← Chapters

အခန်း (၁၁၈၁-၁၁၈၅)

Vol. 62 Ch. 1181-1185

အခန်း (၁၁၈၁-၁၁၈၅)

Vol. 62 Ch. 1181-1185

အပိုင်း ၁၁၈၁

လုယွီက သူ့ကို တချက်ကြည့်ပြီး သိုလှောင်အိတ်ကို ပစ်ချလိုက်သည်။ ပစ်ကျသွားသော အိတ်အတွင်းမှ နွေဦးဝါ ပန်းများကျလာသည်။ သို့သော် သုံးပွင့်သာ ရှိသည်။

ဝမ်လော့က ကြောင်သွားပြီးနောက် ပြောလိုက်သည်။

“ မဟာပါရမီရှင်ကြီးက သုံးပွင့်ကြီးများတောင် ရလာခဲ့တာပဲ”

ဝမ်လော့က ရယ်သည်။

“ အခြားလူတွေက တစ်ပွင့်မှ မရတဲ့ အခြေအနေမှာ မင်းက သုံးပွင့်တောင် ရတယ်၊ တကယ်တော်တာပဲ ။ အားကိုးထိုက်ပါပေတယ်”

လုယွီက မျက်မှောင်ကြုတ်ပြီး ပြောသည်။

“ ညပ်နေတာ ဖြစ်မယ်”

“ ဟမ် ဘာပြောလိုက်တာလဲ”

ဝမ်လော့က သေချာ မကြားလိုက်သဖြင့် ပြန်မေးလိုက်ချိန်တွင် လုယွီက လက်ကို ရမ်းလိုက်ကြောင်း မြင်လိုက်ရသည်။ ထိုအခါ အိတ်အတွင်းမှ အဖြူရောင်ပန်းများ အလုံးလိုက် ထွက်လာသည်။

အရှေ့ဘက်ရှိ မြင်ကွင်းတစ်ခုလုံးက ဖွေးသွားလောက်အောင် ပမာဏက များသည်။

ဝမ်လော့က နေရာတွင် ကြောင်အကာ ဆက်လက် ရပ်နေမိသွားသည်။

‘ ဘာဖြစ်သွားတာလဲ။ ငါတောင် သားရဲတွေ မရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ရလာခဲ့တာလေ’

‘ ဒါကို ဖန်းယွန်လိုကောင်က ဒီလောက်အများကြီး ဘယ်လိုရနိုင်မှာလဲ’

သူက အော်သည်။

“မင်း လိမ်နေတာ”

သူက ချက်ချင်းလိုလို လက်ညိုးထိပ်တွင် မီးတောက်ပေါ်လာစေပြီး အောက်သို့ကျနေသည့် ပန်းတစ်ပွင့်ထံ ပစ်လိုက်သည်။ မီးတောက်က ပန်းကို ထိတော့မည့်အချိန်တွင် ပန်း၏ဝန်းကျင်မှ ယင်ချီများကသာ လောင်ကျွမ်းခံရပြီး ညီစို့စို့ အနံ့ဆိုးများ ထွက်လာသည်။

ထိုသည်က ပန်းအစစ်ဖြစ်ကြောင်း သက်သေပြပြီးသား ဖြစ်သွားသည်။ လုယွီက ပြောသည်။

“ လုံလောက်ပြီလား”

ထို့နောက် သူက ဆက်ပြောသည်။

“ မှတ်တမ်းတင်ပါ”

ပန်းပွင့်များ ရေတွက်ရမည့် လူလည်း ထိုအခါမှသာ အသိဝင်လာတော့သည်။ သူက အခြားလူများ၏ အကူအညီဖြင့် ရေတွက်သည်။

“ ၂၃၁”

ပတ်ဝန်းကျင်ရှိ လူများအားလုံးက စိတ်လှုပ်ရှားသွားကြသည်။ လုယွီက သူတို့ကို ကယ်တင်ပြီးနောက်တွင် သားရဲများကို ဆက်လက်အမဲလိုက်ခဲ့ကြသည်။သို့သော် သူတို့အားလုံးက ကျရှုံးခဲ့သည်။ လုယွီကမူ ပမာဏများစွာ ယူလာနိုင်သည်။

