← Chapters

အခန်း (၁၂၀၁-၁၂၀၅)

Vol. 63 Ch. 1201-1205

အခန်း (၁၂၀၁-၁၂၀၅)

Vol. 63 Ch. 1201-1205

အပိုင်း ၁၂၀၁

လုယွီက သူ၏ခန္ဓာကိုယ်မှ စိတ်ဝိဉာဉ်စွမ်းအားတိုင်းကို အသုံးပြုကာ ထိုက်ချန်ဧကရာဇ်၏ မှတ်ဉာဏ်ကို သန့်စင်လိုက်သည်။ ရုတ်တရက် တံခါးက ဆောင့်ကန်ဖွင့်ခံရသည်။ လီကျယ်က အပြင်ဘက်မှ ဆောင့်ကန်ဖွင့်ကာ ဝင်လိုက်ချိန်တွင် လုယွီက မျက်မှောင်ကြုတ်နေကြောင်း မြင်လိုက်ရ၏။ ဒါက ကျင့်ကြံရာတွင် အရေးကြီးသော အခြေအနေဖြစ်လောက်သည်။ သူက လုယွီ၏ကိုယ်မှ ထွက်လာသောဖိအားကိုလည်း ခံစားရသည်။

“တကယ်ပဲ မင်းဖြစ်နေတာပဲ”

လီကျယ်က မနာလိုဖြစ်သွားသည်။

သူ၏အဆင့်တက်ခြင်းကပင် ကလန်တစ်ခုလုံး စိတ်ပူရသည့်အနေအထားအထိ မရောက်ခဲ့ဖူးချေ။

“နှမြောစရာကောင်းတာက မင်းရဲ့အဆင့်တက်တာက ပြီးဆုံးပြီပဲ”

လီကျယ်က ရှေ့သို့တိုးလာပြီး လုယွီ၏မျက်နှာကို လက်သီးဖြင့်ထိုးသည်။ ထိုသို့အရေးကြီးသော အခြေအနေတွင် အခြားလူ၏နှောင့်ယှက်ခြင်းကို ခံလိုက်ရမည်ဆိုပါက သေဆုံးသည်အထိပင် ဖြစ်သွားနိုင်သေးလေ၏။

နှင်းဓါးအကြီးအကဲ၏အမိန့်က သူ၏နားတွင် စွဲနေခဲ့သေးသည်။ထို့ကြောင့်လီကျယ်က အခွင့်အရေးကို အပြည့်အဝအသုံးချကာ ရက်စက်သောတိုက်ကွက်ဖြင့် လုယွီကို အပြတ်ရှင်းလိုသည်။

ဝုန်း

သို့သော် ထိုလက်သီးချက်က လုယွီ၏ကိုယ်ပေါ်မကျပေ။ လုယွီ၏နဖူးရှေ့တွင် မမြင်ရသော လေထုနံရံတစ်ခုကရှိနေသလိုမျိုး တိုက်ကွက်ကို တားဆီးလိုက်သည်။

“နယ်မြေနံရံလား”

လီကျယ်က လက်မလျှော့လိုပေ။ သူက သူ၏ဓါးကိုထုတ်ကာ ခုတ်ပိုင်းရန်ကြံစည်ပြန်သည်။ သို့ရာတွင် ထိုတိုက်ကွက်ကလည်း တားဆီးခံရပြန်သည်။

“အားလုံးဝိုင်းပြီး တိုက်ခိုက်ကြစမ်း”

လီကျယ်က အမိန့်ပေးလိုက်သည်။

ထိုအခိုက်တွင် သူနှင့်ပါလာသူတိုင်းက ချက်ချင်းလိုလို လေထဲသို့ ခုန်တက်ကြပြီး အစွမ်းထက်သောတိုက်ကွက်များကို ထုတ်ဖော်ကြသည်။

ဝုန်း ဝုန်း ဝုန်း

လုယွီနေသောအိမ် တော်က ချက်ချင်းပေါက်ထွက်သွားကာ ဖုန်ဖြစ်သွားသည်။ သည်နည်းအားဖြင့် လုယွီက ပြောင်ရှင်းသွားသောကွင်းပြင်တွင် ထိုင်လျက် တစ်သီးတစ်သန့်သာ တည်ရှိနေတော့သည်။ သူတို့က အချိန်အတန်ကြာ စောင့်ကြည့်နေသော်လည်း လုယွီက မလှုပ်ပေ။

“ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒီလောက်ပြင်းထန်တဲ့အကာအကွယ်လွှာရှိနိုင်လို့လား”

လီကျယ်က စိုးရိမ်လာသည်။

ခေါင်းဆောင်နှင့်အခြားသော အကြီးအကဲများအားလုံးကသာ ပြန်လာကြလျှင် သူ့အနေဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန်ပင် အခွင့်အရေးမရှိတော့ချေ။

