← Chapters

တာအို တစ်သောင်း မျှော်စင်၊ နိဂုံးချုပ် နှင့် နောက်ဆက်တွဲ

Vol. 15 Ch. 211

တာအို တစ်သောင်း မျှော်စင်၊ နိဂုံးချုပ် နှင့် နောက်ဆက်တွဲ

Vol. 15 Ch. 211

~အစစ်အမှန်သိုင်းတောင်။

တပည့်များ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ ရှေ့မှောက်ရှိ ထည်ဝါမြင့်မားသော 'အမွေအနှစ် ဓားမျှော်စင်' ကြီးကို အံ့ဩတကြီး မော့ကြည့်နေကြသည်။ ၎င်းကို 'ဓားသိုင်း ရှာဖွေ စံအိမ်' မှ ယခုလေးတင် တူးထုတ် ယူဆောင်လာခဲ့ခြင်း ဖြစ်ပြီး လတ်ဆတ်သော မြေကြီး ရနံ့များပင် သင်းနေသေးသည်။

အရှက်ရမှု အနည်းဆုံး ဖြစ်စေရန် 'ဓားသိုင်း ရှာဖွေ စံအိမ်' မှ 'ကောင်းကင်ဘုံလူသားနယ်ပယ်' အကြီးအကဲ (၂) ဦးသည် မြို့များစွာကို ရှောင်ကွင်း၍ ညဘက် ခရီးနှင် လာခဲ့ကြရသည်။

'အမွေအနှစ် ဓားမျှော်စင်' ကြီးသည် 'ကျန်း' (၃၃၃) 'ကျန်း' (ပေ ၃၆၄၂ ပေ နီးပါး (သို့မဟုတ် ၁၁၁၀ မီတာ) အမြင့်) မြင့်မားလျက် အတော်ပင် ခန့်ညားထည်ဝါလှပြီး ရံဖန်ရံခါ ထွက်ပေါ်လာသော ဓားတာအို ခံစားမှုများနှင့် ထက်ရှမှု လှိုင်းဂယက်များက ဓားကျင့်ကြံသူများကို တောင့်တ လာစေသည်။

၎င်းထဲတွင် နှစ်တစ်ထောင် ကြာ စုဆောင်းမှု၏ အနှစ်သာရများနှင့် ထိပ်တန်း ဓားသမား များစွာ၏ ဓားတာအို အမွေအနှစ်များ တည်ရှိနေသည်။

အကယ်၍သာ 'ဓားသိုင်း ရှာဖွေ စံအိမ်' က အကြီးအကဲ (၂) ယောက်၏ သစ်သားလို မည်းနက်နေသည့် မျက်နှာကြီးတွေကို လျစ်လျူရှု ထားနိုင်ခဲ့လျှင် ဒီမြင်ကွင်းက ပိုတောင် ပြီးပြည့်စုံ သွားဦးမည်။

နင်ချီသည် ဓားမျှော်စင်ကို သူ၏ မျက်လုံးများထဲ၌ မျှော်လင့်ချက် အချို့ဖြင့် ကြည့်လိုက်သည်။

သူ့အတွက်မူ ၎င်းသည် တိုးတက်မှုအတွက် အရင်းအမြစ်ကောင်း တစ်ခု ဖြစ်သည်။ တစ်ခုတည်း နှမြောစရာ ကောင်းသည်မှာ ၎င်းထဲ၌ ဓားတာအို တစ်ခုတည်းသာ ပါဝင်နေခြင်း ဖြစ်သည်။

သို့သော်လည်း ဒါက ပြဿနာ အကြီးကြီး မဟုတ်ပါ။

နှိုင်းယှဉ် ကြည့်ရှုနိုင်ပြီး ဓားတာအိုကို အသုံးပြု၍ အခြား တာအိုများ၏ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအား ပေးနိုင်သေးသည်။

"အကြီးအကဲတို့ ပင်ပန်း သွားကြပါပြီ"

