← Chapters

ရတနာ မွေးဖွားခြင်း

Vol. 27 Ch. 332

ရတနာ မွေးဖွားခြင်း

Vol. 27 Ch. 332

"ငါ မင်းတို့ကို အမှန်တိုင်း ပြောခဲ့တယ်လေ"

သူ မည်သူမည်ဝါဖြစ်ကြောင်း သိသာရှင်းလင်းသွားပြီကို မြင်တွေ့ချိန်၌ မိုပိုင်ယဲ့ ငိုချင်စိတ်ပေါက်သွားသည်။

'ဒါက ငါ့အတွက် လွယ်တယ်လို့ မင်းတို့ ထင်နေကြတာလား'

'ကျန်းရွှမ်ကို ကိုင်တွယ်ဖို့ ငါက မင်းတို့ကို ခေါ်လာတာ..အခုတော့ "အစ်ကိုတွေက ငါ့ကို ပြန်သတ်မယ့်" အခြေအနေမျိုး ဖြစ်သွားပြီ'

'ငါ ဘယ်လောက်တောင် ကံဆိုးလိုက်လဲ'

"တောင်းပန်ပါတယ် အစ်ကိုမို...ဒါက ပြန်ဆက်လို့ မရတော့ဘူးလား"

မိုပိုင်ယွဲ့၏ရှုံ့တွနေသော မျက်နှာအမူအယာကို မြင်တွေ့ချိန်၌ လင်းယုရှန်သည် ရှက်ရွံ့သွားပြီး ပြတ်တောက်သွားသောလက်ကို အလျင်အမြန် ကောက်ယူလိုက်၏။

"မရတော့ဘူး..."

မိုပိုင်ယဲ့က ခေါင်းခါယမ်းလိုက်ပြီး ယခင်က တိမ်တိုက်သစ်ရွက်ပင်ဆီသို့ ပြန်သွားလိုက်သည်။

ထိုသစ်ပင်အပေါ်မှ အကိုင်းအခက်များနှင့် အရွက်များသည် စိမ်းလန်းစိုပြေပြီး သိပ်သည်းကြွယ်ဝသော အသက်စွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်နေသော်လည်း အသီးမရှိတော့ချေ။ ယခင်က အသီးတစ်လုံးတည်းသာ ဤအပင်၌ ရှိခဲ့ပုံရသည်။

မိုပိုင်ယဲ့ စိတ်ဓာတ်ကျသွားသည်။

'ငါ နောက်ဆုံးတော့ ပြန်ကောင်းလာပြီဆိုကာမှ ဒီငတုံးနှစ်ကောင်က ငါ့ကို နောက်ကျောကနေ ဓားနဲ့ ထိုးလိုက်တာပဲ...ဒါကို တွေးမိရင် ဒေါသထွက်စရာ ကောင်းလိုက်တာ'

"တိမ်တိုက်သစ်ရွက်အသီးမှာ အသက်စွမ်းအား တွေ အများကြီးပါဝင်တယ်....သစ်ပင်တစ်ပင်မှာ အသီးတစ်လုံးသီးတာတောင် တော်တော် ကောင်းနေပြီ....ဒီသစ်ပင်မှာ ခုနစ်လုံးတော့ မရှိလောက်ဘူး..."

သူ၏ရည်ရွယ်ချက်ကို သိရှိသွားချိန်၌ မုဟုန်တောက်က ပြောဆိုသည်။

"ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ"

မိုပိုင်ယဲ့က လှမ်းကြည့်လိုက်သည်။

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် မုဟုန်တောက်က ပြောဆိုသည်။

"အသီးနောက်တစ်လုံး မရှိပေမယ့် အဲ့ဒီအသီးရဲ့ အသက်စွမ်းအားက သစ်ပင်ကနေ လာတာ... အရွက်နဲ့အကိုင်းအခက်တွေမှာ အသက်စွမ်းအားပမာဏ နည်းနည်းပဲပါဝင်ပေမယ့် ဒါတွေကို စုစည်းလိုက်ရင် ကြောက်စရာကောင်းလောက်အောင် များပြားတယ်...တကယ်လို့ အသီးကို ရှာမတွေ့ရင် ဒီသစ်ပင်ကို ခုတ်ပြီး တစ်ပင်လုံးကို အကုန်စားလိုက်မယ်ဆိုရင် ပြတ်သွားတဲ့လက် ပြန်ပေါက်လာဖို့ လုံလောက်မှာပါ"

'......'

