အခန်း (၁၁၈၆-၁၁၉၀)
Vol. 63 Ch. 1186-1190
အပိုင်း ၁၁၈၆
လူတိုင်းက လုထျန်းကန်း၏ စကားကို ကြားလိုက်ကြရသည်။ အကြီးအကဲများမှ အစေခံအထိ လူတိုင်းက အဓိပ္ပါယ်ကို နားလည်ကြသည်။ ဟယ်ရွှမ်ကျီးကလည်း ဒေါသထွက်သွားသည်။ သို့သော် သူက မယှဉ်နိုင်ကြောင်း သေချာနေသဖြင့် ထပ်မပြောရဲတော့ချေ။
လုထျန်းကန်းက လုယွီကို ကြည့်သည်။
“ ဖန်းယွန် မင်းက ဘယ်လိုထင်လဲ”
လုယွီ၏ဆုံးဖြတ်ချက်ကသာ အရေးအကြီးဆုံးဖြစ်သည်။ ထိုအချိန်တွင် ဟန်ကျိုးက စိုးရိမ်စိတ်ဝင်လာကာ ပြောသည်။
“ အဖေ ဘာလို့ ဖန်းယွန်ကို မြန်မြန် လက်မခံလိုက်တာလဲ၊ သူနဲ့ဆိုရင် ဂိုဏ်းက နောက်ထပ်တစ်ဆင့် မြင့်တက်သွားနိုင်တယ်”
အကြီးအကဲ လဲ့ယန်ကလည်း ပြောသည်။
“ နှင်းပျံဂိုဏ်းက ငါတို့ဂိုဏ်းက ပါရမီရှင်ကို အလစ်သုတ်ဖို့ ရောက်နေပြီ။ မင်းက ဂိုဏ်းအတွက် စဉ်းစားပြီး ဆုံးဖြတ်ချက် ချသင့်တယ်”
ဟယ်ရွှမ်ကျီးက ဒေါသတကြီးအော်သည်။
“ သူက အမှိုက်ကို ရတနာလို လိုချင်နေတာကို ငါက ဘာကိစ္စ ဝင်ပါရမှာလဲ”
ဟန်ကျိုးက စိတ်ပျက်သွားပြီး ထပ်မပြောချင်တော့ချေ။ လဲ့ယန်က ပြောသည်။
“ မျော်စင်ကို ထိပ်ဆုံးထပ်အထိ ချိုးဖျက်နိုင်ခဲ့တာ ဖန်းယွန်ပဲ၊ ရွှမ်ကျီး မင်းက ဒါကို ဘယ်လိုပြောမလဲ”
“ ဘာ”
ထိုအချိန်က သူ့ထံလည်း သတင်းရောက်ခဲ့သည်။ သို့သော် အကြီးအကဲ လဲ့ယန်က ကာကွယ်ထားခဲ့သည့်အပြင် မှတ်တမ်းကလည်း မရှိတော့သဖြင့် ဘာမှလုပ်၍မရခဲ့ချေ။
“ မဖြစ်နိုင်ဘူး၊ ငါတောင် ထိပ်ဆုံးအထိ မရောက်နိုင်ခဲ့တာ သူက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ငါ မယုံဘူး”
“ မင်းရဲ့ လက်ထဲမှာ ထိုက်ရိဂိုဏ်းက ပျက်ဆီးလိမ့်မယ်”
လဲ့ယန်က အော်ပြီး လုယွီက ဖြုတ်ချထားသော တံဆိပ်ပြားကို ကောက်ယူလိုက်သည်။ လုယွီက ထွက်သွားမည်ဟု ပြင်ဆင်ပြီးကတည်းက တံဆိပ်ကို ပစ်ချလိုက်ခြင်းဖြစ်သည်။
တံဆိပ်ပြား၏ အထက်တွင် စာသားများ ပေါ်လာသည်။
(နာမည်-ဖန်းယွန်
အသက်-၁၅နှစ်
လုပ်ဆောင်နိုင်မှုများ - အပြင်စည်း တပည့်ဂိုဏ်းသား ပြိုင်ပွဲရဲ့ အဆင့်တစ်၊ အတွင်းစည်းတပည့်ဂိုဏ်းသား ပြိုင်ပွဲရဲ့ အဆင့်တစ်၊ မျောလွင့်ခြင်း မျှော်စင်ရဲ့ အထပ်ငါးရာကို ချိုးဖျက်နိုင်
