← Chapters

အခန်း (၁၁၅၆-၁၁၆၀)

Vol. 61 Ch. 1156-1160

အခန်း (၁၁၅၆-၁၁၆၀)

Vol. 61 Ch. 1156-1160

အပိုင်း ၁၁၅၆

လုယွီက ခေါင်းကိုခါသည်။

“ ဒီဆေးလုံးက ငါ့အတွက် အသုံးမဝင်ဘူး။မင်းပဲ ယူလိုက်ပါ”

တဖက်က ထိုသို့ ထုတ်ပြောလာသဖြင့် ဆရာသခင်မူလည်း မငြင်းတော့ချေ။ သူက လုယွီကို ကြည့်လျက် ဆေးလုံးကို မော့သောက်လိုက်သည်။ ဆေးက သူ၏ကိုယ်အတွင်းသို့ ဝင်သွားသည်နှင့် ဆရာသခင်မူဟာ ရုတ်တရက်ဆိုသလို အံ့အားတသင့်ဖြစ်သွားတော့သည်။ သူ၏ မျက်ဝန်းမှပင် အလင်းရောင်များ တောက်ပလာသည်။

“ ဒီဆေးလုံးက စိတ်ဝိဉာဉ်နဲ့ စိတ်စွမ်းအားကို တိုးမြင့်စေနိုင်တယ်”

ဆရာသခင်မူက အလွန်အံ့သြသွားသည်။ စိတ်စွမ်းအားသည် ဆေးဖော်စပ်သူ ဆရာသခင်များအတွက်အလွန် အရေးကြီးလေသည်။

သာမန်အဂ္ဂိရက်ပညာရှင်များဆိုလျင် စိတ်စွမ်းအားကို တိုးမြင့်ရန်အတွက် မှော်သိုင်းများကို တသီးတသန့် ကျင့်ရသည်။သို့ပါသော်လည်း စိတ်စွမ်းအားကို ကျင့်ရာတွင် ခက်ခဲသော အတားအဆီးများကို ရင်ဆိုင်ရပြီး ထိုအခက်အခဲများက ပြင်းထန်သော နာကျင်မှုများလည်း အပါအဝင်ဖြစ်နေသည်။ထို့အပြင် ထိုသို့သော နာကျင်မှုများ၊ အခက်အခဲများကို နှစ်ကာလကြာရှည်စွာ သည်းခံပြီးမှသာ အတိုင်းအတာတစ်ခုအထိ အောင်မြင်နိုင်ကြသည်။

ယခုလိုမျိုး ဆေးတစ်လုံးက စိတ်ဝိဉာဉ်နှင့် စိတ်စွမ်းအားကို အားဖြည့်ပေးနိုင်ခြင်းက မယုံနိုင်စရာကောင်းနေသည်။ဆေးတစ်လုံးတည်းကတင် နှစ်ပေါင်းများစွာအတွက် အကူအညီဖြစ်သွားသည်။

“ တစ်နေ့ကို ဆေးတစ်လုံးဆီ တိုက်လိုက်ပါ။ အခုတလောတော့ ဒီအခန်းမှာပဲ ဆက်ထားလိုက်ပါ။ မင်းကတော့ ကြားရက်တွေဖြစ်ဖြစ် သူ့ကို လာကြည့်နိုင်တယ်။ ဒါပေမဲ့ င့ါကိုတော့ မနှောက်ယှက်မိစေနဲ့”

လုယွီက ပြောသည်။

လူအိုကြီးမူကလည်း ချက်ချင်းလိုလို သဘောတူသည်။

“ စိတ်ချပါ၊ စိတ်ချပါ၊ ငါ့တပည့်က နားမလည်လို့ ပြစ်မှားမိခဲ့ပေမဲ့ ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး”

လုယွီက ခေါင်းညိတ်သည်။ထိုကဲ့သို့သော အသေးအမွှားကိစ္စများကို သူက စိတ်ထဲ မထည့်ချေ။ ကံကောင်းသည်မှာ ထိုခြံဝန်းကျယ်ကြီးအတွင်း အိမ်ငယ်လေးများစွာ ရှိနေသဖြင့် အဆင်ပြေသော တစ်လုံးကို ရှာကာ ဝင်ရောက် ကျင့်ကြံနေလိုက်သည်။

တစ်လကြာပြီးနောက် အတွင်းစည်း တပည့်ဂိုဏ်းသား ပြိုင်ပွဲက စသည်။

အရည်အချင်းပြည့်မီသောတပည့်ဂိုဏ်းသားများက နေရာရွေ့ပြောင်း ဝင်္ကပါအခင်းအကျင်းရှေ့တွင် စုဝေးရသည်။ လုယွီကလည်း ထိပေ့တောင်ထိပ်မှ တပည့်ဂိုဏ်းသူများနှင့်အတူ ရောက်လာသည်။ သူတို့ထက် စောကာ ရောက်နေကြသူများမှာ လဲ့ယန်တောင်ထိပ်မှ ဖြစ်သည်။

