← Chapters

အခန်း (၁၁၇၆-၁၁၈၀)

Vol. 62 Ch. 1176-1180

အခန်း (၁၁၇၆-၁၁၈၀)

Vol. 62 Ch. 1176-1180

အပိုင်း ၁၁၇၆

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ပြောသည်။

“ မင်းကများ ငါ့ကို လှည့်စားချင်တယ်လား”

သူက လက်ထောင်ပြလိုက်သည်နှင့် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ရွှီရှန်းထျန်း၏ အနားသို့ ရောက်လိုက်ကာ ပါးကို ဖြန်းခနဲ ရိုက်သည်။ အခြားသော တပည့်ဂိုဏ်းသားများက ရွှီရှန်းထျန်းကို ခပ်အေးအေး ကြည့်နေကြလေသည်။

ယခုလို အန္တရာယ်သာ မကြုံရလျင် သူတို့က အမြဲတစေ လေးစားရပါသော ထောင်ကျစ်တစ်ယောက်က ငကြောက်ဟု သိကြလိမ့်မည် မဟုတ်ချေ။

လျိုရွှမ်ဖုန်းက ပြောသည်။

“ ငါက သေရတော့မှာချင်းအတူတူ အခြားလူကိုတော့ မတောင်းပန်နိုင်ဘူး”

ထိုအချိန်တွင် ဂူရှေ့မှ ကျောက်တုံးများက အုန်းခနဲ မြည်သံနှင့်အတူ ပွင့်ထွက်သွားသည်။

လူတိုင်း၏ နှလုံးသားကို တုန်ယင်စေသော စွမ်းအားတရပ်က ပျံ့နှံ့လာသည်။ လူတိုင်း၏ အာရုံက ဂူထံသို့ ရောက်သွားသည်။

ထိုအချိန်တွင် အလွန်အမင်း ဖြူဖျော့နေသော အသားအရေ ပိုင်ရှင် လူလတ်ပိုင်းတစ်ယောက်က ဂူထဲမှ တစ်လှမ်းချင်း ထွက်လာကြောင်း မြင်လိုက်ရသည်။ သူ၏ခြေတစ်လှမ်းချင်းစီတိုင်းက မြေပြင်ကို တဝုန်းဝုန်းမြည်သံများနှင့်အတူ တုန်ခါနေစေသည်။

ဖုတ်ကောင်ဘုရင်၏ စွမ်းအားက လူတိုင်းကို ကြောက်လန့် တုန်လှုပ်စေသည်။ အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက အလွန် စိတ်လှုပ်ရှားသွားသည်။

“ ဘိုးဘေးကို ကြိုဆိုပါတယ်”

သူက ချက်ချင်းလိုလို ဆက်ပြောသည်။

“ ဒီလူတွေ အားလုံးကို ဘိုးဘေးအတွက် ပြင်ဆင်ပေးထားတာပါ။ ကျွန်တော်က ရေခဲနယ်မြေက နေရာအများစုကို ဖျက်ဆီးပြီး ဘိုးဘေးအတွက် ပြင်ဆင်ပေးထားပါသေးတယ်”

သူက ဆက်ပြောသည်။

“ သူကတော့ ထောင်ကျစ်တစ်ယောက်လို့ ပြောပါတယ်။ တစ်ချိန်က သစ္စာဖောက်ကောင်က ဘိုးဘေးရဲ့ ဂိုဏ်းကို ဖျက်ဆီးခဲ့သလိုမျိုုး သူရဲ့ တပည့်ဂိုဏ်းသားရဲ့ သွေးကိုစုပ်ယူပြီး ကလဲ့စားချေနိုင်ပါတယ်။ ဒါက ကံအလှည့်အပြောင်းပါပဲ”

ထိုသို့ဖြင့် သူက ရွှီရှန်းထျန်းကို ရှေ့သို့ ဆောင့်တွန်းလိုက်သည်။ ရွှီရှန်းထျန်းက ကြောက်လန့်စွာ တုန်ယင်နေပြီး ခေါင်းကိုငုံ့ထားသည်။

ယခင်ကဆိုလျင် ဖုတ်ကောင်က ချက်ချင်းလိုလို သွေး စုပ်လောက်သည်။သို့သော် ယခုမူ အခြေအနေက မတူတော့ချေ။ သူက လက်ကာပြသည်။

“ အားလုံးကို ဖယ်ထုတ်လိုက်”