ထိုအချိန်တွင် ဖန်းယွန်ကိုသာ မသတ်နိုင်လျှင် နောက်ပိုင်းတွင် အခွင့်အရေးရတော့မည်မဟုတ်ပေ။ သူ၏အရှင်ငယ်ရာထူးကလည်း ဆုံးရှုံးခံရမည်မှာသေချာသည်။

လီကျယ်က ထိုသို့ဖြစ်ခွင့်မပြုနိုင် ချေ။ ထို့ကြောင့် သူက တွေးတောနေချိန်တွင် လူတစ်ယောက်က ပြောသည်။

“ထောင်ကျစ် အရှင်က ထောင်ကျစ်ကို တစ်ခါပေးဖူးတဲ့ဓါးတံဆိပ်တုံးကို သုံးသင့်တယ်၊ အဲ့ဒါသာသုံးလိုက်မယ်ဆိုရင် ဒီဝင်္ကပါကို ဖျက်ဆီးနိုင်လောက်တယ်”

လီကျယ်က သတိရသွားပြီးပြောသည်။

“ဟုတ်သားပဲ”

အတွင်းစည်းဂိုဏ်းမှ အကြီးအကဲများစွာက မှော်လက်နက်များကို ကိုယ်ပိုင်တပည့်ဂိုဏ်းသားများအတွက် သန့်စင်ကြသည်။ လီကျယ်၏ကိုယ်တွင်လည်း ထိုကဲ့သို့အလားတူ မှော်ဓါးတစ်လက်ရှိသည်။ ထိုအရာက အဆောင်သင်္ကေတများကို စုတ်ဖြဲချင်မည်ဆိုလျှင်ပင် ဓါးချီကို ဆင့်ခေါ်ရုံမျှဖြင့် လွယ်ကူစွာ လုပ်ဆောင်နိုင်စွမ်းရှိလေ သည်။ ထို့အပြင် သူ၏ တံဆိပ်တုံးကို နှင်းဓါးအကြီးအကဲကိုယ်တိုင်က ပေးထားခြင်းဖြစ်လေရာ အကန့်အသတ်မဲ့အောင် စွမ်းအားကြီးမား၏။

လီကျယ်က လက်နက်ကို ထုတ်ယူလိုက်ကာ ချက်ချင်းဆိုသလို နံရံကိုခုတ်ပိုင်းလိုက်သည်။ ပြင်းထန်သောစွမ်းအားများက ထွက်ပေါ်လာခဲ့ကာ ပေါက်ကွဲသံက ဝုန်းခနဲမြည်ဟီးလာသည်။

ဂိုဏ်းအပြင်သို့ရောက်နေကြသော

အဆင့်လွန်အဆင့်များ အားလုံးက နောက်လှည့်ကြည့်ကြသည်။

အဖြူရောင်ဓါးချီတစ်ခုက လုယွီရှိရာနေရာသို့ တိုးဝင်သွားလေသည်။

ကရက်

နောက်ဆုံးတွင် လုယွီ၏အကာအကွယ်နံရံတွင် အက်ကွဲရာတစ်ခုက ထွက်ပေါ်လာသည်။

သို့သော် အပြည့်အဝဖျက်ဆီးရန် မလုံလောက်သေးချေ။ လီကျယ်ကမူ သူ၏ပန်းတိုင်ကို တွေ့လိုက်ရသလို ခံစားလိုက်ရသည်။

“မြန်မြန် ဒီကောင်ကျင့်ကြံတာကို နှောင့်ယှက်ကြ”

လီကျယ်က ချက်ချင်းဆိုသလိုအော်သည်။ ထိုအက်ကွဲရာကိုမြင်သည်နှင့် လူထွားကြီးနှစ်ယောက်က ရှေ့တက်လာပြီး ပြင်းထန်သောအရှိန်အဝါများကို ထုတ်လွှတ်ကာလက်သီးဖြင့် ထိုးကြသည်။

ထိုအချိန်တွင် လုယွီကလည်း ဖိအားကို ခံစားလိုက်ရသည်။ လုယွီက သူ၏စိတ်ဝိဉာဉ်ကို အပြင်သို့ထုတ်လွှတ်ပြီး ဧကရာဇ်ထိုက်ချန်၏သိုင်းကို လေ့ကျင့်နေခြင်းဖြစ်သည်။ ထို့ကြောင့် အပြင်ဘက်မှ လူများကို ဂရုစိုက်ချိန်မရှိပေ။ သို့သော် သူက အပြင်ဘက်မှစကားပြောသံတွေကိုမူ ကြားနေရသေးသည်။ ထို့ကြောင့် လူထွားကြီးများ၏ တိုက်ကွက်များကျရောက်လာချိန်တွင် လုယွီ၏မျက်ဝန်းအတွင်း အလင်းရောင်က လင်းလက်လာသည်။ ထိုအလင်းရောင်က လုယွီနှင့် စိတ်ဝိဉာဉ်ကို ဆက်သွယ်ထားသည်။