မုရုန်ရွှမ်းကလည်း လူအုပ်ထဲမှ လုယွီကို တွေ့သွားသည်။ လုယွီက အန္တရာယ်မြင့်မားသော မစ်ရှင်တစ်ခုကို အောင်မြင်ခဲ့ပြီး တောာင်ထိပ်ပေါင်းများစွာ၏ ကမ်းလှမ်းများများ ကြားမှ ထိပေ့တောင်ထိပ်ကို ရွေးချယ်ခဲ့သည့်အကြောင်းက ပျံ့နှံ့နေပြီဖြစ်သည်။ သို့သော် မုရုန်ရွှမ်းတို့ကသာ လုယွီ၏ အင်အားအစစ်အမှန်က အနည်းငယ်မျှသာ ရှိကြောင်း သိသည်။

ထိုမျှသာ လုပ်နိုင်စွမ်းရှိသောလူက အပြင်စည်းတပည့်ဂိုဏ်းသားသာ ဖြစ်သင့်ပြီး အောက်ဆုံးအဆင့်သာရနိုင်ချေရှိသည်။

“ ဆရာက တံခါးပိတ်ကျင့်ကြံတာကနေ ထွက်မလာသေးပေမဲ့ ငါက ဉာဏ်ပညာရှိရှိ ရွေးချယ်ခဲ့တာကို သဘောကျမှာပဲ”

မုရုန်ရွှမ်းက ယုံကြည်မှုရှိနေသည်။

ထိုသို့ဖြင့် တပည့်ဂိုဏ်းသားများစွာ ရောက်လာကြသည်။ တောင်ထိပ်အသီးသီးမှ တပည့်ဂိုဏ်းသားဆယ်ယောာက်စီအပြင် အကြီးအကဲများနှင့် မျိုးဆက်တူသော လူငယ်များလည်း ပါကြသဖြင့် အရေအတွက်က တစ်ထောင်ဝန်းကျင်ဖြစ်သွားသည်။

ဝင်္ကပါရှေ့သို့ တည်ကြည်သော သက်လတ်ပိုင်းလူတစ်ယောက်က ပေါ်ထွက်လာချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ထိုလူက ထိုက်ရိဂိုဏ်းမှ ခေါင်းဆောင် ဟယ်ရွှမ်ကျီးဖြစ်သည်။

“ ခေါင်းဆောင်ကို ဂါရဝပြုပါတယ်”

အားလုံး က တညီတညာတည်း ဦးညွှတ်ကြသည်။

ဟယ်ရွှမ်ကျီးက ပြောသည်။

“ ပြိုင်ပွဲကို လျို့ဝှက်နယ်မြေမှာ ကျင်းပမယ်။ပုံမှန်အားဖြင့် ဒီလျို့ဝှက်နယ်မြေကို ထိုက်ရိဂိုဏ်းကပဲ ဖွင့်နိုင်ပြီး စိတ်ဝိဉာဉ်ကျောက်တုံးတွေနဲ့ အားဖြည့်ပေးရတယ်။ ဒါပေမဲ့ ငါတို့က စိတ်ဝိဉာဉ်ကျောက်တုံးနဲ့ အလားတူတဲ့ ပန်းတစ်မျိုးကို ရှာတွေ့ခဲ့တယ်။ မင်းတို့ လုပ်ရမှာကတော့ ပန်းတိုင်းမှာ စောင့်ကြပ်နေတဲ့ အစောင့်ရှောက်သားရဲတွေကို နှိမ်နှင်းရမယ့်တာဝန်ပဲ။ အဆုံးမှာ ဘယ်သူက ပန်းဘယ်နှပွင့် ယူလာနိုင်သလဲဆိုတာကို ကြည့်မယ်”

“ ဒီပန်းတွေကို ဂိုဏ်းကို ပြန်ပေးရမယ်။ ပန်းတစ်ပွင့်ကို အမှတ်တစ်သောင်းနဲ့ လဲနိုင်တယ်”

ထိုအခါ ပတ်ဝန်းကျင်က ပွက်လောရိုက်တော့သည်။ ပုံမှန်အားဖြင့် တပည့်ဂိုဏ်းသားတစ်ယောက်က နှစ်ဝက်ခန့် မစ်ရှင်များ လုပ်လျင်ပင် အမှတ်၇၀၀၀ခန့်သာရနိုင်သည်။သို့သော် အမည်မသိသောပန်းကို တစ်ပွင့်လျင် အမှတ်တစ်သောင်း ပေးနေသည်။

အပိုင်း ၁၁၅၇

ဖန်းရှီကျင်းက အပျော်လွန်သွားသည်။

“ ကြည့်ရတာ ဒီတစ်ကြိမ်မှာ ဂိုဏ်းက အကြီးကြီး ရင်းနှီးလိုက်ပြီ”

အခြားသောတပည့်ဂိုဏ်းသားများကလည်း လက်ဖဝါးများ ပွတ်လျက် လျို့ဝှက်နယ်မြေသို့ သွားရန် အသင့်ပြင်နေကြသည်။

