အထွတ်အထိပ် ပညာရှင်ကြီးများ၊ ဓားသိုင်း ရှာဖွေ စံအိမ်၏ ရှေးဟောင်းသိုင်းကျမ်းများ
Vol. 15 Ch. 214
~ယန်ပြည်နယ်..၊
၎င်းသည် မဟာယန်၏ ဗဟိုဒေသ ဖြစ်ပြီး၊ သိုင်းတာအို အစည်ကားဆုံးသော မြေလည်း ဖြစ်သည်။ သို့သော်လည်း ယန်ပြည်နယ်တွင် သိုင်းဂိုဏ်းများမှာ မထွန်းကားလှပေ။ အကြောင်းမှာ ဧကရာဇ်၏ အခွင့်အာဏာအောက်တွင် နန်းတော်၏ အာဏာစက်က အထွတ်အထိပ် ဖြစ်နေသောကြောင့်တည်း။
အစိုးရ အဖွဲ့အစည်း အသီးသီးက သိုင်းပညာရှင်များကို ပူးတွဲ၍ မွေးထုတ်ပေးနေကြ၏။ သိုင်းပညာ တက္ကသိုလ်များက နေရာအနှံ့တွင် ရှိနေပြီး၊ ထို့အပြင်၊ စစ်ဘက်ဆိုင်ရာ အင်အားစု အသီးသီးကလည်း ဤနေရာတွင် သွေးသစ်များကို အဆက်မပြတ် စုဆောင်းနေကြသည်။
'နန်းတော်မြို့တော် တိုက်အန်း' တွင်မူ၊ အလွန်တရာ အရေးပါသော ပုဂ္ဂိုလ်ကြီး မြောက်များစွာ ရှိနေသေးသည်။
'မီးလျှံသိုင်း စစ်သူကြီးချုပ်' ၏ စံအိမ်၌..၊
စံအိမ်ကြီးသည် ထင်ထားသလောက် ခမ်းနားကြီးကျယ်ခြင်း မရှိသော်လည်း၊ နန်းတော်ကြီးနှင့် နီးကပ်စွာ တည်ရှိနေခြင်းကပင် ၎င်း၏ အဆင့်အတန်းကို သက်သေခံနေသည်။
ကြေးရုပ်ကြီးများပမာ မားမား မတ်မတ်ရပ်နေသော ကြောက်မက်ဖွယ် အစောင့် (၈) ဦးက တံခါးဝတွင် အမှုတော်ထမ်းနေလေ၏။ သူတို့၏ ခြိမ်းခြောက်နိုင်သော တည်ရှိမှုက လူများကို တည့်တည့် စိုက်ကြည့်ရန်ပင် မဝံ့ရဲစေခဲ့ပေ။
'မီးလျှံသိုင်း စစ်သူကြီးချုပ်' ။ မဟာယန် စစ်တပ်၏ အမှန်တကယ် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး တစ်ဦး။
လွန်ခဲ့သော နှစ်ပေါင်း (၂၀၀) ကတည်းက လောကတစ်ခွင် ကျော်ကြားခဲ့ပြီး၊ သူ၏ ယနေ့ခေတ် သိုင်းကျင့်ကြံမှုမှာ ပို၍ပင် နက်ရှိုင်းလှကာ၊ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ၌ အဆင့် (၂) ချိတ်ထားလေသည်။
ထိုပုဂ္ဂိုလ်က အဆင့် (၂) ဖြစ်သော်လည်း၊ မဟာယန်၏ မရေမတွက်နိုင်သော စစ်သားများ၏ မျက်လုံးထဲတွင်မူ သူသည် နံပါတ် (၁) သာ ဖြစ်ပေသည်။
'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ၏ အဆင့် သတ်မှတ်ချက်များမှာ ယခင်က စွမ်းဆောင်ချက်များ
အပေါ်၌သာ အဓိကအားဖြင့် အခြေခံထားခြင်း ဖြစ်သည်။
'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ၏ ထိပ်ဆုံး (၃) နေရာသည် 'ဓားမ မိစ္ဆာ' က ယခင် အဆင့် (၃) နေရာရှင်ကို အနိုင်ယူ၍ မမျှော်လင့်ဘဲ တက်လာခဲ့သည့် အချိန်မှလွဲ၍ အချိန်အတော်ကြာ ပြောင်းလဲမှု မရှိခဲ့ပေ။
နှစ်ဖက် အပြန်အလှန် မတိုက်ခိုက်ကြလျှင် ရလဒ်မှာ ထာဝရ မသိနိုင်သော လျှို့ဝှက်ချက်အဖြစ် ကျန်ရှိနေမည် ဖြစ်သောကြောင့်၊ မည်သူက မည်သူ့ထက် ပိုသန်မာသည်ကို ပြောရန်မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။
