← Chapters

အခန်း (၁၁၄၁-၁၁၄၅)

Vol. 60 Ch. 1141-1145

အခန်း (၁၁၄၁-၁၁၄၅)

Vol. 60 Ch. 1141-1145

အပိုင်း ၁၁၄၁

ထိုအချိန်တွင် ကောင်တာတွင် အလုပ်ရှုပ်နေခဲ့သော တပည့်ဂိုဏ်းသားက အသံကြောင့် မော့ကြည့်ပြီး အံ့ဩသွားရသည်။ လုယွီက ခရမ်းရောင် အလင်းလက်နေသည့် စာရွက်တစ်ခုကို ကိုင်ထားကြောင်း မြင်လိုက်ရသည်။

“မင်းက အရူးလား”

ကွေ့ခယ့်ရှီက ဒေါသတကြီးအော်သည်။

“ငါ မင်း လုပ်ထားတဲ့မစ်ရှင်ကိုပဲ ယူခိုင်းတာလေ၊ သေသေချာချာ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးလား”

ကွေ့ခယ့်ရှီက လုယွီက အတွင်းစည်းတပည့်ဂိုဏ်းသား ဖြစ်ကာစဖြစ်ကြောင်း မြင်နိုင်သည်။ မဟုတ်လျှင် မစ်ရှင်ဌာနမှ အခြေအနေကို နားမလည်နိုင်စရာ အကြောင်းမရှိပေ။

ထို့ကြောင့် သူက ဆက်ပြောသည်။

“အဲ့ဒီစာရွက်ကို အခုချက်ချင်း ပြန်ကပ်ထားလိုက်၊ တစ်ခုခု မှားသွားရင် မင်းက တာဝန်ယူနိုင်လား။”

မစ်ရှင်များကို နံရံပေါ်သို့ ကပ်ရာတွင် ဝင်္ကပါအခင်းအကျင်း ချခင်းထားခဲ့ပြီးသား ဖြစ်သည့်အတွက် စာရွက်ကို ဖြုတ်ယူလိုက်သည်နှင့် ထိုမစ်ရှင်က ပြီးဆုံးသွားသည်ဟု ယူဆကြသည်။ ထိုမစ်ရှင်ကို ယူသွားသူများ ပြန်လာလျှင် ပြဿနာတက်သွားနိုင်၏။

လုယွီက မျက်မှောင်အနည်းငယ် ကြုတ်သည်။

“ငါ လုပ်ထားတဲ့မစ်ရှင်စာရွက်ကို ယူလိုက်တာပဲ”

ကွေ့ခယ့်ရှီက လုယွီကိုကြည့်လျက် နှာခေါင်းရှုံ့သည်။

“ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့လူတွေ အများကြီးရှိတာ ငါ သိပေမယ့် မင်းကတော့ အရှက်မရှိဆုံးပဲ။”

သူက အနားသို့ကပ်သွားပြီးနောက် လုယွီကို ကြည့်ကာ ကျယ်လောင်စွာ အော်ပြောသည်။

“မင်းက အတွင်းစည်းတပည့်ဂိုဏ်းသား ဖြစ်လာကာစ တပည့်ဂိုဏ်းသား တစ်ယောက်ဖြစ်ပြီး ဘာသိုင်းမှ မတတ်ထားပေမယ့် ဒီလိုအမှား လုပ်တာကိုတော့ ခွင့်မပြုနိုင်ဘူး"

“အဆင့်မြင့်မစ်ရှင်တွေကို လုပ်ချင်တာက မင်းရဲ့ ရည်မှန်းချက်ဖြစ်နိုင်ပေမယ့် ကိုယ်မလုပ်သွားတဲ့တာဝန်တွေကို ယူသွားလို့မရဘူး၊ ပြန်ထားလိုက်။”

လုယွီ၏ အကြည့်က အေးစက်သွားသည်။

“မင်း ထပ်ပြောစမ်း”

သူက မစ်ရှင်ပြီးဆုံးသွား၍ ပြန်လာခြင်းဖြစ်သည်။ မမျှော်လင့်ထားစွာပင် တစ်စုံတစ်ယောက်က ပြဿနာလာရှာနေပြန်၏။

လုယွီက စိုက်ကြည့်လာသည့်အခါ ကွေ့ခယ့်ရှီလည်း ရှေးဟောင်းကြောက်မက်ဖွယ်သားရဲကြီးတစ်ကောင်က စူးစိုက်ကြည့်နေသကဲ့သို့ ခံစားရပြီး ခြေလှမ်းများစွာ ဆုတ်လိုက်မိသည်။ထို့နောက် တစ်စုံတစ်ရာက မှားနေသည်ဟု ခံစားရပြီးရှက်သွားရပြန်သည်။