ဂိုဏ်းသားတစ်ယောာက်က ပြောသည်။

“ဂိုဏ်းတူ အစ်ကိုကြီး ကျွန်တော်တို့ကို ခွဲမပေးချင်ဘူးလား”

သူ၏ အသံက တုန်ယင်နေသည်။ လုယွီက အမှတ်ပေါင်း ၂၃၁သန်းပင် ရလိုက်သည်။ထိုပမာဏက အတွင်းစည်း အကြီးအကဲတစ်ယောက်၏ အနီးကပ် တပည့်ရာထူးပင် ရယူနိုင်လေသည်။

လုယွီက ပြောသည်။

“ ခွဲပေးလိုက်ပါ”

သူ့အတွက် ထိုပန်းများက အသုံးမဝင်ချေ။ သူက နေရာတစ်ခုသာ လိုချင်သည်။

အခြားလူများက ပျော်သွားကြသည်။ ပန်းများကို ခွဲဝေပေးပြီးနောက်တွင် ၂သန်းကျော်သာ ကုန်သေးကြောင်း မြင်လိုက်ရသည်။

“ ဖန်းယွန်က အမွေအနှစ် ဆက်ဆံပွဲမှာ ဖြတ်မြင်းဖြစ်လောက်တယ်”

ဂိုဏ်းသားတစ်ယောက်က ပြောသည်။

အားလုံးက လုယွီ၏ကိုယ်စား စိတ်လှုပ်ရှားနေကြသည်။ လုယွီကသာ ဆက်ခံရခြင်းမရှိလျင် သူတို့အားလုံးက ဝမ်းနည်းမိလောက်သည်။ထိုအချိန်တွင် ခေါင်းဆောင်နှင့် အကြီးအကဲများက ပြန်ရောက်လာကြသည်။

“ ပြိုင်ပွဲဝင်ခဲ့တဲ့ တပည့်ဂိုဏ်းသားတွေအားလုံး ရောက်လာကြပြီဆိုတော့ ငါက ရလဒ်တွေကို ကြေညာမယ်”

အပိုင်း ၁၁၈၂

ခေါင်းဆောင်၏ အသံက လေထဲတွင် ဟိန်းထွက်လာသည်။ အတွင်းစည်းတပည့်ဂိုဏ်းသားများ အားလုံးက စိတ်လှုပ်ရှားစွာ စောင့်မျော်နေကြသည်။

ခေါင်းဆောင်က ဆက်ပြောသည်။

“ ဒီနေ့ပြိုင်ပွဲက ရေခဲနယ်မြေအတွက် အရေးကြီးတယ်။ ဘိုးဘေးရဲ့ အမွေအနှစ်ကို ဆက်ဆံနိုင်တဲ့လူက ကျင့်ကြံခြင်းအဆင့်တွေ ထိုးတက်လာမယ့်အပြင် အမျိုးမျိုုးသော သိုင်းတွေကို ပိုင်ဆိုင်နိုင်ပြီး ရေခဲနယ်မြေရဲ့ တော်ဝင်သားတော် ဖြစ်လာလိမ့်မယ်”

“ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပြိုင်ပွဲရဲ့ ရလဒ်ကိုပဲ မယူဘဲ ဂိုဏ်းက အကြီးအကဲတွေနဲ့ တိုင်ပင်ထားတဲ့ သင့်လျော်တဲ့ သူတွေကို ရွေးချယ်သွားမယ်”

ဂိုဏ်းသားတစ်ယောက်က သုံးသပ်သည်။

“ ဒါက လျို့ဝှက်နယ်မြေထဲမှာ ဖြစ်သွားတဲ့ကိစ္စကြောင့်များလား”

ခေါင်းဆောင်က ဆက်လက်ကြေညာသည်။

“ ရွေးချယ်ခံရတဲ့လူတွေက ရွှီရှန်းထျန်း၊ ကျန်းရိကျင်း၊ ဝမ်လော့၊ ဟန်ကျိုး…..”

