← Chapters

အခန်း (၁၁၃၁-၁၁၃၅)

Vol. 60 Ch. 1131-1135

အခန်း (၁၁၃၁-၁၁၃၅)

Vol. 60 Ch. 1131-1135

အပိုင်း ၁၁၃၁

ဖန်းရှီကျင်းက မျက်မှောင်ကြုတ်သည်။

“ မဟုတ်သေးဘူး မောင်ငယ်လေး နင်လည်း ဒီတာဝန်ယူခဲ့တာလား”

ထိုတာဝန်အား သူမတို့တောင်ထိပ်က ပထမဦးဆုံး ယူခဲ့ခြင်းဖြစ်သည်။

စုန့်ကျူရှူးက ရှေ့တက်ကာ ပြောသည်။

“ မင်းက ဘယ်သူလဲ၊ ဘယ်တောင်ထိပ်ကလဲ”

“ စွန်းတောင်ထိပ် ၊ဖန်းယွန်”

လုယွီက အကြီးအကဲထျန်းရှင်းပေးခဲ့သည့် စာလိပ်ကိုလည်း ပြလိုက်သည်။

စုန့်ကျူရှူးက မျက်မှောင်ကြုတ်သည်။

“ မစ်ရှင်ဌာနက လူတွေက တကယ် ယုတ်မာလာကြတာပဲ။ တူညီတဲ့ မစ်ရှင်းကို လူတိုင်းကို လိုက်ပေးနေတယ်”

ပုံမှန်အတိုင်းဆိုလျင် မစ်ရှင်းကို လက်ခံသည့်သူများ ရှိပြီးသည်နှင့် ပျောက်ကွယ်သွားရမည်ဖြစ်သည်။ထိုသို့ဆိုလျင် တူညီသည့် မစ်ရှင်းကို အတူ လုပ်မိပြီး အငြင်းပွားခြင်းများြ ဖစ်လာတော့မည် မဟုတ်ပေ။

ဖန်းရီကျင်းက မေးသည်။

“ ဂိုဏ်းတူ မောင်ငယ်လေးဖန်း နင်နဲ့ အတူလာတဲ့ ဂိုဏ်းသားတွေက ဘယ်မှာလဲ”

လုယွီက ခေါင်းခါသည်။

“ ငါ တစ်ယောက်တည်းပဲ”

အခြားဂိုဏ်းသားများက ရယ်ကြတော့သည်။ပုံမှန်ဆိုလျင် တာဝန်က ခက်ခဲသဖြင့် လူအုပ်ဖြင့်သာ လွှတ်လေ့ရှိသည်။ ယခုမူ ထိုဂိုဏ်းသားက တစ်ယောက်တည်း ရောက်လာသည်။

စုန့်ကျူရှူးက စိတ်မရှည်ဟန်ဖြင့် ပြောသည်။

“ မင်း ငါတို့နောက်ကို လိုက်နိုင်တယ်။ ဝင်တော့ မစွက်ဖက်နဲ့။ “

ထို့နောက် သူက ဖန်းရှီကျင်း၏ အနောက်မှ ဂိုဏ်းသားများကို လက်ညိုးထိုးကာ ပြောသည်။

“ မင်းတို့လည်း အတူတူပဲ”

ဖန်းရှီကျင်းက မျက်မှောင်ကြုတ်သည်။

“ နင် ဘာကိုဆိုလိုတာလဲ”

“ ဘာကို ဆိုလိုရမှာလဲ။ မင်းတို့က နောက်မှ ရောက်လာတာ။ ငါက ဒီလူတွေကိုသတ်ထားတာ။ ဒါကို မင်းတို့က အခွင့်ကောင်းယူလို့ ရမတဲ့လား”

လုယွီက စကားကို ကြားဖြတ်ကာ မေးသည်။

“ ဒီလိုဆိုရင် ကျန်တဲ့ မိစ္ဆာအတတ် ကျင့်ကြံသူတွေ ဘယ်နေရာမှာလဲဆိုတာ မင်း သိလား”

