အခန်း (၁၁၆၁-၁၁၆၅)
Vol. 61 Ch. 1161-1165
အပိုင်း ၁၁၆၁
မုရုန်ရွှမ်းက လုယွီကို မာနကြီးစွာ ကြည့်လိုက်သည်။
“ မင်းလို ကောင်က ဒီနေရာမှာ ရှိနေစရာ အကြောင်းကို မရှိဘူး။ ငါက မင်းကို အနိုင်ကျင့်တယ်လို့ မပြောနဲ့။ မင်းပဲ အရင် လှုပ်ရှားလိုက်”
သူ၏ အမြင်တွင် စမ်းသပ်ကျောက်တုံးမှ ရလဒ်က အရာအားလုံး ဖြစ်နေခဲ့ပြီးလေပြီ။ လုယွီကို ဆရာကိုယ်တိုင်က ခေါ်လာခဲ့ခြင်းဆိုလျင်ပင် ကိုး ဂဏန်းလောက်သာ ရသော ကောင်က သူ၏ထံမှ အာရုံစိုက် မခံရချေ။
“ ဒါဆိုရင် မင်းဘာသာ ခုခံတော့”
လုယွီက ပြောသည်။
မုရုန်ရွှမ်း၏ မျက်ဝန်းအတွင်း တောက်ပသော အလင်းက လက်လာသည်။
“ ကောင်းပြီလေ၊ မင်း ငါ့ကို အြ ပစ်မတင်အောင် မင်းရဲ့ အစွမ်းအထက်ဆုံး အကွက်ကို ထုတ်လိုက်တော့”
‘ ထူးဆန်းတဲ့ တောင်းဆိုမှုပဲ’
လုယွီက မုရုန်ရွှမ်းနှင့် အချိန်မဖြုုန်းချေ။ သူက လက်ချောင်းလေးကို ပွတ်သပ်လိုက်ရုံဖြင့် ပြင်းထန်သော အဖြူရောင် စိတ်စွမ်းအားများက ထွက်လာသည်။ထိုစွမ်းအားများက လေထဲတွင် စက်ဝိုင်းကွေးသဏ္ဍာန်အဖြစ် ပေါ်လာပြီး မုရုန်ရွှမ်းကို ထိမှန်သွားသည်။
မုရုန်ရွှမ်းက လွင့်ထွက်သွားသည်။သူ၏ကိုယ်ထဲရှိ အတွင်းအားတိုင်းက ထိုစိတ်စွမ်းအားဖြင့် ထိုးနှက်ခံရသည်။
မုရုန်ရွှမ်းက မျက်နှာ ပျက်သွားသည်။ သူက ကိုယ့်ကိုယ်ကိုယ် ဟန်ချက် ညီအောင် မထိန်းနိုင်ခင်မှာတင် မြေသို့ ဝုန်းခနဲ ပြုတ်ကျပြီး ကျောက်တုံးနှင့် ဆောင့်ရိုက်မိသည်။ သူ၏ ရင်ဘတ်မှ အရိုးကျိုးသံများ ထွက်လာကာ သွေးလည်း အန်လိုက်ရသည်။
“ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
လုယွီက ပြောလိုက်သည်။ သူက သူ၏စွမ်းအား တစ်ဆယ် ရာခိုင်နှုန်းကိုပင် မသုံးထားရသေးချေ။
သူကသာ စွမ်းအားအကုန်ထုတ်လိုက်လျင် မုရုန်ရွှမ်းက နေရာတင် သေသွားမည့်အပြင် အလောင်းမှ ဖုန်တစ်စပင် မကျန်လောက်ချေ။
တပည့်ဂိုဏ်းသူ တစ်ယောက်က ပြောသည်။
“ ဒီကောင်က တကယ်လွန်တယ်။ ကျွန်မတို့က အားမနည်းကြပေမဲ့ သူက အနိုင်ကျင့်ပြီး ပစ္စည်းကို ရယူချင်နေတယ်”
“ သူ့ကို ထားလိုက်ပါ၊ ငါတို့က ပန်းပဲ လိုက်ရှာရအောင်”
ယခု သူတို့က ရှာနေသည်မှာ နွေဦး ဝါ ပန်းဖြစ်ကြောင်း သိပြီးသဖြင့် ထိုပန်း ပေါက်တက်သည့် နေရာကိုသာ သွားရန် လိုအပ်တော့သည်။ထိုသို့ဖြင့် လုယွီက ထိပေ့တောင်ထိပ်မှ တပည့်များကို ဦးဆောင်ကာ ထွက်သွားသည်။
သို့သော် မုရုန်ရွှမ်းက သေလုမျောပါး အနေအထားမျိုးဖြင့် ကျန်ခဲ့သည်။