လော့ဝမ်ထျန်းက (ခပ်ပြုံးပြုံးဖြင့်) ပြောလိုက်သည်။

အကြီးအကဲ (၂) ဦး၏ မျက်နှာများ ပို၍ပင် မည်းမှောင် သွားသည်။ သူတို့၏ နှလုံးသားများ ခါးသီးနေပြီး သစ်သား ပုံစံ မျက်နှာထားများဖြင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ် လော့။ ကျန်တဲ့ ပစ္စည်းတွေက ထန်ချုံးနဲ့ တခြားလူတွေ ယူလာ နေပါတယ်။ ကျွန်တော်တို့ 'ဓားသိုင်း ရှာဖွေ စံအိမ်' က အမှားတစ်ခု ကျူးလွန် ခဲ့မိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကိုလည်း ရရှိ ခံစားပြီးပါပြီ။ ဂိုဏ်းချုပ် လော့ အနေနဲ့ သဘောထား ကြီးကြီး ထားပြီး 'ဓားသိုင်း ရှာဖွေ စံအိမ်' ကို ချမ်းသာ ပေးဖို့ တောင်းဆို ပါတယ်"

..ဒီလို နှိမ့်ချ နေတာ။ ဒီလို ချော့မော့ပြောဆို နေတာ။ ဒါတွေ အားလုံး ဘာအတွက်လဲ။

'ဓားသိုင်း ရှာဖွေ စံအိမ်' ရဲ့ မျိုးဆက် ဆက်လက် တည်တံ့ နိုင်ဖို့ အတွက် မဟုတ်ဘူးလား။ ..

လော့ဝမ်ထျန်းက ခပ်ဖျော့ဖျော့ ခေါင်းညိတ်လိုက်သည်။

"သေချာတာပေါ့။ 'ဓားသိုင်း ရှာဖွေ စံအိမ်' က နှစ်ပေါင်း (၂၀၀) တံခါးပိတ် နေရမှာပါ"

သူက သနားညှာတာမှု တစ်စက်မှ မပြခဲ့ပေ။

အမှားတစ်ခု ကျူးလွန် ခဲ့လျှင် တန်ရာတန်ကြေး ပေးဆပ်ရမည်။

သို့သော်လည်း ဤသည်မှာ အထွတ်အထိပ် အတိုင်းအတာ ဖြစ်သည်။ အစစ်အမှန်သိုင်းဂိုဏ်းသည် 'ဓားသိုင်း ရှာဖွေ စံအိမ်' တစ်ခုလုံးကို သတ်ဖြတ် ချေမှုန်း ပစ်နိုင်မည် မဟုတ်ပေ။ သူတို့ လုပ်နိုင်ခဲ့လျှင်တောင် 'မဟာယန်' နန်းတော်ကြီးက ခွင့်ပြုလိမ့်မည် မဟုတ်သလို ထိုသို့သော လုပ်ရပ်များသည် အစစ်အမှန်သိုင်းဂိုဏ်း၏ ပုံစံ နှင့်လည်း ကိုက်ညီမှု မရှိပေ။

တစ်ချိန်က 'ဓားသိုင်း ရှာဖွေ စံအိမ်' သည် 'ကောင်းကင်သို့ တက်လှမ်းခြင်း လှေကား' နှင့် 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' တို့ကို တပ်မက် ခဲ့သည့်နည်းတူ သူတို့၏ နည်းလမ်းများကို သူတို့အပေါ် ပြန်လည် အသုံးပြုကာ 'အမွေအနှစ် ဓားမျှော်စင်' ကို အပြန်အလှန် သိမ်းယူ ခဲ့ခြင်း ဖြစ်သည်။

တကယ်လို့ မိမိတို့သည် 'ဓားသိုင်း ရှာဖွေ စံအိမ်' ကို အမြစ်ပြတ် သုတ်သင် ပစ်ရန် ရည်ရွယ်ခဲ့ပါက အစစ်အမှန်သိုင်းဂိုဏ်းသည် အခြား သိုင်းတာအို ဂိုဏ်းများ၏ ဆန့်ကျင်မှုကို ရင်ဆိုင် ရနိုင်၏။ ၎င်းသည် ကောင်းသော အရာ မဟုတ်ပေ။

ထိုအခါ လူအများအပြားသည် အစစ်အမှန်သိုင်းဂိုဏ်းနှင့် ဆက်ဆံရာတွင် မပြောဘဲ နားလည်ထားသော စည်းမျဉ်းများကို လိုက်နာ ကြတော့မည် မဟုတ်ပေ။

စင်စစ်မှာတော့ ယခုအချိန်အထိ 'ဓားသိုင်း ရှာဖွေ စံအိမ်' သည် အစစ်အမှန်သိုင်းဂိုဏ်းမှ မည်သည့် အဖွဲ့ဝင်ကိုမျှ ထိခိုက် အနာတရ ဖြစ်စေခဲ့ခြင်း မရှိသေးပေ။