အပိုင်း ၁၁၄၂

အဓိကခန်းမအတွင်းတွင်

လူပေါင်းမြောက်မြားစွာရှိနေကြပြီး သူက သည်ဌာနတွင် အလုပ်လုပ်ရသည့်အတွက် အများစုက သူ့ကို လေးစားမှုပြကြသည်။ သို့သော် အတွင်းစည်းတပည့်ဂိုဏ်းသား ဖြစ်လာကာစ တပည့်ဂိုဏ်းသားတစ်ယောက်က သူ့ကို ပြဿနာလာရှာနေသည်။

“ငါပြောတာက မှားလို့လား၊ မင်းက လုပ်တာမှားနေပြီး ငါ့ကို ဒေါသထွက်ပြနေတယ် ဟား ဟား ၊ကိုယ်ရဲ့စွမ်းအားကိုယ် နားမလည်တာပဲ၊ ငါက တစ်ချက်တည်းနဲ့မင်းကို ဖြတ်ရိုက်လိုက်လို့ရတယ်။”

ထိုအချိန်တွင် မစ်ရှင်ခန်းမ အနောက်ဘက်ပိုင်းမှ လူအိုကြီးတစ်ယောက် ထွက်လာသည်။ အနားတွင် လူငယ်တစ်ယောက် ပါလာ၏။ ထိုလူအိုကြီးက ထိုလူငယ်နှင့် စကားကောင်းနေဟန်ရသည်။ သူက ရယ်နေ၏။

ထိုလူအိုကြီးက ထွက်လာကြောင်းမြင်သောအခါ ကွေ့ခယ့်ရှီက အနားသို့သွားပြီး ပြောသည်။

“အကြီးအကဲဖုန်း မစ်ရှင်ခန်းမကို လာပြီး တပည့်ဂိုဏ်းသားတစ်ယောက်က ပြဿနာလာရှာနေပါတယ်၊ ကျေးဇူးပြုပြီး ဆုံးဖြတ်ပေးပါ။”

အကြီးအကဲဖုန်းက အနားရှိလူငယ်နှင့်စကားကောင်းနေချိန်တွင် ဖြတ်ပြောခံရသည့် အတွက် မျက်နှာမဲ့သွားသည်။ သူက ပြော၏။

“ဘာကိစ္စလဲ”

ကွေ့ခယ့်ရှီက လုယွီကို လက်ညှိုးထိုးပြီးပြောသည်။

“ဒီကောင်လေးက ရုတ်တရက်ဝင်လာပြီး အန္တရာယ်အများဆုံး မစ်ရှင်စာရွက်ကို ခွင့်ပြုချက်မရှိဘဲ ဖြုတ်ယူတဲ့အပြင် ကျွန်တော့်ကို ခြိမ်းခြောက်နေပါတယ်။”

“အန္တရာယ်အများဆုံးမစ်ရှင် ဟုတ်လား။”

လူအိုကြီးဖုန်းက အော်လိုက်သည်။

“ဒါက မိစ္ဆာကျင့်ကြံသူတွေကို သတ်ဖြတ်ရတဲ့တာဝန်မဟုတ်ဘူးလား။”

ကွေ့ခယ့်ရှီက ခေါင်းငြိမ့်သည်။

“ဟုတ်ပါတယ်၊ ဒီတာဝန်ကို ဂိုဏ်းအသီးသီးက ဂိုဏ်းတူအစ်ကိုအကြီးဆုံးတွေ အစ်မအကြီးဆုံးတွေက ယူသွားခဲ့တာပါ၊ ဒီကောင်လေးက ဘယ်ကမှန်းမသိ ရောက်လာခဲ့ပြီး အပြုအမူက ရိုင်းပြနေပါတယ်။”

ယ

ဖုန်းချန်း၏မျက်နှာက မဲမှောင်သွားကာ လုယွီကိုကြည့်သည်။

“မင်းက ဘယ်တောင်ထိပ်က တပည့်ဂိုဏ်းသားလဲ၊ စည်းမျဉ်းတွေကို နားမလည်ဘူးလား။”

လုယွီက မျက်မှောင်ကြုတ်သည်။

“ခင်ဗျားက ဒီလိုပဲ သူပြောတဲ့စကားကို ယုံလိုက်တော့မှာလား။”

ကွေ့ခယ့်ရှီက အော်သည်။

“အကြီးအကဲရဲ့ရှေ့မှာတောင် မင်းက ရိုင်းရဲတယ်၊ အသက်ရှင်ရတာ ပင်ပန်းနေပြီလား။”