အနက်ရောင် ဝတ်စုံနှင့် လူအိုကြီးက နားကြားမှားသည်ဟု ထင်သွားသည်။ ထို့နောက် သူက ပြောသည်။

“ ဘိုးဘေးက သူ့ကို သဘောမကျရင်လည်း ဒီငယ်သားက ဘိုးဘေးအတွက် အမျိုးသမီးငယ်လေးတွေနဲ့ ကလေးငယ်တွေကို ပြင်ဆင်ပေးထားပါတယ်။ ကလေးငယ်တွေက အသက်ဆယ်နှစ်အောက်တွေဖြစ်ကြလို့ ဘိုးဘေး သဘောကျမှာပါ”

ထိုအချိန်တွင် လုယွီက အထဲမှ တစ်လှမ်းချင်း ထွက်လာသည်။ သူက ပြောသည်။

“ ရှင်းဟွမ် သူတို့ကို သတ်လိုက်”

အပိုင်း ၁၁၇၇

ရှင်းဟွမ်က မျက်မှောင်ကြုတ်သည်။

“ ဒါက မင်းရဲ့ကိုယ်ပိုင် ကံကြမ္မာပဲ၊ ငါ့ကို အပြစ်မတင်နဲ့တော့”

သူ၏အရှေ့တွင်ရှိသော အနက်ရောင်လူအိုကြီး၏ အနားသို့ ရှင်းဟွမ်က ချက်ချင်းလိုလို ရောက်ရှိသွားပြီး လည်ပင်းကို လက်ဝါးစောင်းဖြင့် ရိုက်ချလိုက်သည်။

ဂျွတ်

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ချက်ချင်းလိုလို ဇက်ကျိုးပြီး သေသွားသည်။ အခြားသော အနက်ရောင်ဝတ်စုံနှင့် လူများအားလုံးက ခြောက်ခြားသွားကြသည်။

“ ဘိုးဘေးဘိုးဘေး အထင်မှားနေပါပြီ”

“ ဘိုးဘေး ကျွန်တော်တို့က ဘိုးဘေးကို ပူဇော်ဖို့ ရောက်လာခဲ့တာပါ”

သူတို့အားလုံးက မိစ္ဆာအတတ်ကျင့်ကြံသူများဖြစ်ကြပြီး အမျိုးမျိုးသော အဆက်အသွယ်များဖြင့် ဖုတ်ကောင်ဘိုးဘေးအကြောင်းကိုသိ ခဲ့ကြသည်။သူတို့က ယနေ့ရောက်လာသည်မှာလည်း ဘိုးဘေးကို ပြန်လည်ရှင်သန်အောင် နှိုးပေးရန်ဖြစ်သည်။

သို့သော် သူတို့ကို လက်ခံရမည့်အစား ထိုက်ရိဂိုဏ်းမှ တပည့်ဂိုဏ်းသားများကို ကယ်တင်ပြီး သူတို့၏ လူကို ပြန်သတ်လိုက်သည်။ သူတို့ကလည်း အခြေအနေကို နားမလည်နိုင်ကြတော့ချေ။

ရှင်းဟွမ်က အပိုစကားမဆိုချေ။ သူက ဖျက်ခနဲ လက်ကာ အကြိမ်အနည်းငယ် လှုပ်ရှားပြီးသည်နှင့် ကျန်သောအနက်ရောင်ဝတ်စုံနှင့် လူများအားလုံး သေသွားကြသည်။

လုယွီက ပြောသည်။

“ မင်းတို့ရဲ့ ဂိုဏ်းတူ ညီအစ်ကိုတွေက မသေသေးဘူး၊ အထဲကို ဝင်ပြီး ခေါ်လိုက်ကြပါ”

လုယွီက တပည့်ဂိုဏ်းသားများကို ချည်ထားသော ကြိုးများကို ဖြည်ပေးသည်။ အားလုံးက ပါးစပ်အဟောင်းသားဖြစ်လျက် လုယွီကို ကြည့်ကြသည်။ အဖြစ်အပျက်ကို သူတို့က လိုက်မမီနိုင်ကြတောချေ။

ရှင်းဟွမ်က သာမန်လူနှင့်မခြားသော်လည်း သူ၏ ခန္ဓာကိုယ်မှ ထွက်နေသည့် မိစ္ဆာဆန်သည့် အရှိန်အဝါက မပြောင်းလဲချေ။ ထိုကြောင့် မည်သူကမျှ ရှေ့မတိုးရဲကြချေ။

