← Chapters

နောက်ခံအသိုင်းအဝိုင်း ဖွင့်ဟဝန်ခံခြင်း၊ သိုင်းသူတော်စင်ထံမှ ဖိအား (၂)

Vol. 15 Ch. 220

နောက်ခံအသိုင်းအဝိုင်း ဖွင့်ဟဝန်ခံခြင်း၊ သိုင်းသူတော်စင်ထံမှ ဖိအား (၂)

Vol. 15 Ch. 220

~လင်ရူဟွာက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ သူ့လက်ချက်ပဲ။ ငါ့အမေက သူ့ကို 'မိစ္ဆာဂိုဏ်း' ရဲ့ 'သူတော်စင် မျိုးဆက်သစ်' နေရာ တက်လှမ်းနိုင်အောင် ကူညီဖို့ ငါနဲ့တောင် လက်ထပ်ပေးချင်ခဲ့သေးတာ။ မူလကတော့ သူ့ကို သစ္စာဖောက် တစ်ယောက်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ အခု ကြည့်ရတာ ချင်ယွင်က 'အစစ်အမှန်သိုင်းဂိုဏ်း' အပေါ်မှာ သံယောဇဉ်တွေ ရှိနေသေးပုံပဲ"

"ဘာ၊ ချင်ယွင်ကို မင်းနဲ့ လက်ထပ်ပေးမယ်" ကျန်းပိုင်ရှန်း ပျာယာခတ် သွားသည်။

(ဟမ်။ ဒီကောင်။ ဒါတော့ မဖြစ်နိုင်ဘူးလေ။)

လင်ရူဟွာက သူ၏လက်ကို ပုတ်လိုက်ပြီး သူ့ကို စိတ်တည်ငြိမ်စေသည်။

"အရင်တုန်းက 'မိစ္ဆာဂိုဏ်း' က 'ကောင်းကင်ဘုံ' ပုဂ္ဂိုလ် (၅) ယောက် 'အစစ်အမှန်သိုင်းဂိုဏ်း' ကို ညဘက် ဝင်တိုက်ခဲ့တယ်လေ။ အဲ့ဒီနောက်မှာ 'မိစ္ဆာဂိုဏ်း' က ထပ်ပြီး လက်တုံ့ပြန်ချင်ခဲ့ပေမဲ့ ချင်ယွင်က 'သွေးမိစ္ဆာကန်' ထဲ ဝင်ဖို့ သူ့ကိုယ်သူ စတေးပြီး သူတို့ကို တားခဲ့တာ။ ဘယ်သူက ဒီလူ ရက်စက်လိမ့်မယ်လို့ ထင်ထားမိမှာလဲ။ သူက 'သွေးမိစ္ဆာကန်' ထဲကနေ ပြန်ထွက်လာနိုင်ရုံတင် မကဘူး၊ သူ့သက်တမ်း နှစ် (၄၀၀) ကို မီးရှို့ပြီး 'ကောင်းကင်ဘုံလူသားနယ်ပယ်' ထဲကို တစ်ချက်တည်း ခြေချခဲ့တာ။ အခုတော့ 'မိစ္ဆာဂိုဏ်း' ရဲ့ 'သူတော်စင် မျိုးဆက်သစ်' ဖြစ်လာနိုင်ခြေရှိတဲ့ (၃) ယောက်ထဲက တစ်ယောက် ဖြစ်နေပြီ"

"ပိုင်ရှန်း..အရင်က စစ်ဆေးမှု လုပ်တုန်း လျှို့ဝှက်စာ ပို့တဲ့ သူ ရှိတယ်လို့ နင် ပြော ခဲ့တယ်နော်။ အခု ငါ စဉ်းစား မိ တာက အဲ့ဒါ ချင်ယွင် ပဲ ဖြစ်ဖို့ များတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ ကိစ္စကို သူနဲ့ 'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး' တို့က တာဝန်ယူ ခဲ့ရတာလေ။ ဒါပေမဲ့ သူ အခုတလော ခက်ခဲနေတယ်ဟယ်"