“ဖူး”

လုယွီက ရုတ်တရက် သွေးအပြည့်အန်ထုတ်လိုက်ရသည်။ ကောင်းကင်မှ ကျဆင်းနေသော ပြင်းထန်သည့်ဖိအားကလည်း ပျောက်ကွယ်သွားလေသည်။

အပိုင်း ၁၂၀၂

‘ အရှင်’ ခန်းမမှ ခေါင်းလောင်းသံများက တိတ်သွားသည်။ လူတိုင်း၏နှလုံးသားထဲသို့ ပျံ့လာသော ဖိနှိပ်အားက လျော့ပါးသွားသည်။ တောင်ထိပ်များမှလည်း သက်ပြင်းချသံများ ထွက်လာသည်။

“ ဖန်းယွန်ကတော့ ကံဆိုးတာပဲ၊ အရှင်ငယ်တစ်ယောက်က ကောင်းကင်ကို ထိုးတက်တော့မယ့် အနေအထားမှာ ကျရှုံးသွားရပြီ”

“ လီကျယ်က မအောင်မြင်ရင်တော့ ဘာမှမဖြစ်ဘူး။ အခု သူက အောင်မြင်သွားတော့ အနာဂတ်က ကြိုသိနိုင်နေပြီ”

တပည့်ဂိုဏ်းသားတိုင်း၏ အတွေးက တူညီနေသည်။ ဖန်းယွန်က အဆင့်တက်ရာတွင် နှောင့်ယှက်ခံလိုက်ရသည်။ သူ၏ အဆင့်က ထိုးကျသွားတော့မည့်အပြင် အနာဂတ်အတွက် လုပ်နိုင်စွမ်းအားများအပေါ် သက်ရောက်မှု ရှိသွားပေလိမ့်မည်။

ထိုကြောင့် လီကျယ်ကလည်း ဖန်းယွန်ကို တစ်ခါတည်း သတ်လောက်သည်။

တောင်ဂိတ်ရှေ့မှ အဆင့်လွန်အဆင့်များက ရယ်ကြသည်။

“ လုထျန်းကန်း မင်းက ငါတို့ကို အသည်းအသန် တားနေပြီး မင်းရဲ့လူက အခု အဆင့်မတက်နိုင်တော့ဘူး”

တော်ဝင်သံတမန်ကလည်း ရယ်သည်။

“ တော်ဝင်ဖခင်ရဲ့ အမိန့်တော်မရှိဘဲ အဆင့်တက်ဖို့ ကြိုးစားရဲတယ်။ လုထျန်းကန်း မင်းက တော်ဝင်ဖခင်ရဲ့ အကူအညီမရှိဘဲ ကောင်းကင်ကို တက်နိုင်မယ် ထင်နေတာလား”

“ အပြစ်ဒဏ်အနေနဲ့ လက်ဆောင်တော် ဆက်သရင် သုံးဆ ပိုပေးရမယ်။ “

ထို့နောက် သူက ဝတ်ရုံကို ခါကာ ထွက်သွားသည်။ ရေခဲနယ်မြေရှိ အဖွဲ့အစည်းတိုင်းက ဘိုးဘေးခန်းမသို့ လက်ဆောင်တော်များ ဆက်သရသည်။ ထိုသို့မဆက်သနိုင်လျင် ရေခဲနယ်မြေမှ ဖယ်ရှားခံရမည်ဖြစ်သည်။

….

ထျန်းချန်းတောင်ထိပ်….

လုယွီ၏ကိုယ်ရှေ့တွင် ရှိသောဝင်္ကပါက ပျောက်ကွယ်သွားသည်။ လီကျယ်က ပြောသည်။

“ အရှင်ငယ်က ကျင့်ကြံနေရင်း ဒုက္ခတွေ့နေပြီ၊ မင်းတို့က ဘာလို့ သွားမကူကြတာလဲ”

သူက လူထွားကြီးနှစ်ယောက်ကို ပြောခြင်းဖြစ်သည်။ထိုနှစ်ယောက်လုံး၏ မျက်ဝန်းအတွင်း သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာသည်။

လုယွီကို ဦးစွာသတ်သောသူက အရှင်၏ အပြစ်ပေးခြင်း ခံရလိမ့်မည်။ သို့သော် အနာဂတ်အရှင်၏ မြောက်စားခြင်းကို ခံရနိုင်လေသည်။ထိုကြောင့် ဒါက အခွင့်အရေးကြီးဖြစ်သည်။

ထိုသို့ဖြင့် လေထဲတွင် လွှမ်းမိုးနိုင်စွမ်းပြင်းထန်သော အရှိန်အဝါများနှင့် ဂါထာရွတ်ဆိုသံများက ထွက်ပေါ်လာသည်။ထိုဂါထာမှ စွမ်းအားတိုင်းက လုယွီထံသို့ တိုးဝင်သွားသည်။