အမှတ်များဖြင့်ကိစ္စများစွာ လုပ်နိုင်သည်။ လိုချင်သမျှကို လဲလှယ်နိုင်သလို အကြီးအကဲများထံမှ လမ်းညွှန်မှုလည်း တောင်းခံနိုင်သည်။ထို့အပြင် အဂ္ဂိရက်ပညာရှင်တစ်ယောက်ကို ဆေးဖော်စပ်ခိုင်းလိုလျင်လည်း ရနိုင်သည်။

လုယွီကမူ စိတ်မဝင်စားချေ။ သူက တော်ဝင်ဘိုးဘေးကိုသာ မြင်ချင်နေသည်။သို့သော် ဟယ်ရွှမ်ကျီးက မေ့နေသလိုလုပ်နေပြီး ထိုအကြောင်းအရာကို ထည့်မပြောချေ။ ထို့နောက် လုယွီက အခြားလူများ၏နောက်မှ လိုက်ကာ ဝင်္ကပါထဲ ဝင်လိုက်သည်။

လေဟာနယ်အတွင်း အချိန်တစ်ခုကြာ ဖြတ်သန်းပြီးနောက် ကုန်းမြေတစ်ခုသို့ ရောက်သွားသည်။ ရောက်ရောက်ချင်းမှာတင် လုယွီက မျက်မှောင်ကြုတ်လိုက်မိသည်။ ပတ်ဝန်းကျင်လေထုအတွင်းယင်ချီများ ပြည့်နေသည်။

တပည့်ဂိုဏ်းသား တစ်ယောက်က ပြောသည်။

“ ဂိုဏ်းတူ အစ်မဖန်း ဒီလေထုက တအား အေးနေတယ်”

ဖန်းရှီကျင်းကမူ ထူးဆန်းသည်ဟု မခံစားရချေ။သူမက ပြောသည်။

“ ဒီနေရာကို ဂိုဏ်းက လျို့ဝှက်နယ်မြေအဖြစ် ပြောင်းထားတာ မကြာသေးဘူး။ အရင်က ဒီနေရာက လူအရောက်နည်းလို့ ဖြစ်မယ်”

“ ဂိုဏ်းတူ အစ်မဖန်း ညီမတို့ ပန်းကို ရှာဖို့ လူစုခွဲသင့်လား”

ဂိုဏ်းတူ ညီမငယ် တစ်ယောက်က ပြောလိုက်ချိန်တွင် လုယွီက လှည့်ကြည့်မိသွားသည်။ ရုတ်တရက် သူက အော်သည်။

“ နေရာက အမြန်ဖယ်…”

သူက အော်ရုံတင်မကဘဲ ထိုဂိုဏ်းသူ၏ အနားသို့ ချက်ချင်းရောက်သွားပြီး လက်မောင်းကို ဆွဲကိုင်ကာ ဖယ်လိုက်သည်။ထိုသို့ဖယ်လိုက်ချိန်မှာတင် သူမ နဂိုရပ်နေခဲ့သော မြေပြင်ထဲမှ သွေးလွှမ်းနေသည့်ပါးစပ်ကြီး ပေါက်ထွက်လာသည်။

သူတို့၏ခြေထောက်အောက်ရှိ မြေပြင်က အက်ကွဲသွားပြီး တစ်ကိုယ်လုံး ကြေးခွံများ ဖုံးနေသည့် သားရဲကြီးတစ်ကောင် ထွက်လာသည်။ လုယွီက မျက်မှောင်ကြုတ်သည်။

“ ဒါ ကျောက်နဂါးပဲ”

ထိုနဂါးများက လုံမျိုးနွယ်စုနည်းတူ ခုခံစွမ်းအားမြင့်သည်။ သာမန်ကျင့်ကြံသူများက သူတို့၏ကြေးခွံကို မဖောက်နိုင်ချေ။

“ ခုတ်ပိုင်း”

ဖန်းရှီကျင်းက လေထဲသို့ ခုန်တက်ကာ သားရဲ၏ခေါင်းကို စွမ်းအားအပြည့်ဖြင့်ဖြင့် ခုတ်ပိုင်းသည်။ သို့သော် အဖြူရောင် အစင်းရာသာ ထင်သွားသည်။ သားရဲက ခက်ထန်သွားပြီး မြေပြင်ကို အမြီးဖြင့် ဝုန်းခနဲ ရိုက်ချလိုက်ရာ ဖုန်များ လေထဲသို့ အလုံးလိုက် တက်လာသည်။

ကြိုတင် မပြင်ဆင်နိုင်ခဲ့သော တပည့်ဂိုဏ်းသားများက နေရာအနှံ့အပြားသို့ လွင့်ကုန်သည်။

သားရဲကြီးက ခြေတပြင်ပြင် လုပ်ပြီးသည်နှင့် လူအုပ်ဘက်သို့ ပြေးဝင်လာသည်။ ဖန်းရှီကျင်းက အံ့သြသွားသည်။

