါ ဦးဆောင်မယ်။မင်းသာ ငါတို့ကို နောက်ပြန်မဆွဲနဲ့”

သည်တာဝန်ကို ထျန်းကျန်းတောင်ထိပ်နှင့် ထိပေ့ရွှီတောင်ထိပ်တို့က တာဝန်ယူထားခြင်းဖြစ်သည်။

စုန့်ကျူရှူးနှင့် ဖန်းရှီကျင်းတို့က တောင်ထိပ်အသီးသီးတွင် ရာထူးအဆင့်တူကြသည်။ သို့သော် စုန့်ကျူရှူးက အမြဲလိုလို ဘဝင်လေဟပ်တတ်သဖြင့် မိန်းမတစ်ယောက်နှင့် အဆင့်တူခြင်းကို လက်မခံနိုင်ပေ။ ထို့အပြင် တာဝန်မှ ဆုလာဘ်က များပြားသည်။ သူက တဖက် တောင်ထိပ်နှင့် မခွဲဝေချင်ပေ။

စုန့်ကျူရှူးက ပြောသည်။

“ မင်းတို့အားလုံး အလောင်းတွေက ရတနာတွေ ယူကြ။ ဒါက ငါတို့ တောင်ထိပ်ရဲ့ လုပ်ဆောင်နိုင်မှုပဲ”

ဂိုဏ်းသားများက ပျော်သွားကြသည်။ ဖန်းရှီကျင်းက မျက်မှောင်ကြုတ်သည်။ သူမက တစ်စုံတစ်ရာ ပြောတော့မည့် အချိန်တွင် တံခါးမှ ဝင်လာသော လုယွီကို မြင်လိုက်ရလေသည်။

“ ဖန်းယွန် နင်လည်း အတွင်းစည်း တပည့်ဂိုဏ်းသား ဖြစ်သွားပြီလား”

လုယွီ၏ လုပ်နိုင်စွမ်းကို မြင်ခဲ့ရပြီးဖြစ်သဖြင့် သူ အတွင်းစည်း တပည့်ဂိုဏ်းသား ဖြစ်သွားခြင်းက အံ့သြစရာ မရှိပေ။

လုယွီက မျက်မှောင်ကြုတ်သည်။

“ မင်းက ဒီတာဝန်ကို ယူခဲ့တာပဲလား”

အကြီးအကဲ ထျန်းရှင်းကိုယ်တိုင် သူ့အား တာဝန်ပေးခဲ့ခြင်းဖြစ်ရာ အခြားသူများ ရှိမနေသင့်တော့ပေ။

All Chapters