← Chapters

အခန်း (၁၁၅၁-၁၁၅၅)

Vol. 61 Ch. 1151-1155

အခန်း (၁၁၅၁-၁၁၅၅)

Vol. 61 Ch. 1151-1155

အပိုင်း ၁၁၅၁

လုယွီ၏ ဆေးဖော်စပ်သည့် အရည်အချင်းက ဆရာသခင်မူကို ဆွဲဆောင်သွားသည်။ လုယွီ၏ထိန်းချုပ်မှုအောက်တွင် လေထဲ လွင့်နေသည့် ဆေးပင်များက ရွှေရောင်မီးတောက်ထဲသို့ တိုးဝင်ကာ စတင် လောင်ကျွမ်းလျက် အရည်အဖြစ်ပြောင်းသည်။

လုယွီ၏ ဆေးဖော်စပ်သည့်အနေအထားအရ သူက ထိုဖြစ်စဉ်ကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး ကျင့်သားရနေဟန်ရသည်။

ဝင်သက်အကြိမ် အနည်းငယ် ကြာရုံနှင့်တင် လုယွီ၏လက်ထဲတွင် ဆေးတစ်လုံးက ပေါ်လာသည်။

“ သူက ဘယ်လိုများ ဆေးဖော်စပ်လိုက်တာလဲ။ သူက ဘယ်လိုများ ဆေးဖော်စပ်လိုက်တာလဲ”

သာမန်အဂ္ဂိရက်ပညာရှင်များက ဆေးဖော်စပ်သည့်အခါ အပူချိန်ကို အလွန်သတိထားရသဖြင့် အချိန်များစွာကြာမြင့်တတ်လေသည်။

မည်သူကမျှ ထိုမျှလွယ်ကူစွာ မဖော်စပ်နိုင်ကြချေ။ လုယွီကမူ အမွှေးတိုင် တစ်တိုင် ထွန်းချိန်ပင် မကြာခဲ့ချေ။ လုယွီ၏ လက်ညိုးက ဆေးလုံးကို တို့လိုက်ချိန်တွင် ဆေးလုံးပေါ်တွင် သမင်တစ်ကောင်က ပေါ်လာကာ ခုန်ပေါက်နေလေသည်။

ဝုန်း

ဆရာသခင်မူက ကြောင်အစွာဖြင့် နောက်သို့ သတိလက်လွတ်ဆုတ်လိုက်ရာ ခြေထောက်က ပန်းအိုးနှင့် တိုက်မိသွားလေသည်။ သို့သော်သူက သတိမထားမိဘဲ လုယွီ၏လက်ထဲမှ ဆေးလုံးကိုသာ စိုက်ကြည့်နေလေသည်။

“ ဒါက စိတ်ဝိဉာဉ်နဲ့ ချိတ်ဆက်နေတာပဲ”

တဖက်သူ ဖော်စပ်လိုက်သည်မှာ စိတ်စွမ်းအားဆေးလုံးဖြစ်နေလေသည်။

သူ၏ရှေ့တွင် ရှိနေသည်မှာ သက်တမ်းရင့် အဘိုးကြီးတစ်ယောက်ဆိုလျင် ဆရာသခင်မူက လက်ခံနိုင်သေးလေသည်။သို့သော် သူ့ရှေ့တွင် လူငယ်တစ်ယောက်သာ ရှိနေသည်။ သူပင် နားမလည်နိုင်တော့ပေ။

လုယွီက လန်ယွဲ့ကို ဆေးလုံးကို တိုက်လိုက်သည့်အခါ သူမ၏ကိုယ်က တုန်ယင်သွားလေသည်။

ထိုအခါ သူမ၏ ပါးစပ်နှင့်နှာခေါင်းမှ အမည်းရောင်အငွေ့များစွာ ဆက်တိုက် ထွက်လာသည်။ အချိန်တစ်ခုကြာပြီးနောက် လန်ယွဲ့က နာကျင်မှုကို မခံစားရတော့သည့်အလား မျက်မှောင်က ပြေသွားကာ စိတ်ငြိမ်သွားသည်။ထို့နောက် မြေတွင် လှဲချပြီး ခွေခွေလေး အိပ်ပျော်သွားတော့သည်။

ဆရာသခင်မူက သံသယဝင်သွားရပြန်သည်။ လန်ယွဲ့၏ အခြေအနေကို သူက ရှင်းရှင်းလင်းလင်း သိထားသည်။ သူမက တခဏ ငြိမ်သက်နေရန်ပင် သူအလွန် ကြိုးစားခဲ့ရဖူးသည်။ယခုမူ ဟောက်လျက် အိပ်ပျော်သွားလေပြီ။

“ အရိုးနဲ့ ကြွက်သားတွေက မသက်သာသေးတော့ ဆေးလုံးတွေ ဖော်စပ်ဖို့ လိုနေသေးတယ်”

လုယွီက ထိုသို့ပြောမှ ဆရာသခင်မူက အသိဝင်ကာ လုယွီကိုပြန်ကြည့်လိုက်သည်။ သူက လုယွီကို လေးစားစွာ စိုက်ကြည့်ပြီး မျက်ဝန်းများက တောက်ပလျက် ပြောလိုက်သည်။

“ ကျေးဇူးတင်ပါတယ်။ မင်းက ငါ့ရဲ့ ကျေးဇူးရှင်ပဲ”

လုယွီက ငယ်ကောင်းငယ်နိုင်သော်လည်း ဆရာသခင်မူကမူ အကြီးအကဲတစ်ယောက်ကဲ့သို့ လေးစားနေမိပြီဖြစ်သည်။

“ ဆေးလုံးအတွက် လိုအပ်တဲ့ ဆေးပင်တွေက….”

