← Chapters

အခန်း (၁၁၉၆-၁၂၀၀)

Vol. 63 Ch. 1196-1200

အခန်း (၁၁၉၆-၁၂၀၀)

Vol. 63 Ch. 1196-1200

အပိုင်း ၁၁၉၆

ရုတ်တရက် နှင်းပျံဂိုဏ်း၏ အဓိကတောင်ထိပ်မှ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ ခေါင်းလောင်းသံ၏ အရေအတွက်အရ အဆင့်ကို သတ်မှတ်နိုင်သည်။ သို့သော် ခေါင်းလောင်းသံက မရပ်မနား ထွက်နေကြောင်း သေချာသွားသောအခါ အားလုံးက ကိစ္စကြီးတစ်ခုခု ဖြစ်ပြီမှန်း သိနားလည်လိုက်ကြသည်။

“ ဘာဖြစ်တာလဲ”

အကြီးအကဲများကလည်း ခန့်မှန်းကြသည်။

“ အခြားဂိုဏ်းတွေကများ လာပြီး တိုက်ခိုက်တာလား”

တံခါးပိတ် ကျင့်ကြံနေကြသော ဂိုဏ်းသားများက မျက်လုံးကို ဖွင့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းအတွင်း ထိတ်လန့်မှုကို မြင်နိုင်သည်။

“ နှင်းပျံဂိုဏ်းထဲက တစ်ယောက်ယောက်က မသေမျိုးအဆင့်ကို တက်တော့မှာလား”

လူအများစုက ထိတ်လန့်သွားကြသည်။ မသေမျိုးအဆင့်ဆိုသည်မှာ သူတို့၏ အိမ်မက်ဖြစ်သည်။

ကောင်းကင်ဘုံသို့ တက်ရောက်ခြင်းအပြင် မိုးကြိုးအပြစ်ဒဏ်ကို ခံယူပြီး ရှင်သန်ကျန်ရစ်လျင် မသေမျိုး ဖြစ်လာနိုင်သေးသည်။

သို့ရာတွင် ရှေးခေတ်ကာလပြီးဆုံးပြီးနောက်ပိုင်း မည်သူမျှ မသေမျိုး ဖြစ်မလာတော့ချေ။ အဆင့်တက်ရောက်ရန် ကြိုးစားသူတိုင်း လမ်းတစ်ခုတည်းသို့သာ ရောက်သည်။ထိုလမ်းက သေလမ်းဖြစ်သည်။

ထိုကြောင့် အဆင့်လွန်အဆင့်များက ဘယ်သောအခါမှ အဆင့်မတက်ရဲကြခြင်းဖြစ်သည်။ ထိုသို့ဖြင့် အဆင့်လွန်အဆင့်ကသာ အင်အားအကြီးမားဆုံးသော တည်ရှိမှုကြီးလို ဖြစ်လာသည်။

‘ ဒါကို ဘာလို့ အဆင့်တက်နေတာလဲ’

‘အဲဒီလူက ဘယ်သူလဲ’

“ အရှင်များလား”

လူတိုင်းက စိုးရိမ်စွာ တွေးတောလိုက်ချိန်တွင် လုထျန်းကန်းက အမိန့်ထုတ်လာသည်။

“ အားလုံးပဲ အဆင့်တက်နေတာက ငါ မဟုတ်လို့ ထင်ရာတွေ ခန့်မှန်းမနေကြပါနဲ့။ ကိုယ့်တောင်ထိပ်က တပည့်ဂိုဏ်သားကိုယ်ထိန်းနိုင်ဖို့ မျော်လင့်တယ်။ ဒီနေ့ နှင်းပျံတောင်တန်းကို ပိတ်ထားမယ်။ အားလုံးပဲ ဝင်္ကပါတွေ ချလိုက်ကြပါ”

အဆင့်တက်နေသည်မှာ လုထျန်းကန်းမဟုတ်သဖြင့် အကြီးအကဲများက စိတ်အေးသွားကြသည်။

လုထျန်းကန်းက အင်အားကြီးလွန်းသည်၊ သို့သော်သူက အဆင့်တက်နေခြင်းမဟုတ်လျင် မည်သူနည်းဟု တွေးစရာ ရှိလာသည်။

ထိုသို့ဖြင့် ပြင်းထန်သော အရှိန်အဝါများက နှင်းပျံဂိုဏ်း၏ အထက်ကောင်းကင်ကိုပင် ကျော်လွန်သွားလေသည်။

“ တောင်ကို ပိတ်လိုက်ပြီဆိုတော့ ဂိုဏ်းထဲမှာ တစ်ခုခုများ ဖြစ်နေတာလား”

ထျန်းချန်းယွမ်(ကောင်းကင်တောင်ထိပ် စံအိမ်)၏ရှေ့သို့ ရောက်နေသော ရှန်းလုံတောင်ထိပ်မှ တပည့်ဂိုဏ်းသားတစ်ယောက်က ပြောသည်။

နဂိုနေရာတွင် ဆက်ရပ်နေရင်းမှ ရုတ်တရက် လင်းကျန်းဖုန်းက နောက်သို့လှည့်ကာ ထျန်းချန်းယွမ်ကို ကြည်သည်။ သူ၏ မသိစိတ်အရ အဆင့်တက်နေသည်မှာ ဖန်းယွန်ဟု ပြောဆိုနေသည်။

