← Chapters

တာအို တစ်သောင်း မျှော်စင်၊ နိဂုံးချုပ် နှင့် နောက်ဆက်တွဲ (၃)

Vol. 15 Ch. 213

တာအို တစ်သောင်း မျှော်စင်၊ နိဂုံးချုပ် နှင့် နောက်ဆက်တွဲ (၃)

Vol. 15 Ch. 213

~သူသည် လော့ဝမ်ထျန်းနှင့် တာအိုဆရာ လုံရှန်းတို့အား ထိုကိစ္စအကြောင်း အသိပေးလိုက်ရာ၊ ထိုသူနှစ်ဦးလုံးမှာ သဘာဝအတိုင်းပင် အလွန် ပျော်ရွှင်သွားကြပြီး၊ မည်သို့သော ကန့်ကွက်ချက်မျှ မရှိခဲ့ကြပေ။

ထိုည၌ပင်။

တာအိုဆရာ လုံရှန်းသည် ကိုယ်တိုင် 'ဓားမျှော်စင်' ကို တောင်တံခါးဝ၏ အခြားတစ်ဖက်သို့ ရွှေ့ပြောင်းလိုက်ပြီး၊ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' နှင့် အလွန် လှပစွာ ထင်ဟပ်နေစေသည်။

သူသည် မျှော်စင်ပေါ်မှ နာမည်ကိုပင် 'တာအို တစ်သောင်း မျှော်စင်' ဟု ပြောင်းလဲခဲ့သည်။

ရက်အနည်းငယ် ကြာပြီးနောက်၊

ထန်ချုံးသည် 'ဓားသိုင်း ရှာဖွေ စံအိမ်' မှ ပညာရှင်တစ်စုနှင့်အတူ ယခင် ညှိနှိုင်းထားသော လျော်ကြေးများ အားလုံးကို လာရောက် ပို့ဆောင်ပေးသည်။ ရတနာများ၊ ရှေးဟောင်း စာအုပ်များ အားလုံးကို လှည်းများဖြင့် အစစ်အမှန်သိုင်းဂိုဏ်း အတွင်းသို့ သယ်ဆောင်လာခဲ့သည်။

တစ်ချိန်က သူတို့၏ 'အမွေအနှစ် ဓားမျှော်စင်' ကြီးသည် ယခုအခါ အစစ်အမှန်သိုင်းတောင်၏ တံခါးဝ အပြင်ဘက်တွင် ရပ်တည်နေပြီး၊ 'တာအို တစ်သောင်း မျှော်စင်' ဟု အမည်ပြောင်းခံထားရသည်ကို မြင်တွေ့လိုက်ရသောအခါ၊ သူတို့၏ နှလုံးသားများ စုတ်ပြတ်သတ်မတတ် နာကျင်သွားကြရ၏။

ဒါ ဒါ ကိုယ့်မိန်းမကို ရန်သူလက်ထဲ ထိုးအပ်လိုက်ရပြီး ရန်သူ ကြိုက်နှစ်သက်တဲ့ အဝတ်အစားတွေ အတင်း ဝတ်ဆင်ခိုင်းထားတာကို ဘေးကနေ ရပ်ကြည့်နေရသလိုပဲ။

သူတို့၏ မျက်လုံးများ နီရဲတက်လာသည်။

သို့သော် သူတို့ ခံစားနေရသမျှမှာ နက်ရှိုင်းသော အင်အားမဲ့မှု ခံစားချက်တစ်ခုသာ ဖြစ်သည်။

"ဂိုဏ်းချုပ် ထန် နှစ်ပေါင်း (၂၀၀) တံခါးပိတ် ကျင့်ကြံရမှာနော်။ တကယ်လို့ 'ဓားသိုင်း ရှာဖွေ စံအိမ်' က ကတိမတည်ဘူး ဆိုရင်တော့ သိုင်းလောကက မိတ်ဆွေ အများအပြားက ခင်ဗျားတို့ ဘက်မှာ ရပ်တည်ကြမှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်"

လော့ဝမ်ထျန်းသည် တည်ငြိမ်စွာ ပြောလိုက်သော်လည်း၊ သူ၏ စကားများထဲ၌ ခြိမ်းခြောက်မှု အရိပ်အယောင် ခပ်ဖျော့ဖျော့ ပါဝင်နေသည်။