စသဖြင့် သူက လူဆယ်ယောက်၏ နာမည်ကို ပြောသွားသည်။ ဖန်းရှီကျင်း၊ လျိုရွှမ်ဖုန်းနှင့် လုယွီတို့၏ နာမည်များ မပါချေ။ ရွှီရှန်းထျန်းနှင့် နောက်လိုက်တသိုက်၊ ဝမ်လော့နှင့် ခေါင်းဆောင်၏ မွေးစားသားတို့သာ ပါသည်။

ဖန်းရှီကျင်းက အော်သည်။

“ မတရားဘူး၊ ဂိုဏ်းတူအစ်ကိုကြီးဖန်းက ကျွန်မတို့အားလုံးရဲ့ အသက်ကို ကယ်ခဲ့တာ၊ ဒါကိုဘာလို့ သူ့ရဲ့နာမည်က မပါတာလဲ”

လျိုရွှမ်ဖုန်းကလည်း ပြောသည်။

“ အခုလည်း ပန်းအပွင့် ၂၀၀ကျော်ကိုတောင် သူက ယူလာနိုင်ခဲ့တာပါ”

ဟယ်ရွှမ်ကျီးက အော်သည်။

“ ဒါက အားလုံးပေါင်းပြီး ဆုံးဖြတ်ထားတာပဲ။ မင်းတို့မှာ အထွန့်တက်ပိုင်ခွင့်မရှိဘူး၊ ပါးစပ်ပိတ်ကြ”

“ မမျှတဘူး”

“ မမျှတဘူး”

“ တိတ်စမ်း မင်းတို့ ထပ်ပြီး ဖန်းယွန်အတွက် ကူပြောပေးနေရင် ငါက မင်းတို့အားလုံးကို ဂိုဏ်းက နှင်ထုတ်မယ်”

ဟန်ကျိုးက ရုတ်တရက် အော်သည်။

“ အဖေ ကျွန်တော်ရဲ့ နေရာကို ဖန်းယွန်ကို ပေးဖို့ ဆန္ဒရှိတယ်”

“ ကျိုးအာ သား…”

“ အဖေ မသိလို့ပါ၊ ဖန်းယွန်တစ်ယောက်တည်းကပဲ တော်ဝင်သားတော် ဖြစ်လာနိုင်တယ်”

ဟယ်ရွှမ်ကျီးက စိတ်မကောင်းဖြစ်သွားသည်။ သူ့တွင် သားသမီးမရှိသဖြင့် ဟန်ကျိုးကိုသာ သားအရင်းလို ဆက်ဆံခဲ့သည်။သို့သော် ယခုလို အရေးအကြီးဆုံး အချိန်မှာမှ သူ့ကို ကန့်လန့်တိုက်နေသည်။

ခေါင်းဆောင်က ဒေါသထွက်လာပြီး အော်သည်။

“ တိတ်စမ်း မင်းနဲ့ ရွှီရှန်းထျန်းမှာဘယ်သူက ဖန်းယွန်ထက် မသာလို့လဲ။ “

ထို့နောက် သူက လုယွီကို လက်ညိုးထိုးသည်။

“ ဒီကောင်က မိစ္ဆာအတတ်ကျင့်ကြံသူတွေနဲ့ ပေါင်းပြီး ဂိုဏ်းကို ဒုက္ခပေးတယ်။ ဒီကောင့်ကို ချက်ချင်း ဖမ်းကြစမ်း”

ထိုသို့ဖြင့် ထိုက်ရိဂိုဏ်းမှ လူများစွာက လုယွီကို ဝိုင်းလိုက်ကြသည်။ လုယွီက ပြောသည်။

“ အကြောင်းပြချက်”

“ ဟားဟား ဖန်းယွန် ငါက မင်းကို အကြောင်းပြချက် ပေးဖို့ လိုသေးလား”

ရွှီရှန်းထျန်းက အော်ရယ်လျက် ရောက်လာသည်။

အပိုင်း ၁၁၈၃

ရွှီရှန်းထျန်းထွက်လာသည်နှင့် လူတိုင်း၏ အကြည့်က သူ့ထံ ရောက်သွားသည်။

“ ငကြောက်က ပြောပိုင်ခွင့် မရှိဘူး”

“ ဒါက ဘယ်လိုခွေးမသားလဲ။ မင်းက မိစ္ဆာကျင့်ကြံသူတွေဆီမှာ အညံ့ခံခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ထောင်ကျစ်လို့ ခေါ်နေသေးတယ်၊ သောက်ရှက်မရှိဘူးလား”