အပိုင်း ၁၁၉၇

ထျန်းချန်းခြံဝန်း …

လုယွီက သူ၏ထျန်းချီအဆင့်၂သို့ ချိုးဖျက်ဝင်ရောက်ခြင်းတွင် အာရုံဝင်စားနေသည်။ ထောင်ကျွင်းတစ်ယောက်၏အင်အားကြီးမားသော စိတ်ဝိဉာဉ်စွမ်းအားကသာ နယ်မြေသန်းပေါင်းများစွာ ဝေးကွာသော ပိုင်နက်နယ်မြေနှစ်ခုလုံးကို ဖြန့်ကျက်ပြီး အဆင့်တက်ခြင်းကို ထိန်းချုပ်နိုင်ကြသည်။

ကောင်းကင်ဧကရာဇ်၏ အလွန်သန်မာသောခန္ဓာကိုယ်က အလွန်စွမ်းအားကြီးမားသည်။ သူက ကောင်းကင်နှင့်မြေကြီးကို ပိုင်စိုးသောအရှင်သခင်ဖြစ်ခဲ့၏။ ထိုကဲ့သို့သော အခြေအနေများကြောင့် အဆင့်တက်ရောက်တွင် ဖြစ်လာသည့် ကပ်ဘေးက ကောင်းကင်နှင့်မြေကြီး၏ပျက်စီးခြင်းကို ဖြစ်လာစေနိုင်သေးသည်။

“ရှေးခေတ်အချိန်ကတည်းက ကျင့်ကြံသူတွေက အဆင့်တက်ရောက်ဖို့အတွက် မိုးကြိုးရဲ့အကူအညီကိုယူရတယ်၊ ဒါပေမယ့် ငါ့အလှည့်ရောက်ရင် တာအိုသဘောတရားတွေ ပါဝင်နေမှာဆိုတော့ ဒီမိုးကြိုးဒဏ်ကို ဒီနယ်မြေကတောင် ခုခံနိုင်မယ်မထင်ဘူး”

လုယွီ၏မျက်ဝန်းအတွင်း စိတ်ဝိဉာဉ်အလင်းရောင်က လင်းလက်လာသည်။ မိုးကြိုးကပ်ဘေးကသာ ဆိုက်ရောက်လာလျှင် ကောင်းကင်နှင့်မြေကြီးက ပျက်စီး လိမ့်မည်။ သူကသာ တောင့်ခံနိုင်ခဲ့လျှင် သူရရှိမည့်အကျိုးကျေးဇူးက အလွန်ကြီးမားပေလိမ့်မည်။

ထိုသို့ဖြင့် နှင်းပျံဂိုဏ်းတစ်ခုလုံးတွင် ပြင်းထန်သည့် အရှိန်အဝါများက စုစည်းသထက်စုစည်းလာခဲ့သည်။ မိုင်ပေါင်းများစွာအဝေးမှ လူများကပင် ထိုအရှိန်အဝါကို ခံစားမိကြ၏။

“နှင်းပျံဂိုဏ်းက တစ်ယောက်ယောက်က အဆင့်တက်နေတာလား”

“ဘယ်သူလဲ၊ ဧကရာဇ်က အမိန့်မထုတ်ထားဘဲနဲ့ ဘယ်သူက ရုတ်တရက် အဆင့်တက်တာလဲ၊ သေချင်နေတာလား”

အဆင့်လွန်အကြီးအကဲပေါင်းများစွာက သိချင်စိတ်ပြင်းပြလာကြပြီး နှင်းပျံဂိုဏ်းသို့လာကြသည်။

လုထျန်းကန်းက အကြီးအကဲများစွာကိုခြံရံလျက် တောင်ဂိတ်ရှေ့သို့ ရောက်လာ၏။

“တာအိုမိတ်ဆွေတို့ ဒီအတိုင်း ငါ့ရဲ့နှင်းပျံဂိုဏ်းက တပည့်ဂိုဏ်းသားတစ်ယောက်က အဆင့်တက်နေရုံပါပဲ၊ မင်းတို့ စိုးရိမ်ဖို့မလိုပါဘူး”

သူပေါ်လာသည်နှင့် သူ၏အရှိန်အဝါက ပြင်းထန်စွာဖြင့် ထွက်ပေါ်လာကာ ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

အခြားသောအဆင့်လွန်အကြီးအကဲများက သူ၏စကားကို မယုံကြည်ကြပေ။ တစ်ယောက်က နှာခေါင်းရှုံ့သည်။

“ငါတို့ကို ကလေးများထင်နေတာလား၊ ဘယ်သူအဆင့်တက်နေသလဲဆိုတာကို ပြောလိုက်စမ်းပါ”

ထိုသို့အဆင့်တက်ခြင်းတွင် ဖြစ်ပေါ်လာသည့် ပြင်းထန်သည့် အားလှိုင်းစွမ်းအားများက သူတို့ကိုပင် ထိတ်လန့်စေလေသည်။ လုထျန်းကန်းက သက်ပြင်းချသည်။

“ငါက ပြောဖို့လိုလား”

သူက စကားဆုံးသည်နှင့် ရုတ်တရက်တိုက်ခိုက်လိုက်သည်။ ပြင်းထန်သည့် စွမ်းအားများက ရုတ်တရက် ထိုးထွက်လာလျက် ထိုအဆင့်လွန်အကြီးအကဲများအားလုံး နောက်လွင့်သွားစေသည်။

“လုထျန်းကန်း မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်”