“ သေစမ်း ငါ ပြန်ရောက်ရင် ဒီသောက်ရူးကို သတ်မယ်”
မုရုန်ရွှမ်းက အလွန် ဒေါသထွက်နေသည်။ သူက မနာလိုခြင်း၊ ဒေါသထွက်ခြင်း၊ အရှက်ရမှုတို့ကို ခံစားနေရသည်။ သူက ထရပ်လိုသော်လည်း ရင်ဘတ်မှ အရိုးများက ကျိုးနေသဖြင့် အချိန်တစ်နာရီခန့် အနည်းဆုံး ယူပြီးမှသာ ထနိုင်လောက်သည်။
ထိုအချိန်တွင် ဝံပုလွေ အူသံကို ကြားလိုက်ရသည်။ သူက ထိတ်လန့်သွားသည်။
“ ဝံပုလွေတွေ လိုက်မီလာပြီလား”
မုရုန်ရွှမ်းက အရှိန်အဝါကို ထိန်းထားသော်လည်း အူသံများက နီးသထက် နီးလာပြီး သစ်ရွက်များကို ကျော်ဖြတ် နင်းချေသံကပင် ပြင်းထန်လာကြောင်း ခံစားနေရသည်။
ထိုအချိန်တွင် သွေးများရွှဲနေသော လူတစ်ယောက်က ရှေ့ဆုံးမှ ပြေးလာခြင်းကို မြင်လိုက်ရသည်။ထိုလူက ဝမ်လော့ဖြစ်သည်။ ကျန်သော တပည့်ဂိုဏ်းသား ငါးယောက်တွင် လေးယောက်က သေသွားပြီး သူကသာ ကျန်တော့သည်။
မုရုန်ရွှမ်းက ပျော်သွားပြီး အော်လိုက်သည်။
“ ဝမ်လော့ ငါ့ကို ကယ်ပါဦး”
ဝမ်လော့ကလည်း သူ့ကို တစ်စုံတစ်ယောက်က ခေါ်လိုက်သဖြင့် အံ့သြသွားသည်။
အပိုင်း ၁၁၆၂
နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကျောက်တုံးနံရံပေါ် လဲကျနေသော မုရုန်ရွှမ်းကို မြင်လိုက်ရလေသည်။ တခဏခန့် တွေးတောပြီးနောက် ဝမ်လော့က သွားရောက် မကူညီချေ။
“ မင်းက ဘာလုပ်နေတာလဲ။ ငါ့ကို မြန်မြန် လာကူညီလေ”
မုရုန်ရွှမ်းက ဒေါသထွက်လာပြီး အော်သည်။
ဝမ်လော့က နှာခေါ့င်းကို ရှုံ့ပြီး ချာခနဲ လှည့်လျက် ထွက်သွားသည်။ ဝမ်လော့က ထွက်သွားကြောင်း မြင်သောအခါ မုရုန်ရွှမ်းက စိတ်ပျက်အားငယ်သွားသည်။
“ ဟမ့် ငါသာ အပြင်ကို ရောက်သွားရင် မင်းတော့ သေပြီ”
ယခုလို အခြေအနေမျိုးတွင် ရွေးချယ်စရာ မရှိတော့သည့်အတွက် မုရုန်ရွှမ်းက လက်မောင်းမှ တံဆိပ်ကို ချိုးလိုက်ရသည်။ ဒါက အတွင်းစည်း တပည့်ဂိုဏ်းသားတိုင်း ရထားသော အသက်ကယ် အဆောင်ဖြစ်ပြီး သူက ချိုးလိုက်ရုံဖြင့် အပြင်သို့ တိုက်ရိုက် ရောက်သွားပေလိမ့်မည်။
သူက ပြိုင်ပွဲမှ အလိုလို ထွက်ခွာသည့်သဘော သက်ရောက်သွားသော်လည်း သူ့တွင် ရွေးချယ်စရာ မရှိတော့ချေ။
သို့သော် မုရုန်ရွှမ်းကို ဝိုင်းပတ်ထားသည့် အဖြူရောင်အလင်းတန်းများက ရုတ်တရက် ပျောက်ကွယ်သွားသည်။ မုရုန်ရွှမ်း၏ မျက်နှာက ပျက်ယွင်းသွားသည်။
“ ဝင်္ကပါက အသက်မဝင်တော့ဘူး”
ထိုအချိန်တွင် ဝံပုလွေ အူသံက နီးကပ်စွာ ထွက်ပေါ်လာပြီး အနားရှိ ချုံထဲမှ လက်သည်းတဖက် ထွက်လာကာ သူ၏ ခေါင်းကို ထိုးခွဲသွားသည်။
အခြားတဘက်တွင်….