သူက အမှန်တရားကို ပြောနေသည်သာ။

ထိုသို့ သတိပေးသည်ကို

ကြားလိုက်ရသောအခါ ထန်ချုံး၏ မျက်နှာတွင် ခါးသီးသော အမူအရာတစ်ခု ထင်ဟပ်လာသည်။

"ကျွန်တော် နားလည်ပါတယ်။ ဂိုဏ်းကို ပြန်ရောက်တာနဲ့ နှစ်ပေါင်း (၂၀၀) တောင်တံခါး ပိတ်မယ့်အကြောင်း ကြေညာပါ့မယ်"

လော့ဝမ်ထျန်းက ခပ်ဖျော့ဖျော့ ခေါင်းညိတ်လိုက်သည်။

"ဂရုစိုက်သွားပါ"

သူသည် ထန်ချုံးနှင့် သူ၏ အဖော်များ၏ အထီးကျန်ဆန်သော ကျောပြင်များကို သနားညှာတာမှု အရိပ်အယောင် တစ်စက်မျှ မရှိဘဲ ကြည့်နေလိုက်သည်။

ဒါတွေအားလုံးက သူတို့ ကိုယ်တိုင် လုပ်ခဲ့တာတွေ ဖြစ်လေသည်။

အကယ်၍သာ ယခင်က ကူချန်းဟဲသာ အနိုင်ရသွားခဲ့လျှင်၊ အစစ်အမှန်သိုင်းဂိုဏ်း၏ အဆုံးသတ်သည်လည်း ကောင်းမွန်လိမ့်မည် မဟုတ်ပေ။ 'နှလုံးသား စစ်မေးခြင်း စင်မြင့်' နှင့် 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' အပါအဝင် အခြားသော အခြေခံအုတ်မြစ်များကိုပါ လုယူသွားနိုင်ဖွယ် ရှိသည်။

သူသည် ဤကိစ္စအပေါ် ဆက်လက်၍ အာရုံမစိုက်တော့ပေ။

ထိုအချိန်တွင် လော့ဝမ်ထျန်းနှင့် နင်ချီတို့ မတိုင်ပင်ထားဘဲ အချင်းချင်း ပြုံး၍

ကြည့်လိုက်ကြပြီးနောက် 'ဓားသိုင်း ရှာဖွေ စံအိမ်' မှ ပို့ဆောင်လာသော လျော်ကြေးများကို စတင် စာရင်းပြုစုကြသည်။ ၎င်းသည် ယခင် 'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' မှ ပေးအပ်ခဲ့သည်ထက် များစွာ ပိုများလေသည်။

နောက်ဆုံးတော့၊ နှစ်ထောင်ပေါင်းများစွာ ဓားတာအို အမွေအနှစ် ရှိခဲ့သော မြင့်မြတ်ရာ ဌာနတစ်ခု ဖြစ်သည်နှင့်အညီ၊ ဤ ရိတ်သိမ်းမှုသည် အစစ်အမှန်သိုင်းဂိုဏ်း၏ အခြေခံအုတ်မြစ်ကို ကြီးမားစွာ မြှင့်တင်ပေးနိုင်ရန် လုံလောက်ပေသည်။

မရေမတွက်နိုင်သော ရှေးဟောင်း စာအုပ်များအကြောင်းကိုတော့ ထပ်မံ ရှင်းပြနေစရာ မလိုတော့ပေ။

ပေးပို့လိုက်သော ရတနာများသည် နင်ချီအား ပြုံးမိသွားစေရန် လုံလောက်၏။ အကြောင်းမှာ သူသည် အားလပ်ချိန် အနည်းငယ် အသုံးပြု၍ ၎င်းတို့ကို ဆေးလုံးများအဖြစ် သန့်စင်နိုင်ပြီး၊ အစစ်အမှန်သိုင်းဂိုဏ်း တပည့်များ၏ ခွန်အား သတ္တိ တိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် ဖြစ်သည်။

'ကောင်းကင်မိုးကြိုး နည်းစနစ်' ကို ဖန်တီးပြီးနောက်၊ နင်ချီ၏ ကျင့်ကြံ ဆေးဖော်စပ်နိုင်စွမ်းသည် ထပ်မံ တိုးတက်လာခဲ့လေသည်။ ကောင်းကင်မိုးကြိုးမှတစ်ဆင့် သန့်စင်ထားသော ဆေးလုံးများတွင် ဘေးထွက်ဆိုးကျိုး မရှိပေ။ ဆေးပမာဏကိုသာ ထိန်းချုပ်နိုင်သရွေ့ပေါ့။