လုယွီက ပြောသည်။

“ ရှင်းဟွမ် ဒီနယ်မြေမှာရှိတဲ့ အခြားမိစ္ဆာအတတ်ကျင့်ကြံသူတိုင်းကို သတ်လိုက်ပါ”

ရှင်းဟွမ်က လေထဲသို့ ခုန်တက်လိုက်ပြီး ချက်ချင်းလိုလို ပျောက်ကွယ်သွားသည်။ ဖန်းရှီကျင်းက မေးသည်။

“ ဂိုဏ်းတူ မောင်ငယ်လေး အဲဒီလူက ဂူထဲမှာ ရှိနေခဲ့တာလား”

လုယွီက ခေါင်းညိတ်သည်။

“ဟုတ်တယ်။ အထဲကို ခေါ်သွားခံရတဲ့လူတွေ တစ်ယောက်မှ မသေးသေးဘူး၊ အထဲကို ဝင်ပြီး ခေါ်လိုက်ပါ”

ကြောက်မက်ဖွယ်လူသားက မရှိတော့သည့်အခါ မည်သူကမျှ နောက်မတွန့်တော့ဘဲ ဂူအတွင်းသို့ ပြေးဝင်သွားကြတော့သည်။

သူတို့က ဂူထဲမှ တပည့်ဂိုဏ်းသားများကို ပြန်တွေ့ကြသည်။အလောင်းကောင်၏ အဆိပ်ကြောင့် မေ့မြောနေကြသော်လည်း သူတို့ကိုသာ သေချာ ပြုစုလိုက်လျင် ပြန်လည်ကောင်းမွန်သွားပေလိမ့်မည်။

“ ဂိုဏ်းတူအစ်ကိုကြီး ( မှတ်ချက်… စွမ်းအားကြီးတာနဲ့ အစ်ကိုကြီး သို့ အစ်ကိုအကြီးဆုံး တပ်ခေါ်ကြပါတယ်) နောင်အနာဂတ်မှာ ဂိုဏ်းတူအစ်ကိုကြီးက ဘာကိုပဲ လိုအပ်လိုအပ် ကျွန်တော့်ကို လာ ရှာနိုင်ပါတယ်”

“ ဟုတ်တယ်၊ ဂိုဏ်းတူအစ်ကိုကြီးက တစ်ခုခု ခိုင်းချင်တာ ရှိရင် ပြောသာ ပြောလိုက်ပါ”

လုယွီက သူတို့အား ငရဲဂိတ်မှ ကယ်ပေးခဲ့သည်။ ထို့အတွက် လူတိုင်းက သူ့ကို ကျေးဇူးတင်နေကြသည်။ လျိုရွှမ်ဖုန်းက ပြောသည်။

“ အရင်က ငါက ဂိုဏ်းတူအစ်ကိုကြီးကို အထင်လွဲခဲ့မိတယ်။ အဲဒီအတွက် ခွင့်လွှတ်ပါ”

လုယွီက ခေါင်းအသာ ခါသည်။သူက ထိုကိစ္စကို မေ့သွားလေပြီ။ လွတ်မြောက်လာသူတိုင်းက စကားလက်ဆုံကြပြီး ရယ်မောနေကြသည်။မည်သူကမျှ ရွှီရှန်းထျန်းကို သတိမရကြချေ။

ကျန်းရိကျင်းက ပြောသည်။

“ ထောင်ကျစ်”

သူမ၏ အသံက မသက်မသာဖြစ်နေသည်။ အခြားလူများကလည်း အလားတူ မသက်မသာဖြစ်နေကြသည်။ လူတိုင်းက ပျော်ရွှင်နေကြပြီး သူမတို့ကို သတိမထားမိကြချေ။

ရွှီရှန်းထျန်းက လေသံတိုးတိုးဖြင့် ပြောသည်။

“ အသံမထွက်နဲ့”

သူက ဆက်ပြောသည်။

“ ဒီကောင်က ဘာလို့ အဲဒီလူကို သူရဲ့အမိန့်ကို နာခံအောင် လုပ်နိုင်လဲ သိလား”

သူ၏ပတ်ဝန်းကျင်မှ လူအနည်းငယ်က သိချင်စိတ် ပြင်းပြသွားကြသည်။

“ ဘာလို့လဲ”