ရွှီရှန်းထျန်းက မည်သို့မျှ မခံစားရဘဲ ပြောသည်။

“ ငါက အညံ့ခံချင်ယောင် ဆောင်ခဲ့ရုံပဲ။ တကယ်တော့ လျို့ဝှက်ကြံစည်နေခဲ့တာ”

ထို့နောက် သူက ပြောသည်။

“ ဖန်းယွန်က အပြင်စည်းဂိုဏ်းက အသုံးမကျတဲ့ အကောင်သက်သက်ပဲ၊ ဒါကို ဘာလို့ရုတ်တရက်ကြီး ထူးချွန်တဲ့ ပါရမီရှင်ဖြစ်လာတာလဲ”

ဖန်းရှီကျင်းကလည်း ပြန်အော်သည်။

“ အပြင်စည်းဂိုဏ်းကို ရောက်နေတာက နင်က ဒုက္ခပေးထားလို့ မဟုတ်ဘူးလား၊ အရှက်ရှိစမ်းပါ”

ရွှီရှန်းထျန်းက ဆက်ပြောသည်။

“ မင်းသာ နားလည်ရမှာ၊ ဒီကောင်က ဂူထဲ ဝင်သွားပြီး ပြန်ထွက်လာတာနဲ့ ရုတ်တရက်ကြီး အစွမ်းထက်တဲ့ လူက သူရဲ့ အမိန့်ကို နာခံသွားတယ်။ ဒါက ဘာကြောင့်ဖြစ်မလဲ”

ဖန်းရှီကျင်းက ဆက်ပြောသည်။

“နင်က ပြဿနာရှာထားပြီး ဒုက္ခရောက်မှာ စိုးတာနဲ့ သူများကို ချောက်ချနေတာပဲ”

အခြားသော တပည့်ဂိုဏ်းသားများကလည်း အော်ကြသည်။

“ ရွှီရှန်းထျန်းကို ထောင်ကျစ်နေရာက ဖယ်ပြီး အပြစ်ပေးပါ”

“….”

ထိုသို့ အားလုံးနီးပါးက ကန့်ကွက်လာကြသည့်အခါ ရွှီရှန်းထျန်းက ဖိအားများသလို ခံစားလိုက်ရသည်။ ထိုအချိန်တွင် ဟယ်ရွှမ်ကျီးက ပြောသည်။

“ အခုချက်ချင်း ဖန်းယွန်ကို ဖမ်းလိုက်ကြ”

သူက ဂိုဏ်းသားများ၏ အော်သံကို လျစ်လျူရှုထားသည်။ လုယွီက အခြေအနေအားလုံးကို ခပ်အေးအေး ကြည့်နေခြင်းဖြစ်သည်။ သူက ပြောလိုက်သည်။

“ ဒီလိုဆိုရင် ငါက ဒီမှာ ဆက်နေစရာ မလိုတော့ဘူး”

သူက ထောင်ကျစ်ကို ခေါင်းဆောင်က အပြစ်ပေးခြင်းရှိမရှိ ကြည့်ချင်ခဲ့သည်။သို့သော် အခြေအနေက သူ့ကို စိတ်ပျက်စေသည်။

သူက ဖန်းယွန်၏ နေရာကို ယူခဲ့ပြီး ဂိုဏ်းသားတိုင်း၏ သဘောကျခြင်းကို လက်ခံရရှိခဲ့သည်။ သို့သော် ထိုက်ရိဂိုဏ်းက သူ့ကို စိတ်ပျက်စေသည်။ထိုသို့သော ဂိုဏ်းက တိုးတက်မည် မဟုတ်ချေ။ ထိုကြောင့် ဆက်မနေသင့်တော့ချေ။

“ ဘာလဲ အခုမှ ထွက်ပြေးချင်ပြီလား”

ခေါင်းဆောင်က အော်သည်။

သို့သော် သူ၏ စကားမဆုံးခင်အချိန်တွင် တဟားဟား အော်သံများနှင့်အတူ ဝင်္ကပါထဲမှ ပြင်းထန်သော ယင်ချီစွမ်းအားများ ပျံ့နှံ့လာသည်။

“ ကောင်လေး မင်းရဲ့ အသုံးမကျတဲ့ ဆရာက သေသွားပြီလား”

ဝင်္ကပါ၏ ရှေ့တွင် တောက်ပသော အလင်းရောင်များနှင့်အတူ ရှင်းဟွမ်က ထွက်ပေါ်လာသည်။

“ မင်းက ဘယ်သူလဲ”