အရည်အချင်း-၉၉၉၉)
ထိုစာသားများကို မြင်လိုက်ချိန်တွင် လူတိုင်းက ပါးစပ် အဟောင်းသားဖြစ်သွားကြသည်။ ထိုမျှအောင်မြင်မှုများ ရအောင် လုပ်နိုင်သူရှိလျင်ပင် ထိုလူက အသက် ငါးဆယ်ကျော်နေလောက်ချေပြီ။
ဝမ်လော့ကလည်း ခေါင်းမူးသလို ဖြစ်သွားသည်။ ထိုအချိန်က စမ်းသပ်ကျောက်တုံး အက်ကွဲသွားသည်မှာ အံ့သြစရာ မဟုတ်ချေ။ လုယွီ၏ လုပ်နိုင်စွမ်းအားကို တိုင်းတာနိုင်ခြင်းမရှိသောကြောင့် အက်ကွဲသွားခြင်း ဖြစ်လောက်သည်။
ဟယ်ရွှမ်ကျီးက အော်သည်။
“အဲဒီလို ဆိုရင်တောင်မှ သူက ဂိုဏ်းကို သစ္စာဖောက်ခဲ့လို့ အပြစ်ပေးခံရသင့်တယ်”
အကြီးအကဲ လဲ့ယန်က အော်သည်။
“ ပြိုင်ဘက်ကင်း ပါရမီရှင်ကို မောင်းထုတ်ရတာ ပျော်ရဲ့လား”
သူက ထိုသို့ပြောလိုက်ချိန်တိုင်း လူတိုင်းက သူ့ကို စိတ်ပျက်လက်ပျက် ကြည့်ကြသည်။ထိုသို့သောပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကို သစ္စာဖောက်တစ်ယောက်၏ စကားကြောင့်နှင့် ရှင်းပြခွင့် မရဘဲ စွပ်စွဲလိုက်သည်။
လုယွီက ခေါင်းညိတ်သည်။
“ ကောင်းပြီ”
သူနှင့် ထိုက်ရိဂိုဏ်းကြား မည်သည့်ခံစားချက်မျှ မရှိချေ။ သူက နေရာမှ ရွေ့ကာ နှင်းပျံဂိုဏ်းဘက်သို့ သွားသည်။ ထိုအခါ နှင်းပျံဂိုဏ်းမှ အကြီးအကဲများက တညီတညာတည်း ပြောကြသည်။
“ အရှင်ငယ်ကို ဂါရဝပြုပါတယ်”
အပိုင်း ၁၁၈၇
လုယွီကို ဂါရဝပြုသံက ထိုက်ရိဂိုဏ်း၏ အထက်ကောင်းကင်ကို လွှမ်းခြုံသွားသည်။အကြီးအကဲလဲ့ယန်က စိတ်ပျက်အားငယ်သွားသည်။ တပည့်ဂိုဏ်းသားများကလည်း သက်ပြင်းချကြသည်။ ယခုအချိန်မှစပြီး လုယွီက ထိုက်ရိဂိုဏ်းနှင့် မသက်ဆိုင်တော့ချေ။
ထိုအချိန်တွင် ဟယ်ရွှမ်ကျီးက ပြောသည်။
“ မင်းတို့က မိစ္ဆာအတတ် ကျင့်ကြံတဲ့ကောင်ကို ခေါ်သွားချင်တယ်ဆိုလည်း မင်းတို့ရဲ့ သဘောပဲ”
ယခုအချိန်အထိ သူက မှားသည်ဟု ဝန်မခံချေ။
ဝုန်း
ရုတ်တရက် ပေါက်ကွဲသံနှင့်အတူ ရှင်းဟွမ်ကို တားမြစ်ထားသည့် မိစ္ဆာသတ်ဖြတ်ခြင်း ဝင်္ကပါက ပေါက်ကွဲသွားသည်။ သူက တဟားဟား အော်ရယ်နေသည်။
“ ကောင်လေးတွေ ငါ့ကို ဖမ်းထားဖို့ အတော် အားစိုက်လိုက်ရမှာပဲ”