ထိုအချိန်တွင် လုယွီက မျက်လုံးကို ရုတ်တရက်ဖွင့်လာသည်။သူ၏ မျက်ဝန်းအတွင်း အေးစက်သော အလင်းရောင်များ လက်နေသည်။

လုယွီ၏မျက်ဝန်းအတွင်း သတ်လိုခြင်းစိတ်ဆန္ဒကို မြင်နိုင်သည်။ သူက ကောင်းကင်မိုးကြိုးပစ်ဒဏ် ခံယူရင်း အဆင့်မြင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း သိုင်းတစ်မျိုးကို ရှာတွေ့ခဲ့သည်။ သူကသာ ထိုသိုင်းကို ကျင့်လိုက်လျင် သူ၏လက်ရှိခန္ဓာကိုယ်က ပို၍သန်မာကာ အင်အားကြီးသွားလိမ့်မည်။

သို့သော်သူက နှောက်ယှက်ခံခဲ့ရသည်။ ထိုကြောင့် ထိုအခြေအနေသို့ပြန်ဝင်ရောက်၍ မရတော့ချေ။

လုယွီက သူ၏ရှေ့မှ လူများကို ကြည့်သည်။သူ့အတွက် ထိုလူများက ကိုယ်ပေါ်ရှိ ဖျော့တော့သော မှဲ့များထက်ပင် နိမ့်ကျသေးသည်။ထို့ကြောင့် သူက ဂရုမစိုက်ခဲ့ချေ။ ထိုသို့ဂရုမစိုက်ခြင်းက ထိုမှဲ့များကို ဘဝင်မြင့်သွားစေခဲ့ဟန်ရသည်။

“ မြို့”

လုယွီက ထိုစကားလုံးကို လေထဲတွင် ထွက်ပေါ်လာစေလိုက်သည်။ မြို့တစ်လုံးကို လွင့်ထွက်သွားနိုင်လောက်အောင် ပြင်းထန်သော အရှိန်အဝါများက လုယွီကို ဗဟိုပြု၍ ထွက်ပေါ်လာသည်။သူ၏ ဝန်းကျင်ရှိ အာကာသပြင်က ရှုံ့တွသွားပြီး ချက်ချင်းလိုလို ပျောက်ကွယ်သွားသည်။

လီကျယ်၏နောက်မှ ပါလာသော တပည့်ဂိုဏ်းသား တစ်ရာကျော်က တုန်ယင်နေသည်။ လုယွီက ကြည့်ပြီး ပြောသည်။

“ ဒူးထောက်ပြီး သေဖို့ ညီညီညာညာ စောင့်”

သူ၏ အမိန့်လိုမျိုး စကားနှင့်အတူ ထိုတပည့်ဂိုဏ်းသားများ၏ ကိုယ်ပေါ် တောင်တန်းကြီးက ပိကျလာသလို ခံစားလိုက်ရကာ မနာခံ၍ မရတော့ဘဲ ဒူးထောာက်ကျသွားသည်။ လူထွားကြီးနှစ်ယောက်ကလည်း ဒူးထောက်လိုက်ရသည်။ သူတို့၏ ဒူးများက စုတ်ပြတ်သတ်နေသည်။

“ သေ”

ထိုအခါ အားလုံး၏ ခေါင်းများက အလိုလို ပေါက်ကွဲသွားကာ အသွေး၊အသားနှင့် အရိုး အပိုင်းအစများက လေထဲ လွင့်ထွက်လာသည်။

အပိုင်း ၁၂၀၃

ခေါင်းများကသာ ပေါက်ကွဲသွားသဖြင့် ဒူးထောက်နေကြသော ကိုယ်ထည်များက နဂိုအတိုင်း ကျန်ခဲ့သည်။ ထိုလူတစ်အုပ်က မျက်တောင်တခတ်အချိန်အတွင်း သေသွားသော်လည်း ကိုယ်များက မယိုင်လဲကြချေ။

လီကျယ်က လုယွီ၏ အဆင့်တက်ခြင်းကို နှောက်ယှက်လိုက်ခြင်းဟာ အိပ်မက်ဆိုးထဲသို့ ခုန်ဝင်လိုက်ခြင်းဟု ခံစားလိုက်ရသည်။ သူက သွေးပျက်ခြောက်ခြားလာသည်။

လုယွီ၏ မိစ္ဆာစွမ်းအားက ပြင်းထန်လွန်းသဖြင့် သည်အတိုင်း ကြည့်ရုံနှင့်တင် သူက အအေးဂူထဲ ရောက်သွားသလို ခံစားနေရသည်။

“ မင်း… မင်း လူဘယ်နှယောက်တောင် သတ်ခဲ့ပြီးပြီလဲ”