ထိုအချိန်တွင် အကြီးအကဲဖုန်း၏အနားမှ လူငယ်က နောက်ကျန်ရစ်နေခဲ့ရာမှ ချက်ချင်းဆိုသလို ရှေ့တက်လာပြီး အံ့ဩမှုအပြည့်ဖြင့်ပြောသည်။

“ဂိုဏ်းတူအစ်ကို အစ်ကိုအမှတ်တွေ လာလဲတာလား။”

ထိုလူငယ်၏လေသံတွင် ပျော်ရွှင်မှုကိုမြင်နိုင်သည်။

လုယွီက ထိုလူငယ်ကို လှည့်ကြည့်ပြီးနောက်ပြောလိုက်သည်။

“မင်းက စုန့်ကျူရှူးလိမ်တာခံခဲ့ရတဲ့ တပည့်ဂိုဏ်းသားတွေထဲက တစ်ယောက်ပဲ။”

မိစ္ဆာကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့ရာတွင် သေဆုံးသူက အလွန်များပြားခဲ့သည်။ သို့သော် ရှင်သန်ကျန်ရစ်သူများထဲက လူအချို့ကို လုယွီက မှတ်မိနေသေးသည်။

“ငါ့အသက်ကို ကယ်ခဲ့တဲ့ ဂိုဏ်းတူအစ်ကိုရဲ့ ကျေးဇူးတရားကို မမေ့ပါဘူး၊ ငါက ရှားကျောက်က ဟန်ကျော့ပါ၊ ကိစ္စတစ်ခုခုရှိတာနဲ့ ချက်ချင်းဆိုသလို လာခေါ်နိုင်ပါတယ်။”

ထိုကောင်လေးက ကျေးဇူးတင်စိတ်အပြည့်ဖြင့် ပြောသည်။

အပိုင်း ၁၁၄၃

“ဒါက ကျောက်ရွှမ်းတောင်ထိပ်က ဟန်ကျောက်မဟုတ်လား။”

သူ၏နာမည်ကိုကြားသည်နှင့် ခန်းမက တိတ်ဆိတ်သွားသည်။ အကြောင်းမူကား ဟန်ကျောက်က ကျော်ကြားသူဖြစ်နေ၏။

“ဟန်ကျောက်ဆိုတာက ဂိုဏ်းခေါင်းဆောင်ရဲ့သားပဲ။”

“ပြောကြတဲ့ကောလဟာလအတိုင်းဆိုရင် သူက ဂိုဏ်းခေါင်းဆောင်က ချပေးတဲ့နေရာကိုတောင် မယူဘဲ အပြင်စည်းတပည့်ဂိုဏ်းသားဘဝကနေ ကိုယ်ပိုင်စွမ်းအားနဲ့ အတွင်းစည်းတပည့်ဂိုဏ်းသားဖြစ်အောင် လုပ်ခဲ့တာပဲ။”

“အကြီးအကဲဖုန်း သူ့ကိုယဉ်ကျေးနေတာ အံ့ဩစရာမရှိတော့ဘူး။”

အပြင်လူများ၏စကားကို ကြားသောအခါ လုယွီက အံ့ဩသွားသည်။

“မင်းက ဂိုဏ်းခေါင်းဆောင်ရဲ့သားလား။”

သည်တစ်ကြိမ် လုယွီက မစ်ရှင်ကို ယူရသည်က ထျန်းရှင်းတောင်ထိပ်မှ အကြီးအကဲက သူ့အား သတ်ချင်နေ၍ဖြစ်သည်။ သို့သော် ဂိုဏ်းခေါင်းဆောင်က သူ့သားကို ထိုသို့အန္တရာယ်များသော တာဝန်ကိုယူခိုင်းသည်။အကယ်၍ သည်အခြေအနေကိုသာ သိသွားခဲ့ပြီး သူ့သားက သေလုနီးပါးဖြစ်သွားကြောင်း သိသွားလျှင် ထိုခေါင်းဆောင် မည်သို့တုန့်ပြန်မည်ဖြစ်ကြောင်း မသိတော့ချေ။

ဟန်ကျော့က ပြောသည်။

“ငါ ဒီနေ့အချိန်အထိ လုပ်လာသမျှက ငါ့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ပဲ သက်ဆိုင်တယ်၊ ငါ့အဖေနဲ့ မဆိုင်ဘူး။”