'ဓားသိုင်း ရှာဖွေ စံအိမ်' သည် 'မဟာယန်' ၌ နှစ်တစ်ထောင် ကြာ ရပ်တည်ခဲ့ပြီး မဟာမိတ် ဂိုဏ်းများ များစွာ ရှိပေသည်။

တကယ်လို့ သူတို့ အလွန်အကျွံ လုပ်ခဲ့ပါက ဤ မဟာမိတ် ဂိုဏ်းများသည်လည်း ထောက်ခံ ပြောဆို လာကြပေလိမ့်မည်။

'ဓားသိုင်း ရှာဖွေ စံအိမ်' မှ အကြီးအကဲ (၂) ဦးသည် ခါးသီးသော အမူအရာ ဖြစ်နေကြသော်လည်း အတွင်းစိတ်ထဲ၌မူ သက်ပြင်း ချနိုင်ခဲ့ကြသည်။

"'ဓားသိုင်း ရှာဖွေ စံအိမ်' က ကတိကို စောင့်ထိန်း ပါ့မယ်"

သူတို့သည် ထည်ဝါမြင့်မားသော 'အမွေအနှစ် ဓားမျှော်စင်' ကြီးကို နောက်ဆုံး အကြိမ်အဖြစ် တစ်ချက် လှည့်ကြည့် လိုက်ကြပြီး နှလုံးသားတွင်း သွေး ယိုစီး နေခဲ့သည်။

အံကို ကြိတ်လိုက်ပြီး သူတို့ ဤ ဝမ်းနည်းဖွယ် နေရာ၌ တစ်ခဏမျှ ပို၍ မနေချင်တော့ဘဲ လေထုမှ တစ်ဆင့် လွင့်မျော ပျောက်ကွယ် သွားကြသည်။

တစ်ခဏတာ အမှား တစ်ခု ကြောင့် နှစ်တစ်ထောင် ကြာ ကြိုးပမ်း ခဲ့သမျှ တစ်ညတည်းဖြင့် ပျက်စီး သွားခဲ့ရသည်။ သူတို့၏ နာကျင်မှုကို မည်သူမျှ နားလည် နိုင်မည် မဟုတ်ပေ။

နင်ချီသည် တိတ်ဆိတ်စွာ ကြည့်နေ လိုက်ရုံသာ။

နှစ်ပေါင်း (၂၀၀) က ထားလိုက်ပါတော့။ နှစ် (၂၀) အတွင်းမှာ အစစ်အမှန်သိုင်းဂိုဏ်း ဘယ်လောက်တောင် ပြောင်းလဲ သွားနိုင်မလဲ မည်သူ သိနိုင်မည်နည်း။

'ဓားသိုင်း ရှာဖွေ စံအိမ်' ပြန် ပေါ်လာသည့် အချိန်ကျလျှင် သူတို့ တွေ့ရမည်က လုံးဝ ပြောင်းလဲ သွားသော ကမ္ဘာကြီး ဖြစ်နေလောက်ပြီ။

'ကောင်းကင်ဘုံလူသားနယ်ပယ်' အကြီးအကဲ (၂) ဦး ထွက်ခွာ သွားသည်နှင့် အရှိန်အဝါ တစ်စ သည် တိတ်ဆိတ်စွာ သူတို့နှင့် ရောယှက် လိုက်ပါ သွားပြီး မမြင်နိုင်သော အမှတ်အသား တစ်ခု ဖြစ်သွားသည်။

ဒီ (၂) ယောက် လက်လွတ်စပယ် ပြုမူ လာခဲ့လျှင် ဆိုသော အခြေအနေ အတွက် နင်ချီ အရေးပေါ် အစီအစဉ် တစ်ခု ပြင်ဆင် ထားသည်။

သူ၏ လက်ရှိ ခွန်အား ဖြင့် သာမန် 'ကောင်းကင်ဘုံလူသားနယ်ပယ်' သတ္တဝါများကို ဖြေရှင်း ရန်မှာ လက်တစ်ဖက် ဝှေ့ယမ်း လိုက်သကဲ့သို့ ရိုးရှင်း လှသည်။