“ဘယ်သူအဆင့်တက်လဲဆိုတာကိုသာ ပြောလိုက်စမ်းပါ၊နာမည်ပြောရုံနဲ့ရတာကို မင်းက ဒီလိုလုပ်ဖို့လိုလား”

လုထျန်းကန်းက ပြုံးသည်။

“မင်းတို့လည်း သတ္တိရှိရင် ခန္ဓာကိုယ်အစစ်ကို ဒီနေရာကိုယူလာလိုက် ငါက တိုက်ခိုက်ပေးမယ်”

နှင်းပျံဂိုဏ်းမှ ခေါင်းဆောင်တစ်ယောက်အနေနှင့်သူက အဆင့်လွန်အဆင့်များကို မကြောက်ပေ။ လုထျန်းကန်း၏ လွှမ်းမိုးနိုင်စွမ်းပြင်းထန်သော လက်ကြီးက ထွက်ပေါ်လာပြီး ပြင်းထန်စွာတိုက်ခိုက်လိုက်ချိန်တွင် အားလုံးက လွင့်ထွက်သွားရသည်။

“အရှင်လု မင်း ဘာလုပ်နေတာလဲ၊ ဘာလို့ ငါ့ကိုကြိုတင်အကြောင်းမကြားတာလဲ”

ရုတ်တရက် အေးစက်သောအသံက ထွက်လာသည်။

ထိုသို့ဖြင့် လူအချို့က သူတို့၏မြင်ကွင်းရှေ့သို့ ရောက်လာကြသည်။

အပိုင်း ၁၁၉၈

ထိုလူများကိုမြင်သည်နှင့် နှင်းပျံဂိုဏ်းမှ အကြီးအကဲများ၏မျက်နှာအမူအရာက ပျက်ယွင်းသွားကြသည်။ သူတို့က ဦးဆောင်လာသူကို သိလိုက်ကြ၏။ ထိုလူက သံတမန်ဖြစ်သည်။

တော်ဝင်ဘိုးဘေးကိုကိုယ်စားပြုသည့် ထိုသံတမန်က မည်သည့်နေရာသို့သွားစေကာမူ လူအများ၏ ရိုသေစွာ ဆက်ဆံခြင်းကိုခံရလေသည်။

လုထျန်းကန်းကမူ မျက်နှာအမူအရာပျက်ယွင်းခြင်းမရှိပေ။ သူက ပြောသည်။

“ဂိုဏ်းက တပည့်ဂိုဏ်းသားတစ်ယောက်က အဆင့်တက်ရုံပါပဲ၊ တော်ဝင်သံတမန်ကို ဒုက္ခပေးဖို့အထိ မလိုအပ်ပါဘူး”

သို့ရာတွင် အနက်ရောင်ဝတ်စုံနှင့်လူက အေးစက်စွာပြုံးသည်။

“ဘယ်တပည့်လဲ ငါ့ကိုပြောစမ်း”

တော်ဝင်သံတမန်၏အမိန့်ကို မည်သူကမျှ မနာခံရဲဘဲမနေဘူးချေ။ လုထျန်းကန်းက မငြင်းတော့ဘဲ ပြော၏။

“သိပ်မကြာခင်ကမှ ဂိုဏ်းက တင်မြှောက်ခဲ့တဲ့ အရှင်ငယ်ဖန်းယွန်ပါ”

သူ၏စကားထွက်လာသည်နှင့် အကြီးအကဲအားလုံး၏အကြည့်က တစ်နေရာသို့ ရောက်သွားသည်။ ထိုနေရာတွင် လုယွီရှီသည်။

တစ်ချိန်တည်းတွင်ပင် နှင်းဓါးအကြီးအကဲက မျက်လုံးကို ရုတ်တရက်ဖွင့်လာသည်။

“သူ ဒီမှာဆက်နေလို့မရဘူး၊ သူ အဆင့်တက်လို့မဖြစ်ဘူး”

နှင်းဓါးအကြီးအကဲ၏ ရေရွတ်သံကိုကြားသည်နှင့် လီကျယ်က အနားသို့ ရောက်လာသည်။

“ဆရာ ဆရာဘာပြောချင်တာပါလဲ”

နှင်းဓါးအကြီးအကဲက သူ့ကို စိုက်ကြည့်ပြီးပြောသည်။

“ကောင်းကင် တောင်ထိပ်ကိုသွား၊(ထျန်းချန်း) ဖန်းယွန်ကို အဆင့်မတက်ခိုင်းနဲ့”

လီကျယ်က ပဟေဠိဖြစ်သွားသည်။

“ဒါက ဖန်းယွန်အဆင့်တက်တာ မဟုတ်ပါဘူး၊ အကြီးအကဲတစ်ယောက် အဆင့်တက်တာ ဖြစ်မှာပါ”

သူက နှင်းပျံဂိုဏ်း၏အုတ်အော်သောင်းနင်းဖြစ်နေသည့် အနေအထားကိုသိသည်။ သို့သော် ထိုအခြေအနေများက လုယွီကြောင့်ဟု မထင်ချေ။ မည်သို့ပင်ဆိုစေ သူက လူငယ်မျိုးဆက်မှ ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သော်လည်း သူ၏အဆင့်က စိတ်ဝိဉာဉ်ထုတ်လွှတ်ခြင်းအဆင့်တွင်သာ ရှိနေသေးလေသည်။