ကြိုတင် မြင်ယောင်နိုင်သည်မှာ။

အစစ်အမှန်သိုင်းဂိုဏ်းသည် ဤ ရိတ်သိမ်းမှုများကို အပြည့်အဝ ချေဖျက်ပြီးသည်နှင့်၊ ၎င်းသည် တာအို မြင့်မြတ်ရာ ဌာနတစ်ခု၏ ခန့်ညားထည်ဝါမှုကို အမှန်တကယ် ပိုင်ဆိုင်နိုင်တော့မည် ဖြစ်သည်။

အစစ်အမှန်သိုင်းဂိုဏ်းသည် တဖြည်းဖြည်း ပိုမို အင်အား တောင့်တင်းလာနေသည်။

နင်ချီ စိတ်ခံစားချက် ကောင်းနေလေ၏။

တစ်ယောက်ကို စံနမူနာပြလိုက်သည့် အကျိုးသက်ရောက်မှုက 'မိစ္ဆာဂိုဏ်း'နှင့် 'တောင်ပိုင်းနယ်စပ်' တို့၏ စမ်းသပ်မှုတွေကို ဟန့်တားဖို့ လုံလောက်သင့်ပြီ ထင်ပါသည်။ နောက်ထပ် အချိန် နည်းနည်းလောက် ရလိုက်လျှင်၊ ထိုနှစ်ဖွဲ့လုံးက ခြိမ်းခြောက်မှု တစ်ခုတောင် ဖြစ်လာတော့မှာ မဟုတ်‌ပါချေ။

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' နှင့် 'နှလုံးသားစူးစမ်းခြင်းဓား' တို့၏ တိုက်ပွဲ ရလဒ်သည် ရေပန်းစားနေဆဲဖြစ်ပြီး၊ လူအများအပြားက ဖြစ်ပေါ်တိုးတက်မှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြသည်။

ရက်အနည်းငယ် ကြာပြီးနောက်၊

သတင်း (၂) ခု ထပ်မံ ထွက်ပေါ်လာပြီး၊ ကမ္ဘာကြီးကို လှုပ်ခတ်သွားစေခဲ့သည်။

ပထမတစ်ခုမှာ 'ဓားသိုင်း ရှာဖွေ စံအိမ်' ၏ နှစ်ပေါင်း (၂၀၀) တံခါးပိတ်ခြင်း ဖြစ်သည်။

ဒုတိယတစ်ခုမှာ 'အစစ်အမှန်သိုင်းဂိုဏ်း' ၏ တောင်တံခါး ပြန်လည် ဖွင့်လှစ်ခြင်းနှင့်အတူ၊ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' နှင့် 'တာအို တစ်သောင်း မျှော်စင်' တို့ကို ဖွင့်လှစ်ကြောင်း ကြေညာခြင်း ဖြစ်သည်။

ဤသည်မှာ သိုင်းလောကကို ပိုမို အသက်ဝင် လှုပ်ရှားစေရုံသာမက၊ 'ဓားသိုင်း ရှာဖွေ စံအိမ်' နှင့် 'အစစ်အမှန်သိုင်းဂိုဏ်း' ကြားမှ ယခင် ပဋိပက္ခများကိုပါ လုံးဝ အဆုံးသတ်သွားစေခဲ့သည်။

'ဓားသိုင်း ရှာဖွေ စံအိမ်' ၏ နှစ်ပေါင်း (၂၀၀) တံခါးပိတ်ခြင်းသည် အဆုံးသတ် ရလဒ် ဖြစ်ကြောင်း သိရှိပြီးနောက်၊

လူအများအပြား သက်ပြင်းချကြသည်။

အချို့ကမူ မသဲမကွဲ နှမြောတသ ဖြစ်မိကြသည်။

တကယ်လို့သာ အစစ်အမှန်သိုင်းဂိုဏ်း အနေဖြင့် ပို၍ ရက်စက်နိုင်ခဲ့လျှင်၊ ‘ဓားသိုင်း ရှာဖွေ စံအိမ်’ ၏ ကျဆုံးခန်းကို သူတို့ကလက်ပိုက်ကြည့်နေနိုင်ခဲ့မည် ဖြစ်သည်။ ထို့နောက် ‘ကိုယ်ကျင့်တရား’ အလံကို လွှင့်ထူကာ အစစ်အမှန်သိုင်းဂိုဏ်းအား အပြစ်ဖို့ တိုက်ခိုက်နိုင်ခဲ့ပေမည်။

ထိုသို့သာဆိုလျှင် ကြီးမားသော ဆုလာဘ်နှစ်ခုအား တစ်ပြိုင်နက်တည်း ဆွတ်ခူးနိုင်ခဲ့မည် ဖြစ်လေ၏။