"မူလကတော့ 'သရဲ မျက်နှာဖုံး ဒု-ဂိုဏ်းချုပ်' ရဲ့ ထောက်ခံမှု နဲ့ သူက 'သူတော်စင် မျိုးဆက်သစ်' နေရာ အတွက် အင်အားကြီး ပြိုင်ဘက် တစ်ယောက် ပဲ။ ဒါပေမဲ့ အခု သူက မသိမသာ အိမ်ချုပ် ကျနေပြီ။ ငါ့ အမေ လည်း သူ့ကို သူနဲ့ လက်ထပ် ပေးမယ့် အကြောင်း မပြော တော့ဘူး။ 'မဟာ အကြီးအကဲ' သာ ဝင်မပါ ခဲ့ရင် အခြေအနေ က ပိုတောင် ဆိုး နိုင်သေးတယ်။ သူ့ရဲ့ 'အစစ်အမှန်သိုင်းဂိုဏ်း' အပေါ် ထားတဲ့ ခံစားချက် အဟောင်း တွေ က သူ့ကို 'မိစ္ဆာဂိုဏ်း' မှာ သည်းခံလို့ မရတဲ့ သူ ဖြစ်စေ ခဲ့တာ ပါပဲ"

"'သွေးမိစ္ဆာကန်' ထဲ ဝင်တဲ့ သူ တွေ က 'မိစ္ဆာဂိုဏ်း' အပေါ် သစ္စာ ရှိ ရတယ်။ ဒါပေမဲ့ ချင်ယွင် က ဒီ ထုံးစံ ကို ချိုးဖောက် ခဲ့တယ်။ အခု 'မိစ္ဆာဂိုဏ်း' ပညာရှင် တစ်ယောက် က သူ့ကို သေချာ စစ်ဆေး မေးမြန်း နေပြီ။ ငါ့ အမေဆီက ကြား တာ က သူ တစ်ခါ က 'နှလုံးသား မိစ္ဆာ' ဝင် ခဲ့ဖူး တယ် တဲ့။ 'မိစ္ဆာဂိုဏ်း' ပညာရှင် က သူ့ရဲ့ 'နှလုံးသား မိစ္ဆာ' ကို မွေးမြူ ပြီး သူ အဲ့ဒီ အရာ ရဲ့ ထိန်းချုပ်မှု အောက် ရောက်သွား အောင် ကြိုးစား နေတာ"

လင်ရူဟွာသည် ဖြည်းညင်းစွာ ပြန်ပြောပြနေသည်။

သူမ သိသည်။

ချင်ယွင်သည် 'မိစ္ဆာဂိုဏ်း' ၏ နည်းလမ်းများကို လျှော့တွက်ခဲ့ပြီး၊ သူ၏ လုပ်ရပ်များမှာ မသိရှိနိုင်၊ မမြင်နိုင်ဟု ထင်ခဲ့သော်လည်း၊ သူ အကြီးအကျယ် ကျရှုံးသွားခဲ့သည်။

အစောပိုင်းက 'မိစ္ဆာဂိုဏ်း' ၏ ချင်ယွင်အပေါ် သဘောထား ရုတ်တရက် ပြောင်းလဲသွားသည်ကို သူမ နားမလည်ခဲ့ပေ။ သို့သော် ယခု သူမ ရရှိထားသော သတင်း

အချက်အလက်များဖြင့် သူမသည် နားလည် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ကျန်းပိုင်ရှန်း၏ မျက်နှာသည် တဖြည်းဖြည်း ရှုပ်ထွေးလာပြီး၊ သူ၏ မူလ ဒေါသများမှာ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ပျောက်ကွယ်သွားကာ၊ မကြားတကြား သက်ပြင်းချသံအဖြစ်သို့ ပြောင်းလဲသွားသည်။

"အဲ့ဒီ ကောင်စုတ်လေး"

သူ့ရင်ထဲတွင် စိတ်ပျက်မှုနှင့် အားမလို အားမရ ဖြစ်မှုတို့ ရောနှော သွားပြီး စိတ်ခံစားချက်များ ရှုပ်ထွေး ကာ မငြိမ်မသက် ဖြစ်နေသည်။

အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက်၊ ကျန်းပိုင်ရှန်းက လေးနက်စွာ ပြောလိုက် တော့သည်။