ယခုဖြစ်သွားခဲ့သော နှင်းပျံဂိုဏ်းမှ အဆင့်တက်ရောက်သည့်ဖြစ်စဉ်က ဝရုန်းသုန်းကားနိုင်လွန်းကာ ပြင်းထန်သည့်စွမ်းအားများကလည်း ထွက်ပေါ်စေသည်။ ထို့ကြောင့် လုယွီက အဆင့်တက်ခြင်းဟု သူက မယုံကြည်နိုင်ခြင်းဖြစ်သည်။

နှင်းဓါးအကြီးအကဲက လေးနက်စွာပြောသည်။

“ဒီရက်တွေအတွင်းမှာ အဲ့ဒီအကြီးအကဲတွေက ဘာလို့ ထိုက်ရိဂိုဏ်းက အကြောင်းတွေ ငါ့ကို လာမပြောလည်းလို့ ငါက စဉ်းစားနေခဲ့တာ”

“အခု ခေါင်းဆောင်ရဲ့လုပ်ရပ်က ငါ့ကိုလှုပ်နိုးလိုက်သလိုပဲ လုထျန်းကန်းက ရည်ရွယ်ချက်မရှိဘဲ လုပ်နေတာမဖြစ်နိုင်ဘူး၊ ဘိုးဘေးရှင်းဟွမ်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အလွန်ကျော်ကြားခဲ့မယ်ဆိုရင်တောင်မှ လုထျန်းကန်းရဲ့ ဆန္ဒမရှိဘဲတစ်ခုခုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“ဒီဖန်းယွန်က ရုတ်တရက်ခွန်အားတွေရသွားပြီး အရှင်ငယ်ဖြစ်သွားတယ်”

ထိုစကားများကို လီကျယ်က ကြားသောအခါ အံ့ဩသွားကာ ချွေးပြန်သွားသည်။

“ဒါဆိုရင် အခုထွက်လာတဲ့ ဒီဖိအားတွေက ဖန်းယွန်ကြောင့်ဖြစ်တာပါလား”

လီကျယ်က အလွန်အံ့သွားသည်။ ထိုသို့ဆိုလျှင် အခြေအနေက အလွန် ထိတ်လန့်ဖွယ် ကောင်းနေချေပြီ။ သူကလည်း အသက် ၃၀ တောင်မရှိ‌သေး သောကလေးတစ် ယော က်က ထိုမျှအထိ လုပ်နိုင်စွမ်းအားရှိမည်ဟု မထင်ထားချေ။

ထိုသို့ဆိုလျင် နောင်အနာဂါတ်တွင် သူ့ကိုမည်သူကမျှ ကန့်သတ်နိုင်တော့မည် မထင်ပေ။

“ဒီတော့ အခု မင်းက သူ့ကိုသွားတားရမယ်”

နှင်းဓါးအကြီးအကဲက လီကျယ်ကို စိုက်ကြည့်သည်။

“မင်းက သူ့ကို အဆင့်တက်ခွင့်ပြုလို့မဖြစ်ဘူး၊ မဟုတ်ရင် မင်းကို တစ်သက်လုံး ဒီကောင်က ဖိနှိပ်တာကို ခံရလိမ့်မယ်။ ဒီလိုဆိုရင် မင်း ဘယ်တော့မှ ခေါင်းမော့နိုင်တော့မှာမဟုတ်ဘူး”

သူက တစ်ဘဝလုံးနီးပါး လုထျန်းကန်း၏ဖိနှိမ့်ခြင်းကို ခံခဲ့ရသည်။ သူ၏ နောက်ဆုံးမျှော်လင့်ချက်က သူ၏တပည့်ကို နောက်တက်မည့်ခေါင်းဆောင် ဖြစ်စေလိုခြင်းဖြစ်သည်။ မူလက သူ၏ဆန္ဒက ပြည့်တော့မည်ဟု ထင်ခဲ့သည်။ မမျှော်လင့်ထားစွာပင် လုယွီက ရုတ်တရက်ပေါ်လာ၏။

လီကျယ်ကလည်း ထိုကိစ္စက မည်မျှပြင်းထန်ကြောင်း နားလည်သွားသည်။

အပိုင်း ၁၂၉၉

“ဆရာ ကျွန်တော် အခုပဲသွားမယ်”

“လိုအပ်ရင်သုံးဖို့ ငါက မင်းကို ငါ့ရဲ့အစေခံနှစ်ယောက် ငှားလိုက်မယ်၊ သူတို့နှစ်ယောက်လုံးက စိတ်ဝိဉာဉ်အဆင့်ကိုရောက်နေကြပြီ၊ မှတ်ထား မင်းက ဖန်းယွန်ကိုမြင်တာနဲ့ ချက်ချင်းသတ်လိုက်၊ စွမ်းအားအပြင်းဆုံး တိုက်ကွက်ကိုသာ တိုက်လိုက်၊ သူ့ကို ဘယ်တော့မှ ရှင်သန်ဖို့အခွင့်အရေးမပေးနဲ့”

“ခေါင်းဆောင်နဲ့အခြားအကြီးအကဲတွေက တော်ဝင်သံတမန်ကို တားနေကြတဲ့ အချိန်မှာ ဖန်းယွန်က အဆင့်ထပ်တက်လိမ့်မယ်၊ ဒါက မင်းအတွက် ကောင်းကင်ကပေးတဲ့ အခွင့်အရေးပဲ”