သူ၏ရှေ့မှ ကြီးမားသော သစ်ပင်ကြီးကို ကြည့်ရင်း မိုပိုင်ယဲ့က သူ၏နားထင်ကို ဖိနှိပ်လိုက်၏။

'ဒါက လူစကား ပြောနေတာ ဟုတ်ရဲ့လား'

'ဒီသစ်ပင်က အမြင့်ငါးမီတာကျော် ရှိတယ်... ထင်းလုပ်လိုက်ရင် အနည်းဆုံး ကီလိုဂရမ် သောင်းနဲ့ချီပြီး ထွက်လာလိမ့်မယ်...မင်းက ငါ့ရဲ့လက်ကို ပြန်ပေါက်လာအောင် မဟုတ်ဘဲနဲ့ ငါ့ကို ဝန်တင်သားရဲ လုပ်ခိုင်းနေတာလား...အစိမ်းလိုက် ဝါးစားရင်း သေသွားအောင် လုပ်နေတာလား'

"ဒီသစ်ပင်တစ်ပင်လုံးကို စားဖို့ဆိုတာက လက်တွေ့မကျဘူး...ငါတို့ ဆက်ရှာကြည့်တာ ပိုကောင်းလိမ့်မယ်....သုံးရောင်ခြယ်ကုန်းမြေက ရတနာတွေနဲ့ ပြည့်နှက်နေတာပါ.. တိမ်တိုက်သစ်ရွက်အသီးကို ရှာမတွေ့ရင်တောင်...အာနိသင်တူညီတဲ့ တခြားဆေးပင်တွေ ရှိမှာပါပဲ"

မိုပိုင်ယဲ့၏အကျပ်အတည်းကို မြင်တွေ့ချိန်၌ လင်းယုရှန်က ပြောဆိုသည်။

"ဒါလိုပဲ လုပ်ရတော့မှာပေါ့"

မိုပိုင်ယဲ့က ခေါင်းညိတ်လိုက်သည်။ သူသည် ကုသဆေးလုံးတစ်လုံးကို သောက်ပြီး သူ၏ ကမောက်ကမဖြစ်နေသော အသက်ရှူနှုန်းကို အချိန်တခဏကြာယူ၍ ထိန်းညှိလိုက်သည်။ ထို့နောက် သူ၏ဒဏ်ရာများ သက်သာလာကာ ခေါင်းညိတ်လိုက်၏။

"ရတနာတွေကို ဆက်ရှာကြစို့..."

သူ၏စကားမဆုံးမီမှာပင် သူတို့၏ရှေ့ရှိ သစ်တောထဲမှ တောက်ပသော အလင်းရောင်များ ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ မိုးကောင်းကင်မှ သုံးရောင်ခြယ်အလင်းတန်းများသည် ထိုနေရာမှ မြစ်ဖျားခံလာပုံရသည်။

"အမှန်ပဲ.... ဒီသုံးရောင်ခြယ်ကုန်းမြေရဲ့ ဗဟိုချက်..ဒီနယ်မြေထဲက ရတနာတွေက အဲ့ဒီနေရာကနေ မြစ်ဖျားခံလာတာပဲ...ငါတို့ သွားကြည့်ကြရအောင်"

မျှော်လင့်ချက်ရောင်ခြည် သန်းလာသဖြင့် မိုပိုင်ယဲ့သည် တခြားအရာများကို လျစ်လျူရှုကာ ရှေ့သို့ပြေးထွက်သွားပြီး ကျန်လူများက နောက်မှထပ်ချပ်မကွာ လိုက်ပါသွားကြသည်။

မကြာမီမှာပင် သူတို့သည် ထိုနေရာသို့ ရောက်ရှိသွားပေ၏။

ဤအလင်းရောင်များသည် သူတို့ကို ဆွဲဆောင်ခဲ့ရုံသာမက သုံးရောင်ခြယ်ကုန်းမြေထဲသို့ ဝင်ရောက်လာသူများကိုလည်း ဆွဲဆောင်ခဲ့သည်။ မိုပိုင်ယဲ့ ရှာဖွေခဲ့သော အကူအညီများသာမက နောက်မှဝင်ရောက်လာသော စုချန်နှင့်ဝမ်လင်းရွှန်တို့သည်လည်း မလှမ်းမကမ်းတွင် မတ်တတ်ရပ်နေကြပြီး သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။