"ရူဟွာ။ မင်း ကိုယ်နဲ့အတူ အစစ်အမှန်သိုင်းတောင် ကို လိုက်ခဲ့ပြီး ကိုယ့်ဆရာ နဲ့ အစ်ကိုကြီး ကို တွေ့ နိုင်မလား။ ဒီ သတင်း က သူတို့ အတွက် အရမ်း အရေးကြီးပါတယ်။ စိတ် မပူပါနဲ့။ သူတို့ မင်းရဲ့ နောက်ခံအသိုင်းအဝိုင်း ကို ဂရု စိုက် မှာ မဟုတ်ဘူး နော်"

သူ၏ တိုက်တွန်းချက်ကြောင့် လင်ရူဟွာ၏ နှလုံး တဒိတ်ဒိတ် ခုန်သွားသည်။ သို့သော် အမှန်တရားကို နောက်ဆုံးတွင် ဖွင့်ဟရမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။

သူမ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

"ပိုင်ရှန်း သဘော ပါပဲ"

သူမတို့ နှစ်ဦးသည် သေခြင်းရှင်ခြင်းများစွာကို အတူတကွ တွေ့ကြုံခဲ့ပြီး၊ တစ်ဦးကိုတစ်ဦး အသိအမှတ် ပြုခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

လင်ရူဟွာသည် 'မိစ္ဆာဂိုဏ်း' အပေါ် သံယောဇဉ် များများစားစား မခံစားရပေ။ သူမ၏ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုမှာ သူမ၏ အမေသာ ဖြစ်သည်။

သို့သော် ယခု 'အစစ်အမှန်သိုင်းဂိုဏ်း' က 'မိစ္ဆာဂိုဏ်း' နှင့် 'တောင်ပိုင်းနယ်စပ်' တို့ကို ရင်ဆိုင်ရာတွင် အားနည်းသော ဘက်တွင် ရှိနေသဖြင့်၊ သူမ အမေအတွက် စိုးရိမ်စရာ မလိုဘဲ၊ ကျန်းပိုင်ရှန်းအတွက်သာ ပူပန်နေရသည်။

ချစ်သူ နှစ်ဦးသား ပွေ့ဖက်လျက် ရပ်နေကြသည်။ ညဉ့်နက်သော် သူတို့ သည်တိတ်တဆိတ် တောင်ပေါ်သို့ တက်သွားကြလေသည်။

—----

ယခုအခါ ..တောက်ပအလင်း သိုင်းခန်းမဆောင်၌

တာအိုဆရာ လုံရှန်းနှင့် လော့ဝမ်ထျန်း နှစ်ဦးလုံး ရှိနေကြပြီး၊ ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့မှာမူ လက်ချင်း တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လျက် ဘေးချင်းယှဉ် ရပ်နေကြသည်။

"စစ်မှန်သူ လုံရှန်း နဲ့ ဂိုဏ်းချုပ် လော့ ကို နှုတ်ဆက် ပါတယ်ရှင်"

လင်ရူဟွာက စိတ်လှုပ်ရှားစွာ နှုတ်ဆက်သည်။

ကျန်းပိုင်ရှန်းကလည်း စကားထစ်နေသည်။ "ဆ..ဆရာ။ ဒါ ကျွန်တော့် ချစ်သူ လင်ရူဟွာ ပါ"

တာအိုဆရာ လုံရှန်းနှင့် လော့ဝမ်ထျန်းတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီး နှစ်ဦးလုံး ပြုံးလိုက်ကြသည်။ လင်ရူဟွာကို ပေါ့ပေါ့ပါးပါး အကဲခတ်လိုက်၏။

သူမ၏ အမူအရာနှင့် ပုံပန်းသဏ္ဌာန်ကို ကြည့်ရုံဖြင့် သူမ၏ စိတ်ဓာတ်၊ အကျင့်စရိုက် အရိပ်အယောင်များကို ဖော်ပြနေပြီး၊ သူတို့ စိတ်ထဲမှ တိတ်တဆိတ်