ဟယ်ရွှမ်ကျီးကလည်း သူ၏ အရှိန်အဝါကို လွှတ်လိုက်သည်။ သို့သော် ရှင်းဟွန်၏အရှိန်အဝါနှင့် ထိတွေ့မိချိန်တွင် သူကသာ လွင့်ထွက်သွားရသည်။

ရှင်းဟွမ်က ဖျက်ခနဲ ရွေ့လျက် ဟယ်ရွှမ်ကျီး၏ အနားသို့ ရောက်သွားသည်။ ထိုအခါမှ ခေါင်းဆောင်အပါအဝင် လူတိုင်းက ရှင်းဟွန်၏ မျက်နှာကို ထင်ရှားစွာမြင်လိုက်ရလေသည်။

“ ဘိုးဘေး ရှင်းဟွမ်…”

ထိုအခါ အားလုံးက ထိတ်လန့်ကုန်ကြသည်။ ဘိုးဘေးရှင်းဟွမ်၏ ရှေ့တွင် လက်ရှိ ဂိုဏ်းခေါင်းဆောင်အပါအဝင် အကြီးအကဲတိုင်းက လူငယ်မျိုး ဆက်များဖြစ်နေသည်။

ခေါင်းဆောင်က တုန်ယင်စွာ ပြောသည်။

“ ဘိုးဘေးရှင်းဟွမ်က ဘာများ တောင်းဆိုချင်လို့ပါလဲ”

“ ဟားဟား မကြောက်စမ်းပါနဲ့။ ငါက အရှင်နဲ့အတူ ဒီနေရာက ထွက်သွားတော့မှာပါ။ အရှင်ကသာ မခိုင်းမချင်း ငါက ဘယ်သူ့ကိုမှ မသတ်ဘူး၊ မစိုးရိမ်နဲ့”

အပိုင်း ၁၁၈၄

ရှင်းဟွမ်က ထိုနေရာရှိ အကြီးအကဲတိုင်းထက် စီနီယာ ကျသည်။ သူက ပေ့သုန်ထျန်းဂိုဏ်းကို အုပ်ချုပ်နေချိန်တွင် ဟယ်ရွှမ်ကျီးက ကလေးသာသာ သာရှိသေးသည်။

ဟယ်ရွှမ်ကျီးက ပြောသည်။

“ အရှင်ဟုတ်လား၊ ဘိုးဘေးရှင်းဟွန်က အခြားလူရဲ့ လက်အောက်ကို ဝင်လိုက်မယ်လို့ မထင်ထားမိဘူး”

ယခင်မျိုးဆက်တွင် ရှင်းဟွမ်က မည်မျှ ထောင်လွှားပြီး ကြောက်မက်ဖွယ်ကောင်းကြောင်း ပုံပြင်များက နေရာတိုင်းတွင် ပျံ့နှံ့ခဲ့သည်။ သူက အလွန်စွမ်းအားကြီးမားသူဖြစ်သည်။

ရုတ်တရက် ဟယ်ရွှမ်ကျီးက လုယွီကို လက်ညိုးထိုးပြီး ပြောသည်။

“ ဘိုးဘေးက သူ့ကို ကာကွယ်ချင်တာလား”

ရှင်းဟွမ်က ပြောသည်။

“ ငါက မင်းကို ကာကွယ်နေတာ”

လုယွီ၏ အင်အားကို သူ ကရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီးဖြစ်သည်။ သူက ထွက်မလာလျင်ပင် လုယွီ၏တစ်ယောက်တည်းအားနှင့် သည်နေရာရှိ လူတိုင်းကို ရှင်းလင်းနိုင်သည်။

သို့သော် ဟယ်ရွှမ်ကျီးကမူ သူ၏ အာဏာကို လူရှေ့တွင် စိန်ခေါ်ခံနေရသည်ဟု ထင်သွားသည်။

“ ဒါပေမဲ့ ဘိုးဘေး အခုက ဘိုးဘေးရဲ့ ခေတ်မဟုတ်တော့ဘူး။ ကျွန်တော်တို့ရဲ့ ကိစ္စကို မစွက်ဖက်ပါနဲ့”