လီကျယ်က တုန်လှုပ်နေသည်။

ရုတ်တရက် သူက သည်နေရာသို့ လာကိုမလာသင့်ကြောင်း တွေးမိသည်။

လုယွီက သူ့ကို အေးစက်စွာ စိုက်ကြည့်သည်။

“ နောက်ဆုံးစကားချန်ခဲ့ နိုင်တယ်”

လီကျယ်က အလွန်တုန်လှုပ်သွားပြီး နောက်လှည့်ကာ ပြေးတော့သည်။သူသာ သည်နေရာတွင် ဆက်နေလျင် ခေါင်းမပါသော ကျောက်ရုပ်အလောင်းများ ဖြစ်သွားမည်ဟု ခံစားနေရသည်။

သူကငယ်သေးသည်။ သူက ပါရမီကြီးပြီး အလားအလာကောင်းသည်။ သူ မသေသင့်သေးချေ။

လီကျယ်က ထွက်ပြေးချိန်တွင် ထျန်းချန်းတောင်ထိပ်ဝန်းကျင်တွင် လာရောက်ကြည့်ရှုသည့် တပည့်ဂိုဏ်းသားများ ပြည့်လာပြီဖြစ်သည်။ သို့သော်အားလုံးက မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

“ဖန်းယွန်က အဆင့်တက်တာ ကျရှုံးသွားတာတောင် ဒီလောက်အထိ စွမ်းအားကြီးနေဦးမယ်လို့ မထင်ထားဘူး”

လျန်ချင်းယွီလည်း စောင့်ကြည့်နေသော လူအုပ်ထဲတွင်ပါသည်။ သူမက တွေဝေတုန့်ဆိုင်းနေသည်။

‘ ငါက ကူညီသင့်လား’

လီကျယ်က ထောင်ကျစ်တစ်ယောက်ဖြစ်ပြီး သူ၏ ဆရာက နှင်းဓားအကြီးအကဲ ဖြစ်သည်။ တဖက်က ဖန်းယွန်ကမူ မည်သည့်နောက်ခံမျှ မရှိချေ။ထိုကြောင့် လျန်ချင်းယွီက မကူညီတော့ရန် ဆုံးဖြတ်လိုက်သည်။

ထျန်းချန်းတောင်ထိပ်၏ အပြင်ဘက်သို့ လီကျယ်က ထွက်ပြေးသည်။ သူက အသည်းအသန် ပြေးလွှားနေပြီး တဖြေးဖြေးနှင့် ထျန်းချန်းတောင်ထိပ်မှ ကျော်လွန်လာသည်။

ရုတ်တရက် ထျန်းချန်းယွမ်ထဲမှ လုယွီက ခေါင်းကို မော့ကာ ခပ်တိုးတိုး ပြောသည်။

“နဂါးနက် လက်သည်း”

ထိုအခါ လီကျယ်က ပြေးလွှားနေသောအထက်ကောင်းကင်မှ ကြီးမားသော အနက်ရောင် နဂါးကြီး၏ လက်တဖက်က ကျဆင်းလာသည်။ထိုလက်သည်းကြီးက လီကျယ်ကို မြေကြီးထဲသို့ ပြားကပ်သွားအောင် ရိုက်ချသည်။

လက်က ပြန်ဖယ်သွားချိန်တွင် လူတစ်ယောက်၏ ပုံပန်းသွင်ပြင်ပင် သေချာမရှိတော့ဘဲ အရိုးတိုင်းကျိုးကြေနေသော လီကျယ်ကို မြင်လိုက်ကြရသည်။

“ လီကျယ်က ပြန်တောင် မတိုက်ခိုက်နိုင်ဘူးပဲ”

“အရှင်က အရှင်ငယ်ဘွဲ့တောင်ပေးပြီး ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်လာခဲ့တာ မအံ့သြတော့ပါဘူး။ ငါတို့ရဲ့ အရှင်ငယ်က ဘယ်လောက်တောင် စွမ်းအားကြီးလိုက်သလဲ”

“ ဒါပေမဲ့ အရှင်ငယ်က လီကျယ်ကိုတော့ မသတ်လောက်ဘူး။ ဘာပဲဖြစ်ဖြစ် နှင်းဓားအကြီးအကဲ ရှိသေးတယ်လေ”

ထိုအချိန်တွင် လီကျယ်ရှိနေသော တောင်ထိပ် အနားတွင် လူအိုကြီးတစ်ယောက်က ပေါ်လာသည်။သူ၏ အနောက်တွင် ကြီးမားသော ဓားကြီးကို လွယ်ထားသည်။ သူ့ကိုမြင်ရုံနှင့်တင် စောင့်ကြည့်နေကြသော တပည့်ဂိုဏ်းသားများက မျက်ခုံးလှုပ်သွားကြသည်။

“ သေစမ်း နှင်းဓားအကြီးအကဲ ရောက်လာပြီ”