သူက ချက်ချင်းလှည့်ကြည့်ပြီးနောက် ကျယ်လောင်စွာဖြင့်ပြောသည်။

“အကြီးအကဲဖုန်း ဒီဂိုဏ်းတူအစ်ကို ဖန်းယွန်က အမဲလိုက်တဲ့တာဝန်ကို ပြီးပြည့်စုံစွာလုပ်နိုင်ခဲ့ပြီး မိစ္ဆာကျင့်ကြံသူတွေကို သတ်ဖြတ်နိုင်ခဲ့တာက အမှန်ပဲ၊ မိစ္ဆာကျင့်ကြံသူတွေရဲ့ခေါင်းဆောင် ဓါးအရူးရဲ့ခေါင်းတောင် ဂိုဏ်းတူအစ်ကိုဖန်းယွန် ဆီမှာ ပါပါတယ်။”

အကြီးအကဲဖုန်းက အံ့ဩသွားကာ လုယွီကိုကြည့်သည်။ ဟန်ကျော့က ကတိတည်သောလူမျိုးဖြစ်ပြီး အာဏာကို အလွဲသုံးစားလုပ်သူမဟုတ်ကြောင်း သူက နားလည်သည်။ သည်လိုလူမျိုးက အရေးမပါသောစကားကို ပြောမည်မဟုတ်ပေ။

အကြီးအကဲဖုန်းက တုံ့ဆိုင်းသွားပြီးနောက်တွင်ပြောသည်။

“ငါတို့မစ်ရှင်ခန်းမက တာဝန်တွေ ပြီးပြည့်စုံကြောင်းပြဖို့ သက်သေတော့ လိုတယ်။”

ဘုန်း

ထိုအချိန်တွင် လုယွီက ဓါးအရူး၏ခေါင်းကို ကြမ်းပြင်ပေါ်သို့ ပစ်လွှတ်လိုက်သည်။ ထိုခေါင်းကိုအုပ်ထားသည့် အဝတ်ကို ဖယ်လိုက်သည်နှင့် ဓါးအရူး၏ ခေါင်းက ပေါ်လာသည်။

“ဒါက တကယ်ဓါးအရူးပဲ။”

ထိုကြမ်းပြင်မှ ခေါင်းကိုမြင်သည်နှင့် အကြီးအကဲဖုန်းက အသက်ရှူရပ်မတတ် ဖြစ်သွားသည်။ သူက မစ်ရှင်ခန်းမကို တာဝန်ယူရသူဖြစ်သည့်အလျောက် ဓါးအရူးက မည်မျှစွမ်းအားကြီးကြောင်း နားလည်ထားသည်။

သူက စိတ်ဝိဉာဉ်အလယ်အလတ်အဆင့်ဖြစ်ပြီး မရေမတွက်နိုင်သည့် ကိစ္စများစွာကို ကျော်ဖြတ်ခဲ့သည့်အလျှောက် သူကိုယ်တိုင်ကလည်း အတွေ့အကြုံများသည်ဟု ထင်သည်။ သို့သော် သူကိုယ်တိုင်ကပင် ဓါးအရူး၏ပြိုင်ဘက် မဟုတ်ခဲ့ပေ။

သို့သော် ထိုမျှသန်မာသူက အတွင်းစည်းတပည့်ဂိုဏ်းသား တစ်ယောက်၏လက်တွင် သေသွားခဲ့သည်။

အကြီးအကဲဖုန်းက စိတ်လှုပ်ရှားစွာပြောသည်။

“မင်းရဲ့နာမည်က ဖန်းယွန်လား၊ မင်းက ဒီကောင့်ကို သတ်ခဲ့နိုင်တာပဲ”

သူက လုယွီ၏တံဆိပ်ပြားကို ယူပြီးသည်နှင့် ပြန်ပေးသည်။ ထိုတံဆိပ်ပြားမှ ရွှေရောင်အလင်းလက်သွားပြီးနောက်တွင် တုန်ခါလာသည်။ ရုတ်တရက် လုယွီက တံဆိပ်ပြားကိုချိတ်လိုက်တွင် ငါးသိန်းဆိုသည့်ဂဏာန်းကို မြင်လိုက်ရသည်။

သည်အခြေအနေကိုမြင်သည့် လူအများစုကလည်း အသက်ရှူအောင့်မိကြသည်။ ထိုမျှအန္တရာယ်အများဆုံးတာဝန်ကို လုပ်နိုင်လျှင် ပုံမှန်အားဖြင့် အမှတ် နှစ်သိန်း သုံးသိန်းသာ ရတတ်လေသည်။ သည်တစ်ကြိမ်တွင်မူ အမှတ်ငါးသိန်းပင်ရလိုက်သည်။