သွေးပျက်ဖွယ် ညည်းသံကြီးနှင့်အတူ သားရဲကြီးတစ်ကောင်က မြေပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသည်။ သူ၏ကိုယ်တွင် ထူထဲသော ကြေးခွံများစွာ ရှိပါသော်လည်း ယခုအခါတွင်မူ သွေးအလိမ်းလိမ်းဖြစ်နေလေသည်။
“ ဂိုဏ်းတူ မောင်ငယ်လေးရေ၊ ဂူထဲကနေ ပန်းဆယ်ပွင့်တောင် ရခဲ့တယ်။ အခုဆိုရင် မောင်ငယ်လေးကပဲ အနိုင်ရတဲ့သူ ဖြစ်လာလိမ့်မယ်”
လုယွီက လမ်းတစ်လျှောက်ရှိ သားရဲတိုင်းကို သတ်ဖြတ်ခဲ့ပြီး ပန်း အပွင့် တစ်ရာကျော် ရလာခဲ့သည်။
လုယွီက သားရဲများ စုဆောင်းထားသောရတနာများမှ တချို့တလေကိုသာ ယူပြီး ကျန်သောပစ္စည်းတိုင်းကို အခြားလူများကိုသာပေးတတ်သည်။ထိုကြောင့် လုယွီ၏နောက်မှ လိုက်လာသော ဂိုဏ်းတူ ညီအစ်မများ အားလုံးက အပြုံးပန်းဝေနေကြသည်။
“ ခဏ နားကြရအောင်”
လုယွီက တစ်နေရာ ရှာပြီး ထိုင်ကာ မျက်လုံးကို မှိတ်လိုက်သည်။
ဖန်းရှီကျင်းက လုယွီကို ကြည့်ပြီး ပင်ပန်းနေသည်ဟု ထင်ကာ အခြားဂိုဏ်းတူ ညီအစ်မများကို ပြောလျက် လုယွီကို ဝိုင်းပတ်ရပ်ကာ ကာကွယ်ပေးသည်။သို့သော် လုယွီအတွက် ထိုအဆင့် သားရဲများက ပင်ပန်းစေခြင်း မရှိချေ။ သို့သော် သားရဲများ၏ ကိုယ်တွင်းသို့ဝင်နေသည့် ယင်ချီများက ပြဿနာ ဖြစ်နေသည်။
လုယွီက ဖြတ်သန်းလာသမျှ နေရာတိုင်းကို သတိထားခဲ့ရာ တစ်နေရာထက် တစ်နေရာက ပို၍ အင်အားကြီးသော ဖုတ်ကောင် သားရဲများဖြင့် ပြည့်နေလေသည်။ သားရဲတစ်ကောင်က သေသည်နှင့် ယင်ချီ၏ လွှမ်းမိုးခံရပြီး ဖုတ်ကောင်ဖြစ်သွားသည်။
လုယွီက သူ၏ စိတ်အာရုံဖြင့် သည်လျို့ဝှက်နယ်မြေ တစ်ခုလုံးကို ဖြန့်ကျက်လိုက်သည်။ထိုအခါ ယင်ချီအားလုံးက တစ်နေရာတည်းမှ လာနေကြောင်း မြင်လိုက်ရသည်။ ထိုနေရာကို အနက်ရောင် မြူထုက အုပ်မိုးထားပြီး အကန့်အသတ်မဲ့သော ယင်ချီများကို လွှတ်ထုတ်ထားသည်။
လုယွီက မြူနက်ထဲသို့ ဂရုတစိုက် ကြည့်တော့မည့်အချိန်တွင် ပတ်ဝန်းကျင်က ဆူပူသံများ ထွက်လာသည်။
ကောင်းကင်မှ ကြေးခွံများအပြည့် ကာရံထားသော ဌက်ကြီးများ ထိုးဆင်းလာသည်။ ဖန်းရှီကျင်းက ချက်ချင်းလိုလို အော်လိုက်သည်။
“ ပန်းတွေကြားက ဓား”