သူ၏ ခံစားချက်အရ သည်တစ်နေရာတည်း မဟုတ်နိုင်ဟု အလိုလို သိနေသည်။

စုန့်ကျူရှူးက ပြုံးသည်။

“ သေချာတာပေါ့။ ငါတို့တောင်ထိပ်က စုံစမ်းခဲ့ပြီးသား။ “

သူက မြေပုံ ထုတ်ပြသည်။

“ ဒီနေရာကို တွေ့လား။ ဒီနေရာမှာ ညတိုင်းလိုလို သူတို့ ဆုံနေကြပဲ။ အခုဆိုရင် မဟာငါးမန်းကလန်ကို သူတို့ရှင်းပြီးပြီဆိုတော့ ဒီနေရာကို ပြန်လာတဲ့အခါ သူတို့သတိလျော့ထားလိမ့်မယ်။ ငါတို့က အလစ်ဝင်ပြီး အပြတ်ရှင်းရမယ်”

သူ၏ အကြံကို အခြားဂိုဏ်းသားများက သဘောတူကြသည်။ ထို့နောက် တောင်တန်း တောအုပ်ထဲသို့ ထွက်ခွာခဲ့ကြသည်။ ထိုပတ်ဝန်းကျင်တွင် မည်သည့်သက်ရှိ၏ အရှိန်အဝါကိုမျှ မခံစားရချေ။

“ ဒါက ငါ့ဆရာကိုယ်တိုင် ပြင်ဆင်ပေးလိုက်တဲ့ အရှိန်အဝါကို ဖုံးကွယ်နိုင်တဲ့ ဝင်္ကပါပဲ”

ထိုသို့ပြောပြီးနောက် စုန့်ကျူရှူးက ဝင်္ကပါကို ထုတ်သုံးပြီး လူအုပ်ကို ကာကွယ်သည်။ ပတ်ဝန်းကျင်တွင် လေအေးများ တိုက်ခတ်လာကာ အဖြူရောင် မြူထုက လူအုပ်ကို လွှမ်းခြုံလာသည်။

လုယွီက ခေါင်းခါသည်။ ထိုကဲ့သို့သော အရာကိုဝင်္ကပါဟုပင် မဆိုသင့်ပေ။

သူ၏ ခေါင်းခါခြင်းကိုမြင်သွားသည့် စုန့်ကျူရှူးက ပြောသည်။

“ ဒါက ဘာအမူအယာလဲ မင်းက ငါ့ကို သံသယဝင်တာလား”

လုယွီက ပြောသည်။

“ငါ့အထင် မင်းတို့ လုံခြုံအောင် သစ်ပင်ကြီးကြီး ရှာပြီး ပုန်းသင့်တယ်။ ဒါက သဘာ၀ အကာအကွယ်လောက် မလုံခြုံဘူး”

“ ဟား ဒီဝင်္ကပါကို ငါ့ဆရာကိုယ်တိုင် ပြင်ဆင်ပေးခဲ့တာပဲ။ ဒါကို မင်းက အထင်သေးတာလား။ မင်း ဘာမှ နားမလည်ရင် ပါးစပ်ပိတ်နေတာ အကောင်းဆုံးပဲ”

အပိုင်း ၁၁၃၂

လုယွီကသက်ပြင်းချကာ မတ်တပ်ထရပ်သည်။ ဖန်းရှီကျင်းက ပြောသည်။

“ ဂိုဏ်းတူ မောင်ငယ်လေး ဖန်းက ဘယ်သွားမလို့လဲ”

“ ဒီနားဝန်းကျင်း လမ်းလျှောက်မလို့ပါ”

လုယွီက ခပ်အေးအေး ပြောသည်။

သည်ဝင်္ကပါတွင် ဟာကွက်များ ပြည့်နေလေရာ သစ်ပင်တစ်ပင် ရှာပြီး နေခြင်းက ပိုမိုလုံခြုံနိုင်လေသည်။ ဝင်္ကပါက ညလင်းပုလဲလို ဖြစ်နေသဖြင့် မိစ္ဆာအတတ် ကျင့်ကြံသူများက ရှာမတွေ့မှသာ ထူးဆန်းနေပေလိမ့်မည်။

လုယွီ ထွက်သွားပြီးနောက် စုန့်ကျူရှူးက ထိုသို့မတွေးပေ။

“ ဒီကောင်က ကြောက်လို့ ကြွက်လို ထွက်ပြေးသွားတာ ဖြစ်ရမယ်။ ပြေးပါစေ ဟားဟား”