ခေါင်းညိတ်လိုက်ကြသည်။

လော့ဝမ်ထျန်းက ရယ်မောပြီး ပြောသည်။

"ရူဟွာ။ ဒီလောက် တရားဝင်လုပ် နေစရာ မလိုပါဘူး။ ဒီ ပိုင်ရှန်း ကောင်လေး မင်း အကြောင်း ပြော တာ ကို ငါ အရင်က ကြား ဖူး ပါတယ်။ တစ်ခါ တုန်းက မင်း ကြောင့် သူ လက် တစ်ဖက် ပြတ် တော့ မလို့ ဖြစ်သွား တယ် ဆိုကွ။ အဲ့ဒီ အကြောင်းကို လပေါင်း များစွာ ထိုင် ပြော နေတာ။ မင်း ငါ့ကို အစ်ကိုကြီး လို့ ခေါ် နိုင်တယ် နော်"

လင်ရူဟွာသည် စိတ်လှုပ်ရှား မနေတော့ဘဲ ကျန်းပိုင်ရှန်းကို မသိမသာ ဆွဲလိမ်လိုက်သည်။

တစ်ဖက်တွင် ကျန်းပိုင်ရှန်းသည် မျက်နှာ အနေအထားရ ခက်စွာ ခေါင်းခါလိုက်သည်။

..ဒီအရှက်ရစရာ အတိတ်ကနေတော့ လွတ်လမ်းမရှိတော့ဘူးဆိုတာ သူ သိလိုက်ပါပြီ။..

တာအိုဆရာ လုံရှန်းကလည်း ကြင်နာစွာ ရယ်မောခဲ့သော်လည်း၊ လင်ရူဟွာကို သူ့အား ဆရာဟု ခေါ်ရန် မတောင်းဆိုခဲ့ပေ။

ထိုအရာက သူတို့ နှစ်ဦး လက်ထပ်ပြီးမှသာ စောင့်ဆိုင်းရမည် ဖြစ်သည်။

"ပိုင်ရှန်း။ မင်း အရင် ပြော ခဲ့တဲ့ အရေးကြီးတဲ့ ကိစ္စက ဘာလဲ" ဟု သူက မေးလိုက်သည်။

ထိုအခါ ကျန်းပိုင်ရှန်းသည် လေးနက်သော အမူအရာသို့ ပြောင်းလိုက်ပြီး ဖြည်းညင်းစွာ ဆိုသည်။

"ဒါက ရူဟွာရဲ့ နောက်ခံအသိုင်းအဝိုင်း နဲ့ ပတ်သက် နေတယ် ဆရာ။ သူမက 'မိစ္ဆာဂိုဏ်း' ရဲ့ ဒုတိယ ဂိုဏ်းချုပ် (၃) ယောက်ထဲက တစ်ယောက် ဖြစ်တဲ့ 'လင်ရွှယ်ရွှမ်' ရဲ့ သမီး ပါ"

တာအိုဆရာ လုံရှန်းနှင့် လော့ဝမ်ထျန်းတို့၏ မျက်နှာများ တင်းမာသွားသော်လည်း၊ ကျန်းပိုင်ရှန်း၏ စရိုက်သဘာဝအရ မဆင်မခြင် ပြုမူတတ်သူ မဟုတ်မှန်း သိသဖြင့် လျင်မြန်စွာ ပြန်လည် ပေါ့ပါးသွားကြသည်။

လင်ရူဟွာသည် သူတို့၏ မျက်နှာအမူအရာ ပြောင်းလဲမှုများကို ကြည့်ရင်း၊ အတွင်းစိတ်မှ သက်သာရာ ရသွားကာ ဦးညွှတ်လိုက်သည်။

"စစ်မှန်သူ နဲ့ အစ်ကိုကြီး ရှင့်။ ဖြစ်ပုံက ဒီလို ပါ"

သူမသည် 'မိစ္ဆာဂိုဏ်း' နှင့် 'တောင်ပိုင်းနယ်စပ်' တို့၏ 'အစစ်အမှန်သိုင်းဂိုဏ်း' အပေါ် ယခင် အစီအစဉ်များကို ဖြည်းညင်းစွာ ဖွင့်ဟလိုက်သည်။ ချင်ယွင်၏ လက်ရှိ အခြေအနေကိုလည်း ပြောပြခဲ့သည်။

သူမ ပြော ပြီး သွားသောအခါ..