“ငါက မလုပ်နိုင်ပေမယ့် မင်းက ကွာခြားတယ်၊ မင်းကသာ ဖန်းယွန်ကို သတ်လိုက်ရင် ခေါင်းဆောင်က မင်းကိုအများဆုံးမှ အပြစ် ပေး ရုံပဲရှိမှာ ဒါပေမယ့် အချိန်တစ်ခုစောင့်ပြီးရင် မင်းက နောက်တက်မယ့်ခေါင်းဆောင်ဖြစ်လာပြီ”

နှင်းဓါးအကြီးအကဲက ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ပေးသည်။

သူက လက်ခုပ်တီးလိုက်ပြီးသည်နှင့် လီကျယ်၏အရှေ့သို့ တောင့်တင်းသန်မာသော လူထွားကြီးနှစ်ယောက်က ရောက်လာသည်။ နှစ်ယောက်လုံးက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်ထားကြသည်။ သူတို့က အ‌ပေါ်ပိုင်းဗလာနှင့်ဖြစ်ကြပြီး သူတို့၏အပေါ်ပိုင်းခန္ဓာကိုယ်တွင် နတ်ဆိုးသင်္ကေတများစွာက ဖုံးလွှမ်းထားသည်။

“အခုက မနောက်ကျသေးဘူး၊ မင်းက ဒီထျန်းကျန်းတောင်ထိပ်က လက်ရွေးစင်တပည့်ဂိုဏ်းသားတွေကိုခေါ်ပြီး အခုချက်ချင်းသွားတော့”

လီကျယ်က အမိန့်ကိုယူပြီးသည်နှင့် ထိုနှစ်ယောက်ကိုခေါ်ကာ ထန်းကျန်းတောင်ထိပ်မှ တပည့်ဂိုဏ်းသားရာကျော်ကို ခေါ်ယူသွားသည်။ သူတို့က ချက်ချင်းဆိုသလို လုယွီရှိသော ထျန်းချန်းတောင်ထိပ်သို့သွားသည်။

ထိုကဲ့သို့သော ဝရုန်းသုန်းကားဖြစ်သည့် အနေအထားများနှင့် လီကျယ်၏လူအုပ်နှင့်တစ်နေရာတည်းသို့ ဦးတည်နေသည့်ကိစ္စက မရေမတွက်နိုင်သော လူများစွာ၏အာရုံကို ဆွဲဆောင်သွားသည်။ သူတို့အားလုံးက လီကျယ်၏ဦးတည်ရာက ထျန်းချန်းတောင်ထိပ်ဖြစ်ကြောင်းမြင်လိုက်ရသည်။

“ လီကျယ်က ငြိမ်ငြိမ်ထိုင်မနေတော့ဘဲ သွားကြည့်တော့မယ်ထင်တယ်”

လျန်ချင်းယွီ၏လှပသောမျက်ဝန်းများက လီကျယ်ရှိရာဘက်သို့ ရောက်သွားပြီးနောက်တွင် တုံ့ဆိုင်းသွားသည်။

“ငါက လုယွီကိုကူညီသင့်လား”

“ဒီမှာစောင့်ကြည့်နေလိုက်မယ်”

လျန်ချင်းယွီက ချက်ချင်းဆိုသလို ဆုံးဖြတ်ချက်ချလိုက်သည်။

…

ထျန်းချန်းတောင်ထိပ်၊ လုယွီ၏စံအိမ်....

လုယွီ၏အရှေ့လေဟာနယ်ပြင်တွင် ရုတ်တရက် အလင်းရောင်များ လင်းလက်လာပြီးသည်နှင့် လူပေါင်းများစွာပေါ်လာသည်။ အားလုံးထံမှ သတ်ဖြတ်ခြင်းအရှိန်အဝါများကို လွှတ်ထုတ်နေကြ၏။ ဦးဆောင်လာသူက လီကျယ်ဖြစ်သည်။

သူ၏နောက်မှပါလာသောတပည့်ဂိုဏ်းသားများမှ အများစုက စိတ်ဝိဉာဉ်ထုတ်လွှင့်ခြင်းအဆင့်သို့ ရောက်ရှိ နေကြပြီဖြစ်သည်။ သူတို့အားလုံးက မြေသို့ခုန်ချလိုက်ကြသည်နှင့် ထျန်းချန်းခြံဝန်းရှိရာဘက်သို့ ပျက်ယွင်းသော မျက်နှာထားများဖြင့် ကြည့်လိုက်ကြသည်။

“လီကျယ်မင်းက ဘာလုပ်မလို့လဲ”

လင်းကျန်းဖုန်းက လီကျယ်ကိုတားသည်။

လီကျယ်က လင်းကျန်းဖုန်းကို ကြည့်ပြီး မျက်မှောင်ကြုတ်သည်။

“လမ်းက ဖယ်စမ်း၊ ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး”

လင်းကျန်းဖုန်းက နှင်းပျံဂိုဏ်းကိုရောက်ပြီးကတည်းက သူ၏နာမည်က ကျော်ကြားလာခဲ့ပြီး သူက အစေခံတပည့်ဂိုဏ်းသားနေရာမှ အတွင်းစည်းတပည့်ဂိုဏ်းသားသို့ ရောက်ခဲ့သည်။ထို့နောက် ယခုအခါတွင် ဂိုဏ်းတူအစ်ကိုအကြီးဆုံးအဖြစ် သတ်မှတ်ခံထားရသည့်အတွက် သူ၏လုပ်ဆောင်နိုင်စွမ်းက ဂိုဏ်းအတွင်း ဒဏ္ဍာရီသဖွယ် ဖြစ်နေခဲ့သည်။