သူမက ဓားချီတစ်ခုကို ထုတ်ဖော်ပြီးသည်နှင့် ဓားပန်းများက အစစ်အမှန် ပန်းများကဲ့သို့ လေထဲတွင် လှပစွာ ပွင့်လန်းလာသည်။ ထိုစွမ်းအားတိုင်းက ကောင်းကင်မှ ဌက်များထံ ဦးတည်နေသည်။
အခြားသော တပည့် ဂိုဏ်းသူများ အားလုံးကလည်း အစွမ်းအထက်ဆုံး သိုင်းကွက်များကို ထုတ်ဖော်ကြသည်။
ငှက်များက ကျွမ်းကျင်စွာ ရှောင်ရှားကြသည့်အပြင် ဓားချက် အနည်းငယ် ထိသွားလျင်ပင် ဒဏ်ရာ အနည်းငယ် ရသည်မှ လွဲ ထူးခြားမှု မရှိချေ။ရုတ်တရက် လူအုပ်ထဲမှ အော်ဟစ်သံ ထွက်လာသည်။ သူတို့ ရှိနေသော နေရာတစ်ခုလုံးက မှောင်မည်းလာသည်။
“ ဒါက ဘယ်လို သားရဲမျိုးလဲ”
ဖန်းရှီကျင်းလည်း ထိတ်လန့်လာပြီး အမှောင်ထုကို စိုက်ကြည့်သည်။
ရုတ်တရက် မျက်လုံးစိမ်း တစ်စုံက အမှောင်ထဲတွင် ပေါ်လာသည်။ အလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ထိုသိန်းဌက်ကြီးက တောင်ပံကို တချက် ခတ်လိုက်လေတိုင်းယခင်က လင်းနေသေးသော နေရာများကပင် မှောင်မည်းလာသည်။
ဖန်းရှီကျင်းက ချက်ချင်းလိုလို သူမ၏ အစွမ်းအထက်ဆုံး သိုင်းကွက်ကို ထုတ်ဖော်ကာ သိန်းဌက်ကြီး၏ မျက်လုံးတစ်စုံကို တိုက်ခိုက်သည်။ ဌက်က စူးရှစွာ အော်လျက် တောင်ပံကိုသာ တစ်ချက် ခတ်သည်။ထိုသို့ခတ်လိုက်သည့်အခါ လေပြင်းများက တိုက်ခတ်လာပြီး ဓားချီတိုင်းက ပျက်ပြယ်သွားသည်။
“ မကောင်းတော့ဘူး”
ဖန်းရှီကျင်းက အထိတ်တလန့် ရေရွတ်သည်။
ထိုသိန်းဌက်ကြီးက ရှေ့ဆုံးမှ တစ်ယောက်ထံ ခုန်ဝင်ကာ ထိုးသုတ်တော့မည့်အချိန်တွင် လုယွီက မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။
“ မိစ္ဆာသားရဲ မင်းက သေချင်နေပြီလား”
လုယွီက မြေပြင်ကို အသာဖနှောက်ဖြင့် ပေါက်လိုက်သည်နှင့် သူ၏ ကိုယ်က လေထဲ ရောက်သွားသည်။
အပိုင်း ၁၁၆၃
ဝုန်း
လုယွီက ရွှေရောင်သိန်းဌက်၏ ရှေ့သို့ ချက်ချင်းရောက်သွားပြီး လက်သီးဖြင့် ထိုးသည်။ ရွှေရောင်သိန်းဌက်ကြီးက အလွန်ကြီးမားနေသော်လည်း သူ၏ခေါင်းကို လုယွီ၏ လက်သီးက ထိမိသွားသည်နှင့် သွေးမြူအဖြစ် ပြောင်းသွားပြီး သွေးစများက ကောင်းကင်မှ ကျဆင်းလာသည်။
ကြီးမားသောကိုယ်ကြီးက မြေပြင်သို့ ပြုတ်ကျသည်။ သိန်းဌက်၏ကိုယ်ထဲသို့ ယင်ချီများ မဝင်ရောက်ခင် လုယွီက သိန်းဌက်၏ မိစ္ဆာအမြုတေကို ဖျက်ဆီးလိုက်သည်။