လုယွီ၏ စကားမဆုံးခင်မှာတင် ဆရာသခင်မူက ခပ်လောလော ပြောသည်။

“ ငါ့မှာ ဆေးဥယျာဉ်ရှိလို့ ဆေးပင်တိုင်းလိုလို ရှိပါတယ်။ ဆရာသခင်က လိုချင်တဲ့ ဆေးပင်ကိုသာ ပြောလိုက်ပါ”

လုယွီကလည်း ယဉ်ကျေးမနေဘဲ စာရွက်ပေါ် စုတ်တံကို အနည်းငယ် လှုပ်ရှားလျက် ဆေးပင်စာရင်းကို ပေးလိုက်သည်။

“ ဆရာသခင် ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။ ငါက ချက်ချင်း ပြန်လာမှာပါ”

ထို့နောက် ဆရာသခင်မူက ထွက်သွားသည်။ လုယွီက မြေတွင် ခွေကာ အိပ်နေသော လန်ယွဲ့ကို ကြည့်ပြီး သက်ပြင်းချသည်။ သူက သူမကို ကောက်ပွေ့လိုက်ချိန်တွင် အနောက်ဘက်မှ တံခါးက ကန်ဖွင့်ခံရလေသည်။

“ ကောင်လေးရေ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးက သင်ပြပေးဖို့ ရောက်လာပြီ။ မြန်မြန် ထွက်လာတော့”

ကျန်းရှင်းက အော်ဟစ်လျက် ဝင်လာလေသည်။

အပိုင်း ၁၁၅၂

ထိုအချိန်တွင် ကျန်းရှင်း၏မျက်နှာက မဲမှောင်သွားသည်။ သူက ဝင်လာသည်နှင့် လုယွီက အိပ်ပျော်နေသော လန်ယွဲ့ကို ကောက်ပွေ့လိုက်သည့် အနေအထားမျိုးကို မြင်လိုက်ရခြင်းဖြစ်၏။ သူက စံအိမ်အတွင်းသို့ဝင်ရန် ကြံစည်နေခြင်းကို မြင်လိုက်လေရာ အထင်လွဲသွားလေသည်။

“ထိပေ့တောင်ထိပ်မှာတောင် မင်းက ဒီလိုလာရမ်းကားရဲတယ်၊ ငါ မင်းကိုမိပြီ”

ကျန်းရှင်းက အဝေးတွင်ရှိနေသေးသဖြင့် အကြီးအကဲလန်ယွဲ့၏ ခြေထောက်ဖြူများကိုသာ မြင်လိုက်ရသည်။ ထို့ကြောင့် မျက်နှာကို ရှင်းလင်းစွာမမြင်နိုင်ခဲ့ပေ။

လုယွီက အမျိုးသမီးတစ်ယောက်ကို ပွေ့ထားကြောင်းမြင်သည်နှင့် ကျန်းရှင်းက သတိလက်လွတ်ဖြင့် လုယွီကို လူယုတ်မာဟု တွေးတောလိုက်ခြင်းဖြစ်သည်။

လုယွီက မျက်မှောင်ကြုတ်သည်။

“ဘာလဲ ငါက မင်းကို သင်ပြပေးလိုက်တာ မလုံလောက်လို့လား။”

လုယွီက သူ၏ခွန်အားကို အနည်းငယ်မျှသာသုံးကာ မျက်နှာကို ရိုက်ခဲ့သည်။ မဟုတ်လျှင် ကျန်းရှင်းက ယခုလိုရပ်နေနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ဒါကို သင်ခန်းစာယူရကောင်းမှန်းလည်း မသိသေးဟန်ရသည်။

ကျန်းရှင်းက ဖြောင့်မတ်မှန်ကန်စွာဖြင့်ပြောလာ၏။

“ငါက မင်းကိုသင်ပြပေးခဲ့တယ်၊ ဒါပေမယ့် မင်းက ကျွေးတဲ့လက်ကို ပြန်ကိုက်မယ် မထင်ထားဘူး၊ ငါ့ကို တိုက်ခိုက်ရုံတင်မကဘူး၊ ထိပေ့တောင်ထိပ်က အမျိုးသမီးတပည့်ဂိုဏ်းသူတွေကိုတောင် အနိုင်ကျင့်ချင်နေတာပဲ။”

လုယွီ၏ မျက်ဝန်းများက အေးစက်လာသည်။

“စကားကို သတိထားပြော၊ မဟုတ်ရင် အကျိုးဆက်ကို မင်း ခံရလိမ့်မယ်။”

လုယွီ၏အကြည့်ကို ခံစားမိသည်နှင့် ကျန်းရှင်းက သတိလက်လွတ် ထိတ်လန့်လာလေသည်။ သူ၏မျက်နှာက နာကျင်ကျိန်းစပ်လာသလို ခံစားလိုက်ရသည်။

“ဒါက ချောင်းတိုက်တာပဲ၊ အတည်မယူနိုင်ဘူး။”

ကျန်းရှင်းက ဒေါသထွက်လာသည်။ သို့သော် သူက ရှေ့မတိုးရဲတော့ပေ။

လုယွီက ခေါင်းကိုခါကာ ပြောသည်။

“ကိစ္စမရှိရင် ငါ့အိမ်က ထွက်သွား”

သူက အကြီးအကဲလန်ယွဲ့ကို ပွေ့ချီလျက် သူ၏စံအိမ်အတွင်းသို့ဝင်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် လန်ယွဲ့က အားနည်းသော အနေအထားတွင်ရှိနေခဲ့လေရာ ဒဏ်ရာများကို ကုစားရန် နေရာကောင်းတစ်ခု လိုအပ်သည်။

“နေအုံး”

ထိုအချိန်တွင် ကျန်းရှင်း၏အနောက်တွင် လျှိုရွှန်းဖုန်းက ပေါ်လာသည်။ သူက တည်ငြိမ်စွာပြော၏။

“ငါ မင်းတို့ရဲ့စကားပြောခန်းကိုကြားပြီးပြီ၊ မင်းက ဒီအမျိုးသမီးကျင့်ကြံသူကို ဘာလုပ်မလို့လဲ”