လီကျယ်က လင်းကျန်းဖုန်းနှင့် တိုက်ရိုက် ရင်မဆိုင်ခဲ့ချေ။ လက်ရှိအချိန်တွင်မူ နှင်းပျံဂိုဏ်းမှ နှင်းဓါးအကြီးအကဲ ကိုယ်တိုင်ကပင် သည်အကြောင်းအရာကို ကိုယ်တိုင်ကိုယ်ကျ ပြောလာခဲ့ခြင်းဖြစ်လေရာ လုယွီကိုသတ်ရမည့်အခွင့်အရေးကို သူက လက်လွတ်ခံတော့မည်မဟုတ်ပေ။ ထို့ကြောင့် လင်းကျန်းဖုန်းနှင့်သူက အချိန်မဖြုန်းချင်တော့ ချေ။

လင်းကျန်းဖုန်းက ကျယ်လောင်သောလေသံဖြင့်ပြောသည်။

“ဒီနေရာက အရှင်ငယ်အနားယူတဲ့နေရာပဲ၊ ဒါကမင်း လာချင်တိုင်းလာလို့ရတဲ့ နေရာမဟုတ်ဘူး၊ မင်း အခုချက်ချင်းပြန်ပြီး ကိုယ့်နေရာကိုယ်သွား”

သူ၏အနောက်မှ တပည့်ဂိုဏ်းသားများစွာက ပြင်းထန်သောအရှိန်အဝါများစွာကို ထုတ်လွှင့်လိုက်ကြသည်။ ထိုတစ်ခဏတွင် နှစ်ဖက်လုံးက အရှိန်အဝါချင်း ယှဉ်ဆိုင်နေကြရသည်။ လေထဲတွင်ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ထွက်ပေါ် လာတော့သည်။

လီကျယ်က မျက်ခုံးပင့်သည်။

“မင်းက မျက်နှာသာပေးတာကို နားမလည်ဘူးပဲ”

သူက လက်တစ်ဖက်ကိုရမ်းလိုက်ချိန်တွင် လူထွားကြီးတစ်ယောက်က ရှေ့သို့ခုန်ဝင်သွားသည်။ ထိုလူက အလွန်မြန်သည်။ လူအများက မတုန့်ပြန်နိုင်ခင် သူက လင်းကျန်းဖုန်းထံသို့ ရောက်သွားပြီး အင်္ကျီကော်လံကို ဆောင့်ဆွဲလိုက်သည်။

လင်းကျန်းဖုန်းက အံ့ဩသွားသည်။ သူက ရုတ်တရက်နောက်ဆုတ်ပြီး ဓါးဖြင့်ရှေ့သို့ ထိုးသွင်းရန်ကြံစည်သည်။

“နှင်း ချိတ်ဓါး”

သူ၏ဓါးထိပ်မှ အဖြူရောင်ဆေဘာချီက ထွက်ပေါ်လာပြီး ထိုလူ၏ကိုယ်အတွင်းသို့ ပြင်းထန်စွာဖြင့်ဝင်ရောက်သွားသည်။

သို့သော် တစ်ဖက်လူ၏မျက်နှာတွင် အထင်သေးသောအမူအရာကသာ ထွက်ပေါ်လာ၏။ သူ၏ကိုယ်မှ အနက်‌ရောင်အလင်းတန်းများ ထွက်ပေါ်လာချိန်တွင် ထိုဆေးဘာဓါးချီကို အလွယ်တကူခုခံထားပြီးသားဖြစ်သွားသည်။ ထို့နောက် ထိုလူက ရှေ့သို့တက်လာကာ လင်းကျန်းဖုန်းကို လက်သီးဖြင့်ထိုးသည်။

ဝုန်း

အပိုင်း ၁၂၀၀

လင်းကျန်းဖုန်းက ချက်ချင်းဆိုသလို နောက်သို့လွင့်ထွက်သွားသည်။

“စိတ်ဝင်စားစရာပဲ၊ မင်းက စိတ်ဝိဉာဉ်အဆင့်က လူတစ်ယောက်ရဲ့ တိုက်ကွက်ကိုတောင် ခုခံနိုင်တာလား”

လီကျယ်ကိုယ်တိုင်ပင် အံ့ဩသွားသည်။ သို့သော် သူက ခုခံနိုင်ရုံမျှသာဖြစ်သည်။

“မြန်မြန် သူ့ကို ရှင်းလိုက်”

လီကျယ်က လက်ရမ်းပြသည်။

မည်သို့ပင်ဆိုစေ လင်းကျန်းဖုန်းက ရှန်းလုံတောင်ထိပ်မှ ဂိုဏ်းတူအစ်ကိုအကြီးဆုံး ဖြစ်နေသေးသည်။ ဖန်းယွန်ကိုသတ်လျှင် သူ၏နောက်ခံဇစ်မြစ်အရ သူက အပြစ်အနည်းငယ်သာ ပေးခံရသော်လည်း လင်းကျန်းဖုန်းသာ သေသွားလျှင် သူ၏ဆရာကပင် ပြဿနာတက်ပေလိမ့်မည်။

လူထွားကြီးက ခက်ထန်ကြမ်းတမ်းသောမျက်နှာထားဖြင့် အရှေ့သို့ တိုးဝင်သွားကာ သူ၏အစွမ်းထက်ဆုံးတိုက်ကွက်ဖြင့် လင်းကျန်းဖုန်းကို လက်သီးဖြင့်ထိုးသည်။