“ မြန်မြန် ရှောင်ကြ”

တပည့်ဂိုဏ်းသားများက ချက်ချင်းလိုလို အဝေးသို့ ပြေးကာ ကျောက်တုံးကြီးများ၏ အနောက်တွင် ပုန်းကာ ရှောင်သည်။ သို့သော် တပည့်ဂိုဏ်းသူ တစ်ယောက် နှစ်ယောက်ခန့်က နှေးကွေးသွားပြီး သားရဲနှင့် နီးကပ်သွားသည်။ ထိုမျှနီးနေချိန်တွင် ရှောင်ရန် နောက်ကျသွားလေပြီ။ သူမတို့၏ကိုယ်က ကြက်သီးတဖြန်းဖြန်းထကာ တုန်ယင်လာတော့သည်။

လုယွီက ဓားကို ဆင့်ခေါ်ပြီး သားရဲ၏ လက်သည်းကို ရှောင်ရှားလျက် လည်ပင်းကို လှီးလိုက်သည်။

ဝုန်း

အားလုံးက ပါးစပ်အဟောင်းသား ဖြစ်နေသော အကြည့်အောက်တွင် သားရဲ၏ လည်ပင်းတဝက်ခန့်က အလှီးခံလိုက်ရပြီး မြေသို့ ဝုန်းခနဲ လဲကျသွားသည်။ သူ၏ အသက်စွမ်းအားကလည်း ထိုးကျသွားသည်။ လူတိုင်းက ထိတ်လန့်သွားကြပြီး လုယွီ၏ လုပ်နိုင်စွမ်းအားကို မင်သက်သွားကြသည်။

ထိုအချိန်တွင် တောတွင်းတစ်နေရာမှ ဖျော့တောသော အနက်ရောင် အရိပ်တစ်ခုက သားရဲ၏လည်ပင်းနေရာသို့ တိုးဝင်သွားသည်။ ထိုအခါ သားရဲ၏အသက်စွမ်းအားက ချက်ချင်းလိုလို မြင့်တက်လာကာ မတ်တပ်ထရပ်လာသည်။ သူ၏ ပြတ်ထွက်လုနီးပါး လည်ပင်းကလည်း ပြန်လည် စေ့ပိတ်သွားသည်။

အပိုင်း ၁၁၅၈

“ သား.. သားရဲက ပြန်ရှင်သွားပြီ”

ဂိုဏ်းသူတစ်ယောက်က အော်သည်။

တပည့်ဂိုဏ်းသူများ အားလုံးက သူတို့၏ကိုယ်ပိုင် အစွမ်းအထက်ဆုံး သိုင်းကွက်များကို ထုတ်ဖော်ကာ သားရဲကို ဝိုင်းဝန်း တိုက်ခိုက်ကြသည်။ သူတို့က ပြိုင်ပွဲတွင် ဝင်ပါနိုင်ကတည်းက တစ်ယောက်ကမျှ သာမန် မဟုတ်ကြချေ။

သို့သော် သူတို့၏တိုက်ကွက်များက သားရဲအပေါ် သက်ရောက်မှု မရှိသည့်အပြင် ပို၍သာ ဒေါသထွက်စေခဲ့သည်။

ဖန်းရှီကျင်းက မျက်မှောင်ကြုတ်သည်။

“ ဒီသားရဲက ပိုပြီး စွမ်းအားကြီးလာတယ်”

လုယွီကလည်း မျက်မှောင်ကြုတ်သည်။ တစ်ခုခုက မှားနေသည်။

ထိုအချိန်တွင် သားရဲက ဒေါသတကြီးအော်လျက် လူအုပ်ထံ ပြေးဝင်လာသည်။

လုယွီက ဓားကို သိမ်းလိုက်ပြီး လက်သီးဖြင့်သာ ခုန်လျက် ထိုးသည်။

“ မောင်ငယ်လေး သတိထားနော်”

အားလုံးက သူ့အား စိတ်ပူပြီး သတိပေးကြသည်။

လူအားလုံး၏ မျက်ဝန်းအောက်တွင် သူ၏ လက်သီးနှင့် သားရဲ၏ခေါင်းတို့ ဆုံသွားသည်။ထိုအချိန်တွင် သားရဲက အော်ဟစ်လျက် နောက်သို့ လွင့်ထွက်သွားသည်။ လုယွီ၏ လက်သီးမှ ပါသော ပြင်းထန်သည့် စွမ်းအားများကြောင့် သားရဲက မြေသို့ ဘုန်းခနဲ ပြုတ်ကျသည်။ သူ၏ ကိုယ်မှ ကြေးခွံများစွာလည်း ကွာကျကုန်သည်။

သားရဲက မသေသေးချေ။လုယွီ၏ လက်သီးအားနှင့်ဆိုလျင် သားရဲက ချက်ချင်း သေသွားသင့်သည်။ သို့သော် သားရဲက ထရပ်ရန် ကြိုးစားနေလေပြီ။