သူ၏ ရယ်သံနှင့်အတူ အလွန်ပြင်းထန်သော အရှိန်အဝါက ပျံ့နှံ့လာသည်။ အကြီးအကဲများအားလုံး သွေးအန်ကာ နောက်ဆုတ်လိုက်ရသည်။
“ အားလုံးပဲ မိစ္ဆာကို ဝိုင်းပြီး သတ်ဖြတ်ကြရအောင်”
ဟယ်ရွှမ်ကျီးက အော်ပြီးသည်နှင့် အကြီးအကဲများက ဝင်္ကပါကို ဝိုင်းလိုက်ကြသည်။ သို့သော် မြေပြင်ပင် တုန်ဟည်းလောက်အောင် ပြင်းထန်သော အရှိန်နှုန်းဖြင့် တစ်လှမ်းချင်း ရှေ့တိုးလာနေသော ရှင်းဟွမ်ကို မြင်ပြီး အားလုံးက ကြောက်လန့်လာကြသည်။
“ ရှင်းဟွမ် ဒီကို လာတော့”
ရှင်းဟွမ်က ရပ်တန့်သွားပြီး လုယွီကို တချက်ကြည့်သည်။
“ အရှင် သူတို့က အရှင့်ကို စော်ကားနေကြလို့ ဆုံးမပေးမလို့ပါ”
“ ငါ အခု ဘာပြောလိုက်လဲ၊ အခု ဒီကို လာတော့”
လုယွီက ထပ်ပြောသည်။
ထိုအခါ ရှင်းဟွမ်က ပြန်မပြောရဲတော့ဘဲ ချက်ချင်းလိုလို အနားသို့ ခပ်ကုပ်ကုပ်လေး လျှောက်သွားလိုက်သည်။ ပတ်ဝန်းကျင်က သေလုအောင် တိတ်ဆိတ်သွားသည်။
ဟယ်ရွှမ်ကျီးက တအံ့တသြပြောသည်။
“ အခု ဘယ်သူ့ကို အရှင်လို့ ခေါ်လိုက်တာလဲ”
ရှင်းဟွမ်က လှည့်ကြည့်လာသည်။
“ ငါက ရှင်းပြနေရဦးမှာလား”
ယခင်က သူက လုယွီကို ကာကွယ်ပေးသည်မှာ ပါရမီကို အသိအမှတ်ပြုသောကြောင့်ဟု တွေးနိုင်သေးသည်။ ယခုမူ လုယွီကို အရှင်ဟု ခေါ်နေခြင်းဖြစ်သည်။
လုထျန်းကန်းကိုယ်တိုင်လည်း အံ့သြသွားသည်။ရှင်းဟွမ်ဆိုသည်မှာ ရှေ့မျိုးဆက်တွင် အလွန်အင်အားကြီးသူဖြစ်သည်။ သို့သော် ထိုသို့သော ပုဂ္ဂိုလ်မျိုးက လုယွီကို အရှင်ဟု ခေါ်နေသည်။
ရွှီရှန်းထျန်းက အလွန် မနာလိုဖြစ်နေသည်။ သူက အရှင်ငယ်ရာထူးကို အမြဲမှန်းနေခဲ့သော်လည်း ဖန်းယွန်က ရသွားသည်။ ထို့အပြင် လုထျန်းကန်းပင်ဖြစ်စေ ဘိုးဘေး ရှင်းဟွမ်ပင်ဖြစ်စေ ဖန်းယွန်ကို ပစားပေးလွန်းနေသည်။
လုယွီက ပြောသည်။
“ ထားလိုက်တော့ သွားရအောင်”
လုထျန်းကန်းက ခေါင်းညတ်ပြီးနောက် အော်သည်။
“အားလုံးပဲ ထိုက်ရိဂိုဏ်းကို စိတ်ပျက်နေရင် ထွက်လိုက်ပါ။ ငါတို့ရဲ့ နှင်းပျံဂိုဏ်းက အားလုံးကို ကြိုဆိုပါတယ်”
ဟယ်ရွှမ်ကျီး၏ မည်းမှောင်နေသော အကြည့်အောက်တွင် နှင်းပျံဂိုဏ်းမှ လူများက ပြန်သွားကြသည်။
အပိုင်း ၁၁၈၈