"ဂိုဏ်းချုပ်မို... ရတနာက ထွက်ပေါ်လာတော့မယ်...ငါတို့ တိုက်ခိုက်တာကို ခဏလောက် ရပ်ထားရင် မကောင်းဘူးလား...ရတနာ မွေးဖွားလာတာနဲ့ ဘယ်သူက သန့်စင်နိုင်မလဲဆိုတာကို ကြည့်ပြီး ပိုင်ဆိုင်ခွင့်ကို ဆုံးဖြတ်ကြတာပေါ့"

သူတို့ ရောက်လာသည်ကို မြင်တွေ့ချိန်၌ စုချန်က မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်၏။

"ကောင်းပြီလေ"

တစ်ဖက်လူကို ကြည့်ပြီးနောက် မိုပိုင်ယဲ့က ခေါင်းညိတ်လိုက်သည်။

တစ်ဖက်လူများသည် သူတို့လောက် အင်အားကြီးမားခြင်းမရှိသော်လည်း အမှန်တကယ် တိုက်ခိုက်ပါက နှစ်ဖက်လုံး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ပြီး လူအနည်းငယ်ပင် သေဆုံးသွားနိုင်ခြေရှိသည်။

ဤကဲ့သို့ကိစ္စမျိုး ရှိနေသောကြောင့် သူတို့သည် ငြိမ်းချမ်းရေးယူပြီး ရတနာသည် မည်သည့်အရာဖြစ်သည်ကို အရင်ကြည့်သည်က ပိုကောင်းပေမည်။

"ဟူး...."

သူ သဘောတူသည်ကို မြင်ချိန်၌ စုချန်သည် သက်ပြင်းချလိုက်ပြီး စကားဆက်မပြောတော့ပေ။ ထိုအစား သူသည် အထက်သို့မော့ကြည့်ကာ အာရုံစိုက်လိုက်သည်။

မိုပိုင်ယဲ့သည်လည်း စကားဆက်မပြောတော့ဘဲ ရှေ့သို့မော့ကြည့်လိုက်၏။

သူတို့၏ရှေ့တွင် ကြီးမားသော ကျောက်နံရံကြီး တစ်ခု ရှိပြီး မျက်နှာပြင်တွင် အလင်းတန်းများ ရစ်သိုင်းလွှမ်းခြုံနေသည်။ ထိုနေရာမှနေ၍ ထူထပ်သိပ်သည်းပြီး သန့်စင်သော ကောင်းကင်ကံကြမ္မာစွမ်းအင်များ ဖြည်းညှင်းစွာ စီးဆင်းနေပြီး အေးစက်စက်အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်နေသည်။

"အရမ်းကိုသန်မာအားကောင်းတဲ့ ကောင်းကင်ကံကြမ္မာစွမ်းအင်ပဲ... ဒါ... ဒါက စတုတ္ထတန်းစား ကောင်းကင်ကံကြမ္မာရဲ့ စွမ်းအားပဲ"

မိုပိုင်ယဲ့၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

ရင်းမြစ်ကမ္ဘာတွင် ပထမတန်းစား ကံကြမ္မာရှစ်ခု ဒုတိယတန်းစားကံကြမ္မာ နှစ်ဆယ့်လေးခုနှင့် တတိယတန်းစားကံကြမ္မာ ကိုးဆယ့်ကိုးခုရှိသည်။ ပျောက်ဆုံးသွားသော သို့မဟုတ် အမွေဆက်ခံ၍ မရသော ကံကြမ္မာများကို ဖယ်ထုတ်လိုက်လျှင် တတိယတန်းစားနှင့်အထက် ကံကြမ္မာများကို အမှန်တကယ် ထိန်းချုပ်နိုင်သော ထိပ်သီးကျင့်ကြံသူ အရေအတွက်သည် တစ်ရာထက် မပိုချေ။

စတုတ္ထတန်းစား ကောင်းကင်ကံကြမ္မာသည် ထိုအရာများလောက် မကောင်းလျှင်ပင် လူတစ်ယောက်၏အောက် လူတစ်သောင်း၏အထက်တွင် ရှိနေမည်မှာ သေချာပေါက်ပင်။

တစ်စုံတစ်ယောက်သည် ဤကံကြမ္မာကို နားလည်သဘောပေါက်နိုင်လျှင် သူ၏စွမ်းအားများ အဆမတန် မြင့်တက်လာမည်မှာ သေချာပေ၏။ ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိရန်ကို မဆိုထားနှင့် ကြယ်စင်မြစ်နယ်ပယ်ကို ချိုးဖျက်ပြီး ပိုပြီးမြင့်မားသော နယ်ပယ်သို့ ရောက်နိုင်ရန်ပင် အလွန်ခက်ခဲတော့မည်မဟုတ်ချေ။

"ဘယ်ကံကြမ္မာလဲဆိုတာကို ငါ မသိဘူး.."