“ ဒီကောင်က တကယ်တော့ မိစ္ဆာအတတ် ကျင့်ကြံတဲ့လူပဲ၊ သူက ငါတို့နဲ့ ရောပြီး ဂိုဏ်းထဲဝင်ချင်နေတာနဲ့ အခုလို ဟန်ဆောင်ပြနေတာ ဖြစ်မယ်”

“ ဒါပေမဲ့ ငါရဲ့ မြင်နိုင်စွမ်းကနေတော့ မလွတ်မြောက်နိုင်ဘူး”

အပိုင်း ၁၁၇၈

ထိုက်ရိဂိုဏ်း နေရာရွေ့ပြောင်းဝင်္ကပါ အခင်းအကျင်း၏ ရှေ့တွင်…

ထိုက်ရိဂိုဏ်းက လူတိုင်းက ရပ်စောင့်နေကြသည်။ သူတို့က သူတို့၏တောင်ထိပ်အသီးသီးမှ တပည့်ဂိုဏ်းသားများကို စောင့်ဆိုင်းနေကြသည်။

“ ကြည့်ရတာ ဒီတစ်ခေါက် ဘယ်တပည့်ဂိုဏ်းသားကမှ နုတ်မထွက်ကြဘူး။ နောက်မျိုးဆက်မှာ လူတော်တွေ အပြည့်ပါလာတာပဲ”

ဂိုဏ်းခေါင်းဆောင် ရွှမ်ကျီးက အလွန်ပျော်နေသည်။

ယခင်အကြိမ်များအတိုင်း ခုနှစ်ရက်ပြည့်လျင် အားလုံးက အပြင်သို့ အလိုလို ပို့ဆောင်ခံရလိမ့်မည်။ ယခင်အခေါက်များတွင်မူ လက်လျော့သွားသူများ၏ ပမာဏက ထက်ဝက်ခန့်နီးပါး ရှိတတ်သည်။ သို့သော်ယခုတစ်ခေါက်တွင် တစ်ယောက်မျှ မရှိခဲ့ချေ။

“ စမ်းသပ်မှုက အရမ်း ခက်ခဲနေတာတော့ မဟုတ်ပါဘူးနော်”

အကြီးအကဲ လဲ့ယန်က ပြောသည်။ သူက တံခါးပိတ်ကျင့်ကြံရာမှ ထွက်လိုက်သည်နှင့် ပြိုင်ပွဲစနေပြီဟု ကြားသဖြင့် အပြေးလာခဲ့ခြင်းဖြစ်သည်။

အကြီးအကဲ ထျန်းရှင်းက မေးကို မော့သည်။

“ ဒီနေရာကို ငါကိုယ်တိုင် စစ်ဆေးထားတာ ၊ဘာဖြစ်ရမှာလဲ”

ထျန်းရှင်း၏ ယုံကြည်မှု ရှိနေခြင်းကို မြင်ပြီး လဲ့ယန်က မသက်မသာ ဖြစ်သွားသည်။ တစ်ခုခုက မှားနေလေပြီ။

ထိုအချိန်တွင် ဝင်္ကပါမှ အလင်းရောင်များ တောက်ပလာကာ ပြိုင်ပွဲဝင်ကြသည့် တပည့်ဂိုဏ်းသားများ ထွက်လာကြသည်။ ရွှမ်ကျီးက ပြုံးလျက် ပြောသည်။

“ ကောင်းပြီ သူတို့ရဲ့ ရလဒ်ကို ကြည့်ရအောင်”

အားလုံးထံမှ ပါလာမည့် ပန်းအရေအတွက်ကို မှတ်တမ်းတင်မည့် လူက တပည့်ဂိုဏ်းသားများ၏ အနားသို့ သွားသည်။ သူ၏ လက်က စုတ်တံ ကိုင်ထားပြီး တဖက်ကလည်း စာအုပ်ကို အသင့်ပြင်ထားသည်။

သို့သော် မည်သူကမျှ ပန်းတစ်ပွင့်သော်မျှ ပါမလာကြချေ။ ရွှမ်ကျီးအပါအဝင် အကြီးအကဲတိုင်း၏ မျက်နှာက ပျက်ယွင်းနေသည်။

“ ဟန်ကျိုး ကျောက်ရွှမ်းတောင်ထိပ်… ပန်းအရေအတွက် သုည”