လူတိုင်း ထွက်သွားသည်အထိ စောင့်ပြီးနောက် ဟယ်ရွှမ်ကျီး၏ တောင့်တင်းနေသော ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ထို့နောက် သူက စိတ်ကို ပြန်လည်စုစည်းပြီး ပြောလိုက်သည်။
“ မင်းတို့က ဘာလုပ်နေကြတာလဲ၊ သွားကြတော့။ ဒီနေ့ရဲ့ ကိစ္စကို အပြင်ကို လုံး၀ ဖြန့်ခွင့်မပြုဘူး”
“ ဖြန့်တဲ့သူတွေအားလုံး ဂိုဏ်းက အထုတ်ခံရမယ်”
သူက တည်ငြိမ်ဟန်ဆောင်နေပါသော်လည်း အကြီးအကဲများနှင့် ဂိုဏ်းသားများက သူ့ကို မင်သေသေ ကြည့်နေကြလေသည်။ သူကြောင့် ပြိုင်ဘက်ကင်း ပါရမီရှင်ကို ဆုံးရှုံးလိုက်ရသည်။ တဖက်လူကို နှင်းပျံဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် လာခေါ်ခဲ့သည်။ သို့သော် သူတို့ကမူ နှင်ထုတ်လိုက်ခြင်းဖြစ်သည်။
ထို့နောက် အကြီးအကဲများက စိတ်ပျက်အားငယ်စွာနှင့် ထွက်သွားကြသည်။ ဂိုဏ်းသားများလည်း ထွက်သွားသည်။ လူရှင်းသွားသည့်အခါ ဟယ်ရွှမ်ကျီးက ရွှီရှန်းထျန်းကို ကြည့်သည်။
“ ထောင်ကျစ် ဒီနေရာကို လာပါဦး”
ရွှီရှန်းထျန်းကလည်း အခြေအနေကို နားမလည်ဘဲ အနားသို့ တိုးကပ်လာသည်။ထိုအခိုက် ခေါင်းဆောင်က သူ၏ခေါင်းကို ဖိကိုင်လိုက်ကြောင်း မြင်လိုက်ရသည်။ ထို့နောက် သူ၏ဦးနှောက်အတွင်းသို့ တစ်စုံတစ်ရာက စီးဝင်လာပြီး သင်္ကေတ တစ်ခု ပေါ်လာသည်။
“ ထိုက်ရွှမ်ဓားမဟုတ်လား၊ ဆရာ ဒါက ကျန်းမန်သိုင်းမဟုတ်လား”
ရွှီရှန်းထျန်းက အလွန် စိတ်လှုပ်ရှားသွားသည်။
ထိုက်ရွှမ်ဓားဆိုသည်မှာ ထိုက်ရိဂိုဏ်းမှ စွမ်းအားအကြီးဆုံး သိုင်းဖြစ်သည်။ သိုင်းကို ကျွမ်းကျင်သွားလျင် စွမ်းအားက နှစ်ဆခန့်အထိ တိုးတက်သွားမည်ဖြစ်ပြီး အလွန် အင်အားကြီးလေသည်။
အကြီးအကဲများကသာ သင်ခွင့်ရှိကြသည်။ ဟယ်ရွှမ်ကျီးက ပြောသည်။
“ အခုဆိုရင် ကျိုးအာက ငါနဲ့ စိတ်သဘောထား မတိုက်ဆိုင်တော့ဘူး၊ မင်းပဲ ရှိတော့တယ် “
“ စိတ်ချပါ ဆရာ၊ ကျွန်တော်ကသာ တော်ဝင်ဘိုးဘေးရဲ့ အမွေအနှစ်ကို ရယူနိုင်တဲ့သူဖြစ်စေရပါမယ်။ ဖန်းယွန်ကတော့ အဲဒီ အချိန်ထိတောင် အသက်ရှည်မှာ မဟုတ်ပါဘူး”
ရွှီရှန်းထျန်းက အလွန် ပျော်နေသည်။ လုယွီကိုမူ ဂရုမစိုက်ချေ။
….