သို့သော် လုယွီကလည်း သားရဲကို အားအင်ပြန်ပြည့်လာရန် အချိန်ပေးတော့မည် မဟုတ်ချေ။

သူက ချက်ချင်းလိုလို လေထဲသို့ ခုန်တက်ပြီး သားရဲထံ ရောက်သွားကာ ကိုယ်ကို စောင့်နင်းလိုက်သည်။ ပုံမှန်အားဖြင့် အင်အားအလွန်ကြီးသော သားရဲကြီးက တောင်တန်းများအောက် မြုပ်သွားသလိုမျိုး မထနိုင်တော့ချေ။ ထို့နောက် လုယွီက သားရဲ၏ခေါင်းကို လက်သီးဖြင့် ထိုးသည်။

ထိုအခိုက် သားရဲ၏ ကိုယ်မှ အရိုးကျိုးသံများက ရင်နာဖွယ်ထွက်လာသည်။ ကျောက်နဂါး၏ခေါင်းက လုယွီ၏လက်သီးကြောင့် ကွဲကြေသွားပြီး သွေးများ စိမ့်ထွက်လာသည်။

ထိုနေရာတစ်ခုလုံး ကျောက်နဂါး၏ သွေးတို့ဖြင့် စိုရွှဲသွားသည်။ သို့သော် သားရဲက သေသွားလေပြီ။

ထိုအခါ ခေါင်းထဲမှ ထွက်လာသော အနက်ရောင် အငွေ့များကို လုယွီက ယူလိုက်သည်။

“ ယင်ချီက သားရဲကိုတောင် ဖုတ်ကောင်လို ဖြစ်သွားစေတာပဲ”

သူ၏ ဓားချက်ကြောင့် ကျောက်နဂါးက သေသွားသော်လည်း ထိုယင်ချီကြောင့် မသေနိုင်သော သတ္တဝါတစ်ကောင်လို တဖန် တက်ကြွကာ တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။ အခြားလူများဆိုလျင် ကျောက်နဂါးကြောင့် ဆွဲချခံရနိုင်သည်။

“ အသိုက်ကို ရှာတွေ့ပြီ”

အခြားဂိုဏ်းသူများက ပတ်ပတ်လည်ကို ရှာဖွေပြီးနောက်တွင် ဂူတစ်ဂူကို ရှာတွေ့သွားသည်။ ထိုဂူရှေ့တွင် အမည်မသိ အရိုးစု ရှိနေသည်။ အတွင်းတွင် ပန်းတစ်ပွင့်ကို မြင်လိုက်ကြရသည်။

ထိုပန်းက ဖြူဖွေးနေပြီး ထူးထူးခြားခြား မရှိချေ။ သို့သော် အသေးစိတ် ကြည့်မည်ဆိုလျင် ပွင့်ချပ်များက ငိုနေသော မျက်နှာများပုံစံ ဖြစ်နေလေသည်။

ဖန်းရှီကျင်းက ပြောသည်။

“ ပန်းက ထူးဆန်းလိုက်တာ”

လုယွီကလည်း လာာကြည့်သည်။ ပန်းကို မြင်ချိန်တွင် သူကလည်း အံ့သြသွားသည်။

“ နွေဦး ဝါ ပန်းပါလား”

“ မောင်ငယ်လေးက သိတာလား”

ဖန်းရှီကျင်းကေ မးသည်။

လုယွီက ချက်ချင်းပြောသည်။

“အခြားပန်းတွေကို အမြန် လိုက်ရှာပြီး ဒီနေရာက ထွက်မှဖြစ်မယ်”

နွေဦးဝါပန်းများက မြေအောက်လောကတွင်ပင် ရှားပါးသည်။ ထိုပန်းက တစ္ဆေ၊သရဲများထက် အဆင့်မြင့်သော တည်ရှိမှုများ၏ ကိုယ်မှ ထွက်သည့် ယင်ချီနှင့်မှသာရှင်သန်နိုင်ကြသည်။ ထိုသို့သော ပန်းမျိုးက သည်နေရာတွင် ရှိနေသည်။

သူ သည်နေရာသို့စဝင်ကတည်းကယင်ချီက အလွန်များနေပြီး ထူးဆန်းသလို ခံစားနေရသည်မှာ အံ့သြစရာ မရှိတော့ချေ။

အပိုင်း ၁၁၅၉

လျို့ဝှက်နယ်မြေ၏ အခြားတဘက်ခြမ်းတွင် မုရုန်ရွှမ်းတို့ကလည်း ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲနေကြသည်။ သူတို့ကလည်း သားရဲနှင့် ရင်ဆိုင်နေရသည်။ သို့သော် သူတို့ဘက်က ကံဆိုးစွာဖြင့်သိပ်မကြာခင်မှာတင် ရှုံးနိမ့်သွားကြသည်။