သံချပ်ကာ ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် 'မီးလျှံသိုင်း စစ်သူကြီးချုပ်' ၏ စံအိမ်ရှေ့မှောက်၌ ရပ်တန့်လိုက်ပြီး၊ သူ၏ မျက်လုံးများထဲ၌ ရိုသေလေးစားမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
ကြေးနီရုပ်ကြီးများသဖွယ် ကြောက်မက်ဖွယ် ကောင်းသော အစောင့်များက ရိုသေသော အမူအရာများ ပြုလုပ်ကြသည်။
"'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' ကို ဂါရဝပြုပါတယ်"
'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' က လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ပြီး အတွင်းသို့ ခြေလှမ်းဝင်သွားလိုက်သည်။
အစေခံတစ်ဦး၏ လမ်းညွှန်မှုအောက်တွင် သူသည် စင်္ကြံလမ်း (၇) ခု၊ (၈) ခုကို ဖြတ်ကျော်ခဲ့ပြီး၊ သူ၏ အကြည့်ကို ရှေ့သို့ တည်ငြိမ်စွာ ထားလျက်၊ ခြံဝင်းတစ်ခု၏ ရှေ့မှောက်၌ ရပ်တန့်လိုက်သည်။
ထိုနေရာတွင် အစေခံက လျှောက်တင်လာသည်။
"'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' ခင်ဗျာ။ 'မီးလျှံသိုင်း စစ်သူကြီးချုပ်' က အထဲမှာ စောင့်နေပါတယ်"
ထိုသို့ အသိပေးမှုကို ကြားရသောအခါ ‘နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်’သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခြံဝင်းတံခါးကို ဖြတ်ကျော် ဝင်ရောက်သွာလေ၏။ ရုတ်ချည်းပင် သူ၏ အမြင်အာရုံသည် ထက်ရှသွားပြီး၊ လေပြေညင်းက စိမ်းလန်းသော ကန်ရေပြင်ပေါ်၌ လှိုင်းဂယက်လေးများ ထစေသည်။
ထောင့် (၈) ထောင့် ရှိသော 'ရှုခင်းကြည့် ပလ္လင်'တစ်ခုတွင် ပုံရိပ် တစ်ခုကို မသဲမကွဲ တွေ့မြင်နေရ၏။
သာမန် ပေါ့ပေါ့ပါးပါး ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို တစ်ဦး ဖြစ်သည်။
'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်’၏ မျက်လုံးများထဲမှ ရိုသေလေးစားမှုသည် ပို၍ ပြင်းထန်လာပြီး၊ သူသည် ထိုသူရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
သူတို့ (၂) ယောက်လုံးက 'စစ်သူကြီးချုပ်' ဆိုတဲ့ ဘွဲ့ထူးကို ခံယူထားကြသည်။
ဒါပေမဲ့ ဒီအဘိုးအိုကြီး၏ ရှေ့မှာတော့ သူက ဘယ်လောက်တောင် မရင့်ကျက်သေးလဲဆိုတာ သူ့ကိုယ်သူ သိလေသည်။
'မီးလျှံသိုင်း' ဟူသော ဘွဲ့အမည်ကို ပေးအပ်ခံထားရခြင်းကပင် သက်သေခံနေခဲ့၏။
'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' သည် ဖြည်းညင်းစွာ လျှောက်လှမ်းသွားပြီး၊ ငါးမျှားနေသော အဘိုးအိုအား အနှောင့်အယှက် မဖြစ်စေရန် သတိထားနေသည်။