“ ဘယ်လိုဖြစ်ပြီး လေ့ကျင့်ရေးမှာ ကြောက်စရာ သားရဲတွေ အများကြီး ရှိနေတာလဲ”
ဂိုဏ်းက သူတို့ကို လေ့ကျင့်ရန် သည်နေရာသို့ စေလွှတ်ခြင်းဖြစ်သည်။သို့သော် .ယခုအခြေအနေအရ ဒါက သတ်ကွင်းဖြစ်လာသည်။
လုယွီက ခေါင်းခါသည်။သူသည်လည်း မသိချေ။
ထိုနေရာနှင့် သိပ်မဝေးသော နေရာတွင် တောင်ထိပ် တစ်ခုရှိသည်။ အနက်ရောင်ဝတ်ထားသော လူငယ်များက ဂူတစ်ဂူရှေ့မှ ကျောက်တုံးကြီးကို တွန်းဖယ်လိုက်ကြသည်။ကျန်းရှင်းက ပျော်ရွှင်စွာဖြင့် အထဲသို့ ပြေးဝင်သွားသည်။
အထဲတွင်ရှိသော ပန်း ခုနှစ်ပွင့်ကို သူက ရလိုက်သည်။
“ ကျေးဇူးတင်ပါတယ်ကွာ”
ထိုအနက်ရောင်နှင့် လူငယ်များက သူ့ကို သားရဲများကိုကိုင်တွယ်ပေးရာတွင် အကူအညီပေးသည်။ အနက်ရောင်လူငယ်တစ်ယောက်က ပြောသည်။
“ ငါတို့ မောင်းထုတ်လိုက်တဲ့ မိစ္ဆာသိန်းဌက်ကြီး အသတ်ခံလိုက်ရပြီ”
ကျန်းရှင်းလည်း အံ့သြသွားသည်။
“ ဘာ ၊ အဲဒီသိန်းဌက်က စိတ်ဝိဉာဉ်အဆင့်လေ”
သူတို့ကလည်း တိုက်ခိုက်နိုင်ခဲ့သော်လည်း မောင်းထုတ်ရန်သာ တတ်နိုင်ခဲ့သည်။
အနက်ရောင်လူငယ်က ပြန်ပြောသည်။
“ အခြားစွမ်းအားကြီးတဲ့ သားရဲတစ်ကောင်နဲ့ တွေ့သွားတာ ဖြစ်မယ်။ မြန်မြန်လုပ်၊ ဒီနေရာက မလုံခြုံဘူး”
“ ငါတို့ မင်းကို ရှာခိုင်းတဲ့ နေရာကို သိပြီလား”
ကျန်းရှင်းက ရယ်သည်။
“ ဒါပေါ့ ငါ ငါ့ဆရာကို အပူကပ်လိုက်တာနဲ့ မြေပုံရလာတယ်”
သမားတော်မူက ကျန်းရှင်းကို စိတ်တိုပြီး အပြစ်ပေးခဲ့သော်လည်း ပေါ့ပေါ့လျော့လျော့သာ ပေးခဲ့သည်။ မည်သို့ပင်ဆိုစေ ဒါက သူ၏ တစ်ဦးတည်းသော တပည့်လေး ဖြစ်သည်။
သမားတော်မူက တစ်ခါက လျို့ဝှက်နယ်မြေသို့ ဝင်ဖူးသဖြင့် အသေးစိတ်ပါသော မြေပုံ ဆွဲထားခဲ့သည်။ ကျန်းရှင်းက မြေပုံကို ပြသည်။
“ မင်းတို့က ဘယ်နေရာကို ရှာနေကြတာလဲ”
အနက်ရောင်လူငယ်များက အချင်းချင်း ကြည့်ပြီးနောက် တစ်ယောက်က ပြောသည်။
“ ကောင်းကင်နဲ့မြေကြီးက စွမ်းအင်တွေ စုဝေးနေတဲ့ နေရာမှာ ရတနာ ရှိတယ်။ အဲဒါကို ဝါးမြိုလိုက်ရင် မသေမျိုး ဖြစ်လိမ့်မယ်”
ကျန်းရှင်း၏ နှလုံးခုန်သံ မြန်သွားသည်။
“ ငါက ဘာလို့ မသိခဲ့တာလဲ”
“ ငါတို့ မြန်မြန် ရှာကြရအောင်လား”