ရေးမှတ်နေသောသူက ခေါင်းဆောင်ကို တချက်ပြန်ကြည့်သည်။

ဟန်ကျိုးသည် ခေါင်းဆောင်၏ မွေးစားသားဖြစ်သည်။ ဟန်ကျိုး၏ ဖခင်ရင်းက သေဆုံးသွားပြီးနောက် ဟယ်ရွှမ်ကျီးကသာ မွေးစားပြီး သားအရင်းတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့သည်။

ဟန်ကျိုးကလည်း စိတ်မပျက်စေချေ။ သူက ခေါင်းဆောင်၏ သားဆိုသော ဂုဏ်ကို ဂရုမထားဘဲ အမြဲလိုလို ကိုယ်ပိုင်အားဖြင့် အမြင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ သည်တစ်ကြိမ်တွင်လည်း အားလုံးက သူ့ကို မြင့်မြင့် မှန်းထားကြသည်။ ဟယ်ရွှမ်ကျီး၏ မျက်နှာက မသာမယာ ဖြစ်သွားသည်။

အခြားသောတပည့်ဂိုဏ်းသားများကိုလည်း ဆက်လက် စစ်ဆေးကြည့်ကြသည်။ လူအနည်းငယ်လောက်က လွဲလျင် လူတိုင်းလိုလိုက ပန်းတစ်ပွင့်မျှ ရမလာကြချေ။

အကြီးအကဲ ထျန်းရှင်းမေးသည်။

“ ဟန်ကျိုး ဒါက ဘယ်လိုဖြစ်တာလဲ”

ဟန်ကျိုးက ကျယ်လောင်သော အသံဖြင့် ပြောသည်။

“ လျို့ဝှက်နယ်မြေထဲကို မိစ္ဆာအတတ်ကျင့်ကြံသူတွေ ရောက်လာခဲ့တယ်”

အားလုံးက တုန်လှုပ်သွားကြပြီး ချက်ချင်းလိုလို မေးမြန်းကြသည်။

“ ဒါဆိုရင် မင်းတို့က ဘယ်လိုလွတ်လာတာလဲ”

“ ဒါကတော့ ဂိုဏ်းတူအစ်ကိုကြီးဖန်းကိုပဲ ကျေးဇူးတင်ရမယ်”

ထို့နောက် ဟန်ကျိုးက ကိစ္စတိုင်းကို အသေးစိတ် ပြန်ပြောပြသည်။

အကြီးအကဲ လဲ့ယန်က အံ့သြသွားသည်။

“ ငါရဲ့တပည့် ဖန်းယွန်လား”

ဂိုဏ်းသားတိုင်းကို ကယ်တင်ခြင်းဆိုလျင် သူ၏ ဂိုဏ်းကို အကျိုးပြုမှုက အလွန်မြင့်သွားလေပြီ။ ထိုအချိန်တွင် ဖန်းရှီကျင်းကေ ရှ့တက်ကာ ပြောသည်။

“ ကျွန်မရဲ့ ဂိုဏ်းတူ မောင်ငယ်လေး ဖန်းကို လဲ့ယန်တောင်ထိပ်က နှင်ထုတ်လိုက်တာ ကြာပါပြီ”

အပိုင်း ၁၁၇၉

“ ဘယ်သူလဲ။ ဘယ်ကောင်က လုပ်ခဲ့တာလဲ”

အကြီးအကဲလဲ့ယန်က အလွန် ဒေါသထွက်သွားသည်။ လု ယွီကို ဖိတ်ခေါ်နိုင်ရန် သူက အလွန်ကြိုးစားခဲ့ရသည်။ သို့သော် သူပင် မရှိခင် အခြားလူတစ်ယောက်က နှင်ထုတ်လိုက်သည်။

လူအုပ်ထဲမှ လူတစ်ယောက်က ထွက်လာကာကျယ်လောင်စွာ ပြောသည်။

“ ဖန်းယွန်ကို ဂိုဏ်းတူအစ်ကိုအကြီးဆုံးက နှင်ထုတ်ခဲ့ပြီး၊ သူရဲ့ နေရာမှာ ကျွန်တော့်ကို အစားထိုးခဲ့ပါတယ်”

ပြောလိုက်သူက ဝမ်လော့ဖြစ်သည်။

အကြီးအကဲလဲ့ယန်က အလွန် ဒေါသထွက်နေသည်။

“ ငါက အကြောင်းမဲ့ သူ့ကို တစ်နေရာ ပေးမယ် ထင်လို့လား”