လျှိုရွှန်းဖုန်းက ကျန်းရှင်းကို ကိစ္စတစ်ခုကူညီပေးပြီး ထိုတပည့်ဂိုဏ်းသားကို သင်ပြပေးရမည်ဖြစ်သည်။ သို့သော် သူက ဝင်လာသည်နှင့် သည်မြင်ကွင်းကိုမြင်လိုက်ရသည်။ လုယွီက အမျိုးသမီးတစ်ယောက်ကို သယ်ဆောင်လျက် စံအိမ်အတွင်းသို့ ဝင်ရန် ပြင်ဆင်နေသည်။

ထိပေ့တောင်ထိပ်တွင် အမျိုးသမီးကျင့်ကြံသူများသာ ရှိသည်။ ထို့ကြောင့် သူတို့ရှေ့တွင် တစ်စုံတစ်ရာ ဖြစ်သွားခဲ့မည်ဆိုလျှင် နားလည်မှုလွဲစရာ ဖြစ်သွားပေလိမ့်မည်။

လုယွီကလည်း အပိုစကားများ ပြောချင်စိတ်မရှိသဖြင့် ဖျော့တော့စွာသာ ပြောလိုက်သည်။

“ဒါက မင်းနဲ့ဘာဆိုင်လဲ။”

“ငါ့ရှေ့မှာတောင် မောက်မာပြနေတာပဲ။”

လျှိုရွှန်းဖုန်းက အပိုစကားမပြောတော့ဘဲ တိုက်ရိုက်ပင် တိုက်ခိုက်လိုက်သည်။

“ဒီလိုဆိုမှတော့ မင်းထိုက်နဲ့မင်းကံ ဖြစ်သွားပြီပေါ့။”

ဝုန်း

လျှိုရွှန်းဖုန်း၏ဖြောင့်တန်းနေသော အင်္ကျီလက်များက ညင်သာစွာ လှုပ်ခါသွားချိန်တွင် အလင်းတန်းတစ်ခုက ပေါက်ထွက်လာသည်။ ထိုအဖြူရောင် အလင်းတန်းက လေထဲသို့ရောက်သွားချိန်တွင် မရေမတွက်နိုင်သည့် ဓါးချီများစွာအဖြစ် ပြောင်းလဲသွားလျက် လုယွီထံ တိုးဝင်သွားတော့သည်။

ထိုအချိန်တွင် လျှိုရွှန်းဖုန်းက လုယွီ၏အနားသို့ ရောက်သွားခဲ့ပြီဖြစ်သည်။ သူက လုယွီ၏လက်ထဲမှ အမျိုးသမီး၏မျက်နှာကို မြင်လိုက်ရချိန်တွင် ရုတ်တရက် အံ့ဩသွားသည်။

“အကြီးအကဲလန်ယွဲ့”

လျှိုရွှန်းဖုန်း၏ တအံ့တဩရေရွတ်လိုက်သံက ဟာကွက်ကို ပေါ်သွားစေခဲ့သည်။

လုယွီက လက်ကိုမြှောက်ပြီး သူ၏ခွန်အား ၁၀ ရာခိုင်နှုန်းကိုပင် မသုံးဘဲ ပေါ့ပါးစွာဖြင့် လျှိုရွှန်းဖုန်း၏ပုခုံးကို ပုတ်လိုက်သည်။

ဝုန်း

သို့သော် ထိုအသံနှင့်အတူ လျှိုရွှန်းဖုန်းက ၁၀ မီတာအကွာသို့ လွင့်ထွက်သွားသည်။ ထို့နောက်မြေပြင်ပေါ်သို့ ပြင်းထန်စွာပြုတ်ကျ၏။ သူ ပြုတ်ကျသည့်နေရာတွင် ကျောက်ပုံတစ်ခုရှိသည်။ ထိုကျောက်ပုံ၏အနားတွင် ရေကန်တစ်ခုရှိသည့်အတွက် မြေငလျင်လှုပ်သွားသလို ဝရုန်းသုန်းကားဖြစ်သွားခဲ့တော့သည်။

“အစ်ကိုလျှို အဆင်ပြေရဲ့လား။”

ကျန်းရှင်းက စိတ်ပူဟန်ဆောင်လိုက်သည်။သူက ထိတ်လန့်နေပြီဖြစ်သည်။

အပိုင်း ၁၁၅၃

လျှိုရွှန်းဖုန်းကပင် လုယွီ၏ပြိုင်ဘက်မဟုတ်လျှင် ကိစ္စက ပို၍ ကြောက်မက်ဖွယ်ကောင်းသွားပေလိမ့်မည်။

လျှိုရွှန်းဖုန်းက အဝတ်ကို သပ်ရပ်အောင်လုပ်ပြီးသည်နှင့် ဖျော့တော့စွာပြောသည်။

“ကိစ္စမရှိဘူး၊ ငါက စိတ်လွတ်သွားတဲ့အချိန်မှာ ဟာကွက်ပေါ်သွားလို့ ဒီကောင် ရှာတွေ့သွားခဲ့တာ။”

ထို့နောက် သူက လုယွီကိုကြည့်ကာ ဒေါသထွက်စွာပြောလိုက်သည်။

“အကြီးအကဲလန်ယွဲ့က လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက စိတ်အခြေအနေ မကောင်းတာ လူတိုင်း သိနေတာပဲ၊ မင်းက ဘာလုပ်မလို့လဲ”

ကျန်းရှင်းကလည်း ထိုစကား၏အဓိပ္ပါယ်ကို နားလည်သွားပြီး ထိတ်လန့်သွားသည်။

“မင်း ဆိုလိုတာက သူ ပွေ့ထားတာက အကြီးအကဲလန်ယွဲ့လား။”