ထို့နောက် သူက အော်သည်။

“ အကြီးအကဲတို့ ဝင်္ကပါကို အသက်သွင်းပြီး မိစ္ဆာအိုကြီးကို ရှင်းလင်းကြမယ်”

အခြားသော အကြီးအကဲတိုင်းက ချက်ချင်းလိုလို လှုပ်ရှားလိုက်ကြသည်။ သူတို့က လက်ချိတ်စည်းတံဆိပ်များကို ထုတ်ဖော်လိုက်ကြသည်။ ထိုအခိုက် ထိုက်ရိဂိုဏ်းတစ်ခုလုံးကို စွမ်းအားတစ်ရပ်က လွှမ်းခြုံလာသည်။ လေထဲမှ ထွက်လာသော အလင်းတန်းများကလည်း ကောင်းကင်သို့ ထိုးတက်သွားသည်။

“ မိစ္ဆာသတ်ဖြတ်ခြင်း ဝင်္ကပါဟုတ်လား၊ ဒါကို ငါက ဖန်တီးခဲ့တာလို့ မင်းရဲ့ အသုံးမကျတဲ့ ဆရာက မပြောဘူးလား”

ရှင်းဟွမ်က သူ့ကို လွှမ်းခြုံလာသည့် ဝင်္ကပါကို လက်ချိတ်စည်းတစ်ခုဖြင့် ပစ်လိုက်သည်။ ထိုအခါ ဝင်္ကပါက စတင် အရည်ပျော်ကျလာတော့သည်။သို့သော် ဟယ်ရွှမ်ကျီးက နှာခေါင်းသာ ရှုံ့သည်။ သူက သူ၏ အရှိန်အဝါများဖြင့် ဝင်္ကပါကို အားအင် ထပ်ဖြည့်လိုက်ချိန်တွင် အရည်ပျော်ကျသည့် ဝင်္ကပါက အကောင်းအတိုင်း ပြန်ဖြစ်သွားတော့သည်။

ရှင်းဟွမ်က မေးသည်။

“ မင်းက ဝင်္ကပါကို အဆင့်မြင့်ခဲ့တာလား”

ဟယ်ရွှမ်ကျီးက ပြောသည်။

“ ခင်များရဲ့ ခေတ်မဟုတ်တော့ဘူးလို့ငါက မပြောခဲ့ဘူးလား”

ထို့နောက် ဝင်္ကပါမှ အလင်းဖောက်ခွဲအားများ ထွက်လာကာ ရှင်းဟွမ်ကို ထိမှန်သည်။

“ မင်းတို့က သေချင်နေပြီပဲ”

ရှင်းဟွမ်က အလွန် ဒေါသထွက်နေသည်။ သူကသာ ဖုတ်ကောင်ဘုရင်အဆင့်သို့ မရောက်ခဲ့လျင် ထိုဝင်္ကပါကြောင့် သေသွားနိုင်သည်။

ဘိုးဘေးရှင်းဟွမ်ကို ထိန်းထားပြီးသဖြင့် ခေါင်းဆောင်က လုယွီကို လှည့်ကြည့်သည်။

“အခု မင်းရဲ့ နောက်ခံ မရှိတော့ဘူး။ အခုချက်ချင်း ထျန်းရှင်းတောင်ထိပ်ကိုသွားပြီး အပြစ်ကို ဝန်ခံပါ။ မင်းက တပည့်ဂိုဏ်းသားတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ငါက မင်းကို အသက်ရှင်ခွင့်ပေးမယ်”

(မှတ်ချက်… ထျန်းရှင်းတောင်ထိပ်က အတွင်းစည်းတပည့်ဂိုဏ်းသားတွေကို အပြစ်ပေးနိုင်တဲ့ တောင်ထိပ်ပါ)

ဟယ်ရွှမ်ကျီး၏ လေသံအရ လုယွီက သူ့ကို ကျေးဇူးတင်ရမည့် အနေအထားတွင် ရှိသည်။ လုယွီက ပြုံးကာ ရှင်းဟွမ်ကို တချက်ကြည့်သည်။

“ ငါသာ ထွက်သွားချင်ရင် မင်းလည်း မတားနိုင်ဘူး”