ထို့နောက် လူငယ်တစ်ယောက်က မြေပုံကို ဆွဲယူသွားသည်။ အခြားတစ်ယောက်က မှော်ရတနာ တစ်ခုဖြစ်သည့် သံလိုက်အိမ်မြောင်ကို ထုတ်ကာ ကြည့်သည်။ အသေးစိတ် တွက်ချက်ပြီးနောက်တွင် လူငယ်တစ်ယောက်က တစ်နေရာကို လက်ညိုးထိုးသည်။
“ ဒီနေရာပဲ”
ကျန်းရှင်းက အပျော်လွန်သွားသည်။
“ မြန်မြန် သွားရအောင်၊ ရတနာကို သူများ မယူသွားစေနဲ့”
ရုတ်တရက် သူတို့၏နားအတွင်း အေးစက်သော အသံကို ကြားလိုက်ရသည်။
“ ငါလည်း စိတ်ဝင်စားတယ်”
အပိုင်း ၁၁၆၄
ရုတ်တရက် ထွက်လာသည့် အသံကြောင့် လူတိုင်းက ထိတ်လန့်သွားကြသည်။ အနက်ရောင် လူငယ်များထဲမှ တစ်ယောက်ကလည်း ဓားတစ်လက်က တောင်တန်းကို လှီးဖြတ်ကာ လမ်းကြောင်း ဖောက်ကြောင်းမြင်သွားသည်။
ဝုန်း
လမ်းကြောင်းထဲမှ ထွက်လာသော ဓားချီက တောင်ပေါ်မှ ဓားတစ်လက်ကို ရင်ဆိုင်မိပြီး ဝုန်းခနဲ ပေါက်ကွဲသည်။ တစ်ချက် တိုက်ခိုက်ရုံဖြင့် နှစ်ဘက်က လက်ရည်ညီနေသည်။
ထို့နောက် လမ်းကြောင်း အဖောက်ခံရသော နေရာမှ ရွှီရှန်းထျန်းတို့ ပေါ်လာသည်။ သူ၏ အနောက်တွင် ကျန်းရိကျင်းတို့ပါသည်။ ထိုနေရာမှ သားရဲများက ကြောက်မက်ဖွယ် ကောင်းသော်လည်း သူတို့က လမ်းကြောင်း ဖောက်နိုင်ခဲ့ကြသည်။
“ ထောင်ကျစ်”
ကျန်းရှင်းက မျက်နှာပျက်သွားသည်။
သူကသာ လျို့ဝှက်စွာဖြင့် လူများကို ပေးဝင်ခဲ့ကြောင်း သိသွားကြလျင် ဒုက္ခရောက်ပေလိမ့်မည်။
ရွှီရှန်းထျန်းက ပြောသည်။
“ မင်းတို့ ပြောတဲ့ကိစ္စကို ငါလည်း ကြားလိုက်တယ်။ ငါကလည်း မဟာမိတ်အဖြစ်ဖွဲ့ပြီး ပါချင်တယ်”
သူက သူ၏ဆန္ဒကို တိုက်ရိုက်ပြောသည်။မည်သို့ပင်ဆိုစေ မသေမျိုးဖြစ်နိုင်သည်ဆိုသော စကားကို ကြားပြီးမှ သူက လက်မလျှော့လိုတော့ချေ။
ကျန်းရှင်းက ပြောသည်။
“ ထောင်ကျစ်ရယ် ကျွန်တော်တို့က လူထက် လက်မခံတော့ပါဘူး”
သို့သော် အနက်ရောင် လူငယ်တစ်ယောက်ကမူ တွေးဆကာ ပြောသည်။
“ကောင်းပြီ မင်းလည်း ပါနိုင်တယ်”
ကျန်းရှင်းက လန့်သွားပြီး ခပ်တိုးတိုး ပြောသည်။
“ ဘာလို့ သူ့ကို ပါခိုင်းမှာလဲ။ သူက လူကောင်းမဟုတ်ဘူး”
အနက်ရောင် လူငယ်က မျက်မှောင်ကြုတ်သည်။
“ အချိန်ကျရင် မင်းရဲ့ ဝေစုက မလျော့စေရဘူး။ ဘာကို စိတ်ပူနေတာလဲ”
ကျန်းရှင်းက လက်မခံလိုသေးဘဲ ထပ်မံ ရှင်းပြလိုသည်။သို့သော် လူငယ်၏ အေးစက်သော အကြည့်ကို လက်ခံရပြီး ထိတ်လန့်သွားသည်။ သူတို့က နှစ်ဖွဲ့ပေါင်းလိုက်သဖြင့် အင်အားကြီးသွားကာ သားရဲတိုင်းကို ကိုင်တွယ်နိုင်ခဲ့သည်။