လုယွီကို တစ်ဖန်ကြည့်ပြီးနောက်တွင် ကျန်းရှင်း၏မျက်ဝန်းအတွင်း ဒေါသများက ပြည့်နှက်လာတော့သည်။ အကြီးအကဲလန်ယွဲ့က ရာထူးမြင့်မားသော်လည်း ကျန်းရှင်းထက် အနည်းငယ်မျှသာကြီးသည်။ သူမက အသက် သုံးဆယ်ဝန်းကျင်ခန့်ရှိပြီး အလွန်လှပကာ ဆွဲဆောင်မှုပြင်းသေး၏။ ထို့ကြောင့် ကျန်းရှင်းက ပထမဆုံးအကြိမ် မြင်ချိန်က စိတ်လှုပ်ရှားသွားခဲ့ရသေးလေသည်။

သို့ရာတွင် သူက မာနကြီးသော်လည်း သူ၏ အကန့်အသတ်ကိုသိလေသည်။ ထို့ကြောင့် လန်ယွဲ့၏ နောက်ခံအပြင် သူ၏ဆရာကိုယ်တိုင်ကလည်းရှိနေသဖြင့် ဘာမှ မလှုပ်ရှားရဲခဲ့ခြင်းဖြစ်သည်။

မလှုပ်ရှားရဲသော်လည်း စိတ်ကူးမရှိဟု မဆိုလိုပေ။ အကြီးအကဲလန်ယွဲ့က နှစ်များစွာကြာသွားသည့်တိုင် မသက်သာသေးပေ။ ဆရာသခင်မူကိုယ်တိုင်ကပင် သက်သာအောင်မလုပ်နိုင်ခဲ့ပေ။

ကျန်းရှန်းကလည်း အကြီးအကဲလန်ယွဲ့က မျှော်လင့်ချက်မဲ့နေကြောင်း နားလည်နေသည်။ ထို့ကြောင့် သူက လျှို့ဝှက်စွာဖြင့် အကြံအစည်ပင် ချထားသေးလေသည်။ ဆရာသခင်မူကသာ အပြည့်အဝကုစားပြီးလျှင် သူက လန်ယွဲ့ကို သိမ်းယူရန် ဆုံးဖြတ်ထားသည်။

သို့သော် လုယွီက သူ့ရှေ့တွင်ပင် သည်လိုပြုမူရဲမည်ဟု မထင်ထားမိပေ။ ထိုအခြေအနေကို သူက လက်သင့်မခံနိုင်တော့ပေ။

“လူမျက်နှာနဲ့သားရဲလို နှလုံးသား ပိုင်ထားတာပဲ၊ ငါကသာ ဒီနေ့ မင်းကို လာမတွေ့ရင် ဘယ်လိုအခြေအနေများဖြစ်သွားမှာလဲ။”

ကျန်းရှင်းက အော်သည်။

လျှိုရွှန်းဖုန်းက လက်ချောင်းများတွင် သင်္ကေတများကို ထွက်ပေါ်လာစေလျက် ပြင်းထန်စွာ စုစည်းကာ လက်သီးဖြင့် ထိုးလိုက်သည်။ ဓါးချီက သူ၏အနားတွင် လွင့်မျောနေ၏။ သူက တည်ငြိမ်စွာပြောသည်။

“ဒီလိုအခြေအနေမျိုးကို ကြုံလိုက်ရမှတော့ လျစ်လျူရှုလို့ မဖြစ်တော့ဘူး၊ မင်းက ငါနဲ့ ထန်းရှင်းတောင်ထိပ်ကို လိုက်ပြီး အပြစ်ဒဏ်ကို ခံယူရမယ်”

သူတို့၏စကားများကို ကြားချိန်တွင် လုယွီက ပဟေဠိဖြစ်သွားပြီးနောက် တည်ငြိမ်စွာပြောသည်။

“မင်းတို့ ရှင်းရှင်းလင်းလင်းနားမလည်ဘဲ ဒီအတိုင်း ဆုံးဖြတ်လိုက်တာပဲ”

ထို့နောက် သူက စံအိမ်အတွင်းသို့သွားလျက် လန်ယွဲ့ကိုအိပ်ယာပေါ် ချထားပေးလိုက်သည်။

“ငါတို့မျက်နှာချင်းဆိုင် မြင်နေရတာတောင်မှ မင်းက ငြင်းချင်နေတုန်းပဲလား”

ကျန်းရှင်းက ဒေါသတကြီးပြောလျက် လုယွီကို လက်ညှိုးထိုးသည်။

လျှိုရွှန်းဖုန်းကလည်း ကိုယ်ပိုင်ဓါးချီကို ဖန်တီးထားသည်။ ထို့နောက် ထိုဓါးချီများကို ထိန်းချုပ်လိုက်လျက် လုယွီထံ ဖျတ်ခနဲဆိုသလို လျှပ်တပျက် ရောက်ရှိသွားသည်။ နှစ်ယောက်လုံးက အစွမ်းထက်ဆုံး တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။

လုယွီက သူတို့ကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။

“ထွက်သွား”

ထို့နောက် လေထဲတွင် ဟိန်းဟောက်သံထွက်လာပြီး ပတ်ဝန်းကျင်လေထုက တုန်ယင်သွားသည်။ သူတို့ရှေ့တွင် နံရံတစ်ခုက တားဆီးနေပြီး သူတို့က ထိုနံရံကို ဝင်ဆောင့်တိုးနေသကဲ့သို့ ခံစားရသည်။ သူတို့၏ ထုတ်လွှတ်လိုက်သော အစွမ်းထက်ဆုံး သိုင်းကွက်များက နံရံကိုထိမှန်ကာ ပြန်ကန်ထွက်လာတော့သည်။

“ဒီကြောင်တောင်တောင် တိုက်ကွက်က လာပြန်ပြီ။”

ကျန်းရှင်း၏ရင်ထဲတွင် အော်ဟစ်လိုက်မိသည်။

သူက လုယွီကို အလွယ်တကူ ရှုံးသွားစေချင်သော်လည်း ကိစ္စများက အပြောင်းအလဲဖြစ်သွားပြန်သည်။