နှင်းပျံဂိုဏ်းက တစ်နှစ်ပတ်လုံး ရေခဲနှင့် နှင်းများဖုံးလွှမ်းနေသော ရေခဲတောင်ကြီးပေါ်တွင် တည်ရှိသည်။ လုယွီတို့က ဂိုဏ်း၏ ဂိတ်ပေါက်သို့ ရောက်ချိန်တွင် ကြိုတင်စောင့်ဆိုင်းနေကြသော အကြီးအကဲများနှင့် တပည့်ဂိုဏ်းသားများကို မြင်တွေ့လိုက်ရသည်။
ထိုလူများက လုထျန်းကန်းကို မြင်သည်နှင့် တညီတညွတ်တည်း အော်သည်။
“ အရှင့်ကို ဂါရဝပြုပါတယ်”
အပိုင်း ၁၁၈၉
လုထျန်းကန်းက လူအုပ်ကို တချက်ကြည့်ပြီးနောက် ခမ်းနားသော လေသံဖြင့် ပြောသည်။
“ အခုကစပြီး ဖန်းယွန်က နှင်းပျံဂိုဏ်းရဲ့ အရှင်ငယ်တစ်ယောက်ဖြစ်သွားပြီ။ ငါက ဒီနေရာမှာ မရှိရင် ဖန်းယွန်ကပဲ ကိစ္စတွေကို ကိုင်တွယ်လိမ့်မယ်။ အားလုံးက အရှင်ငယ်ရဲ့ အမိန့်ကို နားထောင်ကြရမယ်”
လူအုပ်ကို လုယွီကိုကြည်ပြီး ပြောသည်။
“ အရှင်ငယ်ကို ဂါရဝပြုပါတယ်”
အရှင်ငယ်ကို မိတ်ဆက်သည့် ပွဲက ပြီးဆုံးသွားသည့်အခါ သူတို့အားလုံးက ခန်းမအတွင်းသို့ပြန်ကြသည်။ လုထျန်းကန်းက လုယွီကို ကြည့်ကာ ခံစားချက် အပြည့်ဖြင့် ပြောသည်။
“ အဲဒီအချိန်က မင်းက ငါ့ကိုကယ်ခဲ့တယ်။ ဒါပေမဲ့ ငါက ကျေးဇူးတင်စကားတောင် မပြောနိုင်ခဲ့ဘူး။ ငါက မင်းရဲ့အကြောင်းကို စုံစမ်းကြည့်တော့ မင်းက အတွင်းစည်း တပည့်ဂိုဏ်းသားတစ်ယောက်ဖြစ်နေတာကို သိခဲ့ရတယ်”
လုယွီကလည်း ပြန်ပြောသည်။
“ ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ င့ါအတွက် တကယ် အကူအညီဖြစ်တယ်”
လုထျန်းကန်းက ရယ်သည်။
“ ဟားဟား ငါက အကျိုးအမြတ်ကြီး ရလိုက်တာပါ။ မင်းအတွက် နေရာတစ်နေရာ စီစဉ်ပေးထားတယ်”
လုယွီကို အမြဲတစေ စောင့်ကြည့်နေခဲ့သူ ဖြစ်သည့်အလျောက် လုယွီက ဘာကိုလိုချင်နေကြောင်းသူက နားလည်သည်။ သူတို့က စကားအနည်းငယ် ပြောပြီးနောက် အခြားသော တပည့်ဂိုဏ်းသား အချို့ကို ခေါ်ကာ လုယွီကို ထျန်းချန်းတောင်ထိပ်သို့ ပို့ပေးသည်။
နှင်းပျံဂိုဏ်းတွင် တောင်ထိပ်များကို သုံးဆင့် ခွဲထားသည်။ကောင်းကင်၊မြေကြီးနှင့် လူသားဟူ၍ရှိပြီး ထျန်းကျန်းက စိတ်ဝိဉာဉ်စွမ်းအင်အများဆုံးဖြစ်သည်။ ခေါင်းဆောင်နှင့် အကြီးအကဲများသာ နေရန် အဆင့်မီသည်။
လုထျန်းကန်းက ရှင်းဟွမ်ကိုလည်း နှင်းပျံဂိုဏ်းသို့ ဝင်ခွင့်ပြုသည်။ သို့သော် လုယွီက ငြင်းလိုက်သည်။
“ သူ့အတွက် သီးသန့် အစီအစဉ်ရှိတယ်”
ရှင်းဟွမ်က ချက်ချင်း ဒူးထောက်ကာ ပြောသည်။
“ အရှင်ရဲ့ အမိန့်နဲ့ ငါက အားလုံးကို လိုက်လုပ်ပေးမှာပါ”
လုထျန်းကန်းက ထိုးတက်လာသည့် ရှင်းဟွမ်၏ အရှိန်အဝါများကို မျက်မှောက်ကြုတ်ကာ ကြည့်သည်။ သို့သော် သူက စိတ်မပူချေ။ လုယွီက ဂူထဲတွင် ကြောက်မက်ဖွယ် တစ္ဆေကြီးကို မည်သို့ နှိမ်နင်းခဲ့ကြောင်း သူက နားလည်ပြီးလေပြီ။ ထိုကြောင့် မည်သို့မျှ မနေတော့ချေ။
သူက အကြီးအကဲများကို တချက်ကြည့်ကာ စကားအနည်းငယ် ပြောပြီးသည်နှင့် ခွက်ခွာသွားပြန်သည်။
အိမ်ထဲတွင်….
