နောက်ခံအသိုင်းအဝိုင်း ဖော်ထုတ်ခြင်း၊ သိုင်းသူတော်စင်ထံမှ ဖိအား
Vol. 15 Ch. 219
~ကျန်းပိုင်ရှန်းသည် အစစ်အမှန်သိုင်းမြို့တော်၏ လမ်းမများပေါ်တွင် လျှောက်လှမ်းလာပြီး၊ လျင်မြန်စွာပင် လမ်းကြားလေး တစ်ခုထဲသို့ ကွေ့ဝင်ကာ၊ ခြံဝင်းငယ်လေး တစ်ခု၏ တံခါးဝတွင် ပေါ်လာတော့သည်။
" ဟေး…ရူဟွာ။"
သူသည် ပန်းပင်များကို ရေလောင်းနေသော အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးကို ပျော်ရွှင်စွာ ကြည့်လိုက်ပြီး၊ သူ၏ မျက်လုံးများမှာ နူးညံ့မှုများဖြင့် ပြည့်နှက်နေသည်။
လင်ရူဟွာ လှည့်ကြည့်လိုက်ရာ၊ သူမ၏ အပြုံးသည် တောက်ပနေ၏။ သူမသည် ကျန်းပိုင်ရှန်း၏ ရင်ခွင်ထဲသို့ မှီလိုက်ပြီး၊ သူတို့ နှစ်ဦးသည် နက်ရှိုင်းစွာ ချစ်ခင်နေကြကာ၊ သူတို့၏ မျက်လုံးများထဲမှ နူးညံ့မှုများသည် တစ်ဦးကိုတစ်ဦး အရည်ပျော်သွားစေလောက်သည်။
"ဒီရက်ပိုင်းတွေမှာ မင်းကို တစ်ယောက်တည်း ထားခဲ့မိလို့ ကိုယ့်အမှားပါကွာ။"
ကျန်းပိုင်ရှန်းက အပြစ်ရှိသလို ခံစားရဟန်ဖြင့် ပြောသည်။
လင်ရူဟွာက ပြုံးလျက် ခေါင်းခါသည်။
"ငါ နားလည်ပါတယ်။ မကြာသေးခင်က အစစ်အမှန်သိုင်းဂိုဏ်းမှာ ကိစ္စတွေ အများကြီး ဖြစ်နေတာပဲ။ အကြီးအကဲ တစ်ယောက် အနေနဲ့ နင်က စံပြ ဖြစ်အောင် နေရမှာပေါ့။"
ထို့နောက် သူမက စနောက်ဟန်ဖြင့် ကန့်ကွက်လိုက်သည်။
"ငါက ဒီလောက်တောင် အကျိုးအကြောင်း မသိတဲ့ မိန်းကလေး တစ်ယောက် လားဟယ်။"
ဤသို့ ပြောရင်း၊ သူမသည် ကျန်းပိုင်ရှန်း၏ ရင်ဘတ်ကို လက်သီးဖြင့် ထုလိုက်ရာ၊ ကျန်းပိုင်ရှန်း နာကျင်သွားသဖြင့် မျက်နှာ ရှုံ့မဲ့သွားသည်။
"ဟိုတုန်းက ဓားမကြီး ဝှေ့ယမ်းပြီး ငါ့ကို လိုက်ခုတ် နေတာ ဘယ်သူပါလိမ့် လို့" ဟူသော စကားလုံးများ ကျန်းပိုင်ရှန်း၏ လည်ချောင်းဝတွင် တစ်ဆို့သွားသည်။)
သူ ရယ်မောလိုက်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကိုယ့် ရူဟွာ လေးက အားလုံးထဲမှာ အယဉ်ကျေးဆုံးပါ ကွာ။"
လင်ရူဟွာက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ကျန်းပိုင်ရှန်းက ရုတ်တရက် လေးနက်တည်ကြည်စွာ ပြောသည်။