လုယွီက မျှော်စင်၏ ထိပ်ဆုံးထပ်ကိုပင် ကျော်ဖြတ်နိုင်ခဲ့သူဖြစ်သည်။ ဝမ်လော့ကို သူက သေချာ သိသည်။ ပါရမီရှိပါသော်လည်း ဘဝင်မြင့်လွန်းပြီး အုတ်မြစ်ကလည်း မခိုင်မာချေ။ ထိုသို့သော လူမျိုးက လုယွီနှင့် မယှဉ်နိုင်ချေ။

ဝမ်လော့က ပြောသည်။

“ ဖန်းယွန်ရဲ့ အရည်အချင်းက နံပါတ်ကိုးပဲ ရှိတယ်။ ဒီလိုကောင်မျိုးက အမှိုက်ပါပဲ”

“ ဉာဏ်နည်းလိုက်တဲ့ ကောင်တွေ”

အကြီးအကဲ လဲ့ယန်က အံကို တင်းကြပ်စွာ ကြိတ်ထားသည်။ သူက အလွန် ဒေါသထွက်နေပြီး စကားပင် မဆိုနိုင်တော့ချေ။

ဝမ်လော့က ခေါင်းခါသည်။

“ အကြီးအကဲက အသက်ကြီးလွန်းနေပါပြီ”

သူက သိုလှောင်အိတ်ကို ထုတ်လိုက်ပြီး အထဲမှ အဖြူရောင် ပန်းလက်တစ်ဆုပ်စာကို ထုတ်လိုက်သည်။

ပန်းများ ရေတွက်ရန် တာဝန်ယူထားသောတပည့်ဂိုဏ်းသားက ပန်းများကို ရေတွက်သည်။

“ ၃၇ပွင့်”

ထိုအခါ အခြားသောတပည့်ဂိုဏ်းသားများက သူ့ကို မနာလိုအားကျစွာ ကြည့်လာကြသည်။ ယခင် ဂိုဏ်းသားများနှင့် ယှဉ်သော် သူ၏ လုပ်ဆောင်နိုင်မှုက အမြင့်ဆုံးဖြစ်သည်။

ဝမ်လော့ကလည်း အကြည့်များကို ခံစားမိကာ ခေါင်းကို မော့လိုက်သည်။ သူက ဝံပုလွေများထံမှ ထွက်ပြေးခဲ့ပြီး တွင်းတစ်တွင်း ဝင်ကာ ပုန်းနေခဲ့သည်။ ရှင်းဟွန်က အရှိန်အဝါကို ထုတ်လွှတ်လိုက်ချိန်တွင် ဝံပုလွေများက တုန်ယင်ကာ မြေတွင် ဝပ်သွားကြသည်။

ထိုအချိန်တွင် သူက သတိထားပြီး ဝံပုလွေ၏အသိုက်ထံသို့ သွားကြည့်လိုက်ရာ အလားတူ ပန်း အပွင့်သုံးဆယ်ကို ရခဲ့သည်။

ဝမ်လော့က ပြောသည်။

“ အကြီးအကဲက ဘာကြောင့် အမှိုက်ကောင်ကို ပစားပေးနေသလဲ မသိပေမဲ့ သူကတော့ ဒီလို မလုပ်နိုင်ဘူးလို့ ထင်တယ်”

သူက လျို့ဝှက်နယ်မြေ၏ အပြင်ဘက်ပိုင်းတွင်သာ နေခဲ့ရာ ဂူရှေ့မှ ကိစ္စများကို မသိချေ။

လျိုရွှမ်ဖုန်းက ပြောသည်။

“ မင်းက အထဲကို မဝင်ခဲ့တာ နှမြောစရာပဲ။ ဒါဆိုရင် ဂိုဏ်းတူအစ်ကိုကြီးဖန်းရဲ့ လုပ်ဆောင်နိုင်စွမ်းကို သိလိမ့်မယ်”

ဝမ်လော့က ပြုံးသည်။

“ မင်းရဲ့ ဦးနှောက်က ပျက်သွားပြီလား။ ဒီလိုကောင်က ဘာများ လုပ်နိုင်မှာလဲ။ ကြည့်ရတာ မင်းတို့က ဘာမှ မရလာခဲ့ဘဲ ငါက ပန်းတွေ အများကြီးရလာခဲ့လို့ မနာလိုဖြစ်သွားတာ ထင်တယ်။ ဒါဆိုရင်တော့ ငါက လက်ခံပါတယ်”