“ငါက မင်းတို့ကို နောက်ဆုံးတစ်ကြိမ် ထပ်ပြောမယ်၊ ထွက်သွား။”

လုယွီက အေးစက်စွာပြောလိုက်သည်။

သူ၏အချိန်ကို သည်လူအုပ်အတွက် မဖြုန်းချင်ပေ။

လျှိုရွှန်းဖုန်းက မြေငလျင်ဒဏ်မှ အားကြောင့် နောက်ပြန်လွင့်ထွက်သွားသည့်တိုင် သူ၏ပြောင်မြောက်သည့်စွမ်းအင်ကြောင့် မြေသို့လဲကျမသွားခဲ့ပေ။

သို့သော် ကျန်းရှင်းကမူ အခြေအနေမတူပေ။ သူက အံ့အားသင့်ဖွယ်အားလှိုင်းများကို မတောင့်ခံနိုင်ဘဲ ကျောက်ပုံထဲသို့ ပြုတ်ကျသွားပြန်သည်။ အနားတွင်ရှိသော ရေကန်က အပေါ်သို့ မြောက်တက်လာသည့်အခါ ကျန်းရှင်း၏တစ်ကိုယ်လုံး စိုရွှဲကာ စုတ်ပြတ်သတ်သွားသည်။

“မင်းက သေချင်နေတာပဲ”

ကျန်းရှင်းက အော်သည်။

သူ၏ ဆရာက ဆရာသခင်မူဖြစ်သည်။ ကလေးဘဝကတည်းက အရွယ်ရောက်သည်အထိ သူက အမြဲတစေလေးစားစွာသာ ဆက်ဆံခံခဲ့ရလေသည်။ ကျန်းရှင်း၏မျက်ဝန်းများက ရက်စက်လိုစိတ်ဖြင့် ပြင်းပြလာသည်။ သူက စိတ်ထဲတွင် အကြံအစည်ချလျက် အခြားလူများကိုခေါ်ကာ လုယွီကို သတ်ခိုင်းရန် တွေးတောထားသည်။

သူ့ဆရာ၏မျက်နှာကြောင့် စွမ်းအားကြီးမားသူများကို ဖိတ်ခေါ်ရန်က မခက်ခဲပေ။

“ဆရာသခင် ကျွန်တော်က ဆေးပင်တွေ ယူလာပါပြီ”

ထိုအချိန်တွင် ခြံဝန်း၏အပြင်ဘက်တွင် ဆရာသခင်မူက အပြေးဝင်လာသည်။

ဆရာသခင်မူက ဝင်လာသည်နှင့် ခြံဝန်း၏လေထုအခြေအနေက အထိမခံသည့် အနေအထားအထိ ရောက်သွားသည်။

သူက ဝင်လာသည်နှင့် ကျန်းရှင်း၏တစ်ကိုယ်လုံးက စိုရွှဲပြီးမျက်နှာကလည်း ယောင်ကိုင်းနေကြောင်း မြင်လိုက်ရကာ ဆရာသခင်မူက အံ့ဩသွားသည်။

အပိုင်း ၁၁၅၄

“မင်းက ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ။”

ကျန်းရှင်းက သူ၏ဆရာသခင်က ရောက်လာကြောင်း သိလိုက်သည်နှင့် ချက်ချင်းဆိုသလို ခုန်ထွက်ပြီးအော်တော့သည်။

“ဆရာ ကျွန်တော်က ဒီအရူးနဲ့ဆုံခဲ့တယ်၊ သူ့မှ မကောင်းတဲ့စိတ်ဆန္ဒတွေ ရှိနေတယ်၊ ကျွန်တော်က တားဖို့ကြိုးစားပေမယ့် မမျော်လင့်ထားဘဲ ဒီအရူးက မကောင်းတဲ့နည်းလမ်းတွေနဲ့ ကျွန်တော့ကို တိုက်ခိုက်လိုက်တယ်၊ ဆရာကပဲ ကျွန်တော့်အတွက် ဆုံးဖြတ်ချက်ချပေးပါ”

လျှိုရွှန်းဖုန်းကလည်း ဆရာသခင်မူက ဝင်လာကြောင်းမြင်သောအခါ ခပ်မြန်မြန်အမူအယာ ပြောင်းလျက် စိတ်သဘောထား ကောင်းချင်ယောင်ဆောင်ပြီး အရှေ့သို့တိုးသွားသည်။

“ဆရာသခင်မူ ဆရာသခင်ရဲ့အကြောင်း သတင်းတွေအများကြီးကြားပေမယ့် အခုမှပဲ ကျွန်တော် လျှိုရွှန်းဖုန်းက ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရပါတော့တယ်”

လျှိုရွှန်းဖုန်းက ပြောသည်။

ဆရာသခင်မူက မျက်မှောင်ကြုတ်လျက် လျှိုရွှန်းဖုန်းကိုကြည့်သည်။ သူနှင့်တွေ့ခွင့်ရရန် ကြိုးစားနေကြသည့် တပည့်ဂိုဏ်းသားပေါင်းများစွာ ရှိသော်လည်း အားလုံးက တွေ့ဆုံမှုရရန်ကြိုတင်ချိန်းဆိုမှု လုပ်သင့်သည်။ ချန်ခွန်းတောင်ထိပ်မှ အကြီးအကဲများပင် ဆရာသခင်မူနှင့်ဆုံတွေ့လိုလျှင် ကြိုတင်ချိန်းဆိုပြီး အကြောင်းကြားရသေးသည်။ သို့သော် လျှိုရွှန်းဖုန်းကမူ စည်းမျဉ်းများကို သွေဖယ်သည့်အနေအထားမျိုးရောက်နေ၏။

“ငါ ဒီနေ့ လုပ်စရာရှိလို့ နောက်နေ့မှ တွေ့နိုင်မယ်”