"ဒါဆိုရင် မင်း ကိုယ်နဲ့အတူ အစစ်အမှန်သိုင်းဂိုဏ်းမှာ အကြီးအကဲ ကတော် တစ်ယောက် အဖြစ် နေထိုင် ဖို့ ဆန္ဒ ရှိမလား။ ဒီနှစ် အစစ်အမှန်သိုင်း မက်မွန်သီး ပွဲတော် လည်း စ တော့မယ်။ အစ်ကိုတွေ က မင်းနဲ့ တွေ့ချင် နေကြပြီ။"
လင်ရူဟွာ တောင့်ခနဲ ဖြစ်သွားပြီး၊ သူမ၏ ပါးပြင်များ ရှက်သွေးရဲလာသည်။
(ဒါ ဒါ အရမ်း ရုတ်တရက် ကြီး ပဲ။ ငါ ဘာမှ ပြင်ဆင် မထား ရသေးဘူး။)
သူမ၏ မျက်လုံးများထဲ၌ ပျော်ရွှင်မှုနှင့် ချိုမြိန်မှုများ ထင်ဟပ်နေသော်လည်း၊ နောက်ဆုံးတွင် တုံ့ဆိုင်းမှုဖြင့် အစားထိုးသွားသည်။ ကျန်းပိုင်ရှန်း၏ မျက်လုံးများထဲမှ ပြတ်သားမှုနှင့် စိတ်ရင်းမှန်ကို ကြည့်ရင်း၊ သူမ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး သက်ပြင်းဖွဖွ ချသည်။
"ပိုင်ရှန်း။ ငါ နင့်ကို မလှည့်စား ချင်ဘူး။ ငါ နင့်ကို ငါ့ရဲ့ နောက်ခံအသိုင်းအဝိုင်း အကြောင်း ဘယ်တုန်းကမှ မပြောပြ ခဲ့ဖူးဘူး။"
သူမ၏ စကား မဆုံးမီမှာပင်၊ ကျန်းပိုင်ရှန်းက ဖြတ်ပြောလိုက်သည်။
"မင်း ပြောချင်တာ မင်းက 'မိစ္ဆာဂိုဏ်း' က လူ ဆိုတဲ့ အကြောင်း လား။"
လင်ရူဟွာသည် ကျန်းပိုင်ရှန်းကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်ရာ၊ သူ ပြုံးနေသည်ကိုသာ တွေ့လိုက်ရသည်။
"ငါတို့ အတူတူ ဖြတ်သန်း လာခဲ့တာ အများကြီးပဲ လေ။ ငါ သာ လုံးဝ သတိ မထားမိ ခဲ့ဘူး ဆိုရင် ဒါ ငါ့ကို တော်တော် မိုက်မဲရာ ကျ သွားစေမှာ ပေါ့။ ငါ့ ဆရာ သင်ပေး ခဲ့တယ်။ လူတစ်ယောက်က သူ့ရဲ့ မွေးဖွား လာမှုကို ရွေးချယ် လို့ မရဘူး တဲ့။ လူကြီးလူကောင်း တစ်ယောက်က ရည်ရွယ်ချက် တွေနဲ့ မဟုတ်ဘဲ လုပ်ရပ် တွေနဲ့ ပဲ တိုင်းတာ ဆုံးဖြတ် ရတယ် တဲ့။ မင်း 'မိစ္ဆာဂိုဏ်း' က ဖြစ်ပေမဲ့ ဆိုးရွား တဲ့ လုပ်ရပ်တွေ ဘယ်တုန်းကမှ မကျူးလွန် ခဲ့ဘူး။ ကြင်နာတတ်တဲ့ နှလုံးသား တောင် ပိုင်ဆိုင် ထားသေးတယ်။ 'မိစ္ဆာဂိုဏ်း' ရဲ့ အဖွဲ့ဝင် ဖြစ်တော့ ဘာ ဖြစ် သေးလဲ။"
ချစ်ရသူ၏ စကားများအား နားထောင်ရင်း လင်ရူဟွာ စိတ်လှုပ်ရှား သွားသည်။
"ဒါပေမဲ့ ငါက 'မိစ္ဆာဂိုဏ်း' ရဲ့ သာမန် အဖွဲ့ဝင် တစ်ယောက် မဟုတ်ဘူး။ 'မိစ္ဆာဂိုဏ်း' ရဲ့ ဒုတိယ ဂိုဏ်းချုပ် (၃) ယောက်ထဲက တစ်ယောက် ဖြစ်တဲ့ 'လင်ရွှယ်ရွှမ်' ရဲ့ သမီးပါ။"