တပည့်ဂိုဏ်းသားများစွာ သေဆုံးပြီး အရိုးပင် မကျန်ခဲ့ချေ။ မုရုန်ရွှမ်းပင် ခက်ခက်ခဲခဲ ခုခံနေရသည်။ ယခင်အခေါက်များမှ ပြိုင်ပွဲများအကြောင်းကို သူသည်လည်း စုံစမ်းခဲ့ဖူးသည်။ သို့သော် ယခုလောက်အထိ သားရဲများက စွမ်းအားမကြီးတတ်ချေ။

မုရုန်ရွှမ်းကိုယ်တိုင်ကလည်း စွမ်းအားကြီးမားသဖြင့် လဲ့ယန်တောင်ထိပ်မှ ဂိုဏ်းတူ အစ်ကိုအကြီးဆုံးဖြစ်နေခြင်းဖြစ်သည်။ သူနှင့်အတူ ပါလာသောဂိုဏ်းသားများကလည်း အရည်အချင်း ပြည့်မီသဖြင့်သာ ပြိုင်ပွဲတွင် ဆင်နွှဲနိုင်ခြင်းဖြစ်သည်။ သို့သော် သားရဲနှင့် စတင် တိုက်ခိုက်လိုက်သည်နှင့် ထိုရလဒ်ကိုသာ တွေ့ကြုံလိုက်ရသည်။

မုရုန်ရွှမ်းပင် ရင်မဆိုင်နိုင်တော့ချေ။

ဝုန်း

ဝံပုလွေကြီးက ကျောက်ပုံထဲက ခုန်ထွက်လာကာ လူအုပ်ကို ခုန်အုပ်ရန် ကြိုးစားလာသဖြင့် တပည့်ဂိုဏ်းသားများကခ က်ခက်ခဲခဲ ခုခံရသည်။

ဝံပုလွေက အလွန်ကြီးပြီး လူတစ်ယောက်၏ အရပ်ထက် မြင့်သည်။ထို့အပြင် ခေါင်းက အမွှေးများမှလည်း အစိမ်းရောင်အလင်းများ ထွက်နေသည်။

“ ငါတို့ ဒီကောင့်ကို မသတ်နိုင်ဘူး”

မုရုန်ရွှမ်း၏ဘေးမှ ဝမ်လော့က ပြောသည်။ သူက လုယွီ၏နေရာကို ရခဲ့ခြင်းဖြစ်သည်။

သူက နေရာတစ်ခု ရခဲ့သဖြင့် အပျော်လွန်ခဲ့သည်။သို့သော် ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးနှင့် ဆုံတွေ့လာသည်။ သူတို့က မလာခင်ကတည်းက သားရဲကို ထောင်ခြောက်ဆင်ရန် အစီအစဉ်ဆွဲခဲ့သည်။ ထောင်ခြောက်များ ပြင်ဆင်ရန်လည်း အချိန်ရခဲ့သည်။

ဝံပုလွေကြီး ထွက်လာချိန်တွင် ထောင်ခြောက်မိသွားခဲ့ပြီး ကျောက်တုံးကြီးကပြုတ်ကျခဲ့သည်။အလွန်ကြီးမားသောကျောက်တုံးများ တစ်တုံးပြီး တစ်တုံး ဆက်တိုက်ကျခြင်းအားဖြင့် ဝံပုလွေကြီးကို သတ်နိုင်သင့်သည်။ သို့သော် ထိုသို့သော နည်းဖြင့်ပင် မသေခဲ့ချေ။

ဝံပုလွေကြီးက ရုတ်တရက် ထကာ အူသည်။ထိုသို့အူလိုက်သည်နှင့်အချက်ပေးသံ ရသလိုမျိုး ပတ်ဝန်းကျင်မှ အူသံများ ဆက်တိုက် ထွက်လာသည်။

တပည့်ဂိုဏ်းသားများက တံတွေး မြိုချမိကြသည်။မုရုန်ရွှမ်းက ပြောသည်။

“ ဒီအနားမှာ ဝံပုလွေ အုပ်လိုက် ရှိနေတယ်။ ပြေးကြတော့”

သူတို့က ချက်ချင်းလိုလို ထွက်ပြေးကြသည်။ သူတို့၏ အရှိန်နှုန်းက အလွန်မြန်သည်။ သို့သော် ဝံပုလွေများက ပိုမြန်နေသည်။သူတို့က ပြေးနေရင်းနှင့်တင် ဘေးပတ်ဝန်းကျင်မှ သစ်ပင်အရိပ်များကြားမှ ဝံပုလွေများ ခုန်ထွက်လာကြသည်။ နှေးကွေးသော နောက်ပိုင်းမှ တပည့်ဂိုဏ်းသားများက ဝံပုလွေများ၏ ဆွဲချခြင်း ခံလိုက်ရသည်။

သူတို့က ချက်ချင်းလိုလို အရှင်လတ်လတ် ကိုက်စားခံရပြီး ငယ်သံပါအောင် အော်ဟစ်သံများက သွေးပျက်ဖွယ် ထွက်ပေါ်လာသည်။ထိုသို့ဖြင့် လူခြောက်ယောက်သာ ကျန်တော့သည်။