ဆရာသခင်မူက ပေါ့ပါးစွာပြောသည်။

သူက လုယွီ၏ ဆေးလုံးဖော်စပ်သည့်ဖြစ်စဉ်ကို ကြည့်ရှုချင်သေးလေသည်။

လုယွီက ဆေးဖော်စပ်သည့်ဖြစ်စဉ်ကို အနည်းငယ်ကြည့်လိုက်ရုံမျှဖြင့် ဆရာသခင်မူက အကျိုးကျေးဇူးများစွာ ရရှိလိုက်သည်ဟု ခံစားလိုက်ရသည်။ ထိုကဲ့သို့သော အခွင့်အရေးက အချိန်တိုင်းမရနိုင်ပေ။ ထို့ကြောင့် သူက လုယွီ ဆေးဖော်စပ်မည့်အချိန်ကို စောင့်ဆိုင်းပြီး တစ်ဖန်လေ့လာနိုင်ရန် မျှော်လင့်ထားသည်။

သို့ရာတွင် လျှိုရွှန်းဖုန်းက လက်မလျှော့ဘဲပြောသည်။

“ဆရာသခင်မူ ဆရာသခင်မူက အကြီးအကဲလန်ယွဲ့ကို ကုသပေးနေတဲ့သူ မဟုတ်ပါလား”

ဆရာသခင်မူက မျက်မှောင်ကြုတ်သည်။

“ဟုတ်တော့ ဘာဖြစ်လဲ”

ထိုတပည့်ဂိုဏ်းသားက မည်သည့်အရာများ ကြံစည်နေကြောင်း မသိနိုင်ပေ။

လျှိုရွှန်းဖုန်းက ဆရာသခင်မူ၏မျက်နှာအမူအရာကို သတိထားမိခြင်းမရှိဘဲ လုယွီကိုသာ ညွှန်ပြကာ ပြောသည်။

“ အခုလေးတင် ဒီသူခိုးက အကြီးအကဲလန်ယွဲ့ရဲ့ ခြံဝန်းထဲကိုဝင်ဖို့ ကြိုးစားနေတာကိုမြင်ခဲ့ရပါတယ်၊ ဒီကောင်စုတ်က အကြီးအကဲလန်ယွဲ့ကိုတောင် ပွေ့ပြီး ခြံဝန်းထဲကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ခေါ်သွားဖို့ကြံစည်နေပါတယ်”

ဆရာသခင်မူ၏ခံစားချက်က မကောင်းတော့ပေ။ သူက လေးနက်စွာပြောသည်။

“မင်း ပြောနေတာ ဘယ်သူ”

“သူပါ”

လျှိုရွှန်းဖုန်းက လုယွီကို ညွှန်ပြလျက် ယုံကြည်မှုရှိစွာပြုံးလိုက်သည်။

“ဒီကောင်ရဲ့လုပ်ရပ်က တကယ်ဆိုးဝါးတယ်၊ ကံကောင်းစွာနဲ့ ကျွန်တော်က အခြေအနေကို ထိန်းချုပ်ဖို့ရောက်လာနိုင်ခဲ့တယ်၊ ဒါကြောင့် သူက မအောင်မြင်သွားခဲ့ပါဘူး”

လျှိုရွှန်းဖုန်း၏နှလုံးသားထဲတွင် သည်အခွင့်ကောင်းကြောင့် ပျော်ရွှင်သွားလေသည်။ သူက ဆရာသခင်မူကို ကိစ္စကြီးတစ်ခု ကူညီလိုက်နိုင်သည်ဟု ထင်သွား၏။ မည်သို့ပင်ဆိုစေ ဒါက ဆရာသခင်မူက သူ့အပေါ် ကျေးဇူးကြွေးတစ်ခုအဖြစ် တင်သွားပေလိမ့်မည်။

အရေးကြီးဆုံးအချက်က ဆရာသခင်မူက ကိုယ်တိုင် ဆေးဖော်စပ်မည့်သူဖြစ်နေခြင်းဖြစ်သည်။

လုယွီ၏မျက်နှာကို ရှင်းလင်းစွာမြင်လိုက်ရချိန်တွင် ဆရာသခင်မူက ဒေါသထွက်သွားပြီး အော်တော့သည်။

“မင်းတို့ အခု ဘာလုပ်လိုက်တာလဲ။”

လျှိုရွှန်းဖုန်းက ဆရာသခင်မူက လုယွီကို ဒေါသထွက်သွားသည်ဟု ထင်ပြီး တည်ငြိမ်စွာပြောသည်။

“ဒီတပည့်ဂိုဏ်းသားက မတော်တဆလမ်းမှာတွေ့တဲ့ မကောင်းတဲ့ပြစ်မှုတစ်ခုကို ရှင်းလင်းပေးခဲ့ရုံပါပဲ၊ ဆရာသခင်မူ ကျွန်တော့်ကို ချီးကျူးဖို့မလိုပါဘူး”

ကျန်းရှင်းကလည်း ပြောသည်။

“ဟုတ်တယ်ဆရာ ဆရာ ဒေါသထွက်ဖို့မလိုပါဘူး၊ အစ်ကိုလျှိုရဲ့စွမ်းအားက ဘယ်လောက်ကြီးလိုက်သလဲ သူက ဒီအကောင်ကို ဓါးတစ်ချက်တည်းနဲ့ သတ်နိုင်တယ်”

ဖြန်း

ထိုအခါ ဆရာသခင်မူက ကျန်းရှင်း၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ ကျန်းရှင်းက ထိုင်လျက်လဲကျသွားပြီး မည်သည့်အတွက်ကြောင့် သူ့ကို အမြဲတစေအလိုလိုက်သည့် ဆရာက သူ့အား ပြန်ရိုက်ကြောင်း နားမလည်တော့ပေ။