ဤစကားများ သူမ နှုတ်ဖျားမှ ထွက်လာ သည်နှင့်၊
ကျန်းပိုင်ရှန်း တစ်ယောက် ကြောင်ငေး သွားသည်။
သူသည် လင်ရူဟွာ 'မိစ္ဆာဂိုဏ်း' မှာ ရာထူး တစ်ခုခု ရှိလိမ့်မည်ဟု ခန့်မှန်း ခဲ့သော်လည်း ဒီလောက် အရေးပါ လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေး ခဲ့မိပေ။ ဒုတိယ ဂိုဏ်းချုပ် ဆိုတာ အားလုံး၏ အထက်၊ ဂိုဏ်းချုပ်၏ အောက်မှာပဲ ရှိလေသည်။ ယခု သူက ဒီလို ပုဂ္ဂိုလ်ကြီး တစ်ယောက်၏ သမီးနှင့် ခိုးပြေး လာသလို ဖြစ်နေသည်ပဲ။ ဒါက တော်တော် ဆန်းကြယ် နေလေပြီ။
သူ့ ပုံစံကို ကြည့်ရင်း လင်ရူဟွာက ခစ်ခနဲ ရယ်မောသည်။
"ဘာလဲ၊ ကြောက် သွားပြီ လား။"
ကျန်းပိုင်ရှန်းက အလျင်အမြန် ပြန်ဖြေသည်။
"ဟွန့်။ သူ့ သမီး တောင် ငါ့ လက်ထဲ ရောက်နေတာ ပဲ။ ငါက ဘာ ကြောက် ရမှာလဲ။"
ထိုအခါ လင်ရူဟွာသည် ချက်ချင်းပင် ကျန်းပိုင်ရှန်း၏ ဘေးဘက်မှ အသားနုကို ဆွဲလိမ်လိုက်ရာ၊ သူ မျက်နှာ ရှုံ့မဲ့သွားပြီး အကြိမ်ကြိမ် အသနားခံ တောင်းပန်တော့သည်။
နောက်ဆုံး၌ကား၊
လင်ရူဟွာသည် ကျန်းပိုင်ရှန်း၏ လက်မောင်းကို ပွေ့ဖက်လိုက်ပြီး ခပ်ဖွဖွ ဆိုသည်။
"ပိုင်ရှန်း။ နက်က ငါ့ရဲ့ နောက်ခံ အထောက်အထားကို ကို ဂရု မစိုက် သရွေ့ ငါ စိုးရိမ် မနေ ပါဘူး။ ကျွန်မ ဒါကို နင့် ဆီက တမင် ဖုံးကွယ် ထားခဲ့တာ မဟုတ်ပါဘူး။ နင် သိ တဲ့ အတိုင်းပဲ 'မိစ္ဆာဂိုဏ်း' က 'အစစ်အမှန်သိုင်းဂိုဏ်း' နဲ့ အမြဲတမ်း မတည့် ခဲ့ဘူး လေ။ နင့်ဆီ ချဉ်းကပ် လာတဲ့ ငါ့ရဲ့ ရည်ရွယ်ချက် တွေကို မင် အထင်မှား သွားမှာ ကြောက် ခဲ့တာ။"
ထိုအခါ ကျန်းပိုင်ရှန်းက လေးနက်စွာ ပြန်ပြောလိုက်သည်။
"'မိစ္ဆာဂိုဏ်း' ကိစ္စတွေက မင်းနဲ့ ဘာမှ မဆိုင်ဘူး။ ငါ့ ဆရာ နဲ့ တခြား လူတွေ က မျှမျှတတ ခွဲခြား နိုင်ကြ ပါတယ်။"
လင်ရူဟွာ သက်ပြင်း ချနိုင်ခဲ့သည်။
သူမသည် ငယ်စဉ်ကတည်းက အမြဲ ပုန်ကန် တတ်ပြီး 'မိစ္ဆာဂိုဏ်း' အပေါ် ခိုင်မာသော သံယောဇဉ် မရှိခဲ့ပေ။ သူမ ချစ်မြတ်နိုးရသူက သူမ၏ ဇာစ်မြစ်ကို ဂရုမစိုက် သဖြင့် သူမ မကြုံစဖူး ပေါ့ပါး လွတ်လပ် သွားသည်ဟု ခံစား လိုက်ရသည်။
လင်ရူဟွာ တစ်စုံတစ်ခုကို တွေးတောလိုက်ပြီးနောက်….၊