တာအိုဆရာ လုံရှန်း၏ မျက်နှာအမူအရာသည် ရှုပ်ထွေးနေ၏။

'အစစ်အမှန်သိုင်း' စစ်ဆေးမှု လျှို့ဝှက်စာ အဖြစ်အပျက် ဖြစ်ပွားစဉ်က၊ သူတို့ ခန့်မှန်းချက်များစွာ ပြုလုပ်ခဲ့ကြသည်။ ဘယ်သူ လုပ်မှန်း မသိခဲ့ဘဲ၊ အခုတော့ ဒါက ချင်ယွင် ဖြစ်နေသည်။ ချင်ယွင်၏ လက်ရှိ အခြေအနေကို ထည့်သွင်း စဉ်းစားမိသောအခါ၊ သူ အနည်းငယ် နှမြောတသ ဖြစ်သွားသည်။

အတွေးမှား တစ်ချက်က ယခုလို ဝမ်းနည်းစရာ အခြေအနေကို ဖြစ်စေခဲ့သည်ပင်။

လော့ဝမ်ထျန်းသည်လည်း စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး၊ ကျေးဇူးတင်စွာဖြင့် ပြောကြားလိုက်၏။

"ကျေးဇူးတင်ပါတယ် ရူဟွာ။ အစ်ကိုကြီးတို့ကို အသိ ပေး တဲ့ အတွက်"

အတိတ်နှင့် ပစ္စုပ္ပန်ကို ရှင်းလင်းစွာ နားလည်သွားသည်နှင့်၊ 'မိစ္ဆာဂိုဏ်း' နှင့် 'တောင်ပိုင်းနယ်စပ်' တို့သည် 'ချင်ပြည်နယ်' အခြေစိုက်စခန်း ပျက်စီးမှုကြောင့် 'အစစ်အမှန်သိုင်းဂိုဏ်း' ကို သံသယ ဝင်ခဲ့ကြကြောင်း သူတို့ သဘောပေါက်သွားသည်။

အထူးသဖြင့် 'မိစ္ဆာဂိုဏ်း' ၏ နောက်ဆက်တွဲ အစီအစဉ်များနှင့် လုပ်ဆောင်ချက်များသည် 'အစစ်အမှန်သိုင်းဂိုဏ်း' အတွက် အလွန် အရေးကြီးသည်။ ကြိုတင် သိရှိထားခြင်းက တန်ပြန် အကွက် ချ နိုင်စေသည်။

လော့ဝမ်ထျန်း သိသည်။

လင်ရူဟွာက ဒီလျှို့ဝှက်ချက်တွေကို ဖွင့်ဟရဲသည် ဆိုသည်က မိမိ၏ ငါးယောက်မြောက် ဂျူနီယာ ညီငယ်လေးအပေါ် နက်နက်ရှိုင်းရှိုင်း သံယောဇဉ် တွယ်နေပြီး၊ ကြီးမားသော စွန့်လွှတ် အနစ်နာခံမှုတွေ လုပ်နေတာ ဖြစ်ရပါမည်။

လင်ရူဟွာက သူမ၏ လက်ကို အကြိမ်ကြိမ် ခါယမ်းလိုက်ပြီး၊ မျက်နှာ အနည်းငယ် နီရဲလာသည်။

"အစ်ကိုကြီး၊ အား နာ စရာ ကြီး ရှင်"