ထိုအချိန်တွင် ကျန်းရှင်းက မနေနိုင်ဘဲ အော်သည်။

“ဆရာ ဘာလို့ ကျွန်တော့်ကိုရိုက်တာလဲ။”

“မင်းကို ဒီလိုရိုက်တာက ပေါ့သေးတယ်၊ မကောင်းတဲ့အကောင် အခုချက်ချင်း ဒီနေရာက ထွက်သွားစမ်း”

ဆရာသခင်မူက လေပြင်းများကို ထုတ်ဖော်လိုက်ကာ ကျန်းရှင်းကို မောင်းထုတ်သည်။

ထို့နောက် ဆရာသခင်မူက လျှိုရွှန်းဖုန်းကို ကြည့်ပြန်သည်။

“ပြန်သွားပြီး မင်းရဲ့ဆရာကို ပြောလိုက်၊ ငါက သူ့အတွက် ဘယ်တော့မှ ဆေးလုံးဖော်စပ်ပေးတော့မှာ မဟုတ်ဘူး၊ တစ်နှစ်နေရင် ဂိုဏ်းမှာနောက်ထပ် အဂ္ဂိရက်ပညာရှင်တွေ ရောက်လာလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင် ငါက မင်းတို့အတွက် စီစဉ်ပေးမယ်”

လျှိုရွှန်းဖုန်းက ရှင်းပြချင်သည်။ သို့သော် သူက လေပြင်းနှင့် မောင်းထုတ်ခံလိုက်ရ သည်။

သူက ထပ်မံရှင်းပြတော့မည့်အချိန်တွင်ပင် ဆရာသခင်မူ၏ အသံတိုးတိုးကို ကြားလိုက်ရသည်။

“ဆရာသခင် ဆရာသခင်လိုချင်တဲ့ ဆေးပင်တွေအားလုံးကို ယူလာပါပြီ”

ဆရာသခင်မူက ထိုလူငယ်ကို အကြီးအကဲတစ်ယောက်အဖြစ် ရိုသေလေးစားစွာ ခေါ်လိုက်သည်။ လျှိုရွှန်းဖုန်း၏ပါးစပ်က အဟောင်းသားဖြစ်သွားသည်

အပိုင်း ၁၁၅၅

ထိုက်ရိတာအိုဂိုဏ်းတစ်ခုလုံးတွင် မရေမတွက်နိုင်သော အဆင့်မြင့်အဂ္ဂိရက်ပညာရှင်များရှိသော်လည်း အားလုံးက ဆရာသခင်မူ၏ နောက်လိုက်များဖြစ်ကြသည်။ ရှေးမျိုးဆက်မှ အဂ္ဂိရက်ပညာရှင်များကပင် ဆရာသခင်မူကို မြင်ချိန်တွင် ဆရာသခင်ဟု တပ်ခေါ်ရသူဖြစ်သည်။

သို့သော် ဆရာသခင်မူက အခြားလူတစ်ယောက်ကို အကြီးအကဲကဲ့သို့ ရိုကျိုးစွာခေါ်နေသည်။

လျှိုရွှန်းဖုန်း၏နှလုံးသားက ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ရာကို သတိထားလိုက်မိပြီး နောင်တများ ပြည့်နှက်လာတော့သည်။ ဆရာသခင်မူက ဆရာသခင်ဟု တပ်ခေါ်ရကတည်းက ထိုလူက အဂ္ဂိရက်နယ်ပယ်တွင် အလွန်ထူးချွန်နေ၍ဖြစ်ရပေမည်။ သို့သော် သူက ထိုလူကိုအပြစ်ပြုမိသွားသည်။

“ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ”

ကျန်းရှင်းက အံကိုကြိတ်လျက် မြေပြင်မှ ထရပ်လာသည်။

လျှိုရွှန်းဖုန်းက သူ့ကိုမြင်ချိန်တွင် အနားသို့ဒေါသတကြီးပြေးသွားလျက် မေးသည်။

“မင်းက ငါ့ကို တမင်သက်သက်ချောက်ချတာပဲ”

သူက ခန္ဓာကိုယ်ပြင်ပသို့ စိတ်ဝိဉာဉ်ထုတ်လွှတ်နိုင်သည့်အဆင့်ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှ စွမ်းအားများကို ထုတ်လွှတ်လိုက်ချိန်တွင် ကျန်းရှင်းက အသက်ပင် မရှူနိုင်တော့ပေ။

ကျန်းရှင်းက အော်သည်။

“လျှိုရွှန်းဖုန်း ပြဿနာမရှာနဲ့၊ အထဲမှာ ငါ့ဆရာရှိနေတယ်၊ မင်း တစ်ခုခုလုပ်ရဲရင် ဆရာက မင်းကို …”

သို့သော် သူ၏စကား မဆုံးခင်ကတည်းက လျှိုရွှန်းဖုန်းက သူ့ကို ဘေးဘက်သို့ ကန်ထုတ်လိုက်သည်။

“အထဲက လူရဲ့နောက်ခံကို ငါ့ကို ပြောပြစမ်း”

လျှိုရွှန်းဖုန်းက မေးသည်။

ကျန်းရှင်းကလည်း ထိုအခြေအနေကြောင့် အံ့ဩသွားပြီး တုန်ယင်စွာပြောသည်။

“သူက သာမန်တပည့်ဂိုဏ်းသားပါပဲ၊ ဒီအတိုင်းအန္တရာယ်များတဲ့ တာဝန်တစ်ခုကို လုပ်နိုင်ခဲ့ရုံပဲ”

“အန္တရာယ်များတဲ့တာဝန် ဟုတ်လား”

ကျန်းရှင်းက ဖိတ်ခေါ်ခဲ့ချိန်က သူ့အား ထိုအခြေအနေကို ပြောပြခဲ့ဖူးခြင်းမရှိချေ။ အန္တရာယ်များသော မစ်ရှင်တစ်ခုကို လုပ်နိုင်ခဲ့ကတည်းက ထိုလူ၏ ပါရမီက ထောင်ကျစ်အဆင့်သို့ ရောက်ရှိနေပြီးသားဖြစ်သည်။