"ပိုင်ရှန်း၊ ငါ နင့်ကို ပြောပြ ချင်တဲ့ ကိစ္စ တချို့ ရှိတယ်။"
"ပြောလေ။"
နှစ်ဦးသား ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ပြောဆို ကြသည်။
လင်ရူဟွာသည် သူမ၏ အတွေးများကို စုစည်းလိုက်ပြီး၊ 'မိစ္ဆာဂိုဏ်း' ၏ လျှို့ဝှက်ချက်များစွာကို စတင် ပြောပြတော့သည်။
"'မိစ္ဆာဂိုဏ်း' က မူလက 'တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့' နဲ့ ပဋိပက္ခတွေ ရှိခဲ့တယ်။ အဲ့ဒါကြောင့် 'ကောင်းကင်ဘုံလူသားနယ်ပယ်' အဖွဲ့ဝင် အတော်များများ သေဆုံး ခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်း နှစ်ဖက်လုံး က ညှိနှိုင်း ဖို့ သဘောတူ လိုက်ကြတယ်။ သူတို့ ယုံကြည် တာက နောက်ကွယ်ကနေ ကြိုးကိုင် နေတဲ့ တတိယ အဖွဲ့အစည်း တစ်ခု ရှိနေတယ် တဲ့။ နှစ်ဖွဲ့ကြား စစ်ဖြစ် အောင် တမင် တွန်းအား ပေးနေတာ ပေါ့။ အဓိက သံသယ ရှိသူ (၂) ယောက်က နင်တို့ 'အစစ်အမှန်သိုင်းဂိုဏ်း' နဲ့ 'မြို့စောင့်မြောက်ပိုင်းဘုရင်' ပဲ။"
ကျန်းပိုင်ရှန်း၏ မျက်နှာအမူအရာ လေးနက် သွားသည်။
ဒီသတင်းအချက်အလက်တွေက သူ၏ စိတ်ကူး ထက် ကျော်လွန် နေသည်ပင်။
"အခု သူတို့က 'မြို့စောင့်မြောက်ပိုင်းဘုရင်' ထက် 'အစစ်အမှန်သိုင်းဂိုဏ်း' ကို ပိုပြီး သံသယ ဝင်နေကြတယ်။ အရင် တစ်ခေါက် သူလျှိုတွေ လွှတ် ခဲ့တာက စမ်းသပ်မှု တစ်ခု ပဲ။ မူလက 'မိစ္ဆာဂိုဏ်း' နဲ့ 'တောင်ပိုင်းနယ်စပ်' က 'အစစ်အမှန်သိုင်းဂိုဏ်း' ကို တိုက်ခိုက် ဖို့ အခွင့်အရေး တစ်ခု ရှာဖွေ စီစဉ် နေခဲ့တာ။ ဒါပေမဲ့ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က ရုတ်တရက် ပေါ်ထွက် လာပြီး 'နှလုံးသားစူးစမ်းခြင်းဓား' ကို သတ်ပစ် လိုက်တာ သူတို့ကို သတိ ထား သွားစေတယ်။"
"ဒါပေမဲ့ သူတို့ လွယ်လွယ် နဲ့ လက်လျှော့ မှာ တော့ သေချာပေါက် မဟုတ်ဘူး။ လောလောဆယ် အကြီးစား လှုပ်ရှားမှုတွေ မရှိ လောက် ပေမဲ့ 'အစစ်အမှန်သိုင်းဂိုဏ်း' တပည့်တွေကို ပစ်မှတ်ထား တာ မျိုးတွေ ရှိလာနိုင်တယ်။ နင် သတိ ထား ရမယ် နော်။"
ထို့နောက် လင်ရူဟွာသည် သူမ၏ အဆင့်အတန်းကို အသုံးပြု၍ စုဆောင်း ရရှိခဲ့သော အသေးစိတ် အချက်အလက် အချို့ကို စတင် ဖွင့်ဟ ပြောပြ လိုက်သည်။