ဟယ်ရွှမ်ကျီးက ဟာသတစ်ခုကို ကြားလိုက်ရသလို ပြောသည်။

“ ဘာလဲ မင်းက အခုအချိန်ထိ အညံ့မခံချင်သေးဘူးဆိုတော့ ငါ့ကို အရမ်း သဘောကောင်းတယ်လို့ ထင်နေတာလား”

လုယွီက မည်သည့်စကားမျှ မပြောဘဲ ရှေ့သို့ ခြေတစ်လှမ်း လှမ်းသည်။သို့သော် သူက နောက်တစ်လှမ်းမ လှမ်းနိုင်ခင်မှာတင် အပြင်ဘက်မှတဆင့် ဝင်္ကပါကို ဖောက်ခွဲလိုက်ပြီး ပုံရိပ်များစွာ ပေါ်လာလေသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူသည် အဖြူရောင်သားမွှေးဝတ်စုံကို ဝတ်ထားသည်။

“ ဟယ်ရွှမ်ကျီး မင်းဆီကို ရောက်မှ ပြိုင်ဘက်ကင်း ပါရမီရှင်က အမှိုက်ဖြစ်သွားရပြီ”

အပိုင်း ၁၁၈၅

ထိုအသံက ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။ လူတိုင်း၏ အကြည့်က အဖြူရောင်သားမွှေး ဝတ်ရုံကို ခြုံထားသော လူထံ ရောက်နေသည်။ သူ၏ လက်ထဲတွင် မှော်တုတ်တံ တစ်ချောင်း ပါသည်။

သူ၏နောက်မှ လူအိုကြီးများကလည်း အဖြူကိုသာ ဝတ်ထားကြသည်။ သူတို့၏လက်ထဲမှ ဓားများမှ တောက်ပသော အလင်းရောင်များလွှတ်ထုတ်ထားကြသလို သူတို့က ပေါ်ထွက်လာသည်နှင့် နှင်းများက ကောင်းကင်မှ ကျဆင်းလာပြီး သူတို့ကို လွှမ်းခြုံသည်။

“ လုထျန်းကန်း ဒါက မင်းရဲ့ နှင်းပျံဂိုဏ်းလို့ ထင်နေလား၊ ဘာလာလုပ်တာလဲ”

ထိုက်ရိဂိုဏ်းနှင့် နှင်းပျံဂိုဏ်းတို့က အင်အားကြီး ဂိုဏ်းကြီးများဖြစ်ပြီး မဟာမိတ်ဖွဲ့ထားကြသော်လည်း အပေါ်ယံသာ ဖြစ်သည်။ ယခုလို ထိုက်ရိဂိုဏ်း၏ အရှုပ်အထွေးကြားတွင် နှင်းပျံဂိုဏ်းက မည်သူ့ကိုမျှ သူက မတွေ့ချင်ချေ။ သူ၏ ရှေ့မှ လူများက နှင်းပျံဂိုဏ်းမှ ဖြစ်သည်။ ဦးဆောင်လာသူက နှင်းပျံဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင် လုထျန်းကန်းဖြစ်သည်။

လုထျန်းကန်းက ဟယ်ရွှမ်ကျီးကို ရွံရှာသလို ကြည့်သည်။

“ ငါကလည်း မင်းကို လာမရှာပါဘူး”

သူ၏ အကြည့်က လုယွီထံသို့ ရောက်သွားသည်။ သူက ခေါင်းကိုငုံ့လိုက်ကာ ပြောလိုက်သည်။

“ ငါက ဖန်းယွန်ကို နှင်းပျံဂိုဏ်းကို ဖိတ်ခေါ်ပြီး အရှင်ငယ်ဘွဲ့ကို ပေးချင်တယ်”

ထိုအခါ ပတ်ဝန်းကျင်က ယခင်ထက်ပို၍ တိတ်ဆိတ်သွားသည်။ ထောင်ကျစ်ဆိုသော ရာထူးက နောင်တက်မည့်ခေါင်းဆောင်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်ဆိုလျင် အရှင်ငယ်ဆိုသည့် ရာထူးက နောင်တက်မည့် ခေါင်းဆောင်ကို ဆိုလိုသည်။ သူက ခေါင်းဆောင် မဖြစ်သေးသည့်တိုင် အကြီးအကဲတိုင်းထက် အဆင့်မြင့်သဖြင့် အကြီးအကဲတိုင်းက သူ၏ အမိန့်ကို နာခံရသည်။