သူမ အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။

"နောက်ထပ် ကိစ္စ တစ်ခု ရှိပါသေးတယ်။ 'အစစ်အမှန်သိုင်းဂိုဏ်း' မှာ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကြီးကြပ် နေပေမဲ့၊ 'မိစ္ဆာဂိုဏ်း' နဲ့ 'တောင်ပိုင်းနယ်စပ်' မှာ နက်ရှိုင်းတဲ့ အခြေခံ အုတ်မြစ် တွေ ရှိပါတယ်။ မဟာမိတ် ဖွဲ့ ပြီး နောက် သူတို့ 'သိုင်းသူတော်စင်' အဆင့် ကို ချိုးဖြတ်ဖို့ လျှို့ဝှက် ကြံစည် နေကြပါတယ်။ တစ်ယောက် အားနည်းချက်ကို တစ်ယောက် ဖြည့်စွက် နေကြတာပါ ။ တကယ်လို့ ဘယ် ဘက်က မဆို 'သိုင်းသူတော်စင်' တစ်ယောက် မွေးဖွား လာခဲ့ရင် ဒါ ပရမ်းပတာ တွေ ဖြစ်စေ နိုင်တယ်။ 'မဟာယန်' ကို စစ် ကြေညာ ပြီး 'အစစ်အမှန်သိုင်းဂိုဏ်း' ကို အောင်ပွဲခံ ယဇ် ပူဇော်တဲ့ အလံ အဖြစ် အသုံး ပြု နိုင်ခြေ ရှိတယ်ရှင့်"

"စစ်မှန်သူ နဲ့ အစ်ကိုကြီး တို့ ကြိုတင် ပြင်ဆင် ထား နိုင်ဖို့ ရူဟွာ မျှော်လင့် ပါတယ်"

ဤသို့ ပြောပြီးနောက်၊ သူမ သိသမျှ အရာအားလုံးကို ဖွင့်ဟပြီး ဖြစ်၍ လုံးဝ ပေါ့ပါး သက်သာသွားသည်ဟု ခံစားလိုက်ရသည်။

တောက်ပအလင်း သိုင်းခန်းမဆောင်သည် တိတ်ဆိတ်သွား၏။

တာအိုဆရာ လုံရှန်း၏ မျက်နှာအမူအရာ လေးနက်သွားသည်။

လော့ဝမ်ထျန်းနှင့် ကျန်းပိုင်ရှန်းတို့ အံ့အားသင့်သွားကြသည်။

သိုင်းသူတော်စင် တစ်ပါး၏ ဖိအားသည် မယုံနိုင်လောက်အောင်

လွှမ်းမိုးနိုင်လွန်းသည်။

ကျန်းပိုင်ရှန်း၏ မျက်နှာ ဖြူဖျော့သွားသည်။

သူ လင်ရူဟွာကို ငေးကြည့်ရင်း၊ အနည်းငယ် စိတ်လွတ်သွားသလို ဖြစ်ကာ စိုးရိမ်တကြီး ပြောသည်။

"'သိုင်းသူတော်စင်' ဟုတ်လား။ ဘယ်လို ဖြစ် နိုင်မှာ လဲ။ 'မဟာယန်' အုပ်ချုပ်မှု အောက်မှာ 'သိုင်းသူတော်စင်' တစ်ယောက် မမွေးဖွား တာ ခေတ် ပေါင်း ကြာ နေပြီ လေ။ 'မိစ္ဆာဂိုဏ်း' နဲ့ 'တောင်ပိုင်းနယ်စပ်' က ဘယ်လို လွယ်လွယ် ကူကူ 'သိုင်းသူတော်စင်' တစ်ယောက် ရနိုင် မှာ လဲ"

ထိုအခါ လင်ရူဟွာက ကျန်းပိုင်ရှန်း၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်ရင်း ပြောပြလာသည်။

"တကယ်တော့ 'မိစ္ဆာဂိုဏ်း' နဲ့ 'တောင်ပိုင်းနယ်စပ်' မှာ 'သိုင်းသူတော်စင်' အဆင့် ကို ရောက်ဖို့ ပြင်ပ အင်အား တွေ သုံးတဲ့ နည်းလမ်း တွေ အမြဲ ရှိ ခဲ့တယ်။ နှစ်ပေါင်း တစ်ထောင် လောက် ကြိုးစား နေခဲ့တာ။ အခု သူတို့ အောင်မြင်ခါနီး နေပြီ။ လွန်ခဲ့တဲ့ နှစ်တစ်ရာ က စမ်းသပ်မှု တစ်ခု ပဲ ရှိသေးတယ်။ သူတို့ 'မဟာယန်' ရဲ့ 'သိုင်းသူတော်စင်' တွေ အားနည်း လာ မှာ ကို စောင့်ဆိုင်း နေခဲ့တာ။ ဒီ အခွင့်အရေး ကို ရဖို့ အတွက် ပေါ့"