လူတိုင်းနီးပါး ဒေါသထွက်သွားကြသည်။ လျိုရွှမ်ဖုန်းက ဒေါသတကြီး ပြောသည်။

“ ငါက အခုနေရာမှာတင် မင်းရဲ့ ပါးစပ်ကို ဆွဲဖြဲနိုင်တယ်။ ငါနဲ့စင့်မြင့်ပေါ်မှာ တိုက်ခိုက်ရဲလား”

ဝမ်လော့က ပြုံးသည်။

“ မင်းလို ကောင်မျိုးက ငါရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာတဲ့လား”

လျိုရွှမ်ဖုန်းက အလွန်ဒေါသထွက်သွားပြီး ဓားချီတစ်ခုကို ထုတ်ဖော်လိုက်သည်။ သို့သော် ထိုဓားချီက ဝမ်လော့ထံ မရောက်ခင်မှာတင် ခေါင်းဆောင်က ဖယ်ရှားလိုက်သည်။

“ ဖန်းယွန်က ဘယ်မှာလဲ’

ခေါင်းဆောင်က မေးသည်။

လျိုရွှမ်ဖုန်းက ဖြေသည်။

“ ဂိုဏ်းတူအစ်ကိုကြီးက လျို့ဝှက်နယ်မြေထဲမှာ ကျန်ရှိနေတဲ့ မိစ္ဆာကျင့်ကြံသူတွေကို ရှင်းလင်းနေပါတယ်”

“ သူက တစ်ယောက်တည်းအားနဲ့ ရှင်းနိုင်ခဲ့တာလား”

အပိုင်း ၁၁၈၀

လျိုရွှမ်ဖုန်းက ပြောသည်။

“ သူတစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်”

ခေါင်းဆောင်က စိတ်ရှုပ်သွားချိန်တွင် ဂိုဏ်းသားတစ်ယောက်က အနားကပ်လာကာ ခပ်တိုးတိုး ပြောသည်။ သူ၏ အမူအယာက ပျက်ယွင်းသွားလေသည်။

“ ပြိုင်ပွဲကိစ္စကို ခဏရပ်ဆိုင်းထားမယ်။ အရင်ဆုံး အကြီးအကဲတွေအားလုံး ခန်းမကို လိုက်ခဲ့ကြ”

….

ထိုက်ရိဂိုဏ်း…..

ခန်းမအတွင်းသို့ အကြီးအကဲတိုင်း ရောက်ရှိလာကြပြီး ခေါင်းဆောင်ကို နားမလည်နိုင်သလိုကြည့်နေကြသည်။

“ ခေါင်းဆောင်က ဘာကိုများ ဆွေးနွေးမှာပါလဲ”

ဟယ်ရွှမ်ကျီးက ပြောသည်။

“ လျို့ဝှက်နယ်မြေထဲကို ဂိုဏ်းရဲ့ သစ္စာဖောက်က ဝင်ရောက်ခဲ့တယ်။ အဲဒီကောင်က မိစ္တာအတတ် ကျင့်ကြံသူပဲ”

အကြီးအကဲများအားလုံးက အံ့သြသွားကြသည်။ ထိုက်ရိဂိုဏ်းက သမာသမတ်ဂိုဏ်းဖြစ်သဖြင့် မိစ္ဆာအတတ်ကျင့်ခြင်းကို ရှုံ့ချလေသည်။ထိုကြောင့် သည်ကိစ္စက လက်မခံနိုင်စရာ ဖြစ်လာသည်။

သူက ဆက်ပြောသည်။

“ သစ္စာဖောက်က လဲ့ယန်တောင်ထိပ်က နှင်ထုတ်လိုက်တဲ့ ဖန်းယွန်ပဲ”

အကြီးအကဲ လဲ့ယန်က ချက်ချင်း မတ်တပ်ထရပ်သည်။

“ မဖြစ်နိုင်တာ။မဖြစ်နိုင်ဘူး၊ “

ရွှီရှန်းထျန်းက ခန်းမထဲသို့ ဝင်လာသည်။

“ ကျွန်တော်က အသေးစိတ် ပြောပြနိုင်ပါတယ်”

“ ဖန်းယွန်က ရုတ်တရက်ကြီး ဘာလို့ စွမ်းအားကြီးလာတယ်လို့ ထင်လဲ၊ သူရဲ့နောက်ကွယ်မှာ မိစ္ဆာဂိုဏ်းတစ်ခု ရှိနေလို့ပဲ။ သူတို့က ဖန်းယွန်ကို ပျိုးထောင်ပြီး ထိုက်ရိဂိုဏ်းရဲ့ လျို့ဝှက်နယ်မြေထဲ ဝင်စေခဲ့တယ်။ ဒါက နောက်ကျောကို ဓားနဲ့ ထိုးဖို့ပဲ”