နှင်းပျံဂိုဏ်း၏ လျို့ဝှက်အင်အားများက ထိုက်ရိဂိုဏ်းထက်ပင် သာလေသည်။ သို့သော် ထိုသို့သော ဂိုဏ်းမျိုးက လုယွီကို အရှင်ငယ်အဖြစ် ခန့်အပ်နေသည်။ထို့အပြင် လုထျန်းကန်း၏ အပြုအမူအရ သူက စကားမှားမည်ကို စိုးရိမ်ပြီး နှိမ့်ချကာ သတိထားပြီး ပြောနေဟန်ရသည်။

လုထျန်းကန်းက မည်သူနည်း၊ သူက ဟယ်ရွှမ်ကျီးကဲ့သို့ ရာထူးဆက်ဆံခဲ့ရသဖြင့် ခေါင်းဆောင်ဖြစ်လာရသူ မဟုတ်ချေ။ သူက အစေခံ ဂိုဏ်းသားဘဝမှ တစ်ဆင့်ချင်း တက်လာခဲ့သူဖြစ်သည်။ သတ္တိအရာတွင်ဖြစ်စေ အင်အားတွင်ဖြစ်စေ သူက အရာရာ သာသည်။

“ လုထျန်းကန်း မင်းက ငါရဲ့ ဂိုဏ်းက ရာထူးတက်ထားတာ မကြာသေးတဲ့ ဂိုဏ်းသားသစ်ကို အရှင်ငယ်အဖြစ် လက်ခံမတဲ့လား၊ ရယ်ရလိုက်တာ”

ဟယ်ရွှမ်ကျီးက လှောင်သည်။

အရှင်ငယ်ဆိုသော အဆင့်အတန်းသည် အင်ပါယာတစ်ခုမှ အိမ်ရှေ့စံနှင့်တူသည်။ဟယ်ရွှမ်ကျီးတွင် မွေးစားသားတစ်ယောက်ရှိသော်လည်း မည်သူက အရှင်ငယ်ဖြစ်ကြောင်း သူက ကြေညာထားခြင်း မရှိချေ။

လုထျန်းကန်းက ပြောသည်။

“ ထိုက်ရိဂိုဏ်းက ပြိုင်ဘက်ကင်း ဂိုဏ်းလို့ တစ်ချိန်လုံး ကြွေးကြော်နေပြီး အခုတော့ ကြည့်စမ်းပါဦး ပြိုင်ဘက်ကင်း ပါရမီရှင်ကိုတောင် သတိမထားမိဘူး၊ မင်းတို့လို နိမ့်ကျတဲ့ ဂိုဏ်းက ခေါင်းဆောင်က ငါနဲ့ ယှဉ်ဝံ့သလား”

“ မင်း ဘာပြောလိုက်တယ်”

ဟယ်ရွှမ်ကျီးက အလွန် ဒေါသထွက်သွားပြီး ဓားကို ထုတ်လိုက်ကာ လေထံသို့ ခုန်တက်လျက် လုထျန်းကန်းကို ခုတ်ပိုင်းသည်။ သူ၏ကိုယ်မှ အလွန်ပြင်းထန်သော အရှိန်အဝါများ ထွက်လာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

“ ဟမ့် “

လုထျန်းကန်းက နှာခေါင်းရှုံ့သည်။ သူက လက်တစ်ချက်သာ ရမ်းပြီး အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ သူက အရှိန်အဝါကို ထုတ်ဖော်လိုက်သည်နှင့် တဖက်မှ ဓားက လွင့်ထွက်သည်။ ဟယ်ရွှမ်ကျီးက ဆယ်မီတာ အကွာသို့ လွင့်သွားသည်။ အနီးဝန်းကျင်မှ အကြီးအကဲများကလည်း နေရာအနှံ့အပြားသို့ လွင့်သွားကြသည်။

လုထျန်းကန်းက ပြောသည်။

“ ငါက အရှင်ငယ်ကို ဖိတ်ခေါ်ဖို့ပဲ။ ငါ့ကို ထပ်ပြီး မနှောက်ယှက်နဲ့ မဟုတ်ရင် ငါက မင်းကို လမ်းကြုံ သတ်ပေးလို့ရတယ်”

Thank For Reading.

All Chapters