သို့သော် ကံမကောင်းစွာပင်၊

အရာရာသည် လူများ ဆန္ဒရှိသလို ဖြစ်မလာခဲ့ပါလေ။

သို့သော်လည်း နောက်ဆက်တွဲ အဖြစ်၊

လူတိုင်း၏ အာရုံစိုက်မှုသည် 'အစစ်အမှန်သိုင်းဂိုဏ်း' ထံသို့ လုံးလုံးလျားလျား ပြောင်းရွှေ့သွားသည်။

'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ပြန်လည် ဖွင့်လှစ်ခြင်းသည် ဓားသမားများစွာကို သဘာဝအတိုင်း စိတ်လှုပ်ရှားပြီး သည်းထိတ်ရင်ဖို ဖြစ်စေသည်။

မူလကတည်းက 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' သည် လူသိများပြီး ဖြစ်သော်လည်း၊ ယခု ကျောက်စာတိုင်က ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်၍ 'နှလုံးသားစူးစမ်းခြင်းဓား' ကို သတ်ဖြတ်ခဲ့သည့် ဤအဖြစ်အပျက်ပြီးနောက်၊ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို အထင်သေးခဲ့ကြကြောင်း ပေါ်လွင်သွားလေ၏။

သို့သော် အချို့က မတွေးဘဲ မနေနိုင်ခဲ့ကြ။

"'တာအို တစ်သောင်း မျှော်စင်' ဟုတ်လား။ ဒါက ဘာကြီးလဲ"

အချို့သော သတင်းအချက်အလက် ကောင်းကောင်း သိရှိသူများက စုံစမ်းမေးမြန်းပြီးနောက်၊ သူတို့သည် ကြောင်ငေး သွားကြပြီး၊ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် သတင်းကို ဖြန့်ဝေကြတော့သည်။

"ဘာ။ 'တာအို တစ်သောင်း မျှော်စင်' ဆိုတာ 'ဓားသိုင်း ရှာဖွေ စံအိမ်' ရဲ့ 'အမွေအနှစ် ဓားမျှော်စင်' ဟောင်း ဟုတ်လား"

"အစစ်အမှန်သိုင်းဂိုဏ်းက မယုံနိုင်လောက်အောင် ရဲရင့်တာပဲ။ သူတို့က ဒီလို အမွေအနှစ် လက်နက် ပစ္စည်းမျိုးကို တကယ် ထုတ်ပြ ရဲတယ်။ 'ဓားသိုင်း ရှာဖွေ စံအိမ်' နဲ့ နှိုင်းယှဉ်မှုက ချက်ချင်း သိသာ သွားရော"

"ဒါတင် မကသေးဘူး။ စံနှုန်း ကိုက်ညီတဲ့ သိုင်းပညာရှင် အားလုံး 'တာအို တစ်သောင်း မျှော်စင်' ထဲ ဝင်လို့ရတယ်။ ဒါပေမဲ့ တစ်ခု ကို တစ်ခု လဲရမယ်။ ထိုးထွင်း သိမြင်မှု တစ်ခု ရရင် နောက်တစ်ခု ပြန်ချန်ထားခဲ့ရမယ်။ ဒါပေမဲ့ ကြည့်ရတာ 'တာအို တစ်သောင်း မျှော်စင်' ထဲမှာ ရှိတာ အများစုက ဓားတာအို ထိုးထွင်းအမြင်တွေပဲ ဖြစ်နေသေးပုံပဲ"

ဤသို့ ဤပုံလျှင်..ဆွေးနွေးသံများ.. ရှစ်ခွင်တိုင်းအနှံ့ ပေါ်ပေါက်လာတော့သည်။

အချို့လူများက ဤ 'တာအို တစ်သောင်း မျှော်စင်' သည် ၎င်း၏ နာမည်နှင့် မလိုက်ဖက်ဟု ခံစားရပြီး၊ တာအိုအားလုံးဟု ကန့်ကွက်ကြသော်လည်း ဓားတာအိုကသာ လွှမ်းမိုးထားဆဲ ဖြစ်နိုင်သည်ဟုလည်း ဆိုကြလေသည်။

အချို့ကမူ 'တာအို တစ်သောင်း မျှော်စင်' သည် လျှို့ဝှက် ကြံစည်မှု တစ်ခု ဖြစ်နိုင်သည်ဟု ထင်ကြေးပေးကြပြီး၊ အစစ်အမှန်သိုင်းဂိုဏ်းသည် အခြားသူများ၏ သိုင်းတာအိုများကို သိမ်းပိုက်ရန် ရည်ရွယ်နေသည်ဟု သံသယ ဝင်ကြသည်။