မူလက သူမ ဤအကြောင်းကို ကျန်းပိုင်ရှန်းအား အခြား နည်းလမ်း ဖြင့် ဖွင့်ဟ ပြောပြရန် စဉ်းစား ခဲ့သော်လည်း ယခု သူမတို့၏ ပင်ကို အထောက်အထားများ ပွင့်လင်း သွားပြီ ဖြစ်သောကြောင့် အရာအားလုံးကို ဖွင့်ချ လိုက်ရန် ဆုံးဖြတ် ခဲ့သည်။
ကျန်းပိုင်ရှန်းသည် လင်ရူဟွာ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး၊ သူ၏ မျက်လုံးများမှာ ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေ၏။
"ရူဟွာ။ စစ်ဆေးမှု အတွင်း 'မိစ္ဆာဂိုဏ်း' နဲ့ 'တောင်ပိုင်းနယ်စပ်' က သူလျှိုတွေ နဲ့ ပတ်သက်တဲ့ ပြဿနာကို ဖွင့်ချ ခဲ့တာ မင်း ပဲ မဟုတ်လား။"
လင်ရူဟွာ အံ့အားသင့် သွားသည်။
အကြောင်းမှာ သူမသည် ဤအကြောင်းကို နောက်ပိုင်းမှ သိရှိခဲ့ရသောကြောင့် ဖြစ်သည်။
"အဲ..ငါ မဟုတ် ခဲ့ဘူး။"
ထိုအခိုက်အတန့်၌ နှစ်ဦးသား အံ့အားသင့် သွားကြသည်။
ကျန်းပိုင်ရှန်း မျက်မှောင် ကြုတ် လိုက်သည်။
"မင်း မဟုတ် ခဲ့ရင် ဒါ ဘယ်သူ ဖြစ်နိုင် မလဲ။"
လင်ရူဟွာ၏ အတွေးများ လျင်မြန်စွာ ပြေးလွှား သွားပြီး ရုတ်တရက် မျက်လုံးများ တောက်ပ လာကာ တစ်စုံတစ်ခုကို သဘောပေါက် သွားဟန်ဖြင့် သူမ၏ မျက်နှာအမူအရာ အနည်းငယ် ထူးဆန်း သွားသည်။
"ဘယ်သူ လဲ ဆိုတာ ကျွန်မ သိပြီ။"
ကျန်းပိုင်ရှန်း၏ စူးစမ်း မေးမြန်း နေသော အကြည့်ကို ရင်ဆိုင်ရင်း သူမ ဖြည်းညင်းစွာ ဆိုသည်။
"ချင်ယွင်။"
"ဘာ..အဲ့ဒီ သစ္စာဖောက်က လား။"
ကျန်းပိုင်ရှန်း၏ မျက်လုံးများ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက် သွားသည်။
ထိုစဉ်က သူ ချင်ယွင်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သည်။
ထို့ကြောင့်ပင် ချင်ယွင် အစစ်အမှန်သိုင်းဂိုဏ်းမှ ထွက်ခွာ သွားပြီးနောက် သူသည် အစ်ကို ညီအစ်ကိုများ ထဲတွင် ဒေါသ အထွက်ဆုံး ဖြစ်ခဲ့ပြီး တစ်နေ့နေ့တွင် ချင်ယွင်ကို ဆရာ့ ရှေ့မှောက်၌ နောင်တ ရ စေရန် ပြန်လည် ခေါ်ဆောင် လာမည်ဟု အကြိမ်ကြိမ် ကျိန်ဆိုခဲ့သည်။
နှစ်များ ကြာ သွားသော်လည်း ချင်ယွင်၏ သတင်း တစ်စုံတစ်ရာ မကြားရဘဲ ..ယခုအခါမူ….မမျှော်လင့်ဘဲ သူ ချစ်မြတ်နိုးရသူထံမှ ယခု သိရှိ လိုက်ရ လေသည်။