သူတို့၏ရှေ့မှ ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် သန့်စင်ထားပြီးဖြစ်ရာ မည်သည့် ကံကြမ္မာမှ ပိုင်ဆိုင်ကြောင်း ခွဲခြားရန် မဖြစ်နိုင်ပေ။ ဤအချက်ကြောင့်ပင် အမွေဆက်ခံရန် ခက်ခဲနေခြင်း ဖြစ်ပေ၏။

ဝုန်း...

သုံးရောင်ခြယ်အလင်းတန်းသည် လျှင်မြန်စွာ ရပ်တန့်သွားပြီး ကျောက်နံရံပေါ်တွင် ကြီးမားသော ကျောက်တံခါးတစ်ချပ် ထွက်ပေါ်လာသည်။ ထိုတံခါး၏နောက်ကွယ်တွင် အဆုံးမရှိရှည်လျားပြီး နက်ရှိုင်းသော လှိုဏ်ဂူတစ်ခု ရှိနေသည်။

ကျောက်တံခါး၏ရှေ့တွင် လူအရွယ်အစားရှိသော ရုပ်ထုနှစ်ခုသည် တံခါးစောင့်နတ်ဘုရားများအလား ဘေးတစ်ဖက်တစ်ချက်၌ မတ်တတ်ရပ်နေကြ၏။

မိုပိုင်ယဲ့က ထိုရုပ်ထုများကို ဂရုတစိုက် ကြည့်လိုက်သည်။

ရုပ်ထု၏မျက်နှာသည် ပြောင်ရှင်းပြီး မျက်နှာအင်္ဂါရပ်များ မပါရှိသော်လည်း ဝတ်ဆင်ထားသော အဝတ်အစားများသည် သက်ရှိတစ်ယောက်နှင့် တူညီနေသည်။ ထိုအရာများသည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဦးညွှတ်အရိုအသေပြုနေပုံရသည်။

ကျောက်တံခါးနှင့်ရုပ်ထုများအားလုံးသည် ကြောက်မက်ဖွယ် ကောင်းပေ၏။

"ရတနာက ကျောက်တံခါးထဲမှာ ရှိလောက်တယ်"

လင်းယုရှန်က တီးတိုးပြောဆိုသည်။

"အမှန်ပဲ"

မိုပိုင်ယဲ့က ခေါင်းညိတ်လိုက်သည်။

"ငါတို့ အရင် ပြေးဝင်ကြမလား"

လင်းယုရှန်သည် မလှမ်းမကမ်းရှိ ဖေးလင်နှင့်တခြားသူများကို သတိထား၍ကြည့်လိုက်ပြီး ခိုင်မာပြတ်သားသောအသံဖြင့် မိုပိုင်ယဲ့ကို ပြောဆိုလိုက်သည်။

"ခုဏကိစ္စက ငါ့တို့အမှားပါ....ဒီတစ်ခါ မင်း ဝင်သွားဖို့ ငါ ကာကွယ်ပေးမယ်...မင်း အရင်ဝင်သွားလိုက်...ရတနာတွေရလာရင် ငါ့ကို မမေ့နဲ့..."

မုဟုန်တောက်ကလည်း သဘောတူညီပြီး ခေါင်းညိတ်လိုက်သည်။

"ငါ မင်းနဲ့အတူ ကာကွယ်ပေးမယ်.. စုချန်နဲ့ ဝမ်လင်းရွှန်က ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်မှာရှိပေမယ့်.... ငါတို့ အစွမ်းကုန် ထုတ်သုံးရင် သူတို့ကို အချိန်နည်းနည်းကြာကြာ ထိန်းထားနိုင်မှာပါ"

"အရင်ဝင်သွားမယ် ဟုတ်လား...မင်းတို့ စိတ်မှန်ကြရဲ့လား"

သူတို့၏ ဆွေးနွေးမှုနှင့် ပြတ်သားသော ရပ်တည်ချက်ကို ကြားချိန်၌ အစ်ကိုတုသည် ဤလူနှစ်ယောက်က မိုပိုင်ယဲ့ကို မည်သည်ကြောင့် လူမှားပြီး တိုက်ခိုက်ခဲ့ကြသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။