“ နှင်းဓားအကြီးအကဲက နှင်းနဂါးဓားကိုပါ သယ်လာတယ်။ ကောလဟာလအရဆိုရင် ဒီဓားက နှင်းဓားအကြီးအကဲကို အဖော်ပြုနေကြတာ ကြာလှပြီတဲ့။ ဒီဓားမှာ သွေးဘယ်လောက် စီးခဲ့သလဲဆိုတာ မသိနိုင်ဘူး”

နှင်းဓားအကြီးအကဲ၏ ကျောနောက်ဘက်မှ ဓားကြီးက မြေသို့ ဝုန်းခနဲ ပြုတ်ကျလျက် ထိုးစိုက်သွားသည်။

“ အရှင်ငယ်တော့ ငါ့ကို ရှင်းပြချက် ပေးသင့်တယ်”

သူ၏ လေသံထဲမှ အေးစိမ့်မှုကို လူတိုင်းက ခံစားမိကြသည်။လုယွီက ပြုံးသည်။

“ ရှင်းပြချက် ပေးရမယ်လား”

သူက လက်ညိုးလေးကို မြောက်ပြီး တချက် လှုပ်လိုက်သည်။ထိုအခါ မြေထဲ မြုပ်နေသော လီကျယ်၏ ခေါင်းက ချက်ချင်းလိုလို ပေါက်ကွဲသွားလေသည်။

လုယွီက ပြောသည်။

“ ဒီလိုပဲ ရှင်းပြလိုက်မယ်”

အပိုင်း ၁၂၀၄

လီကျယ်၏ခေါင်းက ပေါက်ကွဲသွားချိန်တွင်ကိုယ်က တဆတ်ဆတ်တုန်နေပြီးမှ ငြိမ်သက်သွားသည်။

နှင်းဓားအကြီးအကဲက အလွန် ဒေါသထွက်သွားသည်။ လုယွီက သူရှေ့မှာတင် သူ၏ တပည့်ကို သတ်ရဲမည်ဟု မထင်ထားချေ။

“ မင်းက သေချင်နေတာပဲ”

နှင်းဓားအကြီးအကဲ၏ကိုယ်မှ အတွင်းအားများ ပေါက်ထွက်ကာ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားသည်။ သူက ဓားကို ပြန်ယူလျက် ပြင်းထန်သော အရှိန်အဝါများကို ထုတ်ဖော်ကာ လုယွီထံ ရောက်လာပြီး ခုတ်ပိုင်းသည်။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးမှ အရှိန်အဝါများကပင် ဖိနှိပ်ခံရသည်။ နှင်းဓားအကြီးအကဲ၏ နှလုံးသားထဲတွင် လုယွီကို သတ်ချင်စိတ်သာ ရှိတော့သည်။ သူ၏ ဓားက လုယွီ၏ လွတ်လမ်းတိုင်းကို ပိတ်ထားသည်။

“ နှင်းဓားအကြီးအကဲရဲ့ လက်မှာ ငါတိုရဲ့ အရှင်ငယ် သေတော့မယ် ထင်တယ်”

“ ဘာပဲဖြစ်ဖြစ် သူက အဆင့်လွန်အဆင့်လေ”

“ ဖန်းယွန်သေသွားရင် နှင်းဓားအကြီးအကဲနဲ့ အရှင်တို့ရဲ့ တိုက်ပွဲက စလိမ့်မယ်။ နှင်းပျံဂိုဏ်းကတော့ မုန်တိုင်းထန်တော့မယ်”

အားလုံးက လုယွီကို သေလူဟု သတ်မှတ်လိုက်သည်။ လုယွီက မည်မျှတော်လွန်နေစေကာမူ သူက ထောင်ကျစ်ကို နိုင်ထားလျင်ပင် တဖက်က ရှေ့မျိုးဆက်မှ အဆင့်လွန်အဆင့်ဖြစ်နေသည်။

လူတိုင်းက နောက်ဆုတ်ကာ မသက်မသာဖြစ်စေမည့် မြင်ကွင်းကို ကြည့်နေလိုက်သည်။

ကြီးမားသော ဓားအရိပ်ကြီးက လုယွီကို အုပ်မိုးသွားသည်။ဓားသွားကြီးက တဖြေးဖြေး နီးကပ်လာပြီး လုယွီ၏ ခေါင်းကို ထိတော့မည့်အချိန်တွင် လုယွီက ပြောသည်။

“ မင်းကတော့ နောက်ဆုံးစကားတောင် ချန်ဖို့ မလိုဘူး”

ထို့နောက် သူက လက်တဖက်ကို ခပ်အေးအေး မြောက်လိုက်ခြင်းကို မြင်လိုက်ကြရသည်။

သို့သော် လူတိုင်းက ပါးစပ်အဟောင်းသားဖြစ်စေမည့် မြင်ကွင်းကို မြင်လိုက်ကြရသည်။ လုယွီက နှင်းနဂါးဓားသွားကို လက်ဖြင့် အသာကိုင်လိုက်ခြင်းဖြစ်သည်။ထိုအခါ ဓားကြီးက ဆက်လက် မရွေ့နိုင်တော့ချေ။