သို့သော်လည်း အဖြစ်နိုင်ဆုံးမှာ ဤ (၂) ဦးသည် မဆင်မခြင် ပြုမူ ရဲမည် မဟုတ်ပေ။ ထိုသို့ ပြုမူခြင်းသည် 'ဓားသိုင်း ရှာဖွေ စံအိမ်' ၏ အမှန်တကယ် နိဂုံးချုပ် ဖြစ်သွားစေလိမ့်မည်။ မျှော်လင့်ချက် အရိပ်အယောင် တစ်စ ကျန်ရှိနေသေးသဖြင့် သူတို့ အထွတ်အထိပ် အထိ တွန်းပို့ ရဲမည် မဟုတ်ပေ။

အန္တရာယ် အရှိဆုံး သူများမှာ ဆုံးရှုံးစရာ ဘာမျှ မရှိတော့သူများ ဖြစ်ပြီး 'ဓားသိုင်း ရှာဖွေ စံအိမ်' ကို ချန်ထား ပေးလိုက်ခြင်းသည် သူတို့ကို ထိန်းချုပ်ထားရန် "ဖိနပ်" တစ်ရံ အဖြစ် အသုံး တော်ခံ လိမ့်မည်။

သူ၏ အကြည့်ကို ပြန်လည် ရုတ်သိမ်း လိုက်သည်။

နင်ချီသည် သူ၏ ရှေ့မှ 'အမွေအနှစ် ဓားမျှော်စင်' ကြီးကို နောက်တစ်ကြိမ် ထပ်မံ စစ်ဆေး ကြည့်ရှု လိုက်သည်။ ပတ်ဝန်းကျင်၌ လူများ အများအပြား ရှိနေသဖြင့် ၎င်းထဲသို့ ဝင်ရောက်ရန် အချိန် မသင့်တော်သေးပေ။

လော့ဝမ်ထျန်းက ပြုံးလျက် ပြောလိုက်သည်။

"လောလောဆယ် လူခွဲ ကြရအောင်။ ငါတို့ 'ဓားမျှော်စင်' ရဲ့ အခြေအနေကို သေသေချာချာ သိသွားတာနဲ့ မင်းတို့ အားလုံး အတွက် ဖွင့်လှစ် ပေးပါ့မယ်"

'ဓားမျှော်စင်' ကို မည်သို့ တိတိကျကျ ကိုင်တွယ် ရမည်ကို နင်ချီ နှင့် တာအိုဆရာ လုံရှန်း တို့နှင့် ဆွေးနွေး ရန် လိုအပ် နေသေးသည်။

တပည့်များ အားလုံး မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေကြသည်။

နောက်ဆုံးတော့ ၎င်းသည် နှစ်တစ်ထောင် သက်တမ်းရှိ ဓားတာအို မြင့်မြတ်ရာ ဌာန၏ အမွေအနှစ် ဖြစ်ရာ သူတို့ အတွက် လတ်ဆတ်သော စူးစမ်း လိုစိတ် ခံစားချက် တစ်ခုကို ယူဆောင် လာပေးသည်။

ညဉ့်နက် သန်းခေါင်ယံ။

ပတ်ဝန်းကျင်၌ မည်သူမျှ မရှိ..။

နင်ချီသည် ဓားမျှော်စင် အတွင်းသို့ တိတ်တဆိတ် ဝင်ရောက် သွားသည်။

ဓားမျှော်စင်သည် ကျယ်ဝန်းပြီး မြင့်မားလှ၏။

၎င်း၏ ကျန်း (၃၃၃) ကျန်း (ပေ ၃၆၄၂ ပေ နီးပါး (သို့မဟုတ် ၁၁၁၀ မီတာ) အမြင့်) နှင့် အတူ အထပ်ပေါင်း (၃၃၃) ထပ် ရှိသည်။

အထပ်တိုင်းတွင် အခန်းငယ်များ ရှိပြီး နင်ချီ အခန်း တစ်ခန်း အတွင်းသို့ ခြေချ လိုက်သောအခါ အတွင်း၌ တရားထိုင် ထိုင်ခုံများ တွေ့ရသည်။ နံရံများ ပေါ်တွင် ပုံစံ အမျိုးမျိုး၊ စာများ သို့မဟုတ် ဓား အမှတ်အသားများ ရှိနေသည်။ ၎င်းတို့သည် ရှုပ်ထွေး နေပုံ ပေါက်သော်လည်း ဂရုတစိုက် စစ်ဆေး ကြည့်ရှု လိုက်သောအခါ အတွင်း၌ ဝှက်ထားသော ဓားတာအို၏ စစ်မှန်သော အနှစ်သာရများကို ရှာဖွေ တွေ့ရှိ နိုင်ပေသည်။