အခြားတပည့်ဂိုဏ်းသားများကလည်း ရယ်ကြသည်။

ဝင်္ကပါ၏ အပြင်ဘက်တွင်…

လုယွီက တောင်တောအုပ်သို့ ခြေချလိုက်သည်နှင့် စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ လုယွီ၏ မြင်ကွင်းတွင် သည်နေရာတစ်ခုလုံးကို သုံးဖက်မြင် မြင်ကွင်းပုံစံဖြင့်မြင်လိုက်ရသည်။

သို့သော် တခဏခန့် ကြာပြီးသည်နှင့် လုယွီ၏ရှေ့ဝန်းကျင်တွင် မိစ္ဆာအလင်း လက်လာသည်။ လုယွီက ထိုနေရာသို့ လိုက်သွားလိုက်သည့်အခါ ဂူတစ်ဂူကိုမြင်လိုက်ရလေသည်။

ဂူအပြင်သို့ ရောက်ချိန်တွင် ကျင့်ကြံသူများ၏ အလောင်းများကို မြင်လိုက်ရသဖြင့် လုယွီပင် အံ့သြသွားသည်။ အခြေအနေအရ သေပြီးသည်မှာ မကြာလောက်သေးပေ။

“ ငါ့ထက်အရင် ရောက်နေတဲ့သူတွေ ရှိနေတာပဲ”

လုယွီက အတွင်းသို့ ဆက်ဝင်လိုက်သည်။ အပြင်မှ မြင်ရသည်ထက် အတွင်းဘက်က ပိုကျယ်သည်။

နံရံများတွင် လူလုပ်ကျောက်သားရုပ်ပုံများကို မြင်ရသည့်အပြင် နတ်ဆိုးလမ်းစဉ်၏ သင်္ကေတ စာသားများကိုလည်းမြင်ရသည်။

“ တစ်ယောက်ယောက်က ဒီနေရာမှာ တစ်ခုခုကို စတေးချင်နေတာလား”

လုယွီလည်း အသင့်အနေအထားဖြစ်သွားသည်။

ထိုသို့စတေးရန်အတွက် မိစ္ဆာအတတ်အား အနည်းဆုံး ဆယ်နှစ်ခန့် လေ့ကျင့်ထားမှ ရပေလိမ့်မည်။ အတွင်းသို့ဝင်လေလေ တွေ့ရသည့် အလောင်းက များလေလေဖြစ်သည်။ အနက်ရှိုင်းဆုံးအပိုင်းတွင် အရိုးဖြူယစ်ပုလ္လင်ကို မြင်လိုက်ရလေသည်။

ထိုယစ်ပုလ္လင်ပေါ်တွင် အထက်သို့ လှိုင်တက်နေသည့် မိစ္ဆာစွမ်းအင်များကိုပင် မြင်ရသည်။ ထိုအပေါ်တွင်လည်း သတ်လတ်ပိုင်းလူတစ်ယောက်က ကျောပေးလျက် လှဲနေသည်။ သူ၏ ကိုယ်ထဲသို့ မိစ္ဆာစွမ်းအင်များက ဝင်ရောက်နေ၏။

“ ဒီလူကို စတေးမှာလား”

လုယွီက အနားတိုးကပ်သွားလိုက်သည်။ထိုအခါ ယစ်ပုလ္လင်ပေါ်မှ လူက မျက်လုံးဖွင့်လာသည်။ သူက ပင်ပန်းစွာ ပြော၏။

“ လူငယ်တစ်ယောက် ဖြစ်နေတာပဲ။ ကောင်လေး ဒါက ငါ့အတွက် ပြင်ထားတဲ့ ထောင်ခြောက်ပဲ။ မင်းကတော့ မြန်မြန် ထွက်သွားပါတော့”

“ အပြင်က လူတွေကို သတ်ခဲ့တာ ခင်များလား”

ထိုသူက အဆင့်လွန်အဆင့်ဖြစ်ကြောင်း လုယွီ မြင်နိုင်သည်။ ထို့အပြင် ထိုလူက သာမန်အဆင့်လွန်အဆင့် မဟုတ်ပေ။ သာမန်အဆင့်လွန်အဆင့်ဆိုလျင် နံရံပေါ်မှ သင်္ကေတများနှင့် ဂူတစ်ခုလုံးမှ ဆိုးယုတ်သည့် စွမ်းအင်များ၏ ဒဏ်ကို မခံနိုင်ဘဲ သေသွားလောက်လေပြီ။