လုယွီက မျက်လုံးလှန်ကာ တချက်ကြည့်သည်။

“ ဒါက မင်းရဲ့ စွမ်းအားအကုန်လား”

နှင်းဓားအကြီးအကဲသည် သူ၏လက်က ထုံထိုင်း နာကျင် ကိုက်ခဲလာသည်ဟု ခံစားလိုက်ရပြီး အာရုံက ထိုအသိထံ ရောက်သွားချိန်တွင် သူ၏ ဓားက လက်ထဲမှ လွင့်ထွက်သွားပြီး နှင်းပြင်ထဲ ထိုးစိုက်သွားလေသည်။

သူက အံ့သြသွားသော်လည်း လုယွီကို ပို၍သာ သတ်ချင်လာခဲ့သည်။

“ ငါ မင်းကို မသတ်နိုင်ဘူးလို့ မယုံဘူး”

ထို့နောက် သူက တံဆိပ်ပြားတစ်ခုကို ထုတ်ကာ ချိုးလိုက်သည်။ ထိုသို့ချိုးလိုက်သည်နှင့် အလွန်အမင်း အေးစက်သော ယင်ချီများထွက်လာကာ ပတ်ဝန်းကျင်က အလွန် အေးစိမ့်လာသည်။

နှင်းဓားအကြီးအကဲက ရယ်သည်။

“ ဒါက တော်ဝင်ဘိုးဘေးကိုယ်တိုင် ချီးမြင့်ဖူးတဲ့ပစ္စည်းပဲ ၊ ကောင်လေး မင်းတော့ သေပြီ”

ယင်ချီများက လုယွီကို တဖြေးဖြေး ဖုံးလွှမ်းလာသည်။ထိုအချိန်တွင် ခေါင်းဆောင်နှင့် အကြီးအကဲများလည်း ရောက်လာကြသည်။

“ နှင်းဓားအကြီးအကဲ ဒါက ဘယ်လိုဖြစ်တာလဲ၊ ရပ်စမ်း”

“ မင်း ဘာလုပ်တာလဲ၊ သေချင်နေပြီလား”

အရှင်ငယ်က သူတို့၏ဂိုဏ်း၏ မျော်လင့်ချက်ဖြစ်သည်။သို့သော် နှင်းဓားအကြီးအကဲက စိတ်ရူးပေါက်ပြီး သတ်ချင်နေသည်။

“ ဟားဟား မင်းတို့ရဲ့ အရှင်ငယ်လေးကတော့ သေပြီ”

ထိုအချိန်တွင် လုယွီကို ရှင်းလင်းစွာ မမြင်ရလောက်အောင် ယင်ချီများက အပြည့်အ၀ ဖုံးလွှမ်းသွားပြီဖြစ်သည်။ ထိုအခိုက် ယင်ချီများထဲမှ အသံတစ်သံ ထွက်လာသည်။

“ ဒါက မင်းရဲ့ စွမ်းအားအကုန်လား”

အပိုင်း ၁၂၀၅

ထိုအသံကို ကြားသောအခါ နှင်းဓားအကြီးအကဲ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက ခေါင်းကို လှည့်ပြီး ကြည့်လိုက်မှသာ လုယွီက တည်ငြိမ်သော မျက်နှာထားဖြင့် ခပ်အေးအေး လျှောက်လာနေကြောင်း မြင်လိုက်ရသည်။

“ မင်းရဲ့ စွမ်းအားက ငါ့ကို စိတ်ပျက်စေတယ်”

နှင်းဓားအကြီးအကဲက ထိတ်လန့်လာသည်။လုယွီ၏ကိုယ်တွင် ဖောက်ဝင်ခံထားရသော ယင်ချီများကို မမြင်ရချေ။ ဖုန်တစ်စပင် မရှိဘဲ သန့်စင်နေသည်။

လုယွီက ပြောသည်။

“ အခုက ငါ့အလှည့်မဟုတ်လား”

ထိုသို့ပြောပြီးနောက် လုယွီက လက်ကို တဖြေးဖြေး မြောက်လိုက်ခြင်းကို အနှေးပြကွက်နှင့်ကြည့်နေရသလို မြင်လိုက်ရသည်။ လုယွီ၏ လက်ညိုးထိပ်တွင် စွမ်းအားများစတင် စုစည်းလာပြီး တဖြေးဖြေးချင်း တစ်မီတာခန့် ရှည်သည့် ဓားတစ်လက်၏ ပုံပေါ်လာသည်။