ဓားမျှော်စင်ကို မြင့်သည်ထက် မြင့်အောင် တက်လှမ်း သွားလေလေ ကျန်ရစ်ခဲ့သော ဓားတာအို စစ်မှန်သော အနှစ်သာရများ ပိုမို နက်ရှိုင်း လေလေ ဖြစ်သည်။

နောက်ပိုင်း အထပ်များ သို့ ရောက်သောအခါ 'ကောင်းကင်ဘုံလူသားနယ်ပယ်' ဓားသမားများ ချန်ထားခဲ့သော ဓားတာအို အမွေအနှစ်များ ရှိနေခဲ့ပြီး အရေအတွက်မှာ (၁၀) ကျော်လွန် နေပြီ။

အချို့မှာ မျှော်စင်၏ သမိုင်းဝင် ပညာရှင်ကြီးများ ချန်ထားခဲ့ခြင်း ဖြစ်ပြီး အချို့မှာမူ ဖိတ်ကြားထားသော ပြင်ပမှ 'ကောင်းကင်ဘုံလူသားနယ်ပယ်' ဓားသမားများထံမှ ဖြစ်သည်။

'အမွေအနှစ် ဓားမျှော်စင်' သည် အပြင်လူများ အတွက် ဘယ်တော့မှ ဖွင့်လှစ် ခြင်း မရှိသော်လည်း ခြွင်းချက်များ ရှိခဲ့သည်။

မျှော်စင်အပေါ် ကျေးဇူး ပြုခဲ့ဖူးသူ အချို့ကို ဝင်ရောက်ခွင့် ပြုခဲ့ပြီး အချို့မှာမူ လဲလှယ်မှုများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကဲ့သို့ အပြင်သို့ လုံးဝ ဖွင့်လှစ် ထားခြင်း မျိုး မဟုတ်ပေ။

နင်ချီသည် တည်ရှိနေသော ဓားတာအို အမျိုးမျိုးကို တွေးတော ဆင်ခြင် နေမိရာ ဉာဏ်အလင်း များ တိုးပွား လာပြီး သိသိသာသာ အကျိုး ရရှိလိုက်သည်ဟု ခံစား လိုက်ရသည်။

သူ ဓားမျှော်စင်၏ လည်ပတ်မှု ယန္တရားကို အကြမ်းဖျင်း နားလည် သွားသည်။

နှစ်တစ်ထောင် ကျော် ကြာ အတွင်း၌ ရောယှက် နေသော ဓားတာအို အနှစ်သာရများသည် မမြင်နိုင်သော ဓားစိတ်ဆန္ဒ အတားအဆီး တစ်ခုကို ဖွဲ့စည်း ထားသည်။ ဓားတာအို၌ သက်ဆိုင်ရာ အဆင့် တစ်ခုသို့ ရောက်ရှိမှသာ ထို အလွှာသို့ တက်လှမ်း နိုင်ပေမည်။

"'ဓားသိုင်း ရှာဖွေ စံအိမ်' က ဓားသမားကြီး တစ်ယောက် သက်တမ်း ကုန်ဆုံးခါနီး အချိန် ရောက်တိုင်း သူတို့ ဓားမျှော်စင် ထဲ ဝင်လာ ကြတယ်။ သူတို့ ရှေးဘိုးဘေးတွေနဲ့ အချိန်နဲ့ နေရာ ကို ဖြတ်ကျော်ပြီး 'ဓားကို စစ်မေး' သလိုမျိုး တက်လှမ်း ကြတယ်။ သူတို့ ကိုယ်ပိုင် ဓားတာအိုရဲ့ အကန့်အသတ် တွေဆီ ရောက်ရှိ သွားပြီး ရှေ့ မတိုးနိုင် တော့တဲ့ အထိ ပဲ။ အဲ့ဒီအခါကျမှ သူတို့ သူတို့ရဲ့ ဓားတာအို အနှစ်သာရ အားလုံးကို အဲ့ဒီ အလွှာမှာ ချန်ထား ခဲ့ကြတယ်။ နောင်လာ နောင်သား မျိုးဆက်တွေ နားလည် သဘောပေါက် နိုင်ဖို့ အတွက် ပေါ့"

ထိုသို့ သုံးသပ်ရင်း နင်ချီ သက်ပြင်း ခပ်ဖွဖွ ချလိုက်မိသည်။

All Chapters