သို့သော် ထိုလူက အသက်ရှင်နေသေး၏။

“ ကောင်လေး မင်းက…”

လုယွီက ပြောသည်။

“ ဒါကို ဖယ်ရှားဖို့က မခက်ပါဘူး။ ဒီယစ်ပုလ္လင်ကို ဘယ်သူ စီရင်ထားလဲ အရင် ကြည့်ရအောင်”

ထိုသို့ပြောပြီးနောက် လုယွီက ယစ်ပုလ္လင်ကို ခြေထောက်ဖြင့် ဆောင့်ကန်သည်။

အပိုင်း ၁၁၃၃

ထိုအရိုးဖြူ ယစ်ပုလ္လင်က မာကျောသော်လည်း လုယွီက ဆောင့်ကန်ချိန်တွင် အက်ကွဲရာများ ပေါ်လာလေသည်။ အက်ရာများမှတဆင့် ဖျော့တော့သည့် အမှောင်ဝင်သက်စွမ်းအင်က ထွက်ပေါ်လာပြီး လေထုကို အက်ကွဲလာစေ၏။

သက်လတ်ပိုင်းလူက အခြေအနေကိုမြင်ပြီး ပြောလာသည်။

“အထဲမှာ အရမ်းစွမ်းအားကြီးမားတဲ့ တစ္ဆေကောင်ကြီးရှိတယ်။ မင်း သတိလက်လွတ် မလုပ်သင့်ဘူး”

သူက နောင်တရနေလေပြီ။ သူက လုယွီကို ဖျောင်းဖျပြီး ထွက်သွားခိုင်းသင့်သည်။သည်နည်းအားဖြင့် အခြားလူများကို သတိပေးနိုင်၏။ သူကဲ့သို့ အဆင့်လွန်အဆင့်ပင် ဘာမှမတတ်နိုင်ဘဲ သည်နေရာတွင် လှဲနေရကတည်းက ထိုတစ္ဆေကောင်၏ စွမ်းအားကို သိနိုင်သည်။

လေထုက အေးစက်သထက် အေးစက်လာသည်။

“ ဘယ်သူက ကန်းပြီး ရောက်လာခဲ့တာလဲ”

ဂူအတွင်း တစ္ဆေတစ်ကောင်၏ ခြောက်ခြားဖွယ် ရယ်သံကြီးက ပဲ့တင်ထပ်လာသည်။ ဂူအတွင်းတွင် တိုက်ခတ်နေသည့် လေထုကပင် ခြောက်ခြားဖွယ် ကောင်းလာ၏။ထို့နောက် တစ္ဆေပုံရိပ်တစ်ခု ပေါ်လာသည်။

“ မင်းက ဘာကြောင်နေတာလဲ၊ မြန်မြန် ထွက်ပြေးတော့”

သက်လတ်ပိုင်းလူက လုယွီကို ပြောသည်။ သို့သော် လုယွီက မလှုပ်ပေ။

လုယွီက ထိုတစ္ဆေကောင်ကို ကြည့်လျက် ပြောသည်။

“ စိတ်ဝိဉာဉ်တောင် အပြည့်အဝမရှိတဲ့ တစ္ဆေတစ်ကောင်က ငါ့ရှေ့မှာ ပေါ်လာရဲတယ်လား”

လုယွီက လက်ဖဝါးကို ဖြန့်လိုက်ချိန်တွင် ရှေးဆန်သည့် သင်္ကေတ တစ်ခုက ပေါ်လာသည်။ ထိုသင်္ကေတ၏ အထက်တွင် အနက်ရောင် နဂါးတစ်ကောင် ပေါ်လာပြီး ဟိန်းဟောက်တော့၏။

“ သတ်စမ်း”

ထိုအခါ သင်္ကေတက အသက်ဝင်လာသည့်အလား ရွှေရောင် အလင်းကို ထုတ်လွှတ်လာသည်။ ထိုအလင်း စွမ်းအားများက တစ္ဆေ၏ စွမ်းအားများကို ဖိနှိပ်သည်။

“ ဒါက ဘာလဲ.. အား.. မဟုတ်ဘူး။ မင်းက …အား ဧကရာဇ် … အရှင်မင်းကြီး ကျွန်တော့်ကို ချမ်းသာပေးပါ”