ထိုတစ်ခဏတွင် လင်းကျန်းဖုန်းက ဖိအားပေးခံနေရပြီးသားဖြစ်ရာ လက်သီးက သူ့ထံကျလာချိန်တွင် ထိတ်လန့်သွားသည်။ ထိုလက်သီးကို ရင်ဆိုင်ပြီးနောက်တွင် လင်းကျန်းဖုန်းက သွေးများအန်ထုတ်လိုက်ရကာ နောက်သို့လွင့်ထွက်သွားပြန်သည်။ သူက မြေပြင်တွင်လဲကာ သတိမေ့သွားတော့၏။

“ဂိုဏ်းတူအစ်ကိုကြီး”

ရှန်းလုံတောင်ထိပ်မှ တပည့်ဂိုဏ်းသားများအားလုံးက ဒေါသထွက်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုကြသည်။ သို့ရာတွင် မည်သူကမျှ ထိုလူထွားကြီးကို မယှဉ်နိုင်ဘဲ နောက်သို့လွင့်ထွက်ကြရသည်။

“အခုကစပြီး ငါက နှင်းပျံဂိုဏ်းရဲ့အရှင်ငယ်ဖြစ်လိမ့်မယ်”

လီကျယ်က ထျန်းချန်းခြံဝန်းထဲမှ လာ‌သော ပြင်းထန်သည့်ဖိအားကို ခံစားလိုက်ရပြီး သူ၏နှုတ်ခမ်းတွင် အပြုံးကပေါ်လာသည်။

သူက ဂိတ်တံခါးပေါက်ကို ခြေထောက်ဖြင့်ဆောင့်ကန်လိုက်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ဂိတ်ထဲမှ ရွှေရောင်အလင်းတန်းများက ထွက်လာခဲ့ပြီး သူ၏ခြေထောက်က ပြန်ကန်အားကိုခံစားရသည်။

“ဝင်္ကပါလား”

လီကျယ်က ဒေါသထွက်သွားသည်။

သို့ရာတွင် ထိုကဲ့သို့ အဆင့်မြင့်အိမ် တော်မျိုးတွင် ဝင်္ကပါရှိသည်က ပုံမှန်သာလျှင်ဖြစ်သည်။ သို့သော် ဝင်ခွင့်တံဆိပ်ပြားရှိနေမှသာလျှင် လွတ်လပ်စွာဝင်နိုင်လောက်သည်။

“မင်းက ငါ့ကိုဖိအားပေးနေတာပဲ”

လီကျယ်က တံဆိပ်ပြားကိုထုတ်လိုက်သည်။

ထိုတံဆိပ်ပြားက လုထျန်းကန်းက အစပိုင်းတွင် သူ့အားပေးခဲ့ဖူးသော အမိန့်တံဆိပ်ပြားဖြစ်သည်။ ထိုတံဆိပ်ပြားကို ကိုင်ထားလိုက်သည်နှင့် အရှင်ကိုယ်တိုင်ရောက်လာသကဲ့သို့ အမိန့်အာဏာကို ပိုင်ဆိုင်သွားပြီဖြစ်သည်။ ထိုတံဆိပ်ပြားကို သူက ဂိတ်ဝနားသို့ကပ်လိုက်ချိန်တွင် ဂိတ်တံခါးက အလိုလိုပွင့်သွားသည်။

သူက နောင်တက်မည့်အရှင်ဖြစ်နိုင်မည့် အခြေအနေကို လက်လျှော့လိမ့်မည်မဟုတ်ပေ။

“ငါကသာ အရှင်ငယ်ဖြစ်လာရင် ငါက နောက်တက်မယ့်ခေါင်းဆောင်ပဲ၊ ဒီလိုကောင်မျိုးရဲ့ကိစ္စကို ငါက အသာလေးရှင်းလိုက်လို့ရတယ်”

လီကျယ်၏မျက်ဝန်းအတွင်း နာကျင်သောအလင်းရောင်များ လက်လာသည်။

“လာစမ်း၊ ဝင်ကြရအောင်”

လီကျယ်က သူ၏လူများကိုဦးဆောင်ကာ ထျန်းချန်းခြံဝန်းအတွင်းသို့ ဝင်သွား၏။

“ထောင်ကျစ်က ထျန်းချန်းခြံဝန်းထဲကို ဝင်သွားပြီ”

“ရိုင်းလိုက်တာ သူကသာ ဖန်းယွန်ကိုသတ်ရင် လီကျယ်ရဲ့အဆင့်အတန်းက ဒီတောင်ထိပ်နဲ့ချဉ်နှောင်ပြီးသား ဖြစ်သွားလိမ့်မယ်၊ အချိန်ကျလာရင် သူက အရှင်ငယ်ဖြစ်သွားမှာပဲ "

“ဖန်းယွန်ကတော့ တကယ်ကံဆိုးတာပဲ၊ သူ ဒီကိုရောက်တာ ရက်အနည်းငယ်ပဲရှိသေးတယ်၊ အခု ဒုက္ခရောက်တော့မယ်”

ထျန်းချန်းတောင်ထိပ်ဝန်းကျင်သို့ ရောက်လာကြသောကျင့်ကြံသူများက မသက်မသာပြောကြသည်။

ခေါင်းဆောင်နှင့်အကြီးအကဲများမရှိချိန်တွင် လူတိုင်း၏အကြည့်က ကောင်းကင်တောင်ထိပ်ဆီသို့ ရောက်နေကြသည်။