“ ဘေးဘက်မှာ သားရဲတွေ အပြည့်ပဲ”

ဝမ်လော့က ပြောသည်။

ဘေးဘက်ရှိ သစ်ပင်အရိပ်များကြားတွင် တောက်ပနေသော မျက်ဝန်းတစ်စုံပေါင်း များစွာ ရှိနေသည်။ အချို့သော မျက်ဝန်းများက နီးကပ်လာချိန်တွင် သူတို့ကြုံခဲ့သော အကောင်များထက် အရွယ်အစား ကြီးမားနေကြောင်း မြင်လိုက်ရသည်။

မုရုန်ရွှမ်းက အံကိုကြိတ်သည်။

“ ဂိုဏ်းတူ ညီငယ် ဝမ် မင်း သူတို့ကို အချိန်ဆွဲထားလိုက်၊ ငါကအကူအညီ သွားခေါ်မယ်”

ထိုသို့ပြောပြီးသည်နှင့် သူက ယခင်ကတည်းက သတိပြုမိခဲ့သော သားရဲများ ကင်းရှင်းသည့် လမ်းသွယ်ဘက်သို့ ပြေးတော့သည်။ လျို့ဝှက်နယ်မြေက ဖွင့်ကာစဖြစ်ပြီး နိယာမများက မပြီးပြည့်စုံချေ။ ထိုကြောင့် ကောင်းကင်မှ မပျံသန်းနိုင်ချေ။

ဂိုဏ်းသားများက အသိပြန်ဝင်ချိန်တွင် မုရုန်ရွှမ်းက ‌ပျောက်သွားလေပြီ။

“ မုရုန်ရွှမ်း သောက်ကျိုးနည်း မင်း…”

ဝမ်လော့၏ အော်သံက အဆုံးမသတ်ခင်မှာတင် ဝံပုလွေကြီးများက လူအုပ်ထံ ခုန်ဝင်လာလေပြီ။

အခြားတဘက်တွင် မုရုန်ရွှမ်းက ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဝံပုလွေများထံမှ လွတ်မြောက်သွားသည်။ သူက အရှိန်အဝါကို ဖျောက်ထားပြီး တစ်နေရာတွင် ဝင်ပုန်းနေသည်။

“ ဒီတစ်ခေါက်ပွဲက ဘာလို့ဒီလောက်အထိ ကြောက်ဖို့ကောင်းနေတာလဲ။ တကယ်ပဲ ဘိုးဘေးရဲ့ အမွေအနှစ်ကြောင့်လား”

မုရုန်ရွှ့မ်းက ရေရွတ်ပြီးချိန်တွင် မြက်ခင်း အပြင်ဘက်မှ စကားပြောသံကို ကြားလိုက်ရသည်။

အပိုင်း ၁၁၆၀

“ ဂိုဏ်းတူ မောင်ငယ်လေး ငါတို့ ဂူထဲကနေ ပန်းသုံးပွင့် ရှာတွေ့ခဲ့တယ်”

တပည့်ဂိုဏ်းသူများက ဂူထဲမှ ပြန်လာချိန်တွင် လုယွီထံသို့ လာပြောပြကြသည်။

သူတို့ထဲတွင် နွေဦးဝါပန်းအပြင် စိတ်ဝိဉာဉ်ကျောက်တုံးများစွာနှင့် ကောင်းကင်နှင့်မြေကြီးမှ စိတ်စွမ်းအင်များ ပါသော စိတ်ဝိဉာဉ်ပစ္စည်းများ ပါလာကြသည်။

မှော်သားရဲဂူထဲတွင် သားရဲများစွာ၏အရိုးများလည်း တွေ့ခဲ့သည်။ထိုသားရဲကြီးက အမဲလိုက်ထားဟန် ရသည်။

လုယွီက ပန်းသုံးပွင့်ကိုသာ ယူလိုက်ပြီး ကျန်တာမှန်သမျှကို ခွဲဝေပေးလိုက်သည်။ ဖန်းရှီကျင်းက စိတ်မကောင်းသလို ပြောသည်။

“ တကယ်ဆို ငါတို့က ဘာမှလည်း လုပ်နိုင်တာ မဟုတ်တော့ မယူသင့်ဘူး”

လုယွီက ခေါင်းခါသည်။

“ ဒါတွေက ငါ့အတွက် အသုံးမဝင်ဘူး”

သူ့အတွက် အသုံးမဝင်ဘူးဟု ဆိုသော အရာများက ဆေးဖော်ရာတွင်ဖြစ်စေ လက်နက်ထုလုပ်ရာတွင်ဖြစ်စေ ကျင့်ကြံရာတွင်ဖြစ်စေ အသုံးဝင်နေသည်။