ထိုစွမ်းအားက ဘာဆိုသည်နှင့် လုယွီက မည်သူ ဆိုသည်အား ထိုတစ္ဆေက နားလည်သွားပြီး အသနားခံတော့သည်။ သူ၏ စိတ်ဝိဉာဉ်တစ်ခုလုံးက တုန်ခါကာ အော်ဟစ်ညည်းညူ၏။

လုယွီက ဂရုမစိုက်ဘဲ တစ္ဆေ၏ခေါင်းကို ဆွဲကိုင်ကာ မှတ်ဉာဏ်များကို စီးဝင်လာစေလိုက်သည်။ သို့သော် တဝက်နှင့်တင် ရပ်သွား၏။

“ မင်းက နွားခေါင်းတစ္ဆေနဲ့ တွေ့ခဲ့တာပဲ”

လုယွီက ရယ်သည်။ သို့သော် သူ သည်နေရာသို့ ရောက်လာမည်ဟု မထင်ထားခြင်းက တဖက်သူ ညံ့သွားသည့် အချက်ဖြစ်သည်။

စိတ်ဝိဉာဉ်က ပေါက်ကွဲသွားပြီးနောက် ကျန်ရှိသည့် စိတ်ဝိဉာဉ်တစ်ဝက်က ထွက်ပြေးသွားသည်။လုယွီက လေထဲတွင် လိုက်ဖမ်းဆိုသည့် စာလုံးကို ရေးဆွဲလိုက်ယုံမျှဖြင့် ဂူအပြင်ဘက်မှ ပေါက်ကွဲသံ ထွက်လာသည်။

ထို့နောက် ထွက်ပြေးသွားသည့် စိတ်ဝိဉာဉ်ကလည်း သေဆုံးသွားတော့သည်။

သက်လတ်ပိုင်းလူကမူ အဖြစ်အပျက်ကို မယုံနိုင်သေးချေ။ သူ၏ရှေ့ရှိ တစ္ဆေက မည်မျှစွမ်းအားကြီးကြောင်း သူ သိသည်။ သို့သော် လူငယ်လေး တစ်ယောက်က သတ်လိုက်နိုင်၏။

“ မင်းက ဘယ်သူလဲ”

လုယွီက ထိုလူ၏ မျက်ခုံးကြားသို့ တို့သည်။

“ ခင်များ ဒီကိစ္စကို ဘယ်သူ့ကိုမှ ပြန်ပြောခွင့်မရှိဘူး”

ထိုလူကလည်း ကန့်သတ်ချက်စွမ်းအားကို ခံစားမိသည်။ သူက ချက်ချင်း ပြော၏။

“ စိတ်ချပါ ငါ လုံး၀ မပြောပါဘူး”

သူက စွမ်းအားအနည်းငယ် ပြန်ပြည့်သွားပြီးနောက် ထနိုင်သွားသည်။ သူက လုယွီကို ကြည့်၏။

“ ကျေးဇူးရှင် ငါ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပါဘူး။ကျေးဇူးပြုပြီး မင်းရဲ့ ဂိုဏ်းနဲ့ နေရာကို ပြောပြနိုင်မလား။ ငါ ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ချင်လို့ပါ”

လုယွီက ခေါင်းခါသည်။

“ မလိုဘူး”

အပိုင်း ၁၁၃၄

လုယွီက ထွက်သွားပြီး အချိန်အတန်ကြာမှသာ သက်လတ်ပိုင်းလူက ပြန်လည်သက်သာသွားသည်။ သူက ဂူထဲမှ ထွက်လိုက်ပြီးနောက် အဆောင်လက်ဖွဲ့ကို လောင်ကျွမ်းသွားစေလိုက်သည်။ ထိုအခိုက် အနက်ရောင် မီးခိုးများ ပေါ်လာပြီး ကောင်းကင်သို့ တက်သွားသည်။

တခဏခန့်ကြာပြီးနောက် ပုံရိပ်အချို့ ပေါ်လာကာ သူ့အားမြင်သည်နှင့် ဂါရဝပြုကြသည်။

“ ဘိုးဘေး”