လုယွီက ရှင်းဟွမ်၏ သတ်ဖြတ်လိုစိတ်များကို ခံစားမိသဖြင့် တချက် ကြည့်ကာ ပြောသည်။
“ ငါ့အတွက် ဆေးဥယျာဉ်ကို စောင့်ရှောက်ဖို့ လူလိုတယ်။ ငါက အခု ဆေး ဥ ယျာဉ်ကို လိုက်ပြမယ်”
ရှင်းဟွမ်ကလည်း ကြောင်သွားသည်။ လုယွီက မည်သည့်နေရာသို့ ခေါ်သွားမည်ဖြစ်ကြောင်း သူက သိချင်သွားသည်။
လုယွီက နေရာလပ်အာကာသပြင်ကို ပြင်ဆင်နိုင်ရန် ပစ္စည်းများကို ရှာဖွေနေခဲ့သော်လည်း မတွေ့သေးချေ။
ရှင်းဟွမ်က အသက်ပြင်းပြင်းရှူပြီးနောက် ထိုနေရာတွင် စိတ်ဝိဉာဉ်စွမ်းအင် အလွန်များကြောင်း သိလိုက်လေသည်။ လျို့ဝှက်နယ်မြေထက်ပင် ပို၍ များပြားသေးသည်။
“ ဒီမှာ ဆေးပင်တွေစိုက်ဖို့လိုတယ်။ မင်းက ဒီနေရာမှာ နေပြီးအပင်တွေကို ဂရုစိုက်ရင်း ငါက မင်းကို ပေးထားတဲ့ သိုင်းတွေကို ကျင့်ကြံပါ”
လုယွီက ပြောလိုက်သည်။
ရှင်းဟွမ်က သူ့နောက် လိုက်မည်ဆိုလျင် ယခုလောက် အင်အားနှင့် မလုံလောက်ချေ။ သူ၏ ရန်သူတိုင်းက နယ်မြေများကို လက်တစ်ဖက်ရမ်းရုံနှင့် ဖျက်ဆီးနိုင်သူများ ဖြစ်နေသည်။ ထိုကြောင့် ရှင်းဟွမ်က ကြိုးစားကျင့်ကြံရန် လိုအပ်နေသည်။
လုယွီက သူ့ကို လူသားတစ်ယောက်လို ဖြစ်အောင် လုပ်ပေးခဲ့သည်။သူက ယခင်ထက်လည်း စွမ်းအားကြီးလာသည်။ သည်နေရာတွင် စိတ်ဝိဉာဉ်စွမ်းအင်များ နည်းပါးလျင်ပင်သူက နေထိုင်ရန် ပျော်မွေ့နေလောက်သည်။
ထိုအချိန်တွင် လုယွီက စိတ်ညစ်နေသည်။ အရှင်ငယ်ဖြစ်သည့်အတွက်လည်း ထူးထူးခြားခြား မခံစားရသလို ပျော်လည်း မပျော်ချေ။
‘ ငါက အခုဆိုရင် နေရာတစ်နေရာ ရတာ သေချာသွားပြီ’
‘ ဒီလိုဆိုရင် နတ်ဆိုးဘိုးဘေးကို ရင်ဆိုင်နိုင်ပြီ’
လုယွီက တွေးတောနေသည်။
ထိုအချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။ လုယွီက မျက်မှောင်ကြုတ်သည်။
“ ဝင်လာပါ”
တံခါးက ပွင့်သွားပြီးနောက် လက်ထဲမှာ အဝတ်များကိုင်ထားသော ခန္ဒာကိုယ် သေးငယ်သည့် ချစ်စဖွယ်ကောင်မလေး တစ်ယောက်က ပေါ်လာသည်။
“ အရှင်ငယ် ဒီအစေခံရဲ့ နာမည်က လျန်အာပါ။ အရှင်က ကျွန်မကို အရှင်ငယ်ကို ပြုစုဖို့ စေလွှတ်လိုက်တာပါ”
လျန်အာက တုန်ယင်စွာ ပြောသည်။
လုယွီက မျက်မှောင်ကြုတ်သည်။
“ ဒီနေရာကို လာခဲ့”
လျန်အာက ရှက်ရွံ့စွာ ပြုံးလျက် လုယွီ၏ အနားသို့ တိုးကပ်လာသည်။ တစ်ချိန်တည်းလိုလို ထစ်အစွာ ပြောသည်။
“ အရှင်… အရှင်ငယ်… အခုက နေ့အချိန်ပဲ ရှိပါသေးတယ်”
လျန်အာ၏ စကားကို လုယွီက အရေးမစိုက်ချေ။ သူက ခေါင်းကိုသာ တချက်တို့လိုက်သည်။ သူ၏မျက်မှောင်များက ကြုတ်သွားလျက် ဆေးစွမ်းအားတမျိုးကို လျန်အာ၏ ကိုယ်မှ ထွက်ခွာလာစေလိုက်သည်။
အပိုင်း ၁၁၉၀