အဘိုးအို၏ နောက်တွင် ရပ်လျက်၊ သူသည် သူ၏ လက်များကို အောက်သို့ ချထားကာ ရိုသေလေးစားစွာ စောင့်ဆိုင်းနေပြီး၊ စိတ်မရှည်သည့် အမူအရာ တစ်စုံတစ်ရာ မပြခဲ့ပေ။
နာရီဝက် ကြာပြီးနောက်၊
အဘိုးအို၏ ငါးမျှားတံသည် ရုတ်တရက် နိမ့်ကျသွားပြီး၊ သူ၏ မျက်နှာတွင် ပျော်ရွှင်မှု အရိပ်အယောင် ထင်ဟပ်သွားကာ၊ ငါးမျှားတံကို အလျင်အမြန် ဆွဲတင်လိုက်သည်။
သို့သော် ငါးက အနည်းငယ် လေးလံပုံရပြီး ခွန်အား ကုန် ရုန်းကန်နေရာ၊ အဘိုးအိုကိုပင် အနည်းငယ် အားစိုက်နေရစေသည်။
"နတ်ဘုရားငှက်မွှေး ၊ ကူညီပါဦး"
ထိုသို့ တိုက်တွန်းသံကို
ကြားရသောအခါ 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' သည် ချက်ချင်းပင် ငါးမျှားတံကို အတူတကွ ဆုပ်ကိုင်လိုက်၏။ သူက မည်သည့် သိုင်းစွမ်းအင်မျှ အသုံးမပြုရဲဘဲ၊ သာမန်အဆင့်ထက် ကျော်လွန်သော ကာယခွန်အားကိုပင် မသုံးဝံ့ပေ။
ကြိုးပမ်းမှုများကို ပေါင်းစပ်လိုက်သောအခါ၊ ငါးမျှားတံသည် နောက်ဆုံးတွင် ကွေးညွတ်တက်လာပြီး၊ နေရောင်ခြည်အောက်တွင် ဆူဖြိုးသော ငါးကြီးတစ်ကောင် ခုန်တက်လာကာ၊ ၎င်း၏ အကြေးခွံများ တလက်လက် တောက်ပသွားသည်။
ငါးကြီးသည် 'ရှုခင်းကြည့် ပလ္လင်' ပေါ်သို့ ကျလာပြီး၊ ကြောက်ရွံ့ တုန်လှုပ်နေသည့်အလား၊ ရုန်းကန်ခြင်း မပြုတော့ပေ။
"စစ်သူကြီးချုပ်၊ တကယ်ကို ကြီးမားတဲ့ ဖမ်းမိမှုပါပဲခင်ဗျာ"
'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' က ချီးကျူးလိုက်သည်။
'မီးလျှံသိုင်း စစ်သူကြီးချုပ်' ကမူ ခပ်ဖျော့ဖျော့ ပြုံးလိုက်ရုံသာ။
သူသည် သူ၏ ဖမ်းမိမှုကို သဘောကျစွာ ကြည့်ရှုရင်း၊ အကြေးခွံများတစ်လျှောက် သူ၏ လက်ချောင်းများကို ပွတ်သပ်လိုက်ပြီးနောက် နောက်ဆုံးတွင် အနည်းငယ် အားစိုက်ထုတ်ကာ ငါးကြီးကို မယူ၍ ကန်ရေပြင်ထဲသို့ ပြန်လွှတ်ချလိုက်သည်။
လေပြေညင်းသည်'မီးလျှံသိုင်း စစ်သူကြီးချုပ်’၏ ဆံပင်ဖြူများကြား ဖြတ်သန်း တိုက်ခတ်သွားပြီး၊ သူ၏ နဖူး၌ ချွေးအချို့ စို့နေ၏။ သာမန် အဘိုးအိုတစ်ဦးနှင့် တစ်ထပ်တည်း တူနေပြီး၊ သူ၏ လှုပ်ရှားမှုများမှာပင် လျင်မြန်ဖြတ်လတ်မှု အနည်းငယ် ချို့တဲ့နေသည်။ သို့သော် နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်သည် မည်သည့် မလေးမခန့် အမူအရာမျှ မပြဝံ့ခဲ့ပေ။
သူ သိသည်။ ၎င်းသည် 'မီးလျှံသိုင်း စစ်သူကြီးချုပ်' ၏ ကျင့်ကြံခြင်းနှင့် သက်ဆိုင်နေသည်ကိုပင်..။
(၂) ယောက်သား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
'မီးလျှံသိုင်း စစ်သူကြီးချုပ်' သည် ကန်ရေပြင်ကို စိုက်ကြည့်ရင်း တွေးငေးစွာ ဆိုသည်။