ထိုလူများထဲမှ တစ်ယောက်က သားမွှေးအပေါ်ဝတ်ရုံကို ထုတ်ပေးလျက် ထိုလူ၏ ကိုယ်ပေါ် လွှမ်းခြုံပေးသည်။ အနားမှ လူများ၏ ခစားမှုဖြင့် သူ၏ အနေအထားက အလွန်မြင့်မြတ်ဟန် ပြောင်းသွားသည်။ သူက နှင်းပျံဂိုဏ်းမှ ခေါင်းဆောင် လုထျန်းအန်းဖြစ်သည်။

မဟာငါးမန်းကလန်က ထိုက်ရိဂိုဏ်းကို အကြောင်းကြားကာ အကူအညီတောင်းခံခဲ့သည့်အပြင် နှင်းပျံဂိုဏ်းကိုလည်း အကူအညီတောင်းခဲ့သည်။ ထို့ကြောင့် ဂိုဏ်းက တပည့်ဂိုဏ်းသားများ စေလွှတ်ခဲ့သည်။

သို့သော် အားလုံး အသတ်ခံခဲ့ရလေသည်။ လုထျန်းအန်းက အလွန် ဒေါသထွက်ပြီး ကိုယ်တိုင် နေရာစုံစမ်းကာ လိုက်လာခဲ့ပြီး မိစ္ဆာအတတ် ကျင့်ကြံသူများစွာ သတ်ဖြတ်ခဲ့သည်။ မမျော်လင့်ထားသည်မှာ ဒါက ထောင်ခြောက်ဖြစ်နေပြီး သူပင် ဒုက္ခရောက်ခဲ့ရသည်။

“ အဲဒိကောင်လေးက ထိုက်ရိဂိုဏ်း ဝတ်စုံဝတ်ထားတယ်။ သူတို့ဆီမှာဒီလောက် စွမ်းအားကြီးတဲ့သူ ရှိနေမယ် မထင်ထားဘူး”

လုထျန်းအန်းက ရေရွတ်သည်။

ထို့နောက် သူက တောင်တောအုပ်ဘက်သို့ စိုက်ကြည့်ကာ ပြောသည်။

“ လူလွှတ်ပြီး အဲဒီက မိစ္ဆာကောင်တိုင်းကို ရှင်းလိုက်”

….

စုန့်ကျူရှူးတို့က အချိန်အတန်ကြာစောင့်ဆိုင်းနေသော်လည်း မိစ္ဆာအတတ် ကျင့်ကြံသူများက ရောက်မလာကြပေ။ထို့ကြောင့် စုန့်ကျူရှုူးက ပြောသည်။

“ မင်း ရထားတဲ့ သတင်းက မှန်ရဲ့လား”

တပည့်ဂိုဏ်းသားတစ်ယောက်က အလျင်အမြန်ဖြေသည်။

“ ကျွန်တော် စုံစမ်းထားတဲ့အတိုင်းဆိုရင် သူတို့ဒီနေရာမှာ ညတိုင်းစုဝေးကြပါတယ်”

စုန့်ကျူရှူးက ပြောသည်။

“ မဟုတ်လို့ကတော့ မင်းအပြစ်ပေးခံရမယ်”

ထိုတပည့်ဂိုဏ်းသားက တုန်ယင်သွားလေသည်။

ရုတ်တရက် ခြေလှမ်းသံများကို ကြားလိုက်ရလေသည်။ စုန့်ကျူရှူးက စိတ်လှုပ်ရှားစွာ ပြောသည်။

“ သူတို့က ငါတို့ အကွက်ထဲဝင်လာပြီ”

သို့သော် လူအုပ်၏ အနောက်မှ အော်သံကြားလိုက်ရသည်။ အားလုံး လှည့်ကြည့်လိုက်သည့်အခါ တပည့်ဂိုဏ်းသားတစ်ယောက်က သေဆုံးသွားပြီဖြစ်ကြောင်း မြင်လိုက်ရလေသည်။ ပတ်ဝန်းကျင်အနှံ့မှ မိစ္ဆာအတတ် ကျင့်ကြံသူများ ဝိုင်းကာ ရောက်လာခြင်းဖြစ်လေရာ သူတို့ကသာ အဝိုင်းခံရသည့် အခြေအနေသို့ ရောက်သွားသည်။

စုန့်ကျူရှူးက နားမလည်နိုင်တော့ပေ။

“ မဟုတ်သေးဘူး။ ငါတို့က ဝင်္ကပါထဲမှာရှိနေတာပဲ၊ မင်းတို့က ဘယ်လိုမြင်နိုင်တာလဲ”