အပိုင်း ၁၁၄၄

“ ဖန်းယွန် မင်းကဂိုဏ်းအတွက် အကျိုးရှိတဲ့ ကိစ္စကို လုပ်ပေးခဲ့တာပဲ။ မင်းသာ ထောင်ကျစ်နေရာအတွက် ပြိုင်ပွဲဝင်ရင် ငါက မင်းကို မဲပေးမယ်”

ထိုသို့ပြောလိုက်ခြင်းက လုယွီ၏လုပ်နိုင်စွမ်းကြောင့်လည်း ဖြစ်သလို ဟန်ကျော့၏မျက်နှာလည်း ရှိသဖြင့် သူက ထိုသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“ ကျေးဇူးအများကြီး တင်ပါတယ်”

လုယွီက ပြောသည်။

ထို့နောက် အကြီးအကဲဖုန်းက ကွေ့ခယ့်ရှီကို ကြည့်ပြီး ပြောလိုက်သည်။

“ မင်းရဲ့ဘဝက အရမ်းလွယ်နေခဲ့တယ် ထင်တယ်၊ မင်းက သူများတွေကို တအား အထင်သေးနေတာပဲ။ မင်းက အခုကစပြီး မစ်ရှင်ခန်းမက လူမဟုတ်တော့ဘူး။ အခုချက်ချင်း ဂိုဏ်းက ထွက်သွား”

ကွေ့ခယ့်ရှီလည်း ကြမ်းပေါ်သို့ ထိုင်လျက် လဲကျသွားလေသည်။ သူက ယခုလို ကပ်ဖားခံနေရခြင်းသည် မစ်ရှင်ခန်းမတွင် အလုပ်လုပ်နေသောကြောင့်ဖြစ်သည်။ ယခုမူ ထိုကံကြမ္မာကောင်းကို သူက ဆုံးရှုံးသွားရလေပြီ။

သူ့ကို မစ်ရှင်ခန်းမမှ အခြားသော တပည့်ဂိုဏ်းသားများက ခွေးတစ်ကောင်ကဲ့သို့ မောင်းထုတ်ကြလေသည်။

ထိုအချိန်တွင် အကြီးအကဲဖုန်းက လုယွီကို ရင်းနှီးစွာ ဧည့်ခံလိုကြောင်း ပြောသည်။သို့သော် လုယွီက ထိုသို့သော အခြေအနေမျိုးတွင် အချိန်မဖြုန်းလိုသဖြင့် စွန်း(လဲ့ယန်)တောင်ထိပ်သို့ ပြန်ကာ ကျင့်ကြံသည်။

ထိုသတင်းက အချိန်တိုအတွင်း ပျံ့သွားမည်မှာ သေချာသည်။ ထို့ကြောင့် အကြီးအကဲထျန်းရှင်းက သူ့အား ပြဿနာ လာမရှာတော့ဟု ယူဆနိုင်လောက်သည်။

လုယွီက ဟန်ကျူးစံအိမ်ရှေ့သို့ ရောက်သွားချိန်တွင် လူတစ်အုပ်က ရပ်နေကြောင်း မြင်လိုက်ရလေသည်။ ထိုလူများက မုရုန်ရွှမ်းတို့ဖြစ်ကြသည်။

“ ဖန်းယွန် မင်းက ဒီရက်တွေအတွင်း ငါတို့ကို ပုန်းနေတာ မဟုတ်လား”

သူက မစ်ရှင်သွားလုပ်နေခြင်းဖြစ်သည်။ သို့သော် ထိုလူများကို ပြောသွားရန် အကြောင်းမရှိပေ။ သူက မျက်မှောင်ကြုတ်လိုက်သည်။

“ မင်းတို့နဲ့င ါက ဘာပက်သက်လို့ ငါက ပြောပြသင့်တာလဲ”

“ ဟမ့် မင်းက မာနကြီးတာပဲ။ ငါတို့က စာထားခဲ့ဖို့ စဉ်းစားထားပေမဲ့ မင်းက ထွက်လာပြီဆိုမှတော့ အခုပဲ ပြောပြလိုက်တော့မယ်”

“ ဖန်းယွန် မင်းရဲ့ လုပ်ဆောင်နိုင်စွမ်းက အဆင့်မမီလို့ မင်းရဲ့ နေရာကို ဝမ်လော့ကို ပေးဖို့ ဆုံးဖြတ်လိုက်တယ်”

လုယွီက မျက်မှောင်ကြုတ်သည်။

“ ငါ့ကို ဒီနေရာ ပေးခဲ့တာက မင်းတို့ရဲ့ အကြီးအကဲ လဲ့ယန်ပဲ။ မင်းက မင်းရဲ့ဆရာကိုယ်စား ဆုံးဖြတ်ပေးနိုင်တာလား”’