ထိုဓားချီက မည်သည့်အရှိန်အဝါမျှ မထွက်နေသော်လည်း နှင်းဓားအကြီးအကဲက နောက်သို့ ဆက်တိုက် ဆုတ်နေလေသည်။ သူ၏ မသိစိတ်အရ ထိုဓားကသာ သူ့ကို ထိသွားလျင် ချက်ချင်း သေသွားနိုင်သည်ဟု ပြောနေသည်။

သူက ပထမဦးဆုံးအကြိမ် ကြောက်လန့်မှုကို ခံစားရသည်။ထိုသို့သော ခံစားချက်မျိုးကို တစ်ခါက တော်ဝင်ဖခင်(တော်ဝင်ဘိုးဘေး)နှင့် ဆုံချိန်ကသာ ခံစားခဲ့ဖူးသည်။ ယခု ထိုခံစားချက်ကို လုယွီထံမှ ရနေသည်။

နှင်းဓားအကြီးအကဲက လျင်မြန်စွာ ပြေးလွှားသည်။ သူက ချက်ချင်းလိုလို ထျန်းကျန်းတောင်ထိပ်(ဓားတောင်ထိပ်)သို့ ပြန်ရောက်သွားသည်။

လုယွီက ပြုံးသည်။သူက လက်ညိုးကို မြောက်လိုက်ပြန်သည်။

“ မင်းက လွတ်မယ် ထင်တာလား”

သူ၏လက်ညိုးမှ ဓားချီက ထျန်းကျန်းတောင်ထိပ်ထံ တိုးဝင်သွားသည်။ လေထုကို ဖြတ်သန်းသွားရင်းနှင့်တင် တစ်ခုတည်းရှိနေသော ဓားချီက ခွဲထွက်ကာ ဓားချီပေါင်းများစွာ ဖြစ်လာသည်။ သို့သော် ပထမဦးဆုံးဓားပုံစံ ဓားချီကသာ အကြီးဆုံးဖြစ်သည်။

ဓားချီများက ထျန်းကျန်းတောင်ထိပ်ကို ဝန်းရံသွားသည်။ထို့နောက် ပေါက်ကွဲသံ ထွက်လာ၏။

နှင်းဓားအကြီးအကဲကလည်း အလွန်ထိတ်လန့်နေသည်။

“ အရှင် ငါ မှားပါတယ်၊ ကယ်ပါဦး”

သူက အဆင့်လွန်အဆင့်ဖြစ်သည်။သူက လုထျန်းကန်းကို မနိုင်လျင်ပင် မော်ကြွားစွာ နေနိုင်သေးသည်။သို့သော် ယခုအခါ သေရတော့မည်ဟု အလိုလို ခံစားနေရသည်။

ထိုအချိန်တွင် ကြီးမားသော ဓားချီ(ဓားကြီး)က ထျန်းကျန်းတောင်ထိပ်ထံ ရောက်ရှိသွားပြီဖြစ်သည်။ထိုဓားကြီးက ထျန်းကျန်းတောင်ထိပ်ကို အလယ်မှ တိတိပပ ပိုင်းလိုက်သည်။ တောင်ထိပ်က နှစ်ခြမ်းကွဲသွားပြီး ပြိုကျသွားသည်။

နှင်းပျံဂိုဏ်းတစ်ခုလုံး ခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ အားလုံးက မင်သက်စွာဖြင့်သာ ထိုမြင်ကွင်းကို ကြည့်နေကြလေသည်။

မည်သို့သောအတွေးမျှ မတွေးနိုင်သေးခင်မှာတင် လုယွီ၏အသံကို သူတို့အားလုံး ကြားလိုက်ရသည်။

“ ထျန်းကျန်းတောင်ထိပ်က အကြီးအကဲက အရှင်ငယ်ကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်။ ဒီနေ့ကစပြီး နှင်းဓားတောင်ထိပ်ဆိုတာ မရှိတော့ဘူး။ တပည့်ဂိုဏ်းသားတွေက အခြားတောင်ထိပ်တွေကို ဝင်ရောက်ပါ”

လုယွီက ဓားချီကို ပြန်သိမ်းသွားသည်။ နှင်းဓားအကြီးအကဲကလည်း ဓားချီများအတွင်း သေဆုံးသွားခဲ့ပြီဖြစ်သည်။

ထိုအခါမှသာ လူတိုင်းက အသိပြန်ဝင်လာကြသည်။ ထိုနေ့မှစပြီး နှင်းဓားတောင်ထိပ်က ရှိတော့မည် မဟုတ်ချေ။ လုယွီက ထျန်းချန်းယွမ်သို့ ပြန်လာသည်။

သူ၏ ခြံဝန်းထဲတွင် လင်းကျန်းဖုန်းက မေ့မြောသည်အထိ ရိုက်နှက်ခံထားရသည်။ထိုအချိန်တွင် အခြားတပည့်ဂိုဏ်းသားများက သူ့ကို တွဲထူပေးထားကြသည်။

Thank For Reading.

All Chapters