“အန္တရာယ်များတဲ့မစ်ရှင် ဟုတ်လား”

“ဒါမျိုးကို လှည့်စားပြီး လုပ်လို့ရမယ်လို့ထင်လား၊ မင်းက ကံကောင်း နေရင်တောင် ဘယ်လိုနည်းနဲ့မှ အောင်နိုင်မှာမဟုတ်တဲ့ မစ်ရှင်အနေအထားမျိုးလေ”

လျှိုရွှန်းဖုန်းက အလွန်ဒေါသထွက်သွားပြီး ကျန်းရှင်းကို ကန်ကြောက်တော့သည်။ အချိန်အတန်ကြာမှသာ သူက ရပ်တန့်နိုင်သည်။

“အနာဂါတ်မှာ ချန်ခွန်းတောင်ထိပ်ကို လာရဲရင် ငါက မင်းရဲ့ ခြေထောက်ကို ရိုက်ချိုးပစ်မယ်”

လျှိုရွှန်းဖုန်းက ထိုသို့ပြောပြီးနောက် ထွက်သွားသည်။

ကျန်းရှင်းက မြေပေါ်တွင်လဲလျက် ကျန်ခဲ့သည်။သူ၏ တစ်ကိုယ်လုံးက မဲတူးနေသည်။ ထို့အပြင် ကန်ကြောက်ခံထားရမှုကြောင့် ယောင်ကိုင်းလာပြန်သည်။ သူ၏မျက်ဝန်းအတွင်း မုန်းတီးမှုများကိုမြင်နိုင်သည်။

“ငါ့ကို ဒီလိုဆက်ဆံရဲတယ်၊ သေချာပေါက် မင်း နောင်တရစေရမယ်”

ကျန်းရှင်းက မတ်တပ်ထရပ်ပြီး တောင်ပေါ်မှ ဆင်းသွားသည်။

လွန်ခဲ့သောရက်အနည်းငယ်ခန့်က လူတစ်အုပ်က သူ့ကိုလာရှာပြီး စမ်းသပ်ပွဲသို့ ဝင်နိုင်အောင် ကူညီပေးခိုင်းသည်။

ထိုအချိန်က သူက ကျော်ကြားသော ဆရာမူ၏တပည့်ဖြစ်သည့်အတွက် သူက အနည်းငယ်အားစိုက်လိုက်ရုံမျှဖြင့် လုပ်ပေးနိုင်သော်လည်း ထိုအဖွဲ့ကို သူက ငြင်းခဲ့သည်။ ယခုက အချိန်ရောက်လာခဲ့ပြီ။

ထိုလူအုပ်၏အကူအညီနှင့်ဆိုလျှင် အချိန်ကျလာသည့်အခါ သူက မုန်းတီးသည့်လူများကို ရှင်းပစ်နိုင်ပေလိမ့်မည်။

ခြံဝန်းအတွင်းတွင်

လုယွီက ဆေးပင်များကို စစ်ဆေးပြီးနောက် ပြောသည်။

“ဒုက္ခများသွားအောင် လုပ်မိပြီ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

ဆရာသခင်မူက ချက်ချင်းဆိုသလို ပြောသည်။

“ဒါက လွယ်ပါတယ်၊ ငါက ဒီအတိုင်း ဆရာသခင်ဆေးဖော်စပ်တာကို ကြည့်ချင်ရုံပါပဲ”

သူက သူ၏ရည်ရွယ်ချက်ကို မဖုံးကွယ်ထားပေ။ သူက တိုက်ရိုက်ပင်

ပြောသည်။ လုယွီကလည်း ခေါင်းငြိမ့်သည်။

“ကောင်းပြီ၊ ခင်ဗျား ကြည့်နိုင်တယ်၊ ခင်ဗျားဘက်က နားလည်နိုင်စွမ်းရှိမရှိကတော့ ခင်ဗျားအပေါ် မူတည်သွားပြီ”

လုယွီက ဆေးဖော်စပ်ပြန်သည်။ သည်တစ်ကြိမ်တွင် ဆရာသခင်မူ၏ နားလည်နိုင်စွမ်းက လိုက်မှီစေရန်အတွက် အရှိန်ကို နှေးပေးလိုက်သည်။သို့ရာတွင် ဆရာသခင်မူက မနည်းရုန်းကန်နေရသေးလေသည်။

ဆေးလုံးဆယ်လုံးကို သန့်စင်ပြီးသောအခါ လုယွီက ပုံမှန်အတိုင်း ရှိနေသေးသော်လည်း ဆရာသခင်မူကမူ ချွေးပြန်နေပြီဖြစ်သည်။ သူ၏မျက်လုံးများက ညောင်းညာကိုက်ခဲနေ၏။ သည်အတိုင်းကြည့်ရုံဖြင့်ပင် သူက ပင်ပန်းလာရသည်။

“ဒီဆေးလုံးက ခင်ဗျားအတွက်ပဲ”

လုယွီက ဆေးတစ်လုံးထုတ်ပြီး ဆရာသခင်မူ၏လက်ထဲသို့ပေးလိုက်သည်။

ဆရာသခင်မူက ထပ်ခါတလဲလဲလက်ကာပြပြီး ပြောသည်။

“ဒါက အဖိုးတန်လွန်းပါတယ်။”

ထိုဆေးများအားလုံးက စိတ်စွမ်းအားဆေးများဖြစ်ကြသည်။ ထို့အပြင် အဆင့်ကလည်း မနိမ့်နိုင်လေရာ သူက လက်ခံရန်ခက်ခဲနေသည်။ သို့ရာတွင် ထိုလူငယ်အတွက်မူ ဆေးလုံးဖော်စပ်ရခြင်းက အလွန်လွယ်ကူလွန်းနေလေသည်။

All Chapters