ထိုအချိန်တွင် လျန်အာ၏ ကိုယ်တွင် ဖျော့တော့သော အဖြူရောင်အလင်းများ ပေါ်လာသည်။ ထိုအလင်းများက ပျောက်ကွယ်သွားသည့်အခါ လျန်အာက လုယွီကို နားမလည်သလို ကြည့်လာသည်။
“ ကြည့်ရတာ ဂိုဏ်းခေါင်းဆောင်က ငါ့ကို သဘာဝစိတ်ဝိဉာဉ် ခန္ဓာကိုယ် ပိုင်ရှင်ကို ပို့ပေးလိုက်တာပဲ။ ဒါပေမဲ့ ဒီကျေးဇူးကို ပြန်မဆပ်နိုင်မိမှာတောင် စိုးတယ်”
လုယွီက ခပ်ဟဟ ရယ်သည်။ လောကတွင် ကန့်သတ်ချက်ကို ကျော်လွန်နေသော အရာများစွာ ရှိသည်။ ကောင်းကင်နှင့်မြေကြီးမှ ကန့်သတ်ချက်ကို ကျော်လွန်နေသော ခန္ဓာကိုယ်ပိုင်ရှင်များလည်းရှိသည်။ ဥပမာအားဖြင့် စိတ်ဝိဉာဉ်ခန္ဓာကိုယ်၊ အေးခဲ ခန္ဓာကိုယ်၊ မီးတောက် ခန္ဓာကိုယ်၊ ယင်ခန္ဓာကိုယ် စသဖြင့် ဖြစ်သည်။
ထိုသို့သော ခန္ဓာကိုယ်များကိုလည်း ကောင်းကင်၊မြေကြီးနှင့် လူသားဟူ၍ ခွဲခြားထားသေးသည်။ စိတ်ဝိဉာဉ်ခန္ဓာကိုယ်က ကောင်းကင်အဆင့်အတွင်း ဝင်သည်။ထို့ကြောင့် ထိုသို့သော ခန္ဓာကိုယ်ပိုင်ရှင်များက ကျင့်ကြံလျင် အဆင့်တက်နှုန်းမြန်သည်။
နှစ်ကိုယ်တူ ကျင့်ကြံမည်ဆိုလျင်လည်း ယင်ခန္ဓာကိုယ်ပိုင်ရှင်များနှင့် ပူးပေါင်းကာ ကျင့်ကြံသည်ထက် ပို၍ မြန်ဆန်သည်။ အဆင့်တက်နှုန်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် လျင်မြန်သွားခြင်းဖြစ်သည်။
လုယွီက ပြောသည်။
“ဒီကနေ ပြန်ပြီး မင်းရဲ့ အရှင်ကို ပြောလိုက်ပါ။ ငါ့အတွက် မလိုဘူး”
သူက ငယ်ရွယ်သော်လည်း စိတ်ဆန္ဒများကို ကျော်လွန်နိုင်သည်။ သူ၏ စရိုက်အရ မိန်းမတစ်ယောက်ကို မှီခိုကာ အဆင့်တက်ခြင်းကို ရှုံ့ချသည်။
လျန်အာကမူ ဝမ်းနည်းသွားသည်။ သူမ၏ မျက်ဝန်းမှ မျက်ရည်များကျဆင်းလာကာ ပြောသည်။
“ လျန်အာက ရုပ်ဆိုးလို့ အရှင်ငယ်က ရွံနေတာပါလား”
သူမက သည်နေရာသို့ မလာခင်ကတည်းက အရှင်ငယ်ကို ခစားရမည်ဖြစ်ကြောင်း သိခဲ့သည်။ သူမက စိတ်ကို အကောင်းဆုံး ပြင်ဆင်လာခဲ့သည်။သို့သော် အရှင်ငယ်က သူမကို လက်မခံချင်ချေ။
သူမ၏ ကိုယ်က သေးသွယ်ပြီး ကျော့ရှင်း ကြည့်ကောင်းသည်။ သူမ၏နှုတ်ခမ်းများက နီရဲပြီး သွားများကလည်း ဖြူဖွေးသည်။ သူမ၏ ဘက်ပေါင်းစုံက ချစ်စဖွယ်ကောင်းပြီး မြတ်နိုးဖွယ်ရာဖြစ်သည်။
လုယွီက ပြောသည်။
“ မင်းနဲ့ မဆိုင်ပါဘူး၊ လျှောက်မတွေးနဲ့”
“ ဒါပေမဲ့ လျန်အာသာ ပြန်သွားရင် အရှင်က အပြစ်ပေးလိမ့်မယ်။ လျန်အာ့ကို မောင်းမထုတ်ပါနဲ့နော်”
လုယွီကလည်း ဆက်တိုက်ငိုနေသည့် လျန်အာကို ကြည့်ပြီး ရယ်ချင်သွားသည်။
“ ကောင်းပြီ မင်းက အပြင်ဘက်က ခြံဝန်းကို တာဝန်ယူလိုက်၊ ဒါပေမဲ့ ငါက လေ့ကျင့်နေရင်တော့ မနှောက်ယှက်မိစေနဲ့”
ထိုစကားကို ကြားချိန်တွင် လျန်အာ၏မျက်နှာက တောက်ပသွားသည်။
“ စိတ်ချပါ အရှင်ငယ်၊ လျန်အာကလေ အရှင်ငယ်ကို လုံး၀ မနှောက်ယှက်ပါဘူး”
….