"လောကကြီးက ဒီကန်ရေပြင်ကြီးလိုပဲ။ ငါတို့ သတ္တဝါတွေက အထဲက ငါးတွေလိုပဲ။ ငါးကြီးတွေ ဖြစ်ဖြစ်၊ ငါးသေးသေးလေးတွေ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး လွတ်မြောက်အောင် ကြိုးစားဖို့က အလွန်တရာ ခက်ခဲတယ်။ ဒါပေမဲ့ အပြင်က အင်အားကို အားကိုးပြီး ခုန်ထွက်ဖို့ ကြိုးစားရင်လည်း၊ သူများရဲ့ ဖမ်းယူမှု ဖြစ်သွားနိုင်ပြီး၊ ကိုယ့်ကံကြမ္မာက သူများရဲ့ ဆန္ဒအတိုင်းပဲ ဖြစ်သွားတတ်တယ်ကွယ့်"
'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' သည် စိတ်ဝင်တစား နားထောင်နေမိသည်။
ထိုစကားများထဲ၌ နက်နဲသော အဓိပ္ပာယ်အချို့ ပါဝင်နေသည်ကို သူ ခံစားမိသော်လည်း၊ အပြည့်အဝ နားမလည်နိုင်ခဲ့။ အကြောင်းမှာ သူသည် ထိုအဆင့်သို့ မရောက်သေးသောကြောင့် ဖြစ်သည်။
'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်’ သည် သတိကြီးစွာဖြင့်သာ ပြောနိုင်ခဲ့သည်။
"ဒါပေမဲ့ စစ်သူကြီးချုပ်လို ပုဂ္ဂိုလ်မျိုးကတော့ ဒီကန်ရေပြင်ကြီးထဲကနေ ခုန်ထွက်သွားတာ ကြာပြီ ဖြစ်မှာပါ ခင်ဗျာ"
ထိုအခါ 'မီးလျှံသိုင်း စစ်သူကြီးချုပ်' က ပြုံးလိုက်သည်။
"ဒီကန်ရေပြင် အပြင်ဘက်က ပိုကြီးတဲ့ ကန်ရေပြင် တစ်ခုထဲ ဝင်သွားတာ မဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ"
'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' စကားလုံးများ ဆွံ့အသွားခဲ့သည်။
ဘယ်လို အဖြေမျိုးမဆို မှားယွင်းနေသလို သူ ခံစားလိုက်ရ၏။
'မီးလျှံသိုင်း စစ်သူကြီးချုပ်' က တစ်ချက် ရယ်လိုက်ပြီး၊ မကြာသေးမီက လောကကြီးကို ကိုင်လှုပ်သွားသော အဖြစ်အပျက်များဆီသို့ စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"အဲ့ဒီ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' အကြောင်း မင်း ဘယ်လိုထင်လဲ"
'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' ၏ ခန္ဓာကိုယ် အနည်းငယ် တုန်သွားသည်။
မီးလျှံသိုင်း စစ်သူကြီးချုပ် သူ့ကို အခေါ်တော်ရှိသည့် အကြောင်းရင်းများကို သူ စဉ်းစားခဲ့ပြီး ဖြစ်သော်လည်း၊ ဤသည်မှာ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' အကြောင်း အမှန်တကယ် ဖြစ်နေလိမ့်မည်ဟု မမှန်းဆထား၍ အံ့ဩသွားမိသည်။
မကြာသေးမီက ကောလာဟလများကို ပြန်လည် သတိရမိရာ၊ သူ၏ နှလုံးသားသည်လည်း မတည်မငြိမ် ဖြစ်နေခဲ့သည်။
"စစ်သူကြီးချုပ် ဆိုလိုတာက 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' နဲ့ 'နှလုံးသားစူးစမ်းခြင်းဓား' ကြားက မကြာသေးခင်က တိုက်ပွဲကိုလားခင်ဗျာ"