သို့သော် လူအများစုမှာမူ အစစ်အမှန်သိုင်းဂိုဏ်း၏ ရဲရင့်မှုကို အံ့ဩနေကြသည်။

ယခင် 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို ဖွင့်လှစ်ခဲ့ခြင်းသည် သူတို့အတွက် ကောင်းသတင်း များစွာ ရရှိစေခဲ့ပြီး ဖြစ်ကာ၊ ယခု 'တာအို တစ်သောင်း မျှော်စင်' ကို ဖွင့်လှစ်ခြင်းနှင့်အတူ ပို၍ပင် ဖြစ်သည်။

လူတိုင်း သိကြသည်။

'ဓားသိုင်း ရှာဖွေ စံအိမ်' ကို နင်းတက်ပြီး 'အစစ်အမှန်သိုင်းဂိုဏ်း' ၏ ထိုးတက်လာမှုသည် ၎င်း၏ အခြေခံအုတ်မြစ်ကို ကြီးမားစွာ တိုးမြှင့်ပေးခဲ့ပြီး၊ မရေမတွက်နိုင်သော ရတနာများကို ရိတ်သိမ်းကာ၊ အခြားသူများကို မနာလို ဖြစ်စေခဲ့သည်။

သို့သော် ယခု။

အစစ်အမှန်သိုင်းဂိုဏ်းက 'တာအို တစ်သောင်း မျှော်စင်' ကို မျှဝေလိုက်ခြင်းသည် တစ်နည်းအားဖြင့် ကမ္ဘာကြီးကို တိတ်ဆိတ် သွားစေရန် လုံလောက်ပြီး၊ အခြားသူများအား အစစ်အမှန်သိုင်းဂိုဏ်း၏ အခြားသော အောင်မြင်မှုများအတွက် မနာလို မဖြစ်အောင် တားဆီးနိုင်ခဲ့သည်။

ယင်းကား လူ့သဘာဝတည်း။

ရှည်လျားသော အမွေအနှစ် ပိုင်ဆိုင်ထားသည့် အချို့သော သိုင်းဂိုဏ်းများကမူ အစစ်အမှန်သိုင်းဂိုဏ်း၏ ထိုးတက်လာမှုကို မတားဆီးနိုင်တော့ကြောင်း တိတ်တဆိတ် ညည်းညူကြလေသည်။

သူတို့တွင် အခြေခံအုတ်မြစ်အဖြစ် အထွတ်အထိပ် ပညာရှင်ကြီးများ ရှိနေရုံသာမက၊ ရေရှည် မျှော်မှန်းချက်လည်း မနည်းပါးဘဲ၊ သူတို့၏ ထိုးတက်လာမှုမှာ မလွှဲမရှောင်သာ ဖြစ်သည်။

အချို့မှာ ကြေကွဲစွာ နောင်တရကြသည်။

ယခင် အစစ်အမှန်သိုင်းဂိုဏ်း၏ စစ်ဆေးမှုတွင် မပါဝင်ခဲ့မိဘဲ၊ ထိုးတက်ရန် အခွင့်အရေးတစ်ခုကို လွဲချော်ခဲ့ရသောကြောင့် ဟူသတည်း။

'မြို့စောင့်မြောက်ပိုင်းဘုရင်' သည် ဤသတင်းကို ကြားသောအခါ ပြုံးလျက် ခေါင်းခါလိုက်မိ၏။

သူ၏ သတိပေးချက်များမှာ အနည်းငယ် မလိုအပ်ခဲ့ကြောင်း သူ သဘောပေါက်သွား၏။ အစစ်အမှန်သိုင်းဂိုဏ်းသည် ဘာလုပ်ရမည်ကို ရှင်းလင်းစွာ သိရှိပြီး သူတို့၏ အတိုင်းအတာ ရှိကြသည်။

"ဒါပေမဲ့ ဒီတစ်ခါတော့ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က 'မဟာယန်' ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လူတွေရဲ့ အမြင်ထဲကို အမှန်တကယ်ဝင်ရောက်သွား

နိုင်လောက်တယ်။ ဒါပေမဲ့ အဲ့ဒီ တစ်ယောက်ရဲ့ အကြည့်ကို ဖမ်းစားနိုင်ပါ့မလားတော့ မသိဘူး"

သူသည် အဝေးတစ်နေရာသို့ လှမ်းမျှော် ကြည့်လိုက်သည်။

'ယန်ပြည်နယ်' ၏ 'နန်းတော်မြို့တော်' ရှိရာ ဦးတည်ရာသို့ တည်း။

All Chapters