မုရုန်ရွှမ်းက ရယ်သည်။

“ မင်းရဲ့အကြောင်းကို ဆရာက သေချာမသိလို့ဖြစ်သွားခဲ့တာပဲ။ မင်းလို လုပ်နိုင်စွမ်းမရှိတဲ့ အမှိုက်ကို အတွင်းစည်းတပည့်ဂိုဏ်းသားတွေရဲ့စမ်းသပ်ပွဲမှာ နေရာတစ်ခုပေးလိုက်ရင် ငါတို့ရဲ့ တောင်ထိပ်ပဲ အရှက်ကွဲသွားရလိမ့်မယ်။ ဒါကြောင့်ငါက လူအိုကြီးရဲ့ ကိုယ်စား ဆုံးဖြတ်ပေးလိုက်တယ်။ ဆရာလည်း တံခါးပိတ်ကျင့်ကြံပြီး ပြန်ထွက်လာရင် သဘောကျမှာပါ”

လူအုပ်ထဲတွင် ပါလာသည့် ဝမ်လော့က ပြောသည်။

“ မင်းလို အမှိုက်က ဟန်ကျူးမှာ နေပြီး စမ်းသပ်ပွဲမှာ ပါမယ့်ကိစ္စက ရယ်ရလွန်းမနေဘူးလား”

လုယွီက သူတို့ကို တစ်ချက်ခြုံကြည့်သည်။ အကြီးအကဲလဲ့ယန်က လုယွီကို အကျိုးအမြတ်များပေးပြီး သူ့အတွက် ခေါင်းဆောင်နေရာရရန် သေချာလိုသည်။ သို့သော်မုရုန်ရွှမ်းတို့က ထိုအခြေအနေကို ဖျက်ဆီးလိုက်သည်။

မုရုန်ရွှမ်းက ပြောသည်။

“ ဂိုဏ်းတူ ညီငယ်လေးရေ မင်းက အခုမှ တောင်းပန်မယ်ဆိုရင်တော့ မဖြစ်နိုင်တော့ဘူး။ ဒီဂိုဏ်းတူအစ်ကိုကလည်း တောင်ထိပ်ရဲ့သိက္ခာအတွက် ဆုံးဖြတ်လိုက်ရတာပါ”

လုယွီက တည်ငြိမ်စွာ ပြောသည်။

“ မင်းတို့တွေ နောင်တမရဖို့ မျော်လင့်တယ်”

လုယွီက ထိုသို့ပြောပြီးသည်နှင့် လဲ့ယန်တောင်ထိပ်မှ အတွင်းစည်းတပည့်ဂိုဏ်းသားများ၏ အပြင်ဝတ်ရုံကို ချွတ်ကာ လွင့်ပစ်ပြီး ထွက်သွားသည်။

မုရုန်ရွှမ်းက ပြောသည်။

“ ဂိုဏ်းတူညီငယ်က စိတ်ကြီးလိုက်တာ”

ဝမ်လော့က စိတ်မရှည်စွာ ပြောသည်။

“ ဂိုဏ်းတူအစ်ကိုကြီး အခုက ဖန်းယွမ်မရှိတော့ရင် ဒီဟန်ကျူးက ဘယ်လို….”

“ မင်းပဲ လေ့ကျင့်ဖို့ ယူလိုက်ပါ။ ငါက သူများသုံးထားတာတွေ ပြန်မသုံးတတ်ဘူး”

မုရုန်ရွှမ်းက ပြောသည်။

သူ၏ လုပ်နိုင်စွမ်းနှင့်ဆိုလျင် စမ်းသပ်ပွဲသို့ ဝင်နိုင်ချေရှိကြောင်း ယုံကြည်မှုရှိသည်။ထို့ကြောင့် တစ်လသာ လေ့ကျင့်ကာ နေရမည့် နေရာတစ်ခုကို ကပ်သပ်မနေတော့ပေ။

သို့သော် သူတို့အားလုံး မသိသည်မှာ လုယွီက တောင်ထိပ်မှ ဆင်းသွားသည်နှင့် တောင်ထိပ်အသီးသီးမှ ဂိုဏ်းတူအစ်ကိုအကြီးဆုံးများ ဦးဆောင်လာသည့် လူအုပ်နှင့် အလားတူ အဆင့်အတန်းတူသည့် ဂိုဏ်းတူ မောင်နှမများစွာက သူ့ကို ဝိုင်းလာခြင်းဖြစ်သည်။