မိစ္ဆာအတတ် ကျင့်ကြံသူ တစ်ယောက်က ပြောသည်။

“ သောက်ကျိုးနည်း ဝင်္ကပါက ငါတို့ ကန်းနေရင်တောင် မြင်နိုင်အောင် တောက်ပနေတယ် ဟားဟား”

ထိုဝင်္ကပါကို စုန့်ကျူရှူး၏ ဆရာကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်သည်။ သည်တစ်ခေါက်မှ ရမည့် အလွန်များသည့် ဆုကြေးများကြောင့်သာ မဟုတ်လျင် သူ ထုတ်သုံးလိမ့်မည် မဟုတ်ပေ။ သူက ဒေါသထွက်သွားပြီး ဓားရှည်ကို ထုတ်ကာ တိုက်ခိုက်တော့သည်။

တဖက်က ကျင့်ကြံသူက ဓားချီများပစ်လွှတ်သော်လည်း သူက အသာရှောင်တိမ်းလိုက်နိုင်သည်။

“ ဂိုဏ်းတူ အစ်ကိုကြီး သူ့ကို ရှင်းလိုက်တော့”

စုန့်ကျူရှူးက အသာစီးရနေကြောင်းမြင်သောအခါ ဂိုဏ်းသားများက အားပေးကြသည်။ စုန့်ကျူရှူုးလည်း အားတက်သွားသည်။

“ ဟင်း ငါ မင်းတို့အားလုံးကို ရှင်းပြမယ်”

တဖက်မှ ကျင့်ကြံသူက နှာခေါင်းရှုံ့သည်။

“ မင်းတို့ တတ်နိုင်တာ ဒါပဲလား”

အပိုင်း ၁၁၃၅

မိစ္ဆာကျင့်ကြံသူ တစ်ယောက်ထံမှ အလှောင်ခံလိုက်ရသဖြင့် စုန့်ကျူရှူးက ဒေါသထွက်သွားသည်။

“ မင်း ဘယ်ကို ရှောင်မလဲ ကြည့်မယ်”

ထိုသို့ပြောပြီးနောက်စုန့်ကျူရှူးက ဓားကို တဖန် မြောက်လိုက်ပြန်သည်။ သူ၏ ကိုယ်ကို ဝိုင်းပတ်လျက် ဓားချီပေါင်းများစွာ ထွက်ပေါ်လာသည်။

ထိုဓားချီများက ပြင်းထန်သည့် လေပြင်းကိုသယ်ဆောင်လျက် မိစ္ဆာအတတ် ကျင့်ကြံသူ တစ်ယောက်ထံ တိုးဝင်သွားလေသည်။ ထိုသူက တိုးကပ်လာသည့် ဓားချီများကို ဂရုပင်မစိုက်ဘဲ ပုဆိန် နှစ်လက်ကိုသာ ထုတ်ဖော်လိုက်သည်။

ထိုပုဆိန်များက လေထဲသို့ တိုးတက်သွားပြီး ဓားချီများနှင့် ထိပ်တိုက်ဆုံမိသည်။ထိုအချိန်မှာပင် ဓားချီများက ပေါက်ကွဲထွက်ကုန်၏။စုန့်ကျူရှူးလည်း အံ့သြသွားသည်။

“ မဖြစ်နိုင်တာ မင်းက ဘာလို့ ဒီလောက် စွမ်းအားကြီးနေတာလဲ”

“ဂိုဏ်းတူ အစ်ကိုကြီး အစ်ကိုကြီး အရင် မိစ္ဆာအတတ်ကျင့်ကြံသူတွေကိုသတ်ခဲ့တာ မဟုတ်လား။ အစ်ကိုကြီးရဲ့ စွမ်းအားအကုန် ထုတ်လိုက်ပါတော့”

နောက်ဘက်မှ ဂိုဏ်းသားများက အော်ကြသည်။

“ မဟာငါးမန်း ကလန်ကို လွှတ်ထားတဲ့ ကောင်တွေဆီက သတင်းမကြားဘူး ထင်နေတာ။ မင်းလို အမှိုက်ကောင်ဆီကနေ အရှင်းခံလိုက်ရတာ ဖြစ်နေတာပဲ”