လူငယ်က သူတို့အား ကျောက်တောင် တစ်ခုသို့ ခေါ်သွားသည်။ ပတ်ဝန်းကျင်ရှိ တောင်တန်းတိုင်းက စိမ်းလန်းနေသော်လည်း ထိုတောင်ကမူ ဘာအပင်မှ မပေါက်ချေ။
ကျန်းရိကျင်းက နှာခေါင်းရှုံ့သည်။
“ ဟဲ့ နင် လမ်းကြောင်းများ မှားနေလား။ ဒီနားမှာ ဘာလမ်းမှ မရှိဘူး”
ရွှီရှန်းထျန်းပင် လူငယ်ကို ကြည့်သည်။ အဓိပ္ပါယ်က သူသည်လည်း လမ်းမှားခြင်း ရှိမရှိ မေးလိုသည်။
အနက်ရောင် လူငယ်က အနားမှ အဖော်လူငယ်များကို တချက်ကြည့်ပြီးနောက် အတည်ပြုကာ အရှေ့တွင် ပိတ်နေသည့် ကျောက်နံရံကို လက်သီးဖြင့် ထိုးလိုက်သည်။ ဝုန်းခနဲ မြည်သံနှင့်အတူ သူတို့၏ရှေ့ရှိ နံရံက ပြိုကျသွားပြီး ကြေးနီရောင် ဝင်ပေါက် တစ်ခု ပေါ်လာသည်။ ပတ်ဝန်းကျင် နံရံများတွင် ရှေးဟောင်း စည်းတံဆိပ် သင်္ကေတများကို ထွင်းထုထားသည်။
အနီးကပ်ကြည့်မည်ဆိုလျင် လူများကို မောင်းထုတ်စေနိုင်စွမ်းရှိပြီး မဝင်လာအောင် တားဆီးနိုင်သော ခံစားချက် စွမ်းအားတစ်မျိုးကို ရပေလိမ့်မည်။
“ ဒီနေရာမှာ ချိတ်ပိတ်ထားတဲ့ ဝင်္ကပါက ဘယ်လိုလုပ်ပြီး ရှိနေတာလဲ”
ရွှီရှန်းထျန်းလည်း အံ့သြသွားသည်။ သူက ထောင်ကျစ်တစ်ယောက်ဖြစ်သည့်အတွက် ကိစ္စများစွာကို သိထားသည်။
အနက်ရောင် လူငယ်က ဖျော့တော့စွာ ပြုံးသည်။
“ တကယ်တော့ ထိုက်ရိဂိုဏ်းက ဒီနေရာကို မတွေ့ခင် လူတစ်ယောက်က လာခဲ့တယ်။ သူက ရတနာကို ယူသွားလို့ မရသေးမှန်းသိလို့ ချိတ်ပိတ်ထားခဲ့တာပဲ။ အခု ရတနာကို ရဖို့အတွက် ငါတို့ တွေစည်းကို ပေါင်းပြီး ဖွင့်ရမယ်”
အပိုင်း ၁၁၆၅
ရွှီရှန်းထျန်းက ပြောသည်။
“ ငါက ပစ္စည်းရဲ့ တဝက်ကို လိုချင်တယ်”
အနက်ရောင်လူငယ်က တွေးတောခြင်းမရှိဘဲ သဘောတူလိုက်သည်မှာ သူက ထိုပစ္စည်းကို ဂရုစိုက်သည်ဟုပင် မထင်ရတော့ချေ။ သို့သော် ကျန်းရှင်းကမူ မျက်နှာပျက်နေသည်။ ရွှီရှန်းထျန်းသာ မလာလျင် ထိုပစ္စည်းကို သူတို့ကသာ ခွဲယူသင့်သည်။
ရွှီရှန်းထျန်းနှင့် အနက်ရောင်လူငယ်တို့၏ အကောင်းဆုံး သိုင်းကွက်များကို ထုတ်ဖော်လိုက်ကာ ကြေးနီရောင် ဂိတ်တံခါးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြသည်။ ထိုသို့ဖြင့် နာရီအနည်းငယ် ကြာချိန်တွင် တံခါးတွင် အက်ရာများ ပေါ်လာသည်။