"အစ်ကိုတု...မင်း ဘာကိုဆိုလိုတာလဲ"

သူ ထိုသို့ပြောဆိုသည်ကို ကြားချိန်၌ မုဟုန်တောက်က ဇဝေဇဝါဖြင့် ကြည့်လိုက်၏။

အစ်ကိုတု ဆွံ့အသွားသည်။

"မင်းရဲ့နာမည်က မု(သစ်သား) ဆိုပေမယ့် မင်းရဲ့ဦးနှောက်က သစ်သားနဲ့ လုပ်ထားတာတော့ မဟုတ်ဘူးမလား...အဲ့ဒီထဲကို အရင်ပြေးဝင်သင့်မဝင်သင့်ဆိုတာ ထားလိုက်အုံး....သူတို့က ငါတို့နဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာကို မင်း မြင်လို့လား"

မုဟုန်တောက် ကြက်သေသေသွားသည်။ သူနှင့်လင်းယုရှန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် မလှမ်းမကမ်းရှိ စုချန်တို့လူစုကို ကြည့်လိုက်၏။ သူတို့သည် ကျောက်တံခါး ထွက်ပေါ်လာသည်ကို မမြင်သည့်အလား နေရာတွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေကြပြီး သူတို့၏မျက်လုံးများထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

"ကြည့်ရတာတော့ သူတို့က တကယ်ကို လုဝင်မယ့်ပုံ မရဘူး...ဘာဖြစ်လို့လဲ"

မုဟုန်တောက်သည် နားမလည်နိုင် ဖြစ်နေဆဲပင်။

ပုံမှန်ဆိုလျှင် ရတနာများ ထွက်ပေါ်လာသည်ကို မြင်သည်နှင့် ထိုလူများသည် ချက်ချင်း ပြေးဝင်သွားသင့်သည် မဟုတ်လော။ သူတို့သည် မည်သည်ကြောင့် ငြိမ်သက်နေကြသနည်း။

"အကြောင်းအရင်းက..."

မုဟုန်တောက် အမှန်တကယ်ကို နားမလည်သည်အား မြင်တွေ့ချိန်၌ မိုပိုင်ယဲ့က သူ၏နားထင်ကို ဖိနှိပ်လိုက်ပြီး စကားပြောရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် တစ်ဖက်မှ စုချန်၏ရယ်သံကို ကြားလိုက်ရသည်။

"ဂိုဏ်းချုပ်မို...ဒီသုံးရောင်ခြယ်ကုန်းမြေထဲကို အရင်ဝင်လာတာက မင်းတို့ဆိုတော့ ဒီအမွေအနှစ်ကို စူးစမ်းဖို့ မင်းတို့ အရင်သွားသင့်တာပေါ့"

မိုပိုင်ယဲ့က အပြုံးနှင့် ပြောဆိုသည်။

"ရတနာဆိုတာ ထိုက်တန်တဲ့လူနဲ့ပဲ သက်ဆိုင်တယ်....မင်းတို့က ဒီနေရာကို အရင်ရောက်တာဆိုတော့ မင်းတို့ အရင်ဝင်သင့်တယ်လို့ ငါ ထင်တယ်....ငါတို့က နောက်ကနေ လိုက်ခဲ့မယ်.. ငါက အလျင်မလိုပါဘူး"

"ဟား ဟား ဟား...ဂိုဏ်းချုပ်မိုက နောက်နေပြန်ပြီ...ငါကလည်း စိတ်မလောပါဘူး"

စုချန်က အပြုံးနှင့် ပြောဆိုသည်။

"ငါ ခုဏက ဒဏ်ရာနည်းနည်း ရထားလို့ ခဏ လောက် နားချင်သေးတယ်...မင်းတို့ပဲ အရင်သွားလိုက်ပါလား"

နှစ်ဖက်လုံးသည် အကြောင်းပြချက် အမျိုးမျိုးပေးပြီး အရင်မသွားချင်ကြသည်ကို မြင်တွေ့ချိန်၌ မုဟုန်တောက် ကြက်သေသေသွားသည်။

'ဒီလူတွေအားလုံးက ဘယ်တုန်းကစပြီးတော့ စကားပြောရတာ ဒီလောက်ထိ လွယ်သွားတာလဲ'

All Chapters