အကြီးအကဲ လဲ့ယန်က ခေါင်းခါသည်။

“ ငါက မင်းရဲ့စကားတစ်ခွန်းတည်းနဲ့ ယုံပေးရမှာလား”

ရွှီရှန်းထျန်းက ဆက်ပြောသည်။

“ ရှင်းပြနိုင်ပါတယ်။ စိတ်ဝိဉာဉ်အဆင့်တွေကိုတောင် လက်တချက်ရမ်းရုံနဲ့ သတ်နိုင်တဲ့ လူတစ်ယောက်က သူရဲ့ အမိန့်ကို နာခံတာက ဘာကြောင့်ဖြစ်မလဲ”

အကြီးအကဲ လဲ့ယန်က ခေါင်းကို ခါသည်။

“ မဖြစ်နိုင်ဘူး၊ ဖန်းယွန် သူက အဲဒီလို မလုပ်လောက်……”

ခေါင်းဆောင်က အလွန် ဒေါသထွက်သွားသည်။

“ ကောင်းပြီ အဲဒီကောင် ထွက်လာတာနဲ့ ချက်ချင်း ဖမ်းလိုက်ကြ”

အကြီးအကဲ လဲ့ယန်က ပြောသည်။

“ ခေါင်းဆောင်က ဒါက မမျှတဘူး။ အခုက တဖက်သတ် ဆုံးဖြတ်လိုက်သလိုဖြစ်နေပြီ”

ဟယ်ရွှမ်ကျီးက လဲ့ယန်ကို ကြည့်သည်။

“ မင်းရဲ့တပည့် ဝမ်လော့က ကောင်းကောင်းလုပ်နိုင်ခဲ့လို့ ငါက သူ့ကို တစ်နေရာ ပေးနိုင်တယ် “

ထိုစကားနှင့်အတူ အဆင့်လွန်အဆင့် တစ်ယောာက်၏ အရှိန်အဝါများက ပျံ့နှံ့လာသဖြင့် အကြီးအကဲလဲ့ယန်လည်း ငြိမ်သက်လိုက်ရသည်။

…..

ထိုအချိန်တွင်…

ဝင်္ကပါထဲမှ လုယွီက ထွက်လာသည်။ သူက အဖြူရောင်ကို ဝတ်ထားသဖြင့် တောက်ပနေသာ ဝင်္ကပါ၏နောက်ခံက သူ့ကို အမတတစ်ယောက်ဟု ထင်ရစေသည်။

“ ဂိုဏ်းတူအစ်ကိုကြီး ထွက်လာပြီ”

“ ဂိုဏ်းတူအစ်ကိုကြီးက အားလုံးကို ရှင်းပစ်ခဲ့ပြီထင်တယ်”

တပည့်ဂိုဏ်းသားများက ပျော်ရွှင်သွားကြသည်။ သူတို့အားလုံးက လုယွီကို ချက်ချင်းလိုလို ဝန်းရံလျက် စကားစမြည်ပြောကြသည်။

ထိုအခြေအနေကို အဝေးမှ ကြည့်နေသော ဝမ်လော့က နှာခေါင်းရှုံ့သည်။

‘ တကယ်ကို အရူးတစ်အုပ်ပဲ’

မည်သို့ပင်ဆိုစေ သူ၏ အနေအထားအရ သူက ဘိုးဘေး၏ အမွေအနှစ် ဆက်ခံခွင့် တစ်နေရာကို ရရှိတော့မည်မှာ သေချာသည်။ထိုသို့ဆိုလျင် သူတို့ကြားရှိ အကွာအဝေးက အလွန် ခြားသွားပေလိမ့်မည်။

ဝမ်လော့က တွေးပြီးနောက် ပြုံးလိုက်ကာ အော်သည်။

“ ဖန်းယွန် အားလုံးက မင်းကို မြောက်နေကြတာ၊ မင်းကပန်းဘယ်နှပွင့် ယူလာလဲ၊ ထုတ်လိုက်ပါလား”

သူက ယဉ်ကျေးသော စကားမျိုး သုံးကာ ခနဲ့သည်။

All Chapters