'မီးလျှံသိုင်း စစ်သူကြီးချုပ်' က လက်ဖက်ရည်ကိုသာ မှုတ်သောက်လိုက်သည်။
'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' မြန်မြန်ဆန်ဆန်ပင် သဘောပေါက်သွားသည်။
သာမန် သတင်းများကိုတော့ မီးလျှံသိုင်း စစ်သူကြီးချုပ်က သေချာပေါက် သိပြီးသား ဖြစ်လိမ့်မည်။
"’'မရဏမီးလျှံ ချောက်နက်' ဌာနခွဲကို ရှင်းလင်းတုန်းက၊ မိစ္ဆာဂိုဏ်းရဲ့ 'ကောင်းကင်ဘုံလူသားနယ်ပယ်' အကြီးအကဲ တစ်ယောက် အစစ်အမှန်သိုင်းတောင်ဘက်ကို ထွက်ပြေးသွားခဲ့ပါတယ်။ အဲ့ဒါက 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ပထမဆုံး အကြိမ် လှုပ်ရှားခဲ့တာပါပဲ။ 'ကောင်းကင်ဘုံ ဓားနည်းစနစ်' က ကောင်းကင်ကနေ ကျဆင်းလာပြီး၊ 'အကြီးအကဲ မိစ္ဆာလင်' ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့တာပါ။ ဒီလိုနဲ့ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' အဖြစ် သူ့ရဲ့ ကနဦး ကျော်ကြားမှုကို တည်ဆောက်နိုင်ခဲ့တာပါ ခင်ဗျာ"
"ဒါပေမဲ့ ဒါက နည်းနည်း ယုတ္တိမတန်ဘူး ဖြစ်နေတယ်။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ရဲ့ ခွန်အား နဲ့ဆို အဲ့ဒီတုန်းက 'အကြီးအကဲ မိစ္ဆာလင်း' ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သင့်တာ။ ဒါပေမဲ့ သူ မသတ်ခဲ့ဘူး"
ပြောနေရင်း 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်’ အနည်းငယ် တုံ့ဆိုင်းသွားသည်။
"ဖြစ်နိုင်ခြေ နှစ်မျိုး ရှိပါတယ်။ တစ်ခုက သူ့ရဲ့ ခွန်အား က အဲ့ဒီတုန်းက အဲ့ဒီလောက်ပဲ ရှိသေးတာ"
"ဒါမှမဟုတ် သူက အရင်ကတည်းက သူ့ခွန်အား ကို တမင် ဝှက်ထားခဲ့တာပါပဲ"
'မီးလျှံသိုင်း စစ်သူကြီးချုပ်' ၏ မျက်နှာအမူအရာသည် တည်ငြိမ်နေဆဲ ဖြစ်သည်။
"မင်းက ဘယ်ဖြစ်နိုင်ခြေက ပိုများတယ်လို့ ထင်လဲ"
ထိုအခါ 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' က ပြန်ဖြေသည်။
"ကျွန်တော် ယုံကြည်တာကတော့ ဒုတိယ ဖြစ်နိုင်ခြေက ပိုများပါတယ်။ နှစ်အနည်းငယ် အတွင်းမှာ၊ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ရဲ့ အောက်ခြေအဆင့်ကနေ ထိပ်ဆုံး (၁၀) ယောက် စာရင်းထဲကို ဘယ်လိုလုပ် ခုန်တက်သွားနိုင်မှာလဲ။ ဒါပေမဲ့ ဒီလိုသာ ဆိုရင်၊ ဒါက ဒီ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က ကျွန်တော်တို့ 'နန်းတော်' နဲ့ အပြန်အလှန် ဆက်ဆံရတာကို မနှစ်သက်ဘူးဆိုတာကို ညွှန်ပြနေပါတယ်။ ဖြစ်နိုင်တာက သူ့ရဲ့ ခွန်အား ကို မူလကတည်းက ဖုံးကွယ်ထားခဲ့တာက နန်းတော်ကြီးရဲ့ အနှောင့်အယှက်ပေးမှာကို ရှောင်ရှားချင်လို့ ဖြစ်နိုင်ပါတယ်”