လျန်အာက ထွက်သွားသောအခါ လုယွီက ခေါင်းခါလိုက်သည်။ ရုတ်တရက် သူ၏ရင်ဘတ်မှ တစ်စုံတစ်ရာက ပြို့တက်လာသည်။
“ ဖူး”
လုယွီက သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သို့သော် သူက ပျော်ရွှင်ကာ စိတ်လှုပ်ရှားနေသည်။
“ ကောင်းကင် ဧကရာဇ်ရဲ့ စိတ်ဝိဉာဉ်က ရေခဲနယ်မြေကို ရောက်လာပြီ”
လုယွီက မြောက်ပိုင်းနယ်မြေသို့ ရောက်နေချိန်ကဆိုလျင် ကောင်းကင် ဧကရာဇ်၏ စိတ်ဝိဉာဉ်က မြေတောင်တန်းတစ်ခုတွင် ကျင့်ကြံနေချိန်ဖြစ်သည်။ ထိုဧကရာဇ်သည် စိတ်ဝိဉာဉ်တစ်ခုဖြစ်သည်။ ဧကရာဇ်ထျန်းဟု သိကြသည့် ကောင်းကင် ဧကရာဇ်ကသာ သည်နယ်မြေသို့ ဝင်ရောက်လာလျင် လုယွီက သူ၏စိတ်ဝိဉာဉ်ကို အသုံးပြုကာ အဆင့်တက်လာနိုင်သည်။
“ ကောင်းလိုက်တာ၊ ဒီဧကရာဇ်စိတ်ဝိဉာဉ်နဲ့ဆိုရင် တိရှားဘိုးဘေးကို ကိုင်တွယ်နိုင်ပြီ။ ဒီလိုဆိုရင် ငါရဲ့ စိတ်ဝိဉာဉ်ကို ဝါ းမြိုပြီး နောက်တစ်ဆင့်ကို တက်ရောက်လို့ရပြီ”
လုယွီက စိတ်အေးသွားသည်။ သူသာ ထိုက်ရိဂိုဏ်းတွင် ဆက်ရှိနေလျင် ယခုလို အေးအေးဆေးဆေး ကျင့်ကြံရန် နေရာရှိမည် မထင်ချေ။
ထိုအချိန်တွင် လျန်အာက ဂိုဏ်းအတွင်းမှ သန့်ရှင်းရေး ပစ္စည်းများ ယူနိုင်သော အဆောင်တစ်ခုသို့ သွားနေသည်။
“ ငါကလည်း တုံးလိုက်တာ၊ တံမြက်စည်းမရှိဘဲ ဘယ်လို သန့်ရှင်းရေး လုပ်မှာလဲ”
လုယွီနေသော တောင်ထိပ်မှ အိမ်တော်ကို ထျန်းချန်းယွမ်ဟု ခေါ်ပြီး ထောင်ကျစ်ထက်မြင့်သော အဆင့်များသာ နေနိုင်သည်။ထိုကြောင့် အချိန်အများစုတွင် ထိုနေရာတွင် လူရှင်းနေတတ်သည်။ လူနေခဲသောကြောင့် ပရိဘောဂများ မစုံလင်သည့်အပြင် ယခုလို သန့်ရှင်းရေး ပစ္စည်းများပင် မရှိချေ။
လျန်အာက အထဲသို့ ဝင်တော့မည့်အချိန်တွင်အနောက်မှ အေးစက်သည့် အသံက ထွက်လာသည်။
“ လျန်အာ ဒီရက်တွေမှာဘယ်ပျောက်နေတာလဲ”