ထိုအက်ရာများကြားမှ အနက်ရောင် အငွေ့များ ထွက်လာကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုအခါ လျို့ဝှက်နယ်မြေ၏ ကောင်းကင်က မ ည်းမှောင်လာပြီး တစ္ဆေညည်းသံများ ပြည့်လာသည်။
ထိုအခြေအနေကို တွေ့မြင်ကြသော ကျင့်ကြံသူတိုင်းက စိတ်လှုပ်ရှားလာကြသည်။
“ ရတနာ ပေါ်လာတာဖြစ်မယ်၊ သွားရှာကြရအောင်”
အတိတ်တွင်လည်းယခုလို ပြိုင်ပွဲများတွင် ဂိုဏ်းက ရတနာများကို ထည့်ကာ ကျင့်ကြံသူအချင်းချင်း လုယက်နိုင်ရန် ဖန်တီးလေ့ရှိသည်။ ယခုလည်းအ လားတူ ဖြစ်လာသည်။
ထိုကြောင့် လူတိုင်းက ထင်ရှားသော ဒေသသို့ ထွက်ခဲ့လိုက်သည်။ လုယွီကမူ ထိုအခြေအနေကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ ဒါက ရတနာ ပေါ်လာသော လက္ခဏာမဟုတ်ချေ။ ကောင်းကင်လောကတွင်ပင် ထိုအခြေအနေတွင် စိတ်ဝိဉာဉ်အားနည်းသော သူများက ဝေးဝေးမှသာ နေသင့်သည်။
“ မောင်ငယ်လေးဖန်း အစ်မတို့ သွားသင့်လား”
ဖန်းရှီကျင်းက လုယွီကို မေးသည်။
သူတို့၏အဖွဲ့တွင် လုယွီရှိနေခြင်းကို အားလုံးက ဝမ်းသာနေကြသည်။ ရတနာအသစ် ပေါ်လာခြင်းဆိုလျင်ပင် လုယွီက ဆန္ဒမရှိလျင် သူတို့လည်း မသွားလိုချေ။
လုယွီက ကောင်းကင်ကို ကြည့်ပြီး ပြောသည်။
“ သွားကြရအောင်။ ဒါပေမဲ့ အားလုံးပဲ သတိကြီးကြီး ထားကြပါ”
သူတို့က ထွက်လာချိန်တွင် သားရဲများနှင့် ဆုံသေးသည်။သို့သော် ယခင်က ထောင်လွှားနေသော သားရဲများကယခုအခါ ချောင်ကပ်ကာ ကွေးနေကြလေသည်။ သူတို့၏ကိုယ်ကပင် မသိမသာ တုန်ယင်နေကြသည်။
သူတို့က တောင်တန်းများကို ကျော်ဖြတ်ပြီးနောက် ခြောက်ကပ်နေသော တောင်တန်းသို့ ရောက်လာသည်။ အခြားသော တောင်တိုင်းက စိမ်းစိုနေပါသော်လည်း ထိုတောင်ကမူ အသက်စွမ်းအား ကင်းမဲ့နေသည်။
တောင်ခြေတွင် တပည့်ဂိုဏ်းသားများ ရောက်နေကြလေပြီ။သူတို့က လုယွီတို့ကို တချက်လှည့်ကြည့်ပြီးသည်နှင့် ပြန်လှည့်သွားကြသည်။
ဖန်းရှီကျင်းက လူအုပ်ကို ကြည့်ပြီး ပြောသည်။
“ လူတွေ အရမ်းများတယ်”
သူတို့တွင် မျော်လင့်ချက် မရှိတော့ချေ။ လုယွီက အင်အားကြီးသော်လည်း သူက တစ်ယောက်တည်းဖြစ်နေသည်။
Thank For Reading.