"အခု မဟာမိတ် ဖွဲ့ ပြီး နောက် သူတို့ တိုးတက်မှု တွေ ပို မြန် လာတယ်"

ထိုစဉ် လော့ဝမ်ထျန်းက မမေးဘဲ မနေနိုင်တော့ပေ။

"ရူဟွာ။ 'မိစ္ဆာဂိုဏ်း' နဲ့ 'တောင်ပိုင်းနယ်စပ်' က 'သိုင်းသူတော်စင်' တစ်ယောက် ဘယ်လောက် မြန်မြန် မွေးဖွား လာနိုင်မလဲ ဆိုတာ မင်း သိလား"

"အသေးစိတ် တော့ ကျွန်မ မသိ ပါဘူး။ ဒါက 'မိစ္ဆာဂိုဏ်း' ရဲ့ ထိပ်တန်း လျှို့ဝှက်ချက် ပါ။ ကျွန်မ ဒီ သတင်းအချက်အလက်ကို အမေ့ဆီက မတော်တဆ သိ လိုက်ရတာ။ ဒါပေမဲ့ သူတို့ မကြာသေးခင်က လှုပ်ရှားမှု တွေ ကို ကြည့် ပြီး ဆုံးဖြတ် ရရင် အ နောက် ကျ ဆုံး (၃) နှစ် ထက် ပို ကြာ မှာ မဟုတ်ဘူး" ဟု လင်ရူဟွာက တောင်းပန်သလို မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။

တာအိုဆရာ လုံရှန်းသည်လည်း သူ၏ နှလုံးသားထဲတွင် မတည်ငြိမ်မှုကို ခံစားလိုက်ရသည်။

ဆိုလိုတာက.. (၃) နှစ်ထက် မပိုသည့် အချိန်အတွင်းမှာ လောကကြီးက အကြီးအကျယ် ပြောင်းလဲတော့မည်။

ကြိုတင် မြင်ယောင်နိုင်သည်မှာ၊ 'တောင်ပိုင်းနယ်စပ်' နှင့် 'မိစ္ဆာဂိုဏ်း' နှစ်ဖက်လုံးတွင် 'သိုင်းသူတော်စင်' တစ်ဦး မွေးဖွားလာခဲ့လျှင်၊ သူတို့သည် 'မဟာယန်' ၏ အုပ်ချုပ်မှုကို မလွဲမသွေ စိန်ခေါ်ကြလိမ့်မည်။

နှစ်ပေါင်း နှစ်ထောင်ကြာ စိုးမိုးထားမှုသည် အမှန်တကယ်ပင် ရှည်လွန်းလှပြီ။

မူလက 'အစစ်အမှန်သိုင်းဂိုဏ်း' သည် ထိုးတက်လာပြီဟု ထင်ခဲ့သော်လည်း၊ မမျှော်လင့်ဘဲ ဤကဲ့သို့ ကြီးမားသော အပြောင်းအလဲနှင့် ရင်ဆိုင်ရသည်။

ထိုမျှမက၊ 'အစစ်အမှန်သိုင်းဂိုဏ်း' က ရှေ့ဆုံးတန်းမှာ ရောက်နေသည်။

ယခင်က 'ချင်ပြည်နယ်' အခြေစိုက်စခန်းကို ဖျက်ဆီးခဲ့တာကြောင့် 'အစစ်အမှန်သိုင်းဂိုဏ်း' နှင့် ထို နှစ်ဖွဲ့ကြားက ပဋိပက္ခက ပြန်လည် ဖြေရှင်း၍ မရတော့ပေ။ ထို့အပြင် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ ကျော်ကြားမှုက ပိုကြီးလေလေ၊ ခွန်အား ပြဖို့အတွက် ယဇ်ပူဇောသော ပစ်မှတ် အဖြစ် ပိုကောင်းလေလေတည်း။