မတိုင်မီက စုန့်ကျူရှူးနှင့် တိုက်ခိုက်ခဲ့သူက ပြောသည်။

ရုတ်တရက် ထိုသူ၏ ပုဆိန်မှ စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သူပင် မခုခံနိုင်ဟု စုန့်ကျူရှူး ခံစားလိုက်ရသည်။

“ ငါ မင်းကို သတ်ပြီး ခြေလက်တွေကို တစ်ဖက်ချင်း ဝါးစားမယ်”

ထိုလူက လျှာကိုသပ်လိုက်သည်။ သူ၏ မျက်နှာတွင် ရက်စက်သော အပြုံးက ပေါ်လာသည်။

စုန့်ကျူရှူးက တုန်ယင်သွားပြီး နောက်လှည့်ပြေးသည်။ သို့သော် ချက်ချင်းလိုလို အဝိုင်းခံလိုက်ရပြန်သည်။

“ မင်း ပြေးလို့လွတ်မယ် ထင်လား။ မင်းက ငါ့ညီအစ်ကိုတွေကိုသတ်ရဲမှတော့ မင်းလည်း သေရဲရမယ်”

“ မင်း ငါနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ရဲလား”

စုန့်ကျူရှူးက သွေးရူးသွေးတမ်း အော်သည်။

သို့သော် သူ့အား တဖက်မှ တုန့်ပြန်သည်က ပုခုံးပေါ် ရောက်လာသော ပုဆိန်တစ်ဖက်ဖြစ်သည်။ပခုံးက အခုတ်ခံရပြီး ချက်ချင်းလိုလို သွေးများစီးကျလာကာ

သူ သေရတော့မည် ထင်သည်။ သူက ထိုလူများကိုသာ မသတ်ခဲ့ဘဲ အထင်ကြီးခံချင်ရုံမျှဖြင့် သတ်ခဲ့သည်ဟု ဝန်ခံခဲ့သည်။ထို့ကြောင့် အကျိုးဆက်ကို သူ ခံစားရတော့မည် ထင်သည်။

ထိုအချိန်တွင် လေပြင်းများ တိုက်ခတ်လာပြီး လူအချို့ ရောက်လာသည်။ ထိုလူများကို မြင်သည်နှင့် မိစ္ဆာအတတ် ကျင့်ကြံသူများက အလန့်တကြား ရေရွတ်ကြသည်။

“ စိတ်ဝိဉာဉ် အဆင့်ပဲ”

သူတို့က ထွက်ပြေးရန် ပြင်ကြသည်။ သူတို့က အတွင်းစည်းတပည့်ဂိုဏ်းသားများကို လိုသလို တိုက်ခိုက်နိုင်သော်လည်း အကြီးအကဲ များကမူ မတူပေ။ ရောက်လာသူများက နှင်းပျံဂိုဏ်းမှ ဖြစ်သည်။

ထိုသို့ဖြင့် ရက်စက်သည့် သတ်ပွဲက ဖြစ်ပွားသည်။ မိစ္ဆာအတတ် ကျင့်ကြံသူများက ပြန်လည် တိုက်ခိုက်နိုင်ခြင်းပင် မရှိဘဲ သတ်ဖြတ်ခံရသည်။

ဖန်းရှီကျင်းက အော်သည်။

“ သူတို့က နှင်းပျံဂိုဏ်းက အကြီးအကဲတွေပဲ”

ထိုအခါ ဂိုဏ်းသား အားလုံး ပျော်သွားကြသည်။ သိပ်မကြာခင်မှာတင် မိစ္ဆာအတတ် ကျင့်ကြံသူအားလုံးကို အကုန်ရှင်းလိုက်နိုင်သည်။ မိစ္ဆာအတတ် ကျင့်ကြံသူများကို ရှင်းလင်းပြီးသည်နှင့် ထိုလူများက ဘာစကားမှ မဆိုဘဲ ထွက်သွားကြသည်။

ထိုက်ရိဂိုဏ်းမှ တပည့်ဂိုဏ်းသားများလည်း မောပန်းစွာ မြေသို့ ထိုင်ချမိတော့သည်။ထိုအချိန်တွင် လုယွီက သစ်ပင်များ၏ အနောက်မှ ပေါ်လာသည်။

လုယွီကို မြင်သည်နှင့် စုန့်ကျူရှူးက ဒေါသတကြီး အော်သည်။

“ သစ္စာဖောက်ကောင်”

All Chapters