လုယွီက အဆင့်နိမ့်ပစ္စည်းများမ လိုအပ်ရုံမျှသာဖြစ်သည်။ ယခုလို ဖြန့်ဝေလိုက်ခြင်းအားဖြင့် ကျေးဇူးတင်ခံရနိုင်သည်။

အခြားသော ဂိုဏ်းသူများကလည်း ပျော်သွားကြသည်။ သို့သော် သူတို့က မသိသည်မှာ သူတို့၏ စကားတိုင်းကို မုရုန်ရွှမ်းက ကြားသွားခြင်းဖြစ်သည်။

“ ဆိုတော့ ထိပေ့တောင်ထိပ်က ဂိုဏ်းသားတွေပဲ။ ကိုးမှတ်ပဲ ရတဲ့ ကောင်က ကောင်းစားနေတာလား”

သူကသာ အစစ်အမှန် ပါရမီရှင်ဖြစ်သည်။သို့သော် အင်အားကြီးသောဝံပုလွေနှင့် ဆုံခဲ့ရသဖြင့်သာ ယခုလိုကံဆိုးသွားခြင်းဖြစ်သည်။ သို့သော် ထိုနိမ့်ကျသော ကောင်ကမူ ကံကောင်းပြီး အားနည်းသော သားရဲနှင့် ဆုံသွားသည်။

သူက အလွန် မနာလိုဖြစ်လာပြီး ပုန်းနေရာမှ ထွက်ကာ အော်လိုက်သည်။

“ရပ်စမ်း”

လုယွီကလည်း ရောက်လာကတည်းက မုရုန်ရွှမ်း ထိုနေရာတွင် ပုန်းနေကြောင်း သိထားသည်။ သို့သော် သူက ဂရုမစိုက်ချေ။

ဖန်းရှီကျင်းတို့ကမူ အံ့သြသွားကြပြီးနောက် ဖန်းရှီကျင်းက သတိထားကာ မေးသည်။

“ နင်က ဘာလိုချင်တာလဲ”

“ ဒီသားရဲကို ငါက အရင်တွေ့ခဲ့တာပဲ။ ဒီတော့ မင်းတို့ ရထားသမျှကို ထားခဲ့ပြီး ထွက်သွားကြတော့”

မုရုန်ရွှမ်းက ခြိမ်းခြောက်လိုက်သည်။

မုရုန်ရွှမ်းက လုယွီ၏ လက်ထဲမှ ပန်းကိုမြင်ပြီး မနာလိုဖြစ်လာသည်။

“ အမှိုက်ကောင် မင်း ငါ့ကို ပန်းတွေ ပေးလိုက်ရင် ကောင်းမယ်။ မင်းကသာ အသိစိတ်ရှိရင် ငါက မင်းကို လဲ့ယန်တောင်ထိပ်မှာ လက်ခံပေးမယ် “

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရသည်မှာ သူက မုရုန်ရွှမ်းကို ပေးခဲ့ဖူးသောသင်ခန်းစာများက မလုံလောက်သေးခြင်းဖြစ်နိုင်သည်။

လုယွီက တုပ်တုပ်မျှ မလှုပ်ကြောင်း မြင်သောအခါ မုရုန်ရွှမ်းက ထပ်ပြောသည်။

“ တကယ်တော့ ငါက မင်းကို ဟန်ကျူးမှာ ရက်အနည်းငယ် နေခွင့် ပေးနိုင်တယ်။ မင်းလည်း သိတာပဲ၊ မင်းရဲ့ အဆင့်နဲ့ဆိုရင် ထိပေ့တောင်ထိပ်မှာ အောက်ခြေမှာပဲ နေနေရမှာပဲ”

ဖန်းရှီကျင်းက မင်သက်နေသည်။

“ နင်က ဘာတွေ လာပြောနေတာလဲ”

မုရုန်ရွှမ်းက ပြောသည်။

“ ဘာလဲ မင်းတို့တွေ သူ့ကို လက်ခံခဲ့လို့ နောင်တရနေပြီ မဟုတ်လား”

ဖန်းရှီကျင်းတို့ကမူ ဆွံ့အနေလေပြီ။ လုယွီက ယခုလေးတင် သူမတို့အားလုံးကို ကာကွယ်ပေးခဲ့သည်။ သို့သော် မုရုန်ရွှမ်း၏ ပါးစပ်မှ ထွက်လာသည့်အခါ သူ့ကိုသာ သူမတို့က ကာကွယ်ပေးရသလိုဖြစ်နေသည်။

လုယွီက ပြောသည်။

“ အပိုတွေ ပြောမနေနဲ့။ မင်းက ဒီပန်းကို လိုချင်ရင် ကိုယ်တိုင် လာယူနိုင်တယ်”

“ ဟမ့် မင်းက ကိုယ့်အဆင့် ကိုယ် မသိဘူးပဲ။ ကောင်းပြီလေ ငါကပဲ သဘောထားကြီးကြီးနဲ့ ငါတို့ကြားက ကွာခြားချက်ကို ပြပေးရတာပေါ့”

All Chapters