ထိုအခိုက်အတန့်၌ကား၊ 'အစစ်အမှန်သိုင်းဂိုဏ်း' အပေါ်၌ အချိန်မရွေး ခုတ်ပိုင်းချရန် အသင့်အနေအထားဖြင့်၊ နတ်ဆိုး ဓားတစ်လက် ပျံဝဲနေသကဲ့သို့ ရှိနေသည်။

(၃) နှစ်ထက် မပိုဘူးဟူ၍ တော့ ပြောသည်ပင်။

သို့သော်ငြား 'မိစ္ဆာဂိုဏ်း' က (၂) နှစ်၊ ဒါမှမဟုတ် (၁) နှစ်လောက် စောပြီး 'သိုင်းသူတော်စင်' မွေးဖွားလာခဲ့လျှင် မည်သို့ ဖြေရှင်းကြမည်နည်း။ မည်သူမျှ သေချာ မပြောနိုင်ကြပါပေ။

တာအိုဆရာ လုံရှန်းသည် သူ၏ နောက်ကွယ်မှ ကန့်လန့်ကာဆီသို့ မသိမသာ အကြည့်တစ်ချက် လှမ်းပစ်လိုက်ပြီး၊ သင်ပြင်းရှည်ကြီး ရှူထုတ်လိုက်ကာ ပြောသည်။

"ဒီ သတင်း က ငါတို့ အတွက် အရမ်း အရေးကြီးတယ်။ ကျေးဇူးတင်ပါတယ် ရူဟွာ"

သူ အသိအမှတ်ပြုသည့်အနေဖြင့် အနည်းငယ် ကိုင်းညွှတ်လိုက်သည်။

အကယ်၍ လင်ရူဟွာ၏ သတင်းအချက်အလက်သာ မရှိခဲ့လျှင်၊ 'အစစ်အမှန်သိုင်းဂိုဏ်း' က ခြိမ်းခြောက်နေသော အကျပ်အတည်းကို လုံးဝ သိရှိမည် မဟုတ်ပါ။

လင်ရူဟွာက အလျင်အမြန် နောက်ဆုတ်လိုက်ပြီး လက်များကို ခါယမ်းလိုက်သည်။

"စစ်မှန်သူ… အား နာ စရာ ကြီး ရှင်။ ပိုင်ရှန်း ရဲ့ ဂိုဏ်း က ကျွန်မ ရဲ့ ဂိုဏ်း ပါပဲ။ ကျွန်မတို့ အချင်းချင်း သဘောကျနေကြ တာ ပဲ"

တာအိုဆရာ လုံရှန်း စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

သူ အသက် အနှစ် (၁၀၀) နီးပါး နေလာခဲ့၏။

လူငယ်တွေထက် အရာရာကို ပိုရှင်းရှင်းလင်းလင်း မြင်သည်။ လင်ရူဟွာ၏ နှလုံးသားက သူ၏ ငါးယောက်မြောက် တပည့်အပေါ်မှာ ချည်နှောင်ထားမှန်း သူ သဘာဝအတိုင်း မသိဘဲ ရှ်ိပါရိုးလား။

သည်အခြေအနေက လင်ရူဟွာအတွက်လည်း မတရားပေ။

'မိစ္ဆာဂိုဏ်း' နှင့် 'အစစ်အမှန်သိုင်းဂိုဏ်း' က ရန်သူတွေ။

လင်ရူဟွာက 'မိစ္ဆာဂိုဏ်း ဒု-ဂိုဏ်းချုပ်' ၏ သမီး၊ ကျန်းပိုင်ရှန်းက သူ့တပည့်။

သူတို့ အောင်မြင်သွားလျှင်ပင် တစ်ယောက်ယောက်က မလွဲမသွေ နာကျင်ခံစားရပေမည်။

တာအိုဆရာ လုံရှန်း ပိုပြီး စဉ်းစားဖို့ လိုအပ်လာလေပြီ။

ဖြစ်နိုင်တာက အကောင်းဆုံး နည်းလမ်းကတော့ သူတို့ နှစ်ယောက်လုံးကို ဒီပြဿနာ၏ အလယ်ခေါင်မှာ ဝင်မပါအောင် ထားဖို့ပင်။

All Chapters