“ကျောက်တောင်ထိပ်က ဂိုဏ်းတူအစ်ကိုကြီးရဲ့ အမိန့်နဲ့ ဂိုဏ်းတူအစ်ကိုဖန်းကို တောင်ထိပ်ကို ဖိတ်ခေါ်ပါတယ်”

“ ချန်ခွန်းတောင်ထိပ်က အကြီးအကဲရဲ့ အမိန့်နဲ့ ဂိုဏ်းတူအစ်ကိုဖန်းကို တောင်ထိပ်ကို ဖိတ်ခေါ်ပါတယ်”

အပိုင်း ၁၁၄၅

ထိုသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက်က အော်ဟစ်ကာ လုယွီကို ဖိတ်ခေါ်ကြသည်။ကောင်းကင်တွင် မရေမတွက်နိုင်သော အတွင်းစည်းတပည့်ဂိုဏ်းသားများ ပေါ်လာပြီး လုယွီကို ဂါရဝပြုကြသည်။ အတွင်းစည်းတောင်ထိပ် ၇၂ခုတွင် တောင်ထိပ်ဆယ်ခုကျော်မှ လူများက လုယွီကို လာရောက်သွေးဆောင်ကြသည်။

လုယွီက မစ်ရှင်ခန်းမမှ ထွက်လာပြီးသည်နှင့် ဖန်းယွန်ဆိုသည့် တပည့်ဂိုဏ်းသားက စိတ်ဝိဉာဉ်အဆင့်မှ ဓားအရူးဟုခေါ်သော မိစ္ဆာကျင့်ကြံသူကို သတ်ခဲ့ကြောင်း သတင်းပျံ့သွားပြီဖြစ်သည်။ လုယွီ၏ မျက်နှာက မည်သည့်အမူအယာမှ ပြောင်းလဲသွားခြင်းမရှိချေ။ သူက ထိုသို့ဖြစ်လာနိုင်ကြောင်း သတိထားမိခဲ့သည်။

“ ဂိုဏ်းတူမောင်ငယ်လေးဖန်း”

ထိုအခိုက် ချိုသာသော အသံဖျော့လေးနှင့် ဖန်းရှီကျင်းက ဦးဆောင်လာသည့် အမျိုးသမီးကျင့်ကြံသူတစ်အုပ်က ရောက်လာသည်။

“ ဂိုဏ်းတူမောင်ငယ်လေးဖန်း ငါတို့ရဲ့ ထိပေ့တောင်ထိပ်ကလည်း နင့်ကို ဖိတ်ခေါ်ချင်ပါတယ်။ နင် ဘယ်လိုထင်လဲ”

သို့သော် သူမ၏ လေသံက အဆုံးသတ်နားတွင် တိုးသွားလေသည်။ သူမတို့၏တောင်ထိပ်က တောင်ထိပ်၇၂ခုတွင် နောက်ဆုံးဖြစ်ပြီး အမျိုးသမီးများသာ ရှိလေသည်။ ထို့ကြောင့် လုယွီက မရွေးချယ်မည်အား စိုးရိမ်ပြီး ခေါင်းကို ငုံ့လိုက်သည်။

ထိုအချိန်တွင် ချန်ခွန်းတောင်ထိပ်မှ လာရောက်ခေါ်ဆောင်သည့် တပည့်ဂိုဏ်းသားက ပြောသည်။

“ ဂိုဏ်းတူအစ်ကိုဖန်း မင်းသာ ငါတို့ရဲ့တောင်ထိပ်ကို ဝင်ရင် ငါတို့ရဲ့တောင်ထိပ်မှာ ရှိတဲ့ သိုင်းတွေထဲက ကြိုက်သမျှကို ရွေးချယ်နိုင်မယ့်အပြင် အကြီးအကဲကလည်း မင်းကို အကောင်းဆုံး ကျင့်ကြံခြင်းနယ်မြေကို ပေးမယ်လို့ ကတိပေးလိုက်တယ်”

ဖန်းရှီကျင်းက တုန့်ပြန်သည်။

“ ငါတို့လည်း နင်တို့ပေးသမျှ ပေးနိုင်တယ်”

ချန်ခွန်းတောင်ထိပ်မှ တပည့်သားက ပြောသည်။

“ ရယ်ရလိုက်တာ ဂိုဏ်းတူအစ်မဖန်းရယ်။ မင်းတို့ရဲ့ အကြီးအကဲက ကျန်းမာရေးမကောင်းလို့ လုပ်နိုင်စွမ်းမဲ့နေတာ ဘယ်လောက်တောင်များ ကြာနေခဲ့ပြီလဲ။ ဒါ့အပြင် မင်းတို့ရဲ့ ဘယ်သိုင်းကများ ငါတို့ထက် သာနေလို့ပါလဲ”