ထောင်ကျစ်က နှင်းပျံဂိုဏ်းတွင် အချိန်အတန်ကြာကျော်ကြားခဲ့သော စွမ်းအားကြီးမားသူတစ်ယောက်ဖြစ်သည်။ သို့သော် အရှင်ငယ်က သူ့ကို ယှဉ်နိုင်မည်လားမသိပေ။

လုယွီ၏အိပ်ခန်း …

ထိုအချိန်တွင် လုယွီက ကောင်းကင်ဧကရာဇ်၏ မှတ်ဉာဏ်မှ စွမ်းအားများကိုသုံးကာ မိုးကြိုးစမ်းသပ်စစ်ဆေးမှုကို ခံယူရန်ပြင်ဆင်နေချိန်ဖြစ်သည်။ ရလဒ်အနေဖြင့် လုယွီက သူ၏ကိုယ်ထဲသို့ မိုးကြိုးတိုက်ရိုက်ဆင်းသက်လာမည့်အရေးကို လက်ခံ၍မရပေ။ ထိုသို့ဆိုလျှင် နှင်းပျံဂိုဏ်းတစ်ခုလုံး ဒုက္ခရောက်သွားနိုင်သေးလေသည်။ ထို့ကြောင့် သူက ခုခံနေရင်းမှ ပြန့်ထွက်လာသည့်စွမ်းအားများက နှင်းပျံဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခြင်းဖြစ်သည်။

ကံကောင်းစွာဖြင့် လုယွီက ကောင်းမွန်စွာထိန်းချုပ်နိုင်ခဲ့သည်။

ထိုအချိန်တွင် လုယွီ၏မျက်ဝန်းအတွင်းတွင် ကောင်းကင်မိုးကြိုးကို မြင်လိုက်ရသည်။ လုယွီက သီးသန့်တည်ရှိနေသော တောင်တန်းတစ်နေရာသို့ ရောက်ရှိနေပြီး ထိုနေရာသို့သာ မိုးကြိုးကို ဆင့်ခေါ်နေခဲ့ခြင်းဖြစ်သည်။ ဖြေးညှင်းစွာဖြင့် ဆင်းသက်လာသောစွမ်းအားကို သူက ခံစားမိကာ အံ့ဩလာသည်။

“ဒီကိစ္စက ဒီလောက်လွယ်ကူမှာတဲ့လား”

အစပိုင်းတွင် မိုးကြိုးစမ်းသပ်စစ်ဆေးခြင်းကို ထိန်းချုပ်ခြင်းကခက်ခဲမည်ဟု သူထင်ခဲ့သည်။ သို့ရာတွင် သူ အထင်မှားခဲ့၏။ ထိုမိုးကြိုးက သူ့အပေါ် သက်ရောက်မှုမရှိနိုင်ချေ။

လုယွီ၏ခန္ဓာကိုယ်က နတ်ဘုရားတစ်ပါး၏ ကိုယ်ခန္ဓာကဲ့သို့ဖြစ်လာသည်။ လုယွီကသာ ယခင်က အခြေအနေမျိုးဖြင့် ထိုသို့ထိန်းချုပ်ရန်ကြိုးစားမည်ဆိုလျှင် မအောင်မြင်နိုင်လောက်သော်လည်း ယခုအခါတွင်မူ အခြေအနေက မတူတော့ပေ။ သူက ထိုက်ချူခန္ဓာကိုယ်ကိုကျင့်ကြံခဲ့ပြီး ကောင်းကင်ဧကရာဇ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချိန်ကထက်ပင် ပို၍ပြစ်ချက်မဲ့သော ကိုယ်ခန္ဓာကို ပိုင်ဆိုင်လာခဲ့သည်။

“ကြည့်ရတာ ဧကရာဇ်ထိုက်ချန်က ရှေးဟောင်းခန္ဓာကိုယ်သိုင်းတွေကို ကျင့်ကြံခဲ့တဲ့ပုံပဲ”

လုယွီက ထိုသို့သုံးသပ်သော်လည်း ရင်ထဲတွင် သံသယက ဝင်နေခဲ့သေးသည်။ ဧကရာဇ်က စွမ်းအားကြီးမားလွန်းလျှင် သေဆုံးသွားမည်မဟုတ်ပေ။ လုယွီက ရေရွတ်သည်။

“ကောင်းပြီ၊ ငါက မင်းရဲ့သိုင်းကို လက်ခံလိုက်မယ်”

ထိုနည်းအားဖြင့် မိုးကြိုးကပ်ဘေးကို ဖြတ်သွားနိုင်ရန်မျှော်လင့်သည်။ သူ၏ခန္ဓာကိုယ်က ကောင်းမွန်စွာရှိနေသေးလေရာ လုယွီက သူ၏စိတ်ဝိဉာဉ်စွမ်းအားကို အသုံးပြုပြီး ဧကရာဇ်ထိုက်ချန် လေ့ကျင့်ခဲ့ဖူးသော ရှေးဟောင်းသိုင်းကို စစ်ဆေးကြည့်လိုက်သည်။ သူကသာ ထိုသိုင်းကိုကျင့်ကြံသမျှကာလပတ်လုံး လုယွီ၏လက်ရှိထိုက်ချူခန္ဓာကိုယ်၏အဆင့်က ပိုပြီးမြင့်သွားပေလိမ့်မည်။

All Chapters