ထိုအခါ ဖန်းရှီကျင်းက အံကြိတ်သည်။သို့သော် တဖက်သူ ပြောသွားသမျှက အမှန်တရားဖြစ်နေသဖြင့် တုန့်ပြန်ရန်မရှိပေ။

လုယွီက ပြောသည်။

“ ငါက ထိပေ့တောင်ထိပ်ကို ရွေးတယ်”

သူက ထိုသို့ပြောလိုက်ချိန်တွင် ပတ်ဝန်းကျင်က ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ထိုနေရာတွင် တောင်ထိပ်ဆယ်ခုထက် မနည်းရှိနေကြပြီး နှစ်သက်သော တောင်ထိပ်ကို ရွေးချယ်နိုင်သည့်တိုင် အနိမ့်ဆုံးထိပေ့တောင်ထိပ်ကို မရွေးသင့်ပေ။

ချန်ခွန်းတောင်ထိပ်မှ တပည့်ဂိုဏ်းသားက ပြောသည်။

“ မင်း ပြန်ပြီး စဉ်းစားသင့်တယ်”

လုယွီက ခေါင်းခါသည်။ လုယွီက ဆုံးဖြတ်ချက်ချပြီးသည်မှာ သေချာသည်။ အားလုံးက မကျေနပ်ကြသော်လည်း လုယွီက စိတ်ဝိဉာဉ်အဆင့်ကို သတ်နိုင်ခဲ့သူဖြစ်နေသဖြင့် အပြစ်မပြုရဲကြပေ။ ထို့ကြောင့် ထွက်သွားကြရသည်။

ချန်ခွန်းတောင်ထိပ်မှ တပည့်ဂိုဏ်းသားက ပြောသွားသေးသည်။

“ ဂိုဏ်းတူအစ်ကိုဖန်းကို တစ်ခုတော့ ပြောပါရစေ။ မင်းက ငါတို့အားလုံးထက် စွမ်းအားကြီးတာမှန်ပေမဲ့ အသင်းဖော်က အသုံးမကျရင် အရာမဝင်ဖြစ်တတ်တာလေးတော့ သိထားပါ”

ထို့နောက် သူတို့သည်လည်း ထွက်သွားကြသည်။

ဖန်းရှီကျင်း၏ မျက်နှာလေးက အနည်းငယ်နီရဲနေသည်။ သူမက သက်ပြင်းချကာ ပြောသည်။

“ တကယ်တော့နင်က ချန်ခွန်းတောင်ထိပ်နဲ့ ပိုပြီးကိုက်ညီပါတယ်။ ချန်ခွန်းတောင်ထိပ်က လူတိုင်းက အရမ်းအင်အားကြီးတယ်။ နင်သာ သူတို့နဲ့အတူရှိရင် စမ်းသပ်ပွဲမှာ နိုင်ဖို့ အခွင့်အရေးပိုများလိမ့်မယ်”

လုယွီက ပြုံးသည်။ ထိုကိစ္စက အရေးမကြီးချေ။ လုယွီက ဖန်းရှီကျင်း၏နောက်မှ လိုက်ကာ ထိပေ့တောင်ထိပ်သို့ သွားသည်။

တောင်သို့ ရောက်သည်နှင့် စိတ်ဝိဉာဉ်စွမ်းအင်က လဲ့ယန်တောင်ထိပ်နှင့် မယှဉ်နိုင်ကြောင်း သိလိုက်ရသည်။ဖန်းရှီကျင်းက ပြောသည်။

“ အကြီးအကဲက ဒဏ်ရာရထားတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒါကြောင့် စိတ်ဝိဉာဉ်စွမ်းအင်စုစည်းခြင်းဝင်္ကပါက စွမ်းအင်တွေကို အကြီးအကဲရဲ့ ဒဏ်ရာကို ကုစားဖို့ သုံးခဲ့ရတယ်။ “

ထိုအချိန်တွင် လူတစ်အုပ်က သူတို့၏ရှေသို့ရောက်လာသည်။ဦးဆောင်လာသူ လူတစ်ယောက်က ပြောသည်။

“ အိုး ဒါက ဂိုဏ်းတူညီမငယ်ဖန်း မဟုတ်လား။ တောင်အောက်ဆင်းပြီး လူတစ်ယောက်ကို ဖိတ်ခေါ်တယ်လို့ ကြားထားတယ်။ သူက ဘယ်သူများလဲ”

Thank For Reading.

All Chapters